(1)
ချီကျွင့်တစ်ယောက် အေးစက်တဲ့ မြေပြင်ပေါ်မှာ လှဲလျောင်းနေရင်းနဲ့ သူ့ကိုတားဆီးထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့အတားအဆီးကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့တယ်။
တကယ်လို့ သူသာ ယခင်အတိုင်း သားရဲပုံစံရှိနေဦးမယ်ဆိုရင် သူ့ရဲ့လက်တွေကို လှုပ်ရှားရုံနှင့် ပြီးပြည့်စုံစွာဖြေရှင်းလိုက်နိုင်လိမ့်မယ်။
ခုချိန်မှာတော့ ...
သူ့ဆီမှာ အရင်တုန်းက ကြီးမားပြီး မာကြောတဲ့ ခြင်္သေ့လက်သည်းတွေ ရှိခဲ့ဖူးတယ်။
အခုတော့ သူ့ရဲ့ ခြင်္သေ့လက်ဖဝါးလေးနှစ်ဖက်က လက်ရှိမှာအလွန်သေးငယ်နေတာကို ထည့်ပြောစရာမလိုအပ်သေးဘူး။
၎င်းတို့မှာလည်း သွေးတွေနဲ့ ချွဲနစ်နေခဲ့ပြီး ပြတ်ထွက်လုမတတ်ဖြစ်နေသေးတယ်။
သို့သော်လည်း အနာကျင်ဆုံးသောနေရာက သူ့ရဲ့လက်သည်းတွေမဟုတ်သေးဘူး။
ထိုနေရာတွေက သူ့ရဲ့အတွင်းအင်္ဂါတွေနှင့်အရိုးတွေဖြစ်ကြီး ကြည့်ရတာ ကျိုးပဲ့ကြေမွသွားဟန်ရတယ်။
ဒီဒဏ်ရာတွေရဲ့ထိခိုက်မှုဒဏ်တွေကို မူလခန္ဓာကိုယ်ပိုင်ရှင်က တောင့်မခံထားနိုင်ခဲ့ပဲ သေဆုံးသွားခဲ့ကာ ချီကျွင့်က ဒီနေရာကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။
ချီကျွင့် သူ့ရဲ့ခန္ဓာကိုယ်ကိုဖောက်ခွဲခဲ့ပြီး ဇွန်ဘီအင်ပါယာကိုသတ်ပစ်ခဲ့တယ်။
သူ့အနေနဲ့ နောက်ဆုံးကျန်ရစ်နေတဲ့ လူသားတွေကို ကယ်တင်ပေးခဲ့တာကြောင့် အခုလိုကောင်းချီးပေးခံရတာဖြစ်နိုင်တယ်။ ဒါပေမယ့် သူကူးပြောင်းလာခဲ့တဲ့ခန္ဓာကိုယ်က မကြာခင်ကမှ သေဆုံးသွားပြီးတဲ့ ခြင်္သေ့ခန္ဓာကိုယ်ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ သေလောက်အောင် စိတ်ပျက်အားငယ်မှုတွေနဲ့တိတ်ဆိတ်ငြိမ်သက်မှုတွေက ကျန်ရှိနေတုန်းပဲ။
ချီကျွေ့ သူ့ရဲ့ခေါင်းကို မ,ကြည့်ဖို့အတွက် အချိန်အတော်ကြာအောင် ကျင့်သားရဖို့ စောင့်ဆိုင်းနေခဲ့ရတယ်။
သူ့ရဲ့ပယင်းရောင်မျက်လုံးတွေက အပြင်ဘက်မှာရှိနေတဲ့ ခလုတ်ကနေ အနီးအနားမှာရှိနေတဲ့ကုသရေးဆေးဆီသို့ အကြည့်ရောက်သွားခဲ့တယ်။
သူ့ရဲ့မှတ်ဥာဏ်တွေက ထိုအရာကို အလွန်အစွန်းထက်တဲ့ ကုသရေးဆေးတစ်ခုဖြစ်ကြောင်း ပြောပြနေခဲ့တယ်။
