ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (61)
တွင်း
ဝူရှဲ့: "ဘာကြီးလဲ"
“မသိဘူး တွင်းနားမှာပဲ...”
ဖက်တီး ထိုနေရာသို့ လှမ်းကြည့်လိုက်ကာ ရုတ်တရက် လှည့်ပြောလာ၏။
“သူခိုးလက်က လွတ်မှာတော့ မဟုတ်ဘူး... ငါခဏ သွားကြည့်လိုက်မယ် မင်း မိနစ်နည်းနည်းလောက် ထပ်စောင့်ပေးကွာ!"
ဝူရှဲ့ခမျာ ဒေါသတွေက သေလောက်အောင် ထွက်နေပေမယ့် အခု ဖက်တီးက သူပြောတာကို နားမထောင်ဘဲ မျက်နှာသေကို သူ့လက်ထဲ တွန့်ပို့လာရင်း ရေထဲ လျှောက်သွားလေသည်။ ဝူရှဲ့လည်း နောက်ဆုံးတော့ မြန်မြန်လုပ်လို့ ပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ဒါပေမဲ့ မလွယ်ပေ။ တစ်ဖက်မှာတော့ မြေအိုးအပိုင်းအစတွေ အောက်မှာ မြှုပ်ထားလေသည်။ ပင်လယ်ထဲကနှင့် မတူဘဲ သဲက အတော်လေး ပျော့ပျောင်းသည်။ မြေအိုး အပိုင်းအစများက အချွန်အထက်များနဲ့ ဖြစ်ကာ တစ်လုံးကိုရွှေ့ဖို့ မလိုက်တာနဲ့ တွင်းပေါက်ကြီးလို ဖြစ်သွားရာ လူကို ဟန်ချက်ထိန်းရန် ခဲယဉ်းစေသည်။
ရေမျက်နှာပြင်က ကောင်းပေမယ့် အပိုင်းအစ အနည်းငယ်ကို တူးဖော်ပြီးတဲ့အခါ ဖက်တီးတစ်ယောက် ဘာကောင်းတာမှ မတွေ့ရပေ။ အိုးထဲမှာက အပေါက်ကြီးတွေပင်။ အကြိမ်အနည်းငယ် တူးဖော်ပြီးနောက် ဖက်တီးသည် ပစ်မှတ်ကို တွေ့ရှိခဲ့ပုံပေါ်ပြီး အသက်ရှုကြပ်သွား၏။ သူ တူးထားသော မြေအိုးတွင်းထဲသို့ လက်တစ်ဖက် ခက်ခက်ခဲခဲ ထည့်ကာ စမ်းကြည့်လိုက်သည်။ သူ့လက်ကို ပြန်ထုတ်လိုက်တော့ သွေးတွေ စီးကျလာခဲ့သည်။
"သေစမ်း!"
ဝူရှဲ့ အော်လေသည်။ ဒါပေမဲ့ ဖက်တီးက အဆိပ်သင့်သွားတဲ့ လက္ခဏာ မပြကြောင်း သူမြင်လိုက်ပေမယ့် ဒဏ်ရာကတော့ တော်တော်နက်ပုံရသည်။ ဖက်တီးက ခပ်ပြင်းပြင်း အသက်ရှူထုတ်ကာ လက်ကိုပြောင်း၍ ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ အရိုးတစ်ခုက သူ့လက်ထဲ ပါလာသည်။
"ဘာဖြစ်နေတာလဲ" ဝူရှဲ့ ဘေးကနေ မေးလိုက်သည်။
"သောက်ကျိုးနည်း... ဒီအရိုးထဲမှာ ဆူးတွေ ရှိနေတာ ဖြစ်မယ်! အသေနာတာကွ!"
