(30)
မတူညီတဲ့
စွမ်းရည်တွေကြားထဲမှာ အတားအဆီးတချို့ ရှိနေတုန်းပဲ။
ကုယန်ကျန်းရဲ့
ခိုင်မာကြံ့ခိုင်လွန်းတဲ့စိတ်ဝိဥာဥ်က စာမျက်နှာမှာရှိတဲ့ စာကြောင်းတွေကို
မှတ်မိစေရန် လုံလောက်တယ်ဆိုပေမဲ့ သူ့ခြင်္သေ့ရဲ့ စည်းချက်အတိုင်း
စာမျက်နှာအနည်းငယ်လောက်ကို ဖတ်ရှုပြီးနောက်မှာတော့ လိုင်းတွေက
ရောယှက်ပြီးသူ့ရဲ့စိတ်အာရုံထဲမှာ ရှုပ်ထွေးလာခဲ့ကာ အနည်းငယ် မူးဝေသွားရတယ်။
ကုယန်ကျန်း
စာမျက်နှာကို ကြည့်နေရာမှ အလျှင်အမြန် အကြည့်လွှဲလိုက်ရတယ်။
စာအုပ်ထဲမှာရှိနေတဲ့လိုင်းပုံစံတွေက အလွန်ရှုပ်ထွေးနေခဲ့ပြီး
မျဉ်းတစ်ကြောင်းစီကလည်း ဆံပင်ကြိုးမျှင်လိုမျိုး ပါးလွှာနေခဲ့တယ်။
သို့သော်လည်း
ခြင်္သေ့လေးကတော့ စားပွဲပေါ်မှာ ထိုင်ကာ စာအုပ်တွေကို
အလွန်နှစ်သက်သဘောကျစွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ တစ်ခါတလေမှာ စာမျက်နှာတွေကို
အမြန်လှန်ရန်အတွက် ကုယန်ကျန်းကို တိုက်တွန်းလိမ့်မယ်။
စာအုပ်အထူတွေက သားရဲကတ်တွေရဲ့
သရုပ်ပြဗားရှင်းတွေပဲ။
ဥပမာအားဖြင့်
စက္ကူပေါ်မှာ တစ်လွှာပြီးတစ်လွှာရိုက်နှိပ်ထားတဲ့ ပုံစံလိုင်းတွေက
သားရဲကပ်ပေါ်မှာ ရေးထွင်းထားတဲ့ အတိုင်း ထပ်တူညီစွာတည်ရှိနေခဲ့တယ်။
စာမျက်နှာတိုင်းမှာ
မျက်နှာပြင်အပေါ်ယံဘက် အစိတ်အပိုင်းတွေကိုမှတ်တမ်းတင်ထားတာကြောင့်
သားရဲရေးထွင်းသူတွေအတွက် နားလည်စေရန် ဖန်တီးထားတယ်။
စာမျက်နှာပေါင်းများစွာပေါ်မှာရှိနေတဲ့
လိုင်းပေါင်း ဒါဇင်များစွာက ပြီးပြည့်စုံသော သားရဲပုံစံတစ်ခုအဖြစ်
ပေါင်းစပ်သွားခဲ့တယ်။
သားရဲကတ်တစ်ခုဆီမှာ
အနည်းဆုံး သားရဲပုံစံလိုင်းအနည်းငယ် လိုအပ်တတ်ပြီး ၊ လိုင်းငယ်ပေါင်း
ရာနှင့်ချီပြီး ပါရှိတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် စာအုပ်တစ်အုပ်ရဲ့
စာမျက်နှာထောင်ပေါင်းများကိုသုံးပြီး မှတ်တမ်းတင်မှသာ ပြီးပြည့်စုံပြီးသား
အဆင့်မြင့်သားရဲကတ်တွေကိုသာ ထည့်သွင်းနိုင်လိမ့်မယ်။
ဒါ့အပြင်
ထိုသားရဲကတ်တွေရဲ့ အပေါ်ယံအကာအကွယ်က ဖယ်ထုတ်ခဲ့ပြီးသားဖြစ်နေခဲ့တာကြောင့်
ရှင်းရှင်းလင်းလင်းနဲ့လေ့လာနိုင်တယ်။
တစ်နည်းအားဖြင့်
ပြောရရင် တပ်မတော်မှအသုံးပြုတဲ့ စံနှုန်းရှိတိုက်ခိုက်ရေးကတ်တွေကို ဒီနည်းအားဖြင့်
မှတ်တမ်းတင်လိုက်မယ်ဆိုရင် စာမျက်နှာပေါင်း ထောင်နှင့်ချီရှိပြီး ရှိနေလိမ့်မယ်။
တကယ်လို့
