Chapter (19)
Viewers 1k

Chapter (19)

သည်းထန်သော မိုး 



ဖန်းချူ အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် စောင်ခေါင်းမြီးခြုံပစ်သည်။ သူ့စိတ်ကို တည်ငြိမ်အောင်ထားနိုင်ဖို့ သူ့ကိုယ်သူ ​ပြန်ပြော​နေမိသည်။


ယွိစစ်ကျဲ၏ မခန့်မှန်းနိုင်သော သဘောထားသည် ဖန်းချူစိတ်ထဲကို မသေချာမရေရာမှုများအား ချန်ထားခဲ့လေသည်။ ယနေ့ည ကိစ္စက လုံးဝ သေချာနေပြီ။ ယွိစစ်ကျဲသည် သူနှင့်အတူ တမင်တကာ ကြိုးကိုင်ပြီး ကစားနေခြင်းပင်။ မာနကြီးပြီး ချမ်းသာတဲ့ သူဌေးဟာ အဲဒီတုန်းက စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို စွန့်ပစ်ခဲ့တဲ့အတွက် လက်စားချေချင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ 


ဟမ့် ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ မင်းကို ငါတွေ့သွားပြီ။ 


မင်းငါ့ကို စော်ကားနိုင်ပေမယ့် ငါ့ရဲ့ ဆွဲဆောင်မှုကို စော်ကားလို့မရဘူး။


ဖန်းချူ ဒေါသတကြီးဖြင့် အိပ်ပျော်သွားသည်။


နောက်တစ်နေ့ နိုးလာသည်နှင့် အိပ်ယာပေါ်တွင် လှည့်ပတ်ကာ ပစ္စည်းများထုပ်ပိုးရန် ပြင်ထားသော်လည်း သူနှင့်အတူ ဘာမှ မယူလာခဲ့ကြောင်း သတိရသောကြောင့် ထုပ်ပိုးရန် လုံးဝမလိုအပ်တော့ပေ။


ထို့ကြောင့် ဖန်းချူ သူ့အ၀တ်အစားများ ပြန်ပြောင်းဝတ်ကာ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။


ရေချိုးခန်းထဲမှာ မတ်တပ်ရပ်ရင်း ရေချိုးဝတ်လုံကို ချွတ်လိုက်တဲ့အခါ သူ့အကြည့်တွေက သူ့ခါးဘေးနားက ဒဏ်ရာပေါ် အမှတ်မထင် ရောက်ရှိသွား၏။ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် ဒဏ်ရာက ပျော့ပျောင်းစွာ ပျောက်ကင်းသွားခဲ့​ပြီ။ အစက စိုးရိမ်နေခဲ့သော်လည်း အနာကျက်နှုန်းက အတော်လေးမြန်ပြီး အမာရွတ်မကျန်သင့်လောက်ချေ။ 


ဖန်းချူ ဒဏ်ရာကို ကွက်ခနဲ စိုက်ကြည့်ကာ ညင်သာစွာ ပွတ်သပ်​ကြည့်​နေသည်။ ကုသပြီးခါစ အသားအရေက အလွန်နူးညံ့ပြီး ထိခိုက်လွယ်သည်။ ခဏကြာတော့ သူ့မျက်လုံးတွေ နည်းနည်းမှိန်သွား၏။ 


ရုတ်​တရက်​ ဆုံးရှုံးသွားတဲ့ ခံစားချက်​က သူ့နှလုံးသားထဲ ဝင်ရောက်​လာ​ပြန်သည်။ 


ယွိစစ်ကျဲ ကောင်းကင်မှ ရုတ်တရက် ခုန်ချလာခဲ့သည့် အခိုက်အတန့်ကို သူ သတိရမိသည်။ အဲဒီတုန်းက သူ ဘာခံစားခဲ့ရလဲ။ သေခြင်းတရားက လွတ်မြောက်ပြီ ဆိုပြီး ပျော်ရွှင်သွားရုံပဲလား။


မဟုတ်ဘူး…


အခြားအရာတစ်ခု ရှိခဲ့သည်။ ယွိစစ်ကျဲရဲ့ ဝင်ရောက်စွက်ဖက်မှုသည် တစ္ဆေအမဲလိုက်သည့် မှော်ဆရာကဲ့သို့ သူ့အလုပ်နှင့် ရိုးရိုးရှင်းရှင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ ဘယ်သူ့ကိုမဆို ကယ်လိမ့်မည်။ မိမိက တခြားသူတွေနဲ့ မတူတာမရှိပေ။ 


ဒါပေမယ့် ဒါဟာ အသက်ကယ်တဲ့ ကျေးဇူး ဖြစ်နေတုန်းပါပဲ။ 


သို့သော် သူ့တိုးတက်မှုများကို ငြင်းပယ်ခံရတာက မိမိဟာ ကျေးဇူးကန်းသော လူယုတ်မာတစ်ဦးလို ပြုမူလိုက်တာကြောင့် ဒေါသထွက်ကာ ရှက်ရွံ့သွားခြင်း ​ဖြစ်ပေမည်။ 


နောက်ဆုံးတော့ ယွိစစ်ကျဲက သူ့ကို ဘယ်တော့မှ မပြစ်မှားခဲ့ဘူးလေ။


ဖန်းချူ သက်ပြင်းတစ်ချက်ချကာ မှန်ရှေ့မှာ သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ အတိတ်က အတိတ်ပဲဖြစ်ပါစေတော့။ အခု သူ ထွက်ခွာသွားပြီးရင် တစ်ဖက်လူကို ပြန်မတွေ့နိုင်တော့တဲ့အတွက် ယဉ်ကျေးစွာ နှုတ်ဆက်သွားသင့်ပါသည်။


လူကိုယ်တိုင် နှုတ်ဆက်ရမည်။


………………


ယွိစစ်ကျဲ နှင့် ကုန်းယောက်ယင်းတို့ ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့ကြသည်။ ကုန်းယောက်ယင်းက ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားပြီး ၎င်းတို့နှစ်ဦးသည် သူလျှိုတွေ့ဆုံမှုကဲ့သို့ ထူးထူးခြားခြား ပြုမူကြသည်။ အမှန်တော့ ယွိစစ်ကျဲက အထက်လူကြီးများ၏ နှစ်သက်ဖွယ် ကောင်းမှုများကို ခံစားနေရသော သူတို့၏ ဌာနချုပ်သို့သွားရန် ပျင်းလွန်းလှတာကြောင့်ပါပဲ။ 


ယွိစစ်ကျဲဟာ ပြဿနာများကို ရိုးရိုးရှင်းရှင်းနှင့် တိုက်ရိုက် လုပ်ဆောင်ရတာကို နှစ်သက်သည်။


"ဝမ်ဖုန်းက ဒီလိုပဲ... နောက်ဆုံး စီရင်ချက်ချတာကို စောင့်ရလိမ့်မယ် ဝမ်ထောင်းကတော့ လူငယ်ပြုပြင်ရေးကျောင်း အပို့ခံထားရတယ်... နောင်တရပြီး အသစ်ပြန်စဖို့ပေါ့..." 


