Ch 28
Viewers 2k

(28)


မှန်ထဲမှာတော့ ငယ်ရွယ်တဲ့ ခြင်္သေ့လေးက အညိုရောင်ခြင်္သေ့ဦးထုပ်ကို ဆောင်းထားခဲ့တယ်။


ခြင်္သေ့ချီ :”...”


ကုယန်ကျန်းက လက်ကိုဆန့်တန်းပြပြီး ခေါင်းထိပ်ကို အသာထိလိုက်တယ်။ ခြင်္သေ့ဦးထုပ်ထဲက ခြင်္သေ့ငယ်လေးက ချစ်စရာကောင်းလွန်းတာကြောင့် သူ ဆက်ပြီး ထိနေချင်ခဲ့တယ်။


ခြင်္သေ့လေးက မှန်ကိုကြည့်ပြီး သွားဖြဲပြကာ သူ့ရဲ့ ချွန်မြပြီးထက်လွန်းတဲ့ သွားတွေကို ဖော်ထုတ်လိုက်တယ်။


ထို့နောက် သူက ချောမွတ်တဲ့သတ္တုမှန်ကို ဖယ်ရှားလိုက်ပြီး ကုယန်ကျန်းရဲ့လက်အောက်ကနေ ခါရမ်းပြီး တစ်ပတ်လှည့်လိုက်တယ်။  


သူက သူ့ရဲ့ အရှေ့လက်ဖဝါးလေးတွေကိုမြှောက်ကာ ကုယန်ကျန်းရဲ့ပေါင်ပေါ်ကို ဖိလိုက်တယ်။ 


သူ့ရဲ့နောက်မှာရှိနေတဲ့ ခြင်္သေ့အမြီးက ရက်စက်ကြမ်းကြုတ်တဲ့သားရဲကြီးတစ်ကောင်လိုမျိုး လှုပ်ခါနေခဲ့ပြီး သူ့ရဲ့ပယင်းရောင်သားရဲမျက်လုံးတွေနဲ့ ကုယန်ကျန်းကိုစိုက်ကြည့်လာတယ်။


“အာဝူး~”


ခြင်္သေ့ငယ်လေးရဲ့အသံက ရှင်းလင်းကြည်လင်သလို နူးညံ့ပျောင်းပြောင်းနေခဲ့ပြီး သူ့ရဲ့ အမွှေးပွပြီးနူးညံ့ပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခဲ့တယ်..


နူးညံ့တဲ့ အမွှေးလေးတွေအပေါ်မှာ လျို့ဝှက်ထားတဲ့စိတ်အားထက်သန်မှုရှိတဲ့ဗိုလ်ချုပ်ကြီးက အေးခဲသွားခဲ့တယ်။သူက ထို့အမွှေးလေးတွေကို မဆုတ်ကိုင်မိအောင် အတင်းအကြပ် ထိန်းချုပ်လိုက်ရတယ်။


ခြင်္သေ့လေးရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပြီး ကုယန်ကျန်းရဲ့ လက်ဖဝါးအောက်မှ ပြန်ထွက်လာခဲ့ကာ သူ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ပေါင်ပေါ်ကို တက်သွားခဲ့တယ်။ ထို့နောက် သူ့ရဲ့လက်ဖဝါးတွေကို ပါးစပ်ရှေ့မှာကာလိုက်ပြီး သူ့ရဲ့အမွှေးတွေကို ပွတ်သပ်လိုက်တယ်။ နှစ်ကြိမ်လောက် ပွတ်သပ်ပြီးနောက် အေးတိအေးစက် မျက်နှာထားအတိုင်းရှိနေဆဲဖြစ်တဲ့ ကုယန်ကျန်းဆီကို မော့ကြည့်လိုက်တယ်။


“မြောင်~~?”


ကုယန်ကျန်းက အပြင်းအထန် ထိမှန်ခံလိုက်ရပြီး လက်နှစ်ဖက်လုံးက အချိန်ခဏတာလောက် အေးခဲသွားခဲ့တယ်။


ကြောင်လေးတစ်ကောင်လေး အော်ဖို့ သင်ယူခဲ့တဲ့ ခြင်္သေ့လေးက ကုယန်ကျန်းရဲ့ပေါင်ပေါ်မှာ လှဲလျောင်းလိုက်တယ်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး သူ့ရဲ့နောက်ကျောနဲ့ လှဲလျောင်းလိုက်ကာ နူးညံ့တဲ့ဗိုက်လေးကို ဖော်လှစ်ပြလိုက်တယ်။


သူက ပျော့ပျောင်းသောဗိုက်သားတွေပြသထားပြီ့ ကျောပြင်ပေါ်မှာလှဲလျောင်းကာ ရယ်မောနေလေတယ်။ 


