(11) ချိုသဲ့ခေါင်မှ ဖိတ်ကြားခြင်း
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (11) 

ချိုသဲ့ခေါင်မှ ဖိတ်ကြားခြင်း 



"ချိုသဲ့ခေါင်ရဲ့ လူတွေက တစ်ရွာလုံးမှာ နေရာယူထားကြတယ်... သူတို့ဘက်မှာ ဘာမှ တိုးတက်ပုံ မပေါ်သေးဘူး...ငါတို့ဘက်က ထောက်ပံ့ကူညီတဲ့လူနဲ့ ထောက်ပံ့ပို့ဆောင်တဲ့ လူတွေ အများကြီး ရွာထဲမှာ အမြစ်တွယ်ထားပေးတယ်... သူတို့မှာ လူတွေ များတယ်.... သခင်သုံး လာမယ်ဆိုတာ သူတို့ သိတယ် ချိုသဲ့ခေါင်တောင် ရောက်နေပြီ... မင်းကိုတွေ့ချင်တယ်လို့လည်း ပြောတယ်"


ဖန့်ကျစ်က အဖွဲ့ကို အုပ်စုနှစ်စု ခွဲထားထားခဲ့သည်။ တစ်စုမှာ မြေပြင်ထဲ ဝင်သွားရန် အတွက်နှင့် အခြားတစ်ဖွဲ့က ထောက်ပံ့ရန် ဖြစ်သည်။ ဒီအချိန်မှာ လူတွေကို ကယ်တင်ရမယ့်နေရာက တောင်ပေါ်ရှိ နတ်ဆိုးရေကန်အနားမှာ ဖြစ်သည်။ 


ရွာနဲ့ ဝေးလွန်းတဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေးက အထူးအရေးကြီးလေသည်။ အရင်ဆို တောင်ကြီးသို့ သွားသည့်လမ်းတွင် သုံးရက်လောက် အချိန်ယူရတာ အခုတော့ ၃နာရီလောက်နဲ့ အရောက်သွားရမည်။ အဲဒါက ညဘက်အနားယူရန် အချိန်ကုန်သက်သာစေပြီး ရွာမှ နတ်ဆိုးရေကန်ဆီကို တစ်ရက်ထက်နည်းသော အထောက်အပံ့ကို တိုစေနိုင်သည်။


ဒီလိုနည်းနဲ့ ထောက်ပံ့သူဦးရေက ဆယ့်ငါးယောက် ရှိပြီး ရှို့ရှို့က တာဝန်ယူမည်။ ကျန်တဲ့လူကောင်းနှစ်ယောက်က ဝူရှဲတို့နောက်ကို လိုက်သွားလိမ့်မည်။ ရှောင်ဟွား၊ ဝူရှဲနဲ့ ဖန့်ကျစ်ကိုပါ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း လူငါးယောက်ရှိပါတယ်။ ဦးလေးသုံးရဲ့ အမျိုးသမီး၊ အစ်မယာကလည်း လူငါးဦးထဲတွင် ပါဝင်လာခဲ့သည်။


ဖန့်ကျစ်ကို သူဘာလို့ ဒီလိုစီစဉ်ရတာလဲလို့ မေးတော့ ဖန့်ကျစ်က ပြန်ဖြေသည်။ 


"အဲ့ကောင်မလေးကို လိုအပ်တယ်... သူက တကယ့်အရည်အချင်းရှိလို့ သခင်သုံးက သူ့ကို လေ့ကျင့်ပေးခဲ့တာ ထင်တယ်... သခင်သုံးက သူမနဲ့ အိပ်ခဲ့သလားတော့ မသိဘူး... သူ မင်းကိုတော့ သံသယဖြစ်နေပြီ ဒီလိုလူကို အနားမှာထားရတာ အလုံခြုံဆုံးပဲ..." 