သူအသက်ဆက်ရှင်ဖို့အတွက်ထိုဆေးကိုအသုံးပြုဖို့လိုအပ်တယ်။
ထိုကုသရေးဆေးက အရွယ်ရောက်သူတွေအတွက် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းစာလောက်သာ ကွာဝေးပေမဲ့ သူ့အတွက်ကတော့ ထိုအကွာအဝေးက သေခြင်းရှင်ခြင်းအဆုံးအဖြတ်ပေးမဲ့ ခြေလှမ်းတွေပဲ။
ခြင်္သေ့လေးရဲ့ ခန္ဓာကိုယ်က ပျော့ခွေနေပြီဖြစ်ကာ သူ့အနေနဲ့ သူ့ရဲ့အနောက်ဘက်ခြေတွေကိုသာ အသုံးပြုနိုင်ပြီး မြေပြင်မှာတွားသွားကာ တစ်လက်မခြင်းဆီ ရွှေ့လျားနေခဲ့ရတယ်။
လှုပ်ရှားမှုတွေက သေးငယ်လွန်းတာတောင် ချီကျွင့်တစ်ယောက် နာကျင်လွန်းလို့ တုန်ရီနေခဲ့ရတယ်။
သူ မြေကြီးပေါ်မှာလှဲလျောင်းနေရင်းနဲ့ ထပ်ပြီး မလှုပ်ရှားချင်တော့ဘူး။
ပယင်းသားရဲမျက်လုံးတွေဆီမှ သံသယဖြစ်ဖွယ်အရည်ကြည်တွေ ထွက်ပေါ်လာခဲ့တယ်... အတိတ်တုန်းက သူ ဒဏ်ရာရရှိခဲ့တဲ့အချိန်တိုင်း နာကျင်မှုတွေကိုမခံစားခင်မှာ သူကို ကုသပေးမဲ့တစ်စုံတစ်ယောက် အမြဲတမ်းရှိခဲ့ဖူးတယ်။
ချီကျွင့်အနေနဲ့ အတိတ်မှာတုန်းကလည်း ဒဏ်ရာတွေ ရရှိခဲ့ဖူးသော်လည်း တစ်စုံတစ်ယောက်က အလွန်လျှင်မြန်စွာ ကုသပေးခဲ့တာကြောင့်သူ့ရဲ့ ဒဏ်ရာတွေက လျှင်မြန်စွာသက်သာသွားတတ်ပြီး ယားယံမှုအနည်းငယ်ကိုသာ ခံစားခဲ့ရလေ့ရှိတယ်။
ဒါကြောင့်ပဲ သူ ဇွန်ဘီတစ်ကောင်ကို သတ်လိုက်တဲ့အချိန်တိုင်းမှာ ထိုအရာကိုစွဲလန်းနေခဲ့တာလေ။
ဘာလို့လဲဆိုတော့ သူ့ဆီမှာ အနောက်ကိုပြန်လှည့်ကြည့်စရာ မလိုလောက်တဲ့ ကျောထောက်နောက်ခံ ကုယန်ကျန်းတစ်ယောက်ရှိနေခဲ့တယ်။
ကုယန်ကျန်း.. ချီကျွင့် မြေပြင်ပေါ်မှာ လှဲနေရင်း ထိုအမျိုးသားအကြောင်းကို တွေးတောနေခဲ့တယ်။
သူ့ရဲ့ခေါင်းထဲကို ပထမဆုံးဝင်လာခဲ့တဲ့ မြင်ကွင်းကတော့ ဇွန်ဘီဘုရင်ကြီးရဲ့ဦးခေါင်းကို လက်နှစ်ဖက်နှင့်ဆုတ်ကိုင်ပြီး သူ့ကိုသူဖောက်ခွဲလိုက်တဲ့အချိန်မှာ ကုယန်ကျန်းရဲ့ ထိတ်လန့်ကြောက်ရွံ့သွားခဲ့တဲ့ မျက်နှာနဲ့ သူ့ရဲ့ နာကျင်စွာအော်ဟစ်လိုက်တဲ့အသံတို့ပဲ။
သူ ထိုအကြောင်းကိုတွေးကြည့်လေလေ သူ့ရဲ့ဒဏ်ရာက ပိုပြီး နာကျင်လာရလေလေပဲ။ ချီကျွင့် သူ့ရဲ့လျှာကိုဆန့်ထုတ်လိုက်ပြီး ပါးစပ်နားမှ အမွှေးတွေကို လျှာနဲ့သပ်လိုက်ကာ နားရွက်တွေကိုလှုပ်ခတ်လိုက်တယ်။
