DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (36)
ရှေးခေတ် အဆောက်အဦးထဲကို ယူဆောင်လာတဲ့ လျှို့ဝှက်ဆန်းကြယ်မှု
သူ ဝူရှဲကို လှမ်းကြည့်လိုက်တဲ့အခါ လေထုကလည်း အလွန်တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ ဝူရှဲ ရင်ထဲမှာတော့ တင်းမာမှုတွေက ပိုပြင်းထန်လာပြီး မကြာခင်မှာပဲ နဖူးပေါ်က အရွတ်တွေကတောင် ခုန်တက်လာသလို ခံစားလိုက်ရသည်။
"မသိဘူး"
တစ္ဆေလူသားက အကြာကြီး နှုတ်ဆိတ်နေပြီးနောက် နောက်ဆုံးမှာတော့ ပြန်ဖြေလာသည်။
ဝူရှဲ ချက်ချင်း သက်ပြင်းချရင်း တစ်ချိန်တည်းမှာပဲ စိတ်ကြွဆေးပြားတွေနဲ့ ဝါးစားလိုက်ရသလို ခေါင်းထဲအတွေးတစ်ခု ဝင်လာခဲ့လေသည်။
ထိုလူရဲ့တုံ့ပြန်ကနေ အရာနှစ်ခုကို ပြသသွားသည်။ ပထမအချက်မှာ ဖီပေါင်သည် စစ်မှန်သော ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ရည်ရွယ်ချက်သည် ရှေးဟောင်း သုတေသနလုပ်ဖို့ မဟုတ်ကြောင်း မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ မိမိမေးခွန်းက သူ့သံသယကို မနှိုးဆွခဲ့ပါက နောက်ဆက်တွဲ မေးခွန်းများက ပို၍ လုံခြုံလာပေလိမ့်မည်။
"မင်းမသိဘူးလား မင်းမသိဘူး ဆိုတာကတော့ မဖြစ်နိုင်ဘူး"
တစ္ဆေလူသား: "ငါတို့အားလုံး လှည့်စားခံရလိုက်ရတာ... အလွှာတွေက တစ်ခုပြီးတစ်ခု လျှို့ဝှက်ထားတာ သိတဲ့လူကလည်း သုံးယောက်ထက် မပိုဘူး... ငါတို့သာသိထားရင် ငါလည်းဒီလို ဖြစ်မှာ မဟုတ်ဘူး... မင်းတို့ကို ချန်ချင်းအဖွဲ့က ဒီကိစ္စ ရှင်းမပြခဲ့ဘူးလား?"
"ဟုတ်တယ်"
ဝူရှဲ စိတ်ထဲမှာတော့ စီရင်ချက်တွေ ချနေခဲ့သည်။ ဒီလူက "ချန်ချင်းအဖွဲ့" အကြောင်းကို ပြောနေတာကြောင့် ဦးလေးသုံး အဖွဲ့ထဲကလူ မဟုတ်တော့ပေ။ ဝူရှဲ စကားလုံးကို ကြားဖူးကာ ဘယ်လိုရေးရမှန်း မသိပေမယ့် အဲဒါက ဂိုဏ်းတစ်ခုပဲ ဖြစ်မယ်လို့ ထင်၏။
"ငါတို့သိထားတာကလည်း မင်းတို့လောက် မများဘူး!"
