Chapter (9) Volume 7
မိုးကြိုးပုံစံ အပိုင်း (၁)
သံမဏိပိုက်သည် မီတာလေးဆယ်အကွာမှ လျိုလီစွင်းထံသို့ ပျံထွက်သွားပြီး သူ့ခေါင်းကို တိကျစွာ ထိမှန်သွားလေသည်။ မျက်နှာသေက တစ်လမ်းလုံး သတ်ဖြတ်လာခဲ့တာပင်။ သူသည် ကြားထဲက လူတွေကို လှဲသိပ်ကာ အဘိုးအိုရှေ့မှာ သရဲတစ္ဆေလို ပေါ်လာတာကို မြင်နိုင်မယ်လို့ ဝူရှဲ့ ထင်ခဲ့ပေမယ့် အချိန်ကုန်သက်သာပြီး အသက်သာဆုံး နည်းလမ်းကို သူ မရွေးချယ်ခဲ့ပါဘူး။
အကွာအဝေးက အရမ်းဝေးတာမို့ လေတစ်ချက် တိုက်သွားသလိုပဲ ဘယ်လို ဖြစ်သွားတယ်ဆိုတာ မသိပေမယ့် ဒီလို စတီးပိုက်နဲ့ ပစ်ထည့်လိုက်တာက သေနတ်ပစ်လိုက်သလိုပါပဲ။ ကံကောင်းထောက်မစွာနဲ့ နဖူး ဖြစ်နေခဲ့သည်။ ဦးခေါင်းနောက်ဘက်သာ ဆိုရင် ဦးနှောက်တွေ ချက်ချင်း လွင့်သွားနိုင်၏။
လျိုလီစွင်း၏ နောက်ကွယ်မှ လူများကလည်း သူတို့ သူဌေး မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကိုသာ တွေ့လိုက်ရကာ ဘာတွေဖြစ်သွားမှန်း မသိလိုက်ကြပေ။ လက်အောက်ငယ်သား တစ်အုပ်က သူ့ကို လှမ်းကိုင်လိုက်ပြီး အားလုံး ဆုတ်ခွာသွားကာ ကားပေါ်တက်၍ ထွက်သွားကြလေသည်။
တစ်မိနစ်အတွင်းမှာပဲ လူတွေအားလုံး ပြေးထွက်သွားကြတာမို့ ကြည့်နေတဲ့ လူအုပ်ကြီးနဲ့ ဝူရှဲ့တို့အထဲက အနည်းငယ်ပဲ ကျန်ခဲ့သည်။ ဖက်တီး၏ ဦးခေါင်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီ။ ကား၏ တစ်ဖက်ခြမ်းမှာ အပျက်အစီးများဖြင့် ပြန့်ကျဲနေပြီး ကားပေါ်တွင်လည်း စတီးပိုက်များရာ အစွန်းအထင်းများ ရှိနေသလို မြေပြင်မှာလည်း ဖိနပ်ရာပေါင်းများစွာတောင် ထင်းနေ၏။
ဝူရှဲ့မှာတော့ ဗင်းကားနဲ့ တခြားကားတွေ ထွက်သွားတာကို ကြည့်ပြီး အဲဒီအချိန်မှာ ကျောက ပြင်းထန်စွာ နာကျင်လာတာကြောင့် လဲကျလုနီးပါး ဖြစ်သွားရလေသည်။ ဖက်တီးမှာလည်း သူ့အင်္ကျီကို ကြယ်သီးဖြုတ်ပြီး နဖူးကို အုပ်ထားရသည်။ သူက ဝူရှဲ့ကို လှမ်းရိုက်ရင်း ကားကို မှီထားဖို့ လက်ဟန်ပြသည်။
