ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (19)
ဖန်သားပြင်
ဗီဒီယိုဖမ်းစက်မှာ စက်လှေစခန်း ဧရိယာရှိ သားငါးဈေးတန်းမှ ဝယ်ယူထားသော Panasonic အမျိုးအစား ဖြစ်သည်။ ဦးလေးသုံးရဲ့ အခန်းသို့ ရောက်သွားသောအခါ ဦးလေးသုံးက စက်ကို တပ်ဆင်နေပြီ။ ကံကောင်းထောက်မစွာ ထိုအချိန်က တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။
၎င်းတို့ကို စက်သုံးခုလောက်နဲ့ စမ်းသပ်ပြီးနောက် အသုံးပြု၍ ရနိုင်သည်။ ဝူရှဲ့ အပိုပစ္စည်းကို ချိန်ဆကြည့်လိုက်တော့ အလွန်လေးလံနေတာ တွေ့ရသည်။ ထိုကာလတုန်းက စက်ပစ္စည်းတွေဟာ ပစ္စည်း အစစ်အမှန်တွေ ဖြစ်ကြလေ၏။
ဗွီဒီယို ဖမ်းစက်ကို တပ်ဆင်နေချိန်အတွင်း ဦးလေးသုံးက ဘာစကားမှ မပြောဘဲ ဝူရှဲ့ကို စီးကရက်တစ်လိပ် သောက်ပြီး ထိုင်ခိုင်းထား၏။
ဝူရှဲ့ခမျာ သူ့ရဲ့ အရက်နာကျတဲ့ ခေါင်းကိုက်မှုက တဖြည်းဖြည်း ပိုကောင်းလာပြီး နည်းနည်းတော့ စိတ်ကြည်လာသည်။ တခါတလေ ဒီတိပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေအကြောင်း ကျပန်း ခန့်မှန်းကြည့်နေသည်။ ရှီးရှား အကြောင်းတွေးခဲ့ပေမဲ့ ရှီးရှားကို သွားတဲ့အခါတုန်းက ဗီဒီယိုပစ္စည်းတွေကို ယူလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
အဲဒီပစ္စည်းတွေက ရှားရှားပါးပါး ဖြစ်ပြီး အဲဒီတုန်းက တရုတ်မှာ အသုံးများတဲ့ ရုပ်ရှင်ကင်မရာတွေ ရှိနေတုန်းပဲ။ ဒါကြောင့် အကြောင်းအရာအရ ဗီဒီယိုတိပ်ထဲတွင် ထိုအချိန်က ရှီးရှားရှိ အရာများကို မရိုက်ခဲ့လောက်ပေ။ ထိုနည်းတူ ကြေးတံခါး နောက်ကွယ်တွင် ရှိနေသော အရာလည်း မဖြစ်နိုင်ပါ။ ဒီနေရာနှစ်ခုကလွဲရင် တိပ်ခွေထဲမှာ ဘာရှိမလဲ ဆိုတာ တကယ်ကို တွေးတောနိုင်တဲ့ သဲလွန်စ မရှိပါဘူး။
TV နှင့် VCR ချိတ်ဆက်ပြီး ပါဝါဖွင့်ပြီးနောက် ဘောက်စ်တစ်ခုအား ကောက်ယူပြီး တိပ်ခွေကို ထည့်ရန် ကြံစည်ခဲ့သည်။ သို့သော် VCR အဖွင့်တွင် မထည့်မီတွင် ထပ်မံ၍ တုံ့ဆိုင်းသွားပါသည်။ ဝူရှဲ့မှာ အကြောင်းတစ်ခုခုကြောင့် ထိတ်လန့်နေရသလို ဦးလေးသုံးအား ကြည့်လိုက်မိသည်။
ဦးလေးသုံးက သူ့လက်ကိုဝှေ့ယမ်းပြီး
"ထည့်လိုက်စမ်းပါ! ငါ့ကိုကြည့်ပြီး ဘာလုပ်မှာလဲ? အဲ့အကောင်ကြီး တီဗီထဲက တွားသွား ထွက်လာမှာကို ကြောက်နေတာလား?"
