(3)စုဆောင်းခြင်းလောကထဲက ပွဲ
Viewers 13k

Chapter (3) Volume 7

စုဆောင်းခြင်းလောကထဲက ပွဲ



အောက်ဖက်က စင်မြင့်ပေါ်တွင် စားပွဲများနှင့် ခင်းကျင်းပြသထားသော စားပွဲခုံများကို ကြည့်ရင်း လေလံပွဲ စတင်တော့မည်ကို ဝူရှဲလည်း ချက်ချင်း သိလိုက်ပါပြီ။ ရုတ်တရက် မှောင်မိုက်နေသော ပတ်ဝန်းကျင်နှင့် ဂနာမငြိမ်သော အသံများက ဝူရှဲအား အနည်းငယ် အပြစ်ရှိသလို ခံစားလာမိစေသည်။


လျှပ်စီးလက်လို့ စိတ်ထဲ အလင်းတစ်ချက်က လင်းထိန်သွားပေမယ့် ခဏကြာတော့ တင်ပါးအောက်က ခွေးခြေမှာ ဆူးတွေ ပေါက်နေသလို ခံစားလိုက်ရပြီး စိတ်မသက်မသာ ဖြစ်လာလေ၏။ 


ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုက မိမိကိုယ်ကို တည်ငြိမ်အောင် ဟန်ဆောင်စေတယ်တဲ့။ ​​ဒါပေမဲ့ ဝူရှဲကတော့ သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဒီအဘွားကြီးရှေ့မှာ ဒါကို လုံးဝ ဖျောက်ဖို့ ခက်ခဲမယ်လို့ ယုံကြည်ခဲ့ပေမယ့် ဒီအချိန်မှာ သူဟာ မတ်တပ်ထရပ်ပြီး လက်မြှောက်ကာ ထွက်သွားမယ့်အစား ကျည်ဆံကို ကိုက်ပြီးသာ စောင့်နေလိုက်တော့သည်။ 


ဖက်တီးကို ကြည့်လိုက်တော့ သူလည်း နည်းနည်း စိတ်မသက်မသာ ဖြစ်နေပုံပင်။ ဒီမှာ ဘာဖြစ်သွားနိုင်လဲ။ အဆိုးဆုံးကတော့ ကန်ထုတ်ပစ်တာ ခံရရင်တောင် ခေါင်းကိုတော့ ဘယ်တော့မှ ဆုံးရှုံးရမှာ မဟုတ်ပါဘူး။


ဒါကိုတွေးပြီး ဝူရှဲ စိတ်လျှော့လိုက်ကာ အဘွားကြီးကို ပြုံးပြကာ စိတ်ထဲကလည်း ရေရွတ်လိုက်သည်။


'ငါ့ကို လျှော့မတွက်နဲ့... ငါက ဘဝနဲ့ သေခြင်းကြားမှာ အကြိမ်ပေါင်းများစွာ ပြေးလွှားနေခဲ့ပြီးသား... ဒါကြောင့် ဒီမြင်ကွင်းက ဘာမှမဖြစ်ဘူး'


ဒါနဲ့ပဲ ဝူရှဲ မတ်မတ်ထိုင်ပြီး အောက်မှာ ဖြစ်ပျက်နေတာကို အာရုံစိုက်လိုက်သည်။ 


လေလံပွဲနှင့် ပြခန်းတစ်ခုအား စင်မြင့်ပေါ်၌ အလျင်အမြန် တပ်ဆင်ခဲ့ကြသည်။ ဝန်ထမ်းတစ်ဦးက အလင်းရောင် ချိန်ညှိရန် မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ စင်ပေါ်တွင် အလင်းရောင်ကို ချိန်ညှိနေသူများလည်း ရှိ​နေခဲ့သည်။ အခု ကြည့်ရသလောက်ဆို ဒီလေလံပွဲကို လေလံကုမ္ပဏီတစ်ခုက ပြုလုပ်ပုံမပေါ်ပါဘူး။ 