"ဒါဆို ကျွန်တော်က တစ်ချိန်လုံး စိတ်ပူနေရမှာ မဟုတ်ဘူးလား"


"ငါတို့ဝင်ပြီးရင် လူခွဲသွားမှာ သေချာတယ်... သူမနဲ့ သခင်ဟွားက အဖွဲ့တစ်ဖွဲ့ထဲ ရှိမယ် အခု လူတွေကို ကယ်တင်ဖို့က အရေးကြီးတယ် ကယ်တင်နိုင်ရင် ဘာမဆိုလုပ်လို့ရတယ်... မင်း မကယ်နိုင်ရင် နေလို့ရတယ်...မင်းက သခင်သုံး မဟုတ်ဘူးလို့ ဟန်ဆောင်ဖို့ ဆန္ဒမရှိမှာကိုပဲ ကြောက်တာ” 


ဝူရှဲ ခေါင်းပဲ ညိတ်ပြခဲ့သည်။ အစကတော့ လူများလွန်းတယ်လို့ ထင်ခဲ့ပေမဲ့ အဲဒီအချက်ကို တွေးကြည့်လိုက်တော့ အခု လူတွေကို ကယ်ဆယ်ဖို့က အရေးကြီးသလို အတိုဆုံးအချိန်အတွင်း သူတို့ကို ကယ်တင်ဖို့က လိုအပ်နေပါသေးသည်။ အဲဒီလို နေရာမျိုးက အန္တရာယ်များ၏။ 


မဖြေရှင်းရသေးသော ရေကန်အောက်ခြေရှိ ရွာတွင် လျှို့ဝှက်ဆန်းကြယ်မှုများ အများအပြားလည်း ရှိသည်။


အကယ်၍ ကျန်းမိသားစု ရှေးဟောင်းအိမ်တော်သည် ရေကန်အောက်ခြေရှိ ကျောက်တုံးများပေါ်တွင် တည်ရှိနေပါက ထိုတောင်၏ အရွယ်အစားကလည်း အလွန်ရှုပ်ထွေးနေ​ပေမည်။ ကျန်းအိမ်တော်ထဲသို့ ဝင်ရလိမ့်မည်ဟု မှန်းဆရသဖြင့် ရှေ့တိုးရတာက အလွန်နှေးကွေးမှာ သေချာသည်။ ထောက်ပံ့ပို့ဆောင်မှု ကောင်းကောင်း ရှိမှသာ နောက်ဆုံး အရှက်မရမှာ ​ဖြစ်သည်။ 


အတူတူ သွားမယ့်သူတွေထဲမှာ ဝူရှဲမသိတဲ့လူက ကလေးတစ်ယောက်ပဲ ရှိသည်။ သူသည် အလွန်ပိန်လှီပြီး အသက် ဆယ့်ကိုးနှစ်သာ ရှိသေး၏။ နာမည်က ဖီပေါင်ဖြစ်ကာ နားအလွန်ကောင်းသဖြင့် ချောင်ရှားတွင် ထူးချွန်သော ကလေးတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ 


ဒီတစ်ခါတော့ လာမားအဖွဲ့ထဲမှာ သူ့ကို ကောက်ယူရတာက ဈေးအမြင့်ဆုံးပါပဲ။ သူဘယ်လိုလူလဲဆိုတာ အတိအကျသိဖို့ သူနဲ့ ပေါင်း​ကြည့်ဖို့ လိုမယ်ထင်ပါရဲ့။ ဖန့်ကျစ်ရဲ့ အဆိုအရ စျေးနှုန်းကြီးမြင့်သော သူများက ပေါင်းသင်းဆက်ဆံရန် ခက်ခဲသည်ဟု ဆိုသည်။


