Ch 8
Viewers 1k

😺Chapter 8

ပါရမီရှင် နတ်ဆိုးဘုရင်ကြီး



ချက်ချင်းပင် စုပေါင်စန်းကိုကြည့်နေသော လူတိုင်း၏မျက်လုံးများက ထူးဆန်းသွားသည်။


စုပေါင်စန်းက အလျင်ရှင်းပြလာလေသည် :

 "အဲလိုမျိုး မတွေးနဲ့လေ... ကျွန်တော်က အလေးအနက်ထားတဲ့ သူတစ်ယောက်ပါနော်... အလေးအနက်မထားတဲ့သူက ဒီအိမ်ပိုင်ရှင်ဆိုတာ အသိသာကြီးပဲ... Sexy အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီတွေအပြင် ခေါင်းအုံးပေါ်မှာ အဝါရောင်ဆံပင်ရှည်ကောက်ကောက်ကိုလည်း တွေ့ခဲ့ရပေမယ့် ဒီအိမ်ရဲ့ အိမ်ရှင်မမှာက ဖြောင့်စင်းနေတဲ့ အနက်ရောင်ဆံပင်ရှည်တွေ ရှိတာလေ... ဒါက အိမ်ရှင်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် သက်သေတစ်ခုလို့ မထင်ဘူးလား..."


"ငါတော့ မထင်ဘူး..."

ကုရှင်းယွဲ့က အေးအေးဆေးဆေးပြောလာသည်။

"လာလည်တဲ့ ဧည့်သည်တွေ ချန်ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်... တကယ်တမ်းကျ နင် ဒါတွေကို ဧည့်သည်ခန်းထဲမှာတွေ့ခဲ့တာလေ....ယ"


ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ မျက်လုံးများက ကုရှင်းယွဲ့ကို ထပ်ပြီး စိုက်ကြည့်နေကြသည်။

 

ကုရှင်းယွဲ့က မျက်မှောင်ကြုတ်လိုက်၏။

"နင်တို့အားလုံး ငါ့ကို ဘာလို့ကြည့်နေကြတာလဲ..."


လီရှစ်က သဘောထားကြီးစွာ သတိပေးလိုက်သည်။

"ပုံမှန်အားဖြင့် သာမန်ဧည့်သည်တစ်ယောက်က တခြားသူရဲ့အိမ်မှာ ညအိပ်ပြီး sexy အတွင်းခံဝတ်ဖို့ နေနေသာသာ အပြင်ထွက်တဲ့အခါကျရင်လည်း sexy အတွင်းခံကို ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဒီဧည့်သည်က အိမ်ရှင်နဲ့ နှီးနွယ်ဖို့ဆိုတာကလွဲရင် ကျွန်တော် တခြားဟာ မတွေးတတ်တော့ဘူး...တခြားအကြောင်းပြချက်ရှိပါ့မလား..."


"သေချာပေါက် တခြားအကြောင်းပြချက်တွေ ရှိတာပေါ့..."

ဟန်ကြွယ့်မင်က ညစ်ကျယ်ကျယ်အပြုံးတစ်ခုနှင့် ထပ်ပြောလိုက်သည်။

"ဆိုလိုတာက ဧည့်သည်က အမျိုးသားဧည့်သည်ပဲ... ပြီးတော့ သူက ရင်းနှီးတဲ့ အမျိုးသမီးအဖော်ကိုလည်း ခေါ်လာခဲ့သေးတယ် ပြီးတော့ စစ်ပွဲက အရမ်းပြင်းထန်လွန်းလို့ သူက တစ်ခုခုက ကျန်ခဲ့တာပဲ... ဒါပေမယ့် အမ်း... ဒီခန့်မှန်းချက်ကိုတော့ အခြေခံအားဖြင့် လျစ်လျူရှုထားလို့ရတယ်... တကယ်တော့ ဒါက ရိုးရိုးရှင်းရှင်း instanceတစ်ခုပါပဲ... ကာရိုက်တာတွေကြားက ဆက်ဆံရေးက အရမ်းရှုပ်ထွေးလွန်းမှာ မဟုတ်လောက်ဘူး... ပြီးတော့လည်း အဓိကဇာတ်ကောင်တွေက မိသားစုလေးယောက်ပဲ..." 

