(6)ချောင်ရှားက ဧရာမဂူဖောက်သူကြီး ၄ဦး
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (6) 

ချောင်ရှားက ဧရာမဂူဖောက်သူကြီး ၄ဦး



ဤလူလေးယောက်ဟာ ဂူဖောက်လောက ကွင်းဆက်၏ အရင်းအမြစ် ဖြစ်သော မြေအောက် လက်နက်များကို ကိုင်စွဲထား​ကြသူတွေ ဖြစ်သည်။ သင်္ချိုင်းတွင်း လုယက်ခြင်းရဲ့ အထူးသဘာဝကြောင့် ရတနာတစ်ခုကို ကူးယူ၍ မရသည့်အပြင် အရည်အသွေး ကောင်းမွန်သော ကုန်ပစ္စည်းများရရှိရန် ထိုဖြန့်ဖြူးသူ အားလုံးကို မြှောက်ပင့်ပေးရမည် ဖြစ်သည်။ 


ဒီလေးယောက်က အချမ်းသာဆုံး မဟုတ်သော်လည်း ၎င်းတို့မရှိလျှင် ဒီလုပ်ငန်းကလည်း ရှိတော့မည် မဟုတ်ပေ။


ထို့အပြင် ကစားသမား လေးဦးစလုံးသည် စိတ်ပျက်စရာ​ကောင်းသူများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဖန့်ကျစ်လိုမျိုး စိတ်ဓာတ် ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိကြပေ။ ၎င်းတို့နှင့် လှည့်ကွက်များ ကစားဝံ့ပါက နောက်နေ့မကူးခင်မှာပဲ ပျောက်ကွယ်သွားကာ နောင်နှစ်ပေါင်း ရှစ်ရာကြာတဲ့အထိတောင် ထပ်မံ မတွေ့ရ​လောက်တော့ပေ။ 


ဘယ်ရှေးဟောင်းသင်္ချိုင်းကို တူးဖော်ထားခဲ့လဲ မသိပေမယ့် သူတို့ရဲ့ အနေအထားက အပိုင်းပိုင်း ပုပ်နေပြီ။ ချမ်းသာသူတွေဟာ သူတို့ရဲ့ အသက်ကို စွန့်စားရမှာ ကြောက်တတ်ကြပြီး လူတိုင်းကလည်း သူတို့ကို ကြောက်ကြသည်။


ဤလူအုပ်စုသည် များသောအားဖြင့် တတိယဦးလေးနှင့် အလွန်ရှုပ်ထွေးသော အခြေအနေတွင် ရှိကြပေမည်။ တစ်ဖက်တွင်မူ ၎င်းတို့သည် ဦးလေးသုံးအား လာမားပန်းကန်ပြားကို ကောက်ယူကာ ရှေးဟောင်းသင်္ချိုင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပေးလာဖို့ ဆုတောင်းနေကြသည်။ 


ဦးလေးသုံးကို အခွင့်ကောင်း ယူချင်နေကြတာပဲ။ ဦးလေးသုံးသည် ဦးခေါင်းကြီးသောကြောင့် ဂူထဲသွားသောအခါ ၈၀ ရာခိုင်နှုန်းက ဦးလေးသုံး ယူလာခဲ့တာတွေချည်းပဲ ဖြစ်သည်။ ဦးလေးသုံး ရုတ်တရက် ပျောက်သွားတော့ အဲအချိန်ကစပြီး ခေါင်းကြီးကြီး ကွဲသွားမှာကို သူတို့ကြောက်လာကြသည်။ 


ဦးလေးသုံး ပျောက်ဆုံးသွားတဲ့အခါ ခေါင်းကြီးတွေကို ထိန်းရမှာ ခက်လာပြီလေ။ ရှေးဟောင်းသင်္ချိုင်းများ အကြောင်း အချက်အလက်ကို သူတို့က ဘယ်လောက် ရှာနိုင်မှာလဲ။ 


