(4.1)
ချီကျွင့်က ရာနဲ့ချီတဲ့သားရဲကတ်များစွာကို ဖတ်ကြည့်ခဲ့ပြီး စတိုးဆိုင်ထဲမှာရှိတဲ့ ဈေးဝယ်လမ်းညွှန်ဝန်ထမ်းများစွာရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ဝယ်သူတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒီစတိုးဆိုင်စဖွင့်ကတည်းက ဒီလိုမျိုးသားရဲကတ်တွေကို အစကနေအဆုံးထိ နာရီပေါင်းများစွာကြာအောင် စူးစမ်းတဲ့ ဝယ်သူတစ်ယောက်မှ မရှိခဲ့ဖူးဘူးလေ။ ဝယ်သူတွေ စိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ သားရဲကတ်အမျိုးအစားနဲ့ သရုပ်ပြဧရိယာဘေးမှာ ထိန်းချုပ်ရေးအကွက် ရှိနေခဲ့တယ်။ ထိုအရာက သားရဲကတ်အမျိုးအစားတွေကို ကြည့်ဖို့ အဆင်ပြေတယ်။
ချီကျွင့်ကတော့ သူ့ဘေးကလူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်ခဲ့လေဘူး။
အခြေစိုက်ဌာန(A)မှာ ရှိနေခဲ့တဲ့အတောအတွင်းမှာ သူက ဇွန်ဘီတွေကိုသတ်ပြီးနောက်မှာ ပိုပြီးရဲရင့်လာခဲ့သလို ကုယန်ကျန်းထက်လည်း ပိုပြီးနာမည်ကြီးလာခဲ့တယ်။
ထိုကာလမှာ သူ တာဝန်တွေကို အောင်မြင်ခဲ့တဲ့အချိန်တွေမှာ လူတွေရဲ့အကြည့်ကိုဖမ်းစားနိုင်ခဲ့ပြီး သူ့အပေါ် စူးစိုက်ကြည့်လာတဲ့ လူတွေရဲ့အကြည့်တွေက သူ့အတွက်တော့ ဖိအားတွေမဖြစ်စေခဲ့တော့ဘူး။
ချီကျွင့် သမ်းဝေလိုက်ရင်း သူ့ရဲ့ပင်ပန်းနေနွမ်းနယ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ကောင်တာဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားခဲ့တယ်။
ဈေးအရောင်းဝမ်ထမ်းကတော့ တစ်ဖက်လူက အချိန်ကြာကြီးရှာဖွေပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူ သေချာပေါက်သဘောကျတဲ့သားရဲကတ်တစ်ကတ်ကို ရှာဖွေလိုက်နိုင်ပြီလု့ ထင်ခဲ့တယ်။ သို့ပေမယ့် ထိုအချိန်မှာပဲ တစ်ဖက်လူမေးတာကို ကြားလိုက်ရလေတယ်။
" တဆိတ်လောက်ပါ.. မင်းတို့ရဲ့ဆိုင်မှာ အချိန်ပိုင်းအလုပ်သမားဖြစ်ဖြစ် ယာယီအလုပ်သမားဖြစ်ဖြစ် လိုအပ်လား "
"..."
အချိန်ပိုင်းအလုပ်သမား? ယာယီအလုပ်သမား?
ချီကျွင့်က အရောင်းဝန်ထမ်းရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့လက်ချောင်းကို သရုပ်ပြဧရိယာဆီညွှန်ပြလိုက်တယ်။
" မင်းရဲ့ဆိုင်မှာ ဒီလိုမျိုးသားရဲကတ်တွေလုပ်ဖို့အတွက် လူမလိုဘူးလား"
ဝန်ထမ်းရဲ့ဘေးဘက်မှာရှိနေတဲ့ စတိုးရဲ့မန်နေဂျာက ထိုစကားတွေကိုကြားလိုက်တာကြောင့် သူတို့ရဲ့အနီးသို့ ရောက်လာခဲ့တယ်။ သူက တစ်ဖက်လူကို သေသေချာချာအကဲခတ်ပြီး ပြန်မေးလိုက်တယ်။
" မင်းက ကတ်လုပ်တဲ့သူလား သားရဲထုတ်ဝေသူလား"
ကတ်လုပ်တဲ့သူဆိုတာ သိပ်သည်းဆမြင့်တဲ့ သတ္တုစပ်ကတ်တွေကို ထုတ်လုပ်တဲ့ လူကို ခေါ်ဆိုခြင်းဖြစ်လေတယ်။
ယေဘုယျအားဖြင့် သတ္တုစပ်ကတ်တွေကို သားရဲကတ်တွေလုပ်ဖို့ သုံးကြတယ်။
အတူပေါင်းစပ်ထားတဲ့ သတ္တုအမျိုးအစားများလေ သိပ်သည်းဆပမာဏ ပိုပြီးတည်ငြိမ်လေလေဖြစ်ပြီး သားရဲကတ်ရဲ့အရည်အသွေးက ပိုမြင့်လေလေပဲ။