 

စင်ဂယ်ခွေး ၊ တစ်ဖြောင့်တည်းသွားသည့်အမျိုးသမီး ကုရှင်းယွဲ့က ပါးစပ်ပိတ်သွားသည်။


【နောက်ဆုံးတော့လည်း ဒီလိုအရာမျိုးမှာ မတော်တဲ့ မိန်းမပျို‌လေးတွေ ရှိနေသေးတာပဲ... 】

 

【ကြောင်တစ်‌ကောင်ကတောင် မိန်းမပျိုလေးထက် ပိုသိတယ်... မင်းက မဖြူစင်ဘူးပဲ ကြောင်မသားလေး...  】


 ă€á€…င်ဂယ်ခွ္းတွ္က အခုလိုဂိမ်းမျိုး ကစားဖို့ မထိုက်တန်ဘူးလား... ဒီက စင်ဂယ်ဘုရင်ကတော့ ဝမ်းနည်းမျက်ရည်ကျနေမိပြီ...]


 ă€á€’ဍပ္မယအ် ငါ နားမလည်နိုင်သေးဘူး.... ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးကလည်း စင်ဂယ်ဘဝနဲ့ နေလာတာကြာပြီဆိုတာ သိသာနေတာကြီးကို သူက ဘယ်လိုလုပ် အရမ်းသိနေရတာလဲ... ဒီကိစ္စမှာ ယောက်ျားတွေက ပါရမီရှင်‌တွေများလား.... 】


【 သောက်ကျိုးနည်းအောင် ပါရမီရှိတာပဲ....】


ပါရမီရှိသည့် ဟန်ကြွယ့်မင်၏အလှည့်ရောက်ချိန်တွင် ယမန်နေ့က လီရှစ် ရှာဖွေတွေ့ရှိခဲ့သော အိမ်ရှင်မ၏ ကွာရှင်းစာချုပ်နှင့်သေတမ်းစာ စာရွက်စာတမ်းများကို တိုက်ရိုက်ထုတ်ယူခဲ့‌လေသည်။ သူက များမကြာမီအချိန်အတွင်း အိပ်ပျော်သွားတော့မည်ပုံရသည်။


"ရှင်းရအောင်...." 

ကုရှင်းယွဲ့က သူမ၏လက်ထဲမှ စာရွက်စာတမ်းမျကို ချလိုက်သည်။

"ငါတို့တွေ့ထားတဲ့ သဲလွန်စတွေအားလုံးက အမှန်လို့ ယူဆတယ်...အချိန်ကာလကို အခြေခံကြည့်ရရင် အိမ်ရှင်မက အိမ်ရှင် ဖောက်ပြန်တာကို အရင်ဆုံးရှာတွေ့ခဲ့ပြီးတော့ အိမ်ရှင်နဲ့ ကွာရှင်းဖို့ သဘောတူခဲ့ပေမယ့် နှစ်ယောက်စလုံး ဘာလို့ကွာရှင်းဖို့ မအောင်မြင်ခဲ့ကြတာလဲဆိုတာ မသိရဘူး... နောက်တော့ အိမ်ရှင်မက အိပ်ဆေးတွေသောက်ပြီး သတ်သေခဲ့လို့ သေသွားရတယ်... ထပ်ပြောချင်တာများ ရှိကြသေးလား..."


"ဟုတ် ကျွန်​​တော့်​ကို​ ခဏစောင့်​​..."

