(29)
ကုယန်ကျန်း
ရေပူစန်းထဲမှာရှိနေတဲ့ ခြင်္သေ့လေးကို ကြည့်လိုက်တယ်။ ခြင်္သေ့လေးက
အချိန်အတော်ကြာအောင် ရေကူးနေခဲ့ပေမဲ့လည်း သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့
အမွှေးတွေကတော့ စိုစွတ်မနေခဲ့သလို သူ့ရဲ့နားရွက်လေးနှစ်ဖက်ကလည်း
ရေမျက်နှာပြင်ပေါ်မှာဘဲ ရှိနေခဲ့တယ်။
ရေအောက်ဘက်မှာတော့
သေးငယ်တဲ့ ခြေထောက်လေးချောင်းက အဆက်မပြတ် တက်လိုက်၊ ဆင်းလိုက် ရွေ့လျားနေခဲ့ပြီး
ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ထူထဲတဲ့ အမွေးတွေကတော့ ရေလှိုင်းတွေနှင့်အတူ
လှုပ်ယမ်းနေခဲ့တယ်။ ခြင်္သေ့အမြီးသည်လည်း ရေထဲမှာ ဟိုဘက်ဒီဘက် လှုပ်ရမ်းနေခဲ့ပြီး
ထိုလှုပ်ရမ်းမှုက ဟန်ချက်ညီစေဖို့အတွက်လား ဒါမှမဟုတ်
အပျော်သက်သက်ပဲလားဆိုတာကိုတော့ မသိနိုင်ဘူး။
နောက်ထပ် တစ်ပတ်
ထပ်မံ ကူးခတ်ပြီးနောက် ခြင်္သေ့ချီက ရေစပ်နားသို့ပြန်လာခဲ့ကာ ရေနဲ့ထိစပ်နေတဲ့
ချောမွေ့တဲ့ ကျောက်တုံးကြီးကို လက်ဖဝါးနဲ့ ကိုင်ပြီး
ကုယန်ကျန်းကိုမော့ကြည့်လိုက်တယ်။
ကုယန်ကျန်းက
သူ့ရဲ့ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး မရေမတွက်နိုင်တဲ့ ကမ္ဘာဦးသစ်ကိုင်းတွေက
ရေထဲသို့ ထိုးဆင်းသွားစေခဲ့တယ်။ ထိုသစ်ကိုင်းတွေက ခြင်္သေ့ချီရဲ့
နောက်ဘက်ခြေထောက်တွေရဲ့ အောက်ဘက်မှာ ပိုက်ကွန်တစ်ခုအဖြစ် ယက်လုပ်ပေးလိုက်တယ်။
ခြင်္သေ့လေးက
ကျောက်တုံးပေါ်မှာ ကုတ်ထားတဲ့ သူ့ရဲ့အရှေ့ဘက်လက်တွေကို ပြန်လွှတ်လိုက်ပြီး
ရေအောက်မှာရှိနေတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့အကိုင်းအခက်တွေပေါ်မှာဘဲ
လှဲချလိုက်တော့တယ်။
သူ့ခန္ဓာကိုယ်ရဲ့အများစုက
ရေထဲမှာ နှစ်မြှပ်နေခဲ့ပြီး သူ့ရဲ့လည်ပင်းအပေါ်ပိုင်းကသာ ရေအထက်မှာရှိနေခဲ့တယ်။
ခြင်္သေ့ချီက
ရေထဲမှာ ကမ္ဘာဦးအကိုင်းအခက်တွေနဲ့ လှည့်လည်ကူးခတ်လိုက်ပြန်တယ်။
ထိုအခိုက်မှာ
စမတ်ကျောပိုးအိတ်ထဲမှ ခြင်္သေ့ပျိုးပင်ငယ်လေးက ခေါင်းပြူပြီး ထွက်ကြည့်လာကာ
အဖြူရောင်အခိုးအငွေ့တွေ အုံ့ဆိုင်းနေတဲ့ ရေမျက်နှာပြင်ကို စပ်စုလိုစွာ
စိုက်ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့အမြစ်တွေကို တိတ်တဆိတ်ရွှေ့ပြီး
ကျောပိုးအိတ်ထဲကနေ ထွက်လာခဲ့လေတယ်။
ကုယန်ကျန်းက
