Ch 2
Viewers 2k

 

ချီကျွင့် သူ့ရဲ့ ခြေထောက်တွေကို ရွှေ့လျားလိုက်ပြီး ကမ္ဘာဦးသစ်ပင်ကြီးရှိရာနေရာဆီသို့ ပြေးသွားခဲ့တယ်။  

 

ဆောင်းဦးရဲ့ နေရောင်ခြည်ဟာ ခြင်္သေ့ပေါက်စလေးရဲ့ ကိုယ်ပေါ်ကို ဖြာကျနေပြီး မြက်ပင်အဖျားလေးတွေမှာပါ အဝါဖျော့ဖျော့ နေရောင် ရှပ်ပြေးနေခဲ့တယ်။

 

အကောင်ပေါက်လေး ပြေးနေတဲ့ပုံက မြက်ခင်းပြင်တစ်ဝိုက်မှာ ပြေးလွှားကာခြင်္သေ့ကြီးရဲ့နောက်ကနေ လိုက်ပြီး သားကောင်ဖမ်းဖို့သင်ယူနေခဲ့တဲ့ ခြင်္သေ့ငယ်လေးနဲ့ တူနေခဲ့တယ်။

 

သူ သစ်ပင်နားကို ကပ်လာလေလေ ချီကျွင့်တစ်ယောက် ပိုပြီး စိတ်လှုပ်ရှားလာလေလေပဲ။

 

လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်းမှာ သူ ဒီသစ်ပင်ကြီးကို ဘယ်နှစ်ကြိမ်လောက်မြင်တွေ့ပြီး ဘယ်နှစ်ကြိမ်လောက် ထိတွေ့ခဲ့ပြီးပြီလဲ။ ဒီသစ်ပင်ကြီးမှာ သစ်မြစ်၊သစ်ခေါက် ဘယ်နှစ်ခုရှိတယ်ဆိုတာတောင် သူနေသိခဲ့တယ်လေ။

 

ချီကျွင့် အနားကို ပိုရောက်လာလေလေ ဒီသစ်ပင်ကြီးက ကုယန်ချန်ဆိုတာ ပိုပြီးသေချာလာလေလေပဲ။

 

တဖြည်းဖြည်းနဲ့ တံတိုင်းနားကိုနီးကပ်လာလေလေ အရှေ့ကိုဆက်တိုးဖို့ အလွယ်ကူနိုင်လေလေ ဖြစ်လာရတယ်။

 

နောက်ဆုံး သူ့ကို နန်းတော်နံရံကြီးက ဟန့်တားခံလိုက်ရတဲ့ အထိရောက်လာခဲ့တယ်။ 

ဒီနန်းတော်နံရံကြီးကို ဆောက်ထားတဲ့ အင်္ဂတေဟာ သူ့ကို ဖမ်းချုပ်ထားတဲ့ အဆောက်အဦးက နံရံတွေနဲ့မတူဘူး။ ဒီနံရံကြီးကို ကွန်ကရစ်သားကောင်းကောင်းနဲ့ လုပ်ထားပြီး သိပ်သည်းဆမြင့်တဲ့ သတ္တုစပ်နဲ့ ရောနှောဆောက်လုပ်ထားခဲ့တယ်။

 

ဆောက်ထားတဲ့ပုံစံက သိပ်ပြီးမကြာသေးပုံရပြီး ခြေသည်းတွေနဲ့ ထိုးဖောက်ကြည့်လို့လဲ မရပြန်ဘူး။ 

 

ချီကျွင့်က ခေါင်းလှည့်ပြီး ဘေးဘီဝဲယာကို ပြန်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ အန္တရာယ် အရိပ်အယောင်ကို မတွေ့မြင်ခဲ့ရတာကြောင့် နံရံပေါ်သို့ တက်ဖို့ အသင့်ပြင်လိုက်တယ်။

 

ဒါပေမယ့် သူ့ရဲ့ခြေသည်းတွေ နံရံကြီးကို ထိလိုက်တဲ့အချိန်မှာပဲ ဘေးအန္တာရာယ်တစ်ခုခုကို ရုတ်တရက်အာရုံခံမိလိုက်လေတယ်။

