ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (9)
ဝီစီခေါင်းတလား
ဦးလေးသုံး၏ လက်နှိပ်ဓာတ်မီးသည် ခေါင်းတလားပေါ်တွင် ထွန်းလင်းနေသည်။ ထို “လူ” ကိုမြင်လိုက်ရသည့် အခိုက်တွင် သူ့တစ်ကိုယ်လုံး ရှုံ့တွလုမတတ်ဖြစ်ကာ ဦးရေပြားတွေပါ ထုံလာသည်။ သူသည် မသိစိတ်ဖြင့် နောက်ပြန်ဆုတ်ကာ သူ့လက်ထဲက ဓားကိုပါ ထုတ်ပစ်လိုက်သည်။
ဦးလေးသုံးဟာ သတ္တိနည်းနေလို့ မဟုတ်ပါဘူး။ ဒီအခြေအနေက တကယ်ကို ထူးဆန်းနေလို့ပါပဲ။ လျှို့ဝှက်ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုထဲက ခေါင်းတလား၏ ထိပ်တွင် “လူ” သည် အမှန်တကယ် လဲလျောင်းနေပါသည်။ ရုတ်တရက်မြင်သူတိုင်း အကြိမ်အနည်းငယ်တော့ တုန်လှုပ်သွားကြလိမ့်မည်။
ယခု ထိတ်လန့်နေသည့် အခိုက်အတန့်တွင် ရှဲ့လျန်းဟွမ်လည်း ဦးလေးသုံးဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ သူသည် တစ်ခါမှ ဂူဖောက်ခြင်းနှင့် ပတ်သက်သော အတွေ့အကြုံ တစ်စုံတစ်ရာ မရှိခဲ့ပေ။ ယခုအချိန်၌ အလွန် ထိတ်လန့်သွားသဖြင့် မျက်နှာအမူအရာပင် ပြောင်းသွားကာ အလျင်စလို နောက်ပြန်ဆုတ်ရင်း ဦးလေးသုံး၏ ခြေထောက်ကို တက်နင်းမိသွားလေသည်။
ဦးလေးသုံးမှာ လဲကျလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ခေါင်းတလားပေါ်ရှိ အရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ဓာတ်မီးကိုအသုံးပြုထားရသည်။ အချက်ပေးသံ တစ်ချက်နဲ့အတူ ဦးလေးသုံးသည် တစ်ဖက်က လူဆိုတာဟာ အနက်ရောင် ခေါင်းတလားတွင် တင်းတင်းကျပ်ကျပ် သွန်းလုပ်ထားသည့် ကြေးအရုပ်ဖြစ်ကြောင်း ရိပ်မိသွား၏။
ဤကြေးရုပ်ကြွရုပ်ထု၏ ပုံသဏ္ဌာန်က အလွန်ထူးဆန်းပါသည်။ ၎င်းတွင် တိမ်တိုက်များလို တွန့်ချိုးစွာ ချဲ့ထွင်ထားသော မျက်နှာထား ပါရှိသည်။ ချင်မင်းဆက်၏ စဉ့်ရုပ်များနှင့် ခပ်ဆင်ဆင်တူကာ ၎င်း၏ခြေလက်များသည် ပိုးမွှားခြေထောက်များကဲ့သို့ ထူပြီး တိုနေပုံက အထူးဆန်းဆုံး ဖြစ်သည်။ ပါးစပ်က မပြုံးသလို ဒေါသလည်း မထွက်ဘဲ တစ်စုံတစ်ခုကို အော်ဟစ်နေသကဲ့သို့ ပါးစပ်ဖွင့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပုံရသည်။
ဦးလေးသုံးသည် ၎င်းကို ကြည့်သောအခါတွင် သူ့စိတ်ထဲ ထူးဆန်းသည့် အရာတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဒါက သင်္ချိုင်းပိုင်ရှင်ရဲ့ ရုပ်အလောင်း တကယ်ပဲလား ဆိုတဲ့ အတွေးပါပဲ။ ဓာတ်မီးဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သင်္ချိုင်းခန်းထဲတွင် အခြားအခေါင်းတလား မရှိနေတာ ထင်ထင်ရှားရှား တွေ့ရသည်။
ဦးလေးသုံးသည် သူ၏ပင်ကိုယ်စိတ်ကို ယုံကြည်ပြီး ဒီအတွေး ဝင်လာတော့ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
အနီးကပ် ကြည့်ရှုနိုင်ဖို့အတွက် ရှဲ့လျန်းဟွမ်ကို တွန်းဖယ်ကာ လမ်းလျှောက်လာခဲ့သည်။ နီးကပ်လာသော် ထိုကြီးမားသော အနက်ရောင် ခေါင်းတလားသည် အမှန်တကယ် ထွင်းထုထားသည့် သံခေါင်းတလား ဖြစ်နေကြောင်း တွေ့ခဲ့ရသည်။ ကြေးဝါရုပ်ကို နောက်ပိုင်းမှသာ ထည့်သွင်းထားပုံရ၏။ ပို၍ထူးခြားသည်မှာ ခေါင်းတလား၏အဖုံးမှ ကြေးဝါလူ၏ ပါးစပ် အနေအထားသည် ခေါင်းတလား၏ အဖုံးတွင် နက်နဲသော အပေါက်ကြီးလို ဖြစ်နေသည်။
ကြေးဝါရုပ်သည် အလှဆင်ထားပုံ ရသော်လည်း ပိုထူးဆန်းတာက ကြေးရုပ်ကြီးရဲ့ ပါးစပ်အနေအထားက ခေါင်းတလား အဖုံးကနေ နစ်မြုပ်သွားပြီး ခေါင်းတလားအဖုံးမှာ နက်တဲ့ အပေါက်တစ်ခု ပေါ်လာတာပါပဲ။ အဲ့အပေါက်ကနေ ခေါင်းတလား အဖုံးထဲကို ထိုးဖောက်ဝင်ရောက်ပြီးရင် ခေါင်းတလားအတွင်းကို ရောက်သွားမလား မပြောတတ်ချေ။
'မဟုတ်ဘူး!'