ဖန့်ကျစ်က ချိုသဲ့ခေါင်ကို သွားတွေ့ချင်တာလားလို့ မေးလာသည်။ အခု အားလုံးက ကမောက်ကမ ဖြစ်နေတဲ့အချိန်မို့ လူမှုရေးကိစ္စတွေ မတွေးသေးလို့ ငြင်းလိုက်သည်။ ဒီပြဇာတ်ကြီးထဲမှာ သူ့ဦးလေးရဲ့ မျက်နှာကို ရှုံ့မဲ့တဲ့အကြည့်​တွေနဲ့ ကြည့်ဖို့ စောင့်နေတဲ့ ဒီသရဲဟောင်းတွေက အဲဒီလူတွေထက် အဆပေါင်းများစွာ ထက်မြက်သည်။ 


သူသွားစရာ အကြောင်းမရှိပေ။ 


ဖန့်ကျစ် : "ဒါကတော့ မဟုတ်ဘူး ခေါင်းဖြူ နိုင်ငံခြားသားနဲ့ သခင်သုံးကြားက ဆက်ဆံရေးက အရင်က အရမ်းရှုပ်ထွေးတယ်... အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာကို ငါလည်း ရှင်းမပြနိုင်ဘူး သူ မင်းဆီ ရောက်လာရင် မင်း စမ်းကြည့်လို့ရတယ်... ."


ဒါအမှန်ပဲလို့ ကိုယ့်ကိုယ်ကို ပြောခဲ့ပေမယ့် ဒီမြေခွေးအိုကို စမ်းသပ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ဖို့ လိုပါ၏။ မျက်နှာသေနဲ့ ဖက်တီးတို့ရဲ့ ဘေးကင်းရေးကို တွေးနေတာကြောင့် ဒီအသေးအဖွဲ့ ​အရာတွေကို တွေးတောဖို့ အလျင်စလို လုပ်မနေချင်ပေ။ 


"မလောနဲ့...လူကယ်ပြီးရင်လည်း စမ်းသပ်ဖို့ အခွင့်အရေး ရှိဦးမှာပါ... အခု မြှားက ကြိုးတန်းပေါ် ရောက်နေပြီ... ကျွန်တော်တို့ ရောက်တာနဲ့ ခဏအနားယူမယ်... နောက်နေ့ ချက်ချင်း ထွက်ခွာမယ်...ရေကန်ရောက်မှ ဆက်ပြောကြတာပေါ့... သူလည်း အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး”


ဖန့်ကျစ်က ခေါင်းခါပြီး "အဲဒီလို မြေခွေးတစ်ကောင်ကိုတော့ ငါတို့ ရှောင်သင့်တယ်... ဒါပေမယ့် မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့ မင်းရဲ့ အကြံက မှန်ပါတယ်"


အစီအစဉ် ဆွဲကြစဥ် အမျိုးမျိုးသော အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးပြီးနောက် ခုနစ်နာရီကြာမျှ မျက်စိမှိတ်ပြီး အနားယူကာ ပါးနိုင်သို့ ရောက်ရှိလာခဲ့သည်။


ဝူရှဲ ဆင်းလာချိန်မှာတော့ အဲဒီသစ်သားအုတ်တံတိုင်းနဲ့ အိမ်တွေ၊ ရင်းနှီးတဲ့ အပူပိုင်းသစ်ပင်တွေနဲ့ တိုင်းရင်းသား ဝတ်စုံဝတ်ထားတဲ့ ရွာသူရွာသားတွေကို ပြန်မြင်ရလေသည်။ ဝူရှဲအတွက်က စီချွမ်းနဲ့ ချောင်ရှားကိုသွားရင်း တွေ့ကြုံခဲ့ရသမျှဟာ အားကွေ့ရဲ့အိမ်ကို ပြန်ရောက်တဲ့အခါ အိပ်မက်တစ်ခုလိုပါပဲ။