ဒါပေမဲ့လည်း သတ္တုစပ်ကတ်တွေရဲ့အရည်အသွေးက အတိအကျမရှိဘူး။ ထိုအရာက သားရဲထုတ်ဝေသူရဲ့လုပ်ဆောင်မှုပေါ်မှာလည်း မူတည်သေးတယ်။ သားရဲထုတ်ဝေသူရဲ့အဆင့်က မြင့်လေလေ သတ္တုပေါ်မှာ လောင်ကျွမ်းနိုင်တဲ့ပုံစံက ပိုပြီးရှုပ်ထွေးလေလေဖြစ်နိုင်တယ်။ ဒါကြောင့် သားရဲကတ်နဲ့ ပုံသွင်းလိုက်တဲ့ စက်ရုပ်သားရဲတွေက ပိုပြီးအားကောင်းလာလိမ့်မယ်။
ကတ်လုပ်သူတွေအတွက် သူတို့ရဲ့ကွမ်တန်ကွန်ပျူတာအကူအညီနဲ့ သတ္တုစပ်ကတ်တွေလုပ်ဖို့က လွယ်ကူပေမဲ့ အရည်အသွေးအလွန်မြင့်မားတဲ့ သတ္တုစပ်ကတ်တွေကိုတော် ကျွမ်းကျင်ကတ်လုပ်သူတွေကပဲ လုပ်နိုင်တယ်။
သားရဲထုတ်ဝေသူက သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်အရ သတ္တုစပ်ကတ်တွေပေါ်က လောင်ကျွမ်းပုံစံကို ထိန်းချုပ်ပြီး ကွဲလွဲခြင်းက အလွန်သိသာတယ်။ သားရဲထုတ်ဝေသူ ကြယ်တစ်ပွင့်ကနေ ကြယ်ကိုးပွင့်အထိ သားရဲကတ်တွေက သက်ရောက်မှုရော အသုံးပြုပုံမှာပါ တော်တော်လေးကွဲပြားတယ်။
ဥပမာပြောရရင် ကြယ်တစ်ပွင့် သားရဲထုတ်ဝေသူထုတ်လိုက်တဲ့ စက်ရုပ်သားရဲက ချစ်စရာကောင်းမှုကိုရောင်းချတဲ့ အခြေခံစွမ်းရည်လောက်ပဲရှိပြီး ကြယ်ကိုးပွင့် သားရဲထုတ်ဝေသူဖော်ပြလိုက်တဲ့ စက်ရုပ်သားရဲကတော့ မြို့တစ်မြို့လုံးကို ကာကွယ်နိုင်စွမ်းရှိနိုင်တယ်။
ချီကျွင့်က ဒီအကြောင်းကို တွေးမိလိုက်တယ်။ သို့ပေမယ့် သူ့ရဲ့ခေါင်းထဲမှာ စက်ရုပ်သားရဲတွေနဲ့ပတ်သက်ပြီး မှတ်ဥာဏ်တွေအများကြီး မရှိခဲ့တာကြောင့် သူ့အနေနဲ့ စိတ်ခံစားချက်တွေနဲ့ပဲ ခန့်မှန်းနိုင်ခဲ့တယ်။
သူ့ရဲ့လက်ရှိစွမ်းရည်က အခုလေးတင် သူ အသက်သွင်းလိုက်တဲ့ သူ့ရဲ့ စွမ်းရည်နဲ့တူတူတာကို ပြန်လည်တွေးဆကြည့်ရင်း သိပ်သည်းဆအလွန်မြင့်မားတဲ့ကတ်တွေကို ထုတ်လုပ်ဖို့က ခက်ခဲလိမ့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒါ့အပြင် သူ့ဆီမှာ ကွမ်တန်ကွန်ပျူတာလည်းမရှိသလို အထူးသတ္တုပစ္စည်းတွေလည်းမရှိဘူးလေ။
ဒါကြောင့် ချီကျွင့် ဆိုင်မန်နေဂျာကို ပြောလိုက်တယ်။
" ကျွန်တော်က သားရဲထုတ်ဝေသူပါ"
" ကြယ်ဘယ်နှပွင့်လဲ? "
" ကြယ်ငါးပွင့် "
ချီကျွင့်ဟာ သူ့နှုတ်ခမ်းထောင့်ကိုထိလိုက်ပြီး အဓိပ္ပါယ်မရှိတာကိုပြောလိုက်တယ်။ သူ ထိုစကားကို ပြောလိုက်ပြီးတဲ့နောက်ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ဘေးနားမှာရှိတဲ့ စျေးရောင်းလမ်းညွှန်တွေနဲ့ ကာစတာအများစုရဲ့ အာရုံစိုက်မှုကို လက်ခံရရှိလိုက်လေတယ်။
စတိုးဆိုင်ထဲမှာရှိတဲ့ သားရဲကတ်တွေက ကြယ်လေးပွင့်နဲ့ ကြယ်လေးပွင့်အောက် သားရဲထုတ်ဝေသူတွေကပဲ လုပ်ထားကြတာလေ။ အကောင်းဆုံးနဲ့ ခုခံကာကွယ်မှုအများဆုံး သားရဲကတ်တွေကိုသာ ကြယ်ငါးပွင့် သားရဲထုတ်ဝေသူတွေက လုပ်ထားတာ။
အခု ဒီအသက် (၁၈) နှစ်လောက်သာရှိလောက်သေးတဲ့ ဒီလူငယ်လေးက ကြယ်ငါးပွင့်ထုတ်ဝေသူလို့ပြောလိုက်တာလား?
လေတိုက်တာတွေ၊ မိုးရွာတာတွေကို အသားကျနေပြီဖြစ်တဲ့ ဆိုင်မန်နေဂျာက သူ့ရဲ့ရှေ့မှာရှိနေတဲ့ သာမန်ဆန်လွန်းတဲ့လူငယ်ကို ရှုပ်ထွေးနဲ့မျက်လုံးတွေနဲ့ကြည့်လိုက်မိတယ်။
သူ လူလိမ်တစ်ယောက်နဲ့ဆုံလိုက်ရတာပဲ! ကြယ်ငါးပွင့် သားရဲထုတ်ဝေသူတဲ့လား? ဒီလို သဘာဝကျကျ လိမ်ပြောတတ်တဲ့လူမျိုးကို သူတစ်ခါမှမတွေ့ဖူးဘူး!
