အပိုင်း 280
Viewers 26k

Chapter 280
ဝမ်ဟုန်၏ပူပန်မှု


သခင်လေးက ဒီဘက်အား နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေသည်ကို သူတို့မြင်လိုက်ရသည်။ လူလေးယောက်က ဘာမှမပြောနိုင်ခင်မှာဘဲ သူ၏ကိုယ်က လှုပ်ယမ်းကာ ပျောက်ကွယ်သွားသည်။

လူလေးယောက်က အနည်းငယ်သိချင်စိတ်ဖြင့် အချင်းချင်းကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အနောက်မှလိုက်သွားကြသည်။

ဝမ်ရွှမ်က သေချာတွေးဆလိုက်သည်။

သူက လက်ရမ်းကာ အစောင့်တစ်ယောက်အား လှမ်းခေါ်ပြီး တီးတိုးပြောလိုက်သည်။
“အဲ့ဒီလူတွေနောက်လိုက်ပြီး သူတို့သခင်က ဘယ်သူလဲ၊ ဘယ်မှာနေတာလဲဆိုတာကို ကြည့်ခဲ့”

“ဟုတ်ကဲ့ပါ”

သေချာသတ်မှတ်ထားခြင်းမရှိသောကြောင့် ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ အစောင့်အယောက်၂၀လောက်သာ ပါခဲ့သော်လည်း အကုန်လုံးက တစ်ယောက်လျှင် လူတစ်ရာကိုတိုက်နိုင်လောက်အောင် သန်မာကြပြီး ဝမ်ဟုန်၏ယုံကြည်မှုကို ရထားသူများလည်းဖြစ်သည်။ ဤနေ့ရက်များတွင် ဝမ်ဟုန်က တောင်ဘက်သို့ခရီးထွက်လာခဲ့ပြီး ဤနေရာတွင်နေထိုင်ခဲ့သည်။ သူက ဟူလူမျိုးများ၏ပိုင်နက်မြေတွင် နှစ်အနည်းငယ်ကြာအောင်နေထိုင်ခဲ့သည်။ သို့သော်လည်း သူတို့ထိုနေရာတွင်ရှိနေခဲ့ချိန်တွင် ထပ်ခါတလဲလဲ ပျက်သုန်းသွားနိုင်ခဲ့ပေသည်။

ထို့ကြောင့် အကယ်၍ နောက်ယောင်ခံလိုက်နိုင်စွမ်းနှင့် ပုန်းကွယ်နိုင်စွမ်း၊ သတ်ဖြတ်နိုင်စွမ်းနှင့် နောက်ခံပတ်ဝန်းကျင်အပေါ်လေ့လာနိုင်စွမ်းတို့အကြောင်း ပြောရမည်ဆိုပါက ဤလူများတွင် ပြိုင်ဘက်ဟူ၍ အနည်းငယ်သာရှိသည်ဟု ဆိုရမည်။

အစောင့်ထွက်သွားသောအခါ ဝမ်ရွှမ်၏မျက်ခုံးများက ပိုပိုပြီးဆန့်တန်းလာသည်။ အခုလေးတွင် လူလေးယောက်က အချင်းချင်းစကားပြောနေကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ ဆူညံသံများကြောင့် သူတို့က လျင်မြန်စွာပြောနေကြသဖြင့် တကယ်တမ်းသူ့နားထဲရောက်လာသောအရာများမှာ ဆယ်ပုံပုံလျှင် သုံးပုံလောက်သာဖြစ်သည်။

သို့သော် ဤ30-40ရာခိုင်နှုန်းလောက်က သူ့အား အရေးအခင်းကာလနှင့် မပျော်ရွှင်မှုများကို သတိရှိသွားစေသည်။

ဝမ်ဟုန်၏နားသို့သွားကာ ဝမ်ရွှမ်က အသံတိုးတိုးဖြင့်ခေါ်လိုက်သည်။
“အဖေ..”