လီရှစ်က ထမင်းစားပွဲမှ ခုန်ဆင်းကာ လေးကြိုးမှ ပစ်ခွင်းလိုက်သောမြှားတစ်စင်းကဲ့သို့ ဒုတိယထပ်သို့ ပြေးသွားခဲ့သည်။ တစ်မိနစ်မပြည့်မီတွင် သူက လူတိုင်းရှေ့၌ပေါ်လာပြီး အတော်‌လေး အားစိုက်ထုတ်၍ ထမင်းစားပွဲပေါ်သို့ ခုန်တက်လာကာ အနက်ရောင်အရာဝတ္ထုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။

"ဒါက ခွေးလှောင်အိမ်ထဲမှာ တွေ့ခဲ့တဲ့ဖုန်းပါ... ကျွန်တော် အဲဒါကို ဖွင့်ကြည့်လိုက်တော့ ဖုန်းပိုင်ရှင်က အမျိုးသားဖြစ်လိမ့်မယ်ထင်တယ်... နောက်ဆုံးနားက မက်ဆေ့ချ်တချို့ကို ကြည့်လို့ရတယ်..."


ကုရှင်းယွဲ့က စခရင်ကို လော့ခ်ဖွင့်လိုက်ပြီး ကျိန်းသေပင် သိသာ‌သည့် သဲလွန်စဖြစ်စေသော စာသားမက်ဆေ့ခ်ျများစွာကို သူမ တွေ့လိုက်ရသည်။  စာဖတ်ရာတွင် အဆင်ပြေစေရန်အတွက် ဤကဲ့သို့ အချိန်နှင့်တစ်ပြေးညီ စီစဉ်ပေးထားပေသည် :

[လုပ်ဖော်ကိုင်ဖက် 1 : မောက်ကော... မင်း ခွင့်ယူတာ သုံးရက်တောင် ရှိနေပြီ....  ဒီနေ့က လေးရက်မြောက်နေ့နော်...  မင်း ဘာလို့အလုပ်​မလာ​သေးတာလဲ...  (အချိန် : မတ်လ ၁၆ ရက်)]


[လုပ်ဖော်ကိုင်ဖက် 2 : မောက်ကော.... မင်း ကုမ္ပဏီကို ဘာလို့ မလာသေးတာလဲ... သူဌေးက မင်းကို ရှာမတွေ့ရင် ရူးသွားလိမ့်မယ်လို့... (အချိန် : မတ်လ ၁၇ ရက်)]


[သူဌေး : မောက်တာ့ယုံ... မင်း ကုမ္ပဏီမှာ အလုပ်လာလုပ်စရာ မလိုတော့ဘူး... (အချိန် : မတ်လ ၁၈ ရက်)]


 "ဒီမက်ဆေ့ခ်ျကို ပိုအာရုံစိုက်သင့်တယ်... အဲဒီမက်ဆေ့ချ်ကို ပိုင်ရှင်အမျိုးသား မောက်တာ့ယုံက သူ့ရဲ့ကုမ္ပဏီသူဌေးဆီကို ၁၃ ရက်နေ့ မနက်က ပို့ခဲ့တာ... သူက သုံးရက်ခွင့်ယူခဲ့တယ်... အဲဒီကတည်းက ဘယ်သူမှ မောက်တာ့ယုံကို မဆက်သွယ်တော့ဘူး..."


ပန်းရောင်လက်ဖဝါးများမှ ချွန်ထွက်လာသော လက်သည်းများဖြင့် လီရှစ်က စာသားမက်ဆေ့ချ်များကို လက်ညှိုးထိုးပြပြီး သူ၏ ယူဆချက်ကိုပြောလေသည်။

 "အိမ်ရှင်မ ကျောက်ကျဲ သတ်သေပြီးကတည်းက အိမ်ရှင် မောက်တာ့ယုံကလည်း ပျောက်ကွယ်သွားတယ်ဆိုတာ သက်သေပြနိုင်တယ်... ဒီနည်းလမ်းက စာသားမက်ဆေ့ခ်ျကနေတစ်ဆင့်ပဲ ရှိသေးတယ်.... ဆိုလိုတာက ဒီစာသားမက်ဆေ့ခ်ျကို မောက်တာ့ယုံကိုယ်တိုင် ပို့စရာမှမလိုတာ... သူ ပျောက်သွားတာက ဒီထက်တောင် စောနိုင်သေးတယ်..."


ဤအခြင်းအရာကိုကြား၍ စုပေါင်စန်းက တုန်တုန်ယင်ယင်နှင့် ငုံးတစ်ကောင်ကဲ့သို့ လည်ပင်းကိုကျုံ့လိုက်၏။

 "နည်းနည်းတော့ ထူးဆန်းပုံပဲ..."