ထို့နောက်မှာတော့ ချီကျွင့် သူ့ရဲ့ဦးနှောက်ကို ပျော်ရွှင်စရာကောင်းတဲ့အရာတချို့ကို တွေးကြည့်ဖို့ ခက်ခဲစွာကြိုးစားလိုက်တယ်။ ဥပမာ ဇွန်ဘီကပ်ဘေးဖြစ်လာပြီးနောက် သူ ကုယန်ကျန်းနဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်လိုမျိုး။ အဲဒီအချိန်က နွေရာသီပဲ။
ကုယန်ကျန်းမှ အသွင်ပြောင်းထားတဲ့ ရှည်လျားတဲ့ ယင်ရှင်း (ginkgo)ပင်က ဇွန်ဘီတွေကို သတ်ဖို့အတွက်များပြားလွန်းလှတဲ့အမြစ်တွေကို ဆွဲဆန့်နေခဲ့ပြီး ချွန်မြနေတဲ့ ယင်ရှင်းရွက်တွေကိုတော့ ဓားသွားတွေလိုအသုံးချနေခဲ့တယ်။
မြေပြင်ပေါ်သို့ပြုတ်ကျလာတဲ့ အသံတစ်ခုနဲ့အတူ ထိုသူက ချီကျွင့်ရှိနေတဲ့နေရာဆီသို့
ပြေးလာခဲ့တယ်။
စွမ်းအားကြီးမားတဲ့ ကယ်တင်ရှင်တစ်ဦးရောက်လာခြင်းက သူ့ကို ပုံမှန်မဟုတ်စွာ ...ပျော်ရွှင်စေခဲ့တယ်။
အကိုင်းအခက်တွေ ထူထဲလွန်းတဲ့ ယင်ရှင်းသစ်ပင်ကြီးက အောက်ထပ်မှာရပ်ပြီး လေသာဆောင်ပေါ်မှာရှိနေတဲ့ သူ့ကိုမော့ကြည့်နေခဲ့တယ်။
ချီကျွင့်က အသက်ရာချီကြာအောင် သက်တမ်းရှိလောက်ပြီလို့ထင်ရတဲ့ ယင်ရှင်းပင်ကြီးက သူ့ကိုရင်းနီးကျွမ်းဝင်တဲ့အသံနဲ့ ခေါ်လာတာကိုကြားတော့ သတိလက်လွတ်နဲ့ ပြန်လည်တုံ့ပြန်ခဲ့တယ်။
"ယန်ကျန်းကျန်း မင်းက တကယ့်ကိုအစိမ်းရောင်အသွင်အပြင်မျိုးရှိတာပဲ"
"......"
ကုယန်ကျန်းသစ်ပင်ကြီးက အနည်းငယ်လှုပ်ရမ်းလိုက်ပြီး လသာဆောင်ဆီသို့ သူ့ရဲ့ယပ်တောင်ပုံသဏ္ဍာန်ရှိတဲ့ အစိမ်းရောင်သစ်ရွက်တွေကို ပစ်လွှတ်ရင်း အမြစ်တွေကိုတော့ ဇွန်ဘီတွေဆီကို ထိုးသွင်းလိုက်လေတယ်။
ခြင်္သေ့ငယ်လေးက ထိုမြင်ကွင်းကို ပြန်လည် သတိရသွားတော့ ရယ်မောလိုက်မိတယ်။ ထိုအချိန်တုန်းက ကုယန်ကျန်းက သေချာပေါက်ကို ဒေါသထွက်နေခဲ့မှာပဲ။
သူ ရယ်မောလိုက်တော့ သူ့ရဲ့ဒဏ်ရာတွေက အနည်းငယ်ပိုပြီးနာကျင်လာခဲ့ပြန်တယ်။ ဒါပေမယ့် သူ ပိုပြီးရယ်မောနေတုန်းပဲ။ နောက်ဆုံးတော့ ချီကျွင့် တစ်ယောက် ကုသရေးဆေးတောင့်ရဲ့ရှေ့သို့ ရွှေ့လျားလာနိုင်ခဲ့တယ်။
ခြင်္သေ့လေးရဲ့ လက်ဖဝါးလေးနှစ်ဖက်က ထိုအရာကိုမဖွင့်နိုင်ခဲ့ဘူး။
