DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (37)
လမ်းခုလတ်မှာ
ဒီလမ်းက အရမ်းရှည်တဲ့ တောင်တက်လမ်း ဖြစ်တာကြောင့် ဝူရှဲသည် စကားနည်းနည်းလေးပဲ ပြောချင်ပေမယ့် လမ်းတစ်လျှောက်မှာတော့ ဖက်တီးသည် သူတစ်ဖက်သက် တိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းကို မကျေမနပ်နဲ့ ပြောနေဆဲ ဖြစ်သည်။
ထိုတစ္ဆေလူသားက လုံးဝ သတိမထားမိပါ။ ဒါက သူတို့က အကာအကွယ်မဲ့နေတာကြောင့် မဟုတ်ဘဲ ထိုလူဟာ သူတို့အသက်ရှင် နေနိုင်မယ်လို့ ရိုးရှင်းစွာ မထင်ထားတာကြောင့်ပါပဲ။
ထိုအချိန်တွင် ဖက်တီးက နောက်ထပ် အရေးကြီးသော မေးခွန်းအချို့ကို မေးခဲ့သည်။
“ဒီအကောင်တွေက အစာအတွက် မွေးမြူထားတာလား”
တစ္ဆေလူသား “ဟုတ်တယ်” လို့ ဖြေ၏။ သူလျှိုအဖြစ် လုပ်ကိုင်ပြီးနောက် ဤတောင်ပေါ်တွင် မုဆိုးများ နည်းပါးလာသောကြောင့် အထူးသဖြင့် ကျားတွေက ပေါ်လာသည်။
သူသည် ဤတောကောင်များ အားလုံးကို မွေးမြူထားခဲ့သည်။ အခုထိလည်း အများကြီးရှိနေသေးသည်။ ရှစ်လိတောကောင်များက အလွန်ထက်မြက်ပြီး လူ့သဘောသဘာဝကို နားလည်သည်။ သူဟာ ထိုအချိန်က အထူးအေးဂျင့်ကုမ္ပဏီမှ သင်ကြားပေးသော နည်းလမ်းကို အသုံးပြု၍ စမ်းသပ်ခဲ့ရာမှ ဒီတောကောင်တွေကို ယဉ်ပါးအောင် လုပ်နည်းအား ရှာတွေ့ခဲ့သည်။
ရှစ်လိတောကောင်တွေက အလွန်အားကောင်းပြီး အလွန်လျင်မြန်သည်။ ၎င်းတို့ဟာ သစ်ပင်တက်တာတွေ၊ ရေကူးတာတွေကိုပါ အလွန်ကောင်းမွန်တာကြောင့် သူဟာ ဒီကိုရောက်လာတဲ့ မုဆိုးတွေ အပါအဝင် လူပေါင်းများစွာကို သတ်ဖို့ အဲဒီအကောင်တွေကိုသာ အသုံးပြုခဲ့သည်။
ဒုတိယမေးခွန်းကတော့ ဖန်းမာ အကြောင်းပါပဲ။ ဖက်တီးက ဖန်းမာအခြေအနေကို မေးသော်လည်း တစ္ဆေလူသားက ပြုံးကာ ဘာမှ မပြောဘဲ သေနေလောက်ပြီဟုသာ ဆိုလေသည်။
ဝူရှဲဟာ သူတို့ရွာထဲကို စဝင်တုန်းက ဖန်းမာက သူ့ကို အကြောင်းကြားပြီးသား ဖြစ်မယ်လို့ ခန့်မှန်းမိနေပါပြီ။ ဒါပေမယ့် အဲဒီနောက်ပိုင်းတော့ ဘာဆက်ဖြစ်ခဲ့မှန်း သူ မသိလောက်ပေ။
သူ တစ်ခုခုကို ဖုံးကွယ်ထားမှန်း ဝူရှဲ သိသော်လည်း နောက်ထပ် မေးခွန်းများ မမေးဝံ့တော့ပါ။ လက်ဖက်ရည်တစ်ခွက်လောက် လမ်းလျှောက်ပြီးတဲ့အခါ အမှိုက်တွေနဲ့ တဲအပျက်အစီးတွေ အများကြီးတွေ့တဲ့ စိမ်းစိုနေတဲ့နေရာကို ရောက်သွားသည်။
ပထမတစ်ချက် ကြည့်လိုက်ရုံနဲ့ အဲဒါက အချိန်အတော်ကြာ စွန့်ပစ်ထားတဲ့ စခန်းတစ်ခုပဲ ဆိုတာ သိသာ၏။ ဤနေရာသည် တစ္ဆေလူသားနဲ့ အခြားသူများသည် ရှေးဟောင်းအဆောက်အအုံ အတွင်းသို့ ဝင်ရောက်ဖို့ စီစဥ်ထားခဲ့တဲ့ ကင်းစခန်းပဲ ဖြစ်မည်။