 

လွန်ခဲ့တဲ့ နှစ်ကတည်းက ချီကျွင့်က အလွန် သတိရှိရှိနဲ့ နေလာခဲ့တာကြောင့် ထိုအသိပေးချက် သူ့ရဲ့အာရုံထဲသို့ရောက်လာတယ်ဆိုရင်ပဲ မြေကြီးပေါ်ကို လှိမ့်ချလိုက်လေတယ်။

 

သူ့ရဲ့ သတ္တုစွမ်းအားကို အနောက်ဖက်သို့ ပစ်လွှတ်လိုက်ပြီးနောက် သားရဲစက်ရုပ်ကြီးကို ပစ်ချလိုက်မိတယ်။ ထိုသားရဲစက်ရုပ်ကြီးရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်က စွမ်းအားတွေကို စုစည်းထားပြီးဟန်ရှိပြီး မှိန်ပျပျ အပြာရောင် အလင်းတန်းတစ်ခုက ပစ်လွှတ်လာတော့မဲ့ဟန်ဖြစ်နေခဲ့တယ်။

 

ကံကောင်းစွာနဲ့ သားရဲစက်ရုပ်ကြီးရဲ့ ကိုယ်လုံးက သတ္တုနဲ့ လုပ်ထားခဲ့လို့လား ဒါမှမဟုတ် ချီကျွင့်ကပဲ သေမင်းကို အနံ့ခံနိုင်လို့လားဆိုတာကိုတေ့် မသိပေမဲ့ သူ့ရဲ့ သတ္တုစွမ်းအားက သားရဲစက်ရုပ်ကြီးကို ဖောက်ထွက်သွားခဲ့ပြီး ချီကျွင့်တစ်ယောက် သူ အရင်တုန်းကမြင်ခဲ့တဲ့ လိုင်းတွေကို ထပ်တွေ့ခဲ့တယ်။

 

 ချီကျွင့် ထိုလိုင်းတွေကို ချက်ချင်း ဖျက်ပစ်လိုက်တော့ သားရဲစက်ရုပ်ကြီးက ရေစီးကြောင်းတစ်ခုလိုမျိုး အရည်ပျော်ပြီး အောက်သို့ ပြုတ်ကျသွားခဲ့တယ်။

 

ထို့နောက်မှာတော့ သိပ်သည်းဆမြင့်မားတဲ့ သတ္တုစပ်ကတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတယ်။

 

ချီကျွင့် မြေကြီးပေါ်ကနေ လူးလဲထလိုက်ပြီး ကတ်နှစ်ကတ်ကို ကောက်ကိုင်လိုက်တယ်။ သူ နံရံပေါ်ကို ထပ်မတက်ခင်မှာ ထိုထူးခြားတဲ့သတ္တုဖွဲ့စည်းပုံတွေကို အနည်းငယ် စိတ်ဝင်စားခဲ့ပြီး စူးစမ်းကြည့်ချင်ခဲ့တယ်။

 

သို့ပေမယ့် နံရံရဲ့အခြားတစ်ဖက်မှာ သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးရှိနေတယ်လေ။ လက်ရှိမှာ သူ့ရဲ့ အသွေးအသားလိုဖြစ်နေတဲ့ ဒီသစ်ပင်ကို သွားရှာဖို့ထက် ဘယုအရာကမှ ပိုပြီးအရေးမကြီးဘူး။

 

တစ်ချိန်တည်းမှာပဲ အင်ပါယာနန်းတော်ကြီးရဲ့ လုံခြုံရေးဌာနမှ အစောင့်တွေကတော့ နှစ်ပေါင်းများစွာကြာတဲ့အထိ ဘာတစ်ခုမှ လုပ်စရာမလိုပဲဘဲ ပစ်ထားလို့ရခဲ့တဲ့ နန်းတော်ရဲ့ ကာကွယ်ရေးစနစ်က တကယ်ကြီး အနီရောင်ပြောင်းသွားတာကို တွေ့လိုက်ရလေတယ်။