ဖက်တီး: "ငါတို့ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး.... ကလေးမ မင်းရဲ့ကားက မောင်းလို့ရသေးလားလို့ မေးကြည့်လိုက်ပါဦး.... ဒါမှမဟုတ်ရင် တက္ကစီစီးရမှာလား ကြည့်နေတဲ့ လူကြားထဲမှာ လျိုလီစွင်းနဲ့ လျိုလီကျောက်တွေ အများကြီး ရှိနေမှာနော်"
“မောင်းတာက မောင်းလို့ရတယ်... ဒါပေမဲ့ လမ်းဆုံရောက်ရင် ယာဉ်ထိန်းရဲက သေချာပေါက် ရပ်ခိုင်းမှာ”
ယာဉ်မောင်းက ပြောသည်။ သူ့ခမျာမှာလည်း ရုပ်ဆိုးလာပြီး မျက်လုံးထောင့်တွေမှာ ဆိုးဆိုးရွားရွား ကွဲရှထားသည်။
"တက္ကစီ ဘတ်စ်ကား ဘာပဲဖြစ်ဖြစ် တားလိုက်တော့... ဖက်တီးငါ စတီးပိုက်နဲ့ မိတ်ဆက်ပွဲ မလုပ်ချင်တော့ဘူး"
ဟော့ရှို့ရှို့သည် တစ်ဖက်မှာ ဖုန်းပြောနေတုန်းပဲ ဖြစ်သည်။ ခဏကြာတော့ ဖုန်းချလိုက်ပြီး။
"ရှောင်လီ... နင် ကားကို ဂရုစိုက်ထားလိုက်"
ထို့နောက် ဝူရှဲ့တို့ဘက် လှည့်ကာ: "ညီမနောက်က လိုက်ခဲ့...."
ဖက်တီးက ရထားတဲ့ စတီးပိုက်ကို သူ့ဝတ်စုံနဲ့ ချိတ်ထားသည်။ ထို့နောက် မျက်နှာသေက ကျောက်စိမ်းတံဆိပ်တုံးကို ကားထိုင်ခုံအောက်ကနေ ဆွဲလိုက်လေသည်။ ထိုလူ ဘယ်အချိန်က ဝှက်ထားလိုက်လဲ မသိပါဘူး။
သူတို့သည် ဟော့ရှို့ရှို့နောက်မှ လိုက်ကာ ကြည့်နေကြတဲ့ လူတွေကြားကနေပဲ ရပ်ကွက်တစ်ခုမှဖြတ်၍ အခြားလမ်းတစ်ခုသို့ ပြေးသွားကြသည်။ လူတွေက သူတို့နောက်ကနေ လိုက်ကြည့်နေကြပေမယ့် တစ်ယောက်ပြီး တစ်ယောက် လက်လျှော့သွား၏။
ဖုံးကွယ်ဖို့တောင် မကြိုးစားဘဲ ပြေးနေရသော လူတချို့မှာ တိရိစ္ဆာန်လောကထဲ လှည့်ပတ်ကြည့်နေတဲ့ သေနေတဲ့ မြင်းကျားတစ်ကောင်နဲ့ တူသလိုလိုတောင် ခံစားလာရသည်။ ကံကောင်းထောက်မစွာနဲ့ တခြားလမ်းကို ရောက်တာနဲ့ လမ်းဘေးမှာ နောက်ထပ်ကားတစ်စီးက ရပ်လာ၏။ ဤတစ်ကြိမ်တွင် ရှေ့နှင့်နောက်တွင် ဂျစ်ကားနှစ်စီးရှိပြီး လူများကို ဘေးကင်းစေသော အရောင်ဖြင့် ခြယ်သထားသည်။
ကားပေါ် ကမန်းကတန်း တက်ပြီးနောက် ဖက်တီးက ဆိုလေသည်။
"ကလေးမ... စောစောကတည်း လမ်းရှင်းဖို့ တစ်ယောက်ယောက်ကို ဘာလို့ မခေါ်လိုက်တာလဲ?"