ဝူရှဲ့လည်း တိပ်ခွေကို တွန်းချလိုက်တာနဲ့ ဗီဒီယို အသံဖမ်းစက် စတင်လည်ပတ်ဖို့ ခလုတ်ကို နှိပ်လိုက်သည်။ ဝူရှဲ့ ကုတင်ပေါ် ပြန်ထိုင်ချလိုက်ပြီး မကြာခင်မှာပဲ နှင်းပွင့်တွေ ဖန်သားပြင်ပေါ်မှာ လင်းလက်လာလေသည်။ ဦးလေးသုံးကတော့ ဆေးလိပ် မသောက်တော့ဘဲ စီးကရက်ဘူးကို တံတွေးခွက်ထဲကို ပစ်ချလိုက်သည်။ ထို့နောက် နှစ်ယောက်သား ခါးမတ်မတ် ထိုင်လိုက်ကြသည်။
တီဗီတွင် ပုံမပေါ်မီ ဆယ်စက္ကန့်ကျော်ကြာ နှင်းပွင့်များ လင်းလက်လာသည်။ တီဗီသည် အရောင်ရှိသော်လည်း တိပ်ခွေထဲက ပုံများကတော့ အဖြူအမည်း ဖြစ်သည်။ ဗီဒီယိုတိပ်ကိုယ်တိုင်က ပြဿနာရှိနေတာ ဖြစ်ရမည်။ ပုံသည် အစပိုင်းတွင် မှုန်ဝါးနေသော်လည်း တဖြည်းဖြည်း ရှင်းလာ၏။
ပထမဆုံး မြင်လိုက်ရတာက ရှေးခေတ်သစ်သား အခန်းပင်။ ထို့နောက် သစ်သားကြမ်းပြင်ကို မြင်လာရကာ ကင်မရာက တုန်ခါလာသည်။ ကင်မရာကို တပ်ဆင်ထားသည့် လူ သို့မဟုတ် အရာဝတ္တုများမှာ တည်ငြိမ်မှု မရှိပေ။ နံရံတွင် ပြတင်းပေါက်တစ်ချပ် ဖွင့်ထားတာကို တွေ့ရသည်။ အပြင်ဘက်က အလွန်မှုန်ဝါးနေကာ နေ့ခင်းဘက် ဖြစ်ပုံရသည်။
ဦးလေးသုံးနှင့် ဝူရှဲ့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။ ဒါက လူနေအဆောက်အအုံ တစ်ခုရဲ့ မြင်ကွင်းတစ်ခုလို့ ထင်မြင်မိပါ၏။ ဒါကို မြင်ရမယ်လို့ မမျှော်လင့်ထားမိဘူးလေ။ ရှိုးတစ်ခု ဖြစ်နိုင်လား။ ခဏအကြာတွင် မျက်နှာသေက ခေါက်ဆွဲစားနေတုန်း ထွက်လာပြီး "မတွေ့တာကြာပြီ နေကောင်းလား" လို့ ကင်မရာကို ပြောလာပါသည်။
ပြတင်းပေါက် အောက်တွင် တော်လှန်ရေး ရုပ်ရှင်များတွင် တွေ့ရတတ်သော ပရိဘောဂဟောင်းများနှင့် ခပ်ဆင်ဆင် တူသည့် ခေတ်မီ စာရေးစားပွဲ တစ်လုံးရှိသည်။ ၎င်းတွင် စာရွက်စာတမ်းများ၊ စားပွဲမီးအိမ်များနှင့် တယ်လီဖုန်းများ အပါအဝင် ပစ္စည်းများဖြင့် ပြည့်နေသည်။
ဖုန်းပုံစံက ကြည့်ရတာ အတော်လေး ဟောင်းနေပေမယ့် သိပ်လည်း မဟောင်းသေးပါဘူး။ ဒီဗီဒီယိုကို 1990 ခုနှစ်တွေ နောက်ပိုင်းမှာ ရိုက်ထားတာ ဖြစ်နိုင်ပါ၏။ မိသားစုတော်တော်များများက ဒီဖုန်းပုံစံဟောင်းကို သုံးနေကြတုန်း ဆိုတော့ ဘယ်အချိန်က ဖြစ်မယ်ဆိုတာ ပြောဖို့ခက်ပါသည်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေထက်တော့ စောမှာ မဟုတ်ပါဘူး။
