(7) ဝူရှဲရဲ့ တန်ပြန်တိုက်ခိုက်မှု
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (7) 

ဝူရှဲရဲ့ တန်ပြန်တိုက်ခိုက်မှု



ရှောင်ဟွားလည်း အစကတော့ သူ့ဘာသာသူ ပြောလိုက်ချင်ပေမယ့် ဝူရှဲစာရွက်ကို ကြည့်လိုက်တော့ ဒီလို အဖြေ ချရေးမယ်လို့ မမျှော်လင့်ထားသလိုမျိုး ခဏလောက် အံ့အားသင့်သွားလေသည်။


"ချန်ဖီအားစစ် အခုဘယ်မှာလဲ သိလားလို့ သခင်သုံးက မေးနေတယ်"


အောက်မှလူများက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ တစ်ယောက်က တိုးတိုးလေး ပြောလာသည်။


"အခုနောက်ပိုင်း တော်တော်ငြိမ်သွားတယ်" 


ရှောင်ဟွားက စာရွက်ပေါ်ကို ကြည့်ပြီး ဆက်မေးသည်။ 


"ဘာလို့ ရပ်လိုက်တာလဲ သိလား"


ဘယ်သူကမှ စကားမပြောတော့ဘဲ ငြိမ်သွားတဲ့အခါ ရှောင်ဟွားက ဆက်ပြောလိုက်သည်။ 


"သခင်သုံးက ချန်ဖီအားစစ်ကို နောက်တစ်ခါ ထပ်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ပြောတယ်... အဘိုးချန်နဲ့ ဆက်ဆံရေး ကောင်းတဲ့သူတွေ ရှိတယ်ဆိုတာ သူ သိတယ် ဒါပေမဲ့ စိတ်မကောင်းပါဘူး... အဘိုးချန်ကို ဘယ်တော့မှ ပြန်မတွေ့ရ​လောက်တော့ဘူး"


ချန်ဖီအားစစ်ရဲ့ အဆုံးသတ်ကို ဒီလောကထဲက လူအနည်းငယ်ပဲ သိမှာ။ ရုတ်တရတ် သွေးထွက်သံယို ဖြစ်သွားရင်း သူထွက်သွားပြီးလေ။ အရေးအကြီးဆုံးကတော့ သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာ ဝူရှဲ အတပ်သိသည်။ ဒီလိုပြောခြင်းအားဖြင့် ချန်ဖီအားစစ်က ဦးလေးသုံး လက်ချက်ကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူတို့ကို အရိပ်အမြွက် ပြောချင်ခြင်းပင်။ 


"လူတိုင်းက ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်တတ်ကြတယ်... သခင်သုံးရဲ့ နည်းလမ်းက နောင်ဒုက္ခကို မသယ်သွားဘဲ တစ်ကြိမ်တည်း ပြီးမြောက်အောင် လုပ်ဖို့ပဲ... လုပ်ချင်ရင် ရက်စက်ကြမ်းကြုတ်ရမှာ ခင်ဗျားတို့အားလုံး သိမှာပါ" 


ရှောင်ဟွားက စကားဆက်ပေးသည်။ 


"အဲဒီအချိန်တုန်းက သခင်သုံးက ခွဲစိတ်မှုတစ်ခု လုပ်တော့မှာ... စစ်အားကုန်း (ချန်ဖီအားစစ်) က ဒီအခြေအနေကို အခွင့်အရေး ယူမယ်ဆိုတာ သေချာနေပြီးသား... သခင်သုံးက သူ့အကြံအစည်ကို သိလို့ အခွင့်ကောင်း ယူလိုက်တာ ပါးစပ်ကို မထိန်းနိုင်လို့ဆိုပြီး ပြောလို့မရဘူး... နောက်တစ်ခုက အဘိုးချန်ရဲ့ ချို့ယွင်းချက်တွေအတွက်တော့ ဒီကညီအကိုတွေ ဘာလုပ်ရမှန်းလည်း သိမယ် ထင်ပါတယ်" 


အောက်ခြေတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ထိုစဥ် လေးယောက်ထဲက တစ်ယောက်က ပြော၏။ 


"သခင်သုံး...ငါတို့ အဘိုးချန်ရဲ့ အသားထဲကို သွားလို့ရတယ်လို့ ပြောနေတာလား..."