 

တာဝန်ကျအစောင့်ကတော့ ထိုမြင်ကွင်းကိုကြည့်ကာ သတိပေးသံတွေမမြည်လာခင် ခဏလောက်ကြောင်အ,ပြီးကြည့်နေမိခဲ့တယ်။

 

အချိန်အတိုင်းအတာတစ်ခုရှသွားချိန်မှာတော့ ဧကရာဇ်နန်းတော်ကြီးရဲ့ သားရဲစက်ရုပ်ကြီးတွေ အားလုံး အသက်ဝင်လာပြီး အသင့်အနေအထားအဖြစ် ရောက်ရှိသွားခဲ့တယ်။

 

ထိုအချိန်မှာ ချီကျွင့်ကတော့ နောက်ထပ်ဘယ်လိုအရာတွေမှ ထပာထွက်မလာခင်မှာ သတ္တုစပ်ကတ်တွေကို ဆူးချွန်တွေလို ဖြစ်အောင်ဖန်တီးလိုက်ပြီး သူ့ရဲ့ခြေဖဝါးအောက်မှာ ထိုးထည့်လိုက်တယ်။

 

အင်ပါယာရဲ့ တော်ဝင်နန်းတော်အတွင်းမှာ ဘယ်လိုပဲ အုတ်အော်သောင်းနင်းတွေဖြစ်နေပါစေ ခြင်္သေ့ပေါက်စလေးကတော့ မတ်စောက်လှတဲ့ ကျောက်တုံးနံရံတွေ ကို ခွတက်ဖို့အတွက်ကိုသာ အာရုံရှိနေပြီး သတ္တုခြေသည်းတွေကို ဂရုတစိုက်ပြင်ဆင်ကာ အခြားတစ်ဖက်မှာရှိနေတဲ့ နံရံကြီးဆီသို့ လျှင်အမြန်တွယ်တက်ဖို့ လုပ်နေခဲ့တယ်။

 

နောက်ဆုံးမှာတော့ သူ နံရံကြီးရဲ့ တစ်ဖက်ကိုရောက်ရှိသွားခဲ့ပြီး အပင်ကြီးကို မော့ကြည့်လိုက်တယ်။

 

ထို့နောက် ချီကျွင့်က ထိုနှစ်တစ်ရာသက်တမ်းလောက်ရှိနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို အစမ်းသဘောအနေနဲ့ ဟိန်းကြည့်လိုက်တယ်။

 

"အာဝူ?"

 

နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကတော့ နည်စနည်းလေးတောင် မလှုပ်ရှားလာခဲ့ဘဲ နံရံနားမှာ ရပ်လျှက်သားအတိုင်း ရှိနေခဲ့တယ်။

 

ကုယန်ကျန်းက အခု သစ်ပင်ကြီးဖြစ်နေတယ်ဆိုပေမယ့် သူက တကယ့်သစ်ပင် အစစ် မဟုတ်ဘူးလေ။ ချီကျွင့်က နောက်ထပ်နံရံကြီးရဲ့အပေါ်သို့ရောက်အောင် ကုပ်တွယ်တက်လိုက်ပြီး ဟိန်းလိုက်ပြန်တယ်။

 

ဒီလိုဆို ကုယန်ကျန်းက သူ့ကို မသိသလို မကြားသလိုလျစ်လျူရှုလို့ရမှာ မဟုတ်တော့ဘူး။

 

ချီကျွင့်က သူ့ကိုယ်သူ ပြန်အားတင်းလိုက်ပြီး သူ့ရဲ့ရှေ့မှာရှိတဲ့ နံရံကို စိုက်ကြည့်လိုက်တယ်။ ဒီနံရံကြီးက မတိုင်ခင်တုန်းက နန်းတော်နံရံကြီးတွေထက်တော့ ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိပုံရတယ်။ သားရဲစက်ရုပ်ကြီးလိုမျိုးတွေလည်း မရှိဘူး။ ချီကျွင့်က နံရံကို မျက်လုံးဝိုင်းကြီးနဲ့ စိုက်ကြည့်လိုက်မိတယ်။