မျက်နှာသေနဲ့ ဖက်တီးက အဲဒီအိမ်ရှေ့မှာ သူ့ကို စောင့်နေတာကိုတောင် တွေ့နေရသည်။ 


ရာသီဥတုက အေးလာပေမယ့် ဒီမှာက ချောင်ရှားနဲ့ စီချွမ်းမှာထက်တော့ ပိုပူ​နေပါသေးသည်။ ဝူရှဲ အဝတ်တွေကို ကြယ်သီးဖြုတ်နေစဥ် ထိုအစ်မယာကြီးက ကြည့်နေတာတွေ့တော့ နှလုံးခုန်သံတွေ ကမောက်ကမ ဖြစ်ကုန်ပြီး အားကွေ့ကိုရှာဖို့ ထွက်လာရင်း ကြယ်သီးတွေ အကုန် ပြန်တပ်လိုက်သည်။ 


အားကွေ့က အရင်လိုပါပဲ။ အခုအချိန်မှာ ညက လုံးဝကို မှောင်နေတော့ အားကွေ့က စီးကရက်တစ်လိပ် ပေးလာသည်။ 


ဝူရှဲ: "နောက်ဆုံးတော့ ပြ​န်​ရောက်လာ​ပြန်ပြီ... ယွင်ချိုင်ရော?"


အားကွေ့က သူတို့ကို သူ့အိမ်ဆီ ခေါ်သွားနေရင်း ရုတ်တရက် ဝူရှဲကို အံ့အားသင့်စွာ ​ပြန်လှည့်ကြည့်လာသည်။ 


"သူဌေးက ဒီကို ရောက်ဖူးတာလား? ကျုပ်သမီးကို သိလား"


ဤတော့မှ သူဟာ ဝူရှဲ မဟုတ်တော့ဘူး ဆိုတာ သတိပြန်ဝင်သွား၏။ အားကွေ့ရဲ့ သူစိမ်းတစ်ယောက်လို ဖြစ်နေပြီဆိုတော့ ကြောင်တောင်တောင်လေးသာ ပြုံးပြလိုက်သည်။ 


"ငါအရင်က ဒီကိုရောက်ဖူးတယ်... အဲဒီတုန်းက ကျုပ် အရမ်းငယ်သေးတယ်... ခင်ဗျား သမီးကို ယွင်ချိုင်လို့ ခေါ်နေသံ ကြားလိုက်တယ်လေ"


အားကွေ့က ခေါင်းညိတ်ပြပြီး "အိုး... ကျုပ် အဲဒီနာမည်ကို တော်တော်များများ ခေါ်ဖူးပါတယ်... ခင်ဗျားကိုတော့ ကျွမ်းကျင်သူလို့ သတ်မှတ်လို့ရတော့မှာပဲ..."


ဝူရှဲလည်း အကြိမ်အနည်းငယ် ရယ်မောပြီး လူမိုက်အစ်မကို ကြည့်လိုက်တော့ သူမက သူ့ဆီ ကြည့်မနေချေ။ တခြားသူတွေကလည်း ကားထဲက ဆင်းလာပုံ မပေါ်သေး။ အစ်မယာက သူ့မိတ်ဆွေတွေကို ခရီးဆောင်အိတ်နဲ့ ပစ္စည်းတွေကို ယူလာခိုင်းနေသည်။ သူတို့အားလုံးက ရွာသားတွေရဲ့ အိမ်မှာပဲ တည်းရမှာ ဖြစ်သည်။ 


"ခင်ဗျားက ဒီအခန်းကိုပိုင်တယ်" 


အားကွေ့က သူ၊ မျက်နှာသေနဲ့ ဖက်တီးတို့ အရင်နေထိုင်တဲ့ သစ်သားအဆောက်အဦးကို ညွှန်ပြလေသည်။ ဝူရှဲ သက်ပြင်းချပြီး ကုလားကာကို လှမ်းဖွင့်လိုက်သော် အခန်းထဲမှာ သူနဲ့ရင်းနှီးပြီးသား လူတစ်ယောက်က သူ့ရှေ့မှာ ထွန်းညှိထားတဲ့ ဆီမီးခွက်လေးတစ်ခုနဲ့အတူ ကြမ်း​ပြင်ပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရသည်။ 


