(18)ဦးနှောက်အမြည်းများ
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (18)

ဦးနှောက်အမြည်းများ



အရင်က ဒီလိုခဏတာ ရင်းနှီးကျွမ်းဝင်မှု ခံစားချက်ကို တွေ့ကြုံဖူးပြီး ဒါက ဝူရှဲ့ကို အမြဲတမ်း ရင်ခုန်ခါသေသည်။ အရင်က ထင်ယောင်ထင်မှား ဖြစ်မယ်လို့ ပြောနိုင်ပေမယ့် ဒီတစ်ခါတော့ မတူပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မျက်နှာသေရဲ့ မျက်နှာမှာလည်း တူညီတဲ့ ပဟေဠိဆန်တဲ့ အမူအရာတွေနဲ့ ပြောင်းလဲနေတာကို တွေ့လိုက်ရလို့ပါပဲ။


ဘယ်မှာလဲ? ဒီလိုမြင်ကွင်းမျိုးကို ဘယ်မှာ မြင်ဖူးတာလဲ။ ဒါမှမဟုတ် ဒီလိုမြင်ကွင်းမျိုးနဲ့တူတဲ့ တစ်ခုခုကို ဘယ်မှာ မြင်ဖူးတာလဲ။


ထိုမြင်ကွင်းကို သတိရဖို့ကြိုးစားရင်း စိတ်ထဲမှာ ထပ်ခါထပ်ခါ တွေးနေပေမယ့် မကြာသေးခင်ကမှ မြင်ဖူးခဲ့သလို ရှိတာကိုတောင် မမှတ်မိတော့ပါ။ အလားတူ ခံစားချက်နှင့်အတူ တစ်စုံတစ်ခုက “ပိတ်ဆို့သွားပြီ” ဟူသော ခံစားချက်သာ ရှိ​နေသည်။ သူ့မှတ်ဉာဏ်ထဲက ခံစားချက်က ဒီနေရာနဲ့ အနည်းငယ် ကွာခြားနေသေးတာတော် သိသာပါ၏။


ဖက်တီးက စိတ်ထဲ သိပ်ထားမနေဘဲ ဘောင်းဘီကို ချွတ်ပြီး ရေထဲဆင်းကူးတော့သည်။ အားကွေ့က သူ့အား တောင်ပေါ်ရှိ ရေကန်တွေက ကံမကောင်းတတ်လို့ ပြောသော်လည်း သူက ဇဝေဇဝါ ဖြစ်မနေပေ။ ဖက်တီးကတော့ ဒီလို​ရေကန်မျိုး တစ်ခါမှ မမြင်ဖူးဘူးဆိုပေမယ့် အားကွေ့ ပါးစပ်ပိတ်သွားဖို့ ပြန်တင်လာခဲ့သည်။ 


ကမ်းကို ရောက်တော့ စိုနေတဲ့ ဖိနပ်နဲ့ ဘောင်းဘီ အရှည်တွေကို ချွတ်လိုက်သည်။ ဖက်တီးက အားကွေ့က တဲဆောက်ဖို့ ကူညီ​ပေးပြီး ယွင်ချိုင်ကတော့ ထမင်းချက်သည်။ ဝူရှဲ့ ရေသောက်ပြီး ရေကန်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တော့ ဘယ်မှာတွေ့ဖူးသလဲ သတိရသွား၏။ 


ဒီတောင်ကြီးရဲ့ ပုံသဏ္ဌာန်နဲ့ ခံစားချက်က ရွာချောင်းမှာ ရေကစား​နေတုန်း တွေ့ခဲ့ရတဲ့ တောင်ရဲ့ ရှုခင်းနဲ့ အရမ်းဆင်တူပါသည်။ အဲဒီတုန်းက သူ စမ်းချောင်းထဲမှာပဲ ရှိခဲ့တာ အခုတော့ ရေကန်အနားကို ရောက်နေပြီ။ ဒါကြောင့် ရေထဲမှာ ရောင်ပြန်ဟပ်ပြီး တောင်ရဲ့အသွင်အပြင်က သူ့ကို အံ့အားသင့်သွားစေသည်။ ဒီတောင်တွေက တောတွေထူထပ်ပြီး ရွာနားက သစ်ပင်တွေ ခုတ်လှဲခံရတာ ဆိုတော့ ကြည့်ရတော့ နည်းနည်းထူးဆန်းတာ တစ်ခုခု ရှိနေသည့်အတိုင်းပင်။ 


