Chapter (10) Volume 7
ထူးဆန်းသော ဖော်ပြချက်
"ငါက ဂူဖောက်ရာက ထွက်လာတဲ့ အရာတော်တော်များများအပေါ် ပြင်းပြတဲ့ ပင်ကိုယ်ဥာဏ်ရှိတယ်... သူရေးဆွဲထားတဲ့ အဆောက်အဦးကို ပထမဆုံး ကြည့်လိုက်တဲ့ အချိန်ကတည်းက တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်... ထူးဆန်းတဲ့ ပုံသဏ္ဌာန်က ကြည့်ရတာ အရမ်း စိတ်မသက်မသာ ဖြစ်စေတယ်...အစကတော့ သူမ ဒီပရောဂျက်ကို ရူးသွပ်တယ်လို့ ထင်ခဲ့တာ... ငါ သူမနဲ့ စကားကောင်းကောင်း ပြောချင်ခဲ့တယ် စကားပြောနေတုန်းမှာပဲ သူမမှာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်... သူမရဲ့ အခြေအနေ တစ်ခုလုံးက ပုံမှန် မဟုတ်တော့ဘူး... ဖော်ပြရခက်တယ် သူမ စိတ်လှုပ်ရှားနေခဲ့တာ... အထူးသဖြင့် အာရုံမစိုက်မိဘဲ နောက်ပိုင်းမှာ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ သူငယ်ချင်းတစ်ယောက်က 'သူ့အခန်းထဲမှာ တစ်ယောက်ယောက် ပုန်းနေတာမျိုး ရှိနိုင်တယ် သူမက ငါ့ကို မတွေ့စေချင်တာ' လို့ ပြောခဲ့ဖူးတယ်"
အဘွားကြီးက လက်ဖက်ရည် မော့သောက်လိုက်သည်။
ဤဖော်ပြချက်သည် ထူးဆန်းသော အခြေအနေ တစ်ခုကို ဖော်ပြသောအခါတွင် သုံးတတ်သည်။ လူတိုင်းသည် အများအားဖြင့် ကြောက်ရွံ့တာ၊ စိုးရိမ်ပူပန်တာနဲ့ အာရုံစူးစိုက်မှု ကင်းမဲ့ခြင်းတို့လို စကားလုံးများကို အသုံးပြုလေ့ရှိသော်လည်း အခု အဘွားဟော့ရဲ့ ဤဖော်ပြချက်က အလွန်တိကျပါသည်။
“သူ့ရည်းစားကို အခန်းထဲမှာ ဝှက်ထားတာများလား”
ဝူရှဲ့ မထိန်းနိုင်ဘဲ ဝင်မေးလိုက်မိသည်။ ထိုအချိန်တွင် အဘွားဟော့လည်း မြီးကောင်ပေါက်အရွယ် မိန်းကလေး၏ မိခင်ဖြစ်နေဆဲပင်။ သူမသည် သမီးဖြစ်သူ၏ အမျိုးမျိုးသော အပြောင်းအလဲများအတွက် အလွန်ပင် စိုးရိမ်နေခဲ့နိုင်သည်။
"ငါတို့အိမ်က သာမန်လူတွေ ဝင်ခွင့်မရှိဘူး... အခန်းထဲမှာ တစ်ယောက်ယောက် ဝှက်ထားရင် ငါ သေချာပေါက် ရှာတွေ့မှာ... နောက်ပြီး သူမ အပြင်သွားတဲ့အခါတိုင်း ငါလည်း တစ်ကြိမ်ထက်မက ဝင်ဖူးပါတယ်... အထဲမှာ တစ်ယောက်ယောက် ရှိမရှိကို ကောင်းကောင်းသိပါတယ် ငါ အရမ်းစိုးရိမ်နေတာကြောင့် အခုလို အပြောင်းအလဲ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပေမယ့် အဲဒီချိန်မှာတော့ သူမ အိမ်ကနေ ထွက်ခွာသွားခဲ့တာ အခုအချိန်အထိ ပြန်မလာတော့ဘူး"
ဝူရှဲ့: "သူမ ပျောက်သွားတာလား?"
