(3)
ချီကျွင့် သစ်ပင်ကြီးအောက်မှာ လူးလှိမ့်ရင်းနဲ့ ကျဆင်းလာတဲ့ ရွှေရောင်သစ်ရွက်ကို ကိုက်ခဲပြီး အိမ်ကြီးရဲ့ ဦးတည်ရာဘက်သို့ ဂရုတစိုက်ပြေးသွားလိုက်တယ်။ ကုယန်ကျန်းက ဒီနေရာမှာ အမြစ်တွယ်နေခဲ့တာဆိုတော့ သူ အိမ်ပိုင်ရှင်ကို သိနေလိမ့်မယ်။
ဒီကမ္ဘာဦးသစ်ပင်ကြီးက အလွန်ကြီးမားတာကြောင့် အနာဂတ်မှာ ရွှေ့ပြောင်းမယ်ဆိုရင် ကိစ္စကြီးတစ်ခုဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူ အိမ်ဝယ်ဖို့ လိုအပ်လောက်တယ်။
ခြင်္သေ့လေး မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ ခံစားချက်မျိုးကို ရနေခဲ့ပြီး သူ ကုယန်ကျန်းထက်အရင် လူအဖြစ်ပြောင်းလဲနိုင်လိမ့်မယ်လို့ ခံစားမိတယ်။
အိမ်ရဲ့ဘေးနားတစ်ဝိုက်ကို အကြိမ်ပေါင်းများစွာလှည့်ပတ်နေပြီးနောက် ခြံဝင်းက တိတ်ဆိတ်နေပြီး ဘယ်သူမှရှိမနေတာကိုတွေ့လိုက်ရတယ်။ သပ်ရပ်စွာစိုက်ပျိုးထားတဲ့ပန်းပင်တွေနှင့် သန့်ရှင်းတဲ့လူသွားလမ်းတွေက ဒီခြံဝန်းက လူမနေဘဲစွန့်ပစ်ထားတဲ့ခြံဝင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေခဲ့တယ်။
သူ လှည့်ပတ်ရှာကြည့်ပေမဲ့ အိမ်ပိုင်ရှင်ကို မမြင်တွေ့ရတာကြောင့် ချီကျွင့်အနည်းငယ် စိတ်ပျက်သွားရတယ်။ သူ ထောင့်တစ်နေရာမှာ ထိုင်ချလိုက်ပြီး နားရွက်တွေကို လက်ဖဝါးနဲ့ပွတ်သပ်လိုက်တယ်။ သူ ပွတ်သတ်နေရင်းနဲ့ ရုတ်တရတ် အေးခဲသွားရပြီး ခြင်္သေ့ပါးစပ်လေးကိုဖွင့်ပြီး ငိုညည်းသံတွေထုတ်လွှတ်လိုက်မိကာ သူ့ရဲ့ပါးစပ်မှာကိုက်ခဲထားတဲ့ ရွှေရောင်သစ်ရွက်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။
ချီကျွင့် လျှင်မြန်စွာနဲ့ အိမ်ထဲမှာရှိနေတဲ့ သတ္တုပစ္စည်းများကို ဆွဲထုတ်ကာ သူ့ရဲ့ခန္ဓာကိုယ်ဘေးမှာ ဝိုင်းရံထားလိုက်တယ်။ ထို့နောက် အလင်းရောင်တစ်ချက်တောက်ပလာခဲ့ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ ခြင်္သေ့ငယ်လေးက ပျောက်ကွယ်သွားခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ တစ်မီတာလောက်အမြင့်ရှိတဲ့ သတ္တုနံရံအတွင်းမှာ ဘာတစ်ခုမှမ၀တ်ထားတဲ့ အမျိုးသားတစ်ဦး ပေါ်လာခဲ့တယ်... သူ ပေါ်ထွက်လုနီးပါးပဲ။
ချီကျွင့် သတ္တုစကိုလှမ်းယူပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ အဝတ်တစ်စအဖြစ် ပြောင်းလဲလိုက်တယ်။ တကယ်တော့ သတ္တုအဝတ်အစားတွေက တောက်ပြောင်ပြီး အစွမ်းထက်လွန်းတယ်ဆိုပေမဲ့ ဒီထက်ပိုပြီး ပျော့ပြောင်းနေရင် ပိုပြီး သက်သောင့်သက်သာရှိစေလိမ့်မယ်။