ဝူရှဲ့ မျက်လုံးမှိတ်ပြီး စိတ်တွေ ငြိမ်သွားတဲ့အခါမှ စမ်းချောင်းတစ်ဝိုက်က ရှုခင်းတွေကို ဂရုတစိုက် ကြည့်လိုက်သည်။ မျက်နှာသေကတော့ အရာအားလုံးကို မြင်ဖူးသူမလို့ စိတ်ထဲထည့်မနေမှာ သေချာသလို အခုအချိန်မှာ ဖက်တီးရဲ့ အာရုံစိုက်မှုကလည်း မိန်းကလေးဆီ ရောက်နေတာ ဆိုတော့ သူလည်း သတိမထားမိချေ။ 


ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝတရားပင်။ အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဘူမိဗေဒဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်ပေါ်လာသလားဆိုတာ မသိပါဘူး။ ဤကဲ့သို့သော ရေကန်ဟာ ဖုန့်ရွှေ အနေအထားမျိုး ရှိပုံရသည်။ ဤမြေမျက်နှာသွင်ပြင်သည် "ယွီလင်အောင့်" ဟုခေါ်သော နေရာနှင့် တူ၏။ တောင်များအားလုံးသည် ငါးအကြေးခွံများကဲ့သို့ အလွှာလိုက်ဖြစ်ပြီး ထိုတောင်များက ဖုန်းရွှေ အမျိုးအစားနှင့် ကိုက်ညီသည်။ 


သို့​ပေမယ့် ငါးအကြေးခွံအောက်မှာ ဝှက်ထားတဲ့ ရတနာတွေ ရှိနေလို့ လူတွေကို မြှုပ်ဖို့ မသင့်တော်ပါဘူး။ ပထဝီဝင် အနေအထားအရ ပြောရလျှင် ငါးအကြေးခွံများသည် မြေဆီလွှာ တိုက်စားမှုကြောင့် ဖြစ်လာနိုင်ချေရှိသည့် ပုံသဏ္ဌာန်မျိုးပင်။ အထူးသဖြင့် တောင်ပေါ်၌ သူတို့တွေ့ခဲ့သည့် ရှေးဟောင်းသင်္ချိုင်းက ဥပမာတစ်ခုဖြစ်သည်။ 


သို့သော် "ယွီလင်အောင့်" တွင် စမ်းရေကန်တစ်ခုရှိလျှင် ၎င်းကို "ရေမှလာသောငါး" ဟုခေါ်သည်။ ထိုရေသည် ငါးအကြေးခွံ မြေဆီလွှာထဲတွင် ရှိပြီး ရေတွေ စိမ့်ထွက်လာတတ်သည်။ ဒါဆို ဒီမှာငါးမဟုတ်ဘဲ အသွင်မပြောင်းသော နဂါးလေးကက ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတန်ဘဲ သေဆုံးသွားခဲ့ရင် ဒီမှာပဲ မြှုပ်နှံထားသင့်ပါ၏။ 


ဤနည်းအားဖြင့် ဤနေရာတွင် ရှေးဟောင်းသင်္ချိုင်းတစ်ခု ရှိနေသည်မှာ အမှန်ပင် ဖြစ်သင့်သည်။ ကံမကောင်းစွာပဲ ဤတောင်မျိုးတွင် မြှုပ်နှံထားသည့် အသေးစိတ် အချက်အလက်များကို ကြည့်လျှင် သူ့အမြင်အရဆို ပတ်ဝန်းကျင်ရှိ တောင်များသည် လူသင်္ဂြိုလ်ရန်အတွက် အလွန်သင့်လျော်မှု မရှိပါ။


ယွင်ချိုင်နဲ့ တခြားသူတွေက တဲဆောက်ပြီးတာနဲ့ တစ်ဖက်မှာ ထင်းတွေ စုဆောင်းလာကြသည်။ ဖက်တီး၊ မျက်နှာသေနဲ့ ဝူရှဲ့ကတော့ ဘာအကူအညီမှ ပေးစရာမလိုချေ။ ဒါကြောင့် ရေကန်တစ်ဝိုက်မှာ ရှာဖွေပြီး ပတ်ဝန်းကျင်ကိုသာ စောင့်ကြည့် လေ့လာ​နေခဲ့ပါသည်။