ချီကျွင့် ခေါင်းကိုငုံ့ဖို့ ရုန်းကန်လိုက်ပြီး သူ့ရဲ့ပါးစပ်နဲ့ ကိုက်ဖွင့်ကာ ကုသရေးဆေးကို သူ့ရဲ့ ချွန်ထက်တဲ့သွားတွေနဲ့ ကိုက်ခဲလိုက်တယ်။
ထို့နောက် ချီကျွင့်က ဒဏ်ရာရနေတဲ့ ခြင်္သေ့လက်ဖဝါးနှစ်ဖက်ကို ဖွင့်လိုက်ပြီး မြေကြီးပေါ်ကိုခေါင်းနဲ့လှဲလိုက်ကာ သူ့ရဲ့လက်ဖဝါးတွေနဲ့ လျှာနဲ့လျက်လိုက်တယ်။
ကုသရေးဆေးကို သူ့ရဲ့လျှာနဲ့လျှက်လိုက်ရပေမဲ့ အကျိုးသက်ရောက်မှုက အလွန်မြန်ဆန်တယ်။
နာကျင်မှုကအလွန်ပြင်းထန်လွန်းတာကြောင့် ချီကျွင့်တစ်ယောက် သတိလစ်သလိုဖြစ်နေခဲ့ပြီ။
အစွမ်းထက်လွန်းတဲ့ ကုသရေးဆေးက ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကို ချက်ချင်းတိုးတက်လာစေပေမဲ့ ဘေးထွက်ဆိုးကျိုးကတော့ နာကျင်မှုတွေအများကြီး တိုးလာစေလိမ့်မယ်။
ဒါက ကုယန်ကျန်းရဲ့ သစ်သားစွမ်းရည်ထဲမှ ကုသခြင်းစွမ်းအင်နဲ့တော့ ကမ္ဘာတစ်ခုစာလောက်ခြားနားနေခဲ့တယ်။
ခြင်္သေ့ငယ်လေးက သူ့ရဲ့ခြေလက်တွေကို ဖြန့်ကားထားပြီး မြေပြင်ပေါ်မှာလှဲနေခဲ့ကာ နာကျင်မှုကြောင့်တုန်ယင်နေရင်းနဲ့ သာမန်မျက်လုံးဖြင့်မြင်နိုင်လောက်တဲ့ အရှိန်အဟုန်ဖြင့်ပျောက်ကင်းသွားခဲ့တဲ့ သူ့ရဲ့ ခြင်္သေ့လက်ဖဝါးတွေကို ကြည့်နေခဲ့တယ်။
ကံကောင်းထောက်မစွာဖြင့် ဒီကုသရေးဆေးပစ္စည်းက အလွန်ကောင်းမွန်နေသေးတယ်။
အပြင်ဘက်မှ ထိခိုက်ဒဏ်ရာတွေက အလျှင်အမြန်သက်သာလာခဲ့ပေမယ့် အတွင်းပိုင်းမှ ဒဏ်ရာကတော့ တကယ်ကိုပြင်းထန်လွန်းသေးတယ်။
နှလုံးနှင့်အသည်းတို့တွေကို ကုတ်ခြစ်ခံလိုက်ရသလိုမျိုး ပြင်းထန်လွန်းလှတဲ့ နာကျင်မှုဒဏ်ကိုခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ ခြင်္သေ့ငယ်လေးက တဆတ်ဆတ်တုန်ယင်စွာနဲ့ မတ်တပ်ရပ်လိုက်တယ်။
ကုသရေးဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အားလုံး ပျောက်ဆုံးသွားချိန်မှာတော့ ချီကျွင့်ရဲ့တစ်ကိုယ်လုံး အားအင်တွေ ပြည့်ဝလာတော့တယ်။
သူက သူ့ရဲ့သားမွှေးတွေကိုခါရမ်းလိုက်ပြီး ခါးကိုဆန့်ထုတ်လိုက်ကာ ခေါင်းကိုမြှောက်လိုက်တယ်။ ထို့နောက် ပါးစပ်ကိုဖွင့်ကာ အလွန်အင်အားကြီးမားတဲ့ အသံတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
"အာဝူး!!"
