DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (31)
သရဲတစ္ဆေအသွင်အပြင်
ကောင်းကင်ကြီး လုံးဝ မှောင်သွားပြီးနောက် လသည် တဖြည်းဖြည်း မြင့်တက်လာသည်။ ဝူရှဲ မှီစရာသစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့ပေမယ့် ပထမအကြိမ်တွင် စိတ်ထဲမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ လုံးလုံးလျားလျား လမ်းကြောင်းမှားနေတာလား။ လျှောက်ခဲ့တဲ့လမ်းက မှားနေသလား။ သစ်ပင်တွေပေါ် တက်ပြီး အခြေခံရာနိုင်တဲ့ နည်းကို မသင်ခဲ့ရတာ နောင်တရမိသည်။
"ဒါက ပထမနေ့ပဲ"
စိတ်ထဲမှာ ချက်ချင်း ပြောလိုက်မိသည်။ နောက်ပြီး မနေ့ညက ဖက်တီးလုပ်နိုင်မယ့် လုပ်ရပ်တွေကို တွေးနေမိတယ်။ သူ သတိလစ်သွားတာ တွေ့ပါက သူတစ်ယောက်တည်း ဘယ်တော့မှ ပြန်သွား၍ ဘာမှမဖြစ်သကဲ့သို့ လုပ်လိမ့်မည် မဟုတ်။ အဲဒီ ဝူရှဲအတုကိုလည်း လိုက်ဖမ်းလိမ့်မည် မဟုတ်ချေ။
အခု ဝူရှဲအတုနဲ့ မိမိတို့ နှစ်ယောက်လုံး မရှိတော့သောကြောင့် ဖက်တီးက မိမိဟာ ဝူရှဲအတုဆီက တိုက်ခိုက်ခံလိုက်ရကြောင်း ချက်ချင်း သဘောပေါက်လိမ့်မည်။ အဲဒီအချိန်မှာ သူက သေချာပေါက် ပြန်သွားပြီး တခြားသူတွေကို အကြောင်းကြားလိမ့်မည်။
မဟုတ်ဘူး၊ သူက တခြားသူကို အကြောင်းကြားမှာ မဟုတ်ဘူး။ သူ့ရဲ့စွမ်းဆောင်ရည်ကို ကြည့်ရင် အခုချိန်မှာ မိမိကလွဲလို့ ဘယ်သူ့ကိုမှ မယုံကြည်တော့ပါဘူး။ ဒါ့ပြင် သူပြန်သွားတဲ့အခါ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောလောက်ချေ။
ဖန်ကျစ်သာ ဒီမှာရှိနေရင် ဖန့်ကျစ်ကို အကြောင်းကြားနိုင်လောက်ပေမယ့် အခုချိန်မှာတော့ သူတစ်ယောက်တည်း အပြင်မှာ မိမိကို လိုက်ရှာမှာ သေချာသည်။
တကယ်လို့ သူသာ ဖက်တီးနေရာမှာ ဆိုရင် ဝူရှဲဟာ ဝူရှဲအတုဆီမှာ အဖမ်းခံလိုက်ရပြီလို့ တွေးမိလိမ့်မည်။ ဝူရှဲအတုက သူကို နိုင်ငံခြားသားအဖွဲ့ဆီ ပြန်ခေါ်သွားလိမ့်မယ် ဒါမှမဟုတ် သတ်ပစ်လိမ့်မယ်လို့ တွေးနေမည်။
ထိုအချိန်တွင် အခြေအနေပေါ် မူတည်၍ ဘယ်ဖြစ်နိုင်ခြေက ရာခိုင်နှုန်း ပိုများသလဲ စီရင်ဆုံးဖြတ်ပြီး တိုင်းတာမှု အစီအစဉ်တွေကို ပြုလုပ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ရှိနေပြီမလို့ အနီးအနားမှာ တစ်ယောက်တည်း လှုပ်ရှားနေဖို့ အခွင့်အလမ်း များသည်။