ဆိုင်မန်နေဂျာရဲ့ မျက်နှာအမူအရာပြောင်းလဲသွားမှုနဲ့ သူ့ဘေးနားက လူများစွာရဲ့ အံ့ဩနေတဲ့မျက်လုံးတွေကို မြင်ပြီးနောက် ချီကျွင့်တစ်ယောက် သူကြုံရာကျပန်းပြောလိုက်တဲ့အဆင့်က မြင့်သွားပြီဆိုတာ နားလည်လိုက်ရတယ်။
ဒါပေမဲ့ ဒါအတွက် သူ့ကိုအပြစ်တင်လို့မရဘူး။ အပြစ်တင်ချင်ရင် ကုယန်ကျန်းကိုပဲ အပြစ်တင်ရမယ်!
ဟိုးအရင်တစ်ကြိမ်တုန်းက သူ့ရဲ့ကမ္ဘာဦးသစ်ပင်ကြီး ဘာတွေတွေးနေလဲဆိုတာ မသိနိုင်ပေမဲ့ သူက ချီကျွင့်ကို မြို့တစ်ဝက်လောက်ထိ ဆွဲခေါ်ခဲ့ပြီး လမ်းပေါ်မှာ ဆုံတွေ့ရတဲ့ မရေမတွက်နိုင်တဲ့ဇွန်ဘီတွေကိုသတ်ပြီး နာမည်ကြီး *ကြယ်ငါးပွင့်*ဟိုတယ်ထဲကို အလောတကြီးခေါ်ဆောင်သွားခဲ့တယ်လေ။
အဲ့ဒီ့နောက် ကြယ်ငါးပွင့်ဟိုတယ်ရဲ့ ကြီးမားတဲ့ကုတင်ကြီးပေါ်မှာ အရွယ်အစားနှစ်ဆလောက်ရှိတဲ့ ငါးကင်ကြီးကို ကင်ခဲ့တယ်... အဲ့ဒါကို တော်တော်လေးကိုကင်ယူခဲ့ရတာ။
ချီကျွင့်တစ်ယောက် သူ့ရဲ့စကားကိုပြန်ပြောင်းပြောလိုက်ရင်ကောင်းမလားလို့ စဥ်းစားနေတုန်းမှာပဲ ဆိုင်မန်နေဂျာက သတ္တုစပ်ကတ်အလွတ်တစ်ချို့နဲ့ သားရဲတံဆိတ်ရိုက်နှက်တဲ့ဘောပင်ကို ယူလာခဲ့ပြီး ထိုအရာတွေကို ချီကျွင့်ရှေ့သို့ တွန်းပို့ခဲ့တယ်။
ထို့နောက် အပြုံးတစ်ခုနဲ့ ချီကျွင့်ကို ပြောလာတယ်။
" ကြယ်ငါးပွင့် သားရဲထုတ်ဝေသူရဲ့အဆင့်ကို ကြည့်ရတာပေါ့ "
တကယ်လို့ တစ်ဖက်လူကသာ လူလိမ်လူညာတစ်ယောက်ဆိုရင် သူက ထိုလူရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်မှာ!
ချီကျွင့်ဟာ ထိုနေရာမှာ ရပ်တန့်ရင်း စဥ်းစားနေခဲ့တယ်။ သူအရင်က မြင်တွေ့ခဲ့ဖူးတဲ့ ရာနဲ့ချီတဲ့သားရဲကတ်တွေ သတ္တုစပ်ကြမ်းပြင်ပေါ်မှာ မြုပ်ဝင်နေတဲ့ သားရဲပုံစံတွေနဲ့ အင်ပါယာနန်းတော်ရဲ့ နံရံထဲမှထွက်လာတဲ့ သားရဲပုံစံတွေက သူ့ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့တယ်။
သူ့အနေနဲ့ စည်းမျဥ်းတွေကိုတော့ အခုချိန်ထိ သဘောမပေါက်သေးဘူး။ ဒါပေမဲ့ အခု သူ့ဆီမှာ လေ့ကျင့်ဖို့အတွက်သတ္တုစပ်ကတ်အလွတ်တစ်ချို့ရှိနေတယ်လေ။
ချီကျွင့်က တံဆိပ်ရိုက်ဖောင်တိန်ကို ယူလိုက်ပြီး ကတ်တစ်ကတ်ကို ပေါ့ပေါ့ပါးပါးပဲထိတွေ့လိုက်တယ်။
ကြည့်နေတဲ့လူတွေရဲ့မျက်လုံးအောက်မှာပဲ သူက ဖောင်တိန်ကို တက်ကြွတဲ့ပုံစံနဲ့ လှုပ်ရှားခဲ့တယ်။
ပထမဆုံးကတ် ပျက်စီးသွားတဲ့အချိန်မှာတော့ အနီးဝန်းကျင်မှ ရယ်မောသံတွေကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။ စျေးရောင်းဝမ်ထမ်းတချို့ကတော့ ဒီလိုလူချောလေးက လူလိမ်ဖြစ်နေတာ နှမျောစရာပဲဆိုပြီး တီးတိုးပြောနေခဲ့ကြပြီ။