ဦးလေးကတော့ မြင်လိုက်တာနဲ့ အသက်ရှုကြပ်သွားပြီး သဲလွန်စကို ချက်ချင်း သတိရသွားကာ သူ့စိတ်ထဲမှာ စိတ်မကောင်း ဖြစ်သွားသည်။
အခေါင်းကို သံသွန်းဖြင့် အလုံပိတ်ထားပြီး ခေါင်းတလား ခန္ဓာကိုယ်တွင် အပေါက်များပါရှိသည်။ ဤသို့ဆိုလျှင် ဤအရာသည် ရှေးလူကြီးများ ပြောနေသည့် 'ဝီစီခေါင်းတလား' များ ဖြစ်နေမလား။
[TN - ခေါင်းတလား နာမည်ကို မသိတာကြောင့် googleမှာ သွားရှာထားတာ၊ နားလည်လွယ်အောင်ပဲ ထည့်ရေးလိုက်ပါတယ်]
“ဝီစီခေါင်းတလား” သည် လွတ်မြောက်ရေး မတိုင်မီ အပ်နှံထားသည့် စကားပင် ဖြစ်သေးသည်။ ထိုအချိန်တွင် အနောက်ဘက် ယွင်နန်ဒေသတွင် စစ်ဘုရင်တစ်ဦးရှိ၍ တိုက်ခိုက်ရေးစွမ်းရည် ရှိသော စစ်သူရဲအုပ်စု တစ်ခုရှိခဲ့သည်ဟု ဆိုကြသည်။ ခေါင်းဆောင်မှာ ကျန်းယန်းချန်ဟု အမည်ရလေသည်။ ထိုလူသည် စစ်သူကြီးဖားချိုး၏ သားစဉ်မြေးဆက် ဖြစ်သည်ဟုလည်း ဆိုကြသည်။
သူ့ဘယ်ဘက်လက်၏ လက်ငါးချောင်းသည် အလွန်ရှည်လျားပြီး တူညီလုနီးပါးပင်။ ၎င်းတို့သည် မြေပြန့်မှ တောင်ကုန်းများအထိ သင်္ချိုင်းဂူများကို ရှာဖွေကာ မြေဆီလွှာကို အရသာခံနိုင်ကာ ၎င်းတို့၏ သင်္ချိုင်းအတွင်း လုယက်မှု စွမ်းရည်မှာ စွဲမက်ဖွယ် ကောင်းလှသည်။ ထိုလူသည် စစ်ဘုရင် ဆွန်ယက်ဆင်၏ မြောက်ပိုင်း စူးစမ်းလေ့လာရေးတွင် လိုက်ပါသွားခဲ့ဖူးသည်။
ကျန်းယန်းချန်သည် စစ်မှုထမ်းရန် အမိန့်ပေးခံရစဥ် စစ်သည်များကို လစာတိုးပေးရန် တောင်းဆိုရင်း သင်္ချိုင်းများကို လုယက်ရန် ရှေးဟောင်း နည်းလမ်းများကို အသုံးပြုခဲ့သည်။ မြောက်ဘက်လမ်း တစ်လျှောက်တွင် မရေမတွက်နိုင်သော လျှို့ဝှက်ရှေးဟောင်း ဂူသင်္ချိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျော်ကြားလာခဲ့သည်။
ထိုအချိန်တွင် အနောက်တိုင်း ယွင်နန်၌ "ယန်းချန် ရောက်ရှိသောအခါ တစ္ဆေငယ်သည် ခုန်ဆင်းကာ ငရဲဘုရင် ရောက်လာပြီး လမ်းကြောင်း ပြောင်းလိမ့်မည်" ဟူသော စကားတစ်ခွန်းရှိခဲ့သည်။ တစ်ဖက်တွင် လူတို့သည် ဒဏ္ဍာရီဆန်ဆန် တွေးနေခဲ့ကြသော်လည်း တခြားတစ်ဖက်တွင်တော့ ကျန်းယန်းချန်၏ သင်္ချိုင်းတွင်း လုယက်မှု လှုပ်ရှားမှုများက များပြားလာသည်။
ထိုပုဂ္ဂိုလ်၌ သင်္ချိုင်းတွင်းကို ဂူဖောက် လုယက်ရန် အထူးနည်းလမ်း ရှိပါသည်။ သွေးစွန်းသောနေရာ၌ ဖွင့်ထားသော ခေါင်းတလားကို တွေ့ပါက အခေါင်းကို နွားသွေးဖြင့် ပတ်ဖြန်း၍ ခေါင်းတလား၏ တုံ့ပြန်မှုကို သတိပြုတတ်သည်။ အကယ်၍ ခေါင်းတလားထဲက ဆူညံသံများ ထွက်လာပါက ခေါင်းတလား ပိုင်ရှင်သည် လူသေ အလောင်းအဖြစ်သို့ ပြောင်းလဲသွားပြီ။
စစ်သားများသည် ရုပ်အလောင်းအား ရှေးဟောင်းသင်္ချိုင်း အတွင်းမှ ဆွဲထုတ်ပြီး မဖွင့်မီ နေရောင်ဖြင့် ဖုံးအုပ်ထားတတ်သည်။ ခေါင်းတလားတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုမရှိပါက ခေါင်းတလား၏ မျက်နှာပြင်ကို ကြည့်ရမည် ဖြစ်သည်။ နွားသွေးသည် ခေါင်းတလား၏ ကိုယ်ခန္ဓာ တစ်လျှောက်တွင် စီးဆင်းနေမည် မဟုတ်သောကြောင့် ခေါင်းတလား၏ အောက်ခြေအထိ စီးဆင်းသွားမည် မဟုတ်ပေ။ ဆိုလိုသည်မှာ မည်သည့်အရာမျှ မှားယွင်းခြင်းမရှိပေ။