ထို့နောက် အခန်းတွင်းထဲရှိ မြင်ကွင်းသည် မပြောင်းလဲဘဲ ကျန်နေသေးသည့် ဘဝသရုပ်ဖော်ပုံ ကဲ့သို့ပင်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ရုပ်ရှင်ထဲတွင် ပုံသေရိုက်ထားသည့်ပုံနှင့် ဆင်တူသော ကင်မရာကို တစ်နေရာတည်းတွင် တပ်ဆင်ထားတာကို သိလိုက်ရပြီး ရွေ့လျားမှာ မဟုတ်ကြောင်း သိလိုက်ရသည်။
ဤအခြေအနေမျိုးတွင် ရုပ်ပုံသည် ဘယ်လောက် ကြာသွားမလဲတော့ မသိနိုင်ပေ။ ကွက်လပ်ကြီးကိုသာ စိုက်ကြည့် မနေနိုင်တော့သောကြောင့် ဦးလေးသုံး ရှေ့ကို အမြန် ဖိလိုက်သည်။ မိနစ်နှစ်ဆယ်လောက် ကြာတော့ အနက်ရောင် အရိပ်တစ်ခုက အခန်းထဲ ဖြတ်သွားလေသည်။
ဦးလေးသုံးနဲ့ ဝူရှဲ့တို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
ဦးလေးသုံးသည် အနောက်ကို လျှင်မြန်စွာ ပြန်ရစ်ရင်း ဗွီဒီယိုကို နှေးကွေးစေလိုက်ရာ လူတစ်ဦး ကင်မရာအပြင်ဘက်မှ ကင်မရာထဲသို့ ဝင်လာတာ တွေ့ရပါသည်။ တံခါးအဖွင့်အပိတ် လုပ်သံကိုလည်း ကြားလိုက်ရသည်။ အိမ်အပြင်မှ ပြန်လာသူ ဖြစ်ရမည်။ အနီးကပ် စစ်ဆေးကြည့်လိုက်တော့ လမ်းလျှောက်လာတဲ့ လူက အမျိုးသမီးဖြစ်ကြောင်း တွေ့လညရသည်။ သူ့အသက်အရွယ်ကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေမယ့် တော်တော့်ကို လှပြီး ကျစ်ဆံမြီးပါ ပါတယ်ဆိုတာ ယောင်ဝါးဝါး မြင်နေရ၏။
ဦးလေးသုံးသည် ရုတ်တရတ် စိတ်တွေထလာပြီး တီဗီဖန်သားပြင်ကို ထိလုနီးပါး ရှေ့သို့ လျှောက်သွားလိုက်သည်။ သို့သော် ထိုအမျိုးသမီးသည် အလွန်လျင်မြန်စွာ လျှောက်လာကာ ကင်မရာမြင်ကွင်းကို ဖြတ်ကျော်၍ တစ်ဖက်သို့ ပြေးဝင်သွားရာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ဦးလေးသုံးရဲ့ မျက်နှာက ရုတ်တရက် ထူးဆန်းနေတာကို တွေ့လိုက်ရတော့ ဘာဖြစ်တာလဲလို့ မေးချင်ပေမယ့် သူက စကားမပြောဖို့ လက်ကို ဝှေ့ယမ်းပြလေသည်။