ရေကန်သည် ဘောလုံးကွင်း နှစ်ကွင်းသာ အရွယ်အစားရှိပြီး ကမ်းစပ်တွင် လမ်းလျှောက်ရင်း ရေကန်၏ အောက်ခြေတွင် ကျောက်တုံးများ ပေါက်နေပုံရတာကို တွေ့ရသည်။ ရေကန်ရဲ့ အောက်ခြေက နည်းနည်းတိမ်တဲ့ နေရာမှာ လှမ်းမြင်နေရတော့ ကန်အောက်ခြေနစ်လေ အမှောင်ကျသွားလေမို့ ရေက အလွန်နက်တယ်လို့ ထင်ရ၏။ 


ကမ်းခြေမှာ ကျောက်တုံးကြီးတွေနဲ့ ပြည့်နေပြီး ဖန်းမာ ပြောခဲ့သလိုပဲ အရွယ်အစားတွေက အများကြီး ကွဲလွဲနေသည်။ ကမ်းခြေဟာ အလွန်သန့်ရှင်းပြီး အပျက်အစီးတွေ ကင်းစင်တာကြောင့် ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာထားလို့ သဲလွန်စတွေက ရေကန်ထဲကို မျောပါသွားတာမျိုး ဖြစ်နိုင်တယ်လို့ တွေးမိလေသည်။ 


ဝူရှဲ့ အလွန်နက်သော ရေကန်များကို အမြဲကြောက်တတ်သည်။ ဆိုရိုးစကားအတိုင်း ရေတိမ်တွင် ပုန်းကွယ်နေသော နဂါးများ မရှိပေမယ့် ရေနက်လေလေ သတ္တဝါတွေအတွက် နေရာထိုင်ခင်းက ကျယ်ဝန်းလေပင်။ ရေကန်သည် ရေကန်မျက်နှာပြင်မှ သူတို့မြင်ရသည့်အတိုင်း သေးငယ်သည်​တော့ မဟုတ်ပေ။ ထိုရေထဲတွင် ထူးဆန်းသော အရာတစ်ခု ရှိနေနိုင်သည်။ 


ကမ္ဘာပေါ်တွင် ရေသတ္တဝါကြီးများရှိသော ရေကန်ကြီးများ အများအပြား ရှိသည်။ ရေကန်များက မကျယ်သော်လည်း အလွန် နက်ရှိုင်းလှရာ ရေထဲတွင် ငါးကြီးတချို့ ရှိနေတတ်သည်။ အချို့သော ရေလှောင်ကန်ကြီးများ၏ အောက်ခြေကို ရှင်းလင်းသောအခါတွင် အလွန်ကြီးမားသော ငါးအချို့ကို အမြဲတွေ့ရလိမ့်မည်။


ဝူရှဲ့တို့ လမ်းလျှောက်ပြီးနောက်တွင် အရိုးများကို သဲသဲကွဲကွဲ မတွေ့ခဲ့ရ​​ပေ။ သို့သော်လည်း ကမ်းခြေရှိ ကျောက်တုံးအများစုသည် ဤနေရာတွင် နှစ်ပေါင်း ၄၀ ကျော် ကြာနေပြီမလို့ ရေမျက်နှာပြင်များ အပြောင်းအလဲ ရှိကာ ရေအတက်အကျကြောင့် ကျောက်တုံးများ လိမ့်ကျလာနိုင်သည်။ ဒါကြောင့် သဲလွန်စတွေက ကျောက်တုံးတွေ အောက်မှာ ပိနေလိမ့်မည်။ 


အဲဒီတုန်းက ဖြစ်စဉ်ကို တွေးကြည့်လျှင် ယေဘုယျ အခြေအနေအရ ရှေးဟောင်း သုတေသန အဖွဲ့ကလည်း သူတို့လိုမျိး ကန်ရဲ့ တောင်ဘက်ခြမ်းမှာ စခန်းချထားလိမ့်မည်။ ဒါက ကျောက်တုံးတွေ ပြိုကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါ၏။ သူတို့ရှာဖွေလိုသော ဧရိယာသည် ကန်တောင်ဘက်တွင်သာ ဖြစ်လိမ့်မည်။ 