အဝတ်အစားတွေကို လဲပြီး ပြန်ထွက်လာခဲ့ချိန်မှာတော့ ခြင်္သေ့ကြီးရှိနေတဲ့
ရေထဲသို့ ပြေးဝင်ပြီး ခုန်ချချင်နေတဲ့ ခြင်္သေ့ပျိုးပင်ငယ်လေးကို
မြင်သွားခဲ့တာကြောင့် ချက်ချင်းပဲ သူ့ရဲ့အကိုင်းတွေနဲ့ အနောက်သို့
ပြန်ဆွဲလိုက်ရတယ်။
ခြင်္သေ့ပျိုးပင်ပေါက်လေးဆီမှာ
ကုယန်ကျန်းရဲ့ စွမ်းရည်တွေ မရှိနေဘူး။ ရေရဲ့အပူချိန်က မြင့်မားလွန်းတာကြောင့် သူသာ
ခုန်ဆင်းလိုက်မယ်ဆိုရင် ချက်ချင်းပဲ အပူလောင်သွာလိမ့်မယ်။
ခြင်္သေ့ပျိုးပင်ပေါက်လေးက သူ့ကိုရစ်ပတ်ထားတဲ့ အကိုင်းတွေကို လက်ဖဝါးတွေနဲ့
ဆုတ်ကိုင်ဖယ်ရှားဖို့ကြိုးစားရင်း သူ့ရဲ့ စည်းကမ်းတင်းကြပ်လွန်းတဲ့
သစ်ပင်အဖေကြီးဆီကို စိမ်းစိုတဲ့မျက်လုံးတွေနဲ့ လှည့်ကြည့်လာခဲ့တယ်။
မနီးမေဝေးမှ
ရေကန်ထဲမှာရှိနေတဲ့ ခြင်္သေ့လေးက ဒါကိုမြင်သွားတော့ သူ့ရဲ့ လက်ဖဝါးတစ်ဖက်ကို
လှုပ်လိုက်တယ်။ မကြာခင်ပဲ ကုယန်ကျန်းရဲ့ ခြေထောက်နားမှာ ကြီးမားပြီး နက်ရှိုင်းတဲ့
သတ္တုပန်းကန်ပြားတစ်ခု ပေါ်လာခဲ့တယ်။
ပန်းကန်ပြားလို့
ခေါ်တာက နည်းနည်းလောက် ယဉ်ကျေးနေသေးတယ်တယ်။ တကယ်တမ်းမှာတော့…
ကြီးမားပြီး
တောက်ပတဲ့ လက်ဆေးဇလုံအကြီးစားသာ ဖြစ်လေတယ်။
ခြင်္သေ့ချီ ထို
ဇလုံကြီးကို စိုက်ကြည့်လိုက်တယ်။
ဒါက သူ့ရဲ့
ဖန်တီးနိုင်စွမ်းကို မဖော်ပြနိုင်ဘူး။ သူက သူ့ရဲ့ လက်ဖဝါးကို နောက်တစ်ကြိမ်
တိတ်တဆိတ် မြှောက်လိုက်ပြီး လက်ဆေးဇလုံကြီးကို ဥရောပစတိုင် ခေတ်ဟောင်းပုံစံ
ရေချိုးကန်အဖြစ်သို့ ပြောင်းလဲလိုက်ပြန်တယ်။
ကုယန်ကျန်း
ရယ်မောလိုက်တော့ ရေပူစမ်းထဲမှာ စိမ်နေတဲ့ ခြင်္သေ့ငယ်လေးက သူ့ရဲ့သွားတွေကို
ဒေါသတကြီးပုံစံနဲ့ဖော်ပြလာခဲ့တယ်။
ကုယန်ကျန်းက
ရေချိုးကန်ထဲသို့ ရေအေးတွေထည့်လိုက်ကာ ခြင်္သေ့ပျိုးပင်ငယ်လေးကို
ထိုရေချိုးကန်အတွင်းသို့ ခုန်ဆင်းစေခဲ့တယ်။
ကမ္ဘာဦးပျိုးပင်လေးကို
စိုက်ပျိုးပြီးနောက် ကုယန်ကျန်းက ရေထဲသို့ဆင်းကာ ဝင်ထိုင်လိုက်တယ်။ ခြင်္သေ့ချီက
သူ့ရဲ့ရှေ့ကို ကူးခတ်လာတာကိုတွေ့တော့ ကုယန်ကျန်း လှမ်းဆွဲလိုက်ပြီး သူ့မိသားစု
ခြင်္သေ့ရဲ့ ချောမွတ်တဲ့ အမွေးတွေကို ပွတ်သပ်လိုက်ပြန်တယ်။
ထိုအချိန်
မြို့တော်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးရဲ့ နေအိမ်မှာတော့..