သို့သော် နောက်ထပ် ထူးခြားတဲ့ အခြေအနေတစ်ခု ရှိသေးသည်။ ထိုအရာကတော့ နွားသွေးကို သဲနဲ့ ကျောက်စရစ်တွေပေါ်မှာ သွန်းလောင်းသလိုမျိုးပဲ ဖြစ်ပြီး ခေါင်းတလားရဲ့ ခန္ဓာကိုယ်ထဲကို သွေးတွေ စိမ့်ဝင်သွားမယ် ဆိုပါက ပိုလို့တောင် ကံဆိုးတဲ့ နိမိတ်တစ်ခုပါပဲ။ ၎င်းကို အလောင်း အသွင်ပြောင်းခြင်းဟု ခေါ်ကာ ဆိုလိုသည်မုာ အခေါင်းထဲတွင် ရှိသော အရာသည် တစ်စုံတစ်ခုသော လူသေအလောင်း မဟုတ်နိုင်တော့ပေ။
အခေါင်းထဲမှာ လူသေအလောင်း မရှိရင် အဲဒါ ဘာလဲ။ အဖြေကတော့ ပြောမပြနိုင်တဲ့ အလောင်းကောင်တွေလို ပါပဲ။ တရုတ်နိုင်ငံတွင်တော့ ထိုအရာများကို နတ်ဆိုးဟု ခေါ်လေ့ရှိသည်။
ထိုအချိန်တုန်းက ကျန်းယန်းချန်သည် သူ့လူများအား တွင်းတူးခိုင်းကာ တွင်းထဲတွင် နတ်ဆိုးခေါင်းတလားကို မြှုပ်နှံစေသည်။ ထို့နောက် ရွှံ့သုတ်ထားသော လက်နက်များကို သံအရည်ဖြင့် ဖျော်ကာ ခေါင်းတလားကို သံသွန်းလုပ်ဖြင့် ပိတ်လိုက်သည်။ ခေါင်းတလား၏ ထိပ်တွင် အပေါက်တစ်ခုသာ ကျန်တော့သည်။ ၎င်းက လက်တစ်ဖက်တည်းဖြင့်သာ ဝင်ဆံ့နိုင်သည်။
သွန်းလုပ်ထားသော သံအရည်များ တောင့်တင်းလာသောအခါ သူက လက်တစ်ဖက်ဖြင့် ခေါင်းတလားထဲသို့ ဝင်ကာ အကြောင်းအရာများကို စူးစမ်းလေ့လာခဲ့သည်။ ဒဏ္ဍာရီအရ ဤအရာသည် ဂူတွင်းစူးစမ်းရန် လက်နှစ်ချောင်းဖြင့် လေ့လာသည့် ဖာချိုးကျုံးလန် ဟူသည့် ဘိုးဘွားအတတ်ပညာ ဖြစ်သည်။
လှိုဏ်ဂူကို စူးစမ်းလေ့လာသည့် အခါတွင် တစ်စုံတစ်ယောက်ဟာ ၎င်း၏လက်မောင်းကို သုံးပေအရှည်ရှိ ကတ်ကြေးဖြင့် ချိတ်ဆက်၍ မြင်းအမြီးတွင် ချည်ထားရမည်။ အကယ်၍ တစ်ခုခုမှားနေသည်ဟု ခံစားမိပါက အခြားသူများက မြင်းကို ချက်ချင်း ရိုက်လိုက်မည်။ ထိုအခါ မြင်းသည် ကြောက်လန့်ပြီး လျင်မြန်စွာ ထွက်ပြေးသွားတာကြောင့် အလွန်ထက်မြက်သော ကတ်ကြေးကို ချက်ချင်း ဖြတ်ကာ အသက်ကို ကယ်တင်ရန် လက်ကို ဖြတ်ပစ်လိုက်သည်။
ဤနည်းဖြင့် ကုသထားသော ခေါင်းတလားထဲတွင် အပေါက်တစ်ခု ရှိနေကာ နောက်ဆုံးတွင် သံဝီစီနှင့် ဆင်တူသည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့် ၎င်းကို "ဝီစီရုပ်အလောင်း" ဟုခေါ်သည်။
ကျန်းယန်းချန်သည် သူ၏ တစ်သက်တာတွင် လက်နှစ်ချောင်း နှုတ်သည့် စွမ်းရည်ကို သုံးကြိမ်သာ အသုံးပြုခဲ့ပြီး ခွန်အားအကြွင်းမဲ့ဖြင့် လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။ အကောင်းဆုံး အချိန်သည် အခေါင်းတလားမှ ရွှေရနံ့ ဆယ့်လေးမျိုးရှိသော ရွှေစပျစ်သီးကို ထုတ်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ၎င်းက အံသွားအရွယ်မျှသာ ရှိပြီး အလောင်း၏ ပါးစပ်တွင် ဝှက်ထားသည်ဟု ဆို၏။