ထို့ကြောင့် ဦးလေးသုံး မတော်တဆမှုသတင်း ထွက်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် အခြားသံချောင်းများကို လျှို့ဝှက်ဆက်သွယ်ပြီး အကျိုးအမြတ်များစွာ ရရှိရန် ဤအချက်ကို အခွင့်ကောင်းယူခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ ထိုသံချောင်းတွေကလည်း မတော်တဆမှု ဖြစ်ခဲ့ပုံပဲ။ တခြားသံချောင်းတွေက ချန်ဖီအားစစ်နဲ့ ဦးလေးသုံးတို့ထက် ပိုဆိုးလိမ့်မည်။ မဟုတ်ရင် ဒီလူလေးယောက်က ဒီမှာထိုင်နေမှာ မဟုတ်ဘူးလေ။ 


လူလေးယောက်အနက် တစ်ယောက်က အကြီးမားဆုံး အင်အားဖြစ်မည်။ အကြောင်းမှာ ၎င်းတို့တွင် ရွေးချယ်စရာ မရှိသောကြောင့် ထိုပရမ်းပတာများကို အခွင့်ကောင်းယူ၍ ထွက်လာဖို့ ကြောက်ရွံ့ခြင်း မရှိသောကြောင့်ပဲ ဖြစ်သည်။ ခိုးယူထားသော ကုန်ပစ္စည်းများ၏ အချိုးအစားကို ပြန်လည်သတ်မှတ်ဖို့ သူတို့အတွက် ငွေက မေးခွန်းတစ်ခုထက် မပိုပါ။


ပိုဒုက္ခပေးနိုင်တာက ဖြန့်ဖြူးသူတွေ၊ ရပ်တည်နေတဲ့ လူတွေပါပဲ။ ခွေးကောင်ချိုးက သူတို့အထဲမှာ အချမ်းသာဆုံးပါပဲ။ အဲဒီလိုလူများက ထောက်ပံ့ရေး ကွင်းဆက်ရဲ့ အောက်ခြေတွင် ငွေရှိသော်လည်း နေရာတိုင်းတွင် ဝေဖန်ခံရတာမို့ လက်ရှိအနေအထားကို ပြောင်းလဲလိုကြသည်။ ဒါ့ပြင် သူတို့မှာ ပိုက်ဆံရှိသရွေ့တော့ အဖွဲ့ဖွဲ့ပြီး ဦးလေးသုံးကို ကျော်တက်ကာ ငွေကို တိုက်ရိုက်ရမယ်လို့ ထင်နေကြလေသည်။ 


ဒီလိုနဲ့ ဦးလေးသုံး ထွက်သွားတာနဲ့ လူတော်တော်များများက တပ်တွေ စုဆောင်းလာကြ၏။ ဦးလေးသုံး ဒီမှာရှိတုန်းကလောက် မကောင်းပေမယ့် အဲဒါက သူတို့ပိုင်တဲ့ ပစ္စည်းဖြစ်သည်။ ဒါ့အပြင့် ဆုံးရှုံးမှုကလည်း သူတို့ပဲ ပိုင်တာမလို့ ဖြည်းဖြည်းချင်း ဂရုစိုက်ချင်လာကြသည်။ 


ဦးလေးသုံး ထွက်သွားတော့ ပိုက်ဆံဟာ အရင်ကလောက် မပြည့်လျှံတော့ချေ။ အခု တတိယဦးလေး ပြန်ရောက်လာတော့ သူတို့အိတ်ကပ်ထဲ ရောက်သွားတဲ့ ပိုက်ဆံတွေက အန်ထွက်တော့မှာမို့ နောက်ဆုံးတော့ ထွက်လာလေပြီ။ 


ထိုင်နေတဲ့ လူလေးယောက်က သူတို့ရဲ့ပုံပန်းသဏ္ဌာန်ကို ထုတ်ဖော်မပြောတော့ပေ။ ကုလားထိုင် ရွှေ့တဲ့အခါကတည်းက သူတို့နဲ့ မသက်ဆိုင်တဲ့အတွက် ရှောင်ဟွားကလည်း တစ်ယောက်စီကို အမိန့်ပေးမနေပေ။ ထို့နောက်တွင် ဖြန့်ဖြူးသူ ခုနစ်ဦးကိုလည်း ရှောင်ဟွားဘက်မှာ ရပ်တည်ရန် တွန်းအားပေးခဲ့သည်။