ကုယန်ကျန်းက
စက်ရုပ်အိမ်တော်ထိန်းအား မျိုးရိုးဗီဇဆေးဝါးတွေ ဝယ်ထားဖို့
အမိန့်ပေးခိုင်းစေခဲ့တယ်။
သို့ပေမဲ့ကောင်းကင်ကြီးက
ပိုပိုပြီး မှောင်မည်းလာခဲ့ချန်မှာတောင် သူ့ရဲ့သခင်နှင့် ခြင်္သေ့သခင်လေး
ပြန်မလာသေးဘူး။ ခြင်္သေ့ပျိုးပင်လေးတောင်မှ ခေါ်ထုတ်ခံသွားရပြီး အိမ်မှာ
ရှိမနေခဲ့ဘူး။
စက်ရုပ်အိုကြီးက
ခြံနောက်ဘက်မှာရှိ နေတဲ့ နှစ်မီတာအမြင့် ကမ္ဘာဦးသစ်ပင်ကြီးကို
တစ်ချက်ကြည့်လိုက်တယ်။ စစ်ဗိုလ်ချုပ်ကြီး ပြန်ရောက်လာပြီးနောက်
ကမ္ဘာဦးသစ်ပင်ကြီးကို စာရင်းရှင်းလင်းခဲ့တယ်။
အခုတော့ ဒီ
တစ်ဝက်လောက်သာကြီးတဲ့အပင်ကလည်း ခြင်္သေ့သခင်လေးကို ဆန့်ကျင်လိုက်မိလို့
ချန်ထားခံခဲ့ရတာဖြစ်နိုင်တယ်။ စက်ရုပ်အိုကြီးက သူ့အတွက် အနည်းငယ်
မခံမရပ်နိုင်ဖြစ်နေမိတယ်။
အခုတော့
သူသည်လည်း အိမ်မှာ အထီးကျန်ဆန်စွာ နေခဲ့ရတယ်။ ဒါက အပိုဘီးတွေရဲ့ သွားရာလမ်းပဲ...
လိမ္မာလွန်းတဲ့ခြင်္သေ့ပျိုးပင်ငယ်လေးက
တကယ်တမ်းမှာ သစ်ပင်ကြီးနဲ့သာ သက်ဆိုင်သင့်တာလေ။ အခုတော့ သူက သစ်ပင်ကြီးနဲ့အတူ
မရှိနိုင်တော့ဘူး။ ညဘက်ကိုတောင် အိမ်ကိုပြန်မလာခဲ့ဘူး။ အရမ်းများတယ်။
စက်ရုပ်အိုကြီးရဲ့
processorကအလင်းရောင်တွေ
လင်းလက်နေကာ ဒေတာတွေက မွှေနှောက်နေစဥ်မှာပဲ နှစ်မီတာရှည်တဲ့
ကမ္ဘာဦးသစ်ပင်ကြီးက သူ့ဘက်ကို လှမ်းလာတာကို တွေ့လိုက်ရတယ်။
စက်ရုပ်အိုကြီးကကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ လက်နက်
ဒါဇင်ပေါင်းများစွာနှင့်အပင်ကြီးကို ချိန်ရွယ်လိုက်တယ်။
‘...ငါက
မင်းနဲ့ ခြင်္သေ့သခင်လေးအတွက် ရပ်တည်ပေးတယ်ဆိုပေမဲ့ မင်း ငါ့ကို
ခြိမ်းခြောက်လာမှာကိုတော့ လက်ခံမှာမဟုတ်ဘူး’
သူ့ရဲ့ခြင်္သေ့လေးကို
ပွတ်သတ်နေရင်းနဲ့ မျိုးရိုးဗီဇဆေးဝါးတွေကိုလေ့လာရန်အတွက် သူ့ရဲ့
အဖော်ခန္ဓာကိုယ်ကို အသုံးပြုဖို့ ကြံရွယ်နေတဲ့ ဗိုလ်ချုပ်ကြီး: “…”
စက်ရုပ်အိုကြီးက
လက်နက်တွေကို အသင့်ပြင်ထားပြီး သူ့ရဲ့မီးတွေက အနီရောင်အဆင့်နဲ့
သတိပေးချက်ကိုဖော်ပြထားတယ်။ ဗိုလ်ချုပ်ကြီးယန်က ပေါ့ပေါ့ဆဆနဲ့
တိုးဝင်မသွားခဲ့ဘူး။ ဒီစက်ရုပ်အိုကြီးရဲ့ လက်နက်တွေကို သူကိုယ်တိုင်
တပ်ဆင်ထားတာဖြစ်ပြီး ထိုလက်နတ်တွေရဲ့ စွမ်းအားတွေက ထိပ်ဆုံးအဆင့်
သားရဲစက်ရုပ်တစ်ကောင်စီနှင့် ညီမျှတယ်။ ကမ္ဘာဦးသစ်ပင်ရဲ့အရွက်တွေသာ
ဖြတ်တောက်ခံရရင် ကောင်းလာမှာမဟုတ်ဘူး။
ဒါကြောင့်
နှစ်မီတာမြင့်တဲ့ ကမ္ဘာဦးသစ်ပင်ကြီးက ဆန့်ကျင်ဘက်မှာ ငြိမ်သက်စွာရပ်တန့်နေခဲ့ပြီး