တစ္ဆေလူသား: "အဲဒါကို အချိန်အတော်ကြာတဲ့အထိ လုပ်ဆောင်ပြီးကြတာတောင် ဒါက ဘာအတွက်လဲဆိုတာ ဘယ်သူမှ မသိကြသေးဘူးကိုး"
“ဒါပေမယ့် မကြာခင် သိရတော့မှာပါ”
ဝူရှဲ ပြောပြီးနောက် ဒီလူ သူတို့ကို ဘယ်လို ဆက်ဆံမလဲ ဆိုတာ စမ်းသပ်ကြည့်ချင်လာသည်။ သူက ရယ်စရာမရှိသလောက် အသံအနည်းငယ်ကို ထုတ်လိုက်ပြီး ဝူရှဲစကားကို ပြန်မဖြေတော့ဘဲ မေးခွန်းတစ်ခုသာ ပြန်ထုတ်လိုက်သည်။
“အဲဒီတုန်းက ရလဒ်ကို မင်း ကြိုတွက်ထားတာလား အဲဒါကြောင့် မင်း ငါတို့နဲ့ မပူးပေါင်းတာပေါ့လေ”
ဝူရှဲ: “ဒီလိုမျိုး ရလဒ်ကို မျှော်လင့်ထားဖို့ လိုသေးလို့လား”
"ဒါဆို မင်းရဲ့လူတွေကို ဒီကိစ္စမှာ ဘာကြောင့် ပါဝင်စေချင်သေးတာလဲ... မင်းဒီမှာ လုံးဝမနေသင့်ဘူး အဓိပ္ပာယ်မရှိဘူး အထက်လူကြီးတွေက မင်းကို ဂရုမစိုက်တော့ဘူးလို့ ပြောတယ်မလား...အဲ့တော့ မင်း ဒီနေရာကို ထပ်မလာသင့်ဘူး"
"ကိစ္စတွေက တခြားနည်းလမ်းတွေနဲ့ ပြောင်းလဲသွားတယ်"
တစ္ဆေလူသား: "အဲဒီနိုင်ငံခြားသားတွေကြောင့်လား"
ဝူရှဲ အဲဒါကို စဉ်းစားခဲ့ပေမယ့် ဘာဖြစ်နေလဲဆိုတာ တကယ်ကို မရှင်းပြနိုင်ခဲ့ပါဘူး။ သူ ပါးနိုင်ကို လာရတဲ့ ရည်ရွယ်ချက်က မျက်နှာသေကြောင့်ပင်။ ပြဿနာက ဒီလောက်များသွားမယ်လို့ မမျှော်လင့်ထားပါဘူး။
"တကယ်တော့ လူတစ်ယောက်အတွက် လာတာ.... ကျန်းချီလင်!"
ဝူရှဲ မျက်နှာသေရဲ့ နာမည်ကို ပြောပြီး သူ့တုံ့ပြန်မှုကို ကြည့်နေစဥ် ရုတ်တရက် တစ်ဖက်လူက ခေါင်းယမ်းလာသည်။
"မဖြစ်နိုင်ပါဘူး မင်း နောက်နေတာ!"
"မဖြစ်နိုင်တာက ဘာလဲ?"
"မင်းငါ့ကြောင့် ဒီကိုပြန်လာတာလား"
ဝူရှဲ ခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် မိုးကြိုးပစ်ခံရသလိုပဲ တစ်ကိုယ်လုံး တုန်သွား၏။ သူ့ရှေ့ကလူကို ကြည့်ရင်း ပထမဆုံး တုံ့ပြန်ချင်ကတော့ ချက်ချင်း ထွက်ပြေးပြီး ခုန်ချဖို့ ချောက်ကမ်းပါးကို ရှာချင်တာပါပဲ။
ထိုအချိန်တွင် သူတကယ်ကြီး ချက်ချင်းပင် ပြိုကျလုနီးပါး အခြေအနေတွင် ရှိနေသည်။
ထိုအခိုက်။ တစ်ကမ္ဘာလုံးက အစစ်အမှန် မဟုတ်တော့ဘူးလို့တောင် ခံစားလာခဲ့ရသည်။ ကံကောင်းထောက်မစွာနဲ့ ဖက်တီးက သူ့ကို အချိန်မီ ပုတ်ပြီး ပြောလာသည်။
"သခင်သုံး... စိတ်အေးအေးထားပါ"
တစ္ဆေလူသား: "ဘာလဲ... ငါမှားလို့လား"
"ကျုပ်က သခင်သုံးကို ခင်ဗျားနဲ့ ဟာသတွေမပြောဖို့ သတိပေးနေတာ!"