" သူက ဒီလောက်ချောနေတာကို ဘယ်လိုလုပ် လူလိမ်ဖြစ်မှာလဲ? "
" သူက သားရဲထုတ်ဝေသူလို့ ပြောစရာမလိုဘူးလေ.. သူသာ ဈေးရောင်းဝန်ထမ်းဖြစ်လာခဲ့မယ်ဆိုရင် သူ့ရဲ့ချောမောတဲ့မျက်နှာလေးနဲ့ဆို သေချာပေါက်ကို နာမည်ကြီးနေမှာပဲ "
" ဒီလိုလူချောလေးကသာ ကြယ်တစ်ပွင့်သားရဲထုတ်ဝေသူလို့ပြောခဲ့မယ်ရင် ငါတို့ကို လှည့်စားလို့ရနိုင်သေးတယ်.. သူ ဘယ်လိုလုပ်ပြီး ကြယ်ငါးပွင့်လို့ပြောလိုက်တာလဲ... "
ချီကျွင့်က ထိုနေရာမှာရပ်ပြီး ကျိုးပဲ့သွားတဲ့သတ္တုစပ်ကတ်ကို စေ့စေ့စပ်စပ်ပြန်ကြည့်လိုက်တယ်။
ဒီသားရဲပုံစံတွေကို ရိုးရိုးရှင်းရှင်းထွင်းထားတာ မဟုတ်ဘူးဆိုတာ သိသာတယ်။ လိုင်းတစ်ကြောင်းစီနဲ့ အကွေးတစ်ခုစီတိုင်းမှာ တိကျတဲ့စည်းမျဥ်းတွေရှိတယ်။ ဒီနေရာမှာ ချောမွေ့တဲ့လိုင်းတွေနဲ့ ရှုပ်ထွေးတဲ့လိုင်းတွေ ရှိနေပြီး မတူညီတဲ့စွမ်းအင်ပမာဏတွေကိုလည်း ထည့်သွင်းမှု အနည်းနဲ့အများဆိုပြီး ကွာခြားသေးတယ်။
ဒီစွမ်းအားက သူ့ရဲ့သတ္တုစွမ်းအင်နဲ့တူညီပေမဲ့ အလုပ်လုပ်ပုံကတော့ မတူညီဘူး။ အဆင့်တစ်ဆင့်စီတိုင်းမှာ စွမ်းအင်ကွဲပြားမှုက ပိုပြီးတိကျဖို့လိုအပ်တယ်။ ချီကျွင့်ရဲ့လက်ရှိစွမ်းရည်က ဒီအရာစတင်အသက်ဝင်လာတဲ့အဆင့်နဲ့တူနိုင်ပေမဲ့ သူ့ရဲ့ထိန်းချုပ်မှုကို ကမ္ဘာပျက်ကိန်းမှာ ခုနစ်နှစ်တာလုံး ထိန်းချုပ်ပြီး ပစ်လွှတ်နိုင်နေပြီဖြစ်လို့ ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ရှိပြီးနေပြီ။
တစ်ခုတည်းသောချို့ယွင်းချက်က အသုံးပြုတဲ့နည်းလမ်းတွေမှာ လိုက်လျောညီထွေမှု မရှိဖြစ်နေရုံလောက်ပဲ။
" ဟုတ်ပြီ ကောင်လေး.. မင်းဘာသာမင်းထွက်သွားမလား လုံခြုံရေးအစောင့်တွေကိုခေါ်လိုက်ရမလား? "
စတိုးမန်နေဂျာက မေးလာခဲ့တယ်။
" ဘော့စ် စိတ်မပူပါနဲ့.. ကြယ်ငါးပွင့် သားရဲထုတ်ဝေသူမှာလည်း လွဲချော်တာလေးတွေ ရှိတတ်တာပဲလေ၊ လူတွေကို အခွင့်အရေးလေးတော့ ပေးရမှာပေါ့"
ဘေးနားမှာရှိနေတဲ့ ဝယ်သူက ရုတ်တရက် ပြောလာခဲ့တယ်။ သူတို့တွေ စိတ်လှုပ်ရှားစရာတွေတောင် ကြည့်လို့ မပြီးသေးဘူးလေ။ ဘာလို့ လောနေရတာလဲ?
ထိုစကားက ရယ်မောသံတွေကို ပိုလို့ ကျယ်လောင်လာစေခဲ့တယ်။ ဒီလူက သိသိသာသာကို တစ်ဖက်လှည့်နဲ့လှောင်ပြောင်နေတာပဲ။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သားရဲထုတ်ဝေသူက လူသစ်ဖြစ်ကြောင်းသိသာနေတာပဲလေ။ ဘာကို လွဲချော်နေတယ်ဆိုပြီး ပြောနေတာတဲ့လဲ?