အခုတော့ သူ့အနေနဲ့ သတ္တုကိုတိကျစွာထိန်းချုပ်နေဖို့လိုအပ်သေးတယ်။ အထူးသဖြင့် ရွေ့လျားတဲ့အချိန်တွေမှာ တချို့သော.. အစိတ်အပိုင်းများကို ကြမ်းကြမ်းတမ်းတမ်း မဖိမိစေရန်အတွက်ဂရုစိုက်နေရတယ်လေ။
ဒီလိုဖြစ်နေမှတော့ ချီကျွင့်တစ်ယောက် အိမ်ထဲမှအဝတ်အစားတွေကို ငှားရမ်းရုံသာတတ်နိုင်တော့တယ်။ ချီကျွင့် အိမ်ပိုင်ရှင်ကို စိတ်ထဲမှ တောင်းပန်လိုက်ပြီး ဗီရိုကို လှည့်ပတ်ရှာလိုက်တယ်။
သူ ဘီဒိုတံခါးကို ဖွင့်ဖို့လုပ်ပြီးမှ အသာပြန်ပိတ်လိုက်မိပြန်တယ်။ ထို့နောက် ခဏလောက်ရပ်ကာ တံခါးကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်ပြန်တယ်။
ဒီမှာ အဝတ်အစားတွေ အများကြီးရှိနေတယ်! ဒါပေမယ့် ဝတ်စုံတွေရဲ့ အခြေခံပုံစံတွေကတော့ အတူတူပဲ။ ဝတ်စုံတစ်ခုချင်းစီမှာ ငွေရောင်တံဆိပ်၊ ငွေရောင်ခါးပတ်၊ ငွေရောင်ကြယ်သီးတွေနှင့် တန်ဆာဆင်ထားပြီး ဘီဒိုရဲ့အပေါ်ဘက်မှ ဦးထုပ်တွေမှာလည်း ငွေရောင်ကြိုးတွေဖြင့် တပ်ဆင်ထားသေးတယ်။
သူ့ရဲ့ခေါင်းထဲမှာ မှတ်ဥာဏ်တွေအများကြီး မကျန်တော့ပေးမဲ့ ချီကျွင့်အနေနဲ့ ဒီအရာရှိဝတ်စုံက စတားအင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်တဲ့ အဝတ်အစားတွေဆိုတာကိုတော့ မှတ်မိနေသေးတယ်။
ဒါပေါ့။ သူ့အနေနဲ့ ပိုင်ရှင်ရဲ့အထောက်အထားကြောင့် ထိတ်လန့်သွားခြင်းမရှိသော်လည်း… ကမ္ဘာပျက်ကတ်ရဲ့ နောက်ဆုံးခုနှစ်နှစ်အတွင်းမှာ ကုန်ကြမ်းပစ္စည်းတွေပြတ်လတ်လာခဲ့ပြီး ကုန်ကြမ်းပစ္စည်းစုဆောင်းကလည်း မရှိမဖြစ်လိုအပ်ချက်အရာတွေကိုသာ စုဆောင်းလာခဲ့ကြတယ်။ နောက်ပိုင်းမှာ သူက အခြေစိုက်စခန်း (A) ရဲ့ရာထူးမြင့်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပေမဲ့လည်း လေတပ်ဝတ်စုံအသစ်တစ်စုံကိုသာ ရရှိခဲ့တယ်။
သူ ထိုဝတ်စုံကိုအများကြီးသဘောကျခဲ့တယ်။ သို့ပေမယ့် သူ့ကိုခါးသီးစေတဲ့အချက်က ထိုဝတ်စုံက သူနဲ့ဆိုရင် အလွန်ကြီးနေခဲ့တာကြောင့် ဝတ်ရတာအဆင်မပြေသလို ကြည့်လို့လဲမကောင်းခဲ့ဘူး။
နောက်ဆုံးမှာတော့ သူ ထိုစစ်ဝတ်စုံကို ကုယန်ကျန်းကို ပေးခဲ့ရတယ်။ ထိုလူဝတ်ထားလိုက်တာနှင့် သူ့ရဲ့အရပ်ရှည်ရှည်နဲ့ အသွင်အပြင်က လူအများကို လိုလားတောင့်တစေပြီး .. ချည်းကပ်ချင်စိတ်ကိုဖြစ်ပေါ်စေတယ်!
