DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (38)
နံရံပေါ်က ထူးဆန်းတဲ့အရိပ်တွေ
တစ္ဆေလူသားသည် ဤဥမင်လိုဏ်ခေါင်းများ၏ လုပ်ဆောင်မှုနိယာမကို မရှင်းပြခဲ့သော်လည်း အတွင်းပိုင်း အခြေအနေကတော့ ဖက်တီး ပြောပြဖူးတဲ့အတိုင်း အတိအကျ တူညီနေပါသည်။
ဒါပေမဲ့ ဒီယန္တရားတွေဟာ လူ့စိတ်ပညာနဲ့ တောင်ပေါ်ရှိ သဘာဝအက်ကြောင်းတွေကို ပေါင်းစပ် အခွင့်ကောင်းယူရမယ် ဆိုတာကိုလည်း အကြမ်းဖျင်း ခန့်မှန်းနိုင်ပါ၏။ ပိုနက်နက်နဲနဲ တူးဆွလိုက်ရင်တော့ သဲလွန်စတွေ ပိုရှာတွေ့နိုင်သည်။
ဤလိုဏ်ခေါင်းဝင်ပေါက်ကနေ တစ်ဆင့် ဖက်တီးရဲ့ အခက်အခဲများစွာဖြင့် ကျော်ဖြတ်ခဲ့သည့် ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်နိုင်သည်။ တစ္ဆေလူသားနဲ့ ဖက်တီးတို့ နှစ်ယောက်စလုံးက ဒီနေရာမှာ အန္တရာယ်မရှိဘူးလို့ ပြောကြတဲ့အတွက် စိုးရိမ်စရာမရှိဘဲ မြန်မြန် လျှောက်ဝင်သွားခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ဥမင်လိုဏ်ခေါင်း နံရံများပေါ် ဓာတ်မီးများကို ထွန်းတောက်ကာ တစ္ဆေလူသားပြောသည့် ထူးခြားသောအ ရိပ်ကို ရှာဖွေနေခဲ့သည်။
ဥမင်လိုဏ်ခေါင်း တစ်ခုလုံးရဲ့ နံရံများက အစိမ်းရောင်တွေ တောက်နေသည်။ တစ္ဆေလူသား ပေးသော ဓာတ်မီးများသည် X-ray မီးလုံးကဲ့သို့ အစိမ်းရောင် ကျောက်နံရံထဲ ထိုးဖောက်မြင်ရ၏။ ၎င်းက ဤနေရာရှိ ကျောက်တုံးများသည် အစိမ်းရောင်အလင်းကို ထိုးဖောက်ဝင်ရောက်ရန်အတွက် အထူးသင့်လျော်သည်။
ဤအလင်းအောက်တွင် လူအရိပ်တွေရဲ့ အရေပြားပေါ်က တိမ်လွှာအလွှာအချို့ကိုပင် မြင်တွေ့နိုင်သည်။ ဒီအရာကို သေသေချာချာ မကြည့်ရသေးခင်မှာပဲ မြင်နေရတာက အရိပ်တစ်ခုသာ ဖြစ်သွားခဲ့သည်။
ဒီအရာတွေရဲ့မျက်နှာက အလွန်ထူးဆန်းသည်။ အရိပ်အရွယ်အစားက ငယ်လေ၊ လူမျက်နှာနှင့် ပိုတူလေပဲ။ သို့သော် အရိပ်က အကြီးကြီးဖြစ်နေလျှင် မျက်နှာက အလွန်ရှည်နေပေလိမ့်မည်။ ကျောက်စိမ်းတုံးတွေထဲမှာ သူတို့အားလုံး အိပ်နေကြသလို မျက်လုံးတွေ မှိတ်ထားကြ၏။
ဖက်တီးက အဲကျောက်တုံးတွေနဲ့ အရမ်းနီးနီးကပ်ကပ် မနေဖို့ လှမ်းသတိပေးသည်။ ဒီအရာတွေက အပူချိန်မြင့်တဲ့ နေရာတွေမှာ စုပုံနေတော့ တစ်နေရာတည်းမှာ ကြာကြာမနေနိုင်ဘူးလို့ ပြော၏။