သူတို့ ခဏလောက် အနားယူမလို့ လုပ်နေတုန်း တစ္ဆေလူသား ကျောက်တုံးကြီးပေါ်မှာ မှီနေတဲ့ ရိုးရိုးတဲလေးထဲကို ခေါ်သွားသည်။
ခြံစည်းရိုးက လုံးလုံးလျားလျား ပုပ်ပွနေပါပြီ။ ပြိုကျမသွားအောင် ရစ်ပတ်ထားသော စပျစ်နွယ်ပင်များသာ ရှိသည်။ အောက်ကိုငုံ့ပြီး ဝင်လိုက်တော့ အထဲမှာ အလောင်းတွေကို နွယ်ပင်တွေနဲ့ လုံးလုံးထွေးပိုက်ပြီး ရွှံ့ခြောက်နဲ့ ဆင်တူတဲ့ အလွှာတစ်ခု ဖုံးအုပ်ထားတာ ချက်ချင်းတွေ့လိုက်ရ၏။
"ဒီလူတွေကို ဆွဲထုတ်လိုက်တော့ အားလုံးက သေကုန်ကြပြီ... ပြင်းထန်တဲ့ အယ်လကာလီတွေနဲ့ အစိမ်ခံထားရတဲ့သူတွေက သေပြီးရင်တောင် မပုပ်ကြဘူး... ဒါပေမဲ့ အားလုံး ပြီးသွားပြီပဲ"
ထိုစကားကို အဆုံးသတ်ပြီးတဲ့အခါ တစ္ဆေလူသားသည် အထဲသို့ ဝင်ရောက်ကာ မံမီအမြောက်အမြားဘေးက လှည့်ပတ်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ရာကို အပိုင်းပိုင်း ခွဲထုတ်ယူလိုက်သည်။
အလောင်းနှင့် တွဲလျက် ကပ်နေသော အရာသည် လက်နှစ်ဖက်နဲ့ ဆွဲထုတ်လိုက်ရင်ပဲ အမှန်တကယ် ကျိုးပဲ့ပါလာသည်။ ၎င်းကို ခွဲထုတ်ပြီးနောက် တစ္ဆေလူသားက ခါယမ်းပစ်တော့ ထိုအရာပေါ်ရှိ ရွံ့နွံများ ပြုတ်ကျကာ ၎င်း၏ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြသလာခဲ့သည်။
တကယ်တော့ ပိုးအိတ်ပါ။
"ဒီကောင်ကလည်း မင်းတို့လို စွမ်းအားကြီးတဲ့ ဂူဖောက်ဓားပြတစ်ယောက်ပဲ... ဒါပေမယ့် သူ ကံဆိုးခဲ့ဖူးတယ်... ဒီပိုးအိတ်က သူ့တစ်သက်တာမှာ အမြဲတမ်း ရတနာတစ်ခုပဲ အဲဒီထဲမှာ ကိရိယာတွေ အများကြီး ရှိတယ် မင်းတို့သုံးလို့ ရလောက်တယ်"
တစ္ဆေလူသားက ပြောသည်။ ထိုသို့ပြောပြီးနောက် သူဟာ အလောင်းရှေ့မှ ရွှံ့ထဲသို့ရောက်ပြီး ကြိမ်ဖန်များစွာ တူးလိုက်သောအခါ ရွှံ့နှင့်တွဲထားသော အဖုံးတစ်ခု မြှောက်တက်လာသည်။ ထို့နောက် ဂူပေါက်တစ်ခု ပေါ်ထွက်လာလေသည်။
"ဒီမှာ!"
ဝူရှဲ ခေါင်းကိုငုံ့ပြီး ထိကြည့်လိုက်တဲ့အခါ ဂူနံရံကို ကျောက်တုံးနဲ့ လုပ်ထားတာမှန်တယ် ဆိုတာ သိလိုက်သည်။
“အဲဒီလိုဏ်ဂူရဲ့ ဝင်ပေါက်က အဲဒီတုန်းက ငါ ဖြတ်သန်းလာခဲ့ရတဲ့ အပေါက်နဲ့ အတူတူပဲ... ဒီအပေါက်က ပိုသေးနေရုံပဲ”
တစ္ဆေလူသားက ပြောပြနေသည်။
“တချို့အပေါက်တွေက လူတွေဝင်ဖို့.. တချို့အပေါက်တွေကတော် တခြားအရာတွေ ဝင်လာဖို့ပဲ... မင်းဝင်သွားတဲ့ အခါကျရင် မီလော်ထော်တွေ တော်တော်များများကို တွေ့ရလိမ့်မယ်... ဒါပေမဲ့ လှည့်ကွက်တစ်ခု ရှိတယ်... မင်းတို့ တခြားမီလော်ထော်တွေနဲ့ မတူတဲ့ အရိပ်တစ်ခုကို ရှာရမယ်...အဲ့အရိပ်ရှေ့မှာဆို ဒါကို သုံးနိုင်တယ်..."
