(32)ဂူထဲမှ လျှို့ဝှက်ချက်
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (32) 

ဂူထဲမှ လျှို့ဝှက်ချက်



၎င်းတို့သည် သစ်သားသေတ္တာ အဟောင်းများ၏ အစုအပုံများ ဖြစ်သည်။ အတွင်းဘက်တွင် ကောက်ရိုးအမြောက်အမြား ထိုးထည့်ထားကာ အားလုံးက ပုပ်ပွကာ မည်းတူးသွားကြပြီ။ အတွင်းဘက်တွင် မော်တာခွံများလို အင်္ဂတေများကို တွေ့နိုင်ပြီး အားလုံးက သံချေးတက်သွားပါပြီ။ 


တခြားတစ်ဖက်တွင် မော်တာများနှင့် သေနတ်များစွာကို သေသေသပ်သပ် စီထားထားသည်။


ရုတ်တရက် ဒီကောင်က သူတို့ကို ဗုံးခွဲခဲ့တဲ့သူလို့တောင် ထင်လာသည်။ 


“တော်တော်များများက အသုံးမကျ​ကြဘူး” 


ကောင်လေးက သူ့ကို လှည့်ကြည့်နေတာကို တွေ့လိုက်ရပါ၏။ သူ့အသံက သိပ်ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့် ယောက်ျားလား မိန်းမလား မပြောနိုင်သေးချေ။ 


ဝူရှဲ သူ့ကို လှည့်ကြည့်လိုက်တော့ ရေပူပူ ထည့်ထားတဲ့ စစ်ကြွေခွက်ကို ပေးလာသည်။ သူတကယ်သာ ထူးထူးဆန်းဆန်း အသံတွေ ထွက်လာရင် ဝူရှဲ လက်ခံနိုင်လိမ့်မည်။ ဒါပေမဲ့ အခု၎င်းက နားလည်လွယ်တဲ့ အသံကို တကယ် ထုတ်နိုင်တာ တွေ့ရတော့ ဝူရှဲ အံ့သြသွား၏။ နောက်ပိုင်းမှ သူကလည်း လူသားတစ်ဦးဖြစ်ကြောင်း နားလည်ခဲ့သည်။ 


သူ့ခန္ဓာကိုယ်သည် မသန်မစွမ်း ဖြစ်​နေသော်လည်း သူ့အသံမှာ နဂိုအတိုင်း ရှိနေဆဲပင်။ 


"မင်း?..." ဝူရှဲ ဘာပြောရမှန်းမသိ။


"ဝူစန်းရှင်... မင်းလည်း အသက်ကြီးနေပြီပဲ"


အဲဒီလူက ဝူရှဲကို ကြည့်ပြီး ပြုံးနေပုံရပေမယ့် သူ့မျက်နှာပေါ်က အမူအရာက အရမ်းထူးဆန်းနေသည်။ 


"မင်းအသက်ဘယ်လောက်ပဲရှိရှိ ငါနဲ့မတူတဲ့ လူတစ်ယောက်လို အကြည့်က အမြဲတမ်း ရှိနေတုန်းပဲ...." 


ဝူရှဲ ခဏလောက် ထိတ်လန့်မိသွားသည်။ ဤတော့မှ သူ ဦးလေးသုံးရဲ့ မျက်နှာဖုံးကို ၀တ်ထားတယ်ဆိုတာကို ရုတ်တရက် ပြန်သတိရသွား၏။ 


"မင်းငါ့ကိုသိလား?"


"အင်း အနှစ်သုံးဆယ်ရှိပြီလေ... ငါ အသက်ရှင်နေသေးမယ်လို့ မင်းလည်း မထင်ထားဘူးမလား"


"မင်းက?" 


ဘာလို့ သူ့ကို ဒီခေါ်လာတာလဲ။ သူ့တတိယဦးလေးကို သိရင် တောထဲမှာ ဘာလို့ ဒီပုံစံကြီး ဖြစ်သွားတာလဲ ဆိုတာတွေးရင်း ရုတ်တရက် အသံတိတ်သွားခဲ့သည်။ တီဗီမှာ မြင်ဖူးတဲ့ အတွေးတွေကို လျှောက်တွေးနေမိတာကြောင့် ဝူရှဲ ချက်ချင်း ခေါင်းခါပြီး ရှင်းပစ်လိုက်တာတော့သည်။


ဒီလူ သူ့​ကို မြင်တဲ့အခါကလည်း ဝူစန်းရှင် ဒီကိုရောက်လာမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးလောက်ချေ။ ဒီလူသူ့ကို ခေါ်လာတယ် ဆိုတာကလည်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖို့ ဖြစ်နိုင်သည်။ 