"သူတို့တွေ ဒီလောက်ထိ စိတ်တိုနေမယ်လို့ ညီမလည်း မမျှော်လင့်ထားဘူးလေ... လက်ရှိ အခြေအနေကို ကြည့်ချင်စိတ်တောင် မရှိကြဘူး"
ကလေးမလေးက ရှေ့ခုံမှာ ထိုင်နေရင်း အနည်းငယ် တုန်လှုပ်သွားပါတော့သည်။ ဒါပေမဲ့ သူမ ထိန်းထိန်းသိမ်းသိမ်း ဖြစ်နေတာကို မြင်လိုက်ရပြီး လက်သုတ်ပုဝါတွေ အများကြီးကို ဆွဲထုတ်ကာ ဖက်တီးကို ပေးလိုက်သေး၏။
"အဖွားနဲ့ ညီမလည်း လူတစ်စုကို အချိန်မရွေး ခေါ်ပြီး လိုက်မပို့နိုင်ဘူးလေ"
"လျိုလီစွင်းက မင်းအဖွားကို သိလား?"
ကလေးမလေးက ခေါင်းညိတ်သည်။ ဖက်တှးသည် ဒဏ်ရာကို အရက်ပြန်နဲ့ သုတ်လိုက်ခြင်းကြောင့် လည်ပင်းက ကျုံ့ဝင်သွားရလေသည်။
"ဒီအရွယ်ကြီးက ဒီလိုမျိုး စွန့်စားပြီး အိမ်တော်ကြီးကိုးခုကို လာတိုက်ဖို့ သတ္တိရှိတယ်ဆိုတော့ ဒီပစ္စည်းကို တကယ် လိုအပ်နေပုံရတယ်"
"ဒီပစ္စည်းကို လုယူပြီး စားသောက်ဆိုင် ပိုင်ရှင်ဆီ ပြန်ပို့ချင်တာလည်း ဖြစ်နိုင်တယ်"
"လျိုလီစွင်းက သူဌေးတစ်ယောက်ပဲ... သူအရမ်းချမ်းသာလွန်းလို့ ပိုက်ဆံဆိုတဲ့ သဘောတရားကို မသိတော့ဘူး... တစ်ခုခုလိုချင်ရင် ဝယ်ချင်မှာ သေချာတယ် ဓားပြတိုက်တာက သူ့ရဲ့ ခိုင်မာတဲ့ အကျင့်တော့ မဟုတ်ဘူး အခုတော့ လုပါ လုယက်နေပြီ... သူအစကတည်းက မဝယ်နိုင်ဘူး အဲဒါကြောင့် အစ်ကိုတို့ကို ယူသွားခွင့်ပေးတာ... ဒီအတိုင်းဆို သူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ မယူနိုင်တော့မှာကို ကြောက်နေလိမ့်မယ်"
ဟော့ရှို့ရှို့သည် အဝတ်အစားထဲ ထည့်ထားတဲ့ ကျောက်စိမ်းတံဆိပ်ကို လှမ်းကြည့်လိုက်သည်။
"အဲဒီထဲမှာ ဘာရှိလို့လဲ... သူ့လိုလူကတောင် ဒီလောက်လိုချင်နေတာ"
မိနစ်နှစ်ဆယ်အကြာတွင်။
သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော ခြံဝန်း အသိုက်အဝန်း တစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။ ခြံဝန်းထဲတွင် အလံနီကားများ အများအပြား ရပ်ထားကာ အဆုံးတွင်တော့ အိမ်တွေ အများအပြား ရှိနေသည်။ ဝူရှဲ့တို့ကားပေါ်မှ ဆင်းကာ ရိုးရိုးရှင်းရှင်း ဆေးကုသမှု ပြုလုပ်ရန် ရပ်ရွာအတွင်းရှိ ကျန်းမာရေးဌာနသို့ သွားကြသည်။
ဝူရှဲ့ နောက်ကျောမှာ အနက်ရောင် ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ စတီးပိုက်ခေါင်းကို ထိမိတဲ့ နေရာက အပြင်းထန်ဆုံးပင်။ ဖက်တီးရဲ့ ခေါင်းက ပေါက်သွားပေမယ့် အဆင်ပြေနေသေးသည်။ ကြောက်စရာ ကောင်းပေမယ့် ကုတ်ခြစ်မိထားသလိုပါပဲ။