အချိန်တွေ တိုးလာပြီး ငါးမိနစ်လောက်ကြာတော့ အမျိုးသမီးက အိပ်ယာမ၀င်ခင် ဖန်သားပြင်ပေါ် ပြန်ပေါ်လာသည်။ သူမဟာ ဖန်သားပြင်ဆီကို တည့်တည့် လျှောက်သွားကာ ကင်မရာရဲ့ ထောင့်ကို ချိန်ညှိနေပုံပေါ်ပါ၏။
ဒါက အနီးကပ်ပုံနဲ့ ညီမျှပြီး အမျိုးသမီးရဲ့ မျက်နှာက တီဗီနဲ့ တိုက်ရိုက် နီးကပ်နေတာ တွေ့ရသညိ။ အမျိုးသမီးက ငယ်ရွယ်ပြီး လိမ္မာရေးခြားရှိတဲ့ အသွင်အပြင်၊ မျက်လုံးကြီးကြီးနဲ့ ခြုံငုံပြီး ကြည့်ရတာ ချိုမြိန်တဲ့ မိန်းကလေး တစ်ယောက်လိုပါပဲ။
ဦးလေးသုံးက တီဗွီနဲ့ နီးတော့ သူ့မျက်လုံးတွေက တီဗီမှာ ကောင်မလေးကို ချက်ချင်း တွေ့သွားသည်။ ဝူရှဲ့ မမျှော်လင့်ထားတဲ့ အချက်က တခဏအတွင်းမှာ ဦးလေးသုံးဟာ တခဏတာ အံ့အားသင့်သွားပြီး ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွား၏။ သူက ကျယ်လောင်သော အော်ဟစ်သံဖြင့် ဆယ်စက္ကန့် နောက်ပြန်ဆုတ်သွားသည်။ ခြေလှမ်းအနည်းငယ် ကြာသောအခါ တီဗွီကို ဗီရိုထဲမှ ကန်ထုတ်လုနီးပါး ဖြစ်သွားသည်။
ဝူရှဲ့မှာ တီဗွီကို အမြန်ကိုင်လိုက်ပြီး သူ့ကို ကူညီဖို့ သွားလိုက်သည်။ ဦးလေးသုံးက တီဗီမှ မျက်နှာကို လက်ညှိုးထိုးပြပြီး တုန်တုန်ယင်ယင်နဲ့ ဆိုလေ၏။
"အဲဒါသူပဲ.... ဟော့လင် ဟော့လင်ပဲ"
ဝူရှဲ့လည်း ဦးလေးသုံးရဲ့ ရုတ်တရက် တုံ့ပြန်မှုကြောင့် အရမ်းထိတ်လန့်သွားပြီး လက်တစ်ဖက်က တီဗီပြုတ်ကျပြီး ကွဲမသွားအောင် အရင်ဆုံး တည့်မတ်ပေးရင်း တစ်ဖက်ကလည်း ဦးလေးသုံးကို အမြန်ချပေးလိုက်သည်။
ဒါပေမဲ့ ဦးလေးသုံးကတော့ အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားကာ ဆိုဖာကို တိုက်မိသွားတာကြောင့် ဆိုဖာတစ်ခုလုံး လှန်လုမတတ် ချော်လဲပြီး မြေပြင်ပေါ်ကို လဲကျသွားပါတော့သည်။ ရိုက်ခတ်မှုမှာ အလွန်နာကျင်နေမှန်း သိသာထင်ရှားလှပါသည်။ သူက ခါးနောက်ကို ဖိထားရင်း မျက်နှာက ဖြူဖျော့သွားသည်။ ဒါတောင်မှ သူ့မျက်လုံးတွေက တီဗီဖန်သားပြင်ပေါ်ကို ထွက်လုမတတ် စိုက်ကြည့်နေတုန်းပဲ။
အခု ဝူရှဲ့လည်း နည်းနည်း အံ့သြသွားသည်။ ဒီမိန်းကလေးက ဟော့လင်လား။