ဤသည်မှာ ကြီးမားသော ပရောဂျက်တစ်ခု ဖြစ်သည်။ ကံကောင်းထောက်မစွာပဲ သူနှင့်အတူ ခွေးအနည်းငယ်ကို ယူဆောင်လာသော်လည်း ၎င်းတို့က အဆင်ပြေမလားတော့ မသိသေးပါ။ အလောင်းကို ရေထဲမှာ နှစ်အတော်ကြာအောင် စိမ်ထားခဲ့ပြီး အရိုးအဖြစ် ပြောင်းလဲသွားခဲ့ပြီးလောက်​ပြီ။


နေ့လယ်စာစားပြီးနောက် အားကွေ့သည် ဤနယ်မြေ၌ အမဲလိုက်စရာ ရှိမရှိ ရှာဖွေနေကာ ယွင်ချိုင်က သူတို့ရဲ့ ချွေးတွေရွဲနေသော အဝတ်တွေကို လျှော်ဖွပ်ပေးခဲ့သည်။ ရေကန်ဘေးက ဧရိယာက အရမ်းကြီးပေ၏။ သူတို့သုံးယောက်သည် ကျောက်တုံးကြီးများကို လျှောက်ရွှေ့ကြည့်ရင်း သဲလွန်စများကို ရှာဖွေနေကြသည်။ 


သူတို့လုပ်ရမှာက ကျောက်တုံးတွေကို လက်ဗလာနဲ့ တဖြုတ်ဖြုတ် ရွှေ့ဖို့ပါပဲ။ ကျောက်တုံးတွေက ကမ်းနဲ့ အနီးဆုံး ရေကန်ရဲ့ အလယ်ဗဟိုကို လှိမ့်ဆင်းလာသွားတာ ဖြစ်ပေမည်။ ဒီနေရာက ရေက တဖြည်းဖြည်း ကျဆင်းလာပြီး ရေနဲ့နီတဲ့ နေရာမှာ ကျောက်တုံးတွေက စုပုံလာပါသည်။ မိုးရေသည် ကျောက်ဆောင်ကမ်းခြေ၏ အောက်အလွှာသို့ စိမ့်ဝင်သွားတဲ့အခါ ကျောက်ဆောင် ကမ်းခြေတွင် ရေစီးဆင်းမှုထက် မြေအောက်ရေအဖြစ် စုစည်းသွားမည်ဖြစ်သည်။ 


ကန်၏အောက်ခြေ လျှောစောက်သည် အလွန်မတ်စောက်သောကြောင့် ရေကန်ထဲသို့ နစ်မြုပ်သွားသော နေရာသည် ကမ်းနှင့် အလွန်နီးကပ်နေ၍ ရေသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကျဆင်းသွားလိမ့်မည်။ ဒါကြောင့် အရိုးတွေက ရေအိုင်ထဲမှာ မရှိဘဲ ကမ်း​​ပေါ်၌ ရှိကြလိမ့်မည်။


ဖန်းမာတို့ အလောင်းကို လွှင့်ပစ်လိုက်ပြီးနောက် ချည်နှောင်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ရာ အလောင်းတွေက ပထမဦးစွာ အလောင်းကောင် အဖြစ် ရေထဲ မျောပါသွားလိမ့်မည်။ ဖက်တီးကလည်း ရေကန် အောက်ခြေတွင် နစ်မြုပ်သွားပါက အရိုးများ ပြန့်ကျဲသွားစေကာ ငါးနှင့် ပုစွန်များက စားသုံးသွားနိုင်ကြောင်း ပြောသည်။ ဦးခေါင်းသည် ဤနေရာတွင် ရှိပါက တင်ပါးက မီတာတစ်ရာ အကွာတွင် ရှိနိုင်သည်။ အလောင်းကို အလွန်နက်နဲသော နေရာကို မပစ်ချခဲ့ပါက တိရစ္ဆာန်များက ကမ်းပေါ်ဆွဲတင်၍ စားသောက်နိုင်သည်။