ဖက်တီးက ပြောပြီး ဝူရှဲလက်မောင်းကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ကာ အိပ်မက်ဆိုးမှ ပြန်ရုန်းထလာစေခဲ့သည်။ ဝူရှဲလည်း စိတ်ထဲမှာ တုန်လှုပ်ချောက်ချားမှုကို ဖုံးကွယ်ဖို့ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ အခုက ကြားခဲ့တာက မှန်သလားတော့ မသေချာတော့တာမို့ စကားပြန်စလိုက်သည်။
"မင်းနာမည်ကို မှတ်မိနေသားပဲ... ငါကတော့ မေ့သွားပြီထင်တယ်"
တစ္ဆေလူသား: "ငါတို့မှာနာမည် မရှိဘူး.... မင်းတို့ရဲ့ 'ချန်ချင်းအဖွဲ့' နဲ့ မတူဘဲ ငါတို့မှာ အတိတ် ဒါမှမဟုတ် အနာဂတ်ဆိုတာ မရှိဘူး... ဒီတော့ ငါဒီမှာရှိနေတာက ပိုကောင်းမယ်ထင်တယ် ငါဒီလိုဖြစ်လာတာ သနားစရာတော့ ကောင်းတယ် ဒါပေမယ့် အဲဒါကို တွေးကြည့်တော့လည်း အဆင်ပြေသားပဲ... ပြောပါဦး မင်းဒီကိစ္စမှာ ဘာအကြောင်းကြောင့် ပါဝင်ပတ်သက်နေသေးတာလဲ?"
ဝူရှဲ အသက်ပြင်းပြင်း ရှူပြီး တွေးလိုက်မိပါတာက သူတို့ စကားဆက်မပြောနိုင်တော့ပေ။ အခုအချိန်မှာ ဒီလူကို အပြေးအလွှား ကန်ထုတ်ချင်စိတ်သာ ရှိ၏။ အဆုံးမဲ့ မေးခွန်းတွေကို မေးရင်း သူ့မျက်နှာကို တိုက်ရိုက် ပစ်ပေါက်ချင်သည်။ ကျားချေးနဲ့ ငရုတ်ကောင်းရေကို သုံးရသုံးရ ဘယ်လိုနည်းနဲ့မဆို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းကို သုံးပြီး လျှို့ဝှက်ချက် အားလုံးကို ပြောပြစေချင်သည်။
ဒါပေမဲ့ မတတ်နိုင်ပါ။ ဖက်တီးပြောတာ မှန်တယ်၊ သူ စိတ်တည်ငြိမ်ရမယ်။ ဒီလိုမှမဟုတ်ရင် အရင်ခေတ်တွေလိုသာ ဖြစ်သွားနိုင်ပြီး ဘာမှမရတော့ဘဲ ဖြစ်သွားမည်။
ဖက်တီး: "ကျုပ်တို့က တကယ် ကျန်းချီလင်အတွက် ရောက်လာတာ ခင်ဗျား မဟုတ်ဘူး... ကျန်းချီလင်လို့ခေါ်တဲ့ တခြားတစ်ယောက်... "
.