ကျန်းယန်းချန်သည် နောက်ပိုင်းတွင် စစ်ဘုရင်များနှင့် ပူးပေါင်းခဲ့သော်လည်း ၎င်း၏ တည်နေရာကို မသိခဲ့ရပေ။ တချို့သော သူများကမူ တော်လှန်ရေးသို့ ကူးပြောင်းသွားသည်ဟု ဆိုကြသည်။ နောက်ဆုံးတွင် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း အမိုးအကာ တစ်ခုအောက်၌ သေဆုံးသွားခဲ့သည်။ အခြားသူများကလည်း ဟွမ်ကူးထွင်၌ သေဆုံးသွားသည်ဟု ဆိုပြန်၏။ နောက်ဆုံးတော့ သူဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်ကို ဆောင်သွားသူပဲ ဖြစ်လေသည်။
သူ့ဒဏ္ဍာရီနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေက ယေဘုယျအားဖြင့် ထင်မြင်ချက် နှစ်ခု ရှိကြပါ၏။ တစ်ခုကတော့ သူ့မှာ ထူးခြားတဲ့ စွမ်းရည်ရှိပြီး သူ့ရဲ့လက်နှစ်ချောင်းကို ဂူထဲသွင်းတာဟာ ထိုက်တန်တယ်လို့ ဆိုသည်။ နောက်တစ်ခုကတော့ ကျန်းယန်းချန့ဟာ သာမာန်စစ်သားတွေရဲ့ အခွင့်ကောင်းကို ရယူထားတဲ့ လူလိမ်တစ်ယောက်ပင်။ ခေါင်းတလားနှင့်ပတ်သက်ပြီး သူ့အယူသည်းမှုက ကြောက်ရွံ့စရာ ကောင်းလှသည်။ သူက သာမန်အခေါင်းကို နတ်ဆိုးအခေါင်း တစ်ခုဟု ခေါ်ဆိုကာ သူ၏အဆင့်အတန်းကို မြှင့်တင်ရန် ဇာတ်ပွဲတစ်ခု ခင်းကျင်းထားခဲ့သည်။
အမှန်တရားက ဘာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး။
ဝူရှဲ့အဘိုးကတော့ ကျန်းယန်းချန်သည် ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ကြောင်း အမှန်တကယ်ပင် ယုံကြည်ခဲ့သည်။ အကြောင်းမှာ ကျန်းယန်းချန် သံသွန်းထားသော နတ်ဆိုးခေါင်းတလားကို တံဆိပ်ခတ်ခြင်း ပုံစံတွင် ဘေးထွက် အထောက်အထား တချို့ရှိသောကြောင့် ဖြစ်သည်။ ကျန်းယန်းချန် ပြောတဲ့ စကားနဲ့ ဆင်တူတဲ့ ကြေးရုပ်အလောင်း တစ်လောင်းကို မြစ်ဝါမြစ်ကြောင်းကနေ လွတ်မြောက်အောင် လမ်းကြောင်းလွှဲထားတဲ့ ရွှံ့နွံထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါ၏။
ခေါင်းတလားရဲ့ထိပ်မှာ လက်တချောင်းလောက် ထူထဲတဲ့ အပေါက်တစ်ခု ရှိနေပေမယ့် ဘယ်သူမှ လက်မထည့်ဝံ့ကြပါဘူး။ မီးညှပ်ကိုသုံးဖို့ သတ္တိရှိတဲ့သူတွေကတော့ သုံးကြသည်။ အထဲမှာကတော့ ရွှံ့ဝါဝါတွေ အများကြီး ရှိလေသည်။ နောက်ပိုင်းတွင် သံမဏိပြုလုပ်သည့် မီးဖိုထဲသို့ အခေါင်းတလောင်းကို ပစ်ချခဲ့ပြီး တစ်စုံတစ်ရာ ဖြစ်ခဲ့သလားတော့ မပြောတတ်တော့ချေ။
ဤသံခေါင်းတလားသည် အလွန်နူးညံ့ သိမ်မွေ့ပြီး သံအရောအနှောဖြင့် ကျပန်း လုပ်ထားသော ခေါင်းတလားများနှင့် လုံးဝ ကွဲပြားသည်။ သို့သော်လည်း ခေါင်းတလားရှိ နက်ရှိုင်းသောအပေါက်သည် ဒဏ္ဍာရီလာ "ဝီစီခေါင်းတလား" နှင့် အလွန်တူပါသည်။