လေလံပွဲနဲ့ ပက်သက်သော လုပ်ငန်းနဲ့ အဆက်အသွယ် ရှိသူတိုင်း လာရောက်ကစားနိုင်တဲ့ နေရာဖြစ်ပုံပါပဲ။ ဖက်တီးက လေလံပွဲရဲ့ အထူးခြားဆုံး အစိတ်အပိုင်းကို အဘွားကြီးအား စောင့်နေတုန်းက ပြောပြခဲ့ပါသည်။ ဒီမှာလေလံပွဲရဲ့ အထူးခြားဆုံး အချက်က ပညာရှင် ဒါမှမဟုတ် လုပ်ငန်းရှင်တွေ ဖြစ်နေဖို့ မလိုအပ်ပေ။ 


အမြင်နဲ့ ချိတ်ဆက်မှုတွေ အားလုံးကိုသာ ကြည့်သာ်။ ဒီမှာ လေလံတင်ရောင်းချတဲ့ အရာအများစုဟာ တန်ဖိုး မဖြတ်နိုင်သလို အပြင်လောကမှာ မရှိတဲ့အတွက်ကြောင့်လို့ပင်။ သင့်တွင် သင်လေလံဆွဲလိုသည့် ပမာဏအတွက် စံနှုန်းတစ်ခု ရှိထားရမည်။ သန်းဂဏန်း မရှိပါက ဝင်ပါစရာ မလိုပါ။ 


တစ်နည်းဆိုရသော် သင်သည် ဤနေရာတွင် ကစားလိုပါက သင်သည် လေလံတင်ထားသော အရာကို ဦးစွာ သိထားရန် လိုအပ်ပြီး ၎င်းသည် ဘယ်လောက်တန်ကြောင်း အချိန်တိုအတွင်း တုံ့ပြန်မှုတစ်ခု လုပ်နိုင်ရန် လိုအပ်လေသည်။ ပေကျင်းသည် ရှေးဟောင်းပစ္စည်း ကစားသူများအတွက် နှလုံးခုန်စေသော နေရာဖြစ်သည်။


ထို့အပြင် ကြောက်စရာ အကောင်းဆုံးမှာ ဤနေရာတွင် အတုများကို သင်ဝယ်မိနိုင်သည်။ အစစ်ထက် အတုအယောင်များက ကျော်လွန်နေနိုင်သောကြောင့် အမြင်မကောင်းရင် အလိမ်ခံရနိုင်သည်။ လူကြိုက်များသော အသုံးအနှုန်းအရ ၎င်းသည် "မူရင်းကုန်စည်များ" ဟုခေါ်သည့် အရာတစ်ခု ဖြစ်ပြီး ၎င်းသည် မကြာသေးမီက အင်တာနက်ပေါ်ရှိ အယူအဆတစ်ခု ဖြစ်နေကြောင်း ဖက်တီးက ပြောပြသည်။  


ဆိုလိုသည်မှာ ပစ္စည်းတစ်ခုသည် စစ်မှန်သော စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများဖြစ်ပြီး ၎င်းတို့ကို တင်ပို့ခြင်း မပြုမှီ ပိုင်ရှင် ကိုယ်တိုင် လာရောင်းလိမ့်မည်။ ရလဒ်အနေဖြင့် အရည်အသွေးနှင့် အသေးစိတ် အချက်အလက်များသည် မူရင်းထုတ်ကုန်နှင့် အတိအကျ တူညီသော်လည်း မူရင်းထုတ်ကုန်အတွက် ရှက်စရာ ဖြစ်နေလိမ့်မည်။ 


အမှန်တော့ ရှေးဟောင်းပစ္စည်း စုဆောင်းမှုလောကရှိ မူရင်းကုန်ပစ္စည်းများသည် ရှေးခေတ်စက်ရုံများမှ နောက်ဆုံးအရာများ မဟုတ်သော်လည်း ယခုအခါတွင် အလွန်ခေတ်မီ ဆန်းပြားသော နည်းပညာကို အသုံးပြု၍ မူရင်းနှင့် အတိအကျ တူညီစေရန် လုံးဝ အတုယူထားခြင်း ဖြစ်သည်။ အမြင်ကောင်းလျှင် ၎င်း၏ ချို့ယွင်းချက်များကို ဖော်ထုတ်ပြသနိုင်၏။ 


