Chapter (18)
Viewers 1k

Chapter (18)

စူးစမ်းလေ့လာမှု



ချိုင်ရှင်း ရှက်ရွံ့ကာ သူ့စကားများကို ပြန်ရုတ်သိမ်းချင်သော်လည်း အချိန်နှောင်းသွားသည်ကို သိလိုက်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ စွန့်လွှတ်လိုက်သည်။


အဲဒီမနက်မှာ ဥက္ကဌလော်က သူ့ကို ဘာပြောခဲ့လဲ။


သူသည် ကုမ္ပဏီရောက်သည်နှင့် လော်ကျင့်ယိ ရှိရာသို့ ပြေးသွားခဲ့သည်။ ဥက္ကဌလော်က ဖန်းချူဟာ သူ့ရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လားလို့ အရင်မေးခဲ့ပြီး အဲဒီလူငယ်က အရမ်းတော်တယ်၊ အလားအလာရှိတဲ့ အရည်အချင်းတွေနဲ့ဖြစ်လို့ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို ဒီလိုထူးချွန်တဲ့ လူငယ်အနုပညာရှင်တွေကို ခွဲဝေပေးသင့်တယ်လို့ ပြောလာခဲ့သည်။ သူက ဖန်းချူကို ပြုစုပျိုးထောင်ဖို့ ပြောပြီး အခက်အခဲတစ်ခုခုကြုံလာရင် သူ့ဆီလာဖို့ တွန့်ဆုတ်မနေဖို့လည်း မှာခဲ့၏။ 


ချိုင်ရှင်း လုံးဝ အံသြသွားခဲ့သည်။ ဖန်းချူရဲ့ မိသားစုသမိုင်းကို သူ ကောင်းကောင်းသိသည်။ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါ။ လော်ကျင့်ယိများ စိတ်လွတ်သွားတာလား။ ဒါပေမယ့် ပိုလို့တောင် ကြောက်စရာကောင်းတာက ဒါတွေ မဟုတ်သေးချေ။ 


မထွက်ခင်မှာ ဥက္ကဌလော်က သူ့ကို နောက်ထပ် ညွှန်ကြားချက် တချို့ပေးဖို့ ပြန်လှည့်လာပြီး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်အနေနဲ့ အနုပညာရှင်ရဲ့ အကျိုးစီးပွားနဲ့ စိတ်ကူးတွေကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ပြောသွားခဲ့​လေ​ခြင်းပင်။ ကိစ္စတွေကို အတင်းအကြပ် မလုပ်သင့်ဘဲ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ သီချင်းဆိုခြင်းနဲ့ ရှိုး မျိုးစုံတွေပဲဖြစ်ဖြစ် သူတို့ရဲ့ အားသာချက်နဲ့ စိတ်ဝင်စားမှုတွေကို အာရုံစိုက်​ပေးဖို့ အလေးပေး ပြောသွားသည်။ 


ဖန်းချူ၏ ကိုယ်ရေးကိုယ်တာ အကြိုက်များကို ဦးစွာနားလည်ရန်၊ သူ့လေ့ကျင့်မှုကို လိုက်လျောညီထွေ ဖြစ်စေရန် အကြံပေးခဲ့သည်။ အမှန်တကယ် ဆိုလိုသည်မှာ ဖန်းချူဟာ ကုမ္ပဏီရဲ့ အရင်းအမြစ် အားလုံးကို ရွေးချယ်နိုင်သည်။


ဒါက ပေါက်ပွဲမှုတစ်ခုပင်။ မှန်ကန်သောလေ့ကျင့်မှု ဆိုတဲ့ တာဝန်အပေါ် ချိုင်ရှင်းကို လွှမ်းခြုံထားပြီး ယခု အရင်းအမြစ်များကို ရွေးချယ်ရန် လွတ်လွတ်လပ်လပ် အုပ်ထိန်းခွင့် ပေးထားကြောင်း သိရမည်။ ဒါက တကယ်ကို ဘယ်သူမှ မခံစားနိုင်တဲ့ အဆင့်၁၈ ကြယ်ပွင့်အတွက် ကုသမှုပဲလား။ ဒါက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးလို ပထမဆုံးအကြိမ်အဖြစ် တွေ့ကြုံခံစားရတော့မှာလား။ 


ဤကဲ့သို့သော အရင်းအမြစ်များဖြင့် ဝက်တစ်ကောင်ပင် ကျော်ကြားလာနိုင်သည်။


သူ အိပ်မက်မက်နေတာပဲ ​​ဖြစ်ရမည်။ ထိုအချိန်က သူ အတွေးပျောက်နေစဉ် မှန်တံခါးကို ဝင်တိုက်မိမှသာ သူ့ကိုယ်သူ လက်တွေ့ဘဝသို့ ပြန်ဆွဲထုတ်နိုင်လိုက်သည်။