ကုရှင်းယွဲ့က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။

 "တကယ်ကို ထူးဆန်းတယ်... ဒီမိသားစုထဲမှာ အမေက သတ်သေတယ်.. အဖေက ပျောက်သွားတယ်... သမီးကတောင် သတ်သေခဲ့တယ်... အရာအားလုံးက ပုံမှန်မဟုတ်တော့ဘူး..."


လီရှစ်က အံ့သြသွားလေသည်။

 "သမီးကလည်း သတ်သေသွားတာလား..."


ကုရှင်းယွဲ့က လီရှစ်ဘက်သို့ ဒိုင်ယာရီစာအုပ်ကို တွန်းပို့လိုက်သည်။

"နင် ကြည့်လို့ရတယ်... အကြောင်းအရာက ရိုးရိုးရှင်းရှင်းပဲ... ဒါပေမယ့် ဖတ်ပြီးရင် အမြဲတမ်း စိတ်မသက်မသာ ခံစားရတယ်...."

 

လီရှစ်က ဒိုင်ယာရီကိုလှန်ကြည့်ကာ စုပေါင်စန်းနှင့် အတူဖတ်လေသည်။  

ဟန်ကြွယ့်မင်နဲ့ ပတ်သက်ပြီးတော့လား... ဒီကောင်က အစောတည်းက မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်နေပြီ... သူက ငါတို့ရဲ့ စကားသံတွေကိုတောင် သားချော့တေးလို လုံးလုံးသဘောထားနေတာ...


မတ်လ ၁၂ရက်

ဟယ်ရီရဲ့ ခွဲစိတ်မှုအောင်မြင်ခဲ့တယ်...ပြန်ကောင်းလာတဲ့ အချိန်အတွင်း အာဟာရ ပိုရအောင် လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်... နောက်ကျရင် ထမင်းစားတိုင်း သူ့ကို ခွေးစာတစ်ဘူး ပိုကျွေးရမယ်... ဒါပေမယ့် ကြေးများတဲ့ ဟယ်ရီကတော့ သိပ်ကြိုက်ပုံမပေါ်ပါဘူး... ခေါင်းကိုက်စရာပဲ...


ဧပြီ ၁ ရက်

ဟယ်ရီ နေပြန်ကောင်းလာပြီး ဒဏ်ရာက အပြည့်အဝ သက်သာသွားပါပြီ... ငါ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ကောင်းလာပေမယ့် စိတ်အခြေအနေကတော့ မကောင်းသေးဘူး.... နည်းနည်း စိတ်ဓာတ်ကျနေတယ်... ငါ အကြိုက်ဆုံး ဘောလုံးနဲ့ ကစားရတာတောင် မကြိုက်ဘူး ဖြစ်ချင်တော့...


မေ ၁၇ ရက်

ရုတ်တရက်ကြီး ဟယ်ရီက ပြင်းပြင်းထန်ထန် ငြင်းဆန်ပြီးတုံ့ပြန်ခဲ့တယ်... သူက နေ့တိုင်း အစားမစားနိုင်ဘူး... သူ့ခန္ဓာကိုယ်ကလည်း ပိန်ပြီးရင်း ပိန်လာပြီး တစ်နေ့လုံး အိပ်ရာပေါ်မှာပဲ နုံးနုံးချိချိခွေနေတယ်.... သူ ဒီစစ်‌ဆေးချက်ကနေ မလွတ်မြောက်နိုင်ဘူးဆိုတာ ငါ သိသားပဲ...


ငါ အများကြီးမလိုချင်ပါဘူး... ဒါပေမယ့် သူ့ကို ငါနဲ့ပဲ အမြဲတမ်းရှိနေစေချင်ရုံပါ.... ဘာလို့ဒီလောက်ခက်ခဲရတာလဲ...


မေ ၂၃ ရက်


ဟယ်ရီ သေသွားပြီ...


ငါလည်း အသက်ရှင်နေစရာ မလိုတော့ဘူးထင်တယ်...