ပြီးသွားတော့ ဟော့ရှို့ရှို့က သူတို့ကို ဆက်ပြီး ခေါ်သွားပေးသည်။ ဒီနေရာဟာ တကယ်ကို ကြီးကြီးမားမားကြီး ဖြစ်နေတာကို တွေ့လိုက်ရပြီးတော့ လမ်းကြားတစ်ခုထဲကို ဝင်ပြီး ဆက်လျှောက်သွားရသည်။ ပေကျင်းရှိ အသိုင်းအဝိုင်း တစ်ခုတွင် ဤမျှလောက် ထူးဆန်းသော ရှုခင်းများ ပုန်းကွယ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူတို့ လမ်းရဲ့ အဆုံးကို ရောက်တဲ့အခါမှာတော့ ကျယ်ပြောလှတဲ့ ခြံကြီးတစ်ခုကို တွေ့လိုက်ရသည်။ ခြံဝင်းကြီးထဲကို တစ်ချက်ကြည့်လိုက်တော့ ခြံထဲမှာ လက်ဖက်ရည် ထိုင်သောက်နေတဲ့ အဘွားကြီးကို တွေ့လိုက်ရလေ၏။
ခြံထဲမှာ ခရမ်းသီးပင်တစ်ပင်၊ အောက်ဘက်မှာ ရေတွင်းတစ်ပင်ရှိပြီး တစ်ဖက်မှာ အလွန်စျေးကြီးတဲ့ အပင်တစ်ပင်လည်း ရှိသည်။ ဝူရှဲ့တို့ သုံးယောက်က အဘွားကြီးနဲ့ ပေါ့ပေါ့ဆဆ လျှောက်သွားလိုက်စဥ် အဘွားကြီးက ဟော့ရှို့ရှို့ ဒဏ်ရာရသွားသလား အရင်မေးလေ၏။ ရှို့ရှို့က ဇာတ်လမ်းကို ပြောပြတော့ အဘွားကြီးက ဝူရှဲ့တို့ဘက် လှည့်လာသည်။
"ကံကောင်းတာက ငါတို့ရှို့ရှို့ ဒဏ်ရာမရခဲ့ဘူး... မဟုတ်ရင်တော့ မင်းတို့ကို အရေခွံခွာခိုင်းပစ်မယ်"
အဲဒီနောက် ဝူရှဲ့တို့ကို ထိုင်ခိုင်းလေရာ ဝူရှဲ့လည်း ခါးသက်သက် ပြုံးလိုက်လေသည်။
"ဒီတစ်ခါထိုင်ပြီးရင် ကျွန်တော့်ကို မီးအိမ် ထပ်မထွန်းခိုင်းဘူးမလား"
အဘွားကြီးက ဒေါသတကြီးနဲ့ ကြည့်ရင်း။ "ငါက ဒီလှည့်ကွက်ကို နှစ်ခါမသုံးတတ်ဘူး... ပြောတဲ့အတိုင်း လုပ်တယ်... မင်းငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မင်းရဲ့လည်ပင်းပေါ်မှာ ဓားရှိနေတဲ့ အချိန်မှာတော့ ငါမင်းကိုတွေ့ဖို့ မလိုတော့ဘူး"
ဝူရှဲ့နဲ့ ဖက်တီးတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တွေးလိုက်မိ၏။ ဒီအဘွားကြီးက သူတို့ဒုက္ခ အကြီးကြီး ရောက်နေပြီလို့ ထင်ပြီး သူတို့နဲ့ သူမရဲ့ဆက်ဆံရေးကို အမြန် အဆုံးသတ်ချင်နေတာ ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက သူတို့လိုအပ်တဲ့ အရာတွေကို ရအောင်ယူတတ်တာပဲမလား။
ဝူရှဲ့မှာ အခုကိစ္စနဲ့တင် တော်တော် စိတ်ညစ်နေတဲ့ အတွက် အဘွားကြီးနဲ့ သိပ်မတွေ့ချင်တော့ပါဘူး။ ဒါနဲ့ သူက တည့်တည့်သွားပြီး မေးလိုက်သည်။
“ဒါဆို ကျွန်တော်တို့ကို ပြောပြဖို့ ဆန္ဒရှိပြီလား”
"မင်းရဲ့ မိုးကြိုးပုံစံကို ဝယ်ဖို့ ငါ ဘာလို့ ဒီလောက်စျေးကြီး ပေးခဲ့ရတာလဲ မသိချင်ဘူးလား"
အဘွားကြီးက သူ့ကိုလွှတ်လိုက်ချင်ယောင်ဆောင်ကာ မတ်တပ် ထရပ်လိုက်သည်။
"ဒီကိစ္စကို တခြားသူတွေ ဆိုရင်တော့ ငါပြောပြမှာ မဟုတ်ပေမယ့် မင်းကလည်း အိမ်တော်ကြီးကိုးခုထဲက ဆင်းသက်လာတဲ့အတွက် မင်းကို အပြင်လူလို့ မသတ်မှတ်ပါဘူး...ကျန်တဲ့ နှစ်ယောက်ကတော့ အပြင်မှာနေခဲ့..."