ဖက်တီးက ပြောရင်း ဝူရှဲဘေးတွင် လာရပ်သည်။ သူ ပြောလိုက်တာနဲ့ ဝူရှဲလည်း အံ့သြသွား၏။ ဒါပေမဲ့ ဖက်တီး ပြောသွားတာက သိပ်ကောင်းသည်။ ပြဿနာကို ခွဲခြမ်းစိတ်ဖြာခွင့်ပေးလိုက်သလိုပဲ သူ့နှလုံးသားထဲမှာ အချက်အလက်တွေ အများကြီး ထပ်ထည့်ပေးလိုက်လေသည်။
မထင်မှတ်ပဲ တစ္ဆေလူသားက မအံ့သြသွားပေ။
"အိုး... နောက်တစ်ယောက် ရှာတွေ့သွားကြပြီလား"
ဝူရှဲ တိတ်ဆိတ်နေပြီး စိတ်ထဲမှာတော့ - "များများပြောပါ များများပြောစမ်းပါ... များများသတိရလိုက်!" ဆုတောင်းနေခဲ့သည်။
သူက ခေတ္တရပ်လိုက်ပြီး "ဒီနာမည်ရဲ့ အဓိပ္ပာယ်ကို ငါမသိဘူး... ကျန်းချီလင် လို့ ခေါ်တဲ့ လူတွေအများကြီးကို နိုင်ငံတစ်ဝှမ်းလုံးမှာ ရှာဖွေခဲ့ကြတယ်...ဒါပေမဲ့ နောက်ဆုံးတော့ ငါတစ်ယောက်ထဲပဲ ကျန်ခဲ့တယ်... ဒီအစီအစဉ်က 'အဲ့လူ' သေပြီးတာတောင် ဆက်သွားနေပုံရတယ်"
ဝူရှဲ ခဏလောက် စဉ်းစားကြည့်လိုက်သည်။ ကျောက်တုံးကြီး တစ်တုံးက သူထင်ထားသလို မဟုတ်နေချေ။ သူတို့အဖွဲ့အစည်းက နိုင်ငံတစ်ဝှမ်းမှာ ကျန်းချီလင်လို့ခေါ်တဲ့ လူတွေကို စုံစမ်းခေါ်ယူခဲ့သည်။ ကျန်းချီလင် ဆိုတဲ့လူကို သူတို့ရှာနေတာက စမ်းသပ်မှုပြုလုပ်ဖို့ လူတစ်စုကို စုစည်းထားပုံရသည်။
နောက်ဆုံးတော့ သူတို့ရှေ့ကလူပဲ ကျန်တော့တယ်လို့ ဆိုလိုချင်တာလား။
အဲဒီ့ခေတ်က သမိုင်းကြောင်းကို ရုတ်တရက် တွေးမိသည်။ ကျန်းချီလင်ရဲ့ နာမည်ကို အသုံးပြုတဲ့ သူတွေအားလုံးဟာ ဒီလိုလုပ်ငန်းမှာ ပါဝင်ခဲ့ရင်း အစအန ပျောက်သွားခဲ့ကြသည်။ ဝူရှဲလည်း သူ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေက ဘာကြောင့် ရှုပ်ပွနေခဲ့သလဲ၊ ထိရောက်မှု မရှိခဲ့တာလဲ ဆိုတာကို သိသွားပါပြီ။
တကယ်တော့ သူ တွေ့ခဲ့တာက လုံးဝကွဲပြားတဲ့ လူနှစ်ယောက်ရဲ့ သမိုင်းဖြစ်နေတာပင်။
ဒါပေမဲ့ ဒီလိုဖြစ်ရင် အဲဒီအဖွဲ့အစည်းက ဘာအတွက် ကျန်းချီလင်ကို ရှာတာလဲ။ ကံကောင်းစွာ အနားယူဖို့လား။
ဖက်တီး: "ခင်ဗျာယက သေသွားလို့ သူတို့ရှာနေတဲ့ ကျန်းချီလင် မဟုတ်ဘူးလို့ ထင်နေတာ ဖြစ်နိုင်တယ်.... ဖက်တီး ရိုးရိုးသားသား ပြောနေတာပါ.... အခုကျုပ်တို့ရှာနေတဲ့ ကျန်းချီလင်က ဒီလောက်သီလရှိမှာ မဟုတ်ဘူး"
တစ္ဆေလူသားက သူ့ကို လျစ်လျူရှုပြီး စကားဆက်ပြောဖို့ လက်ဟန်ပြခဲ့သည်။ ဝူရှဲလည်း သူ့စိတ်ထဲမှ ပုံပြင်တစ်ပုဒ်ကို ပြောပြလိုက်၏။ ဒီကျန်းချီလင်းက အရမ်းထူးခြားကြောင်းနဲ့ သူလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုများစွာကို ပြောပြလိုက်သည်။
ဤကျန်းချီလင်ဟာ ဂိုဏ်းကိုး ဂိုဏ်း၏ မျိုးဆက်ဟောင်းအတွက် အကောင်ကြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် သူ့အတိတ်ကို ကူညီရှာဖွေပေးရန် ဂိုဏ်းကိုးဂိုဏ်းရဲ့ အကြီးတန်း မျိုးဆက်မှ မိမိအား တောင်းဆိုခဲ့ကြောင်းပါ လုပ်ကြံဇာတ် လုပ်လိုက်သည်။
တစ္ဆေလူသားရဲ့က စကားမပြောခင် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။
"သူအခု ဘယ်မှာလဲ?"