သူက ရယ်မောရင်းနဲ့ လှမ်းပြောလိုက်တယ်။


“ယန်ကျန်းကျန်း.. ခင်ဗျား အခု ကျွန်တော့်ကို ခြင်္သေ့အစား လိမ္မော်ရောင်ကြောင်ကြီးလို့ မြင်နေတာလား”


ကုယန်ကျန်းက ချက်ချင်းပဲ တည်ငြိမ်မှုကို လွှင့်ပစ်လိုက်ပြီး ခြင်္သေ့လေးရဲ့ ပျော့ပျောင်းနူးညံ့တဲ့ ဝမ်းဗိုက်လေးကို ထိတွေ့ပွတ်သပ်လိုက်တော့တယ်။


ခြင်္သေ့လေးက ခန္ဓာကိုယ်ကိုလှုပ်ခါရင်း ရယ်မောလိုက်တယ်။ သူ့ရဲ့ရယ်မောမှုတွေ ရပ်တန့်သွားဖို့အတွက် အချိန်အတော်ကြာမြင့်ခဲ့ပြီး သူက သူ့ရဲ့အရှေ့ခြေနှစ်ချောင်းကို ဆန့်တန်းကာ ကုယန်ကျန်းကို မော့ကြည့်လိုက်တယ်။ 


သူ အလွန်အမင်းရယ်ထားခဲ့တာကြောင့် သူ့ရဲ့မျက်လုံးတွေက အရည်တွေနှင့် စိုစွတ်နေခဲ့တယ် ။


ကုယန်ကျန်းက ချီကျွင့်ကို ကောက်ယူပွေ့ချီကာ သူ့ရဲ့ ပုခုံးပေါ်ကို တင်လိုက်ပြီး ခြင်္သေ့လေးရဲ့နောက်ကျောကို ပုတ်ပေးလိုက်တယ်။ 


ခြင်္သေ့လေးက ကုယန်ကျန်းရဲ့လည်ပင်းကို မှီလိုက်တာကြောင့် သူ့ရဲ့ခေါင်းပေါ်မှ ခြင်္သေ့ဦးထုပ်လေကပါ လိုက်ပါလှုပ်ရှားသွားပြီး ခြင်္သေ့လည်ဆံမွှေးလေးတွေကလည်း ဝှေ့ရမ်းသွားခဲ့တယ်။


ချီကျွင့် သူ့ရဲ့ခေါင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် လှုပ်ရှားကြည့်လိုက်တယ်။ အခု သူ ဒီဦးထုပ်ကို ကြိုက်နေပြီ။


အင်ပါယာရဲ့ တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းမှာတော့ မင်းသားလေးစုချီမိုက လင်းကျစ်မူယူဆောင်လာတဲ့ လိပ်ပြာဘုရင်မသားရဲကတ်ကို စစ်ဆေးကြည့်နေခဲ့တယ်။ သူက အပေါ်ယံမှာတော့ သူမွေးလာကတည်းက ထိန်းသိမ်းခဲ့တဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားခဲ့ပေမဲ့ သူ့ရဲ့ အတွင်းဘက်စိတ်နှလုံးထဲမှာတော့ အလွန် အံ့သြနေခဲ့တယ်။


အခုလိုရိုးရှင်းတဲ့လိုင်းပုံစံအဖြစ် မြှင့်တင်ထားတဲ့ သားရဲခန္ဓာကိုယ်ပုံစံလုင်းတွေရဲ့ အဓိပ္ပါယ်ကို သူ လင်းကျစ်မူထက် ပိုသိတယ်။ 


ဒီအရာကနေ ရရှိလာမဲ့ ငွေကြေးနှင့် ဂုဏ်သိက္ခာက ဒုတိယအဆင့်မှာပဲရှိတယ်။ တော်ဝင်မိသားစုဆီမှာ ဒီလောက် အလေးချိန်ပမာဏလောက် ထပ်တိုးလာတာကို ဂရုမစိုက်နေစရာမလိုတဲ့ ဘုန်းတန်ခိုးအာဏာတွ လုံလုံလောက်လောက်ရှိတယ်လေ။


အဓိကအချက်က ဒီသားရဲကတ်ကိုသာ ကျွမ်းကျင်သွားတာနဲ့ တစ်ပြိုင်နက် စစ်သားတစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို အဆပေါင်းများစွာ တိုးတက်လာအောင် လုပ်နိုင်လိမ့်မယ်။