ဤကဲ့သို့သော အရာသည် ယနေ့ခေတ် ရှေးဟောင်းပစ္စည်း လောက၌ ရှိနှင့်ပြီးသား ဖြစ်သည်။ ဒီလိုမျိုး စရိတ်စကနဲ့ ဒီထိပ်တန်းထုတ်ကုန်ရဲ့ အမြတ်အစွန်းကို ရအောင် ရှာကြသည်။ ပြီးလျှင်တော့ အတုထုတ် ရှေးဟောင်းပစ္စည်းက အမြင့်မားဆုံးသော စျေးကွက်တွင် မလွဲမသွေ ပေါ်လာလိမ့်မည်။


ထိုသို့သော အတုများကို ခွဲခြားသိမြင်ရန်မှာ တစ်ခုတည်းသော နည်းလမ်းမှာ ပင်ကိုယ်စိတ်ကို အားကိုးရန် ဖြစ်သည်။ တစ်ဖက်လူ၏ အမူအရာနှင့် စိတ်ပိုင်းဆိုင်ရာ အသေးစိတ်အချက်များ မှားယွင်းမှုရှိမရှိ အကဲခတ်တတ်ရမည်။ နောက်တစ်မျိုးမှာ ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းအတွက် ဆဋ္ဌမအာရုံ ရှိရန် ဖြစ်သည်။


ထို့အပြင် အချို့သော အနုပညာလက်ရာကို အသေးစိတ် တွက်ချက်မှုများဖြင့် ဆုံးဖြတ်နိုင်သော လူအနည်းငယ်လည်း ရှိပါ​သေးသည်။ ဥပမာ ၎င်းသည် အပြာနှင့်အဖြူရောင် ကြွေ​ဖြစ်လျှင် ကြွေထည်တစ်ခုလုံးက အရောင်အသွေး စုံလင်သည်။ သို့သော်အချို့သော အနုပညာရှင်များသည် အပြာနှင့်အဖြူရောင် စုတ်တံလမ်းကြောင်းမှ တစ်ဆင့် ပြဿနာကို မြင်နိုင်​ကြ၏။ 


ရှေးခေတ် ကြွေဆရာများသည် အပြာနှင့်အဖြူရောင်စဉ့်ကို သုတ်လိမ်းရာတွင် အလွန်ကျွမ်းကျင်ကြပြီး ၎င်းသည် လက်ရှိ ပညာရှင်များ မတုပနိုင်သော အရာဖြစ်သည်။ သို့သော် ဤရှုထောင့်က မကြာခဏ သက်သေပြရန် ခက်ခဲပေ၏။ အကြောင်းမှာ အနုပညာ လက်ရာများ၏ အရည်အသွေးသည် ထင်မြင်ယူဆချက် တစ်ခုသာ ဖြစ်နေလို့ပင်။ 


အတိုချုပ် ပြောရလျှင် ဤနေရာက လေလံပွဲသည် ရေရှည် အတွေ့အကြုံအတွက် ထိပ်တန်းပွဲတစ်ခုဟု ဆိုနိုင်ပါသည်။ ယင်ကောင်များသည် ငါးနံ့ရတဲ့ နေရာတွေကို ရောက်လာတတ်တာကြောင့် ဤနေရာတွင် ထူးခြားမှုတစ်ခု ရှိရပေမည်။ ဝူရှဲ အဲဒါကို တွေးကြည့်တော့ နည်းနည်းတောင် စိတ်လှုပ်ရှားလာစေသည်။ 


မကြာမီတွင် အောက်မှ အသံသည် ပိုမိုကျယ်လောင်လာကာ ချီဖောင်ပုံစံ ဝတ်ဆင်ထားသော အမျိုးသမီး အသံစစ်ဆေးမှု ပြုလုပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ အော်ပြောလာ၏။ 


"မကြာမီ လေလံပွဲစတော့မှာ ဖြစ်တဲ့အတွက် စောင့်နေသူတိုင်း ကျေးဇူးပြုပြီး နေရာယူပေးကြပါ..ပြီးတော့ ခန်းမထဲကလူတွေ တိတ်တိတ်ဆိတ်ဆိတ် နေပေးပါ... ကျွန်မတို့ မကြာခင်မှာ တံခါးတွေ ပိတ်သွားတော့မှာ ဖြစ်ပြီး စားပွဲထိုးတွေက လေလံစာရင်းတွေကို ကပ်ပြားတွေကို စတင်ထုတ်ပေးတော့မှာ ဖြစ်ပါတယ်”