ဒါပေမဲ့ ဒီလူဟာ တစ်ချိန်က သူတို့ကို မော်တာနဲ့ ဗုံးခွဲခဲ့တယ်ဆိုတာ ခန့်မှန်းကြည့်နေမိသည်။ ဝူရှဲ မသေချာပေမယ့် အဲဒီအရာတွေကို အညှာအတာမဲ့စွာ လုပ်ခဲ့တဲ့သူဟာ လူတစ်ယောက်ကို သတ်ရမှာကို ကြောက်တဲ့သူတစ်ယောက်လည်း မဟုတ်နိုင်ချေ။ 


ဒီလူနဲ့ ဦးလေးသုံးကြားမှာ ဒေါသတကြီး မှားထားတာ​တွေရှိရင် သူလည်း အသတ်ခံရလိမ့်မည်။ ပြီးတော့ သူ့ဘောင်းဘီထဲမှာ ဖောင်းပွနေတာကို ကြည့်ရင် အဲဒီထဲမှာ တစ်ခုခုရှိနေတာ သေချာသည်။ 


ဟန်ဆောင်ပြီး တွေးကြည့်တော့ နည်းနည်း အံ့သြသွားမိသည်။ "မင်းက...." လို့ သံရှည်ဆွဲရင်း အမူအရာကို ငြိမ်သက်သွားအောင် ထားလိုက်သည်။ 


"မင်းဘာလို့ဒီလိုပုံ ဖြစ်လာတာလဲ"


"မင်း မခန့်မှန်းနိုင်ဘူးလား" ထိုသူက ရေတစ်ငုံယူပြီး ရုတ်တရက် ပြန်မေးလာသည်။ 


"အခု မင်းဘယ်ဘက်ကလဲ"


ဘာလဲ? ဒီစကားက ဘာကိုဆိုလိုတာလဲ။


စိတ်ထဲမှာတော့ ပါးစပ်ကို ပိတ်ရိုက်ချင်နေသည်။ ဒီစကားဝိုင်းက အလွန်ရင်ခုန်စရာ ကောင်းသလို အချက်အလက် များစွာလည်း ပါနေသောကြောင့် စကားစမြည် ပြောမည့်သူသည် ဘယ်လိုမေးခွန်းမျိုး ဆက်မေးနေမလဲ စဥ်းစားထားရမည်။ 


"မင်းဘက်က..." 


ဝူရှဲ စဉ်းစားပြီး ဒါက အလုံခြုံဆုံးအဖြေပဲလို့ ခံစားရလေ၏။ 


မထင်မှတ်ပဲ ဝူရှဲ ပြောပြီးတာနဲ့ သူက ထူးထူးခြားခြား ရယ်တော့သည်။ 


"ဝူစန်းရှင် မင်းက ငါ့ဘက်မှာ ရပ်နေမှာလား... အပြင်မှာ ဘာဖြစ်နေတာလဲ မင်းကို ဒီလိုဖြစ်အောင် ဘယ်သူ လုပ်လိုက်တာလဲ"


ဝူရှဲ လက်လျှော့လိုက်ပြီး။ 


"အချိန်တွေပြောင်းသွားပြီ"


"ဒါဆို ဒီအရာတွေအားလုံးကို ကမ္ဘာပေါ်မှာ ဘယ်သူမှ မသိသင့်ဘူးလို့ မင်း သဘောတူလား"


"မဖြစ်နိုင်ဘူး..."


ထိူလူက ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားတာကြောင့် လေထုကြီးက တိတ်ဆိတ် ငြိမ်သက်သွားသည်။


"ငါသူတို့ကို မသတ်ခဲ့ဘူး... ဒီအဆောက်အဦးထဲဝင်ရင် သေသွားလိမ့်မယ်... ဒီနတ်ဆိုး အဆောက်အဦးမှာ သေမယ့်အစား ငါ့လက်ထဲမှာ ချမ်းချမ်းသာသာနဲ့ သေသွားရတာကမှ ပိုကောင်းဦးမယ်... အဲ့ကျရင် အဲဒီအဆောက်အဦးမှာ လူမသေနိုင်တော့ဘူး... လူများများသေရင် ပစ္စည်း​တွေ ပြည့်သွားလိမ့်မယ်"