ဒါက ထူးဆန်းတယ်။ ရှဲ့လျန်းဟွမ် ခေါ်လာတဲ့ သင်္ချိုင်းဟာ အုတ်ဂူပိုင်ရှင်ရဲ့ တည်နေရာပဲ။ ခေါင်းတလား ကုတင်ပေါ်ရှိ ပင်မရုပ်အလောင်းဟာ ဘာကြောင့် ဒီလိုပုံစံမျိုး ဖြစ်နေတာလဲ။ ဧကန္တ သင်္ချိုင်းဂူပိုင်ရှင်သည် လူသားမဟုတ်ဘဲ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်နေတာများလား။
ဦးလေးသုံးကတော့ ဒီအကြောင်းကို တွေးရင်း နှလုံးသားက အေးစက်သွားသလို ခံစားလိုက်ရသည်။ ဒီရှေးဟောင်း ဂူသင်္ချိုင်းဟာ ဘယ်လောက် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်နေသလဲ ဆိုတာကို တွေးကြည့်ရင် ပင်လယ်တွင်းနက်ကြီးထဲက အရာဟာ လူသားသင်္ချိုင်းတစ်ခု မဟုတ်ဘဲ ပင်လယ်နဂါးဘုရင်နဲ့ သက်ဆိုင်နေတဲ့ သင်္ချိုင်းလား ပြောမရတော့ပေ။
ချိုသဲ့ခေါင် ရှဲ့လျန်းဟွမ်ကို ခိုင်းတဲ့ ကိစ္စကို ပြန်တွေးကြည့်တော့ ဦးလေးသုံးမှာ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဒီသင်္ချိုင်း ပိုင်ရှင်က လူသားမဟုတ်မှန်း ချိုသဲ့ခေါင် သိနေတာကြောင့် ရှဲ့လျန်းဟွမ်အား ဓာတ်ပုံရိုက်ပြီး လေ့လာဖို့ တောင်းဆိုလိုက်တာ ဖြစ်မည်။
သို့သော် ဦးလေးသုံးမှာ ထိုအချိန်က ငယ်ရွယ်ပြီး အဖိုးအိုပြောသည့် စကားကို သိပ်အလေးအနက် မထားခဲ့ပေ။ အခု သူနည်းနည်းတော့ စိတ်ရှုပ်နေပေမယ့် မကြောက်ပါဘူး။ အဲဒီအစား သူ သိချင်စိတ်တွေ ဝင်လာပြီး အထဲမှာ ဘာတွေပါနေလဲ သိချင်လာသည်။
ထိုအချိန်တွင် ရှဲ့လျန်းဟွမ်သည် မှားယွင်းသော အချက်ပေးသံ တစ်ခုကို ခံစားလိုက်ရသလိုမျိုး သံခေါင်းတလားအား ကြောက်ရွံ့မှုနှင့်အတူ နောက်တစ်ကြိမ် ထပ်လှည့်ကြည့်လိုက်သည်။ သူက ခေါင်းတလားနံဘေး လှည့်ပတ်ပြီးနောက် ခေါင်းတလားအဖုံးကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
ဦးလေးသုံးကတော့ သူ့ခြေထောက်တွေ တုန်နေတာကို မြင်နေရတာကြောင့် သူကြောက်နေတုန်းပဲ ဆိုတာ သိလိုက်သည်။ ဒီအမူအပြုက ဦးလေးသုံးရှေ့မှာ သူအစောတုန်းက အင်မတန် ထိတ်လန့်နေခဲ့တဲ့ မျက်နှာကို ကယ်တင်လိုက်တာ ဖြစ်နိုင်သည်။
ဦးလေးသုံးမှာ ရယ်စရာကောင်းတယ်လို့ ထင်ပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုကို အလဟဿ မဖြစ်အောင် ဓာတ်မီးထွန်းပြလိုက်သည်။ အကယ်၍ ၎င်းသည် "ဝီစီခေါင်းတလား" ဖြစ်ပါက ဤခေါင်းတလား၏ ပိုင်ရှင်သည် ကျန်းယန်းချန်နှင့် တူညီသော ဂိုဏ်းဝင်ဖြစ်တာ ထင်ရှားပါသည်။
ဤသံခေါင်းတလားထဲရှိ အရာများသည် လုံးဝမကောင်းပါ။ သံခေါင်းတလားကို တခြားသူများ လာမဖွင့်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်းမျိုး ဖြစ်လေသည်။ ဒါကြောင့် တစ်ခုခုရဖို့အတွက် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကျန်းယန်းချန်ကဲ့သို့ လက်ကို ခေါင်းတလား အပေါက်ထဲသို့ ထည့်လိုက်ခြင်းပဲ ဖြစ်သည်။
ထိုစကားကြောင့် သူသည် အပေါ်တက်ကာ ခေါင်းတလားရှိ အပေါက်ပေါ်၌ ဓာတ်မီးကို တောက်ကြည့်လိုက်သည်။ အဲဒီနောက် ဘာမြင်ရမလဲ သေချာ စူးစမ်းကြည့်ပေမယ့် အပေါက်ထဲကို ကြည့်လိုက်တဲ့အခါ ခေါင်းတလားရဲ့ အတွင်းပိုင်းဟာ မှောင်မဲနေပြီး ဘာမှ မသဲကွဲချေ။ ဒါကြောင့်မို့ အပေါက်ကို စူးစမ်းဖို့ ဓာတ်မီးသုံးတာက ကောင်းမွန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။