မေမေ... သမီးဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ မေမေ့ကိုမေးချင်တာလေး ရှိတယ်... မေမေ သမီးကို ဒီလိုရုပ်ဆိုးတဲ့ လောကကြီးနဲ့ရင်ဆိုင်ရဖို့ ဘာလို့ မွေးပေးခဲ့ရတာလဲ...


 -


ဒိုင်ယာရီထဲက အကြောင်းအရာများက အနည်းငယ် ထူးဆန်းသည့်တိုင် အထူးဆန်းဆုံးအရာက ဒိုင်ယာရီထဲမှ စာရွက်တစ်ဝက်ကျော်မှာ စုတ်ပြဲသွား၍ ရှေ့၌ မည်သည်တို့ရေးထားလဲမသိရပေ။


လူတိုင်း ခေါင်းကိုက်နေချိန်တွင် စနစ်က ID လက်ကောက်မှတစ်ဆင့် ဒုတိယမေးခွန်းကို တိတ်တဆိတ် ပေးပို့ခဲ့သည်။


 ă€á€’ုတိယမ္းခွန်း : သမီး မောက်ကျားကျားနှင့် ဤမိသားစုကြားတွင် အနက်ရှိုင်းဆုံး ဆက်ဆံရေးရှိသူမှာ မည်သူနည်း။ မှန်မှန်ကန်ကန်ဖြေဆိုပါက အမှတ် 20 အပိုဆုရရှိမည်ဖြစ်ပြီး မမှန်မကန်ဖြေဆိုပါက အမည်မသိပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။  】


စုပေါင်စန်းက ဤမေးခွန်းကိုမြင်၍ မျက်လုံးများ တောက်ပလာပြီး ဆုံးဖြတ်ချက်ချလျက် စားပွဲကိုရိုက်လိုက်သည်။

"မေးစရာရှိသေးလို့လား...ခွေးပဲ ဖြစ်ရမှာပေါ့... ဒိုင်ယာရီထဲမှာ ခွေးအကြောင်းတွေနဲ့ချည်း ပြည့်နေတာ နောက်ဆုံးကျ ခွေးက သေသွားတယ်‌လေ... ခွေးပိုင်ရှင် ကျားကျား အသက်မရှင်ချင်တော့လောက်အောင် ဒီခွေးက သူ့အတွက် အရမ်းအရေးကြီးတာပဲ..."


လီရှစ်နှင့်ကုရှင်ယွဲ့တို့က စုပေါင်စန်း၏စကားများကို သဘောမတူခဲ့ကြပေ။ စင်စစ် သူတို့တွင် ပထမမေးခွန်း၏ အတွေ့အကြုံများ ရှိပြီးသားဖြစ်ပြီး ဒုတိယမေးခွန်း၌လည်း သိသာထင်ရှားသည့် အခက်အခဲများရှိခဲ့လေသည်။ 

 

ကုရှင်းယွဲ့က စုပေါင်စန်းကို ကြည့်ပြီး အေးစက်စွာပြောလာသည် :

"နင် အဖြေမှန်တယ်ထင်ရင် နင်ကိုယ်တိုင် ဖြည့်ပေးလို့ရတယ်... နင့်ကို ဘယ်သူမှတားမှာ မဟုတ်ဘူး...."


လီရှစ်နှင့်ကုရှင်းယွဲ့တို့က မေးခွန်းများကိုဖြေဆိုရန် အစီအစဉ်မရှိသည်ကို တွေ့ရှိပြီးနောက် စုပေါင်စန်းကလည်း စတင်၍မဆုံးဖြတ်နိုင်တော့ဘဲ အနည်းငယ် ညည်းတွားပြီးနောက် မေးခွန်းများကိုဖြေဆိုရမည့် သုံးဖက်မြင် ဖန်သားပြင်ကို ပိတ်လိုက်သည်။


သူက ယခင်သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း မေးခွန်းများကို မဖြေရန် ဆုံးဖြတ်ခဲ့သည်။  

Points တွေက တကယ်ကောင်းပေမယ့် အဲဒါတွေရဖို့ မင်း အသက်ရှင်နေရဦးမယ်လေ...



😺😺😺