မျက်နှာသေရဲ့ ပြောကြားချက်အရ ဟော့လင်သည် သူဌေးတစ်ဦး၏ သမီးဖြစ်သည်။ ရှီးရှားတွင် ရှေးဟောင်း သုတေသန လုပ်နေစဉ်အတွင်း သူမသည် ရေငုပ်သင်္ဘော သင်္ချိုင်းသို့တစ်ချိန်တည်း ဆင်းသွားသူ အများအပြားထဲမှ တစ်ဦးဖြစ်သည်။ သူမနှင့် ပတ်သက်သော အချက်အလက်က အနည်းငယ်သာ ရှိသည်။
အဖြူအမည်း ဓာတ်ပုံထဲတွင် သူမက ဘယ်တစ်ယောက် ဖြစ်ကြောင်း ဝူရှဲ့ မသိသလို သဘာဝအတိုင်းပင် သူမကိုလည်း မမှတ်မိနိုင်ပေ။ မျက်နှာသေ ပေးပို့လာတဲ့ ဗီဒီယိုတိပ်မှာ ဒီလိုလူတစ်ယောက် ပေါ်လာတာက မယုံနိုင်လောက်အောင်ပါပဲ။
ထို့အပြင် သူ့အား ထူးဆန်းစေသော အချက်မှာ ဤဗီဒီယိုတိပ်ခွေ ဘယ်ကလာသလဲ ဆိုတာပါပဲ။ သူမ၏ မှန်ဘီလူးကို ချိန်ညှိနေတဲ့ အနေအထားကို ကြည့်ရလျှင် ဗီဒီယို ဖမ်းစက်၏ တည်ရှိမှုကို သူမသိနေတာ ထင်ရှားပြီး ဒါက ဆယ်လ်ဖီရိုက်သလို သူမကိုယ်သူမ ရိုက်ကူးနေခြင်းတော့ မဟုတ်ပေ။
၎င်းသည် တစ်စုံတစ်ခုကို အလိုလို စောင့်ကြည့်နေခြင်းမျိုး ဖြစ်သင့်ပြီး ဤသည်မှာ စောင့်ကြည့်ခြင်း ဗီဒီယိုတစ်ခု ဖြစ်မည်မှာ သေချာပါသည်။ သူမ ဘာကြောင့် ဒီလိုဗီဒီယိုကို ရိုက်ခဲ့တာလဲ။ ဒီတိပ်ခွေက မျက်နှာသေရဲ့ လက်ထဲကို ဘယ်လိုလုပ် ရောက်သွားတာလဲ။ မျက်နှာသေကရော ဘာလို့ ဒီတိပ်ခွေကို သူ့ဆီ ပို့လာတာလဲ။
ဒီမှာကတည်းက တစ်ခုခုဖြစ်နေပြီဟု ဝူရှဲ့ စိတ်ထဲမှာ ရေရွတ်မိသည်။ ဦးလေးသုံး ပြောတာ မှန်တယ်၊ အရာအားလုံးက ပြီးသွားပြီလို့ ထင်ရပေမယ့် အခုမှ အစ ဖြစ်နေသည်။
ထိုအချိန်တွင် ဖန်သားပြင်ပေါ်ရှိ အမျိုးသမီးသည် ကင်မရာကို ချိန်ညှိထားပြီး ဖန်သားပြင် တုန်ခါမှု ရပ်သွားခဲ့သည်။ သူမသည် ကင်မရာမှ နောက်တစ်ကြိမ် ရွှေ့ကာ စားပွဲခုံအနားတွင် ထိုင်ကာ ဆံပင်ဖြီးရန် မှန်ကို ကိုင်ထားသည်။ ပုံသည် အဖြူအမည်းသာ ဖြစ်ပြီး ယခု တုန်ခါမှုနှင့်အတူ မျက်နှာပြင်သည် အနည်းငယ် မှုန်ဝါးလာသည်။
ဦးလေးသုံးမှာ တဖြည်းဖြည်း ငြိမ်သက်သွားပေမယ့် သူ့မျက်နှာက နီရဲနေပြီး အမူအရာက အရင်ကနဲ့ လုံးဝ မတူတော့ပေ။ သူသည် ဆိုဖာ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ခါနေပြီး သိသိသာသာ တုန်လှုပ်နေလေသည်။
ဝူရှဲ့လည်း သေချာသွားအောင် ဦးလေးသုံးအား ထပ်မေးလိုက်၏။