အိမ်ရှေ့မှာ ရှိနေတဲ့ စက်ရုပ်အိုကြီးကတော့ သူ့ရဲ့လက်နတ်တွေကိုအသင့်အနေအထားနဲ့
ချိန်ရွယ်ထားခဲ့တယ်။
ဒီအနေအထားက
ဗိုလ်ချုပ်ကြီးထံမှ အမိန့်စကားအနည်းငယ်လောက် ပေးပို့လာတဲ့အထိ
ကြာမြင့်ခဲ့တယ်။ စက်ရုပ်အိုကြီးက သူ့ရဲ့လက်နက်တွေကို တိတ်တဆိတ်
ဖယ်ထုတ်လိုက်ပြီး မျိုးရိုးဗီဇဆေးဝါးတွေကို ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းထံသို့
လွှဲပေးလိုက်တယ်။
ထို့နောက်
ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေက
လုံခြုံရေးသတိပေးချက်နဲ့ထုပ်ပိုးမှုတွေကိုဖွင့်ပြီး ဆေးဝါးတွေကို စစ်ဆေးနေတာကို
ကြည့်ရှုခဲ့တယ်။
စက်ရုပ်အိုကြီးရဲ့ဒေတာတွေကတော့
အတွေးချော်နေခဲ့တယ်။ မျိုးရိုးဗီဇဆေးဝါးတွေကို ပြိုင်ဘက်ဆီသို့ ပေးပို့တာက
တကယ်ရောအဆင်ပြေရဲ့လား?
ဗိုလ်ချုပ်ကြီးက
သူ့ရဲ့ပြိုင်ဘက်ကို သူနဲ့ယှဥ်ပြိုဖို့အတွက် စွမ်းအားတွေ မလုံလောက်သေးဘူးလို့
တွေးနေတာများလား? ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒီလုပ်ဆောင်ချက်က အသုံးမဝင်ဘူးလေ။
မျိုးရိုးဗီဇဆေးဝါးတွေက လူ့သားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ
သက်ရောက်မှုရှိတယ်။
(T/n_ ဒီဆေးဝါးတွက
ခန္ဓာကိုယ် ပိုပြီးသန်စွမ်းလာစေတဲ့အကျိုးရှိလို့ စက်ရုပ်အိုကြီးက
တလွဲတွေဆက်တွေးနေတာပါ)
ထိုအချိန်
မြူခိုးငွေ့ကြယ်ပေါ်မှ ရေပူစမ်းမှာရှိနေတဲ့ ခြင်္သေ့ချီကတော ရေကန်ထဲက
ရေစိမ်လို့ဝသွားပြီဖြစ်လို့ ကုယန်ကျန်းရဲ့ အရှေ့ဘက်မှ ကျောက်တုံးဖြူပေါ်ကိုတက်ကာ
လှဲလျောင်းလိုက်တယ်။ ထို့နာက် စမတ် မျက်နှာသုတ်ပုဝါက သူ့အနားကို ပျံဝဲလာခဲ့ပြီး
သူ့ရဲ့ကိုယ်ပေါ်ကို ရစ်ပတ်ဖုံးအုပ်လာခဲ့ကာ သူ့ရဲ့ခေါင်းလေးကိုပဲ အပြင်ဘက်မှာပဲ
ချန်ထားခဲ့တယ်။
စမတ်မျက်နှာသုတ်ပုဝါနဲ့ဖုံးအုပ်ခံလိုက်ရပြီးနောက်
သူ့ရဲ့အမွှေးတွေနဲ့ နားရွက်တွေဆီကနေ အဖြူရောင်အငွေ့လေးတွေ ထွက်လာခဲ့တယ်။
အချိန်အတော်ကြာအောင်
မျက်လုံးမှိတ်ပြီး ငြိမ်နေခဲ့တဲ့ ကုယန်ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး
ရေထဲမှ ထရပ်လာခဲ့တယ်။
ရေစက်လေးတွေက
သူ့ရဲ့ သန်မာတဲ့ ရင်ဘတ်နှင့် ဗိုက်ကြွက်သားတလျှောက်စီးကျလာခဲ့တယ်....
ခေါင်းပေါ်ကနေ
အပူငွေ့တွေ ထွက်နေခဲ့တဲ့ ခြင်္သေ့ချီ: “…”
သူ
ဘယ်နှစ်ကြိမ်ပဲမြင်တွေ့ခဲ့ရပါစေ သူ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ပုံသဏ္ဍာန်က
လုံးဝကိုမနှိုင်းယှဥ်နိုင်ဘူး!