ဝူရှဲ မိမိခြေထောက်အောက်ကို ညွှန်ပြလိုက်သည်။
"ဒါပဲ မင်းပြောတဲ့အတိုင်းပဲ... သေတော့မယ့် အဖွဲ့ထဲမှာ ရောက်နေတာ... သူက အခုတောင်တွေပေါ်မှာ ရှိနေတယ် ဖက်တီးကတော့ မှန်ထဲမှာလို့ ပြောတယ်…"
"မင်းဘဝရဲ့ အကြီးမားဆုံးအမှားကို မင်းလုပ်ခဲ့တာ"
"ဘာလဲ?"
တစ္ဆေလူသား: "လျှို့ဝှက်ချက်အားလုံးကို ဖွင့်ဖို့ သော့ပျောက်တော့မယ်"
"ဘာလို့ သူတို့က သေမှာပါဆိုပြီး သေချာနေတာလဲ"
"အတိုချုပ်ပြောရရင် သူတို့ သေချာပေါက် သေလိမ့်မယ်... ဒါက ဆုံးဖြတ်ထားပြီးသား... အကြောင်းပြချက်ကို ငါပြောပြလိုက်ရင် မင်းက မင်းတို့မှာ အခွင့်အရေး ရှိသေးတယ်လို့ ခံစားလာရလိမ့်မယ်... အဲဒါက မင်းတို့ကို ဒုက္ခတွေပဲ တိုးပေးလိမ့်မယ်"
သူက ခဏရပ်ပြီး "သနားစရာပဲ... ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းဖို့ အခွင့်အရေးရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ဖက်တီး: "မင်းသွားကယ်ရင်ရော?"
"အခွင့်အလမ်းတွေက မင်းတို့ထက်တောင် ပိုကောင်းပေမယ့် ငါမဝင်ဘူး... ဒါပေမယ့် မင်းတို့ကိုတော့ လိုက်ပို့ပေးနိုင်တယ် သွားကြရအောင်"
ဝူရှဲ: "ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို မင်းသိထားတယ်ပေါ့"
"မဟုတ်ဘူး... ငါမင်းကို ကိုယ်တိုင် မသတ်ချင်ရုံပဲ... မင်းသိပါတယ်၊ ငါ အသက်ရှင်နေသေးတယ်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးချင်ဘူး... မင်းကို ဒီမှာတွေ့ရမယ်လို့လည်း ငါ မမျှော်လင့်ထားဘူး...ငါ မင်းကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ စဉ်းစားနေတာ အခု မင်းတို့ကို အထဲဝင်သွားပြီး သေခိုင်းလိုက်တာက အသင့်တော်ဆုံးပဲလို့ ထင်တယ်!"