အဲဒါက နိုင်ငံခြားသားပါပဲ။ အရမ်းအသက်ကြီးတဲ့ နိုင်ငံခြားသားတစ်ယောက် ဖြစ်ကာ သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ ချိုသဲ့ခေါင်မှန်း တန်းမှတ်မိသည်။ 


“ကျေးဇူးပြုပြီး ထိုင်ပါဦး” 


နိုင်ငံခြားသားက သူ ဝင်လာတာကို မြင်တော့ နှုတ်ဆက်လာသည်။ 


“နောက်ဆုံးတော့ ပြန်ဆုံကြပြီနော်” 


ဝူရှဲမှာ အသက်ရှုကြပ်ပြီး ချွေးတွေ စိမ့်ထွက်လာတော့သည်။ ဒီကောင်ကြီးကို မရှောင်နိုင်ဘူးလို့ ထင်ခဲ့တာမှန်ပေမယ့် မျက်နှာချင်းဆိုင် တွေ့ရတာက အရမ်းမြန်နေသည်။ ဝူရှဲလည်း ဖန့်ကျစ်နဲ့ တခြားသူတွေ ဘယ်မှာရှိလဲဆိုပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။


ချိုသဲ့ခေါင်က ချက်ချင်းပဲ ဆက်ပြောလာသည်။ 


"သူငယ်ချင်းဟောင်းတွေ ဆုံတာကို အလောတကြီး ထွက်သွားစရာ မလိုပါဘူး... ခဏလောက် စကားစမြည်ပြောပြီးရင် ငါ ထွက်သွားမယ်... မင်းရဲ့ လက်အောက်ငယ်သားတွေကို မနှောင့်ယှက်ပါနဲ့"


ဖန့်ကျစ်ကို မတွေ့ရချေ။ တခြားကောင်တွေ အကုန်လုံးကလည်း ရယ်မောနေကြ၏။ ဝူရှဲ စိတ်ထဲမှာ ကျိန်ဆဲပြီး ထိုချိုသဲ့ခေါင်ကို လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချိုသဲ့ခေါင်ဘေးမှာ တစ်စုံတစ်ခု ချထားတာကို တွေ့လိုက်ရသည်။ 


ဓားတစ်လက်ပါပဲ။ ဒီဓားက မျက်နှာသေ ဒီကို မရောက်လာခင် ရှောင်ဟွားပေးခဲ့တဲ့ ရှေးဓားတစ်လက်ပဲ ဖြစ်သည်။ 


ဝူရှဲ နှလုံးခုန်သံတွေ ခုန်တက်သွားသည်။ ပထမဆုံး အတွေးက ဒီလောက်မြန်မြန်ကြီး ဓားကို ပျောက်သွားရလား ဆိုတာပါပဲ။ ဘယ်လောက်တောင် ဖြုန်းတီးပစ်လဲ။ ဒါပေမဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်။ ချိုသဲ့ခေါင်ရဲ့ စမ်းသပ်ခံလူများက ကျန်းအိမ်တော် တစ်ဖြစ်လည်း နတ်ဆိုးရဲတိုက်ထဲသို့ ဝင်နေပြီလား။ 


ချိုသဲ့ခေါင်သည် သူ့ရှေ့ကလူဟာ ရှေး​ဟောင်းဓားကို စိုက်ကြည့်နေတာ မြင်သောကြောင့် ရှေးဓားကို ဝူရှဲဘက်သို့ တွန်းထုတ်ကာ လက်တစ်ဖက်ဖြန့်၍ ဆိုလိုက်သည်။ 


"မင်းတို့ပစ္စည်း ဖြစ်မယ်... ငါ့လူတွေက မတော်တဆ ကောက်ယူလိုက်တာ အခုတော့ မူလပိုင်ရှင်တွေဆီ ပြန်ရောက်သွားပြီ...." 