နောက်ထပ် ဖြစ်နိုင်ချေကိုလည်း လျစ်လျူရှုမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ကောင်လေးက မိမိကို တိုက်ခိုက်ပြီးတဲ့အခါ ဖက်တီးဆီကို ချောင်းမြောင်းရင်း သွားလိမ့်မယ်။ ဒါပေမဲ့ ဖက်တီးဟာ မိမိလို လွယ်လွယ်ကူကူ ခြုံခိုတိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်သည်။
ဖက်တီးဟာ မျက်လုံးကောင်းပေမယ့် လက်ရှိ အခြေအနေအရတော့ သူ့ကိုရှာဖို့ အော်ရုံသာ တတ်နိုင်သည်။ သူဟာ တစ်ညလုံး အော်နေလောက်ပေမယ့် မိမိနဲ့ အဲဒီလူက မတုံ့ပြန်ရင် ဘာလုပ်မလဲ။
အခုတော့ သဲလွန်စ ထပ်ရှာရန် နေ့အလင်းရောင်ကိုသာ စောင့်မျှော်နေရတော့မည်။ ဒီနေရာက အလွန်ကျယ်ဝန်းပြီး ရှာဖွေမှုမှာ တစ်ရက်အတွင်း ပြီးစီးနိုင်မည် မဟုတ်ပေ။ ဒါကို တွေးရင်းနဲ့ ကောင်းကင်မှာ လကို မော့ကြည့်လိုက်တော့ အင်းဆက်လေးတွေရဲ့ တေးဆိုသံကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့လေသည်။
သစ်ပင်တစ်ပင်ကို တွေ့ပြီး တောင်တက်ချင်ပေမယ့် အရမ်းခက်ခဲတဲ့အတွက် ချိုင့်ဝှမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ ဆက်တက်လိုက်တဲ့အခါ အဆုတ်ထိပ်ကနေ အသက်ရှူရတော့သည်။
"ဖက်တီး!"
အသံတစ်ခုနှင့်အတူ အင်းဆက်အားလုံး နီးပါး လန့်ဖြတ်ကုန်သည်။ တိုက်ဆိုင်မှု တစ်ခုဟု ထင်ရသည့် ဆန့်ကျင်ဘက် တောင်တန်းများတွင် ပဲ့တင်ထပ်ကာ ချိုင့်ထဲက ငှက်တစ်စု စတင် ပျံသန်းကုန်သည်။
ဝူရှဲ အနည်းငယ် အံ့သြသွားသော်လည်း ဂရုမစိုက်ဘဲ ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်သည်။ အကြိမ်အနည်းငယ် အော်ပြီး ရပ်ကာ အဖြေတစ်ခုခုအတွက် ဂရုတစိုက် နားထောင်နေခဲ့သည်။ ကံမကောင်းချင်တော့ အကြောင်းပြန်သံ မလာဘဲ လေတိုက်သံကိုသာ ကြားလိုက်ရ၏။
ဖက်တီးဘက်က အသံက အသံချဲ့စက် မပါတဲ့အတွက် သူ့ပဲ့တင်သံကို မိမိဘက်က မကြားနိုင်ဘူးလို့ ကိုယ့်ဘာသာကိုယ် တွေးပြီး လမ်းကြောင်းရှာဖို့ စဉ်းစားရတော့သည်။ ဝူရှဲမှာ ဓါတ်မီးမရှိလို့ လရောင်အောက်ကို ငုံ့ကြည့်လိုက်ပေမယ့် ဘာမှမမြင်ရချေ။
"ဖက်တီးလား?"