သူ မတ်တပ်ထရပ်ပြီး တစ်ခုခုကို လိုက်ရှာနေတော့သည်။ ဝူရှဲတို့အား ဘူးခွံတွေအလယ်ကို ခေါ်သွားကာ အစိမ်းရောင်သေတ္တာ ရှည်ရှည်များစွာ ပေါ်လာတဲ့အထိ ဖယ်ထုတ်လိုက်ပါ၏။ သူသည် နံဘေးမှ ကျောက်တုံးကို ကောက်ကိုင်လိုက်ပြီး သံသေတ္တာကို ခေါက်ကာ အဖုံးကို ဖွင့်လိုက်သည်။
"ဒါတွေကို မင်းတို့ လိုအပ်လိမ့်မယ်"
အထဲမှာ သေနတ်တွေ ရှိနေသည်။ အနက်ရောင်စက္ကူနဲ့ ထုပ်ထားတဲ့ အောက်ခြေမှာ အဝါရောင် တောက်ပြောင်နေတဲ့ ကြေးနီကျည်ဆံ ကျည်တစ်ရာကျော်လည်း ရှိနေ၏။
"ဒါကိုသုံးလို့ရတုန်းပဲ မပေါက်ကွဲဘူး... အလုပ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"
ဖက်တီး: "ဒီသေနတ်ဟောင်းတွေရဲ့ ပစ်ခတ်မှုနှုန်းက အရမ်းနိမ့်လွန်းတယ်"
တစ္ဆေလူသား: "မင်းရဲ့ သေနတ်မှာ ကျည်အတောင့် နှစ်ဆယ်ထက်မနည်း ရှိနေတုန်းပဲ... မင်းလိုအပ်တဲ့ ကျည်အရေအတွက်က ကျည်နှစ်ဆယ်ပဲ.... ယူထား!"
သေနတ်တွေကို သူတို့ ကျောပေါ်မှာ တင်လိုက်သည်။ ဖက်တီး ဆီစာရွက်ထဲက ကျည်ဆံတွေကို ဖိသွင်းနေ၏။
“အဆောက်အဦထဲ ဝင်ရတာက ပိုခက်တော့မယ့်ပုံပဲ! ခင်ဗျား ဘယ်အထိ လိုက်ပို့ပေးမှာလဲ"
"မင်းထင်သလောက် မရှုပ်ထွေးပါဘူး ငါပြောမယ်... ဒါပေမဲ့ အခုပြောနေလို့လည်း အသုံးမဝင်ဘူး"
တစ္ဆေလူသားက သူ့ပစ္စည်းမျိုးစုံထဲက အိတ်အနည်းငယ်ကို ရှာတွေ့ပြီး ကျည်ဆံတွေအားလုံးကို ဖမ်းဆွဲယူလိုက်သည်။
"အထဲကို ဝင်လိုက်ကြရအောင်... အချိန်မရှိဘူး မကြာခင် မိုးလင်းတော့မှာ"
ဖက်တီးနဲ့ ဝူရှဲ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဆွံ့အသွားသည်။ ထိုစဥ် တစ္ဆေလူသားကြီး အမြန်ထွက်သွားတာကြောင့် ဖက်တီးလည်း မေးငေါ့ပြလိုက်တော့၏။
“မမေးနဲ့တော့ ကြည့်လိုက်ရင် သိလိမ့်မယ်”
ဝူရှဲ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ မှောင်မိုက်တဲ့ညမှာ တစ္ဆေလူသားဆီက ဝီစီမှုတ်သံကို ကြားလိုက်ရ၏။ သူဘာလုပ်နေတာလဲလို့ တွေးတောနေတုန်း မြက်ခင်းပြင်မှာ ရုန်းရင်းဆန်ခတ် လှုပ်ရှားလာတဲ့ အရိပ်များကို တွေ့လိုက်ရလေသည်။
ရှစ်လိတောကောင်တွေ!
သူသည် ထူးဆန်းသော အသံအနည်းငယ်ကို ထုတ်လိုက်စဥ် ထိုအကောင်များက ချက်ချင်းလှည့်၍ ရှေ့သို့ ပြေးထွက်သွားသည်။ တစ္ဆေလူသားကလည်း သူတို့ကို လိုက်သွားဆိုတဲ့ အမူအရာမျိုး လုပ်ပြနေ၏။