ဝူရှဲ ဒီလူတွေကို ကြည့်လိုက်သည်။ အရင်က ဖန့်ကျစ်ပေးခဲ့တဲ့ ဖော်မြူလာကို အလွတ်ကျက်ထားတာကြောင့် တစ်ယောက်ပြီး တစ်ယောက် အကဲခတ်ရင်း ဖန့်ကျစ် ပြောပြတဲ့ နာမည်တွေနဲ့ လိုက်ဖက်ပေတာ တွေ့ရလေသည်။ အဲဒီ့မှာ ထိုင်နေတဲ့ လူလေးယောက်အပြင် ဖန့်ကျစ်က ဦးလေးသုံး အထူးသတိထားမိတဲ့ လူအနည်းငယ်ပဲ ရှိပါတယ်လို့ ပြောခဲ့သည်။ 


ဖန့်ကျစ်သူ့ကို သတိထားခိုင်းသူအနက် တစ်ယောက်က ရာဘာဝါရောင် တီရှပ်၊ ဘောင်းဘီရှည်နှင့် ဖိနပ်များ ၀တ်ထားသည့် လက်ဝဲဘက် အစွန်ဆုံးမှ အဘိုးအိုကြီး ဖြစ်သည်။ ထိုလူက စိုစွတ်သော ဈေးတွင် ငါးရောင်းသူနှင့်ပင် တူ၏။ 


နောက်ပြီး လက်ယာဘက်အစွန်ဆုံးရှိ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ အနည်းငယ် ဝသော်လည်း ငယ်စဉ်ကပင် ဝတ်စားဆင်ယင်မှုမှာ အလွန်လှပကြောင်း ထင်ရှားသည်။ 


နောက်တစ်ယောက်က ငယ်ရွယ်သော မိန်းမငယ် တစ်ယောက်နှင့်တူပြီး သူမရဲ့ စိတ်နေစိတ်ထားနဲ့ ပုံစံကို အကဲဖြတ်ရလျှင် အသက်သုံးဆယ် အတွင်းသာ ဖြစ်ရမည်။ ဒါပေမဲ့ သူက အရမ်းထိန်းသိမ်းထားတာကြောင့် ရုပ်ရည်ကောင်းပြီး အသားအရည်လည်း ကောင်းရာ အရမ်းကြည့်ကောင်း၏။


ထိုလူသုံးယောက်အနက် ငါးဈေးသည်က ခွေးကောင်ချိုးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သည်။ ၎င်းတို့သည် အတူတကွ ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး ဦးလေးသုံးက ၎င်းတို့ကို လက်တွဲခေါ်ဆောင်ခဲ့သည်။ ထိုလူဟာ ခွေးကောင်ချိုးရဲ့ အတွင်းရေး ကိုယ်စားလှယ် အနေနဲ့ ရောက်လာတာ ဖြစ်ရမည်။ ဒီလူနဲ့ပတ်သက်ပြီး ဖန့်ကျစ်ငတော့ လှည့်ကွက်တွေက အလုပ်မဖြစ်တဲ့အတွက် သတိထားဖို့ ဆိုထားသည်။ 


ထိုလူလတ်ပိုင်း အမျိုးသမီးဝဝက ခွေးကောင်ချိုးရဲ့ သခင်မပဲ ဖြစ်မည်။ သူမတွင် ခံစားချက် အစစ်အမှန်ရှိမရှိ ဖန့်ကျစ် မသိသော်လည်း အလွန်ကြမ်းတမ်းသော ဦးလေးသုံးလို ယောက်ျားမျိုးမှလွဲ၍ သူမကို ဘယ်သူမှ မဆက်ဆံနိုင်ပေ။ အခြေခံအားဖြင့် ချောင်ရှားက ဂူဖောက်လောကတွင် သူမကို ဘယ်သူမှ သည်းမခံနိုင်ပါ။  


