DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (10)
သီချင်းပြီးဆုံးပြီ
ဝူရှဲ ကားထဲမှာ ထိုင်ရင်း ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချနေသည်။ အခုနေ အရာအားလုံးကို ပြန်ကြည့်လိုက်ပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ဘယ်လိုမှ နားမလည်နိုင်သေးချေ။ သို့သော် ရှောင်ဟွားရဲ့ အသုံးအနှုန်းအရဆို ဒီကိစ္စက အောင်မြင်သည်ဟု ယူဆနိုင်ပါသည်။
ရှောင်ဟွားကလည်း အစကတည်းက ဝူရှဲဘက်မှာ ပြဿနာရှိမယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့် အစီအစဉ်တစ်ခုလုံးမှာ ဝူရှဲလုပ်ရမယ့် ရည်ရွယ်ချက်က လူအားလုံးကို လက်ဖက်ရည်ဆိုင်ကို ရောက်လာအောင် ဆွဲဆောင်ဖို့ဖြစ်ပြီးတော့ သူတို့နှစ်ယောက်က လမ်းပြပဲ ဖြစ်သည်။
ရှောင်ဟွားရဲ့ လူတွေကလည်း တခြားလူအရေခွံပါတဲ့ မျက်နှာဖုံးကို ဝတ်ထားကြသေးသည်။ ဝမ်ပါးချိုးသာ မတိုက်ခိုက်လာရင် ရှောင်ဟွားက ဇာတ်သိမ်းတဲ့အထိ သီချင်းဆိုလိမ့်မည်။
ဖန့်ကျစ် လဲကျသွားသည်နှင့် လောင်လျို့ဘက်က အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ရှောင်ဟွား ရိပ်မိလိုက်သည်။ ခွေးကောင်ချိုးကလည်း သူ့လူတွေကို ချက်ချင်းပင် ခေါ်ဆောင်လာခဲ့ရာ ချောင်းကြည့်နေခဲ့တာ သေချာသည်။
ဝူရှဲ: "ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းသားပဲ... မိနစ်နည်းနည်း နောက်ကျပြီးမှသာ မက်ဆေ့ချ် ပို့လိုက်ရင် ငါတို့သေလိမ့်မယ်"
ရှောင်ဟွား: "ကံကိုအားကိုးနေရင် ဒီလုပ်ငန်းမှာ မင်း အသက်မရှင်နိုင်ပါဘူး"
ရှောင်ဟွားက တကယ်တော့ သူ့လက်ကိုင်ဖုန်းမှ တစ်ဆင့် မက်ဆေ့ချ်တစ်စောင် ရေးလိုက်ခြင်းပင်။ ဝူရှဲ ကြည့်လိုက်တော့ စာက 'သခင်ခြောက်... သခင်သုံးက ကျွန့်တော်တို့ဆိုင်မှာ လူတွေအများကြီး ခေါ်ပြီး ရောက်လာတယ်... ဘယ်လိုလုပ်ရမလဲ?' တဲ့။
"မနေ့က ငါနဲ့ လောင်လျို့လူ ကာရာအိုကေဆိုတုန်းက သူ့ဖုန်းကဒ် ပြောင်းသွားတာကို အဲ့အရည်အချင်း အရှိဆုံး လက်အောက်ငယ်သားက သတိမထားမိဘူးလေ.... ဒီလှည့်ကွက်လေးတွေက အမြဲအလုပ် လုပ်နေတတ်တာ သနားစရာပဲ"
ဝူရှဲမှာ ဘာပြန်ပြောရမှန်း မသိအောင် တိတ်ဆိတ်သွားမိသည်။ စိတ်ထဲမှာ ရှိုက်ကြီးတငင် ပြုံးမိပေမယ့် ဘဝမှာ အခက်ခဲဆုံး မနက်ခင်းက ပြီးသွားခဲ့ပါပြီဟုသာ ဖြေသိမ့်ရ၏။ စိတ်က ဖြည်းဖြည်းချင်း ပြန်သက်သာလာပြီမလို့ ဒီလူတွေကရော သူတို့ပြန်သွားရင် ဘာလုပ်မလဲလို့ မေးရင်း ကားထဲမှာ စီးကရက်ဗူးတစ်ဝက်လောက် သောက်ပစ်လိုက်သည်။
ရှောင်ဟွား: "ငါတို့မသိသေးဘူး ဒါပေမဲ့ သခင်သုံး ပြန်လာပြီဆိုတဲ့ အချက်က လက်တွေ့ဖြစ်လာပါပြီ... မင်းရဲ့ဦးလေးသုံးက ချောင်ရှားမှာ ဆယ်စုနှစ်များစွာ နာမည်ကြီးခဲ့တဲ့လူ... ဖန့်ကျစ်နဲ့ လမ်းတွဲလျှောက်လိုက်တာနဲ့ကို သူ့ရဲ့အရှိန်အဟုန်က လုံးဝ ကွဲပြားသွားလိမ့်မယ်... "
"ငါက အမြဲတမ်း စိတ်ရှုပ်နေရတာ... ငါ့ရဲ့ စိတ်ဓာတ်ကလည်း ပျော့တယ်... ဒါလေးကို ပြောရုံနဲ့ ဘယ်လိုလုပ် ရုန်းထနိုင်မှာလဲ..."