 

သူ့ရှေ့က အနှစ်တစ်ရာလောက်သက်တမ်းရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက ကုယန်ကျန်းရဲ့ သစ်ပင်ပုံစံနဲ့ တစ်ထပ်တည်းပဲ။

 

ပင်စည်၊ သစ်ခေါက်တွေ၊ သစ်ရွက်ပုံတွေအားလုံးလည်း တော်တော်လေးတူညီတယ်။ ဒါပေမယ့် ဒီကုယန်ကျန်းသစ်ပင်ကြီးကတော့ ခုချိန်ထိ လှုပ်ရှားမလာသေးဘူး။

 

ချီကျွင့် သစ်ပင်ကြီးရှိတဲ့ ခြံဝန်းထဲကိုခုန်ချလိုက်ပြီးနောက် ထိုအပင်ရှိရာကို လျှောက်သွားလိုက်ပြီး သစ်ပင်ရဲ့ ပင်စည်ကို ထိဖို့အတွက် သူ့ရဲ့ခြင်္သေ့ခြေသည်းလေးတွေကို မြှောက်လိုက်တယ်။

 

သူ့ခြေသည်းတွေမှာ သတ္တုစပ်ကတ်တွေ ချွန်မြနေအောင် သွေးပြီး ထည့်ထားမှန်း ပြန်သတိရသွားတာကြောင့် သူ့ရဲ့ လက်ဖဝါးလေးကို အနည်းငယ်လှုပ်ခါလိုက်ပြီးမှ ကမ္ဘာဦးသစ်ပင်ကြီးကို နှစ်ခါတောင် ကုတ်ခြစ်လိုက်တယ်။

 

  " ကုယန်ကျန်း လား"

 

ကမ္ဘာဦးသစ်ပင်ကြီးက ဘာမှပြန်မပြောလာခဲ့ဘူး။ ချီကျွင့်က မတ်တပ်ထရပ်လိုက်ပြီး သူ့ရဲ့လက်ထဲက ဆူးချွန်တွေကို ဖယ်လိုက်တယ်။ ပြီးနောက် သစ်ပင်ကြီးကို သူ့ရဲ့ခေါင်းနဲ့ဖိပြီး မှီကာထိုင်ချလိုက်ရင်း သစ်ပင်ကြီးကို ခေါင်းနဲ့ ပွတ်သပ်ကာ ထပ်ခေါ်ပြန်တယ်။

 

"ယန်ကျန်း......"

 

အရင်တုန်းကတော့ သူခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်လာတဲ့အချိန်မှာ အပင်ကြီးက သူ့ရဲ့ အကိုင်းအခက်တွေကို လှုပ်ယမ်းပြလေ့ရှိတယ်။

 

ပြီးရင်တော့ အပင်ကြီးက လူအဖြစ်ပြောင်းလဲပြီး သူ့ရဲ့ခေါင်းကို ပွေ့ဖက်ကာ သူ့ရဲ့ အမွှေးတွေကို ပွတ်သပ်ပေးလိုက်၊ လက်သည်းတွေကို ဆွဲညှစ်လိုက်လုပ်လိမ့်မယ်။ သူ့ကို အသားကင်တွေ၊ ငါးတွေ နဲ့ ခေါက်ဆွဲတွေတောင် ကျွေးတတ်သေးတယ်။

 

အခုတော့ သူ့ရဲ့ရှေ့မှာ သစ်ပင်ကြီးတစ်ပင်လုံး ရှိနေပေမယ့် ထိုအပင်ကြီးက လုံးဝလှုပ်ရှားမလာခဲ့ဘူး။ ချီကျွင့် ကမ္ဘာဦးသစ်ပင်ကြီးရဲ့အရွက်ပြုတ်ကျလာတာကို စိုက်ကြည့်ရင်း ပါးစပ်ကို ဖွင့်ဟလိုက်ပေမဲ့ ဘာမှ မပြောခဲ့တော့ဘူး။  သူ့ရဲ့နဖူးကိုပဲ အပင်ကြီးနဲ့ ထပ်မံ ပွတ်တိုက်လိုက်ပြန်တယ်။