ခွေးကောင်ချိုး (ဝမ်ပါးချိုး) နှင့် သူမတို့ အတူရှိကြသောအခါက ဝမ်ပါးချိုးရဲ့ လာမားပန်းကန်ပြားနဲ့ သူမရဲ့ လာမားပန်းကန်ပြားဟာ ကပ်လျက်နီးပါးရှိသော ရွာနှစ်ရွာဖြစ်သောကြောင့် ဝမ်ပါးချိုး စီးပွားရေး အားကောင်းတာ ဤလူလတ်ပိုင်း အမျိုးသမီးကြောင့်လည်း ဖြစ်သည်။ 


အလွန်ခိုင်မာသော စီမံခန့်ခွဲမှု စွမ်းရည်ရှိသော အမျိုးသမီးငယ်များသည် လူနှစ်ဦး အတူတကွ ပေါင်းသင်း ဆက်ဆံသောအခါတွင် အချင်းချင်း ကူညီနိုင်ကြသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အတူတူ လျှို့ဝှက်စွာ လုပ်ကိုင်ရင်း ငွေအမြောက်အများ ရရှိခဲ့ပေမည်။


ဤလူလတ်ပိုင်း အမျိုးသမီးကိုတော့ ဖန့်ကျစ်က သတိထားဖို့ မှာထားသည်။ ဝူရှဲလည်း သတိကြီးစွာထားပြီး ဘာဖြစ်မည်ကို စောင့်မျှော်ကြည့်ရှုရန် ရည်ရွယ်ထားသည်။ ဖန့်ကျစ် ပြောသလောက်ဆို ဒီနယ်ပယ်က အမျိုးသမီးတွေဟာ စိတ်နှလုံးအကြွင်းမဲ့ မချစ်သရွေ့ ယောက်ျားတွေထက် ဉာဏ်ပိုများပေ၏။ 


ပြီးတော့ မိန်းမပျိုလေးနဲ့တူတဲ့ ကောင်မလေးပင်။ ဝူရှဲ သူ့မျက်လုံးတွေကို သဘောကျပေမယ့် သူမတို့လို မိန်းကလေးက ဝူရှဲအတွက်က ဒုက္ခအပေးဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူမဟာ အရင်က သူ့​ရဲ့ဦးလေးနဲ့ ဟိုလိုမျိုး ဆက်ဆံရေးမျိုး ရှိကောင်းရှိနိုင်လို့ပါပဲ။


ဖန့်ကျစ် မသေချာသော်လည်း ဤမိန်းကလေးသည် ချင်းရွှေထန် (ရှေးဟောင်းလမ်း) ရှိ ဆိုင်ငယ်တစ်ခုတွင် ဆိုင်ရှင်အဖြစ်မှ စတင်ဝင်ရောက်ပြီးနောက် ဂူဖောက်လောက စီးပွားရေး လုပ်ငန်းတွင် ဦးလေးသုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအထိ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုသည်။ 


ဤလုပ်ငန်းတွင်းရှိ ယောက်ျားကြီးများ၏ ပံ့ပိုးမှုမပါဘဲ မဖြစ်နိုင်ပေ။ ဤမိန်းကလေးသည် အလွန်နိမ့်ကျသော အပြုအမူနဲ့မို့ ထူးထူးခြားခြား တစ်စုံတစ်ရာကို မတွေ့မြင်ပါ။ ဒါကြောင့် ဤမိန်းကလေးက ဦးလေးသုံး၏မိန်းမ ဖြစ်နိုင်သည်ဟု လူအများက ခန့်မှန်းကြသည်။


ဝူရှဲ ကောင်မလေးကို ကြည့်လိုက်သည်။ ဦးလေးသုံးက ချန်ဝမ်းကျင်ကို ကြိုက်တယ်လို့ အမြဲထင်ခဲ့ပေမယ့် ချန်ဝမ်းကျင်ကတော့ အဲဒီတုန်းက ဦးလေးသုံးနေရာမှာ ရှဲ့လျန်းဟွမ်က ဝင်နေခဲ့တာလို့ ဆို၏။ ဒါဆို ဝမ်းကျင်ကို ကြိုက်သလို ဟန်ဆောင်နေတာလည်း ဖြစ်နိုင်၏။ 