ဖက်တီးက သူ့လက်ချောင်းတွေကို ပါးစပ်ထဲ ထည့်ရင်း သူဖမ်းမိထားတဲ့ ဦးခေါင်းခွံကို တွန်းရင်း မိုင်းတွင်းမီးခွက်ကို ထိုးကြည့်လိုက်သည်။
ဝူရှဲ့: "မင်းဘာသာ လုပ်လိုက်တာမလား"
ဝူရှဲ့ ဆိုပြီး ဖက်တီးဆီ လှမ်းလာခဲ့သည်။ ထိုအခိုက် ဝူရှဲ့အောက်မှ အရည်ကြည်ဖုများ ပေါက်သွားတဲ့ အသံလို အော်သံတွေကို ဆက်တိုက် ကြားလိုက်ရလေသည်။ ဖက်တီးနဲ့ ဝူရှဲ့တို့ နှစ်ယောက်စလုံး ခဏလောက် ထိတ်လန့်သွားကြ၏။
"ငလူး... မင်းက အချိန်နေအချိန်ခါလည်း မသိပါရောလား... ဒုံးပျံလောင်ချာလို ဆက်တိုက် ပေါက်နေတာပဲ...ဒီမှာ ဒီလောက် တိတ်ဆိတ်နေတာ အသံက ကျယ်တာပေါ့ဟ"
ဖက်တီးကပြောရင်း နှာခေါင်းကို အုပ်ထားသည်။ ဝူရှဲ့လည်း စိတ်ရှုပ်စွာဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ခေါင်းယမ်းလိုက်သည်။
"ငါပေါက်တာ မဟုတ်ဘူး"
"မင်း မပေါက်ရင် ဘာလို့ဒီလောက် နံနေတာတုန်း!"
ဝူရှဲ့ ပတ်ဝန်းကျင်မှာလည်း အနံ့အသက်ဆိုးတွေ ရှိနေပေမယ့် အနံ့အသက်က တကယ်ကို လေလည်တဲ့ အနံ့မျိုးတော့ မဟုတ်ပေ။ အနံ့ထွက်တဲ့ နေရာကို မမှတ်မိတော့ပေမယ့် တစ်ခုခုတော့ မကောင်းတော့ဘူးလို့ မသိစိတ်က ခံစားနေရလေသည်။ စိတ်က တစ်ခုခုဖြစ်လာရင် မြန်မြန်လမ်းလျှောက်ဖို့ ပြောနေပေမယ့် လုကတော့ ရုတ်တရတ် ဟန်ချက်ပျက်သွားပြီး လေပေါ် မြောက်တက်သွားသလိုမျိုး ရေထဲ ချောလဲသွားရာ တစ်ကိုယ်လုံး ရေထဲ နစ်မြုပ်သွား၏။
ဝူရှဲ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ချော်လဲသွားပြီးတာနဲ့ ဟန်ချက် ပြန်ကောင်းဖို့အတွက် ခြေထောက်တွေကို ချက်ချင်း ကန်ထုတ်နေတာပါပဲ။ သို့ပေမယ့် ရေထဲမှာ ပူဖောင်းတွေ ပေါ်လာကာ ခြေဖဝါးအောက်က မြေကွက်တွေက တစ်နေရာရာသို့ ရွေ့လျားနေသောကြောင့် ခိုင်မြဲစွာရပ်တည်ရန် မဖြစ်နိုင်ပေ။
ဝူရှဲ့တစ်ယောက် တုန်လှုပ်သွားသည်။ တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားချိန် ခြေထောက်တွေကို အမြန် ပြန်ဆွဲထုတ်ပြီး ရေထဲက ပြန်ထွက်ချင်ပေမယ့် ဖက်တီးကပါ ချော်လဲသွားတာကြောင့် ရေထဲကိုပဲ ပြန်ပြုတ်ကျသွားခဲ့ပြန်သည်။