ကုန်းယောက်ယင်း ခေတ္တရပ်လိုက်ပြီး သူ့အသံမှာ အားကိုးရာမဲ့သွားကာ ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။


ယွိစစ်ကျဲ လှောင်ပြောင် လိုက်သော်လည်း ရလဒ်ကို ရှင်းရှင်းလင်းလင်း လျစ်လျူရှုခြင်းမရှိပေ။


ကုန်းယောက်ယင်း ထိုအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့်။ 


"ကျနော်တို့ ဒေတာစောင့်ကြည့်မှုအရဆို အတိုင်းအတာနဲ့ ပွတ်တိုက်မိတဲ့ နေရာတွေက ပိုများလာတဲ့အကြောင်း အစီရင်ခံစာတွေ ထွက်ပေါ်လာပါတယ်... ပြဿနာအသစ်တွေလည်း ကြုံတွေ့​နေရပြီး မဖြစ်စဖူး နယ်ပယ်အသစ်တွေကိုတောင် ရှာတွေ့လာတယ်... ပညာရှင်ယန်က ကျနော်တို့ကို ဖောင်ဒေးရှင်းရဲ့ သုတေသနဌာနချုပ်မှာ သွားရောက်လေ့လာဖို့ မျှော်လင့်ပါတယ်တဲ့.... "


ယွိစစ်ကျဲက အေးအေးဆေးဆေးပဲ :"ငါ စီစဉ်မယ်.... အချိန်..."


ကုန်းယောက်ယင်း သက်ပြင်းချလိုက်သည်။ ဒါက ဒီနေ့ ယွိစစ်ကျဲနဲ့တွေ့ဖို့ စီစဉ်ခဲ့တဲ့ အဓိကအကြောင်းရင်းပါပဲ။ 


"မြန်လေကောင်းလေးပဲ... ငွေလဲအဖွဲ့အတွက် ပြင်ဆင်ချိန်ကို စဉ်းစားလို့ရတယ်... နောက်စနေနေ့ကော ဘယ်လိုလဲ"


ယွိစစ်ကျဲ ခေါင်းညိတ်ပြပေမယ့် ပြတင်းပေါက်ကို စိုက်ကြည့်နေတဲ့ သူ့အမူအရာက စိတ်ပျက်နေသလိုပါပဲ။ 


ကုန်းယောက်ယင်းသည် ယွိစစ်ကျဲကို စူးစူးစိုက်စိုက်ကြည့်ကာ ဝမ်ဖုန်းအိမ်တွင် ဖန်းချူနှင့်အတူ ရှိနေခဲ့သော မြင်ကွင်းကို အမှတ်တမဲ့ အမှတ်ရမိသွားသည်။ သူ ဖန်းချူရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးခဲ့သည်။ အစက်အပြောက်ကင်းတဲ့ နောက်ခံရှိတဲ့ အသေးအမွှား ကျော်ကြားသူပေမယ့် ယွိစစ်ကျဲနဲ့ လုံးဝဆက်စပ်မှုမရှိတဲ့ သူတစ်ယောက်လည်း ဖြစ်နေသည်။ 


တစ်စုံတစ်ခုကို ရှာမတွေ့နိုင်ရခြင်းမှာ ကာယံကံရှင်ကိုယ်တိုင် မပြောပြတဲ့ အရာများသာ ရှိတော့သည်။ သို့သော် ကုန်းယောက်ယင်းသည် ဖန်းချူကို အထင်ကြီးပြီး ၎င်းတို့ဌာနသည် အကြောင်းပြချက်မရှိဘဲ စုံစမ်းစစ်ဆေးမှာ မဟုတ်သောကြောင့် သဘာဝအတိုင်း ဖန်းချူကို ဘာမှလုပ်မည်မဟုတ်ပေ။ ဖန်းချူနဲ့ ယွိစစ်ကျဲ တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုသိသလဲ ဆိုတာကို သိချင်စိတ်က သူ့အတွင်းစိတ်မှာ တောက်လောင်နေသည်။ 


ဖန်းချူကြောင့် ယွိစစ်ကျဲ ထိုနေ့တွင် ရှိနေခဲ့ခြင်းသာ။ 


ကုန်းယောက်ယင်း တိုက်ရိုက်မေးချင်ပေမယ့် ယွိစစ်ကျဲရဲ့ လျစ်လျူရှုထားတဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်လိုက်တော့ အပေါ်ယံခင်မင်မှုမဟုတ်တဲ့ သူ့ရဲ့ဆက်ဆံရေးကို အတွင်းပိုင်းကို အကဲဖြတ်မယ့် ဒီလိုမေးခွန်းမျိုး မေးတာက မသင့်တော်ဘူးဆိုတာ သဘောပေါက်သွားသည်။


ယွိစစ်ကျဲ လှည့်ကြည့်လိုက်တော့ ကုန်းယောက်ယင်း၏ ချီတုံချတုံ အမူအရာကို တွေ့လိုက်ရသည်။ ဤလူသည် တချို့ကိစ္စများကို လွန်လွန်ကဲကဲ တွေးတောတတ်သည်ဟု သူပိုခံစားလာရသည်။ သူဘာတွေ စိတ်ကူးယဉ်နေလဲ မသိချင်ပါဘူး။ သူက နှုတ်ခမ်းကို တွန့်ကွေးပြီး မေးလိုက်သည်။ 


"တခြား ရှိသေးလား" 


ကုန်းယောက်ယင်း ခေါင်းခါလိုက်တာနဲ့ ယွိစစ်ကျဲ ထပြီး ထွက်သွားတော့သည်။ 


အပြင်ထွက်ပြီး အချိန်ကို စစ်ကြည့်တော့ ညနေငါးနာရီသာသာပဲ ရှိသေးတာမလို့ လုံးဝ မမှောင်သေးပါဘူး။ နေရောင်က တော်တော် ကောင်းနေသေးသည်။ 


အခု ပြန်ရမလား။


မနေ့ညက ရေချိုးခန်းထဲမှာ နာရီဝက်လောက် အအေးခံပြီး ရေချိုးခဲ့ရတာကို သတိရလိုက်တော့ သူ့နှုတ်ခမ်းတွေကို ဖွဖွကိုက်ရင်း မျက်လုံးထဲမှာတော့ ရှက်ရွံ့မှု အရိပ်အမြွက်များ ပေါ်လာတော့၏။ ဒါပေမယ့် အခုပြန်သွားလိုက်ရင် ဘယ်လိုကွာခြားသွားမလဲလို့ တွေးလိုက်မိ​ပြန်သည်။ မနေ့ညကဆို ဖန်းချူက သူ့ထက် ဒေါသထွက်သွားဖွယ် ရှိသည်။


ဒီတစ်ခါတော့ သေချာပေါက် ထွက်သွား​လော​က်ပြီ။


အတန်ကြာ ခေတ္တရပ်ပြီးနောက် ယွိစစ်ကျဲသည် မိမိကိုယ်ကို နှိမ့်ချသော အပြုံးတစ်ခုဖြင့် အိမ်ဘက်သို့ မောင်းထွက်လာခဲ့သည်။