"ဥပမာတစ်ခု ပေးပါရစေ... အခု လုပ်ငန်းမှာ ပါ၀င်လာတဲ့ လူသစ် တော်တော်များများက သခင်သုံးရဲ့ ပုံပြင်တွေကို နားထောင်ရင်း ကြီးပြင်းလာကြတာ...အဲဒီလူတွေက သခင်သုံးကို ဘုရားလို ကိုးကွယ်ကြတယ်... ဖန့်ကျစ်က သခင်သုံးအတွက် တစ်ခုခုလုပ်ဖို့ ပြောနေသမျှ သေဖို့တောင် ဆန္ဒရှိနေပေမယ့် အဓိကအချက်ကတော့ ဖန့်ကျစ်ဆိုတာ သခင်သုံးကို ကိုယ်စားပြုတယ်... ဖန့်ကျစ်အတွက် လုပ်ဆောင်ရင် သခင်သုံးရဲ့ မျက်နှာသာနဲ့ အကြံဉာဏ်ကို ရယူလိုက်နိုင်တယ်လို့ ခံစားမိကြလိမ့်မယ်....အဲ့အဖွဲ့ထဲက လူတွေက မနည်းဘူး ဖန့်ကျစ်ကလည်း သူ့ဘာသာသူ လုပ်လို့မရဘူး ”
ဒါက အဓိပ္ပာယ်ရှိတာကြောင့် ဝူရှဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရှောင်ဟွားက ဆက်ပြောပြသည်။
"အခုနတုန်းက အဲဒီလူတွေထဲမှာ ဖန့်ကျစ် တိုက်ရိုက်ခေါ်နိုင်တဲ့ အစိတ်အပိုင်းတွေ အများကြီးရှိရမယ်... ခွေးကောင်ချိုးနဲ့ ငါးဖမ်းသမား လောင်လျို့က ပြဿနာရှိနေတုန်းပဲ... ဒါပေမဲ့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့တယ်"
ဖန့်ကျစ်ရဲ့ သတင်းကို မေးတဲ့အခါ ရှောင်ဟွားက ပြန်ဖြေ၏။
"မင်း သူ့ကို မကြာခင် တွေ့နိုင်မှာပါ... ဆေးရုံ ဆင်းသွားပြီ"
“ဆေးရုံဆင်းတယ်... ဘာလို့ ဆင်းလိုက်တာလဲ... သောက်ကျိုးနည်း အသက်မရှင်ချင်တော့ဘူးတဲ့လား”
"ဒီညက အရမ်းအရေးကြီးတယ်... ငါတို့ရဲ့ ရလဒ်တွေကို အခုပဲ တစ်ယောက်ယောက် သဘောပေါက်သွားဖို့ လိုတယ်... ဖန့်ကျစ်က ငါတို့ဘက်မှာ ဘယ်လောက် ကျောထောက်နောက်ခံ ရှိတယ်ဆိုတာကို ဆုံးဖြတ်ဖို့ လာနေပြီ... ခွေးကောင်ချိုးနဲ့ လောင်လျို့ကို ဖယ်ရှားပစ်ရမယ်"
ဝူရှဲ အံ့သြသွားသည်။
"မင်းဘာကိုဆိုလိုတာလဲ"
"ပြဿနာက နေ့မကူးရဘူး...ဒါ သခင်သုံးရဲ့ စည်းမျဉ်းပဲ လူယုတ်မာချိုးကလည်း ဒါကို ကောင်းကောင်းသိတယ်... သေခြင်းတရားကို ထိုင်စောင့်နေရုံနဲ့ မပြီးဘူး"
ထို့နောက် ရှောင်ဟွားက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
'"ဒီည မိုးရွာတော့မယ်....သွေးမိုးကတော့ ရာသီဥတုကို သာယာစေမှာ မဟုတ်ဘူး"