 

 

 

သူ ဒီလူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့မိလို့များလား။ သူ့ကို အပြစ်တင်နေခဲ့တာလား။

 

ထိုအချိန်မှာတုန်းက ကုယန်ကျန်းဆီမှာ စွမ်းအားကြီးတဲ့ သစ်သားစွမ်းအင်နဲ့  ပြန်လည်ကုသနိုင်စွမ်းတွေရှိနေခဲ့တယ်။

 

ဒါပေမယ့် သူ ဇွန်ဘီအင်ပါယာနဲ့တိုက်ခိုက်ချိန်မှာ ဒဏ်ရာရခဲ့ပြီး သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ပုံစံကိုထိန်းမထားနိုင်တော့တာကြောင့်  သူ့ရဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းအားကလည်း သိသိသာသာကြီး အားပျော့သွားခဲ့တယ်။ သူ့အနေနဲ့ တခြားနည်းလမ်းကို မတွေးတောနိုင်တော့တာကြောင့်  သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။

 

သို့ပေမယ့် သူဒေါသထွက်နေရင်တောင်  ချီကျွင့်ကို ဆူပူကြိမ်းမောင်းစကားတွေလောက်ပဲပြောလိမ့်မယ်။

 

ကုယန်ကျန်းက လူသားအဖြစ်ပြောင်းလဲပြီး ပြောပြလို့မရတဲ့အရာမျိုးတွေ လုပ်ရင်လုပ် ၊မဟုတ်ရင် ချီကျွင့်ကို စကားပြန်ပြောလိမ့်တယ်။ သူတို့နှစ်ယောက်ရဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ်ပတ်လုံး အတူရှိခဲ့ကြတဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ထားမှုကိုအခြေခံပြီး ပြေရရင် ကုယန်ကျန်းက သူ့ကို အခုလိုမျိုး လုံးလုံးကြီး ဥပေက္ခာပြုထားမဲ့သူမျိုးမဟုတ်ဘူး။

 

ချီကျွင့်က သစ်ပင်ကြီးကို သူ့ခြေသည်းတွေနဲ့ ကုတ်တွယ်ထားကာ သစ်ပင်မှာကပ်နေတဲ့ ခြင်္သေ့ပုံစံ ကိတ်မုန့်တစ်လုံးလိုမျိုး ဖက်တွယ်ထားလိုက်တယ်။

 

သူ သူ့ရဲ့အမှားကိုသူ ရိုးရိုးသားသား ဝန်ခံနေခဲ့တယ်။ တကယ်လို့ သူသာ လူသားအဖြစ် အသွင်ပြောင်းနိုင်မယ်ဆိုရင်တော့ ဒီသစ်ပင်ကြီးဆီမှ တုံ့ပြန်မှုရရှိလာစေဖို့ လုပ်ဆောင်ချက်မျိုးစုံလုပ်နိုင်လိုက်မှာ။

 

ကမ္ဘာဦးသစ်ပင်ကြီးကို ခဏလောက် ဖက်ထားပြီးတဲ့နောက် ချီကျွင့်တစ်ယောက် သူ့ရဲ့ ဗိုက်ထဲက လေပွလာသလို ခံစားလိုက်ရတာကြောင့် သူ့ရဲ့ခေါင်းကို မော့ပြီး အပင်ကြီးကို တစ်ချကိပွတ်ကာ ပြောလိုက်တယ်။

 

"ခဏလောက် စောင့်ဦးနော် ကျွန်တော့်  ရုပ်ပိုင်းဆိုရင်ရာပြသနာလေးအရင်ဖြေရှင်းလိုက်မယ်"

 