တစ်နာရီလောက်ကြာတော့ ကားက ဗီလာရှေ့မှာ ရပ်သွားခဲ့၏။ 


ယွိစစ်ကျဲ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘဲ မနက်မှာလည်း အစောထသွားခဲ့သည်။ ဒီနေ့တော့ ကောင်းကောင်း အနားယူနိုင်မယ် ထင်ပါရဲ့။ သူ ခါတိုင်းလို တံခါးကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်လိုက်ပေမယ့် အမှတ်မထင် မော့ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်တင်းလာတော့သည်။ 


ဖန်းချူ ထွက်မသွားချေ။ 


သူထွက်သွားရုံတင်မကဘဲ ဧည့်ခန်းထဲမှာထိုင်ရင်း နီရဲနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ဘက်ကို စေ့စေ့ကြည့်နေသည်။ 


ယွိစစ်ကျဲ : “…” 


အမှားတစ်ခုခုလုပ်ပြီးနောက် သူ့မိန်းမဆီက လက်နီနဲ့ ဖမ်းမိခံလိုက်ရတဲ့ ခံစားချက်ကြီး တိုးဝင်လာ၏။ 


ဖန်းချူသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ကာ ယွိစစ်ကျဲ ပြန်လာမည့်အချိန်ကို စောင့်ရင်း ထိုနေရာတွင် ထိုင်​နေခဲ့သည်။ ယွိစစ်ကျဲက ဖမ်းရခက်တာမို့ လွယ်လွယ်နဲ့ လွတ်သွားနိုင်သည်။ ယွိစစ်ကျဲ ပြန်မလာမချင်း ပြန်ရောက်တဲ့အထိ ဧည့်ခန်းမှာ မုန့်စားဖို့ မှာထားမယ်လို့ ဆုံးဖြတ်ထားခဲ့သေးသည်။


ဘာပဲဖြစ်ဖြစ် သူ တစ်ဖက်လူကို မမြင်ရပါက လူကိုယ်တိုင် နှုတ်ဆက်သွားလို့ မဖြစ်နိုင်​တော့ချေ။ 


ဒါက ထွက်ခွာတော့မယ် ဆိုတဲ့ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပြသခဲ့တာပဲ။ သူ့မှာလည်း ဂုဏ်သိက္ခာရှိပါသည်။ 


ဖန်းချူ မျက်တောင်ခတ်လိုက်သည်။ တီဗွီဖန်သားပြင်ကို တစ်နေကုန် ထိုင်ကြည့်နေရတာမို့ မျက်လုံးများက ခြောက်သွေ့နေသဖြင့် မျက်စဉ်းခတ်ထားခဲ့သည်။ အစက်လေးတွေက တော်တော် အေးပြီး သူ့မျက်လုံးတွေထဲ စူးရှတဲ့ခံစားမှုတစ်ခုနဲ့ သက်သာစေ၏။ ယွိစစ်ကျဲ ပြန်ရောက်သောအခါ မျက်စင်းက ခြောက်သွား​ပြီ။


ယွိစစ်ကျဲသည် ဖန်းချူ၏ နီရဲနေသော မျက်လုံးများကို ကြည့်ပြီး သူ့အား အပြစ်တင်နေပုံပေါ်သော အကြည့်ကြောင့် သူ့ရင်ဘတ်ထဲတွင် ထူးထူးခြားခြား လေးလံမှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ဖက်လူကို တည့်တည့် မကြည့်နိုင်တော့ပေ။


ညာဘက်လက်ကို သူ့အိတ်ကပ်ထဲက ထုတ်ရင်း ဖြည်းညှင်းစွာ ဆုပ်ထားလိုက်သည်။


အချိန်အတော်ကြာ ခေတ္တနားပြီးနောက် ယွိစစ်ကျဲ၏ မျက်လုံးများ မှိန်သွားကာ လေးနက်သော အသံဖြင့် ပြောလာသည်။


"လမ်းလျှောက်ရအောင်" 


ဖန်းချူ : "ကောင်းပြီလေ..."


သူထပြီး ယွိစစ်ကျဲနောက်ကို လိုက်သွားပေမယ့် နောက်မှ အနည်းငယ် ကျန်​နေခဲ့သည်။ သူ့မျက်လုံးများသည် ထိုလူ၏ နောက်ကျောတည့်တည့်ကို စိုက်ကြည့်ကာ လူများကို ဖျက်ဆီး၍မရသော ခံစားချက်ကို ပေးစွမ်းနေကြောင်း ခံစားနေရ၏။ ၎င်းမှာ သူတို့ပြန်ဆုံပြီးကတည်းက ဒီလူရဲ့ အထင်ရှားဆုံး အခြမ်းပါပဲ။


လွန်​ခဲ့တဲ့ နှစ်​နှစ်​ကနဲ့ တကယ်​ကို မတူတော့ချေ။ 


အရင်ကအကြောင်း တွေးမိတဲ့အခါ သူစိတ်ထဲ မကျေမနပ် ဖြစ်သွားသည်။ 


ဖန်းချူသည် ယွိစစ်ကျဲ၏ လေးနက်သောအမူအရာကို ကြည့်လိုက်သည်။ တစ်ဖက်လူ လမ်းလျှောက်ဖို့ ပြောနေတာက သူနဲ့ ရင်ဆိုင်ရတော့မှာလား။ ကန်ထုတ်ခံရတာ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။ ငါကအရင်​​ ပြောရမယ့်​သူ ဖြစ်​သင့်တာ။ 


လှည့်မကြည့်ဘဲနှင့်ပင် ဖန်းချူ၏အကြည့်သည် သူ့နောက်ကျောပေါ်မှာ ရှိနေကြောင်း ပြောနိုင်သည်။


သူ အနည်းငယ် ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ သူက ​ပြဿနာတွေကို ဆွဲထုတ်ရတာ မကြိုက်ပေမယ့် ဒီလိုအခြေအနေမျိုးကိုတော့ ရိုးရိုးရှင်းရှင်း သန့်ရှင်းသပ်ရပ်စွာ မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ဖန်းချူ သူ့အပေါ်ထားရှိသော ချစ်ခင်မှုကို ယခင်က အသွင်အပြင်တွင်သာ ကန့်သတ်ထားခဲ့ပြီး ယခုအခါ ဂုဏ်သတင်းနဲ့ အဆင့်သတ်မှတ်ချက်တွင်သာ ကန့်သတ်ထားပါသည်။ ဤကဲ့သို့သော ချစ်ခင်မှုမျိုးတွင် တစ်စုံတစ်ရာ မှားယွင်းမှုမရှိကြောင်း သို့မဟုတ် ထိုကဲ့သို့သော ခံစားချက်များက စစ်မှန်သလား သူ မပြောနိုင်ပေ။


ရုပ်သွင်ပြင်၊ ငွေကြေး သို့မဟုတ် အာဏာရှိစေကာမူ ဤအရာများသည် လူတို့ကို အမြဲဆွဲဆောင်နိုင်သော အကြောင်းရင်းများသာ ဖြစ်သည်။ ဒါတွေကြောင့် တစ်စုံတစ်ယောက်ကို သဘောကျဖို့ဆိုတာ လူတွေအတွက် လုံးဝပုံမှန်ပါပဲ။ ဖန်းချူ နှစ်သက်သည့်အရာ အနည်းဆုံးတော့ သူ့မှာ ရှိခဲ့တာမို့ ကံကောင်းတယ်လို့ ခံစားရ၏။