"ဒါက စည်းကမ်းနဲ့ ဆန့်ကျင်တယ်....သခင်သုံး ငါတို့ လုပ်ချင်ပေမယ့် မဖြစ်နိုင်လောက်ဘူး ထင်တယ်...."


ထိုင်နေတဲ့ သူတစ်ယောက်က ဖြတ်ပြောလေသည်။ ဝူရှဲ ဆက်ရေးတော့ ရှောင်ဟွားက ဆက်ပြောလိုက်သည်။ 


"ငြင်းတဲ့သူတွေ အမြဲရှိတတ်ပါတယ်... ဒါပေမဲ့ စစ်အားကုန်းက ပြန်မလာဘူး... သခင်သုံး မယူရင် တစ်ယောက်ယောက်က နေရာယူလိမ့်မယ်... ကျွန်​တော်တို့က ဘာလို့ တခြားလူတွေဆီက အခွင့်ကောင်း မယူရမှာလဲ... ဟုတ်တယ်မလား သခင်သုံးရဲ့ ဒေါသကို မသိဘူးကြလား... သခင်သုံး ခင်ဗျားတို့ကို လုပ်ခိုင်းနေမှတော့ စီစဉ်ထားပြီးသားလို့ ဆိုလိုတာပဲလေ...."


"ဟုတ်! ဟုတ်တယ်! ဟုတ်တယ်!" မြေထဲပင်လယ်ကလာတဲ့ အသားအရေနဲ့လူက ပြုံးပြီး။ 


"ဟမ့်... ငါက မအို​မသေနဲ့ စီးပွားရှာနေတာ နှစ်အတော်ကြာနေပြီ နောက်ဆုံးတော့ ဒိနေ့ရက် ရောက်လာပြီ... ချောင်တက ငါ့အပိုင်ပဲ... ဘယ်သူမှ ငါနဲ့ လာမတိုက်နဲ့!"


"ဟေး!" ကျန်သုံးယောက်က ချက်ချင်းထပြီး။


"မင်းရွေးချယ်ရမယ့် အလှည့် မဟုတ်ဘူး.. မင်းက အကောင်းဆုံးနေရာကို ရွေးလိုက်ရင် နောက်ပိုင်း မင်းရဲ့စကားတွေကို ဘယ်လိုလုပ် ယုံကြည်ရမှာလဲ"


"ငါ့စကားတွေကို မယုံကြည်ဘူး ဟုတ်လား...ငါက သစ္စာကို အားကိုးတာ ဟုတ်တယ်... သခင်သုံးက ငါ့ကို အကောင်းဆုံးနေရာ ပေးလိမ့်မယ်... မင်းစာရင်းကိုတောင် မစဉ်းစားရသေးဘူး... ဒါကြောင့် စောင့်ကြည့်လိုက်စမ်းပါ"


"စာရင်း..." 


လူတော်တော်များများက စကားမပြောဘဲ ခဏငြိမ်သွားရာ တစ်ယောက်က ချက်ချင်း ပြန်ပြောလေ၏။ 


"ဘာပဲဖြစ်ဖြစ် ချောင်တာတော့ မင်းကို မပေးနိုင်ဘူး ငါတို့က သခင်သုံး ပြောတာကို နားထောင်တယ်... သခင်သုံး ပြောတဲ့အတိုင်း ခွဲယူမယ်...." 


ပြောပြီးနောက် ဝူရှဲ ကြည့်နေ​ကြ​တော့သည်။ ဝူရှဲလည်း သူ့စကားက ဒီလောက် ထိရောက်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒီရလဒ်ကိုလည်း မမျှော်လင့်ထားချေ။ 


ဘာဖြေရမလဲ တွေးနေစဉ်တွင် ငါးဖမ်းသမား၏ လှောင်ပြောင်မှုကို ရုတ်တရက် မြင်လိုက်ရသည်။ အားလုံးက သူ့ကို ကြည့်နေ၏။ 


"သခင်သုံးက ရက်စက်လွန်းတယ်ဗျာ... စစ်အားကုန်းက ငါတို့ကို ဖျော်ဖြေနေခဲ့တာ အမှန်ပဲ ဒါပေမယ့် မင်းညီအကိုတွေကို ဖုံးကွယ်ထားလို့ မရဘူးလေ... ငါတို့ကို သတိထား​ပေးမယ် မင်း ဒီလူတွေကို သတ်ပစ်လိုက်ဖို့ အစကတည်းက ကြံစည်ခဲ့တာ ဆိုရင် ငါတို့ညီအစ်ကိုတွေက အကျဉ်းကျနေတဲ့သူတွေလို ဖြစ်သွားပြီ... ငါတို့ဘဝတွေက မင်းနဲ့အတူ ပူးပေါင်းနေတာလေ...သေရင် ငါတို့လူတွေထဲကပဲ သေရမှာ..."