အသံက အလွန်နူးညံ့ပြီး အရွယ်မရောက်စေးတဲ့ ခြင်္သေ့ပေါက်စလေးရဲ့အသံနဲ့တူညီနေခဲ့တယ်။
ဒီအသံမျိုးက ချီကျွင့် အရင်တုန်းကအသွင်ပြောင်းနိုင်ခဲ့တဲ့ ခြင်္သေ့ထီးရဲ့အသံကို လုံးလုံးလျားလျားမယှဥ်နိုင်ခဲ့ဘူး။
ချီကျွင့် ဖောက်ထွင်းမြင်နိုင်တဲ့ အတားအဆီးမှတဆင့် အပြင်ဘက်မြင်ကွင်းကိုလှမ်းကြည့်လိုက်တယ်။
သူရဲ့ ခန္ဓာကိုယ်က ထပ်ပြီးမနာတော့ဘူး။ ဒီတော့ လက်ရှိသူရောက်ရှိနေတဲ့နေရာကို လေ့လာဖို့အတွက် အာရုံရရှိလာခဲ့တယ်။
သူ့ခေါင်းထဲမှာ မှတ်ညဏ်တွေအများကြီး ကျန်ရစ်မနေခဲ့ဘူး။ ဒါပေမယ့် တစ်စုံတစ်ခုကတော့ အလွန်ပဲ နက်နက်ရှိုင်းရှိုင်းစွဲထင်နေခဲ့တယ်။
ဖောက်ထွင်းမြင်နိုင်တဲ့အတားအဆီးက အင်ပါယာအကျဥ်းထောင်တွေမှာသုံးတတ်တဲ့ အဆင့်အမြင့်ဆုံးသော ကာကွယ်ရေး ယန္တရားတစ်ခုပဲ။
သူ ထိုအနားကို နီးကပ်လာတာနှင့်တစ်ပြိုင်နက် ထိုအတားအဆီးက သူ့ကို အားပြင်းလွန်းတဲ့စွမ်းအင်တိုက်ခိုက်မှုတစ်ခုကိုထုတ်လွှတ်လာလိမ့်မယ်။
ဒါကြောင့်ပဲ ဒီခြင်္သေ့ငယ်လေးရဲ့ အရင်တုန်းက ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ အကြောင်းအရင်းဖြစ်လိမ့်မယ်။
သူ လက်ရှိရောက်ရှိနေတဲ့နေရာက တော်၀င်နန်းတော်ထဲမှ ကန့်သတ်ထားတဲ့နေရာတစ်ခုပဲ။
ဒါ့အပြင် အင်ပါယာရဲ့ တော်၀င်မင်သားလေးကို ထိန်းသိမ်းထားတဲ့ ကန့်သတ်နေမြေဖြစ်လေတယ်။
ဒီနေရာမှာ လူသားအစောင့်အကြပ်တွေမရှိသလို စနစ်နဲ့ စောင့်ကြည့်နေတာမျိုးလည်းမရဘူး။
မရေတွက်နိုင်လောက်အောင်များပြားတဲ့ သားရဲစက်ရုပ်တွေသာရှိနေခဲ့တယ်။
ချီကျွင့် ခေါင်းကိုလှည့်ပတ်ကြည့်လိုက်တယ်။
နေရာက အလွန်ကျယ်ပြီး ပတ်ပတ်လည်ကိုနံရံဖြင့်ကာရံထားကာ အတွင်းပိုင်းမှာ ဘာတစ်ခုမှမရှိခဲ့ဘူး။
ခြင်္သေ့ငယ်လေးက ဘယ်လို သားရဲစက်ရုပ်တွေကိုမှ မမြင်ခဲ့ဘူး။ ဒါမှမဟုတ် ပိတ်လှောင်ခံထားရတဲ့မင်းသားငယ်လေးကိုလည်းမတွေ့ခဲ့ဘူး။
ထိုမင်းသားငယ်လေးကို တခြားနေရာတစ်ခုခုမှာ ပိတ်လှောင်ထားတာဖြစ်လောက်လိမ့်မယ်လို့ ချီကျွင့်ခန့်မှန်းလိုက်တယ်။
အနီးအနားမှာ ဘယ်သူမှ မရှိတာသေချာအောင်စစ်ဆေးပြီးနောက် ချီကျွင့် သူ့ရဲ့ စွမ်းအင်တွေကို စုဆောင်းဖို့ ကြိုးစားလိုက်တယ်။