ချီကျွင့်က လှည့်ပြီး သိပ်မဝေးတဲ့နေရာ ပြေးသွားလိုက်တယ်။ ကျောက်တုံးနောက်မှာ ပုန်းအောင်းပြီး သူ့ရဲ့ ကိစ္စကြီးငယ်ကို   မရှင်းခင် သူဖက်ခဲ့တဲ့ မြင့်မားလွန်းတဲ့ အပင်ကြီးကို ပြန်ကြည့်လိုက်ပြန်တယ်။  သူနည်းနည်းတော့ ရှက်သွားတယ်ကံကောင်းစွာနဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ ခြင်္သေ့ကိုယ်ရဲ့အမွှေးအမျှင်တွေ ဖုံးနေသေးတယ်။

 

ချီကျွင့် နောက်ကို ပြန်လှည့်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ကမ္ဘာဦး သစ်ပင်ဆီကို ကပြာကယာ လျှောက်သွားလိုက်တယ်။ 

 

ခြင်္သေ့တွေက သူတို့ရဲ့နယ်မြေပိုင်နက်ကိုကို ဒီလိုမျိုး အမှတ်အသားပြုတတ်တယ်လေ။  သူ ဒီနှစ်ရာကျော်သစ်ပင်ကြီးကို  အမှတ်အသားပြုလိုက်မိတယ်ရှက်စရာကောင်းလိုက်တာ!

သစ်ပင်အောက်ကို ပြန်ရောက်ပြီးနောက် ချီကျွင့်က ခြင်္သေ့မျိုးနွယ်တွေ သုံးခဲ့တဲ့ နည်းလမ်းတစ်ဆက်လိုက်ကို နောက်တစ်ကြိမ်သုံးပြန်တယ်။ သူက သူ့ရဲ့နားရွက်တွေကို ပွတ်သပ်တယ်၊ ဗိုက်ကို လျှာနဲ့လျက်တယ်၊ အမြီးကို လှမ်းကိုက်ပြီး မြေကြီးပေါ့ ဗုန်းခနဲ လှဲချလိုက်တယ်။

 

သူအပေါ်အောက် နည်းမျိုးစုံနဲ့  လူးလှိမ့်နေခဲ့ပြီး မောပန်းနွမ်းနယ်လာတော့မှသာ ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သစ်ပင်ကြီးက ခုချိန်ထိ မလှုပ်လာသေးဘူး။

 

ချီကျွင့်က ပြန်လှည့်ပြီးပက်လက်လှဲအိပ်လိုက်တော့ပြီး သူ့ရဲ့ ပျော့ပြောင်းတဲ့အမွှေးတွေရှိတဲ့ဗိုက်ကို ဖော်ထုတ်ကာ ရွှေဝါရောင် ကမ္ဘာဦးသစ်ပင်ကြီးကိုသာ မော့ကြည့်နေခဲ့တယ်။

 

ထို့နောက် သူတခြားတစ်ခုကို တွေးတောမိပြန်တယ်။

 

..... ကုယန်ကျန်းရဲ့ ခန္ဓာကိုယ်က တစ်ခုခု မှားယွင်းနေတာများလား။ ဒါကို တွေးမိတော့ ခြင်္သေ့ပေါက်လေးက သစ်ပင်ကြီးရဲ့အောက်မှာ နဖူးပေါ်ကိုလက်တင် စဉ်းစားသလို လုပ်နေခဲ့တယ်။ ပြီးနောက် အပင်ကြီးကို နောက်တစ်ခါ ထပ်ပြီး ပတ်ကြည့်ပြန်တယ်။

 

ကမ္ဘာဦးသစ်ပင်က ချောမွတ်ပြီး ရှည်လျားတဲ့ အကိုင်းအခတ်တွေနဲ့ အလွန်ကိုကို လှပနေခဲ့တယ်။ ဝင်းလက်တောက်ပနေတဲ့ ယပ်တောင်ပုံစံ ရွှေရောင်သစ်ရွက်တွေက သစ်ရွက်တွေ ရံဖန်ရံခါ ကြွေကျနေတတ်ပေမယ့် သဘာဝအရ အရွက်သစ်လဲဖို့အတွက် ကြွေကျနေခဲ့တာ။

 

ပြောရရင် ဒီသစ်ပင်ကြီးက ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းကြီးပြင်းလာတယ်လို့ ဆိုနိုင်တယ်။ သစ်ရွက်တွေ တစ်ကြိမ်လောက်ကြွေလိုက်ပြီဆိုရင် ရွှေရောင်သစ်ပင်ကြီးမှ ရွှေတွေဖြဲကျဲပေးနေသလိုပဲ!