စစ်တပ်ရဲ့ ဗိုလ်မှူးတွေ အသုံးပြုတဲ့
ကြယ်ခုနစ်ပွင့်တိုက်ခိုက်ရေးကတ်တွေဖြစ်နေမယ်ဆိုရင်တော့ စာမျက်နှာပေါင်း
သောင်းနဲ့ချီပြီး မှတ်တမ်းတင်ရတာ ဖြစ်နိုင်တယ်။
သေချာတာပေါ့။
တိုက်ခိုက်ရေးကတ်တွေရဲ့ စွမ်းအားကလည်း အလွန်အားကောင်းနေတုန်းပဲ။ သူ့ရဲ့ ခွန်အားက
အင်ပါယာမှ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာကို အသုံးပြုခဲ့တဲ့
စစ်သင်္ဘောတွေနဲ့ ရီမျှတယ်လို့ ဆိုနိုင်တယ်။ သို့ပေမယ့် စစ်သင်္ဘောတွေကို
တည်ဆောက်ရတာထက် အရင်းအမြစ် သုံးစွဲရမှုက နည်းပါးတယ်။
ဒါကြောင့်ပဲ
အကြီးတန်းသားရဲရေထွင်းသူတွေက အခွင့်ထူးတွေကို ခံစားနိုင်နေတာပဲ။
ထို့အတူ
စာမျက်နှာပေါင်း (၁၀,၀၀၀) ကျော်လောက်အထိ သုံးစွဲရတဲ့ အစွမ်းထက်သားရဲကတ်ကို
ရေးထွင်းခြင်း သားရဲရေးထွင်းသူတွေရဲ့ စွမ်းအင်တွေအများကြီးကို
ကုန်ဆုံးနိုင်တယ်ဆိုတာ သိရှိသင့်တယ်။
အခြေခံအားဖြင့်
ဒီတိုက်ခိုက်ရေးကတ်အမျိုးအစားတွေက ကြယ်ခုနစ်ပွင့်သားရဲရေးထွင်းသူတွေက
ပေါင်းစပ်ခြင်းနည်းလမ်းတွေနှင့် ရေးထွင်းခဲ့တာဖြစ်လေတယ်။
သို့ပေမဲ့
မပြောဘဲ နားလည်နိုင်သင့်တာကတော့ ထည့်သွင်းရတဲ့ စွမ်းအင်အမျိုးအစားက
တူညီမှုမရှိသလို ပေါင်းစပ်တဲ့နည်းလမ်းနဲ့ ထုတ်လုပ်တဲ့
တိုက်ခိုက်ရေးကတ်တွေကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်တယ်။
ဒါကြောင့်
သားရဲပုံစံလိုင်းတွေကို ရိုးရှင်းအောင် လုပ်ဆောင်နိုင်တယ်ဆိုတာက
တိုက်ခိုက်ရေးကတ်တစ်ခုဖန်တီးရန်အတွက် သားရဲရေးထွင်းသူတစ်ယောက်လုပ်ဆောင်ရတဲ့
သားရဲလိုင်းအရေအတွက်ကို လျှော့ချပေးလိုက်နိုင်တာပဲ။
နောက်ဆုံးမှာတော့
အဆင့်မြင့်သားရဲကတ်ကို လွတ်လပ်စွာနဲ့ ရေးထွင်းနိုင်တဲ့နည်းလမ်းတစ်ခုရရှိလာဖို့က
သားရဲရေးထွင်းသူတိုင်းရဲ့ အမြဲတမ်းရှိနေနိုင်တဲ့ ရည်မှန်းချက်ပဲ။
ချီကျွင့်အတွက်ကတော့
ကမ္ဘာပျက်ကာလအတွင်း နေ့စဉ်နေ့တိုင်းတိုက်ပွဲတွေက သူ့ရဲ့သတ္တုစွမ်းရည်ကို တိကျစွာ
ထိန်းချုပ်နိုင်စေခဲ့ပြီး ဒီဘက်ခေတ်မှ သားရဲရေးထွင်းသူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်
အားသာချက်တွေနှင့်အသာစီးရမှုတွေ အပြည့်အဝရှိနေတယ်။
သူ
ဒီစာအုပ်တွေကို ကြည့်နေရင်းနဲ့ဘဲ သူ့ရဲ့ခေါင်းအတွင်းပိုင်းမှာတော့
ဒီသားရဲပုံစံတွေရဲ့ ရှည်လျားတဲ့ဖွဲ့စည်းပုံတွေ အလိုအလျောက် ဖြုတ်ချနေခဲ့တယ်။
စာအုပ်တစ်အုပ်ကိုဖတ်ပြီးတဲ့နောက်မှာ