သူ့အသံက မကျယ်လောင်ဘဲ လှပနေသည်မှာ တေးဂီတ၏သံစဉ်ကဲ့သို့ပင်ဖြစ်ကာ အနားရှိလူတချို့အား သူ့ကိုနောက်တစ်ကြိမ်ပြန်လှည့်ကြည့်လာစေမိသည်။ ထိုသည်ကိုမြင်သောအခါ ဝမ်ရွှမ်က ဝါးခမောက်ကိုဖိချလိုက်သည်။ ဝမ်ဟုန်၏အသံထွက်လာ၏။
“ဘာဖြစ်လို့လဲ”

ဝမ်ရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ခနကြာသွားပြီးနောက် သူကပြောလာသည်။
“အခုလေးတင် လူတစ်ချို့က ကျွန်တော့်အကြောင်းပြောနေတာကို ဝိုးတိုးဝါးတားကြားခဲ့ရတယ်၊ ကြည့်ရတာ သူတို့ကမကောင်းတာဖြစ်စေမယ့်ပုံဘဲ”

“အိုး ဟုတ်လား”

ဝမ်ဟုန်၏အသံက အမြဲတမ်းအေးအေးဆေးဆေးဖြစ်နေသည်။ သူကပေါ့ပါးစွာပြောလာသည်။
“အဲ့ဒါက မင်းအတွက်မကောင်းလို့လား၊ အဲ့ဒါက မင်းရဲ့ပုံစံကြောင့်ဘဲဖြစ်မယ်၊ မင်းပုံစံက သာမာန်ထက်ပိုနေတယ်လေ”

ဘာလို့ခေါ်လိုက်တယ်၊ ဝမ်ရွှမ်မိန်၏ရင်ထဲ တုန်ခါသွားသည်။
(Tn:ဝမ်ရွှမ်မိန်-အလှလေးဝမ်ရွှမ်)

ဤအချိန်တွင် ဝမ်ဟုန်ကဆက်ပြောလာသည်။
“ဒါကကျန့်ခန်းဘဲ၊ မင်းလို နှစ်တွေအများကြီးကြာအောင်ပျောက်နေတဲ့သူက....လောကကြီးက မင်းရဲ့မျိုးရိုးအမည်အောက်မှာရှိနေပြီး အလျင်စလိုမပြုမူရဲတဲ့လူတွေအများကြီးရှိနေတယ်ဆိုရင်တောင်မှ မိသားစုရဲ့ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို နောက်မှထားပြီး ခနလောက်ဖြစ်ဖြစ်အပျော်လုပ်ချင်တဲ့လူတစ်ချို့လည်း ရှိနေဦးမှာဘဲ၊ ဒီလိုလူမျိုးတွေနဲ့ ကြုံရမှာကို မင်းပြင်ဆင်ထားရမယ်”

ခနရပ်ပြီးနောက် ဝမ်ဟုန်က လေးလံသောအသံဖြင့်ပြောလာသည်။
“ရွှမ်အာ ဒါက ပထမအဆင့်ဘဲ ၊မင်းက ဒီပုံစံအတိုင်းမွေးဖွားလာတာ၊ ဒါကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ယူရမယ် လမ်းပေါ်မှ အဖေက ဘာမှဝင်နှောင့်ယှက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ကျန့်ခန်းကိုရောက်သွားရင်လည်း အဖေက ဂရုစိုက်မှာမဟုတ်ဘူး၊ အခုက အဖေပြောသလိုဘဲ အိမ်တော်အမှတ်အသားတွေကို ဖယ်ထားလိုက်ပါ”

သူကဖြေးညှင်းစွာပြောလာသည်။
“ငါ၊ဝမ်ဟုန်က သားသုံးယောက်ရခဲ့ပေမယ့် သူတို့အားလုံးက မင်းသမီးတစ်ယောက်လိုစိုးရိမ်တတ်ကြတာဘဲ၊ ဟားဟား”

သူ့ဖခင်၏သက်ပြင်းချသံကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ့အဖေတစ်ယောက် သူ့ကိုယ်ပိုင်အကြည့်များဖြင့် ကြည့်လာသည်ကို သဘောမကျပေ။ သူ့ညီလေးများကလည်း အတူတူပင်ဖြစ်သည်။

နှစ်များစွာကြာကာ သူတို့ကပိုပိုပြီးကြီးပြင်းလာသော်လည်း သူတို့ဖခင်က တခါတလေကျလျှင် သူတို့ကိုကြည့်ကာ သက်ပြင်းချလာလိမ့်မည်။ ထို့နောက် သူက ချန်ရုံ၏လက်ကိုကိုင်ကာ ရှုန်းဖန်ကိုကြည့်ပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဟု စဉ်းစားနေလိမ့်မည်။