ဝူရှဲလည်း သူ့ကိုကြည့်ရင်း အံ့သြစွာနဲ့ "ဒီလို ကြောက်စရာကောင်းတဲ့ စကားတွေကို ပြောဖို့ မင်းလုံးဝ ဖိအားမခံစားရဘူးလား...ငါဆို ဒါကို ဘယ်လိုမှ မလုပ်နိုင်ဘူး"
ရှောင်ဟွားက ပြုံးလိုက်ပြီး "အခုနကစကားက အဘိုးငါ့ကို ပြောခဲ့တာ အမေကလည်း အဲ့လိုပဲ ပြန်ပြောပြတယ်... အဲဒီစကားကြားတော့ ကျွန်မ အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ... ဒါပေမဲ့ ပြောရင်း ပြောရင်း ဖိအားတွေ မရှိတော့ဘူး"
နောက်ဆုံးတော့ ရှောင်ဟွားက သက်ပြင်းချလိုက်သည်။ ဝူရှဲကတော့ မျက်မှောင်ကြုတ်ပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ ဒီလိုမျိုးတွေ ရှောင်ဟွား တွေ့ကြုံထားရပြီး အခုလည်း ထပ်ဖြစ်မယ်လို့ တစ်ခါမှ မထင်ထားမိပါ။
"ဒီလိုလုပ်ဖို့ လိုအပ်လို့လား... ငါတို့ ရဲကို အမည်မသိ ဖုန်းနဲ့ဆက်ပြီး သူ့ကို ရှင်းထုတ်လိုက်လို့ မရဘူးလား?"
ရှောင်ဟွား: "ငဒူလေး ဆိုတဲ့ နာမည်ပြောင်က အလကားရထားတာ မဟုတ်ဘူးပဲ... ငါသာ မင်းရဲ့ဦးလေးသုံးဆိုရင် မင်းကို ဆက်နုံအသွားအောင်ပဲ လုပ်မိမယ်ထင်တယ်... ကံမကောင်းချင်တော့ ငါက မင်းဦးလေး ဟုတ်မနေဘူး... တတိယသခင်လေး အဖြစ်မှန်ကို ရင်ဆိုင်လိုက်ပါတော့... ဒါကမှ မင်းရဲ့ရွေးချယ်မှုပဲ...."
ဝူရှဲလည်း ကားအပြင်ဘက်က ချောင်ရှားကို ကြည့်ရင်း တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ ဖန့်ကျစ်ကလည်း သူ့ကို ဒီလိုစကားမျိုး ပြောခဲ့တာပဲ။
မနေ့ညက သူတည်းခိုတဲ့ ဟိုတယ်လေးကို ပြန်ရောက်ပြီး ခရီးဆောင်အိတ်တွေကို ကောက်ယူပြီး ချောင်ရှားမှာရှိတဲ့ ရှောင်ဟွားရဲ့ "တည်းခိုခန်း" ကိုပဲ ရွှေ့လိုက်သည်။ စီချွမ်းက တည်းခိုခန်းထက်စာရင်တော့ အနည်းငယ် အဆင်ပြေသေးသည်။ တည်းခိုခန်းရှိ စားဖိုမှူးသည် Lion Houseက စားဖိုမှူးဖြစ်ပြီး သူတို့အတွက် အထူးကောင်းမွန်သော အရံဟင်း ၃ မျိုးကို ပြင်ဆင်ပေးခဲ့သည်။
အခန်းထဲ ပြန်ရောက်ပြီး ထမင်းစားနေတုန်း ညနေပွဲတွေက ဘယ်တော့စမှာလဲလို့ မေးလိုက်ပေမယ့် ရှောင်ဟွားက ပြုံးပြီး ဘာမှမပြောဘဲ သောက်ဖို့သာ ပြောလာသည်။