ဝူရှဲ သူ့ကိုကြည့်လိုက်သည်။ သူပြောပြီးတဲ့ နောက်မှာ တခြားသူတွေကို ကြည့်လိုက်ပေမယ့် ဒီတစ်ခါတော့ လူလတ်ပိုင်း အမျိုးသမီးကတောင် ပြန်မဖြေခဲ့ပေ။ 


ဤလုပ်ငန်းသည် အကျိုးရှိရှိ လုပ်ရတာဖြစ်သည်။ တခြားလူတွေဟာ ခွေးကောင်ချိုးလိုမျိုး ငွေကြေးအရင်းအနှီး များစွာမရှိသောကြောင့် ၎င်းတို့လည်း ဓနရှင် နတ်ဘုရားလေးပါးကို မစော်ကားချင်ကြပေ။ သက်လတ်ပိုင်း အမျိုးသမီးက ငါးဖမ်းသမားထက်အရင် ဒီအချက်ကို လက်ခံထားပုံပါပဲ။


ငါးဖမ်းသမားသည် သူ့ပတ်ဝန်းကျင်ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်ပြီး အနည်းငယ် ထိတ်လန့်လာသလိုပင်။ သူက မထိန်းနိုင်ဘဲ။ 


“အိုကေ... မင်းတို့တွေက တန်ဖိုးမရှိတဲ့ လူတွေ ဖြစ်ချင်နေတာလား... တစ်သက်လုံး တခြားသူတွေအတွက် အမြောက်အစာ လုပ်ဖို့ပဲ စဥ်းစားထားတာလား... ငါတော့ မလုပ်ဘူး... ငါ့မှာ ဘာအကြွေးမှ မရှိဘူး... သခင်သုံး အရင်သွားတော့မယ်!" 


ထိုလူကလှည့်ပြီး ထွက်သွားလေ၏။ 


ဒီငါးဖမ်းသမား လုပ်ပုံကို မြင်လိုက်ရတော့ ဝူရှဲလည်း နည်းနည်း အံ့သြမိသွားသည်။ မူလက ဤအဆင့် မတက်မီ လယ်ဂျာစစ်ဆေးတဲ့အထိ အနည်းဆုံး စောင့်လိမ့်မယ်လို့ ထင်ခဲ့သော်လည်း တစ်စုံတစ်ခု မူမမှန်တာကို တွေ့သောအခါ ထိုလူက ချက်ချင်း ထွက်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။


သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြီး "အိုး၊ ဒါက လှည့်ကွက်ပဲ"ဟု သိလိုက်၏။ ဒီလိုအခြေအနေမျိုး သူ့ဟာသူ ခံနိုင်ရည်မရှိတော့တာကို မြင်လိုက်ရတော့ ထသွားပုံပဲ။ သူက ဦးလေးသုံးကို ခက်ခက်ခဲခဲ တစ်ခုခုလုပ်ဖို့ ပြင်ဆင်ထားခဲ့တာများလား။


မနက်ခင်းတုန်းက ခွေးကောင်ချိုးက မိမိတို့ကို ရန်စဖို့ ကြံစည်နေတယ်လို့ တွေးမိသေးသည်။ လှမ်းကြည့်လိုက်တော့ လူလတ်ပိုင်း အမျိုးသမီးကလည်း ထိုလူနောက်ကို လိုက်ချင်သလို ဟန်ပြင်နေတာ တွေ့လိုက်ရ၏။ 


မိမိတို့တကယ် ကြမ်းချင်ရင်တော့ ပြဿနာကြီး ဖြစ်လာလိမ့်မည်။ ရှောင်ဟွား ဦးဆောင်လာသူတွေက အများကြီး မဟုတ်ပေ။ မိမိမှာက တစ်ယောက်မှပင် မရှိ။ ခွေးကောင်ချိုးက လူအများကြီး လွှတ်လိုက်တာမလို့ အနိုင်ရနိုင်ချေလည်း နည်းလေသည်။ 


သူ့ကိုချက်ချင်းတားဖို့ တွေးနေပေမယ့် ဘာပြန်ပြောရမှန်းကို မသိဖြစ်ကာ ဒေါသပဲ ထွက်လာရသည်။ ရှောင်ဟွားက သူနဲ့ အတွေးတူပုံပါပဲ။ 


"လောင်လျို့ မထွက်ခွာခင် စာရင်းစာရွက်ကို လွှဲပေးပါဦး...စာရင်းမရှင်းရသေးဘဲ ခင်ဗျားကို ထွက်သွားခွင့်မပြုဘူး!"