ဝူရှဲ့ အဘွားဟော့နောက်က လိုက်မသွားခင် ဖက်တီးနဲ့ မျက်နှာသေဘက်ကို မျက်လုံးနဲ့ အချက်ပြလိုက်ရာ ထိုနှစ်ယောက်ကလည်း သူ့ကို ခေါင်းအသာညိတ်ပြသည်။ အိမ်ထဲမှာ ပရိဘောဂတွေ မရှိဘူး၊ ရှေးဟောင်းပစ္စည်းတွေ အတန်းလိုက်နဲ့ စင်တွေ တန်းစီနေတာကိုသာ မြင်ရလေသည်။ အိမ်ဟောင်းတစ်ခုလို ဖြစ်နေပေမယ့် လေထဲမှာ ငြိမ်နေတဲ့ လျှပ်စစ်ဓာတ်တွေ ဝင်လာတာနဲ့အမျှ ဝူရှဲ့ခမျာ သူ့မျက်နှာက တုန်ယင်လာသလို ခံစားလာရသည်။
စုဆောင်းမှု အားလုံးကို သတင်းစာများတွင်သာ ထုပ်ပိုးထားသော အဘွားကြီးသည် သူ့အား စင်များစွာ၏ အတွင်းအကျဆုံး စင်များထဲသို့ ခေါ်သွား၏။ နံရံတွင် လက်ရေးလှနှင့် ပန်းချီကားများကို စတီးကြိုးများဖြင့် ချိတ်ဆွဲထားတာကို တွေ့လိုက်ရသည်။
ရေတွက်ကြည့်တော့ စုစုပေါင်း ခုနစ်ခုရှိသည်။ ဒါကိုကြည့်ပြီး မိမိနဲ့ သူ့ကြား ကွာဟချက်ကြီး တစ်ခု ရှိနေတာကို သိလိုက်ရသည်။ ရှိနေတဲ့ ပန်းချီကားက ၇ ခုဖြစ်ကာ တစ်ခုပျောက်နေ၏။ အဲဒီတစ်ခုက မိမိလက်ထဲက အရာပဲ ဖြစ်ပေမည်။
"ဒါက 'မိုးကြိုး ရှစ်လွှာ' မိုးခြိမ်းသံကို သိတယ်ဆိုမှတော့ ဒါက ဘာလဲဆိုတာ မင်း သိသင့်တယ်။"
ဝူရှဲ့ နည်းနည်းလေး အံ့သြသွားကာ ခေါင်းညိတ်ပြပြီးနောက် ဤသည်မှာ လက်ရာမြောက်သည့် ပုံစံ တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ အဆိုပါ ပန်းချီကား ခုနစ်ချပ်သည် တစ်ကယ့် အထပ်ပေါင်းများစွာ ရှိသော အဆောက်အအုံ တစ်ခု၏ ဒီဇိုင်းရေးဆွဲမှုပဲ ဖြစ်၏။ အထပ်တစ်ခုစီ၏ ဖွဲ့စည်းပုံသည် စာရွက်ခုနစ်ရွက်ပေါ်တွင် အလွန်ရှင်းလင်းစွာ ရေးဆွဲထားကာ အဆောက်အအုံက သာမန်အဆောက်အအုံ မဟုတ်ပေ။
အထပ်တစ်ခုစီသည် အဆောက်အဦး တစ်ခု၏ ဖွဲ့စည်းပုံ ဖြစ်သောကြောင့် မျှော်စင်ထက် များစွာပိုကြီးသည်။ ယေဘူယျအားဖြင့် ပြောရလျှင် တာဝါတိုင်များမှလွဲ၍ ဤမျှမြင့်သော ရှေးဟောင်း အဆောက်အဦးက အနည်းငယ်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ အပေါ်ဆုံးအပိုင်းက အမှန်တော့ မျှော်စင်ဟု တည်ဆောက်ထားပြီးသား ဖြစ်ကာ အောက်ဆုံးသုံးထပ်ကိုသာ အဆောက်အဦဟု ခေါ်နိုင်သည်။