ရှောင်ဟွား ယူလာတာက မမြည်းစမ်းနိုင်သော ဝိုင်တစ်မျိုး ဖြစ်သည်။ ယခင်က သောက်လေ့ရှိသည့် အလုံးရည်တစ်မျိုးဖြစ်သည့် ကျောက်သကြားနှင့် ဆေးဖက်ဝင်အပင် တချို့လည်း ပါဝင်နေသည်။ ဒါပေမဲ့ သောက်ပြီးတာနဲ့ ဘာကိုမှ သတိမရတော့ဘဲ မူးဝေသွားရာ ဘယ်အချိန်က အိပ်ပျော်သွားမှန်းတောင် မသိတော့ချေ။
အိပ်ရာက နိုးလာတော့ နောက်နေ့မနက် ရောက်နေပြီ။ ရှောင်ဟွားနဲ့ ဖန့်ကျစ် အခန်းထဲက ဆိုဖာပေါ်မှာ လဲလျောင်းနေတာ တွေ့လိုက်ရ၏။ ပြတင်းပေါက် အပြင်ဘက်မှာ တောက်ပနေတဲ့ နေရောင်ခြည်ကို ကြည့်လိုက်စဥ် အရာအားလုံးပြီးသွားပြီဆိုတာ သိလိုက်သည်။
အဲဒီညရဲ့ အသေးစိတ် အချက်အလက်တွေကို မမေးတော့ဖို့ ကိုယ့်ဘာသာကို တိတ်တဆိတ် သဘောတူထားခဲ့သည်။ ဖန့်ကျစ်သည် အောက်ခြေအရောင်း ကိုယ်စားလှယ်ထံမှ အကြွေးစုစုပေါင်း ၁၀ သန်းအောက်သာရှိသော ပေးချေမှုကို စုဆောင်းနိုင်ခဲ့သည်။ ပြိုကျနေသော ချောင်ရှား ရုံးချုပ်ကို လျင်မြန်စွာ ပြန်လည် ဖွဲ့စည်းလိုက်ပါသည်။
ချောင်ရှားမှ ထွက်ခွာပြီး ဟန်ကျိုးသို့ ပျံသန်းလာချိန်တွင် ပင်မရုံးတွင် စာရေး အယောက် ၄၀ ကျော်ရှိနေပြီ ဖြစ်ပြီး အများစုမှာ လူသစ်များဖြစ်ကြသော်လည်း ဖန့်ကျစ်၏ ထိန်းချုပ်မှုအောက်တွင် အရောင်းအ၀ယ်များက တဖန်ပြန်လည် လှုပ်ရှားလာကာ ချောင်ရှား တစ်ခုလုံးက ထိုလူတွေ တည်ငြိမ်သွားခဲ့သည်။
ထိုအချိန်မှစ၍ ဝူရှဲလည်း ဟန်ကျိုးသို့ ပြန်ရောက်ပြီးနောက် ချောင်ရှားမှာလို သွေးစွန်းနေရန် မလိုအပ်တော့ပေ။ ဒီအချိန်အတွင်းမှာ ဖန့်ကျစ်က သူ့ အတွက် အဖွဲ့တစ်ဖွဲ့ရှာပေးဖို့ ချောင်ရှားမှာ နေခဲ့သည်။ ဦးလေးရဲ့ ဂုဏ်သတင်းနဲ့ ငွေကြေးကို အသုံးပြုကာ လာမားကောင်းအချို့ကို စုဆောင်းဖို့အတွက်ပါပဲ။
ဝူရှဲ ဟန်ကျိုးမှာ ရှိနေစဉ်မှာပဲ ဦးလေးသုံး စုဆောင်းထားတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင်း တစ်ချိန်တည်းတွင် ဦးလေးသုံး အသံကို ပို၍အတုယူ လေ့ကျင့်ခဲ့သည်။
ဒါက ခက်ခဲပါသည်။ ဒါကြောင့် ရှောင်ဟွားက ဦးလေးရဲ့ အသံနဲ့တူအောင် လေ့ကျင့်ပေးခဲ့သည်။ ကယ်ဆယ်ရေးအတွက် ပါးနိုင်ကို မသွားခင် မျက်နှာဖုံးရဲ့ အရည်အသွေးက လျော့လာနိုင်လို့ပါပဲ။ ထို့နောက် ရှောင်ဟွား ပေကျင်းသို့ ပြန်သွားသည်။ ဖန်ကျစ်အဖွဲ့ကို မဖွဲ့ပြီးသေးခင် သူ့မှာ ဟော့မိသားစုနှင့် ဆက်လက် ဆက်ဆံရဦးမည်။