သူ ထိုသားရဲကတ်ရဲ့ ရေးထွင်းရမှုတွေကို 20% လောက်လျှော့ချခဲ့ပြီ။
ဒါကြောင့်
ချီကျွင့်က အလွန်ပျော်ရွှင်နေခဲ့ပြီး စာမျက်နှာတွေကို အမြန်လှန်ဖို့ သူ့ရဲ့
သစ်ပင်ကြီးကို ခိုင်းစေနေခဲ့တယ်။
အခြားသော
သားရဲရေးထွင်းသူတွေသာဆိုရင်တော့ စာမျက်နှာတစ်ခုအပေါ်မှာ မကြာခဏ
တွေးတောစဥ်းစားနေရပြီး စာမျက်နှာပေါ်မှာရှိတဲ့ သားရဲပုံစံလိုင်းတွေကို
မှတ်မိရန်နှင့် နားလည်ရန် အချိန်ယူပြီး ကြိုးစားကြရတယ်။
တချို့တွေဆိုရင်
စာမျက်နှာတစ်ခုကို နေ့တစ်ဝက်လောက် ကြည့်နေကြတတ်တယ်။
သို့ပေမယ့်
ဒီလူကတော့ စာအုပ်ပေါင်း ဒါဇင်ပေါင်းများစွာကို ရွေးချယ်ထားခဲ့ပြီး
အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကို ကိုင်ကာ ဆော့ကစားနေသလိုမျိုး
အလျှင်အမြန်လှန်လှောနေခဲ့တယ်။
အစပိုင်းမှာတော့
ဒီအပြုအမူတွေက တခြားသောသားရဲသူတွေကို ကဲ့ရဲ့ရှုတ်ချချင်စိတ်ဖြစ်စေခဲ့တယ်။
ဒါက
ရှိုးပြရုံသက်သက်နဲ့ လုပ်နေတာဖြစ်ပြီး အမှန်တကယ်
နားမလည်တဲ့လူတစ်ယောက်ပဲဖြစ်လိမ့်မယ်...
ဗိုလ်ချုပ်ကြီးယန်က
Star Network ပေါ်မှာ ဓာတ်ပုံတွေအများကြီး တင်ထားခြင်းမရှိပေမဲ့ အင်ပါယာက
သူ့ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ ချီးမြှင့်ပေးတဲ့အချိန်မှာ ပေါ်ထွက်လာထဲ့သေးတယ်လေ။
ဗိုလ်ချုပ်ကြီးယန်က
မူလတုန်းက တောရိုင်းကြယ်မှ ရောက်လာတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး
သူ့ရဲ့ကိုယ်ပိုင်စွမ်းအားဖြင့် တန်ပြန်တိုက်ခိုက်ခြင်းတွေက စံနမူနာတစ်ခု
ဖြစ်လာစေခဲ့တယ်ဆိုတာကိုတော့ ပြောစရာတောင်မလိုဘူး။
ဒါကြောင့်
တိုတောင်းလွန်းတဲ့ ဆုပေးပွဲ အခမ်းအနားအတွင်းဗိုလ်ချုပ်ကြီးရဲ့ တည်ငြိမ်ပြီး
နက်ရှိုင်းလွန်းတဲ့ မျက်လုံးတွေ၊ စစ်ဦးထုပ်အောက်မှ ချောမောပြီး အေးစက်တဲ့
မျက်နှာတို့က အင်ပါယာအတွင်းမှလူတွေရဲ့စိတ်အာရုံထဲမှ စွဲမြဲကျန်ရစ်နေခဲ့ကာ သူ့ကို
ချက်ချင်းပဲ မှတ်မိသွားစေခဲ့တယ်။
သားရဲပုံစံစာကြည့်တိုက်ထဲမှာ
လေ့လာနေကြတဲ့ သားရဲရေးထွင်းသူတွေက သူ ဝင်သွားတာကိုမြင်လိုက်ရချိန်မှာတုန်းက
အလွန်စိတ်ခွန်အားတက်ကြွလာကြပြီး ပိုမိုကြိုးစားကြတယ်။
ဗိုလ်ချုပ်ကြီးယန်ဆိုတာ
သူတို့ရဲ့ တစ်သက်တာကြိုးပမ်းအားထုတ်မှုအတွက် အခြေခံစံနှုန်းပဲလို့တောင်
ပြောနိုင်တယ်။
ဒီတော့
အခုစာအုပ်ဖတ်နေတဲ့လူကိုမြင်တွေ့လိုက်ရချိန်မှာတော့...