"ဒါကို ဘယ်ကရလိုက်တာလဲ" 


ဝူရှဲလည်း စိတ်အေးအေးထားဟန် ဆောင်ပြီး လျှောက်လာရင်း ထိုင်ချလိုက်သည်။ သေချာ ကြည့်လိုက်တော့ ဒါဟာ မျက်နှာသေရဲ့ ဓားတစ်လက်ပဲ ဆိုတာ သေချာသွား၏။ ဒီဓားက အရမ်းလေးပေမယ့် သူ့မူလ အနက်ရောင်ဓားထက်တော့ မလေးချေ။ အခု ပိုလေးနေသေးတာက ဓားကို ရွှံ့တွေနဲ့ ဖုံးထားသလိုပင်။ 


"ဘာလို့ သိလျက်နဲ့ မေး​နေတာလဲ" ချိုသဲ့ခေါင်က ​​လက်ဖက်ရည်သောက်ရင်း ပြောနေသည်။ 


"ကံဆိုးချင်တော့ ငါ့လူတွေ သယ်လာရတဲ့ အလေးချိန်က များလွန်းတော့ အလောင်းကို မသယ်လာနိုင်ခဲ့ဘူး.... ဒီလို အန္တရာယ်ကြီးတဲ့ အလုပ်တွေလုပ်ပြီး အသုဘတောင် မတင်လိုက်ရတာ သနားလိုက်တာ... ဒါကိုတော့ တရုတ်တွေက ဂရုမစိုက်တတ်ပါဘူး ဟုတ်တယ်မလား ဒါက ငါဘယ်တုန်းကမှ မသင်ယူဖူးတဲ့ အားသာချက်တစ်ခုပဲ...." 


"အလောင်းလား... သူ သေပြီလား"


ဝူရှဲ လန့်သွားသည်။ 


"ဒီဓားကို အလောင်းတစ်လောင်းထဲကနေ နှုတ်ယူလိုက်တာတဲ့... ဒီဓားပိုင်ရှင်အကြောင်း ပြောရင်တော့ သူသေပြီထင်တယ်" ချိုသဲ့ခေါင်က အံ့သြတဲ့အမူအရာနဲ့။ 


"ဘာလဲ ဒီလူက အရမ်းအရေးကြီးလို့လား... မစ္စတာဝူ...မင်း ဒီအသုံးအနှုန်းကို မသေခင်မှာ ပြခဲပါတယ်"


ဝူရှဲကတော့ ဒီဓားကို ငုံ့ကြည့်ရင်း မျက်နှာသေကို မြင်နေမိသလို ခံစားနေရသည်။ လုံးဝ မဖြစ်နိုင်ဘူး။ 


မျက်နှာသေက ဘယ်လိုလုပ် သေနိုင်မှာလဲ။ မျက်နှာသေတောင် သေပြီဆိုရင် ဖက်တီးကရော အကောင်းအတိုင်း ရှိပါတော့မလား။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ မျက်နှာသေ နဲ့ သေခြင်းတရားဟာ ယှဥ်တွဲလို့မရချေ။ မြေအောက်လောကမှာ တခြားဘယ်သူမဆို သေသွားနိုင်ပေမယ့် မျက်နှာသေကတော့ သေချာပေါက် သေမှာမဟုတ်ဘူး။


ဝူရှဲ မှိန်းနေပြီးမှ ချက်ချင်းပဲ စိတ်ငြိမ်အောင် ထားလိုက်ပြီး ဓားကို သေသေချာချာ ကြည့်ကာ မေးလိုက်သည်။ 


“အဲဒီအလောင်းမှာ ထူးခြားချက်ရှိလား” 


ချိုသဲ့ခေါင်လည်း စိတ်ရှုပ်သွားသလိုဖြင့် ဝူရှဲကို ပြန်ကြည့်နေသည်။ သူသည် တရုတ်လူမျိုးများနှင့် ဝေးဝေးနေရန် ဤလေးနက်သောသဘောထားကို အသုံးပြုနေခြင်း ဖြစ်နိုင်သည်။ သူနဲ့ ဦးလေးသုံးဟာ အရင်က ဂိမ်းကို ကစားဖို့ ဆန်းပြားတဲ့ သဘောထားကို သုံးလာခဲ့ပေမယ့် အခုက ဦးလေးသုံး မဟုတ်ချေ။