ဘယ်လိုပဲပြောပြော သဲလွန်စက ဘာတစ်ခုမှ ကျန်တော့မှာ မဟုတ်ချေ။ စစ်သူကြီးမောင် ပြောခဲ့ဖူးတဲ့ တစ်ခုတည်းသော စကားက အလေးအနက်ထားလို့ ရှာမတွေ့ရင် အကြောင်းရင်းတွေကို ခွဲခြမ်းစိတ်ဖြာရမယ်တဲ့။


သူတို့ သုံးယောက်ဟာ နေဝင်ချိန်အထိ ဒီအတိုင်း တူးနေကြပေမယ့် မုဆိုးခွေးတွေက ရေကန်ဘေးမှာ ဆော့ကစားနေကြပြီး သူတို့ကို လုံးဝ လျစ်လျူရှုကာ မကူညီချင်ကြချေ။ ရေကန်ဘေးက နေက အလွန်အဆိပ်ပြင်းလှသည်။ ဝူရှဲ့ခမျာ နေရောင်အောက်မှာ ပူလောင်ပြီး နာကျင်နေရသည်။ အားကွေ့ရဲ့ သေနတ်သံက တောထဲမှာ နှစ်ကြိမ် မြည်လာခဲ့ပြီး မကြာခင်မှာပဲ ​တောကြက်ကင်နံ့က သူတို့ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေတော့သည်။ 


ဖက်တီးမှာ အနည်းငယ် စိတ်ဓာတ်ကျပြီး ကူကယ်ရာမဲ့နေ၏။ မျက်နှာသေရှိတော့ ပိုအန္တရာယ်ကင်းတယ်လို့ ခံစားရတဲ့အတွက် အလောမကြီးဘဲ ဝူရှဲ့နဲ့ ဖက်တီး ခေတ္တ အနားယူလိုက်သည်။ လူသေကို ရှာမတွေ့ပေမယ့် ဖက်တီးတစ်ယောက် ရှေးဟောင်းသင်္ချိုင်းကို တွေးနေမှန်း ဝူရှဲ့ သိသည်။ ဒီမှာ ရက်အနည်းငယ်ကြာအောင် နေရမယ်လို့ ပြောပြီး နှစ်သိမ့်ပေးခဲ့သည်။ လူသေကို တကယ်ရှာမတွေ့ရင် ဖက်တီးကို အဖော်ပြုကာ ထိုရှေးဟောင်း သင်္ချိုင်းဆီ သွားရလိမ့်မည်။ 


ထမင်း စားသောက်ပြီးတာနဲ့ ရေကန်ဘေးမှာပဲ အနားယူကြသည်။ အခုလို တောင်တန်းတွေရော ရေကန်ဘေးမှာ အနားယူနေရတာ ရှားတယ်မဟုတ်လား။ ယွင်ချိုင်သည် သူမ၏ အဝတ်အစားများကို ပြောင်းလဲကာ ပေါ့ပါးသော တီရှပ်ကို ၀တ်ဆင်ထားသည်။ ခေါင်းလျှော်ပြီးနောက် သူမသည် မြို့တွင်းရှိ မိန်းကလေးတစ်ဦးလို ဖြာထား၏။ 


ညစာစားပြီးသောအခါ ယောင်လူမျိုး၏ အကများဖြင့် ဝူရှဲ့တို့အတွက် ကပြဖျော်ဖြေပေးသည်။ သူမရဲ့ ခြေသလုံးကြွက်သားများက အထူးလှပလေရာ ဖက်တီးရဲ့ မေးရိုးများ ပြုတ်ကျနေတာကိုသာ ထင်ထင်ရှားရှား တွေ့​နေရသည်။ သူကပါ သွားသင်ယူနေရာ ဝူရှဲ့ခမျာ ရယ်မောလိုက်ရင်း ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။ 


ရယ်ရတာကြာပြီ ဆိုတော့ အဆုံးမှာ မရယ်နိုင်တော့ချေ။ မျက်လုံးတစ်မှိတ်အတွင်း နေရာရွေ့သွားတတ်တဲ့ မျက်နှာသေကို ကြည့်လိုက်တော့ သူက ကျောက်တုံးပေါ်မှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရသည်။ အနားယူနေခြင်းပင်။ လူက တိတ်ဆိတ်လွန်းလို့ ပထမတစ်ချက်မှာတင် သူ့ရှိနေတာကိုတောင် သတိမထားမိလိုက်ဘူး။