သို့သော် ဤအဆင့်တွင်သာ ရှိနေသော ချစ်ခင်တွယ်တာမှုသည် နောက်ဆုံးတွင် အပေါ်ယံအနည်းငယ်သာ ဖြစ်ပြီး အနည်းငယ် နုနယ်လွန်းသည်။ သူတို့ နောက်ထပ်အရာများကို အတူတကွ ရင်ဆိုင်ရန် မလုံလောက်သေးချေ။ 


ဖန်းချူ သူ့လောကထဲကို ဝင်လာတာကို နောင်တရတဲ့အထိ စောင့်တာထက် အကွာအဝေးကို ထိန်းသိမ်းပြီး ချစ်ကြည်ရင်းနှီးစွာ လမ်းခွဲလိုက်တာက ပိုကောင်းပါသည်။


ဒီလိုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့ကို ရှာဖို့ ပြန်မလာခဲ့ခြင်းပဲ ဖြစ်သည်။ ထို့အပြင် ဖန်းချူကို သူတို့ဆန္ဒအတိုင်း သူ့ရေတွင်းထဲသို့ ဆွဲချခွင့် မပြုချင်ပေ။


ယွိစစ်ကျဲ သူ့နှုတ်ခမ်းတွေကို အနည်းငယ် ပွတ်လိုက်ပြီး နောက်ဆုံးတော့ သူ့နောက်က လူငယ်ကို လှည့်ကြည့်လိုက်သည်။


“မင်း…”


သို့သော် သူစကားတစ်ခွန်းမှ မပြောမီတွင် ဖန်းချူက ချက်ချင်းဆိုသလို ဟက်ဟက်ပက်ပက် ရယ်မောကာ ကျယ်လောင်စွာ နှောင့်ယှက်ခဲ့သည်။


"အတော်ပဲ... ငါလည်းမင်းကို ပြောစရာရှိတယ်!"


ယွိစစ်ကျဲ ခဏလောက် ငြိမ်သွားပြီး :"ဒါဆို မင်းအရင်ပြောပါ..." 


ဖန်ချူးသည် ယနေ့ လိမ္မာပါးနပ်သူ ဖြစ်​နေသောကြောင့် ယွိစစ်ကျဲကို ဦးစွာပြောရန် အခွင့်အရေးမပေးဘဲ သူပြင်ဆင်ထားပြီးသား စကားများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောချင်သည်။  


"ငါ မင်းကို ပြောပြချင်တယ်..."


"ဝုန်း ဝုန်း ဝုန်း ~~~~"


ရုတ်​တရက်​ မိုးခြိမ်းသံ​ကြောင့်​ တိမ်​ကင်းစင်​​သော ​ကောင်းကင်​ကြီးက ယခု မိုးရွာ​ချနေသည်​။


နှစ်ယောက်စလုံးမှာ ထီးမပါဘူး။


ယွိစစ်ကျဲ: "..."


ဖန်းချူ : "..."


လမ်းလျှောက်ချင်တယ်လို့ ဘယ်သူ ပြောတာလဲ။ အိမ်မှာပဲနေပြီး စကားတွေ ပြောနေလို့မရဘူးလား?


ယွိစစ်ကျဲသည် ဖန်းချူ၏ ရုတ်တရက် မကျေမနပ်ဖြစ်ပြီး ရင်ဖွင့်ချင်သော အကြည့်ကို ဆုံတွေ့ခဲ့ပြီးနောက် ထိုကောင်လေး ရယ်မောဟန်ဆောင်ကာ ဦးစွာ ဖြတ်ပြောသည်ကို သတိရကာ မရေမတွက်နိုင်သော မြှားများက သူ့နှလုံးသားကို ထိုးဖောက်သွားသည့်အလား ခံစားလိုက်ရသည်။ နှစ်ယောက်သား မိုးရေထဲတွင် ရွှဲနစ်နေသဖြင့် အေးစက်နေသော အအေးဓာတ်ကို ရုတ်ချည်း ခံစားလိုက်ရသည်။


သူ့အမူအရာက တကယ်ပဲ ဆိုးသွားတာလား။


ယွိစစ်ကျဲ သူ့ကိုယ်သူ သံသယဝင်လာသည်။ အကြင်နာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သော လူယုတ်မာတစ်ယောက်လို ခံစားရချိန်တွင် လူငယ်တစ်ဦးသည် မိုးရေဒဏ်မှ ကာကွယ်ရန် သူ့ကျောပိုးအိတ်ကို အသုံးပြုကာ ရှေ့ရှိသစ်ပင်တန်းလမ်းမှ ပြေးလာခဲ့သည်။ မိုးရေထဲမှာ တိတ်တိတ်ဆိတ်ဆိတ် နှစ်ယောက်သား ရပ်နေကြတာကိုမြင်တော့ သူက ခဏရပ်ပြီး လှမ်းပြောလာသည်။ 


"မင်းတို့ အဲဒီမှာပဲ ရပ်နေတော့မှာလား ငါ့နေရာကို လာပြီး မိုးခဏလောက် ခိုပါလား.."


မိုးရေထဲကထွက်တာထက် ပိုအရေးကြီးတာ မရှိပါဘူးကွာ။ နှုတ်ဆက်ရုံပဲမလား ကဗျာဆန်အောင် အခမ်းအနားလုပ်ဖို့ မရည်ရွယ်နေဘူး။


ဖန်းချူ ရာသီဥတုကို ငြီးတွားသော်လည်း မဆိုင်းမတွ ပြောလိုက်သည်။


"ကောင်းပြီ ကျေးဇူးတင်ပါတယ်" 


လူငယ်လေးသည် သူ၏ ချောမောသော အသွင်အပြင်ကြောင့် အနည်းငယ် ပြုံး​ပြလာသည်။ 


"လာ... အအေးမမိနဲ့"


ဖန်းချူ ခေါင်းညိတ်ပြပြီး လူငယ်လေးနောက်ကို လိုက်သွားပေမယ့် လှည့်ကြည့်လိုက်တော့ ယွိစစ်ကျဲက မိုးသည်းထန်စွာရွာနေတဲ့ ​နေရာမှာ ရပ်နေတုန်း။ ပြင်းထန်တဲ့ ရောင်ဝါတွေက ဖြာထွက်နေပြီး အေးစက်နေတဲ့ မျက်နှာထားက တင်းမာနေဆဲ။ ရှုပ်ထွေးတဲ့ အမူအရာနဲ့လည်း သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ 


"မိုး​ရေထဲက ထွက်​ပြီး ဝင်လာတော့လေ... မင်းအဲဒီမှာ ဘာလို့ရပ်နေတာလဲ"


ယွိစစ်ကျဲ : "..."