ဝူရှဲဟာ သူနဲ့ ပူးပေါင်းမှာ မဟုတ်သလို သူ့မေးခွန်းအတွက် အဖြေကိုပဲ လိုချင်နေတာ ဖြစ်သည်။ 


သူက ဝူရှဲကို အံ့အားသင့်စွာ ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လက်တစ်ဖက်က လက်ဖက်ရည် တစ်ခွက်ကို လှမ်းယူသောက်ကာ ပြန်မေးလာခဲ့သည်။ 


"မင်းက တကယ် လူကြီးမင်းဝူလား ဒါမှမဟုတ် ငါမှတ်မိတာပဲ မှား​​​နေတာလား"


ဝူရှဲ ချက်ချင်း ခုန်ထကာ သူ့လည်ပင်းကို စောင့်ဆွဲလိုက်သည်။ 


"အပိုစကားတွေ ရပ်ပြီး ငါ့မေးခွန်းကိုပဲ ဖြေ!"


ချိုသဲ့ခေါင် အံ့သြသွားသည်။ တစ်ဆက်တည်း သူ့မျက်နှာကလည်း အုံ့မှိုင်းသွား၏။ 


"မင်းဘာဖြစ်နေတာလဲ ရူးနေတာလား? မင်းငါ့ကို အရမ်းရိုင်းတယ် မင်းရဲ့လျှို့ဝှက်ချက်ကို ငါထုတ်ဖော်ပစ်မှာကို မကြောက်ဘူးလား... ဝူစန်းရှင် မင်း အံ့သြဖို့ကောင်းလိုက်တာ....အရင်ကပုံစံ ဘယ်ရောက်သွားတာလဲ"


ဝူရှဲမှာ 'မင်းကို တရုတ်စကား ဘယ်သူသင်ပေးတာလဲ' လို့ ဒေါသတကြီး မေးပစ်လိုက်ချင်သည်။ ဒါပေမဲ့ တွေးကြည့်တော့ သူ့ကို ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့က မလိုအပ်ပေ။ ဝူရှဲခဏ စဉ်းစားပြီးတာနဲ့ သူ့ကိုလွှတ်လိုက်သည်။ 


"ငါ့မေးခွန်းကို အရင်ဖြေပါ ဒီကိစ္စက အသေးအဖွဲ့တော့ မဟုတ်ဘူး.... ဖြောင်းကျစ်တောင်မှာ ခင်ဗျား ဖြစ်ခဲ့တာကို မှတ်မိသေးလား... အဲဒါကို ထပ်လုပ်ချင်သေးတယ်ပေါ့?"


ချိုသဲ့ခေါင် ခဏလောက် အံ့အားသင့်သွားသည်။ သူက သူ့အဝတ်အစားကို သေသေသပ်သပ် ဖြစ်သွားအောင် ပြန်ပြင်ဆင်ရင်း မေးလာသည်။


"ဖြေပါ အဲဒီလူက ဘယ်လိုပုံစံမျိုးလဲ"


"ငါမသိဘူး.... ငါ့လက်အောက်ကလူ ယူလာတာ" 


"သူ့ကိုတွေ့ဖို့ ခေါ်သွားပေး... သူ့ကို လူချင်းမေးချင်တယ်..."


ချိုသဲ့ခေါင်က သူ့ကို မိနစ်အနည်းငယ်လောက် စိုက်ကြည့်နေသည်။ သူ့ရဲ့ စိုးရိမ်ပူပန်မှုဟာ အတုမဟုတ်မှန်း သိသွားတော့မှ ချက်ချင်း ထရပ်လိုက်သည်။ 


"ကောင်းပြီ ငါ့နောက်ကို လိုက်ခဲ့ပါ... ဒါပေမဲ့ သူ့အခြေအနေက အရမ်းဆိုးတယ် မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်"