ဘယ်သူက
မြန်မြန်ဆန်ဆန်လှန်နေတာကို ဂရုစိုက်ဦးမှာလဲ?
အတင်းအဖျင်းပြောလိုမှုတွေက
သူတို့ရဲ့နှလုံးသားကို ရုတ်တရက် လောင်ကျွမ်းသွားစေတယ်။ ဒီပုဂ္ဂိုလ်က သူ့စစ်တပ်ရဲ့
အရည်အချင်းတွေနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ အင်ပါယာတစ်ခုလုံးကို
စိတ်ဝင်စားစေခဲ့တယ်။
ဗိုလ်ချုပ်ကြီးယန်..
သူက သားရဲပုံစံ စာကြည့်တိုက်မှာ အချိန်များစွာ ကုန်ဆုံးနေခဲ့တယ်။ သူက
အပန်းဖြေဖို့အတွက် စာအုပ်တွေ လာလှန်နေတာလား။ နောက်ပြီး
ခြင်္သေ့ဦးထုပ်လေးဆောင်းထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးက ဘာများလဲ?
ဗိုလ်ချုပ်ကြီးယန်က
စာမျက်နှာတွေကို ပေါ့ပေါ့ပါးပါးလှန်နေတုန်းမှာအိမ်မွေးတိရစ္ဆာန်လေးကတော့
စားပွဲပေါ်မှစာအုပ်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့တယ်။
တစ်ချိန်တည်းမှာပဲ
ဗိုလ်ချုပ်ကြီး မရှိလို့ ရက်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေခဲ့တဲ့ Star
Networkက နောက်တစ်ကြိမ်
ပူပြင်းလာခဲ့ပြန်တယ်။
ဗိုလ်ချုပ်ကြီးယန်က
မြို့တော်ကြယ်ပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး အလွန်အေးအေးဆေးဆေးနိုင်တဲ့
ဘဝနေထိုင်မှုပုံစံကို ရုတ်တရက် ပြသလာတယ်။
သူက ဘဝရဲ့
အပြောင်းအလဲဖြစ်ရပ်တစ်ခုကိုလုပ်ချင်နေတာပဲ!
ဒါ့အပြင်
မင်းသားငယ်လေးက သားရဲရေးထွင်းမှုအပေါ်မှာ အလွန်ထူးချွန်ကြောင်းကို
အင်ပါယာမှလူတိုင်းက သိထားကြတယ်။ သူက အသက် 18 နှစ်မှာပဲ တော်ဝင်သားရဲကတ်
သုသေတနအဖွဲ့အစည်းကို လွှဲပြောင်းရယူခဲ့တယ်လေ။
ဒီတော့ လူတွေက
ဗိုလ်ချုပ်ကြီးရဲ့ အခုလှုပ်ရှားမှုက အကြောင်းပြချက်မရှိ မဖြစ်နိုင်ဘူးလို့
ထင်ခဲ့ကြတယ်။
ကံမကောင်းစွာနဲ့
တော်ဝင်မျိုးနွယ်ကိုထိန်းသိမ်းရန်အတွက် အင်ပါယာမိသားစုက ဘယ်တုန်းကမှ
တစ်လင်တစ်မယားစနစ်ကိုမကျင့်သုံးခဲ့ဘူး။ ဗိုလ်ချုပ်ကြီး.. တကယ်လို့ သူသာ
တတ်နိုင်ရင် ... အင်ပါယာထဲမှာ သူ့အတွက်ပိုကောင်းတဲ့ တစ်စုံတစ်ယောက်ကို
ရှာသင့်တယ်!