ထိုစကားကို ပြောပြီးနောက် ဖန်းချူ လူငယ်နောက်သို့ ပြေးဝင်ကာ အိမ်ထဲသို့ ပြေးဝင်ကာ လူငယ် သူ့ကိုပေးသော မျက်နှာသုတ်ပဝါဖြင့် မိုးရေတွေ သုတ်လိုက်တော့မှ နောက်ဆုံးတွင် အနည်းငယ် သက်သာလာခဲ့၏။


မကြာခင်မှာပင် ယွိစစ်ကျဲသည်လည်း စကားမပြောဘဲ တည်ငြိမ်သော ခြေလှမ်းများဖြင့် အနောက်မှ လှမ်းဝင်လာခဲ့သည်။


မိုးရေတွေက သူ့မျက်နှာ၊ လည်ပင်းနှင့် သူ့အဝတ်များထဲသို့ စီးကျလာ​​နေသော်လည်း သူသည် ဘာခံစားချက်မှ မရှိသလိုမျိုး အင်္ကျီကို အေးအေးဆေးဆေး ချွတ်ကာ ကြိုးကွင်းပေါ်တွင် တင်ထားလိုက်သည်။


ဖန်းချူ စိတ်ထဲ၌ : 'ဒီကောင်က ကြမ်းလိုက်တာ... ဒီရာသီဥတုမှာ မိုးက မင်းမျက်နှာကို ရေခဲတုံးတွေ ရိုက်သလိုမျိုး အရမ်းအေးနေတာ... သူ့ရုပ်ရည်ကိုသာ စိတ်ပူတတ်သူဆိုရင် အခုဆို ခုန်နေတဲ့ ငုံးတစ်ကောင်လို ကောက်ကွေးနေလောက်ပြီ'


ကံကောင်းထောက်မစွာပဲ လူငယ်လေးရဲ့အိမ်သည် အပူရှိန်ဖြင့် နွေးထွေးနေ၏။ 


ဒါပေါ့။ ဒီဗီလာရပ်ဝန်းက ယွိစစ်ကျဲတစ်ယောက်တည်း နေထိုင်သူ မဟုတ်ပါ။ ဝေးဝေးမလျှောက်ခဲ့ကြသဖြင့် သူတို့ကြားတွင် အိမ်အနည်းငယ် ရှိသည်။ ကောင်းမွန်သော သီးသန့်နေထိုင်ရာ အိမ်ကြီးသည် အဝေးတွင် ခြားထားပြီး ဥယျာဉ်များဖြင့် ဝန်းရံထားသည်။


ဤလူငယ်သည်လည်း ဤနေရာတွင် နေထိုင်ခဲ့ပုံရပြီး သူ့ကို သူတို့၏ အိမ်နီးချင်းအဖြစ် သတ်မှတ်နိုင်ပါသည်။ 


ဗီလာ၏ အပြင်အဆင်သည် ယွိစစ်ကျဲအိမ်နှင့် သိသိသာသာ ကွဲပြားပြီး အနုပညာအသွင်အပြင်ဖြင့် ပိုမိုနုပျိုကာ တက်ကြွသောလေထုကို ထုတ်ပေးပါသည်။ ပိုင်ရှင်က စတိုင်ကျပြီး သပ်ရပ်သော အသေးစိတ် အချက်အလက်များဖြင့် အတွင်းပိုင်း ဒီဇိုင်းကို သိသိသာသာ ကြိုးပမ်းအားထုတ်ခဲ့သည့် ခေတ်မှီဆန်းသစ်သော အနုပညာ လူငယ်တစ်ဦးဖြစ်ကြောင်း ထင်ရှားပါသည်။


ယွိစစ်ကျဲ၏ အိမ်ကြီးမှာ နွေးထွေးမှုမရှိ၊ အနုပညာလက်ရာ မရှိ၊ ကြွယ်ဝသော outsourcing ပုံစံ၊ အေးစက်ပြီး ကိုယ်ရေးကိုယ်တာမရှိသော၊ အိမ်ဆိုတဲ့ ခံစားချက်ပင် မရှိချေ။ 


လူငယ်က သူတို့နှစ်ယောက်အတွက် ဖိနပ်တစ်ရံစီ ယူလာကာ ပြုံးပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။  


"ငါ့နာမည် ချီကျန်း...."


ဖန်းချူသည် ယွိစစ်ကျဲ၏ ခြားနားသော သဘောသဘာဝကို သိတာကြောင့် အပြုံးလေးနဲ့ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ 


"ကျွန်​တော့်နာမည် ဖန်းချူပါ ဒါက ယွိစစ်ကျဲ" 


ချီကျန်း၏ မျက်လုံးများ အနည်းငယ် မှိန်သွားသည်။ 


"မင်းတို့ ဝင်ထိုင်ချင်လို့လား"


သူသည် အလွန်ချောမောပြီး သူ့အပြုံးက နွေးထွေးတယကြောင့် ချဉ်းကပ်ရလွယ်ကူပုံပါပဲ။ သူ့ပတ်ဝန်းကျင်ရှိ လူများကို စိတ်အေးလက်အေး သက်တောင့်သက်သာ ဖြစ်စေသည့် လေထုကိုလည်း အလိုလို ခံစားလာရ​စေသည်။


ဖန်းချူ မငြင်းပေ။ သူက ယွိစစ်ကျဲကိုပါ အထဲကို ဆွဲသွင်းလိုက်သည်။ အလျင်စလို လုပ်စရာမလိုပါဘူး။ နောက်မှ စကားပြောလို့လည်း ရသည်။ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ရုပ်မြင်သံကြားဖွင့်သံကို ကြားလိုက်ရသည်။ ဒီနေရာလေးက တကယ် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။


အခန်းထဲတွင် အခြားလူများလည်း ရှိနေ၏။


ကျက်သရေရှိသော သက်လတ်ပိုင်း စုံတွဲတစ်တွဲက ဆိုဖာအလယ်တွင် ထိုင်နေပါသည်။ အမျိုးသမီးသည် အဆင့်မြင့် စိတ်ကြိုက်လုပ်ထားသော ဒီဇိုင်နာ သိုးမွှေးဝတ်စုံ ဝတ်ဆင်ထားသည်။ သူမရင်ဘတ်တွင် ပုလဲရင်ထိုးနဲ့ သူမ၏ ပုခုံးထက်တွင် သပ်ရပ်စွာ စတိုင်လ်ကျနေသော ကောက်ကြောင်းများကို မြင်တွေ့နိုင်သည်။ သူမရဲ့ အလှအပ အသွင်အပြင်ကို မပျက်မကွက် ထိန်းသိမ်းထားကြောင်း သိသာတာကြောင့် သူမသည် ချမ်းသာသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ထင်ရှားပါသည်။


လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဆံပင်ကို နောက်သို့ ဖြီးထားကာ ဂုဏ်သိက္ခာရှိပြီး ခံ့ညားသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် အိမ်ထောင်ဦးစီးအဖြစ် သူ့အရှိန်အဝါကို ထုတ်လွှတ်နေ၏။ သူသည် လက်ရှိတွင် သတင်းစာဖတ်ရန် အလွန် စိတ်အားထက်သန်နေသည်။