ထိုအချိန်တုန်းက ကုယန်ကျန်းက စစ်ဝတ်စုံကိုဝတ်ဆင်ပြီး မြေခွေးလို ပြုံးနေခဲ့တဲ့ အချိန်ကို ပြန်တွေးလိုက်မိတော့ ချီကျွင့် အနည်းငယ်သတိလွတ်သွားရပြန်တယ်။
အမ်... အင်ပါယာရဲ့ ဗိုလ်ချုပ်ရာထူးကို ရောက်ဖို့အတွက် ဘာတွေလုပ်ဖို့လိုအပ်မလဲဆိုတာ မသိပေမယ့် အခုချိန်မှာ သူ ဒီယူနီဖောင်းကို လိုချင်နေပြီး သူ့ရဲ့ကမ္ဘာဦးသစ်ပင်ကြီးဆီကို လှမ်းဆွဲချင်နေခဲ့တယ်။
အခုချိန်မှာတော့ စစ်ယူနီဖောင်းများစွာကို ရင်ဆိုင်ရင်းနဲ့ ချီကျွင့်တစ်ယောက် သူ့ရဲ့နတ်ဆိုးလို လက်တွေကို အတင်းအကြပ်ဖိနှိပ်ထားရတယ်။ တခြားလူရဲ့အိမ်ထဲကိုဝင်ပြီး တခြားလူရဲ့အဝတ်အစားကို ယူဝတ်တာကကို တော်တော်လေးလွန်နေပြီလေ။ သူ့ရဲ့စပ်တပ်ယူနီဖောင်းတွေကိုပါ ယူသွားမယ်ဆိုရင် အလွန်အမင်းတရားလွန်သွားလိမ့်မယ်။
နောက်ဆုံးမှာတော့ ချီကျွင့် ထိုယူနီဖောင်းတွေထဲမှ အဆင်တန်ဆာတွေမပါဝင်ပဲ ပေါ့ပေါ့ပါးပါးရှိတဲ့ဝတ်စုံကိုရှာတွေ့ခဲ့တယ်။ ချီကျွင့် သူ့ရဲ့ခန္ဓာကိုယ်မှ သတ္တုအဝတ်အစားတွေကို ဖယ်ထုတ်လိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်ကာ အဝတ်အသစ်ကို ဆွဲယူပြီး သူ့ရဲ့ကိုယ်ပေါ်မှာဝတ်ဆင်လိုက်တယ်။
ဒီ အဝတ်အစားတွေက အရမ်းသက်တောင့်သက်သာရှိပြီး စတိုင်လ်ကလည်း ရိုးရှင်းတယ်။ ချီကျွင့် မှန်နားကိုသွားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ လှည့်ပတ်ကြည့်လိုက်တယ်။
မှန်ထဲကလူက အရွယ်ရောက်ပြီးတဲ့ အသွင်အပြင်ရှိတယ်။ သူက အကျဉ်းချခံထားရတာ အချိန်အတော်ကြာမြင့်နေတာဖြစ်နိုင်ပြီး မျက်နှာက ဖြူဖျော့ကာ ကျန်းမာရေးလည်းမကောင်းတဲ့ပုံရတယ်။ သို့သော်လည်း သူ့ရဲ့ မျက်ခုံးတွေက ထက်မြက်ပြီး စိတ်ဓာတ်လည်းကောင်းမွန်ပုံပေါ်နေတုန်းပဲ။
မျက်နှာသွင်ပြင်ကတော့ သူ့အရင်ခန္ဓာကိုယ်နဲ့ (80-90%)လောက် ဆင်တူနေခဲ့တယ်။
ချီကျွင့် အဝတ်အစားဝတ်ပြီးသွားတော့ အဝတ်လဲခန်းထဲမှပြန်ထွက်လာခဲ့တယ်။ ထိုအချိန်မှာပဲ ဧည့်ခန်းထဲမှ ထွက်လာတဲ့ စက်ရုပ်ကြီးက သူ့ကိုမော့ကြည့်လာကာ အတက်အကျမရှိတဲ့ စက်သံနဲ့ပြောလာတယ်။
"မင်္ဂလာပါ
သခင်လေး ..ဝန်ဆောင်မှုလိုအပ်သေးလား"
“…”
ချီကျွင့် စက်ရုပ်ရဲ့ လုံးဝန်းတဲ့ခေါင်းကိုကြည့်ပြီး သူ့ရဲ့နှောင့်နှေးတဲ့ပုံစံကြောင့် နှုတ်ခမ်းထောင့်တွေက လှုပ်ခတ်သွားရတယ်။ ဒါက အင်ပါယာရဲ့ စစ်ဗိုလ်ချုပ်ကြီးအိမ် မဟုတ်ဘူးလား? သူ့ရဲ့စက်ရုပ်က လူတွေကိုတောင် မမှတ်မိနိုင်ဘူး!