သို့ပေမယ့် ချီကျွင့်ကတော့ သူတို့ရဲ့ လှောင်ပြောင်ရယ်မောမှုတွေကို စိတ်ထဲသိာ့ ထည့်မနေပဲ နောက်တစ်ကတ်ကို လှမ်းယူလိုက်တယ်။ ထိုကတ်ကလည်း ထပ်မံပျက်စီးသွားခဲ့ပြီး လှောင်ပြောင်သံတွေက နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြန်တယ်။
ချီကျွင့်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နောက်ဆုံးကတ်ကိုယူလိုက်တယ်။ ဒီတစ်ခေါက်မှာတော့ သူ့လက်ထဲက ကလောင်တံကို ဖြည်းဖြည်းချင်းပဲ လှုပ်ရှားခဲ့တယ်။
ရေးခြစ်တဲ့နည်းလမ်းက အကြမ်းထည်ဆန်တယ်ဆိုပေမဲ့ ပုံစံကောက်ကြောင်းတွေကိုရေးဆွဲသွားချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ကို နူးညံ့ ညင်သာတယ်။
သူက သတ္တုစပ်ကတ်ကို ဖြည်းဖြည်းချင်း ထိုးထွင်းဝင်ရောက်ရင်းနဲ့ သူ့စိတ်စွမ်းအင်ကိုပါ ဖြည်းညင်းစွာ ထည့်သွင်းလိုက်တယ်။ ထို့နောက်တိကျတဲ့မျဥ်းအတိုင်း လိုက်ပါရေးခြစ်ရင်းနဲ့ စိတ်စွမ်းအင် ပိုးခြည်မျှင်လေးက သတ္တုစပ်ကတ်နဲ့ ပေါင်းစပ်သွားခဲ့တယ်။
နောက်ဆုံးလမ်းကြောင်းပြီးစီးသွားချိန်မှာတော့ ချီကျွင့် ကျေနပ်မှုအပြည့်နဲ့ သားရဲရေးထွင်းတဲ့ကလောင်တံကို ချလိုက်တယ်။ အလွန်အမင်းအဖိုးထိုက်တန်ဟန်ရပြီး လှပနေတဲ့ သားရဲကတ်လေးက ပြည့်စုံစွာ ပြီးစီးသွားခဲ့ပြီ။
စတိုးဆိုင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ဘေးနားမှကြည့်နေတဲ့လူတစ်ယောက် ထအော်လာတဲ့အချိန်ကျမှသာ အသိစိတ်ပြန်ဝင်လာကြတယ်။
"အဲဒါကို
ဖွင့်ပြပေးပါဦး! "
ချီကျွင့်က ကတ်ကို နူးညံ့စွာခါလိုက်ပြီး သူ့လက်ကိုမြှောက်ကာ သားရဲကတ်ကိုသရုပ်ပြဧရိယာထဲသို့ ထည့်သွင်းလိုက်တယ်။ အသက်သွင်းခံလိုက်ရတဲ့ သတ္တုစပ်ကတ်က ရေတွေစီးဆင်းသွားသလိုမျိုး ချက်ချင်းပဲ ပြန့်ကြဲသွားခဲ့တယ်။ ထိုအမှုန်အမွှားတွေ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတာနဲ့ ကြီးမားတဲ့သတ္တုစပ်ဖြူကောင်ကြီး ပေါ်လာခဲ့လဆတယ်။
ဖြူကောင်ရဲ့ကျောရိုးတွေကို သတ္တုဆူးချွန်တွေနဲ့ ကာရံထားတယ်။ သူ့ရဲ့ခြေတံတိုလေးတွေက လျင်မြန်စွာလှုပ်ရှားရင်း မျက်လုံးသေးသေးလေးတွေက ဘေးပတ်လည်ကို ကြည့်ပြီး ပိတ်ထားတဲ့ဧရိယာထဲကို တိုးဝင်သွားခဲ့တယ်။
" အိုး ဒါက အိမ်မွေးသားရဲစက်ရုပ်လေးပဲ.. ကြယ်တစ်ပွင့် သားရဲရေးထွင်းသူတွေအများကြီး ဒါမျိုးကိုလုပ်နိုင်တယ်လေ"
" ဒါပေမဲ့ ဒါလေးကချစ်စရာကောင်းတယ်.. ပြီးတော့ သေးငယ်လွန်းတယ်မဟုတ်ဘူးလား"
ဒါပေမယ့် ထိုစကားလုံးတွေ ပေါ်ထွက်လာချိန်မှာပဲ ဖြူကောင်လေးက သူ့ရဲ့ စူးစမ်းမှုတွေကို ရုတ်တရက်ရပ်တန့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှ သတ္တုဆူးချွန်တွေက ရုတ်တရက်ဆိုသလို ရှည်ထွက်လာခဲ့လေတယ်။ ထိုဆူးချွန်တွေက ပိတ်ထားတဲ့ဧရိယာရဲ့ အကာအကွယ်ဆီကို ရိုက်လိုက်မိချိန်မှာတော့ ထိုအကာအရံကပေါက်ကွဲသွားခဲ့တယ်။
"ဒါက ... ဒါက ကြယ်နှစ်ပွင့်သားရဲထုတ်ဝေသူအဆင့်ပဲ "
" ဒါလေးကချစ်စရာကောင်းပြီး အားလည်းကြီးတယ် "
ထိုအချိန်မှာပဲ ဖြူကောင်လေးက သူ့ရဲ့ကိုယ်မှ သတ္တုဆူးချွန်တချို့ကိုပစ်လွှတ်လိုက်ပြီး ယိမ်းထိုးနေခဲ့တယ်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးမားလာပုံရပြီး ခဏအတွင်းမှာပဲ အရွယ်အစားတူ ဖြူကောင်တွေများစွာအဖြစ်ပြောင်းလဲသွားခဲ့ကာ ပိတ်ဆို့ထားတဲ့ဧရိယာထဲကို ခိုးဝင်သွားခဲ့လေတယ်။
"..."
"..."
လူအုပ်ကြီးက အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ ထိုအရာဟာ အဆင့်နိမ့်ကတ်တစ်တစ်ကတ်သာဖြစ်ပြီး ကြယ်နှစ်ပွင့် သားရဲပုံစံမျိုးလေ။ ဒါပေမယ့် ခန္ဓာကိုယ်ကို အများကြီးခွဲထုတ်နိုင်တယ်ဆိုတာမျိုးက တကယ့်ကို ကြယ်ငါးပွင့်သားရဲရေးထွင်းသူတွေသာ လုပ်နိုင်တဲ့အရာမျိုးပဲ။ ဒါဆို ဒီလူငယ်လေးကလည်း ကြယ်ငါးပွင့်သားရဲရေးထွင်းသူဖြစ်နေတယ်လို့ ဆိုလိုတာပေါ့!