တစ်နည်းအားဖြင့် ပြောရရင် ဒီသားရဲပုံစံကို လက်ဝါးကြီးအုပ်ထားလိုက်နိုင်ခြင်းအားဖြင့် တော်ဝင်မိသားစုအတွက် မိနစ်ပိုင်းအတွင်းမှာ စစ်တပ်အသစ်တွေကို ဖွဲ့စည်းလိုက်နိုင်မှာဖြစ်ပြီး လက်ရှိ အင်ပါယာအတွင်းမှာရှိနေတဲ့စစ်တပ်ရှစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မယ်။


စုန့်ချီမို ပြုံးလိုက်ပြီး သုတေသနအဖွဲ့အစည်းတစ်ခုလုံးကို တခြားသောသုတေသနတွေအားလုံးကို ရပ်ဆိုင်းလိုက်ဖို့ နှင့် ဒီရိုးရှင်းပြီး ပိုမိုကောင်းမွန်တဲ့ သားရဲပုံစံလိုင်းတွေကို လေ့လာဖို့ တိုက်ရိုက်ညွှန်ကြားခဲ့တယ်။


တစ်ချိန်တည်းမှာပဲ လင်းကျစ်မူကိုအမြင့်ဆုံးအဆင့် သုတေသီအဖြစ် ခန့်အပ်ပေးခဲ့ကာ အဖွဲ့အစည်းအတွင်းမှ အရင်းအမြစ်တွေအားလုံးကို အချိန်မရွေး အသုံးပြုနိုင်ကြောင်း ပြောခဲ့တယ်။


လင်းကျစ်မူက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူရဲ့အရင်တုန်းကအစီအစဉ်နှင့် ပတ်သက်ပြီး ပိုလို့တောင် တွေးတောစဥ်းစားလာခဲ့တယ်။ ထိုစတိုးမှ သားရဲကတ်တွေကို သွားဝယ်တဲ့အချိန်မှာ အထောက်အထားမရှိတဲ့ ကလေးကိုဖမ်းပြီး ဒီရိုးရှင်းတဲ့ပုံစံအဖြစ် မြှင့်တင်ထားတဲ့ ဗားရှင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရမယ်။


အင်ပါယာရဲ့ တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းထဲမှာ တစ်နေ့တာ ကုန်ဆုံးပြီးတဲ့နောက်မှာတော့ စုန့်ချီမို အပြင်ကို ပြန်ထွက်လာခဲ့တယ်။ 


သူက ဆန့်ကျင်ဘက်မှာရှိတဲ့ သားရဲရေးထွင်းသူ အသိအမှတ်ပြုစစ်ဆေးရေး စင်တာမှ ကားပါကင်ကို မသိစိတ်အရ လှမ်းကြည့်လိုက်တယ်။


သို့သော်လည်း ကားရပ်နားရာနေရာမှာ ရွှေရောင်ကမ္ဘာဦးသစ်ရွက်ပါတဲ့ ကားကတော့ ရှိမနေတော့ဘူး။ 


စုန့်ချီမို မျက်တောင်ခတ်လိုက်တယ်။ သူ့ရဲ့ဘေးနားမှာရှိနေတဲ့ အစောင့်တွေက သူ့အမူအရာကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ချက်ချင်းပဲဗိုလ်ချုပ်ကြီးရဲ့ သတင်းအကြောင်းကို စစ်ဆေးဖို့ တခြားသူတွေကို ပြောလိုက်တယ်။


နာရီဝက်လောက်ကြာပြီးနောက်မှာတော့ တော်ဝင်အစောင့်တပ်သားသက သတင်းကို လက်ခံရရှိပြီး အကြောင်းအရာများကို မြင်တော့ အံ့အားသင့်သွားခဲ့တယ်။ သူက အခုလေးတင် ကားထဲကိုဝင်သွားခဲ့တဲ့ မင်းသားလေးဆီသို့ လျှောက်သွားခဲ့ပြီး တင်ပြလိုက်တယ်။


“အရှင်မင်းသား.. ဗိုလ်ချုပ်ကြီး  သားရဲရေးထွင်းသူ အသိအမှတ်ပြုစစ်ဆေးရေး စင်တာကိုသွားရတဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ကို အခြေခံအဆင့် သားရဲရေးထွင်းသူအဖြစ်အသိအမှတ်ပြုလက်မှတ် ဖြေဆိုဖို့အတွက် လာပို့ပေးခဲ့တာပါတဲ့”


စုချီမို သူ့ရဲ့ပါးစပ်ထောင့်ကို အထင်အမြင်သေးစွာဖြင့် ကွေးညွတ်လိုက်တယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် အဆင့်ရှိတဲ့သူက လူတစ်ယောက်ကို အခြေခံအသိအမှတ်ပြုလက်မှတ်ရရှိစေဖို့ လိုက်ပို့ပေးခဲ့တာတဲ့လား။