ချီကျွင့်ကတော့ ဒီစစ်သေနာပတိချုပ်တို့အိမ်ရဲ့ လုံခြုံရေးအတွက် အတော်လေး စိုးရိမ်သွားရပြီ။ ဒီဗိုလ်သေနာပတိချုပ်ကြီးက သူ့မိသားစုဝင် ကမ္ဘာဦးသစ်ပင်ကြီးကို စိုက်ပျိုးထားတာလေ!
ချီကျွင့် စက်ရုပ်ကို ရှောင်လိုက်ပြီး အိမ်အပြင်ဘက်သို့ ပြေးထွက်လာခဲ့တယ်။ ထို့နောက် အပြင်ဘက်နံရံကိုကြည့်ကာ နှုတ်ခမ်းကို လျှာနဲ့သတ်လိုက်ပြီး သူ့ရဲ့လက်ကိုမြှောက်ကာ စွမ်းအင်တွေကိုစုစည်းလိုက်ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ သတ္တုတွေကို ဆွဲယူကာ နံရံကို သေးငယ်ချွန်ထက်တဲ့ ဆူးတွေနဲ့ ဖုံးအုပ်လိုက်တယ်။
သူ့မှာရှိတဲ့ စွမ်းအားတွေကို ဗိုလ်ချုပ်ကြီးရဲ့အိမ်လုံခြုံရေးကို အားဖြည့်ရန်အတွက် သုံးလိုက်ပြီး သူ ဆွဲယူလိုက်တဲ့သတ္တုတွေကိုလည်း ကျန်ရှိတဲ့ စွမ်းရည်ကို အသုံးပြုပြီး ပြန်လည် ဖြည့်တင်းလိုက်တယ်။
ကံမကောင်းစွာဖြင့် သူ့ရဲ့စွမ်းရည်တွေက အကန့်အသတ်ရှိနေပြီး ခြံဝန်းထဲမှာ ခံစစ်အကာအကွယ်တွေကို မထည့်နိုင်ခဲ့ဘူး။ ချီကျွင့် သူ့ရဲ့ စွမ်းအင်ကို ကုန်ဆုံးစေပြီးနောက် ခြောက်သွေ့နေပြီဖြစ်တဲ့ ဗိုက်ကို ထိလိုက်ပြီးနောက် သူ့ရဲ့နောက်မှလိုက်နေတဲ့ စက်ရုပ် လှမ်းပြောလိုက်တယ်။
"စက်ရုပ်အိုကြီး မင်းဆီမှာ စားစရာရှိလား"
ဗိုလ်ချုပ်ကြီးဆီမှ သူ့ရဲ့စက်ရုပ်မော်ဒယ်နံပါတ်ကိုသာ အခေါ်ခံခဲ့ရတဲ့ အိမ်တော်ထိန်းစက်ရုပ်ကြီးက ခဏလောက်ရပ်တန့်သွားတယ်။ ထို့နောက် သူက သူ့ရဲ့ပိုင်ရှင်ပေးအပ်လာတဲ့နာမည်အသစ်ကို လက်ခံလိုက်လေတယ်။
"သခင်လေး
အစားအသောက်က ခဏအတွင်း အဆင်သင့်ဖြစ်စေရပါမယ်"
စက်ရုပ်အိမ်တော်ထိန်းရဲ့ ဉာဏ်ရည်က မမြင့်မားတာကြောင့် ဗိုလ်ချုပ်ကြီးက သူ့ကို အဆင့်အမြင့်ဆုံး အမိန့်နှစ်ခုသာပေးထားခဲ့တယ်။
ပထမတစ်ခုကတော့ ဖြစ်မလာသေးဘူး။ ထိုအရာက လူတစ်ယောက်ရဲ့အကြောင်းပဲ။
ဒုတိယအချက်ကတော့ အခုလေးတင် ရောက်လာခဲ့တဲ့ ခြင်္သေ့တစ်ကောင်အကြောင်းပဲ။ တကယ်လို့ ခြင်္သေ့တစ်ကောင်က ဒီနေရာကို ဝင်လာခဲ့မယ်ဆိုရင် ထိုခြင်္သေ့က ဒီနေရာကို ဖောက်ခွဲလိုက်မယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး။ အိမ်ကို လုံခြုံစိတ်ချရသေးတယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ဘယ်လိုအန္တရာယ်မှမလုပ်ရဘူး။ ခံစစ်အစီအမံတွေကိုလည်း အသုံးပြုခွင့်မရှိဘဲ ဝင်ရောက်လာတဲ့ ခြင်္သေ့ကို ဒီစံအိမ်ရဲ့ဒုတိယပိုင်ရှင်အဖြစ် အလိုအလျောက် သတ်မှတ်ပေးရလိမ့်မယ်။