ဝူရှဲ တွင်းထဲကို ကြည့်လိုက်တော့ မီးတောက်နဲ့ မီတာအနည်းငယ်ပဲ ဝေးတဲ့ နေရာမှာ အလောင်းရှိလေသည်။ အလောင်းတွေကို တွင်းတူးပြီး မြှုပ်ထားသင့်တာကို ဒီလူက မလုပ်ခဲ့ပေ။ 


ဒီလူက ဒီအပုပ်ကောင်​တွေကို ထိုင်ကြည့်ရတာကို ကြိုက်နေတာလား။ ရူးနေတာလား။ 


သူသည် ဝူရှဲနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေခဲ့ပြီး ယခုအခါ နောက်ခံအလင်းက သူ့အား သရဲတစ္ဆေအသွင်အဖြစ်သို့ ပြောင်းလဲသွားစေပြန်သည်။ 


"ဗိုက်ပြည့်နေပြီ... ဘယ်သူမှ မလုပ်နိုင်တော့ဘူးလေ..."


ဝူရှဲ ထိုစကားကို နားမလည်ချေ။ တွင်းရဲ့အောက်ခြေမှာ တခြားတစ်ခုခု ရှိနေသလိုမျိုး တွင်းအောက်ခြေကနေ ထူးဆန်းတဲ့ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။


ဘာလဲ? 


ဒီနေရာက တောရိုင်းတိရစ္ဆာန်အချို့ကို အလောင်းကောင်တွေ ဖြစ်ကုန်တာတောင် မပုပ်ဘဲ အသံထွက်စေနိုင်တဲ့ အစွမ်းတစ်ခုခု ရှိနေတာလား။ 


မီးရောင်က အဝေးကြီးကို မရောက်နိုင်တာကြောင့် တွင်းအောက်ခြေက ပို၍ မည်းမှောင်လာသည်။ ထိုစဥ် ဦးခေါင်းခွံများစွာင အမှောင်ထုထဲမှ လှိမ့်ထွက်လာ၏။  


"အဲဒီမှာ ဘာရှိလဲ" 


ဝူရှဲ မေးလို့ မပြီးခင်မှာပဲ အမှောင်ထဲကနေ တစ်ခုခု လှိမ့်ထွက်နေတာကို ကြည့်ရင်း စကားမပြောနိုင်တော့ချေ။ ထွက်လာတဲ့ အရာက ဖက်တီးပဲ ဖြစ်ကာ ဖက်တီးသည် အဝတ်ဗလာဖြင့် အချွတ်ခံထားရကာ လက်ခြေတို့ကိုလည်း တင်းတင်းကြပ်ကြပ် ချည်နှောင်လျက် ပါးစပ်ကို အဝတ်ဖြင့် အပိတ်ခံထားရသည်။ 


"သူကဘာလို့ ဒီမှာရှိနေတာလဲ!!"


"သူ့ကို ရွာနားမှာ တွေ့တာ... သူက မင်းလူထဲက တစ်ယောက်မလား... ငါ သူ့ကို မသတ်ထားပါဘူး... သူဒီမှာ နေ့ခင်းဘက်တုန်းက မင်းကို လိုက်ရှာနေတာ တွေ့တယ်"


"မြန်မြန် လွှတ်ပေးလိုက်!" 


ထိုလူသည် ခါးမှ ဓားငယ်တစ်ချောင်းကို ထုတ်၍ တွင်းထဲသို့ ပစ်ချပေးလိုက်သည်။ ဖက်တီးက ချက်ချင်းပင် လှိမ့်ကာ ဓားကို နောက်ပြန်ဆွဲယူပြီး ကြိုးကို အမြန်ဖြတ်သည်။ ပါးစပ်ထဲမှ အဝတ်ကို ဆွဲထုတ်ကာ ခန္ဓာကိုယ်ကို ခါယမ်းရင်း တွင်းထဲသို့ ပြေးသွားခဲ့သည်။


ဝူရှဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သရဲတစ္ဆေရုပ်သည် ဖက်တီးဆီက လုယူထားသော ရှောင်တင်းတန်းလေးကို အနောက်မှထုတ်ကာ ဖက်တီးကို ချိန်ထားလိုက်ရာ ဝူရှဲလည်း ချက်ချင်းဆိုသလို ပျာယာခတ်သွားသည်။ 


"ကိုယ့်လူချင်းတွေ..." 


ဖက်တီး: "ငါတို့အထဲက တစ်ယောက်လား? သခင်သုံး ခင်ဗျားမှာ အဆက်အသွယ် အရမ်းများနေတာပဲ.... ခင်ဗျား ဂြိုလ်သားတွေနဲ့ပါ စီးပွားရှာနေတာလား?" 