စုချီမိုကတော့ ဒါက ဗိုလ်ချုပ်ကြီး သူ့ရဲ့နောက်ကိုလိုက်တာကို ဖုံးကွယ်ထားဖို့အတွက် အသုံးပြုတဲ့ အကြောင်းပြချက်လို့ပဲ သတ်မှတ်ခဲ့တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ကားကို မောင်းနှင်ပြီး ရောက်လာခဲ့ပေမဲ့အသုံးမဝင်တဲ့ ဖုံးကွယ်ဖို့အကြောင်းပြချက်ကိုသုံးနေတုန်းပဲ။


တစ်နည်းအားဖြင့် သူက ဖုံးကွယ်ချင်ယောင်ဆောင်နေပေမဲ့ အမှန်တကယ် ဖုံးကွယ်တာမျိုးမဟုတ်ဘူး။


အစောင့်က ဆက်ပြောလိုက်တယ်။


“မင်းသား.. စစ်ဆေးရေးက ထွက်လာတဲ့သူက စစ်ဆေးရေးအတွက် အချိန် လေးနာရီကြာမြင့်ခဲ့ပါတယ်.. သူက ကြယ်တစ်ပွင့်လက်မှတ်ကနေ စတင်ခဲ့ပြီး နောက်ဆုံး ကြယ်လေးပွင့်သားရဲ့ရေးထွင်းသူအဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါတယ်.. 


ဗိုလ်ချုပ်ကြီးယန်က သူ့ရဲ့ စစ်ဆေးဖြေဆိုဖို့အတွက် အခကြေးငွေကို ပေးဆောင်ခဲ့ပါတယ်.. ကျွန်တော်တို့ သူ့ရဲ့ အထောက်အထား အချက်အလက်တွေကို စစ်ဆေးမှုဌာနကနေ ရယူခဲ့တယ်.. အဲဒီလူရဲ့ နာမည်က...”


စုချီမိုရဲ မျက်နှာက ပေါ့ပေါ့ပါးပါး အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာတော့ မထီမဲ့မြင်ပြုမှုတွေနှင့် ပြည့်နေခဲ့တယ်။ 


သူ တိုက်ရိုက်ပဲ ပြောလိုက်တယ်။


“ငါ သူ့နာမည်ကို သိစရာမလိုဘူး.. မင်းပြန်သွားလိုက်တော့”


ဗိုလ်ချုပ်ကြီးယန်ရဲ့ အချိန်ကို နှောင့်နှေးစေရန် အသုံးပြုတဲ့နည်းလမ်းက အတော်လေး ရယ်စရာကောင်းလွန်းတယ်။


သို့ပေမဲ့ စိတ်ကူးယဉ်မှုထဲမှာ နှစ်မြုပ်နေတဲ့ မင်းသားငယ်လေးက တစ်စုံတစ်ရာကို မစဉ်းစားခဲ့ဘူး။ တကယ်လို့ ဗိုလ်ချုပ်ယန်ကသာ မင်းသားလေးရဲ့နောက်ကို လိုက်ဖို့အတွက် အချိန် ဒီလောက် အကြာကြီးယူခဲ့မယ်ဆိုရင် သူဘာလို့ အစောကြီးကြိုရောက်လာပြီး သူ ထွက်မလာခင် တစ်နာရီကတည်းက ထွက်ခွာသွားခဲ့မှာလဲ။


စုချီမိုက ကားထဲမှာ ထိုင်နေခဲ့တယ်။ ဒီလူက ဒီလောက် အများကြီးလုပ်ခဲ့တာဆိုတော့...


သူက အင်ပါယာဧကရာဇ်ဆီသို့ ဗီဒီယိုကော လှမ်းခေါ်လိုက်တယ်။


“ခမည်းတော်.. ဒီတစ်ခေါက် တော်ဝင်မြို့တော်ကြယ်ရဲ့ ပထမအကယ်ဒမီက ဟွားကျန်းအကယ်ဒမီကို ပညာရေးဖလှယ်ဖို့သွားတဲ့အချိန်မှာ တတိယစစ်တပ်က လူနည်းနည်းလောက်ကို အစောင့်အကြပ်အဖြစ် စေလွှတ်စေချင်ပါတယ်”


အင်ပါယာဧကရာဇ်ကလည်း ဒီလိုရိုးရှင်းတဲ့တောင်းဆိုချက်ကို သဘာဝကျစွာနဲ့ပဲ သဘောတူလက်ခံခဲ့တယ်။ 