ဒီလိုမျိုးဆိုရင် နှစ်ပေါင်းများစွာ သူ့အဖော်မိန်းကလေးတွေ အများကြီး ရှိနေတာက ထုံးစံအတိုင်း ပထမအချက်က ယောက်ျားက တစ်ယောက်တည်း မနေနိုင်တဲ့ အချိန်တွေ ရှိစမြဲပါ။ ဒုတိယအချက်မှာ တတိယဦးလေးသည် သူရဲကောင်းပီသပြီး ချမ်းသာကြွယ်ဝသူဖြစ်သည်။


ဤမိန်းကလေးသည် ဦးလေးသုံး၏ မိန်းမဟုယူဆရလျှင် လက်ရှိကိစ္စက အလွန်ပြင်းထန်လှသည်။ ဦးလေးသုံး၏ ကိုယ်ခန္ဓာ အသေးစိတ် အချက်အလက်များမှာ သူမမျက်လုံးများမှ လွတ်ကင်းနိုင်ပါ့မလား။ အမျိုးသမီးများက ယောက်ျားတွေရဲ့ အနေအထိုင်နှင့် အလေ့အထကို သိကြသည်။ သူ့လက်တွေ ခြေတွေက ချို့ယွင်းချက်ရှိ​​နေရင် သေချာပေါက် ရှာတွေ့သွားမှာပဲ။ 


ဒါ့အပြင် သူမ မသိရင်တောင် သူနဲ့ တတိယဦးလေးကြားက ဘာဖြစ်သွားခဲ့လဲ ဝူရှဲမှာ မသိနေပေ။ ဝူရှဲ သူမနဲ့ တစ်ယောက်တည်း ရှိနေတဲ့အချိန် မေးခွန်းအနည်းငယ် မေးလာတဲ့အခါ ဝူရှဲအတွက်က အသံထွက်လို့မဖြစ်။ သူမဘာမေးမေး အဖြေကို မသိသလို ဖုံးကွယ်စရာလည်း မရှိ။


တံခါးထဲဝင်လာတော့ သူမမျက်လုံးတွေက တခြားသူတွေရဲ့ ခံစားချက်နဲ့ မတူဘူးဆိုတာ သိလိုက်​ပြီးသား။ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုလား မသိ။ ဝူရှဲသည် သူ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ချုပ်နှောင်ထားရင်း အခု သူမကို ဂရုစိုက်ဖို့ အချိန်မရှိတော့သလို ခံစားလာရကာ အနှီငါးဖမ်းသမားကိုသာ သတ်ပစ်ချင်စိတ်တွေ ရှိနေသည်။ 


ဒီအဖွဲ့ထဲမှာ ခွေးကောင်ချိုးနဲ့ အတူ မကစားဖူးတဲ့သူတွေ အများကြီး ရှိပါသေးသည်။ သူတို့ကို မျက်လုံးနဲ့ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးကြည့်တော့ အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေပြီမို့ ရှောင်ဟွားကို ဆက်လုပ်ဖို့အတွက် အချက်ပြတဲ့အနေနဲ့ လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။


ရှောင်ဟွားက ဝူရှဲကို တစ်ချက်ကြည့်လိုက်ပြီး ဆို၏။


"လူတိုင်း... ဒီကာလအတွင်းမှာ သခင်သုံး ဘာကြောင့် ဒီလောက်အကြာကြီး ပေါ်မလာရတာလဲ ဆိုတာ အားလုံး အံ့ဩနေကြမယ်လို့ ယုံကြည်ပါတယ်... ဒါတွေအားလုံးက ကောလဟာလတွေပါ... ပြီးခဲ့တဲ့နှစ်က သူ့လည်ချောင်းကို ခွဲစိတ်မှု အနည်းငယ် လုပ်ထားရလို့လေ... ခေါင်းမကောင်းတဲ့ လူတွေ တော်တော်များများက အခုအချိန်မှာ ပေါက်ကရတွေ ပြောနေကြလို့ လူလုံးထွက်ပြဖို့ ရောက်လာခဲ့တာ...." 