လမ်းတစ်လျှောက်တွင် သူတို့သည် အရိပ်ပျောက်သွားမှာကိူ ကြောက်ရွံ့သောကြောင့် ကျွန်ုပ်တို့၏ စွမ်းအင်အားလုံးကို နီးပါးကြည့်သော်လည်း တစ္ဆေလူသားပြောသည့် "ထူးဆန်း" မှုကို မတွေ့ရဘဲ အဝေးကြီးကိုသာ လျှောက်လှမ်းလာခဲ့မိသည်။
"ဒါကရော ထူးဆန်းတယ်လို့ မင်းထင်လား"
ဖက်တီးက ဒီအတိုင်း လွှတ်ထားတာရထက် အမှားအယွင်းနဲ့ သတ်ပစ်လိုတဲ့ မူဝါဒကို လိုက်လုပ်နေသူ ဖြစ်လေရာ ထူးဆန်းတာကို မြင်တိုင်း သူက ဝူရှဲကို လှမ်းပြောသည်။
"ဒီအရိပ်ကို ကြည့်လိုက်ဦး... ကျောက်ပန်ရှန်းနဲ့တူတယ်... ဒါ ဖြစ်နိုင်လား"
(TN - ကျောက်ပန်ရှန်းက နာမည်ကြီး လူရွှင်တော်ပါတဲ့)
ဝူရှဲ: "ဟိုတစ္ဆေကောင်က ကျောက်ပန်ရှန်းနဲ့ တူတယ်ဆိုပြီး အရိပ်အမြွက်ပေးပြီး သိခွင့်ပေးမယ်လို့ ငါတော့မထင်ဘူး... ဒီအရိပ်မှာ ဘာတစ်ခုမှ အမှားအယွင်း မရှိဘူးလို့ ထင်တယ်"
ဖက်တီး: "ဒီကောင်က ဘာကောင်လဲ"
ဖက်တီးသည် ရေကူးနေတဲ့ အရိပ်လို အကောင်နားကပ်ကာ နှုတ်ခမ်းကို ပွတ်ပြီး ပြောလိုက်သည်။
"ဒီကောင်က ခွေးကူး ကူးနေတာပဲကွ!
ဝူရှဲ: "ထူးဆန်းတာက ပုံစံတွေကို ကြည့်ရုံနဲ့ မဖြစ်နိုင်လောက်ဘူးလို့ ငါထင်တယ်... အဲဒီထူးဆန်းတဲ့ကောင် ရိုးရိုးရှင်းရှင်း မဟုတ်ရင် ဒီမှာရှိတဲ့ အရိပ်တွေကပဲ တစ်ခုခုလွဲမှားနေလိမ့်မယ်"
ဝူရှဲလည်း နည်းနည်းတော့ စိုးရိမ်မကင်းနိုင်သလို ခံစားနေရသည်။ တစ္ဆေလူသားက သူတို့ရဲ့ တရားစီရင်နိုင်စွမ်းကို အကဲခတ်နေသလားလို့တောင် တွေးနေမိ၏။
ထိုအခြေအနေမျိုးတွင် တစ္ဆေလူသားသည် ဤလူသည် သူလျှိုတစ်ဦး မဟုတ်ကြောင်းနှင့် "မမှန်ကန်သော ဇာတ်ကြောင်းများ" ကို ပြောတာက သူ့အတွက် အသုံးမဝင်နိုင်ကြောင်း ဖက်တီးက ခေါင်းယမ်းကာ ပြောခဲ့သည်။
ဝူရှဲမှာလည်း ယုံကြည်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ သူတို့နှစ်ယောက် ရှေ့ကို ဆက်လျှောက်လာရင်း တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ မကြာခင်မှာပဲ သူတို့ရဲ့လှုပ်ရှားမှုဟာ စိတ်ကူးယဉ်မှု တစ်ခုလို ဖြစ်လာ၏။
"ကြည့်စမ်း... ဒီအရိပ်က တစ်ခုခုကို ထိန်းထားသလိုပဲ...ကြည့်စမ်း.... မြတ်စွာဘုရား! ဒီကောင့် ရင်သားတွေက ကြီးလိုက်တာ! ဟေ့ ဘာလို့ အောက်မှာ အမြီးရှိနေတာလဲဟ!"