ဒါကြောင့် မကြာခင်မှာပဲ သူ့ရဲ့ ခြင်္သေ့ကို ပွေ့ချီရင်း ကားထဲမှာရှိနေခဲ့တဲ့ ကုယန်ကျန်းရဲ့ ကွမ်တမ်ကွန်ပြူတာထဲသို့ တော်ဝင်အမိန့်တစ်ခုရောက်ရှိလာခဲ့လေတယ်။ ကုယန်ကျန်းကတော့ အင်ပါယာရဲ့အမိန့်ကိုဖြတ်ခနဲ တစ်ချက်သာကြည့်ခဲ့ပြီး သူ့ရဲ့လက်ထောက်ဆီသို့ လွှဲပြောင်းပေးခဲ့တယ်။


တော်ဝင်မိသားစုဝင်တွေကို အကယ်ဒမီတွေအချင်းချင်း ပညာသင်ဖလှယ်ရန်အတွက် လိုက်ပါပို့ဆောင်ခြင်းဆိုတဲ့အလုပ်မျိုးက ကြယ်တာရာစစ်ပွဲတွေကို ပါဝင်ဆင်နွဲနေတဲ့ တတိယတပ်မတော်အတွက် အလွန်သေးငယ်တဲ့အလုပ်မျိုးပဲ။ ဒါကို သူကိုယ်တိုင် စီမံနေဖို့ မလိုအပ်ဘူး။


နှစ်မိနစ်လောက်ကြာတော့ သူ့ရဲ့လက်ထောက်က စေလွှတ်ပေးမဲ့သူတွေရဲ့ စာရင်းကို ပြန်ပို့လာခဲ့တယ်။ ကုယန်ကျန်းက သူ့ရဲ့တရားဝင်အခွင့်အာဏာ တံဆိပ်တုံးကို ထိုအပေါ်မှာ ခတ်ရိုက်ပေးလိုက်ပြီး လက်ထောက်ထံသို့ ပြန်လည်ပေးပို့ခဲ့တယ်။


ထို့နောက်မှာတော့ လက်ထောက်က ထိုစာရွက်စာတမ်းကို မင်းသားငယ်ရဲ့ သက်တော်စောင့်ထံသို့ လွှဲပြောင်းပေးခဲ့တယ်။ ဒီလိုဆိုရင် ပြီးသွားခဲ့ပြီ။


မင်းသားလေးက အချိန်တိုလေးအတွင်းမှာပဲ တစ်ဖက်မှ အကြောင်းပြန်ချက်ကို ရရှိခဲ့တာကြောင့် ပြုံးလိုက်ပြီး ဖိုင်ကိုဖွင့်လိုက်တယ်။


သို့ပေမဲ့လည်း စာရွက်စာတမ်းထဲမှာထည့်ထားတဲ့ အစောင့်အကြပ်ခေါင်းဆောင်က ဗိုလ်မှူးကြီးမင်ရှန်းအဖြစ် ရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့တယ်။ ဗိုလ်ချုပ်ကြီးရဲ့ နာမည်ကိုတော့ ဘယ်နေရာမှာမှ မမြင်ခဲ့ရဘူး။ 


စာရွက်စာတမ်းပေါ်မှာရှိနေတဲ့ ရွှေရောင်ကမ္ဘာဦးသစ်ရွက်အမှတ်အသား အမှတ်တံဆိပ်ကို စိုက်ကြည့်ရင်း မင်းသားလေးရဲ့မျက်နှာပေါ်မှ အပြုံးက အေးခဲသွားခဲ့တယ်။ 


“ဗိုလ်ချုပ်ကြီးယန်ကရော? သူက အစောင့်အကြပ် မစ်ရှင်မှာ မပါဝင်ဘူးလား”


တော်ဝင်အစောင့် ဂရုတစိုက်နဲ့ ပြန်ပြောလာတယ်။


“မင်းသား.. သားရဲအင်ပါယာက  ပြန်လာတဲ့လမ်းမှာကတည်းက  ဗိုလ်ချုပ်ကြီးယန်က စစ်ဘက်ရေးရာဝန်ကြီးဌာနမှာ အပန်းဖြေခရီးသွားဖို့ အားလပ်ရက်အတွက် လျှောက်ထားခဲ့ပါတယ်”


ပြီးတော့ သူနောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့မလို့လား။ 

မင်းသားလေးက အနည်းငယ် ပြုံးလိုက်တယ်။


တစ်ဖက်မှာတော့ သူ့ရဲ့ခြင်္သေ့လေးနဲ့အတူ အဖော်ပြုပြီး အိမ်ထဲမှာပဲနေဖို့တွေးထားကာ ဘယ်ကိုမှ ခရီးသွားဖို့ အစီအစဉ်မရှိတဲ့ ကုယန်ကျန်းက  ကွမ်တမ်ကွန်ပြူတာကို ဆော့ကစားနေတဲ့ ခြင်္သေ့ဘက်ကို လှည့်ပြီး မေးလိုက်တယ်