"ဒါက တောက်ကွမ်းနန်းစံ ၂၅ နှစ်မှာ လုပ်ခဲ့တဲ့ ပန်းချီကားပဲ... ဒီဇိုင်နာက လိန်စစ်ချီ.... ဒီမှာ ပုံ ခုနစ်ပုံ ရှိတယ် သူတို့က ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမနဲ့ သတ္တမပုံ... မြေညီထပ်က ပုံတွေ ဖြစ်တဲ့ အောက်ခြေအလွှာက မင်းဆီမှာ..."
"ဒီအဆောက်အဦးမှာ ထူးဆန်းတာ တစ်ခုရှိလား"
ဝူရှဲ့ မေးလိုက်သည်။ ဒီအဆောက်အဦးတွေ အားလုံးက အလွန်သာမန်ဆန်သော မိုးကြိုးပုံစံ ဖြစ်သော်လည်း သူ့လက်ထဲမှာရှိတဲ့ မိုးကြိုးပုံစံနဲ့ ဆင်တူပါ၏။
အဘွားဟော့: "ဒါက တခြားလူတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး ဒါပေမဲ့ ငါ့အတွက် အထူးအဓိပ္ပါယ်ရှိတယ်...ဒီအဆောက်အဦးရဲ့ နာမည်က ကျန်းအိမ်တော်တဲ့... 1970 ခုနှစ်တွေမှာ ဒီအဆောက်အဦးရဲ့ ပုံတွေက နိုင်ငံခြားမှာ ပေါ်လာခဲ့တာ...အဲဒီကနေ အမိမြေကို ပြန်သယ်ခဲ့တယ်... ဒီကမ္ဘာမှာ မိုးကြိုးပုံစံ ဆိုတာက တော်ဝင်ဒီဇိုင်း တစ်ခုဆိုတာ မင်းသိပါတယ်... လူတိုင်း ဒီလို အဆောက်အအုံမျိုးကို ဒီဇိုင်းမဆွဲနိုင်ဘူး.... ဒီကျန်းအိမ်တော်နဲ့ တောက်ကွမ်းဧကရာဇ် ဒါမှမဟုတ် မိုးကြိုးပုံစံတွေကြားက ဘာပုံပြင်တွေ ရှိလဲ... အရင်က ငါ့မှာ သမီးတစ်ယောက် ရှိခဲ့တယ်... 1978 ခုနှစ်နှောင်းပိုင်းမှာ သူတို့မှာ ယဉ်ကျေးမှုရေးရာ သုသေသန ဌာနမှာ အလုပ်လုပ်ခဲ့တယ်... ဒီအဆောက်အဦးကို သူမ ကွမ်ရှီးမှာ တွေ့ခဲ့တာ.... ဇန်န၀ါရီလ 15 ရက်နေ့ က ငါ့သမီးလေး ကွမ်ရှီး ရှေးဟောင်း သုတေသန တူးဖော်မှုမှာ ပါဝင်ဖို့ ပထမဆုံး ခရီးစဉ် ဖြစ်ခဲ့တယ်.. အဲဒါက သူမအိမ်ကနေ ထွက်သွားတဲ့ ပထမဆုံးအကြိမ် ဖြစ်သလို လနဲ့ချီပြီး ကြာခဲ့တယ်..."