သေချာတာပေါ့။
ဒီကိစ္စနှင့် ရင်းနှီးတဲ့လူတွေကတော့ ဒီအတင်းအဖျင်းကို မထီမဲ့မြင်ပြုကြမှာ
သေချာတယ်။
ဥပမာအားဖြင့်
အပြင်ဘက်လုပ်ငန်းအတွက် တာဝန်ယူထားတဲ့ ချန်ရှုနဲ့စုန့်ပေါ်ဟောက် နှင့်
အိမ်ဆောက်လုပ်နေဆဲဖြစ်တဲ့ စက်ရုပ်အိုကြီးပဲ။
နေ့တစ်ဝက်လောက်ကြာတော့
ခြင်္သေ့ချီရဲ့ သိချင်စိတ်ပြင်းပြမှုတွေက စိတ်ကျေနပ်သွားခဲ့ပြီဖြစ်က် ကားပျံထဲသို့
ဝင်လိုက်ပြီး သူအလိုရှိတဲ့အတိုင်း လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ချီကျွင့်ရဲ့စိတ်ထဲမှာ
အရည်အသွေးမြင့်သားရဲပုံစံတွေနှင့် ပြည့်နေခဲ့ပြီး
သတ္တုစပ်ကတ်အနည်းငယ်လောက်နဲ့ စမ်းကြည့်ချင်နေခဲ့တယ်။
ထိုအချိန်မှာပဲ
သားရဲရေးထွင်းသူအသိအမှတ်ပြုစင်တာဆီမှ ရက်ချိန်းသတိပေးချက်ကို ရရှိခဲ့တယ်။
ကျပန်းစမ်းသပ်စစ်ဆေးသူက နေရာယူထားပြီးဖြစ်ကာ နောက်ထပ်နာရီဝက်အတွင်းမှာ
ကြယ်ငါးပွင့်သားရဲရေးထွင်းသူဖြစ်လာဖို့ စမ်းသပ်မှုကို လုပ်ဆောင်နိုင်တယ်။
တယ်လို့ သူသာ
ဒီတစ်ကြိမ် လွတ်သွားခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ချိန်းဆိုရန် လိုအပ်လိမ့်မယ်။
လူနှစ်ယောက်က
စင်တာကို ပြန်သွားခဲ့ကြတယ်။ ချီကျွင့် ဘွန်ဇိုင်းလေးကို ထုတ်ယူပြီး
သူ့ရဲ့ပခုံးပေါ်မှာ တင်လိုက်တယ်။ ထို့နောက် သစ်ပင်ကြီးကို လက်ဝှေ့ယမ်းပြလိုက်ကာ
အထဲသို့ ဝင်သွားခဲ့လေတယ်။
ကြယ်ငါးပွင့်သားရဲရေးထွင်းသူအဖြစ်
အသိအမှတ်ပြုလက်မှတ်ရဖို့က အလွန်ရိုးရှင်းတယ်။ ဒီအထဲမှာသားရဲပုံစံ စာကြည့်တိုက်
ရှိမနေသလို သားရဲပုံစံ (၁၀) ခုကို ရွေးချယ်ရန်လည်းမလိုအပ်ဘူး။
စမ်းသပ်သူစစ်ဆေးသူရဲ့ ကြီးကြပ်မှုအောက်မှာ အဆင့်မြင့်သားရဲပုံစံရေးထွင်းနိုင်တဲ့
သားရဲကတ်ပေါ်မှာ သားရဲကတ်ကို ရေးထွင်းရုံသာ လိုအပ်တယ်။
သတ္တုစပ်ကတ်
သုံးခုကို ထောက်ပံ့ပေးထားပြီး စက်ရုပ်သားရဲတစ်ခုကို အောင်မြင်စွာ
အသက်သွင်းလိုက်နိုင်ရင် အောင်မြင်လိမ့်မယ်။
ကြယ်ငါးပွင့်အထက်မှာရှိတဲ့
တခြားအဆင့်တွေအတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန်စစ်ဆေးမှု အမျိုးအစားကလည်း
ဒီနည်းအတိုင်းပဲ။ တစ်ခုတည်းသော ကွာခြားချက်က သားရဲကတ်ပေါ်မှာရေးထွင်းရမဲ့