ကျန်းချီလင်နဲ့ ဖက်တီးတို့ သည်းခံနိုင်ပါစေ၊ သူဆင်းလာတဲ့အထိ တောင့်ခံနိုင်ပါစေလို့ ဆုတောင်းရင်း ငါးရက်အတွင်း အရာအားလုံးကို ပြီးမြောက်အောက် စီစဉ်ခဲ့သည်။ ထိုကြားထဲ ဝူရှဲ အပျင်းမကြီးရဲချေ။ ငါးရက်ကြာတော့ ရှောင်ဟွား၊ ဖန့်ကျစ်နဲ့ ဝူရှဲဟာ ပေကျင်း၊ ချောင်ရှား၊ ဟန်ကျိုးတို့ နေရာ အသီးသီးကနေ ကွမ်ရှီးကို လေယာဉ်နဲ့ ရောက်လာကာ တွေ့ဆုံခဲ့ကြသည်။
လေဆိပ်ရောက်တာနဲ့ ဖန့်ကျစ်က ခရီးသွားအဖွဲ့လိုက်လို ဝတ်ပြီး လူနှစ်ဆယ်လောက် ခေါ်လာတာ တွေ့ရသည်။ ဖန့်ကျစ်က ၎င်းပေါ်တွင် ရေးထားသော "တရုတ်လူငယ် ခရီးသွားဝန်ဆောင်မှု" ဟူသော အလံလေးကို ကိုင်ဆောင်ကာ နားကြပ်တပ်ထားလျက် ဝူရှဲကို လှမ်းပြုံးပြသည်။
မျှော်လင့်ထားသည့် အတိုင်း ရိုက်နှက်၍မရသော ဖန့်ကျစ်မှာ ငါးရက်ကြာသွားတာတောင် ဒဏ်ရာများ မပျောက်နိုင်ပေ။ သူ့မျက်နှာဟာ အရင်ကနှင့် လုံးဝ ခြားနားသွားသည်။ ရှောင်ဟွားနဲ့ ရှို့ရှို့က နှစ်ယောက်တည်း တစ်ဖက်မှာ ရှိနေကြကာ လူငယ်စုံတွဲလေးလိုပါပဲ။
ဝူရှဲကတော့ ဦးလေးသုံး မကြာခဏ ဝတ်ထားသည့် အဝတ်အစားကို ၀တ်ထားကာ တစ်ယောက်တည်း ရှိနေသည်။ ရုတ်တရက် အဲဒီလူတွေက ဝူရှဲရှေ့ကို ရောက်လာတဲ့အခါ ဖန့်ကျစ်က အမိန့်ပေးလိုက်သည်။
"သခင်သုံးလို့ခေါ်!"
'"သခင်သုံး!"
အရမ်းမိုက်တဲ့ မီနီဘတ်စ်ကြီး ရောက်လာသည်။ ဖန့်ကျစ်၊ ရှောင်ဟွားနဲ့ ဝူရှဲက ရှေ့ဆုံးမှာ ထိုင်လိုက်သည်။ ဖန့်ကျစ်က ကားပေါ်က လူတချို့နဲ့ ဝူရှဲကို မိတ်ဆက်ပေး၏။
ဖန့်ကျစ်အနားမှာ မရှိတဲ့အခါ ဒီလူတွေက သခင်သုံး သို့မဟုတ် ဝူရှဲရဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် လိုက်နာကြလိမ့်မည်။ အခုအချိန်မှာတော့ ဝူရှဲဟာ အနောက်ကလူတွေလို ရှုခင်းကြည့်တဲ့စိတ်နဲ့ ကားမှန်ဘက် ကြည့်မနေတော့ချေ။
"ခုနစ်နာရီ ကြာပြီးရင် ငါတို့ ပါးနိုင်ကိုရောက်မယ်... အားကွေ့ကို ဆက်သွယ်ထားပြီးပြီ ...ငါတို့ တောင်ပေါ်ကို ချက်ချင်း တက်လို့ရတယ်.... ဒါပေမဲ့ အခု ပြဿနာတက်နေပြီ။ အားလုံးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ် အထူးသဖြင့် သခင်သုံးပဲ!"
"ဘာ?"