"အိုး.. အခု သခင်သုံး အဆင်ပြေရဲ့လား?" 


လူပင်လယ်က လူတစ်ယောက်က သစ္စာရှိပြီး ရိုးသားဖြင့် ထမေးလိုက်သည်။ သူ့ကိုကြည့်ရတာ ရွံမုန်းစရာကောင်းလောက်အောင် သစ္စာရှိရှိနဲ့ ရိုးသားစွာ ပြောနေပုံပင်။


"အပြင်ကလူတွေက လူသေးသေးလေးတွေပါ... ဒီထဲက ညီအစ်ကိုတွေက အဲ့ကောလဟာလတွေကို မယုံကြပါဘူး ဟုတ်တယ်မလား" 


သူ့ဘေးကလူတွေကိုပါ လှည့်ပြောလိုက်သေးသည်။ သူ့ဘေးက လူတွေက ခေါင်းညိတ်ပြသည်။ ဒီလူကို ဝူရှဲ သိ၏။ ဒါက ဦးလေးသုံးရဲ့ လာမားလေးတွေထဲမှာ အတည်ငြိမ်ဆုံး လူပဲ။ သိပ်ကောင်းတဲ့ကိစ္စ မဟုတ်ပေမယ့် ဒီအချိန်မှာတော့ နည်းနည်းလေး ကြင်နာမှုမပြဘဲ မနေနိုင်တော့ပုံပင်။


ရှောင်ဟွားက ဆက်ပြောသည်။ 


"သခင်သုံးရဲ့ ကျန်းမာရေးက ကောင်းနေပါပြီ ဒါပေမဲ့ စကားကောင်းကောင်း မပြောနိုင်သေးဘူး... အစ်ကိုဖန့်လည်း ဒဏ်ရာရသွားပြီ ဆိုတော့ ခွင့်လွှတ်ပါနော်... ဒီတခေါက် ကျွန်တော်ကပဲ သခင်သုံးအတွက် စကားပြောပါ့မယ် ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးနေပြီးသားဆိုတော့ ကိုယ်ကိုကိုယ် မိတ်ဆက်မနေတော့ဘူး ကန့်ကွက်စရာမရှိရင် သခင်သုံးရဲ့ အနားယူမှုကနေ ဆုံးဖြတ်ချက် အမြန်ချရအောင်" 


ထို့နောက် ငါးရောင်းသူဘက် လှည့်ကာ ပြောလိုက်သည်။ 


"လောင်လျို့....စည်းမျဥ်းဟောင်းအတိုင်း ခင်ဗျားအရင် လာလိုက်ပါ..."


"ဘာအရင်လာရမှာလဲ? သခင်သုံးက ငါတို့ညီအကိုတွေကို မေ့သွားပြီလို့ပဲ ထင်တယ်... ကျန်းမာရေးမကောင်းဘူး?? ကျန်းမာရေး မကောင်းလည်း နှုတ်မဆက်ဘဲ ထွက်သွားတာ ဆက်သွယ်တာလေးတောင် မလုပ်ဘူး... အောက်ခြေက ညီအစ်ကိုတွေက သူ့ကိုမေးတဲ့အခါ ငါ ဘာပြန်ပြောရမလဲတောင် မသိဘူး” 


ငါးဖမ်းသမားက သူ့အသံက အလွန်ပါးလွှာပြီး သူ့ရုပ်ရည်နဲ့ တော်တော်ကွာသည်။


"အင်း အခုပြန်လာပြီ စကားတော့ မပြောသေးဘူး... လယ်ဂျာကို အရင်စစ်ကြည့်ရမယ် လောင်လျို့ငါကခြောက်ယောက်မြောက်ပဲ သိလား... သခင်သုံးက မနေ့ကမှ ပြန်ရောက်လာတော့ တောင်းပန်ပါတယ် ငါ ဒီနေ့ လက်ဗလာနဲ့ပဲ ရောက်လာတယ်" 