အမျိုးသမီးသည် ဆံပင်ရှည်ပြီး သူမ၏ခါးက အလွန်ပိန်သွယ်သည်။ ခြေထောက်များက အလွန်ရှည်လျားနေတာကို တွေ့မြင်ရပြီး သူမ၏ ချီဖောင်ဝတ်စုံကို ဝတ်ဆင်ထားပုံမှာ ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးနှင့် တူသည်။ 


ချီဖောင်ဝတ်စုံက ဝူရှဲအား အဘိုး၏မွေးရပ်မြေကိုပင် အမှတ်ရစေသည်။ - ရှေးခေတ်က ကျောက်စိမ်းများကို ပန်ချီပုံသဏ္ဌာန်ဖြင့် ထွင်းထုထားတတ်သည်။


ဒီလေလံတင်ဆက်သူကို ဗဟုသုတရှိသူတိုင်း မြင်တာနဲ့ တစ်ဆိုင်လုံးက အဆပေါင်းများစွာ စျေးကြီးကြောင်း သိလာလိမ့်ပါလိမ့်မည်။ ဆိုလိုတာက ဒီဆိုင်ရဲ့ ပစ္စည်းတွေက ဈေးပိုပေးရမည်။ အပြင်က တံခါးကို တွေ့ပြီးရင်တောင် ဝင်ဝံ့မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်တဲ့အခါ အသွင်အပြင်ကိုလည်း အာရုံစိုက်ရလေသည်။ 


ဝူရှဲ့ ဆိုင်ကို နှစ်အတော်ကြာ မပြုပြင်မွမ်းမံနိုင်ခဲ့တာ အံ့သြစရာ မဟုတ်ပေ။ နောက်တစ်ခါဆို ဝမ်မန်ကို ချီးဖောင်ဝတ်စုံကို ဝတ်ကြည့်ပြီး ဈေးရောင်းခိုင်းရမည်။ 


အောက်ထပ်မှာတော့ ဆူညံသံတွေက ပိုကျယ်လောင်လာပြီ။ ဒုတိယထပ်က လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားတာကို တွေ့လိုက်ရသည်။ လမ်းဘေးရှိ သစ်သားစက္ကူ ဖန်သားပြင်များစွာကို ရွှေ့ထားကာ လူအများအပြားသည် ထမင်းစားပွဲမှ ပြဇာတ်ရုံထိုင်ခုံများဆီသို့ ပြောင်းရွှေ့သွားကြသည်။


ဝူရှဲ သေသေချာချာ ကြည့်လိုက်တော့ ဘယ်ဘက်အခြမ်းမှာ ပန်းရောင် ရှပ်အင်္ကျီနဲ့လူကို တွေ့ရလေသည်။ သူက လက်ကိုင်ဖုန်းနဲ့ ဆော့နေတဲ့ပုံပဲ။ ထိုစဉ် ဖက်တီးက သူတို့နဲ့ မျက်နှာချင်းဆိုင် ဟိုဘက်ကမ်းရှိ လူတစ်​ယောက်ကို ညွှန်ပြလေသည်။ 


"လျိုလီစွင်း!"


ထိုနေရာသည် သူတို့နှင့် အနည်းငယ် ဝေးသည်။ ဤအချိန်တွင် ရှင်းယွဲ့စားသောက်ဆိုင် အကြောင်း အနည်းငယ် ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အခြားသီးသန့်ခန်းများ အားလုံးတွင် ထွင်းထားသော စားပွဲနှင့် ကုလားထိုင်အနည်းငယ် အပါအဝင် အလားတူ ပရိဘောဂများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ 


ဒါပေမဲ့ လူဘယ်လောက်ပဲရှိပါစေ ဘယ်ဘက် ကုလားထိုင်ပေါ်မှာပဲ ထိုင်နေကြ၏။ ဝူရှဲ ထိုင်နေတဲ့ ညာဘက်က ကုလားထိုင်ကတော့ လုံး၀ လူမရှိကြတာကြောင့် ဝူရှဲ အကြောင်းပြချက် မသိဘဲ အေးစက်နေတဲ့ ချွေးတွေ ထွက်လာတော့သည်။ 