သားရဲပုံစံလိုင်း အရေအတွက်ပဲဲ။
ချီကျွင့်အတွက်ကတော့
ဒါက မခက်ပခဲလှဘူး။ သူ့ရဲ့ခေါင်းထဲကို ကြယ်ငါးပွင့်သားရဲကတ်ပုံစံတွေ အများကြီး
ရိုက်နှိပ်ထားပြီးသားဖြစ်နေခဲ့ပြီဖြစ်ကာ အကုန်လုံးကလည်း အဆင့်မြင့်
သားရဲပုံစံတွေချည်းပဲ။
ချီကျွင့်
စစ်ဆေးသူကို နှုတ်ဆက်လိုက်ပြီး ဗလာသတ္တုစပ်ကတ်နှင့် ဘောပင်ကို ကောက်ယူကာ
စတင်ရေးထွင်းဖို့လုပ်ခဲ့တယ်။
စည်းမျဉ်းတွေကို
ကြည့်ပြီးနောက် ချီကျွင့်က သူ စာကြည့်တိုက်ထဲမှာ ကြည့်ခဲ့တဲ့
အဆင့်နိမ့်သားရဲပုံစံလိုင်း တစ်ဒါဇင်ကျော်လောက် ထပ်ပြီးရေးထွင်းရမဲ့ သားရဲပုံစံကို
ရွေးချယ်ခဲ့တယ်။
သုံးမိနစ်ကြာပြီးနောက်မှာတော့
ချီကျွင့်က သံသယမရှိဘဲ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး
ကြယ်ငါးပွင့်သားရဲရေးထွင်းသူအဖြစ် တံဆိပ်ကို ရရှိခဲ့တယ်။
ဒါပေါ့။ သူ့ရဲ့
စွမ်းရည်နဲ့ဆိုရင် နောက်ထပ်အဆင့်သို့ တက်နိုင်သေးတယ်။
သို့ပေမယ့်
ချီကျွင့်ကတော့ ကမ္ဘာပျက်ကပ်ကာလမှ အမှတ်တရအဖြစ်အဓိပ္ပါယ်ဆောင်နိုင်တဲ့
ကြယ်ငါးပွင့်က အတော်လေး ကောင်းမွန်တယ်လို့ ခံစားရတယ်။
ချီကျွင့်
စစ်ဆေးရေးခန်းမမှ ပြန်ထွက်လာခဲ့စဥ်မှာပဲ
လာရောက်ဖြေဆိုတဲ့တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ချီကျွင့်
သာမန်ကာလျှံကာလှမ်းကြည့်လိုက်တော့ တစ်ဖက်လူက အနည်းငယ် ရင်းနီးနေသလိုခံစားရတယ်။
တိုက်ဆိုင်စွာနဲ့
ထိုသူက ချန်ရှုရဲ့စတိုးဆိုင်မှ သူ့ရဲ့ကြယ်ငါးပွင့်သားရဲကတ်တွေကို
ဖော်ထုတ်ရန်စိတ်ကူးနဲ့ ဆက်တိုက်ဝယ်ယူနေတဲ့သူ ဖြစ်နေခဲ့တယ်။
ချီကျွင့်ကိုတွေ့လိုက်ရတော့
လင်းကျစ်မူရဲ့ အမူအရာက ပြောင်းလဲသွားခဲ့ရတယ်။ သူ ဒီကလေးကို ခေါ်ယူရန်အတွက်
အဖွဲ့အစည်းတစ်ခုကိုတောင်းဆိုမှုက ပျက်ယွင်းသွားခဲ့တဲ့နောက်မှာ
နောက်ထပ်အဖွဲ့အစည်းတစ်ခုဆီသို့ စျေးပိုပေးပြီး ထပ်မံ ပြန်ပေးဆွဲခိုင်းဖို့
ရုန်းကန်ခဲ့ရတယ်။
ထိုအဖွဲ့အစည်းက
သူ့ကို လေးငါးရက်ကြာတဲ့အထိ မတွေ့ခဲ့ကြောင်း ပြောလာတယ်လေ။ ဒါပေမယ့် ဒီနေ့ သူ
အပြင်ကိုထွက်တာနဲ့ ဒီလူကို တိုက်ရိုက်တွေ့ဆုံခဲ့ရတယ်။ ဒါဆို အဲဒီအဖွဲ့အစည်းက
တကယ်ရေး အလေးအနက်ထားပြီး ရှာဖွေနေတာဟုတ်ရဲ့လား?