စတိုးမန်နေဂျာသည်လည်း ကြက်သေသေနေခဲ့တယ်။ အဆင့်နိမ့်သားရဲကတ်တစ်ကတ်က သားရဲများစွာခွဲထွက်နိုင်တဲ့အမျိုးအစားတွေပြောင်းလဲနိုင်စွမ်းရှိတဲ့ ကြယ်ငါးပွင့်သားရဲတွေ ရေးထွင်းနိုင်တဲ့အကြောင်းကို သူတကယ်မသိခဲ့ဘူး။
ချီကျွင့်က သရုပ်ပြဧရိယာရဲ့ခလုတ်ကိုနှိပ်လိုက်တော့ များစွာသော ဖြူကောင်လေးတွေက ပြန်လည်းပေါင်းစပ်သွားခဲ့ပြီး သားရဲကတ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကြည့်ရှုသူတွေကတော့ ခုချိန်ထိတိတ်ဆိတ်နေကြတုန်းပဲ။
"... "
"..."
" လူချောလေး..ဒီကတ်ကို ငါ့ဆီရောင်းပေးလို့ရမလား"
ထိုလူက ဆိုင်ရှင်ဆီကို မပြောဘဲ သူ့ဆီကခွင့်တောင်းလာတာကြောင့် ချီကျွင့် မျက်ခုံးပင့်လိုက်မိတယ်။
သူက ဆိုင်မန်နေဂျာဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး:
" ဒီကတ်ကို ကျွန်တော်ရောင်းလိုက်လို့ရလား? "
စတိုးမန်နေဂျာရဲ့အမူအရာက ရှုံ့မဲ့နေခဲ့ပြီး ခေါင်းကိုအသာညိတ်ပြလာတယ်။
သူတို့က သာမန်ကတ်အလွတ်တွေကိုသာ မူလပိုင်ဆိုင်သူဖြစ်တာကြောင့် ကြယ်ငါးပွင့်နဲ့ ငါးပွင့်အထက် သားရဲထုတ်ဝေသူတွေရဲ့စကားကို ထိန်းချုပ်လို့မရဘူး။ ဒါ့အပြင် သားရဲတွေရဲ့ တန်ဖိုးနဲ့ယှဥ်ရင် သာမန်ကတ်အလွတ်တွေရဲ့တန်ဖိုးက အလွန်နိမ့်ပါးလွန်းတယ်။ ဒီတော့ သားရဲကတ် ပြီးစီးသွားတဲ့အချိန်မှာ ထိုကတ်ကို ချီကျွင့်ကသာ ပိုင်ဆိုင်သွားလိမ့်မယ်။
ချီကျွင့်ဟာ ကာစတာမာဘက်ကို ပျော်ရွှင်စွာလှည့်ပြီးပြောလိုက်တယ်။
" ဒီဘက်က သူငယ်ချင်း ငွေသားနဲ့ပေးလို့ရမလား?"
"... "
"... "
ဒီမာစတာက တကယ်ကိုမတူညီဘူးပဲ။ သူက အပြင်ကိုထွက်လာချိန်မှာ ကွမ်တန်ကွန်ပျူတာယူဖို့ မေ့လာခဲ့တာလား?
ငွေသားရရှိဖို့အတွက် အတော်လေး အားစိုက်လိုက်ရပြီးတဲ့နောက်မှာ အရောင်းအဝယ်က ပြီးစီးသွားခဲ့တယ်။
ချီကျွင့်ကတော့ စိတ်အားထက်သန်စွာဖြင့် ငွေသားတွေကို လှမ်းယူခဲ့တယ်။
နောက်ဆုံးမှာတော့ လူအုပ်ကြီးကလည်း လူစုပြန်ကွဲသွားခဲ့ပြီး ဆိုင်မန်နေဂျာက ချီကျွင့်ကိုပြုံးပြလာခဲ့တယ်။
" မာစတာ.. နောက်ကျရင် မာစတာရဲ့ကတ်တွေကို ဒီဆိုင်လေးဆီမှာ ရောင်းချပေးလို့ရနိုင်မလား.. ကျွန်တော်တို့က ကော်မရှင်ခ အနိမ့်ဆုံးထားပြီးလက်ခံပေးပါ့မယ်"
" ကတ်အလွတ်တွေရော ထောက်ပံ့ပေးမှာလား "
" ပေးမှာပေါ့! "
တကယ်တမ်းမှာ သူ့မေးလာတဲ့ မေးခွန်းက တော်တော်လေးကို ပုံမှန်ဖြစ်မနေခဲ့တာကြောင့် စတိုးမန်နေဂျာတစ်ယောက် ပြန်ဖြေဖို့အတွက် အချိန်ခဏလောက်ယူခဲ့ရတယ်။
သာမန်ကတ်အလွတ်တွေကို အလုံးအရင်းနဲ့ထုတ်လုပ်ထားပြီး ဈေးကလည်း အလွန်အမင်း ချိုတယ်လေ။
သို့ပေမယ့် ချီကျွင့်ဟာ သာမန်ကတ်အလွတ်တချို့နဲ့ သားရဲရေးထွင်းတဲ့ကလောင်တံတို့ကို ယူဆောင်သွားပြီး ဆိုင်ထဲမှထွက်ခွာသွားခဲ့တယ်။