အစပိုင်းမှာတော့ အတော်လေး စိတ်ဝင်စားစရာကောင်းပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်စ သက်သာလာစေခဲ့သည်။ ဝူရှဲကတော့ နောက်ပိုင်းမှာ စကားပြောချင်စိတ် မရှိတော့ဘဲ အရိပ်တစ်ခုချင်းစီကို စက်ပိုင်းဆိုင်ရာနဲ့ပါ ပေါင်းကာ ကြည့်နေခဲ့သည်။
ဘယ်လောက်ကြာကြာ လျှောက်သွားမိလဲ မသိပေမယ့် ရှောင်ဟွားနဲ့ တခြားသူတွေကို မတွေ့ခဲ့ရသလို အရိပ်ကိုလည်း မတွေ့ခဲ့ရပေ။ ဒီဥမင်လိုဏ်ခေါင်းဟာ အဆုံးမရှိတဲ့ပုံစံ ပေါက်လာသည်။ အိပ်ငိုက်နေတဲ့ အခြေအနေကို ရောက်ခါနီးမှာ အရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ဖက်တီးနဲ့ ဝူရှဲ တစ်ချိန်တည်း နိုးလာလုနီးပါး တုန်တုန်လှုပ်လှုပ်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ တစ္ဆေကောင်ရဲ့ စကားက တကယ်မှန်တယ် ဆိုတာ တွေ့ရလေသည်။
အမှန်ပင် အရိပ်ကို အာရုံစိုက်နေသမျှ ဤအရာသည် ဘယ်သောအခါမှ လွတ်သွားလိမ့်မည် မဟုတ်ပေ။ ဒါဟာ သိပ်ကို ထူးဆန်းတဲ့ အရိပ်တစ်ခုဆိုတာ သေချာပါ၏။
ကျောက်နံရံမှာ ဒီအရိပ်ကို သူတို့တွေ့လိုက်ရချိန်မှာတော့ ၎င်းရဲ့လက်တွေ ခြေထောက်တွေက ၎င်းအရိပ်ရဲ့ အမြင့်ထက်တောင် ပိုရှည်နေတာ ချက်ချင်း သတိထားမိလိမ့်မည်။
သူတို့မြင်ရသည့် အချိုးအစားအတိုင်း ဖော်ပြရလျှင် ဤလူ့ပုံသဏ္ဍာန် အရိပ်ကို ဖန်တီးရန် မြွေငါးကောင် ရောယှက်နေသလို၊ သို့မဟုတ် နီယွန်အဝတ်ရှည်နှင့် အင်္ကျီလက်ရှည် ဝတ်ထားသော ကခုန်နေသည့် မိန်းကလေးနဲ့ သွားတူလေသည်။
ဖက်တီး: "ဒူးထက်ရှည်တွေ လက်တွေ... လျိုပေ့ဟ! ခေါင်း၁၂ခေါင်း ခန္ဓာကိုယ်.... သောက်ကျိုးနည်း! အရမ်းမိုက်တာပဲ!"
"ဒီအရိပ်က ဘာလို့ တခြားအကောင်တွေနဲ့ မတူတာလဲ.... ကလေးတုန်းက ပုံပျက်နေလို့များလား"
ဝူရှဲ စိုးရိမ်စိတ်ဖြင့် ဓာတ်မီးကို ရှေ့သို့ကပ်ထိုးရင်း ရေရွတ်လိုက်သည်။ ကံမကောင်းစွာပဲ အရိပ်က ကျောက်တုံးကြီးထဲမှာ တော်တော်နက်နေတာကြောင့် ဓာတ်မီးကို ထွန်းလိုက်တဲ့အခါ အနက်ရောင် အရိပ်တစ်ခုပဲ မြင်ရသည်။
ဖက်တီး: "ဘာဆက်လုပ်ရမလဲ သူဘာပြောလဲ ငါ မေ့နေပြီ!"
ဝူရှဲ: "ဒီအရိပ်ကို အဓိကအချက်အဖြစ်သုံးတဲ့... ဆီသုံးရမယ်... ငါတို့ဆီဘယ်မှာလဲ"
ဖက်တီးက ရေနွေးအိုးကိုထုတ်ပြီး ပြလိုက်သည်။
“ဒီမှာ... သိမ်းထားတယ်... သုံးလို့ အဆင်ပြေပါ့မလား”
"ပြေပါတယ် သုံးလို့ မရတော့ရော မင်းမှာ တခြားနည်းလမ်း ရှိသေးလို့လား?"