ကမ္ဘာပျက်ကတ်အတွင်းမှာ
ဒီလူက သူ့ကို အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့တာ...
သတိပေးခြင်းမရှိဘဲ
ချီကျွင့်တစ်ယောက် လူသားအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူ နဂိုလှဲနေခဲ့တဲ့
အဖြူရောင်ကျောက်တုံးက လူသားခန္ဓာကိုယ်အတွက် လုံလောက်အောင် မကြီးမားတာကြောင့်
ကျောက်တုံးပေါ်မှ လျှောဆင်းသွားကာ သူ့မိသားစုရဲ့ သစ်ပင်ကြီးဆီမှာ
အဖမ်းဆုတ်ခံလိုက်ရတယ်။
တစ်ချိန်တည်းမှာပဲ
သူ့ရဲ့ ခြင်္သေ့ နားရွက်နှစ်ခုက ရုတ်ချည်းထွက်ပေါ်လာခဲ့တယ်...
နာရီဝက်လောက်
ကြာတော့ ချီကျွင့်တစ်ယောက် မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ
ကြည့်ရှုနေခဲ့တယ်။
သူ့ရဲ့တောင်းဆိုချက်အရ
သူက ရေပူစမ်းမှ ထောက်ပံ့ပေးထားတဲ့ ရေချိုးဝတ်စုံအသစ်ကို မဝတ်ဆင်ခဲ့ဘူး။
ထို့အစား ဗိုလ်ချုပ်ကြီးရဲ့ စစ်ယူနီဖောင်းနဲ့ စစ်ဖိနပ်ကို ၀တ်ထားခဲ့တယ်။
ကံမကောင်းစွာနဲ့ သူ့မှာ ခြင်္သေ့နားရွက်တွေရှိနေတုန်းပဲ ဖြစ်တာကြောင့်
စစ်ဦးထုပ်ကိုတော့ မဆောင်းနိုင်ခဲ့ဘူး။ ဖိအားတွေက အနည်းငယ် နာကျင်ရတယ်လေ။
သေချာတာပေါ့။
သူ့ရဲ့စွမ်းအင် အူတိုင်ကတော့အလွန်အမင်း တင်းကြပ်နေ ချည်နှောင်ခံထားရတယ်။
အဝတ်အစားတွေက
နည်းနည်းလောက်ကြီးနေပေမယ့် ကြယ်တာရာခေတ်ရဲ့ စစ်ဝတ်စုံက တကယ်ကို
ပြီးပြည့်စုံတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် ဒီဝတ်စုံက
ဗိုလ်ချုပ်ကြီးရဲ့ဝတ်စုံဆိုတော့ ပြောစရာတောင်မလိုတော့ဘူး။
မှန်ထဲကလူက
ချောမောခန့်ညားပြီး အရပ် (1.8) မီတာလောက်ရှိတယ်ဆိုတဲ့ လေထုကို
ဖော်ထုတ်နေခဲ့တယ်လို့ ချီကျွင့် ခံစားနေရတယ်။ ဒါပေါ့။
သူ့ရဲ့ခေါင်းပေါ်မှာရှိနေတဲ့ နားရွက်လေးတွေကိုတော့ လျစ်လျူရှုထားရလိမ့်မယ်!
သူ့ရဲ့ဘေးနားမှာ
ရပ်နေခဲ့တဲ့ ကုယန်ကျန်းရဲ့ မျက်နှာကတော့ အေးစက်နေခဲ့တယ်။ သူက ချီကျွင့်ရဲ့
အနည်းငယ်ပွင့်ဟနေတဲ့ ကော်လံကို စိုက်ကြည့်ကာ မလှုပ်ရှားရဲတော့ဘူး။
ယူနီဖောင်းဝတ်ထားတဲ့ သူ့ရှေ့ကလူငယ်လေးက ဘယ်လောက်တောင်
ဆွဲဆောင်မှုရှိလိုက်သလဲဆိုတာကို သူ့ထက်အပြင် ဘယ်သူကမှ ကောင်းကောင်းမသိနိုင်ဘူး။
တကယ်တော့
ခြင်္သေ့ကြီး ယူနီဖောင်းဝတ်ဆင်ထားတာကို သူမြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်တော့
မဟုတ်ဘူး။ ကမ္ဘာပျက်ကာလအတွင်းမှာ ခြင်္သေ့ကြီးက ဒီခိုင်မာတဲ့စွဲလမ်းမှုတစ်ခုကို
ဘယ်နေရာကနေ ရလာတာလဲဆိုတာကိုတော့ သူမသိဘူး။ တကယ်လို့ ဝတ်စုံတွေကသာ
ရှာဖွေရခက်ခဲနေတာမဟုတ်ခဲ့ရင် သူက စစ်ယူနီဖောင်း ဒါမဟုတ် အနောက်တိုင်းဝတ်၀ုံတွေကိာ
အမြဲ ၀တ်ဆင်နေလိမ့်မယ်။
အခြေစိုက်စခန်း A
ကိုရောက်တဲ့အချိန်မှာ
ယူနီဖောင်းတစ်စုံရဲ့ပေမယ့် အရွယ်အစားက ကြီးနေခဲ့ပြန်တယ်...