အရောင်းစက်တွေအနားမှ ဖြတ်သွားချိန်မှာတော့ ချီကျွင့်တစ်ယောက် စက်ထဲမှာရှိတဲ့ ရေပုလင်းတွေကိုကြည့်ပြီး ရပ်တန့်လိုက်မိကာ ထိုနေရာဆီသို့ ခြေလှမ်းကျဲကျဲနဲ့လျှောက်လာခဲ့တယ်။
ထိုရေပုလင်းတွေရဲ့အပေါ်ဘက်မှာတော့ လက်ဖဝါးအရွယ်အစား သရီးဒီကြော်ငြာကိုဖွင့်ထားပြီး ထိုရေတွေက သန့်ရှင်းတဲ့ရေအရင်းအမြစ်ရှိတဲ့ဂြိုလ်ကနေ ထွက်လာတဲ့ သတ္တုစမ်းရေတွေဖြစ်ကြောင်း ပြသနေခဲ့တယ်။
ချီကျွင့်တစ်ယောက် ဒီရေတွေက အလွန်အရသာရှိနေလိမ့်မယ်လို့ ခံစားခဲ့ရတယ်။ ကမ္ဘာပျက်ကိန်းရဲ့ခုနစ်နှစ်အတွင်းမှာ သူတို့တွေ သောက်ခဲ့ရတဲ့ ရေတွေက သန့်စင်မှုတွေ လိုအပ်နေခဲ့ပြီး သဘာဝသတ္တုစမ်းရေလည်း မဟုတ်ခဲ့ဘူး။
ချီကျွင့် ရေနှစ်ပုလင်းကို လက်ထဲမှာကိုင်ရင် ဗိုလ်ချုပ်ကြီးရဲ့အိမ်သို့ ပြန်ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူက နံရံပေါ်မှကျော်မတက်တော့ဘဲ တံခါးဘဲလ်ကိုသာ နှိပ်လိုက်လေတယ်။
တံခါးပွင့်သွားတဲ့အချိန်ကျရင် ဗိုလ်ချုပ်ကြီးကို သူဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ တွေးနေတုန်းမှာပဲ ချီကျွင့် စက်ရုပ်အိမ်တော်ထိန်းရဲ့ ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။
" သခင်လေး ပြန်လည်ကြိုဆိုပါတယ်"
"..."
ချီကျွင့်ရဲ့စိတ်အခြေအနေတွေက စက်ရုပ်အိမ်ထိန်းရဲ့ လုံးဝန်းတဲ့ခေါင်းကိုကြည့်ရင်း ရှုပ်ထွေးနေခဲ့တယ်။
သူ့ဆီမှာ ဆိုးရွားတဲ့အတွေးတွေမရှိနေတာ ကံကောင်းတာပဲ။ မဟုတ်ရင် အင်ပါယာရဲ့ဗိုလ်မှူးချုပ်ကြီးတစ်ယောက် ဘယ်နှခါလောက်တောင် သေနေမလဲဆိုတာ မသိနိုင်ဘူး။
အိမ်ပိုင်ရှင်က ခုချိန်ထိပြန်မရောက်သေးတာကို အိမ်တော်ထိန်းနဲ့အတူ စစ်ဆေးခဲ့ပြီးနောက် ချီကျွင့် သူယူလာတဲ့ရေဘူးတွေကို ခြံနောက်ဖေးဆီသို့ယူသွားခဲ့တယ်။
သူက ရေဘူးထဲမှရေတွေအားလုံးကို သစ်ပင်ဆီသို့ လောင်းချလိုက်ပြီး မြေဆီလွှာက ထိုရေတွေကိုတဖြည်းဖြည်းစုပ်ယူသွားတာကို စောင့်ကြည့်နေခဲ့တယ်။
ကမ္ဘာဦးသစ်ပင်ကြီးရဲ့အမြစ်တွေက ရေကို အားရပါးရစုပ်ယူသွားတဲ့ပုံစံကို သူစိတ်ကူးယဥ်နေခဲ့တယ်။ အချိန်အတော်ကြာအောင် စောင့်ပြီးတဲ့နောက် ချီကျွင့် သူ့ရဲ့နှုတ်ခမ်းကို သပ်လိုက်ပြီး ကမ္ဘာ့သစ်ပင်ကြီးရဲ့ပင်စည်ကို ဖက်ဖို့ လက်လှမ်းလိုက်ပြန်တယ်။
ချီကျွင့် ကမ္ဘာ့သစ်ပင်ကြီးကိုမှီလိုက်ပြီး တီးတိုးရေရွတ်လိုက်တယ်။
" ကုယန်ကျန်း ရေက အရသာရှိရဲ့လား?"
ကမ္ဘာ့သစ်ပင်ကြီးကတော့ ဘာမှမတုံ့ပြန်ခဲ့ဘူး။ ချီကျွင့် သစ်ပင်ကြီးကိုမှီရင်း ညအချိန်မှာ အရိပ်ထင်နေတဲ့ သစ်ပင်ထိပ်ဖျားကို မော့ကြည့်လိုက်တယ်။
တကယ်လို့ ကုယန်ကျန်းသာ ပြန်နိုးမလာတော့ဘူးဆိုရင်...