မိုင်းတွင်းမီးခွက်နဲ့ ကြည့်လိုက်တော့ သူတို့က ခြေဖဝါးအောက်က ရေတွေဟာ စီးဆင်းလျက်ရှိပြီ၏ ဘေးနားမှာ တွင်းနဲ့ ချိတ်ဆက်ထားတဲ့ တွင်းကြီးတစ်ဝိုက်မှာ အလွန်နက်တဲ့ တွင်းကြီးတစ်ခု ဖြစ်လာတာကို တွေ့လိုက်ရလေသည်။ ရေတွေက တွင်းအောက်ခြေသို့ လျှောကျသွားသည်။
ပြန်ကြည့်လိုက်တော့ မျက်နှာသေဟာ ပြိုကျနေတဲ့ တွင်းကြီးရဲ့ အောက်ခြေမှာ သူ့ခြေထောက်တွေကို ထည့်ထားပြီး ခြေထောက်က မြေအိုးထဲမှာ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားခံထားရလေသည်။ ဝူရှဲ့ ကြိုးစားပေမယ့် ဆွဲမထုတ်နိုင်တော့ဘဲ သူ့ခြေထောက်တွေက တွင်းထဲသို့ တဖြည်းဖြည်း ဝင်သွားလေ၏။
ဝူရှဲ့ အခုနတုန်းက မျက်နှာသေကို ဂရုမစိုက်မိခဲ့ပေ။ တကယ်တော့ သူကသာ တစ်ချိန်လုံး သူတို့ကို ဂရုစိုက်လာခဲ့တာ သူတို့အတွက် မျက်နှာသေကို ဂရုစိုက်ပေးရတာက ကျင့်သားမရသေးချေ။ အခု သူ့ခြေထောက်က အပျက်အစီးတွေထဲ နစ်မြုပ်ကာ ရစ်ပတ်နေပြီ။ သူ့ပေါင်ကို အခုမှပဲ အပျက်အစီးတွေ ထုပ်ထားတယ်ဆိုတာ သိလိုက်ရလေ၏။ သူကတော့ ခံနိုင်ရည် မရှိတဲ့အတိုင်း ရေထဲကို နစ်မြုပ်နေခဲ့သည်။ သူ့ကိုယ်သူ ကြည့်ရင်း ငတုံးလိုလည်း ရပ်နေသေးသည်။
မျက်နှာသေတစ်ယောက် တွင်းထဲတွင် ရစ်ပတ်နေရတော့မည်ကို မြင်တော့ ဝူရှဲ့နဲ့ ဖက်တီးတို့ သူ့လက်တစ်ဖက်စီကို ဖမ်းဆွဲရန် အမြန် ပြေးထွက်သွားခဲ့သည်။ ဖက်တီးမှာ လက်တစ်ဖက်တည်းဖြင့် ခွန်အားကို အသုံးမပြုနိုင်သောကြောင့် မိုင်းတွင်းမီးခွက်ကို ကိုက်ပြီး လက်နှစ်ဘက်စလုံးကို အသုံးပြု၍ ဆွဲထားရလေတော့သည်။
ဒီလိုမျိုး အခြေအနေမှာ မျက်နှာသေသာ သူတစ်ယောက်တည်း ရှိနေရင် အသက်ဆုံးရှုံး နိုင်ပေမယ့် လူနှစ်ယောက် သုံးယောက်လောက် ရှိရင်တော့ ကြီးကြီးမားမား မတော်တဆဖြစ်မှာ မဟုတ်ပါဘူး။ ပျင်းစရာကောင်းသော မျက်နှာသေကို ပြန်ဆွဲထုတ်ပြီးနောက် ဖက်တီးလည်း ချောင်းဆိုးလာတော့သည်။
"မင်းလေလည်တညက ရေအောက်ခြေကို ကျိုးသွားအောင်တောင် အစွမ်းထက်တာပဲ... တခြားသူတွေကို မတော်တဆ ထိခိုက်နစ်နာအောင် မလုပ်မိစေဖို့ နှုတ်ဆက်လေး စကားပြောဖို့ မမေ့နဲ့ဦး "
"မင်း အခုအချိန်မှာတော့ စနောက်ဖို့ အားရှိသေးတယ်ပေါ့လေ... ငါနောက်မှ မင်းနဲ့ ရန်ဖြစ်တော့မယ်!!"