အကျင့်ပျက်နေတဲ့အဖွဲ့အစည်းကြောင့်
သူစိတ်အနှောင့်အယှက်အလွန်ဖြစ်သွားရကာ လင်းကျစ်မူတစ်ယောက် မထိန်းနိုင်စွာတဲ့
ချီကျွင့်ရဲ့ လက်မောင်းကို လှမ်းဆွဲပြီး မစဥ်းစားပဲ ပြောလိုက်တယ်။
“မင်း ဒီကို
ဘာလာလုပ်နေတာလဲ”
လုပ်ရပ်ရဲ့ကြမ်းတမ်းမှုတွေနှင့်
သူ့မျက်လုံးထဲမှ ရူးသွပ်မှုတွေက ထင်ရှားလွန်းတယ်။
ချီကျွင့်က
နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်လိုက်စဥ်မှာ သတ္တုပိုးကြိုးမျှလေးတစ်ချောင်းက
လင်းကျစ်မူရဲ့လည်ပင်းတစ်ဝိုက်ကို ရစ်ပတ်သွားခဲ့ပြီး
ချီကျွင့်ရဲ့ပခုံးပေါ်မှာရှိနေတဲ့ ဘွန်ဇိုင်းငယ်လေးသည်လည်း ချက်ချင်းပဲ
ကမ္ဘာဦးတစ်ရွက်ဓားတစ်ချောင်းကို ထုတ်လွှတ်ခဲ့ကာ လင်းကျစ်မူရဲ လက်မောင်းမှ
အဝတ်စဆီကို ပိုင်းဖြတ်လိုက်တယ်။ ချွန်ထက်တဲ့အစွန်းတွေက တစ်ဖက်လူရဲ့ လက်မောင်းကို
ဖြတ်တောက်ပစ်လာနီးပါးပဲ။
ချီကျွင့်နှင့်
ကုယန်ကျန်းဆိုတာက ကမ္ဘာပျက်ကတ်အတွင်းမှာ ရုန်းကန်လှုပ်ရှားခဲ့ကြတဲ့ ဆရာသခင်တွေပဲ။
သူတို့က
အပေါ်ယံမျက်နှာပြင်ပေါ်မှာ ငြိမ်းချမ်းပြီး အန္တရာယ်မရှိတဲ့အသွင်အပြင်မျိုး
ဖော်ပြနေခဲ့ကြပေမဲ့ မရေမတွက်နိုင်တဲ့ ဖုတ်ကောင်ဇွန်ဘီတွေကို
သတ်ဖြတ်ခဲ့ပြီးတဲ့ ရက်စက်မှုအပြည့်နဲ့လူတွေပဲ။
လင်းကျစ်မူတစ်ယောက်
တောင့်တင်းအေးစက်သွားခဲ့ရတယ်။
...သူ အလွန်အမင်း
ဂုဏ်ယူရတဲ့ ညာဘက်လက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့ရတယ်!
တကယ်တမ်းမှာ သူက
သူ့လည်ပင်းမှာ ကြိုးတစ်ချောင်းရှိနေခဲ့ပြီး သူ့ရဲ့အသက်ကို သတ်ဖို့
အချိန်မရွေးအဆင်သင့်ဖြစ်နေတဲ့အကြောင်းကို လုံးဝ မသိခဲ့ဘူး။
ဒီအခိုက်အတန့်မှာ
သူ နောက်ဆုံးတစ်ကြိမ်အဖွဲ့အစည်းထံမှ ရရှိခဲ့တဲ့သတင်းစကားကို ရှင်းရှင်းလင်းလင်း
နားလည်သွားခဲ့ရပြီ။
တောရိုင်းကြယ်ပွင့်မှ
လူငယ်လေးက ရိုးရှင်းပုံရပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတော့
လျှော့တွက်မထားသင့်ဘူး။
ထိုအခိုက်မှာပဲ VIP
အခန်းတံခါးပွင့်လာခဲ့တယ်။
ကုယန်ကျန်းက လင်းကျစ်မူဆီကို အေးစက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ခဲ့ပြီးမှ
ချီကျွင့်ဆီသို့ လက်လှမ်းလာခဲ့တယ်။
“ပြန်ရအောင်”
ချီကျွင့်က
ကြိုးကို တိတ်တဆိတ်ပြန်ယူလိုက်ပြီး သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ပြီးဆီသို့
လျှောက်သွားခဲ့တယ်။
လူနှစ်ယောက်
ထွက်သွားပြီးမှသာ လင်းကျစ်မူတစ်ယောက် ဖြူဖျော့လွန်းနေတဲ့ မျက်နှာနဲ့ သူ
သရဲတံခါးဝဆီမှ ပြန်လာရတာဖြစ်ကြောင်း ခံစားမိသွားရတယ်။
သူ့ရဲ့မျက်လုံးနဲ့
မြင်တွေ့လိုက်ရတဲ့အချက်အလက်က သူ့နှလုံးသားကို အေးခဲသွားစေခဲ့တယ်။
ဆယ်ကျော်သက်လေးရဲ့
ဘေးနားမှာရှိနေတာက အင်ပါယာအတွင်းမှ နာမည်အကြီးဆုံးဖြစ်တဲ့ စစ်ပွဲနတ်ဘုရား,
ကုယန်ကျန်းမဟုတ်ဘူးလား။
ဘာကိုစစ်ပွဲနတ်ဘုရားလဲ?