မျှော်လင့်ထားသလိုပါပဲ။ ဖန့်ကျစ်က သူ့သဘောထားကို မြင်အောင် အရင်ထားသင့်တယ်လို့ ပြောခဲ့သည်။ သူကနေတစ်ဆင့် ခွေးကောင်ချိုးရဲ့ သဘောထားကို သိနိုင်ပြီး သူတို့ ပြင်ဆင်နေပုံကိုလည်း သိနိုင်ပါ၏။ ဒါပေမဲ့ အခုလေးတင် အသံက မာနကြီးပြီး ညည်းညူသံကို ထုတ်နေပုံအရ သူတို့ကို စမ်းသပ်ချင်နေပုံရသည်။


ဒါကို သူပြောပြီးတာနဲ့ တခြားလူတွေ အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သဘောမတူသလို မကန့်ကွက်ဝံ့ကြပေ။ 


ရှောင်ဟွား: "လောင်လျို့ ခင်ဗျားကို မတွေ့ရတာကြာပြီနော်... အမူအရာက မပြောင်းလဲတဲ့အပြင် ခင်ဗျားရဲ့ ဒေါသကလည်း တိုးတက်လာပြီ... အဘိုးကြီး အိမ်ပြန်မလာတော့လို့ ညည်းနေတဲ့ အဘွားကြီးနဲ့ တူနေပြီ... မရှက်ဘူးလား?"


ဤသို့ပြောပြီးနောက် အောက်မှလူများက ချက်ချင်း ရယ်မောကြသော်လည်း ငါးဈေးသည်က မတုန်လှုပ်ဘဲ။ 


“ရယ်နေ ရယ်နေ.... ဆက်ရယ်ရင် ငါနဲ့စာရင်း ရှင်းရလိမ့်မယ်” 


ထို့နောက် သူက ရှောင်ဟွားကို ဆက်ပြောလိုက်သည်။ 


"သခင်ဟွား....ငါက မင်းနဲ့ နှိုင်းယှဥ်လို့ မရဘူး...အမေ့ဗိုက်ထဲက ထွက်လာတာ မကြာသေးတဲ့ မင်းက ဘေးမှာရပ်နေသင့်​တာ... ဒါက ဝူမိသားစုရဲ့ ပုလ္လင်... မင်းရဲ့မျိုးရိုးနာမည် ပြောင်းသွားပြီလို့ ငါမထင်ဘူး.... မင်း ဘေးထွက်နေလိုက်..."


ဒါကိုကြားပြီးနောက် ရှောင်ဟွား မပြုံးတော့ကေ။ ဒီကောင်လေး သူ့ကို ကျောခိုင်းသွားမယ်လို့ ထင်ထားပေမယ့် မမျှော်လင့်ထားဘဲ သူက စားပွဲပေါ်ကို မှီပြီး။ 


"ဝူမိသားစုရဲ့ ရှဲ့မိသားစုရဲ့ သံပန်းကန်ပြားတွေက ကျွန်​တော့်ရဲ့ ဆွေမျိုးတွေပဲလေ... သခင်သုံးရဲ့ ရောဂါအခြေအနေကလည်း အရမ်းဆိုးတယ်... ကျွန်တော် ချောင်ရှား အကြောင်း လေးလေးနက်နက် ပြောချင်တယ်... အပြင်က လူကြီးတွေက သိပြီး အံသြသွားတာလည်း ဖြစ်နိုင်တယ်....အခု သခင်သုံးက ဘာမှ မပြောရင် ဘာပြဿနာ ရှိမှာမလို့လဲ?" 