"ဇာတ်လမ်းက ရှည်တယ်... ပြောလိုက်ရင် အရှည်ကြီး ဖြစ်သွားလိမ့်မယ်..."


ဝူရှဲ ဖက်တီးကို မျက်နှာအမူအရာ တစ်ချက် ပြလိုက်သည်။ ဖက်တီးက သူ မည်သူမည်ဝါဖြစ်ကြောင်း သိပါ၏။ နောက်ဆုံးတော့ ငြိမ်သက်မသွားခင် ရွှံ့ထဲမှာ အကြိမ်ပေါင်း တစ်ဒါဇင်လောက် ကျိန်ဆဲပြီးမှ အပေါ်ကို လှမ်းအော်ပြောလာသည်။ 


"ခွေးမသားကောင်ကြီး ငါ့အဝတ်တွေ ဘယ်မှာလဲ??"


တစ္ဆေသရဲက ပြန်လှည့်သွားကာ ရှုပ်ပွနေတဲ့အဝတ်အစားတချို့ကို ရှာယူကာ တွင်းထဲကို ပစ်ချပေးလိုက်သည်။ ဖက်တီးလည်း သူ့ကိုယ်သူ ရွှံ့နဲ့ဖုံးပြီး ဝူရှဲကို လှမ်းဆွဲလေ၏။ 


“ဘာဖြစ်ကုန်တာလဲ” 


ဝူရှဲလည်း ပါးစပ်လှုပ်ကာ: "မသိဘူး... မမေးနဲ့"


လူထွားကြီးသည် တစ္ဆေလူသားအား ဆူပူကြိမ်းမောင်းရင်း "နတ်ဆိုးကောင်... ငါက အမိုက်စားလမ်းမှာ ကောင်းကောင်း လျှောက်နေတာကို မင်းငါ့ကို ခိုးဝင်တိုက်ခိုက်တယ်... မင်းသတ္တိရှိရင် ငါနဲ့ တစ်ယောက်ချင်း ချမလား?"


သရဲတစ္ဆေက သူ့ကို လျစ်လျူရှုပြီး 


“မင်း ငါ့ဘက်မှာ ရှိနေပြီဆို​ပြီးတော့ မင်းဘာလို့ ဒီကိုလာနေတာလဲ” 


ဝူရှဲ ထိုင်ချလိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို တွေးကြည့်ရင်း ပြောလိုက်သည်။ သူ့တူလေးရဲ့ သူငယ်ချင်းက ကျန်းအိမ်တော် ရှေးဟောင်း အဆောက်အအုံထဲမှာ ပိတ်မိနေပြီး သူ့ကို ကယ်တင်ရတော့မယ် ဆိုပြီး ကြမ်းတမ်းတဲ့ အတွေးတစ်ခုနဲ့ ပြောပြလိုက်၏။


"အဲဒီလူအုပ်စုက မင်းနဲ့ သက်ဆိုင်သလား"


ဝူရှဲ ခေါင်းညိတ်လိုက်သည်။


"သူတို့ကို တွေ့ဖူးလား"


“သူတို့ထဲက တစ်ယောက်က သူ့ခန္ဓာကိုယ်ပေါ်မှာ ဓားတစ်ချောင်း သယ်ထားတဲ့ လူငယ်တစ်ယောက်မလား..." 


ဝူရှဲ ချက်ချင်း ခေါင်းညိတ်ပြီး "ဟုတ်တယ်"


တစ္ဆေအရိပ်: “သူတို့သေပြီးပြီ... သူတို့...အဲဒီအဆောက်အအုံထဲ ဝင်သွားပြီ ဆိုကတည်းက ဒီလောကထဲမှာ မရှိကြတော့ဘူး...." 


ဝူရှဲ ရွှံ့တွေကို ပွတ်နေတဲ့ ဖက်တီးက ကြည့်လိုက်တော့ ဖက်တီးက သူ့စတိုင်အတိုင်း လုံးဝ နားမထောင်ဘဲ ကျိန်ဆဲနေခဲ့သည်။ 


“မဖြစ်နိုင်ဘူး... ငါ သူတို့ကို မြင်တယ် သူတို့ အသက်ရှင်နေသေးတယ်…”


"မင်း မယုံဘူးလား" တစ္ဆေအရိပ်ကြီးက ရေတစ်ငုံသောက်လိုက်ပြီး။ 


"မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့... ဒီနေရာနဲ့ပတ်သတ်တဲ့ အမှန်တရားကို ငါပြမယ်"