အခုခေတ်မှာ သတင်းစာဖတ်တဲ့လူက ဘယ်လောက်ရှိ​တော့လို့လဲ။ 


ဒီလေထုကို အခြေခံပြီး ဖန်းချူသည် တစ်ဖက်လူကလည်း သာမန်လူ မဟုတ်ဘူးဆိုတာ သိလိုက်ပါသည်။ သူ့ဆီက သြဇာကြီးသော သူဌေး သို့မဟုတ် ခေါင်းဆောင်တစ်ဦး၏ အရိပ်အယောင်မျိုး ဖြာထွက်​နေခဲ့သည်။


ဆိုဖာ၏ တစ်ဖက်တွင် လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ထိုင်နေသည်။ တစ်ယောက်နဲ့တစ်ယောက် စကားမဖလှယ်ကြဘဲ ဖုန်းထဲအရာကိုသာ ကြည့်ရှုနေကြရာ သူတို့သည် စုံတွဲမဟုတ်၊ သူစိမ်းများပင်ဖြစ်နိုင်သည်။


ထိုလူငယ်သည် ပိန်လှီပြီး ဖြူဖျော့ဖျော့ အသားအရေရှိသော်လည်း သန့်ရှင်းသပ်ရပ်ကာ ချောမောသော တက္ကသိုလ်ကျောင်းသား ဖြစ်ဖွယ်ရှိသည်။


အမျိုးသမီးငယ်က ရှည်လျားဖြောင့်စင်းသော အနက်ရောင်ဆံပင်၊ လက်ရာမြောက်သောမိတ်ကပ်နှင့် ရင့်ကျက်သော ပုံစံရှိသော်လည်း သူမသည် အသက်ကြီးပုံမပေါ်​​သေးပေ။


ချီကျန်း : "ဖေဖေ မေမေ ဒါက ကျွန်​တော်တို့ရဲ့ အိမ်နီးချင်းတွေ.... ဖန်းချူနဲ့ ယွိစစ်ကျဲတဲ့" 


သခင်မချီက သူတို့ကို ပြုံးပြလာသည်။ သူမရဲ့ အသံက နူးညံ့ကာ အမြဲလိုလို ပြေပြစ်စွာ ပြောတတ်ပုံပါပဲ။ သူမက “မင်္ဂလာပါ” လို့ တိုးတိုးလေးနဲ့ အေးအေးဆေးဆေးလေး ပြောလာသည်။ 


သို့သော် လူကြီးမင်းချီကတော့ ပို၍ လျစ်လျူရှုထားသည်။ သူ ရိုးရိုးရှင်းရှင်း မော့ကြည့်လိုက်ပြီး "အင်း" ဟု ပျော့ပျောင်းစွာ အသံပြုလိုက်ပြီးနောက် သူ့သတင်းစာကို ဆက်ဖတ်​နေ၏။


ချီကျန်းက ပြုံးပြသည်။ 


"သူ့ကို စိတ်မဆိုးပါနဲ့ ငါ့အဖေက ဒီလိုပဲ" 


ထို့နောက် သူက ဆိုဖာပေါ်မှ ယောက်ျားနှင့်မိန်းကလေးကို မိတ်ဆက်ပေးသည်။


"ဒါက လင်ပိုင်...ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူ ဒီနေ့မှ အလည်လာတာ... ဒါက တင်းရွှယ် သူကတော့ ငါတို့နဲ့ ခဏလာနေတာ..." 


သူက တုံးရွှယ်ရဲ့ အထောက်အထားကို မဖော်ပြခဲ့ပေ။


ဖန်းချူသည် လူများပြည့်နေသော အခန်းကို ကြည့်လိုက်ပြီးနောက် ယွိစစ်ကျဲ အိမ်၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့် နှိုင်းယှဉ်ကာ အံ့အားသင့်စွာ သက်ပြင်းချလိုက်သည်။ 


"ငါက မင်းတစ်ယောက်တည်း နေတာလို့ ထင်နေတာ"


ချီကျန်း ပြုံးလိုက်သည်။


ယွိစစ်ကျဲ ဘာမှမပြောပေ။ နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ဖန်းချူသည် အပြင်မှ ရာသီဥတုကို တစ်ချက်ကြည့်လိုက်ပြီး မိုးရွာမည့်အချိန်ကို တွေး​တောနေ၏။ 


ဒါကို တွေးနေစဥ် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လင်ပိုင်ဆိုတဲ့ ကောင်လေးက ရုတ်တရက် လမ်းလျှောက်လာခဲ့သည်။ သူက ဖန်းချူအား ဖော်ရွေသော အပြုံးတစ်ခုပေးကာ အံ့အားသင့်မှုနှင့် ကြည်နူးမှု ရောနှောကာ သူ့ကိုကြည့်နေသည်။


ဖန်းချူမှာ လင်ပိုင်ရဲ့ အကြည့်ကြောင့် အနည်းငယ် စိတ်ရှုပ်သွားပြီး သူဘာလိုချင်နေတာလဲ သိချင်နေမိသည်။ သို့ဖြင့် မဝံ့မရဲ နှုတ်ဆက်လိုက်သည်။ 


"မင်္ဂလာပါ"


လင်ပိုင်က သူ့ပါးစပ်ကို ဖုံးအုပ်ရန် လက်မြှောက်လိုက်ပြီး ချောင်းဆိုးလိုက်သည်။ သူ့နှုတ်ခမ်းများက ဖြူဖျော့ပြီး သွေး​ရောင်ကင်းမဲ့နေကာ သူ့လက်သည်းခြေရင်းမှာ နီညိုပြာရောင် အဆင်းရှိသည်။ သူက အနည်းငယ် ရှက်ရွံ့စွာ ပြုံးပြီး ပြောလာ၏။ 


"အမ်... ငါ မင်းကို သိတယ်" 


ဖန်းချူသည် တစ်ဖက်လူမှာ မွေးရာပါ နှလုံးရောဂါ ရှိသလား ကိုယ့်ဘာသာကိုယ် တွေးနေတုန်း ရုတ်တရတ် ထိုစကားကြောင့် ပဟေဠိနဲ့ ပြန်မေးလိုက်သည်။ 


"မင်းငါ့ကို သိတာလား"


လင်ပိုင် ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေက တောက်ပနေသည်။ 


"မင်းရဲ့ တီဗီဒရာမာတွေကို ငါကြည့်ဖူးတယ်"


အလို! တကယ်ဆို သူက ငါ့ရဲ့ အမာခံတစ်ယောက်ပေါ့?


တိုက်ဆိုင်ချက်ပဲ!


ဖန်းချူအတွက်တော့ သူ့ကိုသိပြီး ကြင်နာမှုပြတဲ့သူတိုင်းဟာ လက်တွေ့ကျကျ ပရိတ်သတ်တစ်ယောက် ဖြစ်တာကြောင့် သူ သူတို့အပေါ် မယုံနိုင်လောက်အောင် ဖော်ရွေမိသည်။


"တကယ်လား?"


လင်ပိုင်က ခေါင်းညိတ်ပြသည်။ 


"လွှမ်းမိုးချုပ်ကိုင်နိုင်သောအစေခံ ဇာတ်ကားမှာ မင်းက ဇာတ်လိုက်ရဲ့ အစေခံအဖြစ် သရုပ်ဆောင်ခဲ့တယ်မလား... ဇာတ်ရုပ်က အထူးအဆန်း မဟုတ်ပေမယ့် မင်းရဲ့သရုပ်ဆောင်ချက်က တော်တော်ကောင်းတာ... အဟွတ် အဟွတ်..."