ဝူရှဲ ချက်ချင်း အော်လိုက်သည်။ ထိုစဥ် တစ်ဖက်ကနေ တစ်ဖက်ကို အမြန်ပြေးနေတဲ့ ချုံပုတ်သံတွေကို ကြားလိုက်ရ၏။
ဖက်တီးက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ပြေးနိုင်မှာလဲ။ ချုံပုတ်များအတွင်း လျင်မြန်စွာ လှုပ်ရှားနိုင်လျှင် သူသည် ဖက်တီးပုံစံ နင်ဂျာသာ ဖြစ်လိမ့်မည်ဟု တွေးကာ ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ အောက်ခြေမှာ တိရိစ္ဆာန်တစ်ကောင်ရှိရမယ်၊ ဆူညံသံကို ကြားရသလောက်ဆို မသေးငယ်ချေ။
တောင်တွေပေါ်က တောကျားသစ်လို တောကြောင်တွေ အကြောင်း တွေးမိလိုက်တော့ ပတ်ပတ်လည်က ကျောက်တုံးတွေကို ကိုင်လိုက်မိပြန်သည်။ ပစ်ပေါက်လိုက်တော့ ကျောက်တုံးက သစ်ပင်ကို ထိမှန်ပြီး အကြိမ်ပေါင်းများစွာ ခုန်ပေါက်သွားခဲ့ကာ ချုံပုတ်တွေကလည်း လှုပ်ခတ်နေရာမှ ရပ်သွား၏။
တောဝက်တစ်ကောင်လား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား။
ဝူရှဲ သက်ပြင်းချအသာရင်း တောင်ဆက်တက်ဖို့ သစ်ပင်ကြီးတစ်ပင်ကို ဆက်ရှာဖို့ ကြိုးစားလိုက်သည်။ ဒီလိုမှမဟုတ်ရင် ဒီညမှာ သားရဲနဲ့တွေ့ရဖို့က ဖြစ်နိုင်ခြေက အရမ်းများနေပြီ။ ဒီညတော့ ကောင်းကောင်း အနားယူရမှ ဖြစ်လိမ့်မည်။ မဟုတ်ရင် မနက်ဖြန် အသုံးမဝင်တဲ့လူ ဖြစ်သွားလိမ့်မည်။ နက်ဖြန်နေ့လည်အထိ သဲလွန်စမတွေ့ရင် ရေသောက်ဖို့ ဆင်းသွားရတဲ့ စမ်းချောင်းဆီကိုသာ ပြန်သွားရတော့မည်။
ထိုစမ်းချောင်းက ပါးနုင်ရွာဘေးရှိ စမ်းချောင်းထဲသို့ ဦးတည်သွားတဲ့ ချောင်း ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါ၏။
ပင်စည်ကိုကိုင်ပြီး ကုန်းစောင်းလေးပေါ်ကို တက်လိုက်သည်။ ခဏခဏ အော်ပြီးနောက် ပင်ပန်းလာတာကြောင့် အိပ်ချင်လာသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် မှုန်ဝါးနေသော လရောင်အောက်တွင် တစ်ခုခု ရှိနေသလိုမျိုး အမှောင်ထဲတွင် သစ်ပင်တိုလေးတစ်ပင်ကို တွေ့လိုက်ရသည်။
ဝူရှဲ ထိတ်လန့်သွားပြီး မတ်တပ် ထရပ်လိုက်မိ၏။ သေသေချာချာ ကြည့်လိုက်တော့ သစ်ပင်တစ်ပင်မဟုတ် လူမဟုတ်တဲ့ အရာကြီးမှန်း ရုတ်တရက် သိလိုက်ရသည်။
၎င်းက သရဲတစ္ဆေ တစ်ကောင်လို ပုခုံးများက လုံးလုံးလျားလျား ကျဆင်းနေသော ရုပ်သဏ္ဌာန် တစ်ခုဖြစ်သည်။ ၎င်းက အမှောင်ထဲတွင် မလှုပ်မယှက် ရပ်နေကာ အစောကတည်းက အဲဒီနေရာမှာ ရှိနေခဲ့တာလား မပြောနိုင်ပေ။