ပြန့်ကျဲနေတဲ့ အလင်းရောင်ဟာ အပေါက်ထဲကို လမ်းတစ်ဝက်လောက် အထိတောင် မထွန်းလင်းနိုင်တော့ပေ။ ဒီလူရဲ့ လည်ချောင်းက ယင်စွမ်းအင်များ ရှိနေသလားဟု တွေးကြည့်ရင်း လည်ပင်းက တောင့်တင်းသွားသည်။ သာမာန်လူတွေ အနေနဲ့ အဲဒါက လက်လှမ်းမှီပြီး ထိတွေ့ဖို့ လုပ်နိုင်တဲ့ အရာမဟုတ်ဘူးလေ။
ဦးလေးသုံးသည် နိုင်ငံခြားသားထံမှ ရှဲ့လျန်းဟွမ် ယူဆောင်လာသည့် အချက်အလက်ကို မှတ်မိသွား၏။ တစ်ဆက်တည်း သူ၏ ခန့်မှန်းချက်က မှန်ကန်သည်ဟုပါ ခံစားလိုက်ရသည်။ နိုင်ငံခြားသားသည် ဤနေရာက ဖွဲ့စည်းတည်ဆောက်ပုံနှင့် အလွန် ရင်းနှီးသောကြောင့် တစ်စုံတစ်ဦးကို သူတို့အရင် လာရောက် စုံစမ်းခဲ့လိမ့်မည်။
ဒါ့အပြင် ဝင်လာတဲ့သူက အလုပ်မပြီးမြောက်ခဲ့ပေ။ အဲဒီလူက သူတို့လို ဒီလုပ်ငန်းမှာ ဝါရင့်သူဖြစ်မယ်လို့ ခန့်မှန်းရပေသည်။ သူဝင်လာပြီးနောက် အထဲမှာ အဲဒီလို သံခေါင်းတလားကို တွေ့တဲ့အခါမှာတော့ အလောင်းကို သံခေါင်းတလားထဲမှာ တံဆိပ်ခတ်တာဟာ အသေးအဖွဲကိစ္စ မဟုတ်မှန်း သိတဲ့အတွက် မစ်ရှင်ကိုခေတ္တ စွန့်လွှတ်ခဲ့နိုင်သည်။ အဲဒါကြောင့် နိုင်ငံခြားသားက ပြဿနာအတွက် ရှဲ့လျန်းဟွမ်ကို ရှာခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စတွင် ၎င်းတို့သည် ခေါင်းတလားကို ထိလို့မရပေ။ သို့မဟုတ်ပါက ၎င်းတို့သည် ချိုသဲ့ခေါင် အတွက် အမြောက်စာများ ဖြစ်လာမည်ဖြစ်သည်။
ဒါပေမဲ့ သူအခေါင်းကို မကိုင်မိရင်လည်း နည်းနည်းတော့ အရှက်ရသွားလိမ့်မည်။ သူက ရှဲ့လျန်းဟွမ်ကို ဆင်းလာခိုင်းလိုက်သည်။ ရှဲ့လျန်းဟွမ်က လက်ဗလာနဲ့ အပြင်ထွက်သွားတာ အဆင်ပြေနိုင်ပေမယ့် သူကတော့ ဒီလိုလုပ်ရင် မျက်နှာထားစရာ မရှိတော့ဘဲ ဖြစ်လိမ့်မည်။ ထို့အပြင် ဤအခေါင်းသည် အနည်းငယ် ဆွဲဆောင်မှု ရှိလေသည်။
ဦးလေးသုံးမှာ စိတ်ကိုမထိန်းနိုင်ဘဲ တွေးကြည့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ဘိုးဘေးတွေရဲ့ အတွေ့အကြုံအရ ခေါင်းတလားကို နောက်ဆုံးထိကိုင်ရမယ်လို့ တွေးလိုက်သည်။ ထို့နောက် သူသည် ဒီနေရာမှာ တခြားပစ္စည်းကောင်းတွေ ရှိမရှိ အရင်ရှာလိုက်သည်။ အခေါင်းကို အရင်ထားလိုက်ဦးမယ်။ ဒီနေ့ မထိရင်တောင် ဒီရှေးဟောင်းသင်္ချိုင်းက ထွက်ပြေးမှာ မဟုတ်ဘူးလေ။ မနက်ဖြန်ညမှာ မီးချောင်းနဲ့ မြည်းနက်ခွာတွေနဲ့ ဆင်းလာမယ်ဆိုရင် အခုထက် အများကြီး ပိုလုံခြုံလိမ့်မယ်။
ဒီအကြောင်းကို တွေးပြီးတာနဲ့ သူစိတ်သက်သာရာ ရသွားပြီး ရှဲ့လျန်းဟွမ်ကို ရပ်ခိုင်းလိုက်သည်။ ဓာတ်ပုံရိုက်ချင်ရင် ဒီခေါင်းတလားကိုဓာတ်ပုံရိုက်ခိုင်းတယ်။ အဲဒီနိုင်ငံခြားသားက နားလည်တာကြောင့် သင်္ချိုင်းထောင့်ကို ရှာပြီး သူ့ဘာသာသူ အခြားသင်္ချိုင်း ပစ္စည်းများအတွက် ပြင်ဆင်လိမ့်မည်။