သူက သူ့လက်ထဲက ရေနွေးအိုးကို ထုတ်ယူလိုက်ပြီး။
"အထဲမှာ ရေနံဆီ ရှိတယ်... အဲ့မီလော်ထော် ရှေ့က မြေကြီးပေါ်မှာ ရေနံဆီ လောင်းထည့်လိုက်... ပြီးရင်တော့ ဆီရဲ့ ဦးတည်ရာက မင်းတို့ကို ဆက်သွားရမယ့်လမ်းကို ပြောပြလိမ့်မယ်"
"ဘယ်လိုကွာခြားတာလဲ?" ဝူရှဲ မေး၏။
"ငါမသိဘူး အဲဒါက အချိန်တိုင်း မတူနေဘူး.... ဒါပေမဲ့ အဲဒီ မီလော်ထော်ကို မြင်ပြီးရင် ချက်ချင်း ထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားရလိမ့်မယ်ဆိုတာ ငါအာမခံတယ်... အဲဒီကွာခြားချက်က အရမ်းထူးဆန်းတယ်..."
အဲဒီ့နောက်မှာတော့ တစ္ဆေလူသားက ဝူရှဲလက်မောင်းကို လှမ်းရိုက်ပြီး။
"ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ... အသက်ရှင်လျက်တော့ မထွက်လာနဲ့"
ထိုတစ္ဆေကြီးက စကားပြီးတာနဲ့ ချက်ချင်းထွက်သွားပြီး ဝူရှဲတို့ကို လှောင်အိမ်ထဲမှာ ထားခဲ့သလို ထားရစ်ခဲ့သည်။ ဝူရှဲ အံ့သြသွားသဖြင့် ခေတ္တ တိတ်ဆိတ်နေခဲ့၏။
ဖက်တီး: "သူက ငါ့ကို သေနတ်ပြန်မပေးဘူး.... နောက်ဆုံးတော့ ဖက်တီးငါ အရင်က ခံစားချက်လေးတွေ ပြန်ရပြီ"
"သူက မင်းကို သေနတ်ပြန်ပေးရင် မင်း ဘာလုပ်မှာလဲ"
"ငါချက်ချင်းပဲ သူ့ခြေထောက်တွေကို ချိုးလိုက်မယ် ပြီးရင်တော့ သူ့တောကောင်တွေကို ကင်ပြီး စားပစ်မယ်!"
“အဲဒီလူလုပ်တာ မှန်တယ်... သူ့ကိုငတုံးများ ထင်နေလား... သူ့မှာလည်း အသိစိတ်ရှိတယ် သူက လက်နက်ကို သိမ်းပြီး ငါတို့ကို တခြားဟာတွေ ထပ်ပေးခဲ့တယ်”
ဖက်တီးက တစ္ဆေလူသားပေးခဲ့သော အထည်အိတ်ကိုဖွင့်၍ ဘာတွေပါသလဲ ကြည့်ရန် မြေပြင်ပေါ်ရှိ ပစ္စည်းအားလုံးကို ဖြန့်ခင်းချလိုက်သည်။ အနီးနားရှိ အလောင်းအချို့သည် လူကို ကြက်သီးထစေသော်လည်း ယင်းအလောင်းဘေးရှိ ရုပ်အလောင်းခြောက်များကို ကြည့်လိုက်လျှင် အထူးတလည် မယဉ်ကျေးသလို ခံစားလာရသည်။
ဒါပေမဲ့ အတွင်းထဲက အရာတွေကို မြင်လိုက်ရတော့ ဖက်တီးက စွဲလန်းသွားသည်။ အိတ်ထဲက ထွက်လာတဲ့ အရာတော်တော်များများကို ဝူရှဲ သိပ်မသိပါ။ ဒါပေမဲ့ ဖက်တီးရဲ့ မျက်နှာကတော့ အံ့သြတဝက်နှင့် စိတ်လှုပ်ရှားနေသည်။
ဘယ်လိုလဲ လို့မေးတော့ အဲဒီအရာတွေကနေ လက်ရှည်သံ အပ်တစ်ချောင်းကို ထုတ်ယူပြီး ဝူရှဲဆီ ပစ်ချပေးလာသည်။ ဝူရှဲလည်း ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် ကြည့်လိုက်တော့ အပ်ရှည်တစ်ခုလုံးကို အနက်ရောင်ဆေးနဲ့ အုပ်ထားပေမယ့် နှစ်တွေ ဒီလောက်ကြာတာတောင် ဆေးကျွတ်သွားတာမျိုးတော့ မရှိနေခဲ့။