သူက သတ်ဖြတ်ခြင်းနတ်ဘုရားပဲ။
တစ်ချိန်တုန်းက
ဗိုလ်ချုပ်ကြီးယန်တစ်ယောက်တည်းနဲ့ အင်ပါယာနယ်မြေထဲကို
ကျူးကျော်ဝင်ရောက်လာတဲ့ Zreg လှိုင်းလုံးကြီးကို
သတ်ဖြတ်ခဲ့တာ။
သူ့ရဲ့အမြင်အရ
ဒီလူက စစ်တပ်ကြီးတစ်ခုလုံးကိုတောင် တွန်းလှန်နိုင်လိမ့်မယ်။
ဗိုလ်ချုပ်ကြီးယန်ဆိုတာက
အင်ပါယာတော်ဝင်မိသားစုတောင်မှ လျစ်လျူမရှုနိုင်တဲ့ တည်ရှိမှုတစ်ခုပဲ။
လင်းကျစ်မူက
မင်းသားလေးကို ကျောထောက်နောက်ခံပြုထားရင်တောင် အသုံးမကျဘူး...
လင်းကျစ်မူဆီမှာ
မင်းသားလေးဆိုတဲ့နောက်ခံရှိနေရင်တောင် အသုံးမဝင်ဘူး...
လင်းကျစ်မူတစ်ယောက်
ရုတ်တရက် သတိပြုမိသွားခဲ့တယ်။ ဗိုလ်ချုပ်ကြီးက သူ့ရဲ့မူလဇစ်မြစ်ကို ဘယ်သောအခါကမှ
ဖုံးကွယ်မထားခဲ့ဘူး။
သူသည်လည်း
တောရိုင်းကြယ်တစ်ခုမှရောက်ရှိလာခဲ့သူ ဖြစ်ခဲ့တယ်လေ။
ကြည့်ရတာ
ဒီကောင်လေးက ဗိုလ်ချုပ်ကြီးနှင့် လွန်ခဲ့တဲ့အချိန်တွေကတည်းက
သိရှိထားတာဖြစ်နိုင်တယ်။
ဒီအတွေးက
လင်းကျစ်မူရဲ့ ခန္ဓာကိုယ်ကို ပိုလို့တောင် တုန်ယင်သွားစေခဲ့တယ်။
ကြယ်ငါးပွင့်သားရဲရေးထွင်းသူအဖြစ် အသိအမှတ်ပြုလက်မှတ်ကို ဖြေဆိုတဲ့အချိန်မှာ
သားရဲပုံစံကို ရေးထွင်းနိုင်ဖို့ မဆိုထားနဲ့၊ သူ ဘောပင်တောင် မကိုင်နိုင်ခဲ့ဘူး။
သူ
စမ်းသပ်ခန်းမမှ ထွက်လာတဲ့အချိန်မှာပဲ တော်ဝင်သားရဲကတ် သုတေတနအဖွဲ့အစည်းမှ
သတင်းရရှိခဲ့ပြန်တယ်။
လိပ်ပြာဘုရင်မသားရဲကတ်က
သုတေသနစင်တာမှ မရေမတွက်နိုင်တဲ့လူတွေဆီကို ဖြတ်သန်းသွားခဲ့ပြီးနောက် ထိုကတ်ကို
ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ လေ့လာပြီးချိန်မှာ ပထမသောရလဒ်ကို
ထွက်ရှိလာခဲ့ပြီ။ ပထမဆုံအပေါ်ယံအတားအဆီးတစ်ခုက အက်ကွဲသွားခဲ့ပြီး အထဲမှာ
ရှေးခေတ်အရေးအသားစကားလုံးဖြစ်တဲ့”ကျွင့်”ကို ရေးသားထားခဲ့တယ်။
တော်ဝင်သားရဲကတ်
သုတေတနအဖွဲ့အစည်းရဲ့ စကားအရ ထိုစကားလုံးမှာ ရှေးခေတ်ကိုယ်စားပြု အမှတ်အသားတစ်ခုနဲ့
ဆင်တူပြီး ရှေးခေတ်ကာလတုန်းက လူတွေ ကျွမ်းကျင်တတ်မြောက်ခဲ့တဲ့
သတ္တုစွမ်းရည်လို့ခေါ်တဲ့ မူရင်းစွမ်းအင်တစ်ခုပါရှိတယ်။
သို့ပေမဲ့
ထိုစာလုံးတွေကိုတွေ့လိုက်ရတဲ့ လင်းကျစ်မူရဲ့ မျက်နှာကတော့
ဖြူရော်သွားခဲ့တော့တယ်။
ဒါက
အတားအဆီးမျက်နှာပြင်ပုံစံ သို့မဟုတ် အမှတ်အသားတစ်ခုမဟုတ်လောက်ဘူး။ ဒါက
လက်မှတ်တစ်ခုနှင့် ပိုပြီးဆင်တူနေခဲ့တယ်...