အဘွားအိုက သက်ပြင်းချကာ ခေါင်းတစ်ချက် ညိတ်ရင်း ဆက်ပြောသည်။
"သူမကို ရှာတွေ့ဖို့အတွက် ငါကိုယ်တိုင် စုံစမ်းဖို့ လူတွေကို စေလွှတ်ခဲ့တယ်... အဲဒီတုန်းက ကျန်းအိမ်တော် ရှေးဟောင်းသုတေသန ပရောဂျက်ကို စစ်ဆေးခဲ့သေးတယ်.. တစ်ကြိမ်လောက် စုံစမ်းကြည့်ပြီးတော့ အဲဒီရှေးဟောင်း သုတေသန ပရောဂျက်က အရမ်းကောင်းတာကို တွေ့ခဲ့ရတယ်။ သာမာန်ရှေးဟောင်း သုတေသန လုပ်ငန်းတွေနဲ့ မတူဘူး... ငါ့ရဲ့ ဆက်သွယ်မှုကနေတောင် သတင်းအချက်အလက်တွေကို ချောချောမွေ့မွေ့ မရနိုင်တော့ ငါ့သမီးက ဒီကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိသလိုပဲ ရုတ်တရက် သဲလွန်စတစ်ခုမှ မရှိတော့ဘူး... ငါ့အချိန်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ရတယ် သူတို့ ကွမ်ရှီးကိုသွားပြီးနောက် ဘာတွေ ဆက်ဖြစ်မှန်း မသိဘူး”
အဘွားဟော့: “နှစ်တွေ ကြာလာတာနဲ့အမျှ ဒီပရောဂျက်နဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးကို စုဆောင်းပြီး ဒီပုံတွေကို စျေးကွက်ထဲကနေ တစ်ပုံချင်း စုဆောင်းခဲ့တယ်... ဒီသတ္တမမြောက်ပန်းချီကား ငါ့ဆီရောက်လာတာ အနှစ် 20 ကျော်ရှိပြီ... ဒီပုံတွေကို ငါ့တစ်သက်တာမှာ တွေ့နိုင်ပြီးရင် သူတို့လေးတွေ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို သိရဖို့လည်း မျှော်လင့်တယ်"
သူ့အမူအရာကို ကြည့်ရင်း ဝမ်းကျင် အကြောင်း ပြောပြတဲ့ ဦးလေးသုံးရဲ့ မျက်နှာပေါ်က အရိပ်အယောင်ကို ချက်ချင်း သတိရမိသွားသည်။ တစ်ဆက်တည်း သူ့ရဲ့ နှလုံးသားထဲက ကြိုတင် သတိပေးချက်က ပိုအားကောင်းလာပြီး ရုတ်တရတ် ဖရိုဖရဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ အရာအားလုံးက ဆက်စပ်နေသလိုပဲ။
"ဝမ်းနည်းမှုတွေက ပြီးသွားပါပြီ... တကယ်တော့ ငါ တော်တော်လေး ကျင့်သားရနေပြီ... ငါ့ရဲ့ အရိုးဟောင်းတွေ မြေမမြှုပ်ခင်မှာ အဖြေပေးစေချင်တယ်... သူမ သေပြီဖြစ်ဖြစ် ဘယ်လို ဘာတွေလုပ်နေလဲ သိချင်တယ် မဟုတ်ရင် ဒီအဘွားကြီး မျက်လုံးတွေ မှိတ်ထားလို့ မရဘူး ဖြစ်နေမှာ သေချာတယ်....ဒီဟာက ပိုက်ဆံနဲ့မဆိုင်ဘူး ကောင်လေး နားလည်လား”
ဝူရှဲ့ မသိစိတ်က ခေါင်းညိတ်ပြလိုက်သည်။ ထိုစဥ် အဘွားကြီးက သူ့ကို မောင်းထုတ်ချင်လာတဲ့ အရိပ်အယောင်မျိုး ပြလာ၏။
"မင်းသူငယ်ချင်းတွေကို ခေါ်သွားလို့ ရပြီ... မင်းအဘိုးရဲ့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ငါမင်းကို အကြံဉာဏ်တစ်ခု ပေးချင်တယ်... ဒီကာလမှာ မင်း တိုင်းပြည်က ထွက်သွားရင် ပိုကောင်းမယ်... ကျေးဇူးပြုပြီး မင်းရဲ့ ကတိကို ထိန်းပြီး မင်းရဲ့မိုးကြိုးပုံစံကို ပို့ပေးဖို့ တောင်းဆိုပါတယ်..."
ဝူရှဲ့ ခေါင်းညိတ်လိုက်ပေမယ့် လုံးဝ မထွက်သွားချင်သေးပေ။ သူ့ကို အဖြေပေးဖို့လိုတဲ့ မေးခွန်းတွေ ရှိသေးတာကို ရုတ်တရက် တွေးမိတာကြောင့် မေးလိုက်သည်။
"အဘွား... သူတို့ အဲဒီအဆောက်အအုံကို ရှာတွေ့ခဲ့တဲ့ နေရာက ကွမ်ရှီးက ပါးနိုင်မှာလား"
အဘွားကြီးက ဝူရှဲ့ကို ကြည့်ပြီး မျက်နှာအရောင် ပြောင်းသွားလေသည်။
"ဒီပရောဂျက် အကြောင်းကို မင်း ကြားဖူးတာလား"
"တကယ်တော့ ကျွန်တော် မကြာသေးခင်ကမှ ကွမ်ရှီးကနေ ပြန်လာခဲ့တာ....ကျွန်တော်အဲဒီမှာ ရှိနေတုန်း... ထူးဆန်းတာတွေ ကြုံခဲ့ရတယ်... ရှေးဟောင်းသုတေသန အဖွဲ့နဲ့ ထူးဆန်းတဲ့အဆောက်အအုံတစ်ခုလည်း ပါ၀င်တယ်"