ထို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသောအခါ ဝမ်ရွှမ်က အေးစက်စွာပြန်ဖြေလိုက်သည်။
“ကျွန်တော် အဲ့ဒီအကြောင်းကို တွေးခဲ့တာ နှစ်အနည်းငယ်ကြာပြီ၊ အဖေရဲ့ သူရဲကောင်းလိုသမီးက ကြီးပြင်းလာရင် ကလေးတစ်ယောက်ကိုမွေးပေးမယ့် တော်ဝင်မိန်းမပျိုတစ်ယောက်တော့ရှိလာမှာဘဲ”

ဝမ်ဟုန်ပြန်ပြောလာသည်ကို စောင့်မနေဘဲ ဝမ်ရွှမ်က အလျင်အမြန်ပင် ရထားလုံးရှေ့သို့သွားကာ ချန်ရုံဘေးသို့လာလိုက်သည်


သူ၏ဖခင်က သူ့မိခင်နှင့်ဆိုလျှင် သတိမမူမိစွာဖြင့် နူးညံ့သွားတတ်သည်ကို သူသိပေသည်။ မြန်မြန်သွားရန်သာလိုသည်။ သူ့မိခင်ဘေး၌နေမှသာ သူ့ဖခင်၏ဒေါသကို ရှောင်နိုင်မည်ဖြစ်သည်။


ဝမ်ဟုန်က တကယ်ပင် ဒေါသထွက်နေ၏။ သူက အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်သည်။

အဝေးသို့ရောက်နေပြီဖြစ်သော သူ့သား၏ပုံရိပ်ကို အခွင့်ကောင်းယူကာ ဝမ်ဟုန်ကရှုသိုးသိုးဖြင့် တွေးနေလိုက်သည်။
‘ငါက ယောက်ျားတစ်ယောက်ဆိုပေမယ့် သေးသေးမွှားမွှားကိစ္စလေးတွေကို နေ့နေ့ညညစိတ်ပူနေရတယ်လို့’

သူကစိတ်မပူချင်ပေ။ သူ၏အစီအစဉ်ထဲတွင် သူ၏ကလေးများသည် ယောက်ျားဖြစ်စေ၊ မိန်းကလေးဖြစ်စေ လှပကြော့ရှင်းကာ ပညာရှင်ဆန်ရမည်ဖြစ်သည်။ကောင်းကင်ဘုံ၏သားတော်က ကူညီကာ လူများက လူများကြောင့်ပင် ဒုက္ခရောက်ပေလိမ့်မည်။

ချန်ရုံအား ဇနီးသည်အဖြစ်ရယူပြီးသည့်နောက်တွင် မွေးလာသည့်သားများအားလုံးသည် သူမနှင့်တူလျှင်တူ၊ မဟုတ်ပါက သူတို့ပုံစံနှင့် သူတို့ချည်းသာဖြစ်သည်။

ဝမ်ဟုန်သည် သူ၏လှပသောဇနီးက အလွန်မျိုးရိုးလိုက်မည်ဟု ဘယ်သောအခါမှမသိခဲ့ပေ။ တစ်ယောက်ပြီးတစ်ယောက် သားသုံးယောက်လုံးသည် သူမ၏ကြောက်မက်ဖွယ် ထူးကဲမှုများနှင့် နှစ်လိုဖွယ်ကောင်းသော ပုံစံများကို ဆက်ခံလာခဲ့ကြသည်။ ဤကဲ့သို့သော အခြေတည်မှုမျိုးပေါ်တွင်သူ၏အကျင့်စရိုက်ပုံစံများကို ထပ်ပေါင်းထည့်လိုက်သောအခါ တစ်ယောက်ပြီးတစ်ယောက်သည် ကျောက်စိမ်းမှုန့်များလိုပင်ဖြစ်သည်။ သမီးတစ်ယောက်ရလာရန် မျှော်လင့်ရသည်မှာ မလွယ်ပေ။ထို့ပြင် အခုအမြင်အရဆိုပါက လမ်းကြောင်းတခုတည်းရှိမနေပေ။

လုပ်ကိုင်ရမည့်ကိစ္စများနှင့် စိုးရိမ်ရမည့်အရာများက အများအပြားရှိနေပေသည်။ သို့သော် သူတို့၏ပုံပန်းသွင်ပြင်အတွက် စိုးရိမ်ရမှုများကို မဖြေရှင်းနိုင်ပါက သူတို့၏အနာဂတ်လမ်းကြောင်းသည် ချောမွေ့ရန်ခက်ခဲမည်ကို ဝမ်ဟုန်သိလိုက်ရသည်။ခန်းမကြီးထဲတွင် ပါးစပ်မဖွင့်ဘဲနေရမှာလား၊ မဟုတ်ရင် ခန်းမထဲက လူတိုင်းကရူးသွပ်သွားကြလိမ့်မယ်၊ ဒီလိုသာဖြစ်နေပါက သူတို့သည် ဘယ်လိုဘဲအရည်အချင်းရှိရှိ၊ ရည်မှန်းချက်ဘဲထားထား၊ အများအားထုတ်မပြနိုင်ပေ။