"ဟော့လင်က ဦးလေးတို့နဲ့အတူ ပင်လယ်ကြမ်းပြင်ကို သွားခဲ့တဲ့ အမျိုးသမီး မဟုတ်လား"
ဦးလေးသုံးကတော့ တုံ့ပြန်မှု လုံးဝ မရှိခဲ့ပါဘူး။ ဝူရှဲ့လည်း မတတ်နိုင်ပေ။ ကြည့်နေဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတာကြောင့် သူဘာပြန်ပြောမလဲ နားစွင့်နေလိုက်သည်။
ဗီဒီယိုထဲတွင်တော့ ဟော့လင်သည် သူမဆံပင်ကို ဆက်၍ ဖြီးနေပါသည်။ သူမ၏ ကျစ်ဆံမြီးကို ဖြီးပြီးသောအခါတွင် သူမဆံပင်သည် အတော်လေး ရှည်နေပြီ။ သူမက ဘယ်လောက်တောင် ဖြီးချင်နေလဲ မသိ။ သူမ ရပ်တန့်ပြီး နောက်တစ်ကြိမ် ထပ်ချည်ရန် မိနစ်နှစ်ဆယ်ခန့် ကြာသွားခဲ့သည်။
ဆံပင်ကို ဖြီးပြီးနောက် မတ်တပ်ထရပ်ကာ ပြတင်းပေါက်ကို လှမ်းကြည့်ကာ ကင်မရာ မရောက်နိုင်သော နေရာကို ပြန်ပြေးသွားခဲ့သည်။ သို့သော် ပြန်ပြေးလာသောအခါတွင် သူမ အဝတ်အစားများ ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။
တစ်နည်းဆိုရသော် သူမသည် နောက်ခန်းသို့သွားကာ အဝတ်အစား လဲလိုက်ခြင်းပင်။ ထို့နောက် မယုံနိုင်လောက်အောင် ခံစားရစေသော ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။
သူမ ထွက်လာပြီးနောက် ကင်မရာဆီသို့ ပြေးသွားပြန်သည်။ သူမသည် ထောင့်မှန်ကို မကျေမနပ် ဖြစ်ကာ မှန်ဘီလူးကို ချိန်ညှိနေပုံရသည်။ စခရင်သည် လှုပ်ခါလာပြီး သူမ၏ အဖြူရောင် မျက်နှာက ဖန်သားပြင်တစ်ခုလုံး ပြည့်သွားသည်။
ဦးလေးသုံးသည် အလွန်ထူးဆန်းသည့် ညည်းညူသံကို ထုတ်လွှတ်နေပုံက သူမမျက်နှာသည် အလွန်ကြောက်စရာ ကောင်းနေပုံရသည်။
သူမ အဝတ်အစားလဲဖို့၊ ချက်ပြုတ်ဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ အပြင်ထွက်တော့မယ်လို့ ဝူရှဲ့ ထင်ခဲ့တာပင်။ အိမ်ထဲမှာ ဘယ်သူနဲ့မှ မတွေ့တာကြာပြီမို့ ဝူရှဲ့လည်း အဝေးထိန်းခလုတ်(ရမု)ကို ကောက်ကိုင်လိုက်ပြီး ရှေ့ကို အမြန် ပြေးတော့မယ့် အချိန်မှာပဲ သူမက နောက်တစ်ကြိမ် ပြန်ထိုင်နေတာကို တွေ့ရပြန်သည်။ သိူသည် စားပွဲနားက ခေါင်းဖြီးကို ကောက်လိုက်ပြီး ဆံပင်ကြိုးကို ဖြည်လိုက်ပြီး ပြန်ဖြီးပါတော့၏။
ဝူရှဲ့ မထိန်းနိုင်ဘဲ ထအော်လိုက်သည်။
"ဒီမိန်းမက ရူးနေတာပဲ!"