ငါးဖမ်းသမားက လုံးဝ နားမထောင်ဘဲ ရှောင်ဟွားကို တွန်းထုတ်လိုက်တော့သည်။ အဲဒီအချိန် သူ အပြင်ထွက်ခါနီးမှာ ဖန့်ကျစ်က ရုတ်တရက် ကုလားထိုင်ပေါ်ကနေ ထရပ်လာ၏။ 


အံ့အားသင့်စရာ မြင်ကွင်းတစ်ခုကို ချက်ချင်းမြင်လိုက်ရတော့ လူတွေအားလုံးက နောက်ပြန် ဆုတ်သွားပြီးနောက် တီးတိုးပြောသံတွေလည်း ပျောက်သွားလေသည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသဖြင့် ငါးဖမ်းသမားပင် ရပ်ပြီး ဖန့်ကျစ်ဘက်ကို ပြန်ကြည့်မိသည်။


ဝူရှဲလည်း ဒီအခြေအနေကို ကြည့်ရင်း လက်ဖက်ခြောက်ကို ချက်ချင်း ယူသောက်လိုက်သည်။ မျက်နှာကို လက်ဖက်ရည်ခွက်နဲ့ အုပ်ပြီး မျက်နှာပေါ်က အမူအရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ အသက်ရှူရတာ အဆင်ပြေသွားသည်။ 


ထိုနေရာကို လှမ်းကြည့်လိုက်တော့ ဖန့်ကျစ်က မတ်တပ်ရပ်ပြီးနောက် ဘယ်သူ့ကိုမှ မကြည့်တော့ပေ။ ဝူရှဲလည်း အသက်ရှူမဝစွာဖြင့် ငါးဖမ်းသမားဆီ လှမ်းကြည့်လိုက်၏။ လူတိုင်းက သူ့ကို မလှုပ်မယှက် ကြည့်နေတာကြောင့် ထိုတံငါသည်က ရုတ်တရက် အနည်းငယ် ရှက်လာပြီး။ 


"ဖန့်ကျစ်! မင်း ဘာလုပ်ချင်တာလဲ ညီအစ်ကိုတွေ စောင့်ကြည့်နေတယ်လေ.. မင်း တစ်ခုခုလုပ်လာရင် ငါ့ဘက်ကလည်း တုံ့ပြန်မှာပဲ ပြီးမှ နောင်တမရနဲ့!"


ဖန့်ကျစ်မျက်နှာတွင် ရှုတ်ချသော အကြည့်သာရှိကာ သူ့ကို လုံးဝဂရုမစိုက်ချေ။ 


"အားလန်...အားပန်း... ယူလာ..."


သူစကားမဆုံးခင်မှာ ဖန့်ကျစ်က သူ့ရှေ့ရောက်နေပြီ။ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လှည့်ချလိုက်သည်။


ငါးဖမ်းသမားလည်း နာကျင်စွာ အော်ဟစ်လိုက်တာကြောင့် အပြင်ဘက်က ဆူညံသံများ တဝုန်းဝုန်း ထွက်လာကာ လူတွေအများကြီး သူတို့နေရာသို့ ပြေးလာကြလေ၏။ ဖန့်ကျစ်က လျစ်လျူရှုပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူဘောင်းဘီရဲ့ နောက်ဘက်အိတ်ကပ်ထဲက မှတ်စုစာအုပ်ကို ထုတ်ကာ ပေးလိုက်သည်။ 


ရှောင်ဟွားက တက်လာပြီး ထိုစာအုပ်ကို ယူလိုက်၏။ 


"မင်းမှာ စာရင်းစာအုပ် မရှိဘူးဆို... လောင်လျို့ မင်းက အရမ်းမိုက်မဲတာပဲ..." 


"အဲဒါ ငါ... အား..!" 