 

တကယ်တော့ ချီကျွင့်က အားနည်းလွန်းလို့ ဒယီးဒယိုင်ဖြစ်နေပြီ။ ဒါကြောင့်သစ်ပင်ကို ခဏမှီလိုက်ရတယ်။ အခု သူဖြစ်သလိုမျိုး ကုယန်ကျန်းလည်း လူအဖြစ် အသွင်မပြောင်းနိုင်တဲ့ ပြဿနာမျိုး ကြုံနေရတာများလား။  ခြင်္သေ့ပေါက်လေးဟာ အသက်ကို မျှင်းမျှင်းလေး ရှူရင်း ဒီသစ်ပင်ကို နိုးလာအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးနေခဲ့တယ်...

 

တစ်ချိန်တည်းမှာပဲ ကြယ်တာရာတွေအနည်းငယ်လောက်အဝေးမှာရှိနေတဲ့ အင်ပါယာရဲ့ စစ်သေနာပတိချုပ်ကြီးတစ်ယောက် ကြက်သွေးနီကြယ်တာရာရဲ့  သားရဲမျိုးနွယ်နဲ့  သံတမန်ရေးရာ လမ်းဖောက်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် သူက သံတမန်တွေနဲ့ စကားပြောတာကို ရုတ်တရက်ကြီး ရပ်ချလိုက်ပြီး သူ့ရဲ့ စစ်ဖိနပ်ရှည်ကြီးကို ငုံ့ကြည့်လိုက်ကာ သူ့ရဲ့ မျက်နှာကလည်း ရှုံ့မဲ့သွားခဲ့လေတယ်။

 

တကယ်လို့ သူသာအမှတ်မမှားရင် သူ့သစ်ပင်အောက်မှာ တစ်ခုခုဖြစ်နေပုံပေါ်တယ်။ သစ်ပင်ကြီး အမြစ်တွယ်နေတဲ့ မြေဆီလွှာထဲကို ထူးဆန်းတဲ့ အရည်တစ်မျိုး စိမ့်ဝင်နေသလိုလိုပဲ။.

 

....သူ့ရဲ့တွဲဖက်ခန္ဓာကိုယ်က သိပ်ပြီး အာရုံခံစနစ် မကောင်းတာကြောင့် အစစ်အမှန်အဖြစ် သိပ်မခံစားရရုံလောက်ပဲ။ သေချာတာပေါ့။ ထိုအချေအနေက  ကမ္ဘာဦးသစ်ပင်ကို ကိုယ်ကိုယ်ကိုယ် ကာကွယ်တဲ့စနစ်ကိုအသက်သွင်းလောက်တဲ့အဆင့်ထိတော့ မရောက်ခဲ့ဘူး။ သူ ခြံနောက်ဖက်မှာ သစ်ပင်ကြီးကို ထားခဲ့ကတည်းက ဒီလိုဖြစ်ရပ်မျိုး တ၀်ခါမှမဖြစ်ခဲ့ဖူးဘူးလေ။

 

"ဗိုလ်ချုပ်ကြီး?"

 

မျိုးနွယ်စုရဲ့ သံတမန်က မေးဖို့ပြင်လိုက်တယ်။

 

' ဘာလို့ စစ်သေနာပတိချုပ်ကြီးက စကားပြောတာကို တစ်ဝက်တစ်ပျက်ကြီး ရပ်ချလိုက်တာလဲ?