ချီကျွင့်
သတ္တုမှန်ရှေ့မှာ ရပ်ရင်း ဝတ်စုံက ကြီးမားလွန်းနေတာကြောင့် ညည်းညူနေခဲ့မိတယ်။
ထို့နောက်မှာတော့ သူ့ရဲ့အနောက်မှာရှိနေတဲ့ ကုယန်ကျန်းဆီမှာ
အတိုက်ခိုက်ခံလိုက်ရတော့တယ်။ တစ်မိနစ်အတွင်းမှာပဲ ချီကျွင့် အခုလေးတင်ဝတ်လိုက်တဲ့
အဝတ်အစားတွေက အချွတ်ခံလိုက်ရတော့တယ်။
နောက်တစ်နေ့ကိုရောက်တော့
ခြင်္သေ့ချီက ထိုစစ်ဝတ်စုံကို တုံ့ဆိုင်းမှုမရှိ ပြန်ပေးလာခဲ့တော့တယ်။
သို့ပေမဲ့
ယခုတစ်ကြိမ်မှာတော့ ကုယန်ကျန်း ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူ့ခြင်္သေ့ရဲ့
စိတ်တွန်းအားတွေက မထင်မှတ်ဘဲ အလွန်ကြီးမားနေခဲ့ပြီး
ခြင်္သေ့နားရွက်တွေကလည်းလုံးလုံးလျားလျား ပွင့်ထွက်လာခဲ့တယ်လေ။
ဒီအချိန်အတွင်းမှာ
အိမ်မှာဝယ်ထားတဲ့ မျိုးရိုးဗီဇဆေးဝါးတွေအားလုံးကို သူ့ရဲ့သစ်သားစွမ်းရည်နဲ့
ခွဲခြမ်းစိတ်ဖြာထားပြီးပြီ။ ဆေးဝါးတွေအားလုံးကို ရောစပ်ကြည့်ခဲ့ပေမဲ့
သားရဲဘိုးဘွားဗီဇကို လှုံ့ဆော်ပေးနိုင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့်
ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့ အကြောင်းရင်းကိုလည်း ရှာဖွေရန် မဖြစ်နိုင်သေးဘူး။
အခုအချိန်မှာ
သူလုပ်နိုင်တာဆိုလို့ ခြင်္သေ့ရဲ့စွမ်းအင်အူတိုင်ကို
သူ့ရဲ့စွမ်းရည်နှစ်ခုနဲ့ ရစ်ပတ်ချည်နှောင်ပြီး ခြင်္သေ့နားရွက်တွေ
ကွယ်ပျောက်သွားမဲ့အချိန်ကို စောင့်ဆိုင်းနေရုံသာ ရှိတယ်။
ချီကျွင့်နဲ့
သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးက မြူခိုးငွေ့ကြယ်ပေါ်မှာ လေးရက်ကြာအောင်နေခဲ့ကြတယ်။
ဒါကြောင့် မင်းသားငယ် စုချီမိုတစ်ယောက် အကယ်ဒမီချင်း ပညာရေးဖလှယ်မှုအတွက်
ဦးတည်ရာသို့ ရောက်ရှိတဲ့အချိန်မှာ သူ မျှော်လင့်ထားတဲ့ လူကို မတွေ့ခဲ့ရဘူး။
ပထမတုန်းကတော့
စုချီမိုက တည်ငြိမ်နေတုန်းပဲ။
သူရဲ့အမြင်အရဆိုရင်
ဗိုလ်ချုပ်ရာထူးအထိ တိုးမြှင့်ခံရတဲ့ အမျိုးသားတစ်ဦးဆီမှာ ရုပ်ပိုင်းဆိုင်ရာနှင့်
စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေအပြင် ပုန်းကွယ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့
နောက်လိုက်နိုင်တဲ့ တခြားသောစွမ်းရည်တွေလည်း ရှိနိုင်တာပဲလေ။
ဒါကြောင့် သူက