ဒီလိုဒရာမာမျိုး ကြည့်တဲ့အကြောင်း ပြောမိတဲ့အတွက် နည်းနည်း ရှက်သွားပုံရပြီး :“ငါတို့အတန်းထဲက မိန်းကလေးတွေက အဲဒီဒရာမာကို အရမ်းကြိုက်တယ် အဲဒါကြောင့် နည်းနည်းကြည့်ဖူးတယ်”


ဖန်းချူ ဘယ်သူ့ကိုမှ မလှောင်ပြောင်ပါဘူး။ သူ့ပရိသတ်တိုင်းကို သူ ချစ်သည်။ သူတို့နှစ်ယောက် ဒီနေ့ပဲ ဆုံတွေ့ခဲ့ကြပေမယ့် အချိန်အကြာကြီး တစ်ယောက်ကိုတစ်ယောက် သိလာရသလို ခံစားခဲ့ရပြီး တစ်ယောက်ယောက်က သူ့ကို အသိအမှတ်ပြုတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့ပါ၏။


ဖန်းချူ၏ မျက်လုံးများ တောက်ပလာကာ လင်ပိုင်နှင့် တက်ကြွစွာ ဆွေးနွေးမှုတစ်ခု စတင်ခဲ့ပြီး သူ့အတန်းထဲက ကောင်မလေးတွေက သူ့အပေါ် ဘယ်လိုထင်လဲလို့ မေးမိသည်။ သူတို့က အရမ်းချောတဲ့ အစေခံကို သတိထားမိတယ်တဲ့လား။ 


ယွိစစ်ကျဲသည် နံဘေးတွင်ထိုင်ကာ သုံးမိနစ်ခန့် စောင့်ကြည့်ပြီးနောက် ခေါင်းကို လှည့်သွားသည်။ သူ့ရင်ဘတ်ထဲတွင် အနည်းငယ် တင်းတင်းကျပ်ကျပ် ဖြစ်သွားသလို ခံစားလိုက်ရသည်။


ပရိသတ်နဲ့ စကားပြောရင်းပဲ အချိန်က ကုန်သွားရာ မျက်စိတစ်မှိတ် အတွင်းမှာပဲ နာရီဝက် ကြာသွားသည်။ 


ထိုစဥ် ချီကျန်းက အပြုံးတစ်ခုနဲ့ အတွင်းခန်းထဲက ထွက်လာသည်။ 


"မိုးရွာတာ မရပ်သေးဘူး မင်းတို့ ဘာလို့ ငါတို့အိမ်မှာ ညစာ မစားတာလဲ"


ဖန်းချူသည် လင်ပိုင်နဲ့ စကားပြော​နေခြင်းအား အဆုံးသတ်လိုက်သည်။ သူသည် မိုးခိုဖို့သာ လာခဲ့သော်လည်း ယခုအခါတွင် ညစာစားရန် ဖိတ်ခေါ်ခံရခြင်းအတွက် အနည်းငယ် ရှက်ရွံ့နေသည်။ အထူးသဖြင့် ဒီတွေ့ဆုံမှုက ပထမဆုံးနေ့သာ ဖြစ်တာကြောင့် သူ အနည်းငယ် ရှက်သွားသည်။ 


သခင်မချီသည် ဖန်းချူ၏ တုံ့ဆိုင်း​နေမှုကို သတိပြုမိပြီး ပြုံးပြလိုက်သည်။ 


"ဟုတ်သားပဲ...မင်းတို့အားလုံး ညစာအတူတူ စားကြလေ... ရှောင်ကျန်းလည်း ဒီမှာပဲနေမှာ... နောင်မှာ မင်းတို့သူ့ကို ကောင်းကောင်း ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"


ကြော့ရှင်းပြီး သန့်စင်သော သခင်မချီကို မျက်နှာမူလိုက်ရတဲ့အခါ ဖန်းချူရဲ့ မသိစိတ်က ပိုနာခံလာပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။


"ဒါ အပြန်အလှန် ဂရုစိုက်မှုပါပဲ..." 


မျှော်လင့်မထားသော ဖိတ်​ခေါ်မှုကြောင့် လုံးလုံးလျားလျား လွှမ်းမိုးခံလိုက်ရသော်လည်း ယွိစစ်ကျဲ စကားတစ်ခွန်းမှ မပြောလိုခဲ့ပေ။


လင်ပိုင်ကလည်း ဖန်းချူကို ပြုံးပြလိုက်သည်။ 


"ဒီနေ့ တွေ့ရတာ ဝမ်းသာပါတယ်... တခြားဘာကိစ္စမှ မရှိဘူးဆိုရင် ကျေးဇူးပြုပြီး မိုးရွာတာ ရပ်တဲ့အထိ စောင့်ပါလား... မိုးက ခဏနေလောက်အထိတော့ ရပ်ဦးမှာ မဟုတ်ဘူး"


ပရိသတ်တစ်ဦးရဲ့ ဖိတ်ကြားချက်ကြောင့် ဖန်းချူ ငြင်းဆန်၍မရတော့ပေ။ သူ စိတ်တစ်ဝက်တစ်ပျက်နဲ့ ငြင်းဆိုမယ့်အစား ဝမ်းသာအားရ သဘောတူခဲ့သည်။


ယွိစစ်ကျဲ : "..."


သို့နှင့် ကျယ်ဝန်းသော ထမင်းစားခန်းသို့ ရောက်ရှိလာကြသည်။ စားပွဲပေါ်တွင် ထူးထူးခြားခြား ဟင်းပွဲများကို ပြင်ဆင်ထားကာ ချီကျန်းက သူတို့ကို နေရာချပေး၏။ 


အသက်သုံးဆယ်ကျော်အရွယ် မိတ်ကပ်ပါးပါးလေး ပြင်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အေပရွန်နှင့်အတူ မီးဖိုချောင်မှ ထွက်လာခဲ့သည်။ သူမသည် စွဲဆောင်မှုရှိသော အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး လူကြီးမင်းချီနှင့် သခင်မချီကို လေးလေးစားစား နှုတ်ဆက်လေ၏။ 


"လူကြီးမင်း.... သခင်မ...ထမင်းစားကြတော့မလား"


သခင်မချီက သူမကို ပြုံးပြီး :"ဟုတ်တယ် ဒီနေ့ ဧည့်သည်တွေလည်း ရှိတယ် နောက်ထပ် ပန်းကန်နဲ့ တူတွေ ယူလာပေးပါဦး"


အမျိုးသမီးက အထဲကို အမြန်ဝင်သွားပြီး ပြင်ဆင်တော့သည်။ အဲဒီအချိန်မှာပဲ တိတ်တိတ်လေး ဖုန်းဆော့နေတဲ့ တင်းရွှယ်က မတ်တပ်ထရပ်လာကာ။ 


"အမေ တစ်နေကုန် အလုပ်ရှုပ်နေတာ... ထိုင်ဦး... သမီး ပြင်ပေးလိုက်မယ်"


ဖန်းချူ အနည်းငယ် အံ့သြသွားသည်။ သူမက တင်းရွှယ်၏မိခင် ဖြစ်နေ၏။ တင်းရုံက မငြင်းပါဘူး။ ဖန်းချူကိုတောင် ပြုံးပြပြီး စားပွဲမှာ ဝင်ထိုင်လိုက်သေးသည်။ 


သခင်မချီ: "တင်းရုံက ငါ့ဝမ်းကွဲညီမ... တင်းရွှယ်ရဲ့အမေ.... ငါနေမကောင်းလို့ သူက ငါ့ကို ပြုစုစောင့်ရှောက်ဖို့ လာကူညီပေးတာလေ..."