သူ့အတိတ်ကို ရှာဖို့ ဒီနေရာကို လာရတာ မှားသလားတော့ မသိပါဘူး။ အခုထိ စုဆောင်းထားတဲ့ သဲလွန်စတွေကနေ သူ့အတွက် မှန်ကန်တဲ့ နေရာကို ရောက်နေပြီဆိုတာ သိသာပါ၏။ သူကြုံတွေ့ခဲ့သမျှ အရာအားလုံးဟာ အတိတ်ဆိုတဲ့ အရာက သူ့နှလုံးသားတံခါးကို လာခေါက်ခဲ့လေရာ သူ့အတွက် တကယ်ကို အနားယူဖို့ ခက်ခဲခဲ့ပါသည်။


ဤလူသည် သာမာန်ပြည်နှင်ဒဏ် ခံရသော စစ်သူကြီးလို ကိုယ်ရည်ကိုယ်သွေး ရှိသည်။ သူနှလုံးသားသည် မက်မွန်သီးပင်လို အပြင်ဘက်က အရာတွေ သို့မဟုတ် နွေဦးလေညင်းလို အလှတရားတွေက မဝင်ရောက်နိုင်ပေ။ ဝူရှဲ့ သည်းမခံနိုင်တော့ဘဲ ကျောက်ခဲသေးသေးလေးနဲ့ ပစ်ပေါက်လိုက်သည်။ 


“အဲဒါကို ဆက်မတွေးပါနဲ့... ကျွန်တော် ပြောမယ် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ စဉ်းစားနေပါစေ အသုံးမဝင်ပါဘူး... အခု ကျွန်​တော်တို့လုပ်နေတာက ပဟေဠိတွေလေ အပိုင်းအားလုံးကို အတူတူနီးပါး တွေ့နိုင်တယ်” 


ပြောပြီး ဆန်အရက်ကို လှမ်းပေးလိုက်သည်။ မျက်နှာသေက တိတ်တိတ်ဆိတ်ဆိတ်လေး ယူပေမယ့် ဘေးဖယ်ထားလိုက်၏။ ဝူရှဲ့လည်း သက်ပြင်းချပြီး။ 


“မသောက်ဘူးလား”


သူက ခေါင်းယမ်းကာ အမှောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မှန်းဆတိုင်း ဉာဏ်စမ်းပဟေဠိတွေ ပေးနေတဲ့ ဖက်တီးဆီပဲ ပြန်လှည့်ကြည့်လိုက်သည်။ ဖက်တီးသည် ညစ်ပတ်တဲ့ဟာသတွေကို ကလေးမလေးအား အရွှမ်းဖောက်နေ၏။ မှန်းဆကြည့်မိတော့ ကလေးမလေးက အရမ်းဖြူစင်ပြီး ဒီလိုစကားတွေပြောရင် ညစ်ပတ်တယ်လို့ ခံစားမိတဲ့အတွက် ဝူရှဲ့ သူ့လက်မောင်းကို ရိုက်ပစ်လိုက်သည်။ 


အားကွေ့ကလည်း အလွန်အကျွံ သောက်ထားတာကြောင့် တခစ်ခစ် ရယ်နေသည်။ ဖက်တီးရဲ့ ဟာသပဟေဠိကို တစ်ချိန်လုံး မှန်းဆပြီးတော့ နောက်ဆုံးအဖြေက ဖီဟူနဲ့ ရှစ်စန်းယောက်တို့ရဲ့ တိုက်ပွဲဖြစ်သွားတဲ့ အကြောင်းပါပဲ။ ယောင်ရွာတွေမှာ ဒီလိုဟာသက လူကြိုက်များတာမျိုး မဟုတ်ချေ။ ယွင်ချိုင်မှာလည်း ကျေးလက်အရသာအနည်းငယ်ရှိသော ဉာဏ်ရည်ဉာဏ်သွေး ပါရှိသည်။