သူ့ကို ဖမ်းရမလား၊ လှည့်ထွက် ပြေးရမလားမသိ။ ဒါပေမဲ့ နှစ်ခုစလုံးကို အခုအချိန်မှာ မလုပ်နိုင်ဘူးဆိုတာ သိပါသေးသည်။ ဝူရှဲမှာ ရွေ့လျားနေတာကို ရပ်လိုက်ပြီး ၎င်းကိုကြည့်နေရုံပဲ တတ်နိုင်တော့၏။ အမှောင်ထဲမှာ ၎င်းက မလှုပ်ချေ။ ကျောပေးထားသလား မျက်နှာမူနေသလားတောင် မသိ။
၎င်းက သူ့ကို နောက်ကျောပေးထားရင် သူ့မျက်နှာက မလှုပ်မယှက် သစ်ပင်တစ်ပင်နဲ့ ဖိမိသွားလိမ့်မည်။ ဒါပေမဲ့ ပုံသဏ္ဌာန်က အတော်လေး ကြောက်စရာ ကောင်းနေသည်။ ဝူရှဲခမျာ ငဒူလေးပီပဖီ လက်ဖဝါးတွေက ချွေးတွေစထွက်လာသည်။ ခဏတာ ရပ်တန့်သွားပြီးနောက်မှာ ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ မတ်တပ်ရပ်နေတဲ့ ၎င်းက လူလုပ်ပုံမပေါ်တော့သလို ဖြစ်လာသည်။
ကြိမ်ဖန်များစွာ မှန်းဆကြည့်ပြီးနောကိ လမ်းလျှောက် သွားကြည့်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်သည်။ သူ မတုံ့ပြန်နိုင်ခင်မှာကဲ အရိပ်က ပျော့ပျောင်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ တောင်စောင်းရဲ့ အောက်ခြေဘက်ဆီ ရွေ့လျားနေပြီ။
"သူကငါ့ကို သူ့နောက်လိုက်စေချင်တာလား"
ဝူရှဲ စိတ်ရှုပ်နေသည်။ အရိပ်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်လိုက်သည်။
သူ့အတွက် မကောင်းရင်တော့ ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူးဟုသာ တွေးလိုက်ရသည်။ ၎င်းက တောထဲမှာ ဘာကြီးပဲဖြစ်ဖြစ် သူ့ကို သတ်ချင်ရင် သတ်သွားလို့ ရလောက်သည်လေ။ ဝူရှဲ သစ်ပင်ပင်စည်များကို ထောက်ကိုင်ရင်း သူနှင့်အတူ ရှေ့သို့ လျှောက်သွားခဲ့သည်။
လမ်းကို ဘယ်လောက်ကြာကြာ လျှောက်လှမ်းနေမိလဲတောင် မသိတော့ချေ။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ၎င်းက ရုတ်တရက် ရပ်သွားရာ ဝူရှဲလည်း ချက်ချင်းပင် သူနှင့် နီးကပ်စွာ မနေရဲတော့ဘဲ ရပ်ပစ်သည်။ ၎င်းရဲ့ အသွင်အပြင်နှင့် ပတ်သက်၍ စိတ်နှလုံး အောက်ခြေမှ ကြောက်ရွံ့မှု တစ်မျိုးကို တိတ်တဆိတ် ခံစားနေရတာကြောင့်သာ ဖြစ်သည်။
သေသေချာ မော့ကြည့်လိုက်တော့ အရှေ့ဘက်မှာ ကျောက်တုံး အကြီးကြီးတစ်ခု ရှိနေသည်။ အပေါ်ထပ်ကို မမြင်ရလောက်အောင် ကြီးမားလှတဲ့ လရောင်အောက်မှာ ဂူဝင်ပေါက်ကြီးတစ်ခု ပေါ်လာသည်။ ဂူထဲမှ မီးအလင်းရောင်က မှုန်မှိုင်းစွာ ထွက်ပေါ်နေ၏။