ဤသင်္ချိုင်းတွင် နားခန်းများ မပါရှိဘဲ အောက်ခြေအထိ မျဉ်းဖြောင့်အတိုင်း တည်ဆောက်ထားကာ အပြင်အဆင်က အလွန်ထူးဆန်းလှသည်။ ဤသင်္ချိုင်းအခန်း၏ အသွင်အပြင်သည် ယေဘူယျအားဖြင့် ဂူသင်္ချိုင်းပိုင်ရှင်၏ သက်တမ်းတစ်လျှောက် အပြင်အဆင်များကို အတုယူထားတာ ဖြစ်လိမ့်မည်။ အခြေအနေက ဘယ်လိုဖြစ်မလဲ တွေးကြည့်လို့ မရဘူး။ အထဲမှာ သာမန်ဆန်တဲ့ မြှုပ်နှံထားတဲ့ အရာတွေ မရှိဘူး။ အဖိုးမဖြတ်နိုင်တဲ့ ကြီးမားတဲ့ ကြွေထည်တွေပဲ ရှိသည်။
(ထိုအရာများသည် လက်ရှိအချိန်တွင် သုံးဘီလီယံကျော် တန်ဖိုးရှိနေပါပြီ)
ဦးလေးသုံးသည် သင်္ချိုင်းပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း သယ်သွားနိုင်သည့်အရာ မတွေ့သဖြင့် ပြန်ထွက်လာခဲ့သည်။ ခေါင်းတလားကုတင်၏ နောက်ကွယ်တွင် မျက်နှာပြင်နံရံတစ်ခု ရှိ၏။ လှည့်ပတ်ကြည့်ရာ မျက်နှာပြင်နံရံ၏ အနောက်ဘက်တွင် နေရာလွတ်တချို့ ရှိနေသေးသည်။ သို့သော် မြေကြီးကတော့ မရှိတော့ဘဲ အလွတ်ကြီးပင်။
တကယ်ကို တွန့်တိုနေသလားလို့ မထင်မိဘဲ မနေနိုင်အောင် ဖြစ်သွားရင်း စိတ်ထဲက တိတ်တိတ်လေး ကျိန်ဆဲနေတော့သည်။ ခေါင်းတလားကို အရမ်းကြီးတဲ့ သံနဲ့လုပ်ထားတာက အထဲမှာ အသုဘ ပစ္စည်းတွေ အပြည့်ထည့်ထားလို့လားပါ တွေးမိပြန်၏။ ဤခေါင်းတလားကို ရတနာတွေ ဘေးကင်းဖို့အတွက် အသုံးပြုထားတာလား။
တကယ် ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တော့ အနည်းငယ် ကူကယ်ရာမဲ့စွာ စိတ်ဓာတ်ကျသွားသည်။ ထိုအချိန်တွင် မျက်နှာပြင် နံရံ အနောက်ဘက်တွင် အလွန်ရှုပ်ထွေးသော ထွင်းထုမှုများကို ရုတ်တရက် တွေ့လိုက်ရသည်။
နံရံဆေးရေး ပန်းချီများသည် အဖိုးမဖြတ်နိုင်သော်လည်း ရှေးဟောင်းအုတ်ဂူများ၏ ကျောက်ထွင်းထုများက ပို၍ပင် အဖိုးမဖြတ်နိုင်ပေ။ မျက်နှာပြင်နံရံသည် အလွန်ကြီးမားပြီး အပြင်သို့ သယ်ထုတ်ရန် မဖြစ်နိုင်သော်လည်း ဦးလေးသုံးမှာ ၎င်းကိုမြင်ပြီးနောက် နောက်တစ်ကြိမ် ထပ်မကြည့်နိုင်ဘဲ မနေနိုင်လိုက်ချေ။
သူ့ဓာတ်မီးကို ထွန်းညှိလိုက်တော့ တမဟုတ်ချင်း အံ့သြသွား၏။ နံရံရဲ့နောက်ကွယ်က ရုပ်ကြွတွေဟာ သာမန်ရုပ်ကြွတွေ၊ တိမ်တွေ၊ ဗုဒ္ဓရုပ်တုတွေ၊ ရိုးရာဓလေ့တွေ၊ ဂီတနဲ့ မသေမျိုးတွေရဲ့ ရုပ်တုတွေ မဟုတ်ပေ။ ခေါင်မိုးများ၊ ထွင်းထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော အဆောက်အဦပုံများ ဖြစ်ကာ ၎င်းတို့သည် အလွန်လက်ရာမြောက်၍ ကြွေပြားများပင်လျှင် တစ်ခုပြီးတစ်ခု ဖောင်းကြွနေပါသည်။
ထို့အပြင် နန်းတော်တစ်ခုစီ၏ ပုံပန်းသဏ္ဌာန်တွေက ကွဲပြားသည်။ အချို့မှာ နှစ်ထပ်ဖြစ်ပြီး အချို့မှာ တစ်ထပ်ဖြစ်သည်။ ၎င်းတို့သည် အမြင်အာရုံနှင့် ဝေးကွာသလို ဆွဲထားသော်လည်း အချိုးအစားကျနစွာ ရှိ၏။ ဦးလေးသုံး ရေတွက်ကြည့်လိုက်တော့ အဆောက်အဦး နန်းတော်တွေက စုစုပေါင်း ခုနှစ်ခု ရှိလေသည်။