 

စစ်သေနာပတိချုပ်ကြီးက သူ့ရဲ့ ဖိနပ်ဆီကို ကြည့်နေရာကနေ အကြည့်လွှဲလိုက်ပြီး ဒီသားရဲမျိုးနွယ်အင်ပါယာနဲ့  သံတမန်ရေးရာကိစ္စဆီကို ဖြေရှင်ဖို့အတွက် ပြန်လည် အာရုံစိုက်လိုက်တယ်။

အခုချိန်မှာ ဒီကိစ္စက ပိုပြီးအရေးကြီးတာ ဘာတစ်ခုမှ မရှိဘူးလေ။

 

သူ နှစ်အတော်ကြာအောင် သူက တိုင်းပြည်တစ်ပြည်လုံးကို ရှာခဲ့ဖွေခဲ့ပေမယ့် သားရဲအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတဲ့သူကို ရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေချိန်မှာ မထင်မှတ်ဘဲ အင်ပါယာရဲ့ အာကာသစူးစမ်းလေ့လာရေးမစ်ရှင်ထံမှ အင်ပါယာရဲ့ကြယ်တွေ အပြင်ဘက်မှာ ခေတ်မီလူ့အဖွဲ့အစည်းတွေကို ရှာတွေ့ခဲ့ကြတယ်။

 

သေနာပတိချုပ်ယန်က ရှည်လျားလွန်းလှတဲ့ ခြုံငုံသုံးသပ်ချက်တွေထဲမှ ခေတ်မီလူ့အဖွဲ့အစည်းတစ်ခုကို သတိပြုမိခဲ့တယ်။ တိုးတက်နေတဲ့ ဒီသားရဲမျိုးနွယ်စုက အရာအားလုံးကို အသွင်ပြောင်းနိုင်တယ်တဲ့။ ခြင်္သေ့တွေကိုတောင်မှပဲ!

 

သူတို့မျိုးနွယ်စုရဲ့ အစွမ်းထက်လှတဲ့ ဆေးက သေနာပတိချုပ်ယန်ရဲ့ သေဆုံးနေတဲ့နှလုံးသားကို ပြန်လည်ရှင်သန်လာစေခဲ့တယ်။

 

အဲဒီနောက် သေနာပတိချုပ်ယန်က သားရဲမျိုးနွယ်စုနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ထိုအဝေးနေရာမှာမှ ကြယ်တွေဆီကို စတင် ခရီးထွက်လာခဲ့တယ်။

 

အင်ပါယာရဲ့  ရည်ရွယ်ချက်ကတော့ သားရဲတွေရဲ့ လူ့မှုအဖွဲ့အစည်းကို အတွင်းကျကျနားလည်ဖို့နဲ့ သူတို့ရဲ့ လူနေမှုအဆင့်အတန်းကြောင့် တိုင်းပြည်အပေါ်မှာ အန္တရာယ် ပေးနိုင်ချေရှိမရှိ ချိန်ဆကြည့်ကြဖို့ပဲ။ 

 

သေနာပတိချုပ်ယန်ရဲ့ ရည်ရွယ်ချက်ကတော့ ကြမ်းတမ်းတဲ့ခြင်္သေ့တစ်ကောင်လို အသွင်ပြောင်းနိုင်တဲ့ သူ ရှိမရှိ ကြည့်ရှုဖို့ပဲ။

 

အချိန်တွေဘယ်လောက်ပဲကြာမြင့်ပါစေ၊  ဘယ်လောက်ပဲ ခက်ခဲနေပါစေ အဲဒီတစ်ယောက်ကို သူ ရအောင်ရှာဖွေရလိမ့်မယ်။

 

အဲဒီအချိန်မှာ ကမ္ဘာဦးသစ်ပင် အောက်မှာရှိနေတဲ့ ခြင်္သေ့ပေါက်စလေးကတော့ ပက်လက်လှန်ပြီး သူ့ရဲ့ခေါင်းပေါ်သို ကျလာတဲ့ ရွှေဝါရောင် သစ်ရွက်တွေကို  သူ့ရဲ့လက်ဖဝါး ခြေဖဝါးတွေနဲ့ လှမ်းလှမ်းပြီး ဖမ်းနေခဲ့တယ်.....

 

***