မင်းသားလေးရဲ့ အစောင့်တွေကို ရှောင်နိုင်နေတာဖြစ်လိမ့်မယ်။
ဒါကြောင့်
စုချီမိုက သူအချိန်နှစ်ပတ်ကြာအောင် အကယ်ဒမီအတွင်း ပညာချင်းဖလှယ်မှုအတွင်းမှာ
ထိုလူက သေချာပေါက် ပေါ်ထွက်လာမှာပဲ။ သို့ပေမယ့် စုချီမိုတစ်ယောက် သုံးရက်ကြာအောင်
ငြိမ်သက်စွာစောင့်ခဲ့ပေမဲ့လည်း ဗိုလ်ချုပ်ကြီးရဲ့အရိပ်အယောင်ကိုတောင်
မတွေ့ခဲ့ရဘူး။
စုချီမိုက
အပေါ်ယံမှာ ငြိမ်သက်နေဆဲပဲဆိုပေမဲ့ သူ့ရဲ့နှလုံးသားကတော့ အနည်းငယ်
မပျော်မရွှင်ဖြစ်နေခဲ့ပြီ။ အချိန်တွေ အများကြီးကျန်နေသေးပေမဲ့
ဗိုလ်ချုပ်ကြီးက လှုပ်ရှားမှု နည်းပါးလွန်းတယ်လေ။
နောက်တစ်ဖန်
သူ့ရဲ့အစောင့်တွေက ဗိုလ်ချုပ်ကြီးယန်ရဲ့ အခြေအနေကိုစုံစမ်းရန်အတွက်
မြို့တော်အတွင်းမှာ ကျန်ရှိနေခဲ့တဲ့ အစောင့်တွေနှင့် ဆက်သွယ်ကာ အလုပ်များရပြန်တယ်။
သို့ပေမဲ့လည်း
သားရဲရေးထွင်းသူ အသိအမှတ်ပြုစင်တာမှ ထွက်ခွာသွားပြီးကတည်းက
ဗိုလ်ချုပ်ကြီးယန်ရဲ့ခြေရာတွေကို မြို့တော်မှာရှာမတွေ့တော့ဘူး။
အခြေအနေကို အတိအကျ မသိခဲ့ရပေမဲ့ ဗိုလ်ချုပ်ကြီးယန်က မြို့တော်ကြယ်မှာ
မရှိတော့တာ သေချာတယ်။
စုချီမိုက
ထိုအစီရင်ခံစာကိုမြင်ပြီး နောက် ပြန်လည်တည်ငြိမ်သွားခဲ့ကာ သူရဲ့မျက်နှာကလည်း
အောင်ပွဲခံတဲ့အပြုံးကို ဖော်ပြလာခဲ့တယ်။
ဒီတော့ ဒါက
ဘယ်သူက ပိုပြီးစိတ်ရှည်တာလဲဆိုတဲ့ ကစားနည်းတစ်ခုဖြစ်နိုင်တယ်။ သူကတော့
ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။
ဒီလိုနဲ့
လေးရက်မြောက်နေ့ မနက်ပိုင်းမှာတော့ အစောင့်တစ်ယောက်က ဂရုတစိုက်နဲ့ တင်ပြလာခဲ့တယ်။
“မင်းသား..
ဗိုလ်ချုပ်ကြီးယန်ရဲ့ သတင်းအသစ်ရလာပါပြီ”
စုချီမိုက
ဂုဏ်မောက်စွာနဲ့ ပြုံးလိုက်တယ် ။
“ထွက်လာပြီလား..
ဒီနေ့ နေ့လည်ဘက်မှာ ကစားဖို့ ငါ ဖူရှန် လေပေါ်တောင်ကိုသွားပြီး
ကစားမယ်ဆိုတဲ့အကြောင်း သတင်းကို ဖြန့်လိုက်တော့”
အစောင့်က
အလွန်စိုးရိမ်နေခဲ့ရပြီး သတိကြီးစွာနှင့် ဆက်ပြောခဲ့တယ်။
“မင်းသား..ဗိုလ်ချုပ်ကြီးယန်က
ဒီကို မလာပါဘူး”
စုချီမို
အေးခဲသွားခဲ့ပြီး အစောင့်ဘက်ကို လှည့်ကြည့်လိုက်တယ်။
“မင်း
ဘာပြောလိုက်တာလဲ?”
အစောင့်က
ဒူးတစ်ဝက် ထောက်လိုက်ပြီး သူ့ရဲ့မျက်နှာကတော့ သွေးမရှိတော့ဘူး။
“အရှင်မင်းသား..