ဝူရှဲ့ လေကို ရှူရှိုက်ပြီး ကျိန်ဆဲလိုက်သည်။
"မင်းကြည့်! ငါ့ရဲ့ သွန်သင်ချက်တွေကို မင်းကမှ လက်မခံဘဲနဲ့!"
ဖက်တီးသည် ရေအောက်ခြေတွင် ထွန်းလင်းနေသည့် မိုင်းတွင်းမီးခွက်ကို ပြန်ယူလိုက်သည်။ ရေအောက်က ပြိုကျလာသော်လည်း အချို့မှာ ရပ်တန့်သွားပြီး မကြာမီပင် အရွယ်အစား တစ်ဝက်ခန့်ရှိ အပေါက်တစ်ပေါက် တွေ့လာရသည်။ ၎င်းက သူတို့ရှေ့မှာ ဘတ်စကတ်ဘောကွင်းကြီး တစ်ခုလို ပေါ်လာခြင်းပင်။ ရံဖန်ရံခါ အောက်ဘက်မှ ထွက်လာပြီး အနံ့အသက်ဆိုးများလည်း ထွက်လာသည်။
ဤအပေါက်သည် နဂိုကရှိခဲ့သော သစ်သားတန်းများနှင့် အခြားအရာများ ဆွေးမြေ့ပြီးနောက်တွင် ပြင်ပအင်အားမရှိသောအခါ ဟန်ချက်မညီသေးသည်ကို သတိရမိသည်။ နှစ်ထောင်ချီကြာအောင် ကြာရှည်ခံနိုင်သော်လည်း ပျက်စီးသွားပါက သစ်သားတန်းများ ပြိုကျမည်ဖြစ်သည်။ ပြိုကျသော တွင်းသည် သစ်သားတန်းလျား ကျိုးသွားခြင်းကြောင့် ဖြစ်နိုင်ပြီး အစွန်းပေါ်ရှိ အုတ်ကြွပ်များ တူးနေသည့် အဆီသည် သံကြိုးများ တုံ့ပြန်မှု ဖြစ်စေသည်။
ဖက်တီး: "အမ်း... ဒီအောက်မှာ အလွတ်ကြီးထင်တယ်"
အဲဒီနေရာက နက်မနေသင့်ပေမယ့် အခုလေးတင် ရေက လှုပ်နေပြီး စိမ်းနေကာ အောက်ခြေကို မမြင်ရပေ။
ဝူရှဲ့: "ဒီအောက်ခြေက တစ္ဆေခေါင်းအိုးတွေကို တားဆီးဖို့ အရင်က ဆောက်ထားတဲ့ ထပ်ခိုးတစ်ခု ဖြစ်နိုင်တယ်"
ဖက်တီးတစ်ယောက် အစွန်းဘက်သို့ လျှောက်သွားပြန်တာကို တွေ့တော့ ဝူရှဲ့ လှည့်အော်လိုက်သည်။
“သတိထားစမ်းပါ...ငါအခုနတုန်းက နင်းလိုက်တဲ့ နေရာကဆို ခဲနေတုန်းပဲ ဒါပေမဲ့ ရုတ်တရက် ပြိုကျသွားရင် ပြဿနာတက်ပြီ ဒီနေရာက လုံးဝ လွတ်နေပြီ... နောက်ထပ် ကွင်းဆက်တုံ့ပြန်မှုကို လှိုင်းလုံးကြီး တစ်ခု ဖြစ်လာရင်တော့ ငါတို့အားလုံး လတ်စတုံးပြီ!”
"မင်း လေမလည်ရင် အဆင်ပြေမှာပါ... ဟေး ဒါက ဘာလဲ?"
ဝူရှဲ့ သူ့ဓာတ်မီးနောက်ကို လိုက်ကြည့်လိုက်တော့ တွင်းနက်ကြီးထဲမှာ တစ်စုံတစ်ခု လွင့်နေတာကို တွေ့လိုက်ရသည်။
“ဝေးဝေးနေ!”