ဓာတ်မီးအောက်တွင် ရှည်လျားသော အပ်ချောင်းသည် သတ္တုမဟုတ်သော အသွင်အပြင်ရှိပုံရသော်လည်း ၎င်း၏အလေးချိန်ကို ကြည့်လျှင် ၎င်းက သေချာပေါက် သတ္တုပစ္စည်း ဖြစ်လေသည်။ အပ်က အလွန်ထက်မြက်ရှပြီး ဆက်ပွတ်တိုက်တာမျိုး လုပ်စေရန် အလယ်တွင် ပုံစံအချို့ ပါရှိသေးသည်။
၎င်းသည် အလွန်နူးညံ့သိမ်မွေ့သော လက်ဝတ်ရတနာသေတ္တာ အချို့ကို ဖွင့်ရန် ရှေးခေတ်က ခါးပိုက်နှိုက်များ အသုံးပြုတတ်သည့် သေးငယ်သည့်ကိရိယာ တစ်ခု ဖြစ်သည်။ ဤသံအပ်ကို သော့ခတ်ထားသော ချုပ်ရိုးထဲသို့ ထည့်ပြီးနောက် ၎င်းအား အတင်းတွန်းလိုက်လျှင် ဖွင့်လို့ ရသွားပြီ။ လက်ဝတ်ရတနာ သေတ္တာများက အများအားဖြင့် သံဖြူဖြင့် ပြုလုပ်ထားတာကြောင့် ဖွင့်တတ်ပါက အလွန်မခက်ခဲချေ။
တစ်ချိန်တည်းမှာပင် ဤအရာသည် အထူးခိုင်ခံ့မှုမရှိသော အုတ်နံရံများကို ဖျက်ဆီးဖို့လည်း အသုံးပြုနိုင်သေးသည်။ ၎င်းကို ဓားပြုလုပ်သည့် လုပ်ငန်းစဉ်မှာလည်း သုံးတတ်သေး၏။ အပ်၏ အလယ်တွင် အလွန်မာကျောသော ကြေးနီအူတိုင် ရှိသည်။
ဝူရှဲ အရင်က နည်းနည်းဝယ်ခဲ့ဖူးပေမယ့် ဒီကုန်ပစ္စည်းကို သိတဲ့လူက နည်းနည်းပဲရှိတော့ အဲဒါတွေကို ရှင်းပစ်ချင်တဲ့ အခါမှာတော့ အရမ်းခက်ခဲလေသည်။ ဒီအလောင်းများက ဤအရာများကို သယ်ဆောင်လာပုံပေါ်သည်။
အလောင်းများသည် အစောပိုင်းနှစ်များတွင် အားကောင်းနေသော်လည်း ဤနေရာတွင် ဆယ်စုနှစ်များစွာ လှဲလျောင်းနေခဲ့ရာ ဝူရှဲမှာ ရုတ်တရက် ဝမ်းနည်းမှုတစ်ခုကို အနည်းငယ် ခံစားလာခဲ့ရသည်။
တခြားသူများ၏ ဆန္ဒကြောင့် အသက်ပေးလိုက်ရသူတွေပါပဲ။ ဒါကသူ့အား ဖန့်ကျစ်ကို သတိရသွားစေ၏။ သူ ဖန့်ကျစ်ကို ဒီနေရာအထိ ခေါ်လာမိတာ မှားယွင်းသွားပြီဟု ခံစားမိလာစေခြင်းပင်။
အပြစ်ဆိုတာ အလွန်ဆိုးရွားတဲ့ စိတ်ခံစားမှုတစ်ခုပါပဲ။ အဲဒီ စိတ်ခံစားမှုများစွာကလည်း အခြားသူများအတွက် မဟုတ်ဘဲ မိမိစိတ်ထဲမှာသာ ကျန်နေခဲ့တဲ့ အရာဖြစ်ကြောင်း ဝူရှဲ နားလည်ပါသည်။
ဖန့်ကျစ် လုံခြုံရေးကို တကယ် စိတ်ပူလာသည်။ မိမိကိုယ်ကို အပြစ်ရှိတယ်လို့ မခံစားချင်ပါ။ ဖန့်ကျစ်က သူ့ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ (ပိုက်ဆံရှာတာပဲဖြစ်ဖြစ်၊ သူ့စိတ်ကူးတချို့ကို အကောင်အထည်ဖော်ဖို့) လာတယ်ဆိုကတည်းက အရမ်းစိတ်ပူနေမှာ မဟုတ်ဘူးလား။