ဖက်တီးက သူတို့ကို တစ်ခု မေးပြန်သည်။ မေးခွန်းကတော့ ဘယ်လိုတိုက်ပွဲမျိုးက ရန်သူတစ်ယောက်တည်းကို စစ်သည် သုံးထောင်လောက်က ရှုံးသွားတာလဲ။


"မြင်းကြောင့်!" ယွင်ချိုင်က ချက်ချင်း လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ 


"ကလေးမ မင်း ငါ့ကို စိတ်ဆိုး​​​အောင်လုပ်ဖို့ ကြိုးစားနေတာလား"


မြင်းတပ်နဲ့ တင့်ကားတွေကြားက တိုက်ပွဲဖြစ်ရမယ်လို့ ဖက်တီးက မူးမူးနဲ့ ရယ်မောပြီး ပြောလေသည်။ ထို့နောက် ဖက်တီးက ဖဲချပ်ကစားတာကို ပဟေဠိလို ပစယးသလို ပုရွက်ဆိတ်တွေအကြောင်း ခန့်မှန်းခိုင်းသည်။ 


ဖက်တီး: "ဒါက လွယ်လွန်းတယ် ဟေ့ ဖက်တီး ငါက တကယ် အရည်အချင်း ရှိတာနော်... မင်းငါပြောတာ သေချာ နားထောင်.... ရန်သူ တစ်ယောက်ကို သတ်ရင် မင်း သုံးထောင် ဆုံးရှုံးလိမ့်မယ်... အဲဒါက ငှက်ပျောသီးနဲ့ ဆင်တစ်ကောင်ကို ပြောတာ"


ဒီစကားကြားတော့ ဝူရှဲ့လည်း ဒေါသတကြီးနဲ့ ကျိန်ဆဲလိုက်မိတော့သည်။ 


“မင်းဘာတွေပြောနေတာလဲ... ငှက်ပျောသီးနဲ့ ဆင်တွေကြားက ရန်ပွဲက ဘာကြီးလဲ... ငှက်ပျောသီးနဲ့ ဆင်တွေကြားက တိုက်ပွဲက ရန်သူတစ်ကောင်ကို သတ်နိုင်ပြီး ဆုံးရှုံးမှုပေါင်း သုံးသောင်း ရှိတယ်လို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ... ကိုယ်တိုင် တိုက်ဖူးလား?"


ဖက်တီး: “ဆင်က စားမှတော့ ငှက်ပျောသီးက သေပြီပေါ့ဟ!” 


သူတို့အားလုံး ရယ်မောလိုက်ကြပြီး ယွင်ချိုင်ကလည်း အသက်ရှုမဝနိုင်အောင် ရယ်မောလိုက်လေသည်။ အကြိမ်အနည်းငယ် ရယ်မောပြီးနောက်မှာတော့ ဖြည်းညှင်းစွာ ငြိမ်သက်သွား၏။ သူမက မျက်နှာသေက ကျောက်တုံးပေါ်မှာ မတ်တတ်ရပ်​နေပြီး တိတ်ဆိတ်နေတာကို မြင်လိုက်ရလို့ပါပဲ။ သူက ရေကန်၏ ဆန့်ကျင်ဘက်သို့ လျှောက်သွားကာ မီးတောက်မတောက်နိုင်သော အဝေးတွင် ထိုင်နေ၏။


ယွင်ချိုင်၏ မျက်လုံးများက မျက်နှာသေကို ကြည့်ရင်း ကြောက်ရွံ့မှု အရိပ်အမြွက်များ ပြလာသည်။ ဖက်တီးက သက်ပြင်းချကာ အဝါရောင်ဆေးရွက်ကြီး တစ်ရွက်ကို လှမ်းယူရင်း နှစ်သိမ့်စွာ ပြောသည်။


“ကောင်းပါပြီ သူ့ကို လျစ်လျူရှုလိုက်... သူက ဗိုက်နာလို့ ထသွားတာ” 


ဝူရှဲ့ မျက်နှာသေကို ကြည့်လိုက်ပြီး မတ်တပ်ထရပ်တော့မည် ဖြစ်သော်လည်း ယွင်ချိုင်က သူ့ဆီသို့ ဦးစွာလျှောက်သွားလေပြီ။