ခြင်္သေ့လေးတစ်ကောင်ကနေ မျက်စိတစ်မှိတ်အတွင်း လူတစ်ဦးအဖြစ်သို့ ရောက်ရှိလာရတဲ့အတွက်ကတော့ ... စက်ရုပ်အိမ်တော်ထိန်းမှာ တွေးခေါ်နိုင်စွမ်းမရှိတာကြောင့်အန္တရာယ်သတိပေးချက်ကို မထိဖို့သာ ဆောင်ရွက်ခဲ့တယ်။
စက်ရုပ်အိုကြီးက တိတ်တိတ်ဆိတ်ဆိတ် ပြန်ထွက်သွားခဲ့ပြီး ဒီနေရာမှာဖြစ်ပျက်နေသမျှကို စစ်သေနာပတိချုပ်ဆီသို့ ပို့ပေးလိုက်တယ်။
သို့သော်လည်း ဗိုလ်ချုပ်ကြီးက လက်ရှိမှာနဂါးငွေ့တန်းများစွာကို ဖြတ်ကျော်ပြီးအဝေးသို့ရောက်ရှိနေခဲ့တယ်။ ဒါကြောင့် တရားဝင်မဟုတ်တဲ့ ကိုယ်ပိုင်အချက်ပြချန်နယ်က အချိန်တစ်ခုလောက် နှောင့်နှေးနေလိမ့်မယ်။ စစ်ဗိုလ်ချုပ်ကြီးက သူပို့တဲ့ messageကို လက်ခံရရှိရန် အချိန်အကြာကြီးယူရလောက်မယ်လို့ စက်ရုပ်အိုကြီး တွက်ချက်လိုက်တယ်။
ချီကျွင့်က စက်ရုပ်အိုကြီးရဲ့နောက်မှ ဧည့်ခန်းထဲသို့ဝင်လာခဲ့ပြီး ဒီကမ္ဘာပေါ်မှအစားအစာတွေကို အနည်းငယ်မျှော်လင့်နေခဲ့တယ်။
စက်ရုပ်အိမ်တော်ထိန်းက ရိုးရှင်းပြီး အာဟာရပြည့်ဝသော အစားအစာကို ပြင်ဆင်ခဲ့တာကြောင့် အရောင်နဲ့ အနံ့က အနည်းငယ်ပေါ့ရွှတ်နေခဲ့တယ်။ ချီကျွင့်အနေနဲ့ ကမ္ဘာပျက်ကပ်အတွင်းမှာ ပစ္စည်းပြတ်လပ်မှုတွေကို ကြုံတွေ့ခဲ့ရတာကြောင့် အနည်းငယ် စိတ်ပျက်သွားမိပေမဲ့လည်း ဇီဇာကြောင်ခြင်းမရှိပဲ ချက်ချင်းစားသောက်ခဲ့တယ်။
သူ ဗိုက်ပြည့်သွားတော့ ချီကျွင့်က စက်ရုပ်အိမ်တော်ထိန်းကို တစ်ချက်ကြည့်ပြီးပြောလိုက်တယ်။
"မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်.. မင်းသခင်ပြန်ရောက်ရင် ငါ သူ့ဆီကနေ အဝတ်အစားငှားသွားတဲ့အကြောင်းနဲ့ လျော်ကြေးအနေနဲ့နှစ်ဆပြန်ပေးမယ်လို့ ပြောပေးပါ”
“ဟုတ်ကဲ့ပါ သခင်လေး”
“…”
ချီကျွင့်ရဲ့ အကြည့်တွေက ရှုပ်ထွေးသွားရတယ်။ ဒီငတုံးစက်ရုပ်က သူ ဒီစကားတွေ ပြောခဲ့တာတောင် တစ်ခုခုမှားနေတာကို ရှာမတွေ့ဘူးလား။ ဗိုလ်ချုပ်ကြီးသာ ဒီလောက်တုံးအနေရင် သူကတော့အလွယ်တကူ လူလိမ်ခံရတော့မှာပဲ။
"သခင်လေး..