နန်းတော်တစ်ခုစီကြားမှာ မရေမတွက်နိုင်တဲ့ မျှော်စင်တွေနဲ့ အဆောက်အဦးငယ်တွေကို တစ်ဝက်တစ်ပျက်လောက် မြင်ရပြီး တခြားအသေးစိတ် အချက်အလက်တွေကိုတော့ တိမ်တွေက ဖုံးကွယ်ထားလေသည်။ ဤရုပ်ကြွ၏ နောက်ခံသည် ကျောက်တုံးကြီးများလို ကြီးမားသောကြောင့် သိသာထင်ရှားသော တောင်ကြီးတစ်ခု ဖြစ်ပြီး နန်းတော်၏ ဖွဲ့စည်းပုံမှာ ရုပ်ကြွတစ်ခုလုံး၏ အောက်ပိုင်းတွင် တည်ရှိနေသည်။
အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှသည်။ ၎င်းတို့သည် မြူခိုးများ၊ တိမ်များနှင့် ပြည့်နှက်နေသော ချိုင့်ဝှမ်းကြီးတစ်ခုတွင် တည်ဆောက်ထားသော နန်းတော်ခုနစ်ခု ဖြစ်လေသည်။ နန်းတော် အပြင်ဘက်ရှိ အရာများက တိမ်မြုပ်နေပြီး ကြည့်ရတာ လျှို့ဝှက် ဆန်းကြယ်နေသည်။
ဤရုပ်ကြွတွေက ဘာကိုဆိုလိုတာလဲ။ ဦးလေးသုံး အံ့သြသွား၏။ ရှေးခေတ် ဂူသင်္ချိုင်းတွင်းက ပန်းချီကားတွေ အားလုံးက အဓိပ္ပာယ် တစ်မျိုးစီတော့ ရှိကြသည်။ ဒီရုပ်ကြွတွေက ဒဏ္ဍာရီထဲက နတ်သမီးနယ်မြေကို ကိုယ်စားပြုတာလား၊ သို့မဟုတ် သင်္ချိုင်းဂူပိုင်ရှင်ကို ချီးမွမ်းထားတာလားတော့ မသိ။
ဦးလေးသုံးသည် ထိုအချိန်က ဤသင်္ချိုင်းပိုင်ရှင်မှာ ဝမ်းချောင်ဟိုင် ဖြစ်ကြောင်း မသိသောကြောင့် တွေးကြည့်ရန် နည်းလမ်း မရှိခဲ့ပေ။ သို့သော် ဤကောင်းမွန်လှသော ရုပ်ကြွများက သူ့အား အလွန်အမင်း စွဲလန်းသွားစေခဲ့သည်။ အဲဒီတုန်းက မျက်နှာပြင်နံရံက အဖိုးမဖြတ်နိုင်ဘူးလို့ ပြောရင်း ဖယ်ထုတ်နိုင်ရင် သူ့အိပ်ခန်းထဲမှာ ထည့်ထားပြီး နေ့တိုင်း ထိုင်ကြည့်ချင်စိတ် ပေါက်နေ၏။
သို့သော် မျက်နှာပြင်နံရံသည် ကြီးမားလွန်းသဖြင့် သယ်ထုတ်ရန် မဖြစ်နိုင်ပေ။ ဦးလေးသုံးမှာ အသည်းတွေ ယားယံနေသော်လည်း ဘာမှမတတ်နိုင်ပေ။ သူက သေသေချာချာ အကြိမ်ပေါင်းများစွာ ကြည့်ပြီး ရှဲ့လျန်းဟွမ်ကို ခေါ်၍ သူ့လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ ကြွားလုံးထုတ်နိုင်အောင် ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုချင်ခဲ့သည်။
စကားပြောခါနီးတွင် တစ်စုံတစ်ခု အပူလောင်နေသကဲ့သို့ ထူးဆန်းသော အနံ့တစ်ခု ရလိုက်၏။ ဘာတွေ ဖြစ်နေတာလဲလို့ တွေးရင်း တခဏလောက် အံ့ဩသွားခဲ့သည်။ ဒါက သင်္ချိုင်းတစ်ခုပဲ။ ဒီလိုအနံ့မျိုး ဘယ်လိုလုပ် ပေါ်လာမှာလဲ။
သို့နှင့် မျက်နှာပြင်နံရံ အနားမှ အမြန်ပြေးထွက်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ထို့အခိုက် သူ့ကို အံ့အားသင့်စေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ရှဲ့လျန်းဟွမ်သည် သံခေါင်းတလား၏ ထိပ်တွင် ရပ်နေကာ ကူကယ်ရာမဲ့စွာဖြင့် သံခေါင်းတလားပေါ်ရှိ ကြေးလူသား၏ ပါးစပ်ထဲမှ အနက်ရောင် အခိုးအငွေ့များ ထွက်လာတာကို ကြည့်နေ၏။