ငါးဖမ်းသမားက ပြောတော့မယ့် အချိန်မှာပဲ ဖန့်ကျစ်ကသူ့လက်ကို ထပ်လိမ်ပစ်လိုက်သည်။ ထို့နောက် ဖန့်ကျစ်သည် ငါးဖမ်းသမား ဘေးနားရှိလူကို ကြည့်လိုက်ရာ ထိုလူကလည်း အံ့သြတကြီး မျက်နှာထားဖြင့် ဖန့်ကျစ်ကို ကြည့်နေသည်။


"မင်းဘာလို့ငါ့ကို ကြည့်နေတာလဲ... မင်းတစ်ခုခု ပေးချင်လား ငါ့ဘာသာငါ လှုပ်ရှားရမလား?"


ဖန့်ကျစ် တစ်ချက်ကြည့်လိုက်တော့ ထိုယောက်ျားက ချက်ချင်း တုံ့ပြန်သည်။ သူက အနောက်ကို လှည့်ကြည့်လိုက်ပြီး မှတ်စုစာအုပ်ကို ရှောင်ဟွားဆီ ပေးလိုက်သည်။ 


"သခင်ဟွား မေလရောက်တဲ့အထိ အားလုံး ဒီမှာပဲရှိပါတယ်"


ထို့နောက် လူတိုင်းက လှုပ်ရှားကြပြီး အားလုံးက စာအုပ်များကို အပြေးအလွှား ယူကာ ရှောင်ဟွားဆီကို ပေးကြ၏။


ထိုအချိန်တွင် ဖန့်ကျစ်ကလည်း အော်ဟစ်နေသော ငါးဖမ်းသမားကို လွှတ်လိုက်ရာ အစောက ပြေးလာသူများသည် သူတို့ခေါင်းဆောင် ရှုံးသွားသည်ကို မြင်လိုက်ရသဖြင့် ရှေ့သို့ အပြေးအလွှား သွားချင်သော်လည်း ငါးဖမ်းသမားက လက်နှစ်ဖက်နှင့် မျက်နှာကို ပွတ်သပ်ရင်း ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေတာကို တွေ့လိုက်ရလေသည်။ 


ဖန့်ကျစ်က ငါးဖမ်းသမားကို ကြည့်ကာ သူ့နောက်ကျောကို လက်ညှိုးထိုးပြလိုက်သည်။


"တစ်ယောက်ယောက်ဆီပ အရိုက်ခံရလို့ ကျောမှာ ဒဏ်ရာရှိတယ်...ဇာတ်လမ်းရှည်လို့ အတိုချုံး ပြောမယ်... ဒီနေ့ သခင်သုံး မထွက်သွားခင်အထိ ဘယ်သူကမှ ထွက်သွားခွင့် မပေးဘူး... ငါကနေရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးနော်... ဘယ်သူက ရင်းနှီးပြီး ဘယ်သူက မသိတဲ့လူလဲဆိုတာ ငါ့ခွန်အားက စကားမပြောတတ်ဘူး... စောစောထွက်ဖို့ သတ္တိရှိရင်တော့..."


ငါးဖမ်းသမားက နားထောင်ပြီး ကျိန်ဆဲချင်ပေမယ့် ဖန့်ကျစ်က ချက်ချင်း ဆက်ပြောလေ၏။ 


“ပြန်ပြောရင် သေရမယ်!” 


ကျိန်ဆဲချင်သည့် စကားများကို တံငါသည်လည်း လည်ချောင်းကို မျိုချလိုက်ရသည်။ သူတကယ် ထွက်သွားတာ သို့မဟုတ် ပြန်ခံပြောတာမျိုး မလုပ်ဝံ့ပေ။ ရှောင်ဟွားသည် စာရင်းစာအုပ်များ ပစ်တင်ထားသော စားပွဲသို့ ပြန်လာသည်။ တံငါးသည်ခမျာ အလွန်ဒေါသထွက်သွားတယ သိသာထင်ရှားသော်လည်း ထိုကိစ္စကို သူလည်း ဘာမှ မတတ်နိုင်ပေ။


တစ်ဖက်က လူလတ်ပိုင်း အမျိုးသမီးဟာ သူ့ဘေးနားက လူနှစ်ယောက်ကို အကြည့်ချင်းဖလှယ်ကာ အကောင့်စာအုပ်ကို လွှဲပေးရင်း ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ဖန့်ကျစ် မကြည့်သေးဘဲ လှည့်ပြန်သွားကာ စီးကရက်ကို မီးညှိကာ အနည်းငယ် ယိမ်းထိုးကာ ပြန်ထိုင်လိုက်သည်။