မုန်တိုင်းတစ်ခုလို ဝင်ရောက်လာတဲ့ စိုးရိမ်ကြောင့်ကြမှုက ဖိနှိပ်ဖို့ရန်အတွက် အလွန်ခက်ခဲတယ်။
ချီကျွင့် သူ့ရဲ့အဝတ်အစားတွေကို ဆွဲချွတ်လိုက်ပြီး သူ့မျက်လုံးတွေက နီရဲလာခဲ့ကာ အားနည်းတဲ့ခြင်္သေ့ငယ်လေးရဲ့ အော်ဟိန်းသံက သူ့ပါးစပ်ကနေ ထွက်လာခဲ့တယ်။
အဲဒီနောက် သူ့ရဲ့ထူထဲလွန်းတဲ့ဂျာကင်အင်္ကျီက ခြင်္သေ့လက်သည်းတွေကြောင့် ပေါက်ပြဲသွားခဲ့ပြီး ကျန်ရှိနေတဲ့ အဝတ်အစားတွေကလည်း ဆွဲဖြဲခံလိုက်ရတယ်။
မကြာခင်မှာပဲ သစ်ပင်အောက်မှ လူငယ်လေးက ပျောက်ကွယ်သွားခဲ့ပြီး ခြင်္သေ့တစ်ကောင်က ရုတ်တရက်ပေါ်ထွက်လာခဲ့ကာ မြေပြင်ပေါ်မှာ လှဲလျောင်းရင်း ဒေါသတကြီးနဲ့မြည်ဟိန်းခဲ့တယ်။
ချီကျွင့်ရဲ့ခေါင်းက ဖရိုဖရဲဖြစ်နေပြီး သူ့ရဲ့အကြမ်းဖက်လိုတဲ့ စိတ်အခြေအနေကလည်း ထိန်းချုပ်ဖို့ရန် ခက်ခဲလာခဲ့တယ်။
သူ ခံစားနေရတာတွေကို ဖောက်ခွဲလိုက်ချင်တယ်။ သူ့ရဲ့စွမ်းရည်တွေကလည်း အဆပေါင်းများစွာတိုးတက်လာခဲ့ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တုတွေအားလုံးကို ချက်ချင်းဆိုသလို ထိန်းချုပ်လိုက်မိကာ ထိုသတ္တုတွေအားလုံးက သူမသိလိုက်ချဝင်မှာပဲ ကြီးမားတဲ့သတ္တုဘောလုံးကြီး ဖြစ်လာခဲ့တယ်။
ထိုသတ္တုလုံးကြီးက ကျုံ့လိုက် ဆွဲဆန့်လိုက်ဖြင့် အတူတကွရောယှက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မရေမတွက်နိုင်တဲ့အပ်တွေအဖြစ် ပေါက်ကွဲသွားခဲ့တယ်။
ထိုမရေမတွက်နိုင်တဲ့အပ်တွေ ပေါက်ကွဲသွားတဲ့အချိန်မှာ ကမ္ဘာဦးသစ်ပင်သည်လည်း တုန်ခါသွားခဲ့တယ်။ ရွှေရောင်သစ်ရွက်တွေက ခြင်္သေ့ကြီးဆီမှ ထိန်းချုပ်ခံလိုက်ရတဲ့ အပ်တွေအားလုံးဆီမှ ဖြတ်တောက်ခံလိုက်ရကာ ဓားသွားတွေကဲ့သို့ မြေပြင်ပေါ်သို့ ကြွေကျလာခဲ့လေတယ်။
ခြင်္သေ့ကြီးကတော့ သူ့ရဲ့စွမ်းအင်တွေအားလုံးကို သုံးစွဲခဲ့ပြီး မြေပြင်ပေါ်မှာ လဲလျောင်းလိုက်မိတယ်။
သူ့ရဲ့ သားရဲမျက်လုံးနှစ်လုံးက ပြန်လည်တုံ့ပြန်လာချိန်မှာ ကမ္ဘာဦးသစ်ပင်ကြီးကို စိုက်ကြည့်နေခဲ့မိတယ်။ သူက သူ့ရဲ့ပါးစပ်ကိုဖွင့်လိုက်ပြီး နှစ်ကြိမ်လောက် အသံပြုလိုက်မိတယ်။
သူ့ရဲ့မှားယွင်းနေတဲ့ စိတ်အခြေအနေက ထိန်းချုပ်မှုလွတ်သွားခဲ့ပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်ဆီကနေ ပြန်လည် ထွက်ခွာသွားခဲ့ပြီ။
ခြင်္သေ့ကြီးဖြစ်နေခဲ့တဲ့ ချီကျွင့်က မြေပြင်ပေါ်မှာ လဲလျောင်းကာငိုကြွေးရင်းနဲ့ခြင်္သေ့လေးအဖြစ်ပြန်လည်ပြောင်းလဲသွားခဲ့တယ်။
တကယ်တော့ ချီကျွင့် မငိုချင်ခဲ့ဘူး။ သူ ဘာလိုများ ငိုကျွေးလိုက်မိတာလဲ? ကုယန်ကျန်းဆီကနေ နည်းနည်းလောက်တုံ့ပြန်မှုရနိုင်တာက ပိုပြီးမကောင်းဘူးလား?!
ဒါပေမဲ့ အခုတော့ သူ့ကြောင့် ကမ္ဘာဦးသစ်ပင်ကြီးက စောစောစီးစီး ကတုံးဖြစ်သွားခဲ့ပြီ...
ဒီအတွေးက သူ့ကို ပိုပြီးမျက်ရည်ကျလာစေခဲ့တယ်။ ခြင်္သေ့လေးက သူ့ရဲ့လက်ဖဝါးတွေကိုဆွဲဆန့်လိုက်ပြီး သူ့ရဲ့မျက်ရည်တွေကို သုတ်လိုက်ပြန်တယ်။
သူ့ဆီမှာရှိနေတဲ့ နက်ရှိုင်းတဲ့စိတ်အားငယ်မှုတွေက အခုတော့ စိတ်ရှုပ်ထွေးမှုတွေအဖြစ်ပြောင်းလဲသွားရပြီ။
သူ့ရဲ့စိတ်တွေက ဘာလို့ ဒီလောက်တောင်အတက်အကျမြန်နေရတာလဲ?
***