လောကကြီးက လူ့အရေခွံအသွင်အပြင်၏ ကြီးမားသောအရေးကြီးမှုပေါ်တွင်သာ တွယ်ကပ်နေသော်ငြား ဘယ်သောအခါမှ အလွန်အကျွံမဖြစ်သင့်ပေ။

မြို့ကြီးတစ်ခုသို့ရောက်လာရန်မှာ မလွယ်ကူပေ။ သေချာပေါက်ပင် လူတိုင်းက အနားယူရန်လိုအပ်သည်။ ဝမ်ဟုန်နှင့် ချန်ရုံတို့က သူတို့၏ပိတ်စများဖြင့်ကာထားသော ခမောက်များကိုချကာ အိပ်ပျော်နေသောကလေးနှစ်ယောက်ကို လှည်းထဲမှသယ်ထုတ်ပေးရန် အစောင့်များကိုပြောလိုက်သည်။

ဝမ်ရွှမ်က နောက်တွင်ကျန်ခဲ့သည်။

ကောင်လေးက လှည်းပေါ်မှဆင်းလာသည်နှင့် မျက်လုံးအနည်းငယ်ကကြည့်နေသည် သူက သတိကြီးစွာပင် သိသွားသည်။

လူငယ်လေးက ပြန်လှည့်ကြည့်လိုက်သည်။

ဤနေရာတွင် သာမာန်မဟုတ်တာမျိုးရှိမနေပေ။ လူငယ်လေးက မျက်မှောင်ကြုတ်ကာ တည်းခိုခန်းထဲသို့ ဝင်သွားသည်။

အထဲသို့ရောက်ရောက်ချင်းပင် သူ့ဖခင်၏အမိန့်ကိုကြားလိုက်ရသည်။
“မင်းတို့တစ်ခုခုကို ပြုမူတော့မယ်ဆိုတာနဲ့ အားလုံးက ရှောင်လန်ရဲ့ အမိန့်ကိုနာခံရမယ်”
သူက ဝမ်ရွှမ်ကိုကြည့်လာသည်။ ပိတ်စဖြင့်ကာထားသောခမောက်အောက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။
“ဒါက ညစာနဲ့ အိပ်ချိန်အတွက်ဘဲဆိုရင်တောင်မှ ရှောင်လန်က စီစဉ်ထားတာဘဲ”

ထိုသို့ပြောပြီးနောက် ဝမ်ဟုန်ကလှဲလျောင်းလိုက်သည်။

ချန်ရုံက အထူးတလည်အကြောင်းအရင်းကို နားမလည်သောလည်း သူမခင်ပွန်းက သူ၏သားအားလေ့ကျင့်ပေးချင်သည်ကို သဘောပေါက်ပေသည်။ ထို့ကြောင့် သူမက အပြုံးနှင့်ထိုင်ချလိုက်သည်။

ကျောက်စိမ်းသစ်ပင်ကဲ့သို့ ဝါးခမောက်ကိုဆောင်းကာ လေကိုမျက်နှာချင်းဆိုင်နေသော သူ၏သားကိုကြည့်ကာ ချန်ရုံကမနေနိုင်ဘဲ ပြောလိုက်မိသည်။
“ရွှမ်အာတစ်ယောက် ဘယ်လိုဇနီးမျိုးကိုရှာလာနိုင်မလဲဆိုတာ ကျွန်မမသိတော့ဘူး”

သူမက ဒီအတိုင်းပြောလိုက်ရုံဖြစ်ပြီး ဝမ်ဟုန်ကပေါ့ပါးစွာပြန်ဖြေလာသည်။
“နှလုံးသားကိစ္စက အတိတ်နိမိတ်မကောင်းဘူး ၊ အခုက လက်ထပ်တဲ့အကြောင်းပြောဖို့ အရမ်းစောလွန်းပါတယ်”

သူမခင်ပွန်း၏ မသက်မသာပြောလာမှုကို ကြားသောအခါ ချန်ရုံက သူ့ကို ဆွဲဆောင်သော အပြုံးတစ်ချက်ပြုံးပြလိုက်၏။
“ရှင်က အရမ်းတွေးနေတာဘဲ”