ဖန်းချူ - "အိုး"


ဒီတော့ သူတို့က ဆွေမျိုးတွေပေါ့။ အိမ်ဖော်မဟုတ်ဘူး။


မကြာခင်မှာပဲ တင်းရွှယ်က ပန်းကန်တွေ၊ တူတွေကို ယူလာခဲ့သည်။ အားလုံးထမင်းစားခါနီးတွင် ဝတ်ကောင်းစားလှ ဝတ်ထားသော လူငယ်လေးတစ်ယောက် အပေါ်ထပ်မှ ဆင်းလာသည်။ သူသည် ဝတ်စုံပြည့်ကို ၀တ်ဆင်ထားပြီး ရွှေရောင်မျက်မှန်တပ်ထားကာ သူ့မျက်နှာမှာ "အထက်တန်းစား" ဟု လက်တွေ့ကျကျ ရေးထားခဲ့သည်။ လမ်းလျှောက်ရင်း ဖုန်းကို ဖယ်လိုက်ပြီး ဖုန်းချလိုက်ရုံပုံပါပဲ။


ဒါကိုမြင်တော့ လူကြီးမင်းချီက အသံနက်ကြီးနဲ့ ပြောလာသည်။ 


"ထိုင်... ငါတို့မင်းကိုစောင့်နေတာ" 


ချီကျန်း: "ဒါက ဟားဗတ်ဘွဲ့ရ ချန်ကျား... ငါ့အဖေရဲ့ ယုံကြည်ရဆုံးနဲ့ စွမ်းရည်အရှိဆုံး လက်ထောက်ပေါ့... အစ်ကိုချန်ကျား ဒါက ဖန်းချူနဲ့ ယွိစစ်ကျဲ ကျွန်တော်တို့ အိမ်နီးချင်းတွေပဲ"


ချန်ကျားက လမ်းလျှောက်လာပြီး သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ရင်း သင့်လျော်တဲ့ အပြုံးလေးနဲ့ ပြောလာသည်။ 


"မင်းတို့ကို တွေ့ရတာ ဝမ်းသာပါတယ်" 


လူကြီးမင်းချီသည် စားပွဲ၏ထိပ်တွင် ထိုင်ကာ တင်းမာသော အမူအရာဖြင့် ညစာစတင် စားနိုင်ကြောင်း ကြေငြာလိုက်သည်။ သခင်မချီနှင့် ချီကျန်းက လူကြီးမင်းချီ၏ ဘယ်ဘက်တွင် ထိုင်ကြပြီး နောက်တွင် ယွိစစ်ကျဲနှင့် ဖန်းချူတို့ ပါဝင်သည်။


ချန်ကျားသည် သခင်ကြီးချီ၏ ညာဘက်တွင် ထိုင်နေပြီး သူ့အနား၌ တင်းရုံ၊ တင်းရွှယ်နှင့် လင်ပိုင်တို့ ဖြစ်သည်။


မိသားစုဝင်အားလုံး တိတ်ဆိတ်စွာ စားသောက်ပြီး အလွန်ယဉ်ကျေးသောပုံ ပေါက်သည်။ ရံဖန်ရံခါ သူတို့ပတ်ဝန်းကျင်က လူတွေနဲ့ စကားပြောတဲ့အခါတောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အသံတွေထွက်လေ၏။ ဖန်းချူ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော လင်ပိုင်သည် သူ့ကို ရွှတ်နောက်နောက် မှိတ်ပြကာ ညစာစားပြီးနောက် စကားစမြည် ဆက်ပြောနေမည် ဖြစ်ကြောင်း အချက်ပြ​နေသည်။


ဖန်းချူ တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။ ထိုအခိုက် သူ အစအဆုံး လျစ်လျူရှုထားခဲ့သော ယွိစစ်ကျဲကို သတိရကာ သူ့ကို အပြစ်ရှိစွာ စိုက်ကြည့်လိုက်သည်။


ထိုလူက တိတ်ဆိတ်နေပြီး သူ့အမူအရာကလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။ အမှန်တော့ မိုးသည်းထန်စွာ မရွာသွန်းဘဲ သူ့ကို မနှောက်ယှက်ဘူးဆိုရင်တော့ ယွိစစ်ကျဲရှေ့မှာ သူ ထွက်သွားမယ်လို့ ပြောထွက်ပြီးသား ဖြစ်နိုင်ပါ၏။ 


အနှောက်အယှက် ဖြစ်သော်ငြားလည်း အစားအသောက် ပြီးသွားရင် ရင်ဆိုင်လို့ရသေးသည်။


ဖန်းချူ အဝေးကို ငေးစိုက်ကြည့်ရင်း ပန်းကန်လုံးအောက်ခြေတွင် သူ့ခြေချောင်းများကို ညင်သာစွာ ပွတ်သပ်နေမိသည်။ မကြာသေးမီက တွေ့ဆုံမှု၊ ပြန်လည်ဆုံဆည်းမှုက အိပ်မက်တစ်ခုလိုပဲ ခံစားခဲ့ရသည်။ ပြီး​တော့ အိမ်​မက်​​တွေ ပြီးသွား​ရင် အဖြစ်​မှန်​တွေ ပြန်​လာတတ်လေ၏။ 


နောင်တရစရာတွေ ရှိခဲ့ပေမယ့် ဒါဟာ သဘာဝအတိုင်း တိုးတက်မှုလို့ ဆိုနိုင်ပါသည်။


ဒါသူတို့ရဲ့ နောက်ဆုံးညစာ ဖြစ်သွားနိုင်မလားလို့တောင် အံ့သြနေမိတယ် ဟားဟားဟား။


"ဝုန်း"


ဖန်းချူ ဗြုန်းကနဲ မော့ကြည့်လိုက်တော့ ထိပ်တွင် ထိုင်နေသော လူကြီးမင်းချီသည် သူ့ရှေ့က စားပွဲပေါ်သို့ ရုတ်တရက် ပြိုကျလာကာ မလှုပ်မယှက် ဖြစ်သွားသည်။ ရုတ်ချည်းဆိုသလို စားပွဲအစွန်းမှ သွေးများ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။


သောက်ကျိုးနည်း!!!


အစ်ကိုကြီး...ကျနော်က နောက်နေတာပါ ခင်ဗျားကို ကျိန်ဆဲတာမဟုတ်ပါဘူး!!!