ဝူရှဲ အဆင်မပြေ ဖြစ်​နေတဲ့အချိန်၌ တစ်ယောက်ယောက်က သူတို့အနောက်ဖက်က သစ်သားစက္ကူ မျက်နှာပြင်ကို ရွှေ့ဖို့ ကူညီပေးနေကာ အနီရောင်အဝတ်နဲ့ တန်းစီထားတဲ့ စားပွဲထိုးတစ်ယောက် ရောက်လာသည်။ ဝူရှဲ မြင်လိုက်တာနဲ့ ၎င်းက သူတို့ကို လာခေါ်တဲ့ လူမှန်း သိလိုက်ရ၏။ တစ်ဖက်လူက သူ့ကိုမြင်တော့ ချက်ချင်း အမူအရာ ပျက်သွားသည်။ 


ထိုလူက တုံ့ပြန်ဖို့ အချိန်အတော်ကြာသွားပြီး အဘွားကြီးကို မေးလာသည်။  


“သခင်မကြီး... ဒိသူငယ်ချင်းက ထိုင်ခုံမှားထိုင်နေတာလား” 


အဘွားအိုက သူ့ကိုကြည့်ပြီး ပြောလေသည်။ 


"ဘာလဲ... ဒီလိုမြင်ကွင်းမျိုး မတွေ့ရတာ ကြာတော့ ဒီမှာထိုင်ဝံ့တဲ့သူ ရှိနေမယ်လို့ မင်းလည်း မယုံဘူးမလား.... ချောင်းရှန်ကြီး ဒီမှာထိုင်နေခဲ့တာ ဆယ်နှစ်ကျော်ပြီ... ဒီ​နေရာမှာ အကြာကြီးထိုင်ဖို့ သတ္တိရှိပေမယ့် ဒီနေ့ငါတို့ ယူခဲ့တဲ့ အရာတွေကို အနှစ်တစ်ရာမှာ တစ်ကြိမ်ပဲ တွေ့နိုင်တာလို့ ယူဆနိုင်တော့ စိတ်ပျက်အားငယ်နေတဲ့ လူအနည်းငယ်က အခွင့်ကောင်း တစ်ခု ယူချင်နေကြတာ... ဝူမိသားစုရဲ့ သခင်ငယ်လေးကို နောက်ထပ်စာရင်းမှာ ထပ်ထည့်နိုင်တယ်... ဒါမှ မင်းကို ပိုဖမ်းစားနိုင်စေဖို့ သူ ကောင်းကောင်း ဝန်ဆောင်မှု ပေးလိမ့်မယ်" 


"သိပါပြီ!" 


စားပွဲထိုးက ကြောက်လန့်တကြားနဲ့ ချက်ချင်း ထွက်သွားသည်။ ဝူရှဲ လှည့်ကြည့်လိုက်တော့ လေလံပစ္စည်းစာရင်းက သူ့လက်ထဲ ရောက်လာသည်။ ထို့နောက် အရည်အသွေးမြင့် ပိလော့လက်ဖက်ရည် အိုးတစ်လုံး၊ အလွန်လက်ရာမြောက်တဲ့ သရေစာ ပန်းကန်လေးလုံးနဲ့အတူ ဝူရှဲဆီ ရောက်လာလေ၏။ ဒီလက်ဖက်ရည်အိုးက ယွမ် ၇၀၀၀ ကျော် ကုန်ကျတာကို သတိရသွားတဲ့အခါ ဝူရှဲ သူ့ကို မျက်လုံးနဲ့ မေးကြည့်လိုက်သည်။


"သူဌေး... ဒါက ငါတို့ အထက်လူကြီးဆီက လက်ဆောင်ပါ.... ကျေးဇူးပြုပြီး စိတ်ချလက်ချ သုံးလိုက်ပါ” 


ပြောပြီးတာနဲ့ ချက်ချင်း ထွက်သွားသည်။


ဝူရှဲ ဖက်တီးကို မော့ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ထူးဆန်းပြီး အရမ်းဆိုးတယ်လို့ ခံစားနေရ၏။ ဖက်တီးက မျက်စောင်းထိုးပြီး မကြောက်ဖို့ အချက်ပြကာ စာရင်းစာအုပ်ကို ဖွင့်ပြီး စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ထိုစဥ် ခဏအတွင်း သူ့ပါးစပ်ထောင့်များ လှုပ်သွားတော့သည်။