“မင်း ဘာတွေကြည့်နေတာလဲ”


သူ့ရဲ့ခြင်္သေ့လေးက ပုံတစ်ပုံတည်းကို အကြိမ်ပေါင်းများစွာ ကြည့်နေတာကိာ သူ တွေ့နေရတယ်လေ။


ခြင်္သေ့ချီက သူ့ရဲ့လက်ဖဝါးကိုမြှောက်ကာ သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာမှ 3D ပုံကို ကုယန်ကျန်းဆီသို့ပေးပို့လိုက်တယ်။


“ကြော်ငြာတစ်ခုလေ”


ကုယန်ကျန်း: “......”


ကမ္ဘာပျက်ကတ်ရဲ့ ခုနှစ်နှစ်တာကာလအတွင်းမှာ ဖုန်းအချက်ပြလိုင်းတွေ မရှိခဲ့ဘူး။တီဗီကြည့်ရဖို့ ဆိုတာကိုတော့ ထားလိုက်တော့။ 


ချီကျွင့် ဆွဲဆောင်မှုရှိတဲ့ 3D ကြော်ငြာမျိုးစုံကို မြင်တွေ့ပြီးနောက် အကြည့်မလွှဲနိုင်တာ အံ့သြစရာမဟုတ်ဘူး။


ကုယန်ကျန်း သူခြင်္သေ့လေး ကစားဖို့အတွက်   holographic ဂိမ်းတွေ ကူးပေးထားသင့်လားလို့ တွေးလိုက်မိတယ်။


ထို့နောက်မှာတော့ ခြင်္သေ့လေးရဲ့  နားရွက်တွေ လှုပ်ခတ်သွားခဲ့ပြီး အော်ဟစ်လာတယ်။


“ရေပူစမ်းပဲ!”


ခြင်္သေ့ရဲ့  ခြေဖဝါးက  3D ရုပ်ပုံကို အကျယ်ချဲလိုက်တယ်။


“မြူခိုးငွေ့ကြယ်မှာ ရေပူစမ်းဗီလာတွေ  အများကြီးရှိတယ်တဲ့.. အဲဒါက ဝေးလား”


ကမ္ဘာပျက်ခတ်ကာလတုန်းက သူတို့တွေ အရင်တုန်းက  ကျော်ကြားခဲ့တဲ့ ရေပူစမ်းနေရာတစ်ခုကို ဖြတ်သွားခဲ့ဖူးတယ်။ 


ချီကျွင့်က သူ့ကိုယ်သူ ခြင်္သေ့ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖုတ်ကောင်တွေကို လျင်မြန်စွာရှင်းလင်းခဲ့ကာ ရေငွေ့တွေ ထွက်ပေါ်လာရာ နေရာတလျှောက်သို့  ပြေးသွားခဲ့တယ်။  သေချာတာပေါ့။ ကုယန်ကျန်းရဲ ခေါင်းထဲမှာလည်း ရေပူစမ်းအတွင်းမှာ လုပ်ဆောင်နိုင်တဲ့ မြင်ကွင်းပေါင်းများစွာနှင့် ပြည့်နေခဲ့တယ်။


သူသည်လည်း ခြင်္သေ့လေးရဲ့နောက်ကနေ အမြန်လိုက်သွားခဲ့တယ်လေ။ သို့ပေမယ့် သူအနားကိုရောက်သွားချိန်မှာ သူ့ရဲ့ခြင်္သေ့ကြီးက သားကောင်ကို မဖမ်းမိတဲ့ ခြင်္သေ့တစ်ကောင်နှင့်တူနေတာကို တွေ့မြင်လိုက်ရတယ်။ သူက ရေအစွန်းနားမှာရပ်တန့်နေခဲ့ပြီး သူ့ရဲ့ ခြေဖဝါးတွေက ကျောက်တုံးကြီးတစ်ခုပေါ်ကနေ လှုပ်ရှားမလာတော့ဘူး။


ရေပူစမ်းထဲမှရေတွေက ညစ်ညမ်းနေပြီ...