ဝူရှဲ အိုးကိုယူ၍ မြေကြီးပေါ် ချက်ချင်း လောင်းချ၏။
"အရူး.... ဖက်တီးငါက ဒီလို နှိမ့်ချတဲ့ အကျင့်တွေ လုပ်ဖို့ မင်းအတွက်ရှိနေတာ မဟုတ်ဘူးနော်... ငါ့ရဲ့ မြင့်မြတ်တဲ့ အဆီတွေကို ငါက ဘာလို့ သုံးရမှာလဲ"
ဆီတွေကို လောင်းချလိုက်တာနဲ့ တစ်ပြိုင်နက် ၎င်းသည် ကျောက်သားမျက်နှာပြင်ထဲ ချက်ချင်း ထိုးဖောက်သွားသည်။ မြေပြင်ပေါ်ရှိ ကျောက်သားမျက်နှာပြင်က ကြမ်းတမ်းစွာ ဖြတ်တောက်ထားပုံရသော်လည်း ဆီကတော့ တစ်နေရာတည်းကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဖက်တီး: "အဆင်ပြေတယ်ဟ"
ဆီတွေပြန့်ကျဲနေတဲ့ လမ်းကြောင်းအတိုင်း ရှေ့ကို ဖြည်းညင်းစွာ လျှောက်လှမ်းရင်း ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ အရှေ့ဘက်မှာ ဥမင်လိုဏ်ခေါင်းလေး ပေါ်လာသည်။ ဝင်ပေါက်က သေးသေးလေးမို့ ငုံ့ကြည့်မှသာ မြင်ရ၏။
ဖက်တီး: "အိုး သောက်ကျိုးနည်းကြီး! အခုနတုန်းက ဘာလို့ မတွေ့တာလဲ... ဒီအပေါက်က ဘယ်လိုဖြစ်တာလဲ"
လမ်းဆုံကို ရောက်တော့ အပေါက်က စိုနေတာကို တွေ့လိုက်ရသည်။ ထိကြည့်လိုက်တော့ စေးကပ်နေသလို ခံစားရရာ စိတ်ထဲမှာ ရုတ်တရက် လျှပ်စီးလက်သလို အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ထိုအတွေးက ယန္တရားတစ်ခုကို သူ့ဘာသာသူ သဘောပေါက်သွားသလိုပင်။
ဒါပေမဲ့ သေသေချာချာ တွေးကြည့်တော့ ကြောင်တောင်တောင်လေး ဖြစ်လာပြန်သည်။ မနေနိုင်တော့ဘဲ မှင်တတ်နေချိန် အပေါက်ထဲကနေ အဖြူရောင် အလင်းတန်းတစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရ၏။
ဝူရှဲ ထိတ်လန့်သွားပြီး ဥမင်အတွင်း နက်ရှိုင်းတဲ့ အဖြူရောင် အလင်းရင်းမြစ်ကို ချက်ချင်း ကြည့်လိုက်သည်။ ၎င်းက ဓာတ်မီးအလင်းလောက် မတောက်ပပေ။ အဝေးမှာလည်း ဖြစ်နေတာကြောင့် ဓာတ်မီး အလင်းရောင်က မျက်လုံးနဲ့ နီးနေတဲ့အခါ တစ်ဖက်ကအလင်းကို ရှင်းရှင်းလင်းလင်း မြင်ရခက်သွား၏။
ဆယ်မီတာကျော်လောက် တောက်လျှောက် ထွန်းထားပေမယ့် အထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရချေ။ ဖက်တီးလည်း မြင်တာကြောင့် အပေါက်ကနေ လှမ်းအော်တော့သည်။
"ဘယ်သူလဲ"
ဓာတ်မီးကို နောက်တစ်ကြိမ် ရွှေ့လိုက်တော့ အဖြူရောင်မီးမှိန်မှိန်က အားလျော့သွားသည်။
ဝူရှဲ :"အခုနက ဘာဖြစ်တာလဲ ပိုးစုန်းကြူးတစ်ကောင်လား"
ဖက်တီး: "ပိုးစုန်းကြူးဖြစ်ရင် ကောင်းတာပေါ့ အလင်းရောင်က အရမ်းတောက်ပနေတာနော်... ဒီပိုးကောင်က ဘယ်လောက်ကြီးလောက်လဲ အနည်းဆုံးတော့ ငါ့ဖိနပ်နဲ့ အရွယ်အစား အတူတူလောက် ရှိရမယ်"
"ဒါဆို အခုနက ဘယ်လိုအလင်းရောင်လဲ....တစ္ဆေမီးတောက်လား.. အဖြူရောင် အလင်းက အရမ်းမှန်လွန်းတယ် အဲဒါက အတုအယောင် အလင်းရင်းမြစ် ဖြစ်ရမယ်"
ဖက်တီး: "မင်းမှာ စိတ်ကူးစိတ်သန်းတွေ မရှိတော့ဘူးလား... ငါ့ဘဝအတွေ့အကြုံအရဆို အခုနက အလင်းရောင်က မိုဘိုင်းဖုန်းရဲ့ အလင်းရောင်ပဲ ဖြစ်သင့်တယ်"
ဝူရှဲ: "ရှောင်ဟွားရဲ့ လက်ကိုင်ဖုန်းများလား?"