မင်းမှာ တခြားအမိန့်ရှိသေးလား"
“အပြင်ကသစ်ပင်ကို သေချာဂရုစိုက်ပြီး ရေများများတိုက်ပေးပါ”
ချီကျွင့် ပြတင်းပေါက်ဘက်ကို လက်ညိုးထိုးပြပြီး ညွှန်ပြလိုက်တယ်။
“ကောင်းပါပြီ သခင်လေး"
“ဒါ့အပြင် ဒါက ဗိုလ်ချုပ်ကြီးရဲ့အိမ် မဟုတ်ဘူးလား? မင်း သေသေချာချာစောင့်ကြည့်ရမယ်.. ဘယ်သူကိုမှ ပေါ့ပေါ့ဆဆ မ၀င်ခိုင်းရဘူး”
“ဟုတ်ကဲ့ပါ သခင်လေး”
“…ဒါဆို အဆင်ပြေပါတယ်.. တခြားဘာမှ ပြောစရာ မရှိတော့ဘူး”
သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားဖို့ ကြိုးစားသင့်တယ်။ ဒီနေရာက လုံခြုံရေးအကာအကွယ် ညံ့ဖျင်းလွန်းတယ်!
ချီကျွင့် စစ်ဗိုလ်ချုပ်ကြီး ပြန်လာတာကိုတောင် မစောင့်ချင်တော့ဘူး။ သူ သူ့မိသားစုရဲ့သစ်ပင်ကို နှုတ်ဆက်ခဲ့ပြီးနောက် ခြံဝင်းထဲကနေ ထွက်လာခဲ့တယ်။ သူက အခုချိန်မှာ ဆင်းရဲမွဲတေလွန်းပြီး ဗိုလ်ချုပ်နှင့် စကားပြောခဲ့မယ်ဆိုရင်တောင် သူ့ဘက်က ပိုင်နိုင်စွာပြောနိုင်ခြင်းမရှိသေးဘူး။
ချီကျွင့် လမ်းတလျှောက်ကို လမ်းလျှောက်ပြီး ကြည့်နေခဲ့တယ်။ သူ့ရဲ့ အကျဉ်းချခံထားရတဲ့ အထောက်အထားက အန္တရာယ်ရှိမရှိ မသေချာသေးတဲ့အတွက် အခုချိန်မှာ သူ့ရဲ့မျက်နှာကို သတ္တုအလှမျက်နှာဖုံးနဲ့ ဖုံးအုပ်ထားခဲ့တယ်။ ဒီဘက်ခေတ်မှ လူတွေက ဝတ်စားဆင်ယင်မှု အမျိုးမျိုးရှိကြတာကြောင့် အခုချိန်မှာ သူ့ရဲ့ ပုံသဏ္ဍာန်က ထူးဆန်းမနေခဲ့ဘူး။
ဒီနေရာက စတားအင်ပါယာရဲမြို့တော်ဖြစ်ပြီး အင်ပါယာနန်းတော်အောက်မှာ လူစည်ကားတဲ့မြို့အဖြစ်တည်ရှိနေခဲ့တယ်။ ကမ္ဘာရဲ့အဆုံးသတ် ဆိတ်သုဉ်းမှုကနေ အခုလိုမျိုးစည်ကားတဲ့မြို့ကိုမြင်လိုက်ရတော့ သူအလွန်အမင်း စိတ်လှုပ်ရှားလာခဲ့ရတယ်။