အဘွားကြီးက သူ့အမူအရာမှာ စိတ်ပျက်လက်ပျက် ဖြစ်လာသော အရိပ်အမြွက်နဲ့ ဝူရှဲ့ကို လှည့်ကြည့်လာသည်။
"သူမရဲ့ အစွမ်းအစကို အသုံးချဖို့ ဒီအခွင့်အရေးကို အမြဲသုံးချင်ခဲ့တာ... ဒါကြောင့် သူမ ပြန်လာတဲ့အခါ နှလုံးသားနဲ့ ပြင်ဆင်ရတာ အရမ်းပျော်တယ်... မထင်မှတ်ပဲ သူမနဲ့ နှလုံးသားနဲ့ စကားပြောရင်း သူမ ပြန်လာပြီးတဲ့နောက် ပင်ကိုယ်စရိုက်က ရုတ်တရက် ပြောင်းလဲသွားတယ်"
ကျန်းအိမ်တော် ဟူသော စကားလုံးသုံးလုံးကို ကြားလိုက်ရသောအခါ နတ်ဆိုးရေကန်၏ အောက်ခြေရှိ ရှေးဟောင်း အဆောက်အအုံကို တွေးလိုက်မိသော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ဒါပေမဲ့ သူ့နောက်ဆုံးစကားကြားပြီးတာနဲ့ စိတ်ထဲ တုန်လှုပ်သွားပြန်သည်။
"ပြောင်းလဲသွားတာလား" ဝူရှဲ့ စိတ်ဝင်တစားနဲ့ မေးလိုက်သည်။
"ဟုတ်တယ်... သူမ ကွမ်ရှီးကို သွားပြီးနောက်ပိုင်း သူမရဲ့ ပင်ကိုယ်စရိုက်က ရုတ်တရက် အရမ်းထူးဆန်းသွားခဲ့တယ်... သူမအရင်က အရမ်းပျော်ရွှင်တတ်ခဲ့တယ် ဒါပေမဲ့ သူမ ပြန်လာတော့ ပင်ကိုယ်စရိုက်က အရမ်းထိုင်းမှိုင်းသွားတယ်... ပုံမှန်ဆို သူမအခန်းထဲမှာနေပြီး ဘာတွေလုပ်နေမှန်း မသိဘူး... ငါသူမကို အကြိမ်နည်းနည်းလောက် တိတ်တဆိတ် ချောင်းကြည့်တယ်... အကြိမ်တိုင်း အခန်းထဲမှာပဲနေပြီး... တစ်ခုခုဆွဲနေတာ အိမ်ထဲမှာ တွေ့တယ်"
ယေဘူယျအားဖြင့် ပြောရလျှင် ဤအခြေအနေသည် သူမချစ်ခြင်း မေတ္တာကြောင့် ဖြစ်သည်။ သူမ ပန်းချီကားက သူ့ချစ်သူရဲ့ မျက်နှာပဲ ဖြစ်ရမယ်လို့ ဝူရှဲ့တစ်ယောက် ကိုယ့်ဘာသာကိုယ် တွေးမိသည်။
အဘွားဟော့: “အစတုန်းကတော့ သူမကို ချစ်မိသွားလို့ အသည်းကွဲသွားတယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ မဟုတ်ဘူး ဆိုတာ သိလိုက်ရတယ်... တစ်နေ့ သူမ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတုန်း သူ့အခန်းထဲကို ဝင်လိုက်တာနဲ့ အဲဒီ ပန်းချီကားတွေကို မြင်လိုက်ရတာ...ငါ သိလိုက်ရတာက တစ်ခုခုမှားနေပြီ ဆိုတာပဲ အဲဒါတွေအားလုံးက ခဲတံနဲ့ ဆွဲထားတဲ့ ပုံကြမ်းတွေ... ပုံတွေ အကုန်လုံးကလည်း အဆောက်အအုံတစ်ခုပဲ.... အရမ်းကို ထူးဆန်းတဲ့ အဆောက်အအုံ တစ်ခုပဲ"