ဒီတော့ သူက ထိုအချိန်တုန်းက အဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုအချိန်အထိ အခဲမကြေ ဖြစ်နေတာလား။ ဒါကြောင့် သူက ဒီကြော်ငြာကို အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့တာလား။


ကုယန်ကျန်း ရယ်မောလိုက်ပြီး ကားပျံရဲ့ ဦးတည်ရာကို ပြောင်းလဲလိုက်တယ်။ 


“မဝေးဘူး”


ဂလက်ဆီပေါင်းများစွာ ကျော်ခွပြီးသွားရတဲ့ခရီးနှင့် နှိုင်းယှဉ်မယ်ဆိုရင် ဒီခရီးက မိနစ်အနည်းငယ်လောက်သာ ကြာမြင့်လိမ့်မယ်။


ခြင်္သေ့ချီက ကုယန်ကျန်းရဲ့ ပုခုံးပေါ်မှာ ဝပ်နေခဲ့ပြီး ကုယန်ကျန်းကတော့ သူ့ရဲ့ကားကို ကောင်းကင်ယံဆီသို့ မောင်းနှင်သွားခဲ့ကာ လေထုထဲမှ တိုက်ရိုက်ပျံထွက်လာခဲ့တယ်။


ခြင်္သေ့ချီ တိတ်တဆိတ် ခေါင်းပြန်လှည့်ကြည့်လိုက်တော့ မြို့တော်ကြယ်မှ ပိုပိုပြီး ဝေးလာတာကို မြင်တွေ့လိုက်ရတယ်...


တစ်ချိန်တည်းမှာပဲ ကားပျံရဲ့ နောက်ကျောပေါ်မှ အင်ဂျင်အပိုနှစ်ခု ထွက်လာခဲ့ပြီး မီးတွေပါ မှုတ်ထုတ်လာတာကို တွေ့လိုက်ရပြန်တယ်။ 


ဒါက သူ့ကို အသုံးမဝင်ဘူးလို့ စွပ်စွဲခံလိုက်ရသလိုပဲ။ ကုယန်ကျန်းက အာကာသထဲကို တိုက်ရိုက်ပျံသန်းပြီး ဂြိုလ်ပေါင်းများစွာကို ကျော်ဖြတ်သွားနေခဲ့တယ်။  


သို့ပေမယ့် ချီကျွင့်မှာတော့ဘယ်လိုအင်ဂျင်မျိုးမှ ရှိမနေဘူး။ သူ့ဆီမှာ တိုင်းတာစရာတစ်ခုမှမရှိတဲ့   ငှက်ပျောဖီးလို သတ္တုပန်ကာတွေနှင့် ခရမ်းရောင်ဘူးသီးခြောက်တွေကိုတောင် တွေးနေလိုက်တယ်.. ... အဲဒါကို ဘယ်လိုလုပ်ယှဉ်နိုင်မလဲ။


ချီကျွင့် ရုတ်တရက် သူ့ရဲ့ယာဉ်မောင်းလိုင်စင်ကို ပြန်လည်ဖြေဆိုချင်သွားရတယ်။


သူ့ရဲ့သတ္တုစွမ်းရည်နဲ့ လှည့်စားဖို့ မလိုအပ်တဲ့ မောင်နှင်နိုင်စွမ်းနှင့် ဖြေရမယ်!


ထိုအခိုက်မှာပဲ ကုယန်ကျန်းက သူ့ရဲ့ခန္ဓာကိုယ်ကို အကိုင်းအခက်တွေနဲ့ဖုံးအုပ်လာတယ်။ မရေမတွက်နိုင်တဲ့ သစ်ကိုင်းတွေက ကုယန်ကျန်းရဲ့လက်မှ ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်နှစ်ခုက ချီကျွင့်ရဲ့ ခန္ဓာကိုယ်ကို ဝိုင်းရံထားခဲ့တယ်။


ထို့နောက် သူတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ တောက်ပနေတဲ့ ကြယ်တွေက လျင်မြန်လွန်းတဲ့ အရှိန်တွေနဲ့ ဖြတ်သန်းသွားခဲ့တယ်။ ကြည့်ရတာ ကားပျံက သူ့ရဲ့အရှိန်ကို မြှင့်တင်လိုက်ပုံရတယ်။


ခြင်္သေ့လေးက မသိစိတ်အရ မျက်လုံးတွေကို မှိတ်လိုက်မိပြီး သူ မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ သူ ကြော်ငြာထဲမှာ မြင်တွေ့ခဲ့ရတဲ့ မြူခိုးငွေ့ကြယ်စင်ပေါ်မှာ ရှိနေခဲ့ပြီ။


ကားပျံက အလွန်ချောမွေ့စွာဆင်းသက်လာခဲ့တယ်။ ကုယန်ကျန်းက သစ်ကိုင်းတွေအားလုံးကို ဖယ်ရှားလိုက်ပြီးမှ ခြင်္သေ့လေးကို ကားပေါ်မှ အပြင်ဘက်သို့ သယ်ဆောင်ခေါ်ထုတ်သွားခဲ့တယ်။