မျှော်လင့်ထားသည့်အတိုင်း ငါးဖမ်းသမားလည်း ရယ်မောသော်လည်း သူလုံးဝ ရှက်ရွံ့သွားခြင်း မရှိပါ။ 


"သခင်သုံး မပြောတာနဲ့ အဲဒီလူတွေကို ဒုက္ခမပေးရတော့ဘူးလား? အဲဒီအဘိုးကြီး ချန်ဖီပ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ညီအစ်ကိုခြောက်ယောက်ကို သတ်ခဲ့တာလေ... ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး.. သခင်သုံး ဆုံးဖြတ်ချက်ချစမ်းပါ။ ဧကန္တ ညီအစ်ကို အချည်းနှီး သေရတော့မှာလား... ငါကတော့ သည်းမခံနိုင်ဘူးကွ ကျေးဇူးပြုပြီး မင်း ကျန်းမာရေး မကောင်းရင် ကောင်းကောင်း အနားယူလိုက်ပါ ငါတို့ကို ဂရုမစိုက်​ချင်​ရင် မစိုက်နဲ့... မဟုတ်​ရင်​ ဒီညီအကို​တွေ လိုက်မှာ မဟုတ်​ဘူး”


စကားပြော အပြီးတွင် ရှောင်ဟွားက ဝင်ပြောချင်ပေမယ့် အခြားတစ်ဖက်မှ သက်လတ်ပိုင်းအမျိုးသမီး တစ်ဦးကလည်း ဝင်ပြောလာသည်။ 


"မှန်တယ် သခင်သုံး... လောင်လျို့ပြောတာ မှန်ပါတယ် လွန်ခဲ့တဲ့ လအနည်းငယ်က ရှင်ဒီကို မရောက်လာခဲ့ဘူး... ညီအကိုတွေ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ ပါးစပ်ဖျားကနေ ပျောက်လုနီးပါး ဖြစ်နေတော့ ဒီလူလေးယောက်သာ သယ်မလာဘူးဆိုရင် ချောင်ရှားက ရှင်နဲ့ ဘာမှမဆိုင်​လောက်​တော့ဘူး... အောက်​က ညီ​အစ်​ကို​တွေ​ကို သင့်တော်​တဲ့​ ရှင်းပြ​ချက်​ ပေး​ရလိမ့်​မယ်”


ထိုသို့ပြောပြီးနောက် အောက်ခြေက လူတိုင်းကလည်း ခေါင်းညိတ်ကြသည်။ ထိုင်နေသည့် လူလေးယောက်အနက်မှ တစ်ဦးက ထပြောသည်။ 


"သခင်သုံး... သူတို့ တွေးနေတာကို ကျုပ် နားလည်ပါတယ် ဒါပေမဲ့ ဒီမိန်းကလေး အားဟုန်တို့ပြောတာ မှန်ပါတယ် အဲဒီကာလမှာ ကျုပ်တို့က ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတယ်... ခင်ဗျား ဒီညီအစ်ကိုတွေကို ဘယ်လိုပြောသင့်သလဲ ဆိုတာကို သေသေချာချာ တွေးကြည့်သင့်တယ်...သခင်သုံးအနေနဲ့ ကျုပ်တို့ကို အကြောင်းကြားဖို့တောင် ငြင်းဆန်တတ်တဲ့ လူလို့ မထင်မိဘူး...." 


ဝူရှဲ အားဟုန်လို့ခေါ်တဲ့ သက်လတ်ပိုင်း အမျိုးသမီးကို ငုံ့ကြည့်လိုက်ရင်း သူပြောခဲ့တာတွေက အဲဒီခေတ်က ဦးလေးသုံးဟာ ပဟေဋ္ဌိတွေ လိုက်ရှာရင်း အလုပ်ရှုပ်နေတာကြောင့် အများကြီး လျစ်လျူရှုခဲ့တာ ဖြစ်မယ်။ ဒီလို မကျေနပ်ချက်တွေက ပေါက်ကွဲချင်နေတာ ကြာပြီ ထင်ပါရဲ့။


ထို့အပြင် ဒီစကားလုံးများက အလွန်ထိမိသည်။ ဝူရှဲလည်း လျစ်လျူမရှုနိုင်တာနဲ့ ပြုံးရင်း အဲဒါကို တစ်ချက် တွေးပြီးတာနဲ့ ဘယ်လိုဖြေရမယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွား၏။ သို့နှင့် ခေါင်းငုံ့ပြီး စာရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်း ချရေးလိုက်တော့သည်။