၎င်းကနောက်ပြန် လှည့်မကြည့်ဘဲ ဂူထဲကို ဝင်သွားသည်။ ဝူရှဲကတော့ ကျားတွင်းထဲကို မဝင်နိုင်ဘူးလို့ တွေးရင်း ခဏလောက် တုံ့ဆိုင်းသွားသည်။ ၎င်း ဂူထဲကိုဝင်ပြီးနောက် မိနစ်အနည်းငယ်ကြာတော့ မီးအလင်းရောင်က ပိုလင်းစပြုလာရာ မီးဘေးမှာ ထိုင်နေတဲ့ မူလအမှောင်ရိပ်က ရုတ်တရက် လင်းထိန်သွားသည်။
၎င်းဟာသူ့ရှေ့မှ နေရာကို ညွှန်ပြရင်း ဝူရှဲကို ထိုင်ခိုင်းနေသည်။ ဝူရှဲ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း နှလုံးခုန်သံတွေ မြန်လာ၏။
ဤလူတစ်ကိုယ်လုံးသည် အစတွင် ဖယောင်းတုံးကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားသလို ပုံစံကြီး ဖြစ်သည်။ အရေပြားအားလုံးက ပုပ်ပွကာ ထူးဆန်းစွာ အရည်ပျော်သွားပေမယ့် အရည်ပျော်မှု ဖြစ်စဉ်က လျင်မြန်စွာ ရပ်တန့်သွားပုံရကာ လူတစ်ကိုယ်လုံးက ဖယောင်းလူသားလို ဖြစ်သွားခဲ့သည်။
သူ့မှာ ပခုံးမရှိသလောက်ပင်။ သူ့ပူခုံးပေါ်ရှိ အသားအားလုံးကို သူ့ခန္ဓာကိုယ်နှင့် ပတ်ထားသောကြောင့် သူ့ပုခုံးအရိုးများကို ဖုံးအုပ်ထားသည့် ပါးလွှာသော အရေပြားမှတဆင့် အောက်ခံအဆစ်များကို မြင်နိုင်သည်။
သူ့မျက်နှာကလည်း လုံးဝ အရည်ပျော်သွားပြီ။ ဆံပင်တွေက အရမ်းရှည်ပြီး အားလုံးနီးပါး ဖြာချထားပေမယ့် သူ့မှာ မုတ်ဆိတ်မွေး မရှိတာကိုတော့ ဝူရှဲ သတိပြုမိသည်။ ဆံပင်က ဒီလောက်ရှည်ရင် မုတ်ဆိတ်ကလည်း အရမ်းရှည်နေသင့်ပေမယ့် ဒီလူရဲ့မျက်နှာမှာ မုတ်ဆိတ်မွေးကို မတွေ့ရချေ။
ဝူရှဲ နည်းနည်း စိတ်ရှုပ်သွားပြီး စိတ်မသက်မသာဖြစ်စေမယ့် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။
ဒါက အမျိုးသမီးဖြစ်နိုင်မလား?
သူ့အပေါ်ပိုင်းဟာ ဗလာဖြစ်နေပေမယ့် သူ့အပေါ်ပိုင်းကနေ ယောက်ျားလေးလား မိန်းကလေးလား မပြောနိုင်ချေ။ အဓိပ္ပာယ်မရှိလောက်အောင် ပျက်စီးနေပေမယ့် ယောက်ျားက ဒီလိုပုံစံဆိုရင် လက်ခံနိုင်သေး၏။ နောက်ဆုံးတော့ သူဟာ ဒီလိုဘဝမျိုးမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်နိုင်နေပြီ။
မိန်းကလေး ဖြစ်နေရင်တော့ ဘယ်လောက် သနားဖို့ကောင်းလိုက်မလဲ။
သူ့မျက်နှာပေါ်က အမွှေးအမျှင်တွေ ပျက်စီးနေတာ ဖြစ်နိုင်လို့ သူ့ဘောင်းဘီကို ကိုင်ကြည့်ချင်စိတ်တောင် ပေါ်လာသည်။
သူက ဘာမှပြန်မပြောဘဲ သစ်ကိုင်းတွေကို လက်နဲ့ကိုင်ပြီး တစ်ဖက်က အရွက်တွေကို မီးပုံထဲ ပစ်ချလိုက်ရာ မီးတောက်က တဖြည်းဖြည်း ပိုကြီးလာတော့သည်။ ဂူထဲမှာ တခြား အံ့သြစရာကောင်းတဲ့ အရာတွေလည်း ရှိနေတာကို ဖြည်းဖြည်းချင်း မြင်လိုက်ရ၏။