ဦးလေးသုံးက ချက်ချင်းပင် နှုတ်ဆိတ်နေရန် အမူအရာပြကာ တင်းတင်းကြပ်ကြပ် မျက်မှောင် ကြုတ်ထားလိုက်သည်။
သူမ ဆံပင်တွေကို ဖြီးနေပုံက မိမိတို့ဘက်ကို ကျောပေးထားတာကြောင့် သူ့အမူအရာကို မမြင်ရပါဘူး။ မှန်ထဲမှာ မှုန်ဝါးနေတဲ့ အရိပ်တစ်ခုသာ ရှိနေပြီး သူမရဲ့ လှုပ်ရှားမှုတွေက အတူတူနီးပါးပါပဲ။ ကြိမ်နှုန်းက အတူတူပါပဲ။ သူမခေါင်းက မလှုပ်ပင် မလှုပ်ရာ သံခေါင်းလားလို့ပင် သံသယဖြစ်လုနီးပါး ဖြစ်သွားသည်။
ဒီမြင်ကွင်းနဲ့ လေထုက နည်းနည်း ထူးဆန်းတယ်လို့တော့ ခံစားမိစေသား။ ဆံပင်ပြန်မစည်းခင် မိနစ်နှစ်ဆယ်လောက် ကြာသွားကာ မတ်တပ်ထရပ်ပြီး ကင်မရာထဲက ပြေးထွက်သွားပြန်သည်။
နှစ်ယောက်လုံး သက်ပြင်းချရင်း နောက်ဆုံးတော့ ပြီးသွားပြီလို့ တွေးလိုက်မိသည်။ နောက်တစ်ခါသာ ထပ်ဖြီးလိုက်ရင် သူတို့ခေါင်းတွေပါ နာကျင်လာလိမ့်မယ်။
သို့သော်လည်း သူတို့၏ ကြွက်သားများကို မဆန့်ထုတ်မီတွင် သူမသည် အဝတ်အစားများပြောင်းကာ ပြေးထွက်ကာ ကင်မရာရှေ့သို့ ထွက်ကာ ကင်မထောင့်ကို တတိယအကြိမ် စတင် ချိန်ညှိပြန်သည်။
ဝူရှဲ့ ချက်ချင်း စိတ်ရှုပ်သွားသည်။ သူ နားမလည်နိုင်ဘူး။ ဒီဟော့လင်က ဘာလုပ်တာလဲ။ ဒါက ချဲ့ကားလွန်းတယ်။ ဒါကို ကြိုက်လို့လား ဒါမှမဟုတ် သတ်သေသွားတာလား?။ အဝတ်အစားလဲပြီး ကင်မရာထောင့်ကို ချိန်ညှိမယ်။ အခက်အခဲ ကြုံခဲ့ရပြီး ဆံပင်ကို ထပ်ဖြီးဦးမလို့လား? ။
ထိုအခိုက်တွင် စခရင်က ရုတ်တရက် ရပ်သွားသည်။ ဝူရှဲ့ ပြန်ကြည့်လိုက်သောအခါ ဦးလေးသုံးက ခေတ္တရပ်လိုက်တာကို တွေ့ရပြီး အနီးကပ် မျက်နှာသည် အဖြူအမည်း စခရင်ပေါ်တွင် ရုတ်တရက် အေးခဲသွားပါသည်။
ဦးလေးသုံး၏ မျက်နှာမှာ နီရဲနေပြီး နှုတ်ခမ်းများလည်း အနည်းငယ် တုန်ခါနေသေးသည်။ သူက အနီးသို့ ချဉ်းကပ်ကာ အနီးကပ်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ငလူးတဲ့မှ... သူလည်း မအိုသေးဘူးဟ!!”