ဖက်တီးရဲ့ သတိပေးသံကြောင့် ဝူရှဲ့လည်း မျက်နှာသေကို ဆွဲထုတ်လိုက်ပြီး အနည်းငယ် နောက်ဆုတ်လိုက်ကာ ဖက်တီးဘက်က အကွာအဝေးကို လှမ်းကြည့်လိုက်သည်။
ထိုအရာသည် အလွန်လျင်မြန်စွာ ပေါက်ထွက်လာပြီး မကြာမီတွင် ၎င်းတို့အားလုံးသည် ပုပ်ပွနေသော သစ်ကိုင်းများကြားတွင် ညှပ်ထားသော ချည်ကဲ့သို့ အမှိုက်များစွာ ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လာရပေသည်။ အောက်ဖက်ရှိ ရွှံ့ထဲ၌ ဖိထားသော မြေအိုး အပိုင်းအစများက ပြုတ်ကျကာ ညစ်ညမ်းသော ရေပမာဏ များစွာဖြင့် နှိုးဆော်ထားသည်။ အချိန်ကြာလာသည်နှင့်အမျှ ဂူဝင်ပေါက်နားက မြင်နိုင်စွမ်းက ပိုပိုဆိုးလာသည်။
ဖက်တီးသည် အမှိုက်များနှင့် ရောထွေးနေသော အကိုင်းအခက် တချို့ကို ကောက်ကိုင်လိုက်ရာ သူ့လက်တွင် ပါလာသော ရွှံ့နွံများက နံစော်နေသောကြောင့် အကိုင်းအခက်များကို ခပ်ဝေးဝေးသို့ လွှင့်ပစ်လိုက်လေသည်။
“အောင်မလေး... ဒီရွှံ့ဗွက်အိုင်ရဲ့ အောက်ခြေက သေလောက်အောင် နံစော်နေတာပဲဟ! သန့်ရှင်းတဲ့ ယဇ်ပုလ္လင်က ဒီရေကန်ပဲ မဟုတ်ဘူးလား”
ဝူရှဲ့: "မင်းတို့မိသားစုက ဒီလောက်ကြီးကျယ်တဲ့ တွင်းပေါက်ကိုပဲ သုံးတာ မဟုတ်ဘူးလား... မင်းဒီမှာ မစင်စွန့်ရင်တော့ မင်းခြေထောက်တွေ မကားနိုင်တာနဲ့ ပြဿနာတက်မှာ သေချာတယ်"
ဒီလို နံစော်နေတဲ့ ရွှံ့တွေကို ဆင်တွေတောင် သုံးမယ်မထင်ပါ။ ရှီးဝမ်းမယ်တော်ရဲ့ ဘိုးဘေးစဥ်ဆက်ကလည်း ဒီလိုမျိုး ညစ်ပတ်နေမှာတော့ မဟုတ်ချေ။
“ဖြစ်နိုင်တာကတော့ ရှီးဝမ်းမယ်တော်က သူ့မျိုးဆက်တွေကို ငြိမ်းချမ်းတဲ့ကာလမှာ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောတရားကို မွေးမြူစေချင်တာကြောင့်မလို့ ဝမ်းလျှောတဲ့ အချိန်မှာ အရမ်း သတိရှိတတ်အောင် လုပ်ပေးခဲ့တာ ဖြစ်မယ်”
ဖက်တီးက လေးလေးနက်နက် ပြောလေသည်။
ဝူရှဲ့: “လာစမ်းပါ... မြန်မြန် သွားရအောင်... ဒီမှာ အန္တရာယ်များလွန်းတယ်”
သူတို့သည် နှာခေါင်းကို ဖုံးကာ ထွက်ခွာခါနီးတွင် ဖက်တီးသည် ရေထဲမှ နောက်ထပ်အရာတစ်ခုကို ကောက်ယူလိုက်ပြန်၏။ သို့သော်လည်း ထိုအရာသည် အကိုင်းအခက် မဟုတ်တော့ချေ။
"ကြည့်ဦး ဒါက ဘာလို့ထင်လဲ"