ဝူရှဲ ဖန့်ကျစ်ကို ကြည့်လိုက်တော့ ဖန့်ကျစ်က ပြန်မကြည့်ဘဲ ခေါင်းငြိမ့်လိုက်၏။ ဝူရှံ ရုတ်တရက် သူ့ကို အံ့သြသွားသည်။ ဖန့်ကျစ်ဟာ ယခုမျှသာမဟုတ်ဘဲ တတိယဦးလေးနောက်သို့ လိုက်​ပြီးကတည်းက သူ့အသက်ကို စွန့်စားနေပြီဖြစ်သည်။


လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း “ပြန်မပြောနဲ့ သေလိမ့်မယ်” ဟူသောစကားကို မယုံကြသူ မရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။ ထို့နောက် ဖန့်ကျစ်က ပြန်ခံပြောတဲ့ ရလဒ်ကို ၎င်းကိုအား ပြောခဲ့လိမ့်မည်။ အကြိမ်ပေါင်းဘယ်လောက် ဖြစ်ဖူးသလဲ မသိသော်လည်း ဖန့်ကျစ် ပြောပြီးနောက် တံငါသည် လုံးဝ မယုံကြည်သလို မပြခဲ့ပေ။ တစ်စုံတစ်ခုကို သိထားပုံရသည်။


ဖန့်ကျစ်က ရက်စက်သော သားရဲတစ်ကောင် ဖြစ်သည်။ သခင်သုံးသာ ချည်နှောင်နိုင်သော ရက်စက်သော ခွေးတစ်ကောင်ဖြစ်ပြီး သခင်သုံးမှာ ကြောက်စရာ မ​ကောင်းသော်လည်း သခင်သုံး လက်အောက်တွင်တော့ အသက်ကို မလိုချင်၊ သေခြင်းတရားကို မကြောက်ဘဲ သခင်သုံး စကားကိုသာ နားထောင်သော အရူးတစ်ယောက်လို ရှိသည်။ 


ဒါကြောင့် သခင်သုံးကို မစော်ကားမိဖို့ အရေးကြီး၏။ ဒါကလည်း မရေမတွက်နိုင်သော လူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆတစ်ခု ဖြစ်လိမ့်မယ်လို့ ဝူရှဲလည်း ယုံကြည်မိသည်။


ဖန့်ကျစ်ကို ပထမဆုံး စတွေ့တုန်းကတော့ သူက ဂရုမစိုက်မိချေ။ သူ့ဦးလေးနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရာမှာ နာခံတတ်သူ ဖြစ်ပြီး အရမ်းရယ်စရာကောင်းတာကိုလည်း သတိရမိသည်။ ဦးလေးသုံးက သူ့နေ့စဥ်ဘ၀မှာ ဒီလိုလူတွေ ရှိနေတတ်တာကို တွေးကြည့်တော့ ဖန့်ကျစ်က ဦးလေးအတွက် ဘာကြောင့် အရမ်းအရေးကြီးတယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွား၏။


ဒါပေမဲ့ ဘယ်မျက်နှာက သူ့ရဲ့ စိတ်နေစိတ်ထား အစစ်အမှန်လဲ၊ ဖက်တီးနဲ့ ရန်ဖြစ်လေ့ရှိတဲ့ ဖန့်ကျစ်လား (သို့) ဆာမူရိုင်းလို လက်ရှိ လူယုတ်မာမျက်နှာလား မပြောတတ်။ 


ဒီမျက်နှာဖုံးကို ဝတ်ပြီးရင် အရင်က မမြင်ဖူးတဲ့ အရာတွေ မရေမတွက်နိုင်အောင် မြင်နေရလိမ့်မယ်လို့ ဝူရှဲလည်း မျှော်လင့်မထားခဲ့ချေ။ 


ဒါကို တွေးရင်းနဲ့ အောက်က မငြိမ်မသက်ဖြစ်မှုတွေ အားလုံးကို ဂရုမစိုက်တော့ဘဲ သက်ပြင်းချလိုက်သည်။ ထိုစာရင်းစာအုပ်တွေကို ချက်ချင်းကြည့်မိတော့ တစ်ချိန်တည်းမှာပဲ ဦးလေးသုံးရဲ့ ကာရိုက်တာကို ပြဖို့ ပြင်ဆင်ရင်း လက်ကောက်ဝတ်ကို ရွှေ့လိုက်၏။