ချန်ရုံကပြောလိုက်သည်။
“ကျွန်မက ရွှမ်အာကိုသိပါတယ်၊ သူကအထက်စီးဆန်ပြီး တွေးတောတတ်တယ်၊ သူက တကယ်ကို မိန်းကလေးနဲ့ အရူးအမူးချစ်ကျွမ်းဝင်ချင်တယ်ဆိုရင် ကျွန်မကတော့ မလွယ်ဘူးလို့ထင်မိတယ်”

ခနရပ်ပြီးနောက် သူမက မေးလိုက်သည်။
“ဒါနဲ့ သူတို့ဒီတစ်ကြိမ်ကျန့်ခန်းကိုရောက်သွားရင် အိမ်တော်က ရွှမ်အာကို ဘယ်လိုလေ့ကျင့်ပေးမှာလဲ”

ဝမ်ဟုန်က ပြန်ဖြေသည်။
“ရွှမ်အာက ဆယ့်သုံးနှစ်ရှိပြီဆိုတော့ မိန်းမတွေအကြောင်း သိခွင့်ရှိနေပြီ၊ ဒုတိယတစ်ဆင့်မှာဆိုရင် မိသားစုထဲကတစ်ယောက်ယောက်က သူတို့ကို ခန်းမနီဆီ အဝင်အထွက်ပြုဖို့ခေါ်သွားလိမ့်မယ်၊ အဲ့ဒီကိုရောက်ရင် သူတို့က လောကမှာနာမည်အကြီးဆုံးတွေကို တွေ့ရမယ့်အပြင် တစ်ချိန်တည်းမှာဘဲ လောကကြီး၏အရောင်အသွေးတွေအားလုံးကို မြင်လာရလိမ့်မယ်”

“ဒါက ဒုတိယအဆင့်လား”
ချန်ရုံက သိချင်စွာမေးလိုက်သည်။
“ပထမတစ်ဆင့်က ဘာလဲ”

“ပထမတစ်ခုလား”
အပြုံးတစ်ခုဖြင့် ဝမ်ဟုန်က အပြင်ဘက်ရှိလူများကိုကြည့်နေကာ အစောင့်များကိုလည်း စားစရာနှင့်ဝိုင်များကို အာရုံစိုက်ခိုင်းနေသည့် သူ၏သားကိုကြည့်ပြီး ဖြေးဖြေးချင်းပြောလာသည်။

“ပထမအဆင့်ကတော့ သူတို့ရဲ့အသွင်အပြင်နဲ့ ကိုယ်ပိုင်အထောက်အထားကိုလက်ခံဖို့ဘဲ၊ တကယ်လို့ ရွှမ်အာသာ သူ့ရဲ့ နတ်ဆိုးလို အလင်းရောင်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် တချန်ဖြစ်လာလိမ့်မယ်”
(Tn:နတ်ဆိုးလိုအလင်းရောင်ဆိုတာက သူကအရမ်းချောလွန်းလို့ နတ်ဆိုးလိုအရောင်အဝါရှိတယ်လို့ တင်စားပြောတယ်ထင်တာပါဘဲ)

ဒါကိုမူ ချန်ရုံနားမလည်ပေ။ သူမက သူမ၏သားကိုစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
“ဒီလိုသဘာဝအသွင်အပြင်မျိုးကို ဘယ်လိုစုစည်းရမှာလဲ”
ဝမ်ဟုန်က အေးစက်စွာပြောလာသည်။
“အကယ်၍ မထိန်းချုပ်နိုင်ဘူးဆိုရင် အဲ့ဒါကိုဖုံးကွယ်ဖို့ အခြားစိတ်နေသဘောထားတစ်ခုကို လေ့ကျင့်ရလိမ့်မယ်”
ချန်ရုံက ဤအရာကို နားလည်၏။ ဥပမာအားဖြင့်ရန်မင်းပင်ဖြစ်သည်။ ထိုသူကအလွန်ချောမောသော်လည်း လူတိုင်းက သူ့ကို ပထမဆုံးအကြိမ်တွေ့ရသောအခါ သူ့ကိုချောမောမှုကိုမဟုတ်ဘဲ အံ့ဩစရာကောင်းလောက်သည့် နတ်ဆိုးလိုစိတ်ဝိဉာဉ်ကိုသာ မြင်ကြပေသည်။