"လူတိုင်းက ကိုယ့်အဆုံးသတ်အတွက် အစကတည်းက အဆင်သင့်ဖြစ်နေပြီလို့ မထင်တတ်ဘူး"
အတိုင်းအတာ တစ်ခုအထိတော့ သူသည် စိတ်နှလုံးအပြည့်ရှိသော သင်္ချိုင်းဓားပြ ဖြစ်နေပြီဖြစ်သည်။ ဒီအချက်က ကောင်းလား ဆိုးလားလည်း မသိပါ။ ဤအလောင်းများသည် ခြောက်သွေ့အက်ကွဲကုန်ပြီမလို့ သေဆုံးရသည့် အကြောင်းရင်းကို ရှာဖွေကြည့်ဖို့ ခက်ခဲသွားစေပါပြီ။
ဤနေရာတွင် သေဆုံးသွားကြသော လူများစွာရဲ့ သေဆုံးပုံတွေက အလွန်ထူးဆန်းလှသည်။ အလောင်းကို မြင်ရပြီး ငြိမ်နေနိုင်ပါက အထဲကို ဝင်သွားဖို့ မလိုအပ်ဘူးဟု တစ္ဆေလူသားက ပြောခဲ့သည်။
ဖက်တီးက အရာအားလုံးကို အမျိုးအစားများအဖြစ် ပိုင်းခြားထားသည်။ ၎င်းတို့ထဲမှ အများစုသည် သေးငယ်သော အပိုင်းများဖြစ်ပြီး ဝူရှဲ မသိတဲ့ အရာတချို့လည်း ရှိပါသေး၏။
တိရိစ္ဆာန် အရေပြားကို ကြေးနန်းနဲ့ ပေါင်းလုပ်ထားတဲ့ အရာတွေလည်း ရှိသေးသည်။ တစ္ဆေလူသားက ဒီအရာတွေဟာ အသုံးဝင်တယ်လို့ ပြောခဲ့ပေမယ့် ဝူရှဲ မယုံရဲချေ။ ဖက်တီးကိုပဲ လိုအပ်တာတွေ သိမ်းခိုင်းလိုက်သည်။ ကျန်တာတွေကတော့ တကယ်လို့ သူတို့ပိတ်မိသွားရင် နောက်လာမယ့်လူတွေ အသုံးဝင်နိုင်သည်။
ဝူရှဲ အထူးဂရုစိုက်မိသော အပိုင်းအစများထဲတွင် ၎င်းတို့သည် အကြွေစေ့များဖြင့် ပြုလုပ်ထားသော ထူးဆန်းသော အင်္ကျီများလည်း ပါသေး၏။
စမြင်တုန်းကတော့ ရယ်စရာကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ဒီတစ်ခါ တွေ့ရတဲ့ ပုံကတော့ သူမြင်ဖူးတာနဲ့ နည်းနည်းကွာသည်။ ဒီအလူမီနီယံ-ပလက်တီနမ် လက်ကိုင်အိတ်ထဲမှာ ထုပ်ပိုးထားတဲ့ အရာတစ်ခုကို ထပ်တွေ့လိုက်သည်။ ထုတ်ကြည့်ပြီး အနံ့ခံကြည့်တော့ ယမ်းမှုန့် ဖြစ်နေသည်။
၎င်းသည် ယမ်းမှုန့်လောင်ကျွမ်းပြီး အလူမီနီယံ ပလက်တီနမ် မီးလောင်ကျွမ်းပြီးနောက် အချိန်တိုတောင်းသော်လည်း အချိန်တိုအတွင်း အလွန်တောက်ပသော အလင်းရောင်ကို ထုတ်ပေးနိုင်ပါသည်။
ဒါတွေကလည်း အသုံးဝင်တဲ့ ပစ္စည်းကောင်းပါပဲ။ ဝူရှဲ အဲဒါတွေအားလုံးကို ဖယ်ပြီး သေနတ်ကို ကျောပေါ်လွယ်လိုက်သည်။ ထို့နောက် ဖက်တီးကို ကျောက်လိုဏ်ခေါင်းထဲ အရင် ဝင်ခိုင်းလိုက်၏။