မြို့တော်က ရရှိလာတဲ့ သတင်းအရ ဗိုလ်ချုပ်ကြီးယန်က အင်ပါယာစာကြည့်တိုက်မှာ
ရှိနေပါတယ်တဲ့”
စုချီမို
အစောင့်ရဲ့ ကော်လံကို ဆုတ်ကိုင်လိုက်တယ်။
“အဲဒါက အမှန်ပဲလား”
အစောင့်က
ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကိုပါဖွင့်ကာ မြို့တော်ကနေ
ပို့ပေးလာတဲ့ ဗီဒီယိုဖိုင်ကိုတောင် လွှဲပြောင်းပေးခဲ့တယ်။
ထိုဗီဒီယိုက
အင်ပါယာစာကြည့်တိုက်ထဲမှ စောင့်ကြည့်ရေးဗီဒီယိုဖြစ်ပြီး ဗိုလ်ချုပ်ကြီးက
လက်တစ်ဖက်မှာ တစ်စုံတစ်ခုကိုကိုင်ထားပြီး သားရဲပုံစံလိုင်းတွေ ထားရှိတဲ့
ဧရိယာအတွင်းသို့ လျှောက်သွားတာကို ဖော်ပြနေခဲ့တယ်။
စုချီမိုရဲ့
အပေါ်ယံတည်ငြိမ်နေတဲ့ မျက်နှာပြင်က အက်ကွဲသွားခဲ့ပြီး အစောင့်ကို
ပြမ်းတမ်းစွာလှုပ်ခါတော့တယ်။
ဒါက
မဖြစ်နိုင်ဘူး! ဒါကလည်း ဗိုလ်ချုပ်ကြီးယန် အသုံးပြုတဲ့ လှည့်ကွက်တစ်ခုပဲ
ဖြစ်လိမ့်မယ်!
ဗိုလ်ချုပ်ကြီး
ခြင်္သေ့လေးကို စာကြည့်တိုက်ထဲသို့ သယ်သွားခဲ့ရတဲ့ အကြောင်းရင်းကတော့…
ခြင်္သေ့ချီက
သူ့ရဲ့ လက်ဖဝါးကို တိတ်တဆိတ်မြှောက်ပြီး သူ့အတွက် စာအုပ်တစ်အုပ်ရဲ့
စာမျက်နှာကိုလှန်ပေးဖို့ ကုယန်ကျန်းကို တောင်းဆိုနေခဲ့တယ်။ သူ့အနေနဲ့
နှင်းလူသားလေးမလုပ်နိုင်ခဲ့တာကြောင့် စိတ်ဓာတ်ကျသွားခဲ့ရပြီး
ခြင်္သေ့လေးတစ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့တယ်လေ။
မြူနှင်းငွေ့
ကြယ်မှာရှိခဲ့တဲ့ နောက်ဆုံးနေ့မှာ သူတို့တွေ နှင်းရုပ်ထုလုပ်ဖို့အတွက်
အပြင်ကိုထွက်ခဲ့ကြတယ်။
ကုယန်ကျန်းက
ပန်းပုရုပ်တုအဆင့်လောက်ရှိတဲ့ ခြင်္သေ့ကြီးရုပ်တုကို ပြုလုပ်ခဲ့ပြီး
ခြင်္သေ့ငယ်လေးကတော့ နှင်းနန်းတော်တစ်ခုပြုလုပ်ခဲ့ပေမဲ့ ထို နှင်းရုပ်ထုက
ဗုံဝတုတ်တစ်ခုအဖြစ်သာ မြင်တွေ့နိုင်ခဲ့တယ်...
ထိုနောက်မှာတော့
သားရဲမျိုးရိုးဗီဇရဲ့ သောက်ဘေးထွက်ဆိုးကျိုးက တကယ့်ကို ဆိုးရွားလွန်းတယ်!
သူက ခဏတာလောက်
စိတ်ဓာတ်ကျခဲ့ရုံပဲလေ...
ခြင်္သေ့ချီက
ကုယန်ကျန်းရဲ့လက်ပေါ်မှာထိုင်ကာ သူ့ရဲ့ခြင်္သေ့ဦးထုပ်ကို ကိုင်ရင်းနဲ့ မကျေမနပ်
ညည်းညူနေခဲ့တယ်။ သူ ပိုလို့ နစ်နာသလိုခံစားရပြီး စိတ်ဓာတ်ကျလေလေ၊ လူသားပုံစံအဖြစ်
ပြန်မပြောင်းနိုင်လေလေပဲ။
အဆုံးမှာတော့
ခြင်္သေ့ချီက သူ့ကိုယ်သူအာရုံပြောင်းစေရန် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့
ကုယန်ကျန်းက သူ့မိသားစုရဲ့ခြင်္သေ့ကို တော်ဝင်စာကြည့်တိုက်သို့
ခေါ်ဆောင်သွားခဲ့ပြီး အဆင့်မြင့်သားရဲပုံစံတွေအကြောင်း စာအုပ်တွေကို ရွေးချယ်ပြီး
လှန်ပေးနေခဲ့တော့တယ်။