နေရာတိုင်းက အတော်စိတ်ဝင်စားစရာကောင်းတယ်။ ကြိုးနဲ့ဆွဲပြီးသွားလာတဲ့ ကားမျိုးစုံတွေ ၊ အလွန်အမင်း လက်တွေ့ဆန်တဲ့ 3D ပရိုဂျက်တာ ကြော်ငြာအမျိုးအစားအားလုံးကိုလည်း တွေ့ရှိခဲ့ပြီး အထင်ရှားဆုံးအရာကတော့ သားရဲစက်ရုပ်မျိုးစုံပဲ။
ကြည့်ရတာ ဒီအရာတွေက အမျိုးအစားတွေခွဲခြားထားပုံရတယ်။ ဧကရာဇ်နန်းတော်မှာတုန်းက သူမြင်ဖူးခဲ့တဲ့ သားရဲစက်ရုအပ်တွေက တိုက်ခိုက်မှုအမျိုးအစားတွေဆိုတာ သိသာထင်ရှားတယ်။ အခုချိန်မှာ လူတွေနှင့်အတူ လမ်းများပေါ်တွင် ပြေးလွှားနေကြတဲ့ စက်ရုပ်တွေကတော့ တုံးအအပုံစံမျိုးတွေဖြစ်ပြီး ၊တချို့သားရဲစက်ရုပ်တွေကတော့ ရက်စက်ပုံရပေမဲ့လည်း အင်ပါယာနန်းတော်မှာရှိနေတဲ့စက်ရုပ်တွေထက်တော့ ရန်လိုမှုနည်းပါးတယ်။ သူတို့က အီလက်ထရွန်းနစ်သားရဲတွေနဲ့ ပိုပြီးတူညီတယ်။
အချို့သော အဆောက်အအုံများသို့ ဝင်သွားချိန်မှာတော့ အိမ်မွေးတိရစ္ဆာန်တွေနှင့်ဆင်တူတဲ့ သားရဲစက်ရုပ်တွေက သူတို့ပိုင်ရှင်ရဲ့ကတ်အတွင်းသို့ ဝင်သွားခဲ့ကြတယ်။ လမ်းပေါ်မှာ သားရဲကတ်တွေရောင်းတဲ့ စတိုးဆိုင်တွေ အများကြီးရှိနေခဲ့ပြီး ချီကျွင့် ခဏလောက်စိုက်ကြည့်ပြီးနောက် ထိုဆိုင်တွေထဲမှတစ်ခုဆီသို့ ဝင်သွားခဲ့တယ်။ လူသွားလမ်းက အလွန်ကျယ်ဝန်းပြီး အလယ်မှာလည်း အလုံအလောက် ကျယ်ဝန်းတဲ့ဧရိယာကို ချန်ထားတယ်။
ထို အလယ်ဧရိယာမှာ အလှည့်ကျ သတ္တုစပ်သားရဲကတ် အမျိုးမျိုးကို သရုပ်ပြနေခဲ့တယ်။ အင်ပါယာနန်းတော်မှာ မြင်တွေ့ရတဲ့ သားရဲစက်ရုပ်တွေနဲ့ ဒီသတ္တုစပ်ကတ်တွေရဲ့ မျက်နှာပြင်ပေါ်မှ ရှုပ်ထွေးမှုက ပိုမိုနည်းပါးလွန်းတယ်။
ချီကျွင့် ထိုနေရာမှာ ရပ်နေပြီး ရာနှင့်ချီတဲ့ သားရဲကတ်တွေရဲ့ သရုပ်ပြမှုတွေကို မြင်တွေ့ခဲ့တယ်။ ကတ်ပေါ်မှာရှိနေတဲ့လိုင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရပေမဲ့ တချို့သော စည်းမျဥ်းတွေကိုတော့ သူ နားမလည်ခဲ့ဘူး။
***