ကြော်ငြာထဲမှာဖော်ပြထားသလိုပဲ။ ဒီနေရာက အကောင်းဆုံးသောရေပူစမ်းစိမ်နိုင်တဲ့ ဆောင်းရာသီဖြစ်ပြီး နှင်းဖြူတွေကလည်း ကောင်းကင်ကနေ ကျဆင်းနေခဲ့တယ်။ 


ကုယန်ကျန်းရဲ့ ခန္ဓာကိုယ်သန်စွမ်းမှုက ပထမအဆင့်ဖြစ်ပြီး အအေးဒဏ်ကို မခံစားရဘူး။ သို့ပေမဲ့ ခြင်္သေ့ချီက အပူပိုင်းဒေသရဲ့သားရဲပဲ။


ဒါကြောင့် ကားပေါ်ကဆင်းပြီးတာနဲ့ ခြင်္သေ့ချီရဲ့ခြေဖဝါးတွေက သူ့ရဲ့ပါးစပ်ကို ဖုံးကာရင်းနှင့် အကြိမ်ပေါင်းများစွာ ဆက်တိုက် နှာချေခဲ့ကာပါးစပ်မှ အဖြူရောင်အငွေ့တွေပါ ထွက်လာခဲ့ရတယ်။ 


သူတို့က သာမန်ကာလျှံကာအတွေးနဲ့ ရောက်လာကြတာဖြစ်ပြီး ဘာတစ်ခုမှ ကြိုတင် ပြင်ဆင်ထားခြင်းမရှိကြဘူးလေ။ ဒါကြောင့် အမွေးပွခြင်္သေ့ဦးထုပ်ကသာ အနွေးထည်တစ်ခုအဖြစ် ယူဆရလိမ့်မယ်။


ခြင်္သေ့ငယ်လေးက နှာချေရင်းနှင့်  ဦးထုပ်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်တယ်။


ကုယန်ကျန်း ခေါင်းငုံ့ပြီး ခြင်္သေ့လေးရဲ့ ခေါင်းကို နမ်းလိုက်တယ်။ ထို့နောက် တတိယတပ်မတော်ရဲ့ စည်းကမ်းတင်းကြပ်လွန်းတဲ့ဗိုလ်ချုပ်ကြီးယန်တစ်ယောက် သူ့ရဲ့ပုံရိပ်ကို အနည်းငယ်လောက်တောင်   ဂရုမစိုက်နိုင်ခဲ့ဘဲ သူ့ရဲ့အင်္ကျီကို ဖွင့်ဟလိုက်ကာ ခြင်္သေ့ငယ်လေးကို အင်္ကျီအတွင်းဘက်သို့ ထည့်ပြီး ပိုက်ထွေးလိုက်တော့တယ်။


ခြင်္သေ့ဦးထုပ်ကို ဆောင်းထားတဲ့ ခြင်္သေ့ချီကတော့ ကုယန်းကျန်းရဲ့တွင် စစ်တပ်ယူနီဖောင်းအတွင်းပိုင်းမှာ ထိုင်ရင်း အဝေးမှ အဆောက်အအုံကို မှုန်ကုပ်ကုပ်မျက်လုံးတွဖြင့်  စိုက်ကြည့်နေခဲ့တယ်။


ကုယန်ကျန်းက ရေပူစမ်း ဗီလာတစ်ခုကို ကြိုတင်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းတွေနှင့် စက်ရုပ်တွေအားလုံးကို နှင်ထုတ်လိုက်ကာ သူ့ရဲ့ခြင်္သေ့နှင့်အတူ ရေပူစမ်းဧရိယာသို့ သွားခဲ့လေတယ်။ ခြင်္သေ့လေးက အသိဉာဏ်မြင့် အပူချိန်တိုင်းတာမှုကိုမြင်တော့ သူ့ရဲ့ ဦးထုပ်ကို ဆွဲချွတ်ကာ ကုယန်ကျန်းရဲ့အဝတ်အစားထဲမှ ခုန်ထွက်လာခဲ့တယ်။


ထို့နောက် ရေထဲသို့ခုန်ဆင်းလိုက်ပြီး စိုစွတ်နေတဲ့ ခြေဖဝါးတွေနဲ့  စက်ဝိုင်းတစ်ခုလို ကူးခတ်ရင်း ကုယန်ကျန်းဆီသို့ ပြန်သွားလိုက်တယ်။


“ယန်ကျန်းကျန်း.. ဆင်းလာခဲ့လေ~”