သူ့အမှတ်တရ စကားအဆုံးတွင် ချိုင်ရှင်း သူ့ဖုန်းကို ငုံ့ကြည့်ရင်း စိတ်ထဲမှာ မေးခွန်းပေါင်းထောင်ချီ လှုပ်ယမ်းနေသည်။ ဖန်းချူမှာ တကယ်ချမ်းသာတဲ့ ရည်းစားဟောင်းနဲ့ ရှိမရှိ၊ ဥက္ကဌလော်နဲ့တောင် ပတ်သက်မှုရှိမရှိ သူသိချင်နေပါ​ပြီ။ ဒါ​ပေမယ့်​ ဒါတွေအားလုံးက ဖန်းချူ ပြီးခဲ့တဲ့ Group chat မှာ ​ပြောခဲ့ဖူးတဲ့ အရာ​တွေဖြစ်​ပြီး သူက ငြင်းဆန်​ပစ်ခဲ့သည်သာ။ အကယ်၍ သူ ထပ်မေးလိုက်ပါက ဖန်းချူ၏ တုံ့ပြန်မှုက သူ့ကျောရိုးကိုပါ အေးစိမ့်သွားစေ​လောက်သည်။ 


မဟုတ်ဘူး၊ စိတ်အေးအေးထား။


ထိတ်လန့်ကြောက်ရွံ့တာတွေ မဖြစ်​စေနဲ့။


ဥက္ကဌလော်ရဲ့ ညွှန်ကြားချက်ကို သတိရသွားတဲ့အခါ ချိုင်ရှင်း သူ့ရဲ့ အတွင်းစိတ်က ရုန်းရင်းဆန်ခတ်​ဖြစ်မှုကို ထိန်းထားပြီး ပြောလိုက်သည်။ 


"မင်း ဒီဇာတ်ကားကို နောက်ဆုံးအကြိမ် ရိုက်ကူးပြီးသွားပြီ မဟုတ်လား... နောက်တစ်ခု ထပ်ရိုက်ချင်စိတ် ရှိသေးလား?"


ချိုင်ရှင်းရဲ့ အားပေးမှုကြောင့် ဖန်းချူလည်း အလွန်ဝမ်းသာသွားပြီး: "ကျွန်​တော့်ရဲ့ ရှဲ့ယန်နဲ့ သရုပ်ဆောင်ချင်တယ်!!! *စိတ်လှုပ်ရှားနေသော emoji*"


ချိုင်ရှင်း : "…"


ရှောင်းခယ်နှင့် လုမင်ရှီးတို့သည် ဤအိပ်မက်ဆိုးစကားဝိုင်းတွင် မပါဝင်ချင်တာကြောင့် နှစ်ယောက်လုံး သေသွားဟန်ဆောင်ကြသည်။


ရှဲ့ယန်သည် ယနေ့ခေတ် ဖျော်ဖြေရေးနယ်ပယ်တွင် လူကြိုက်အများဆုံး အမျိုးသားသရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်သည်။ အရည်အချင်းရှိပြီး ရုပ်ရည်ကောင်းမွန်ကာ အကောင်းဆုံး ဇာတ်ဆောင်ဆုကို ပြည်တွင်းရော နိုင်ငံတကာမှာပါ ဆုပေါင်းများစွာ ရရှိထားသူ။ သူ့အဆင့်အတန်းက မယုံနိုင်လောက်အောင်မြင့်မားသည်။ သူက ဖျော်ဖြေရေးပိရမစ်ရဲ့ ထိပ်မှာ ရပ်နေသူလည်း ဖြစ်၏။ 


ဘတ်ဂျက်ကြီးကြီးမားမား သို့မဟုတ် မြင့်မားသော အနုပညာရုပ်ရှင်များကိုသာ လက်ခံပြီး ရုပ်မြင်သံကြား ဒရာမာများတွင်ပင် သရုပ်ဆောင်ခဲသည်။ သူ့ပရိသတ်များက ကမ္ဘာကို လှည့်ပတ်နိုင်သည်။ သူက ထိပ်တန်းအဆင့် နာမည်ကြီး တစ်ယောက်ဆိုတာ သေချာလေရာ သူနဲ့တကယ် သရုပ်ဆောင်ချင်ရင်တော့ ဇာတ်ရံတစ်ယောက်အနေနဲ့ မင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။ 


တကယ်တမ်း သူ့မှာ ကိုယ့်ကိုယ်ကိုယ် အသိတရားလည်း မရှိဘူးလားမသိ။


မင်း သူ့အပေါ် ဘာမျှော်လင့်ချက်မှ မထားခဲ့သင့်ဘူး။


ချိုင်ရှင်း အခြေအနေကို ကယ်တင်ဖို့ ကြိုးစားပြီး အရိပ်အမြွက် ပြောလိုက်သည်။ 


"ဒါကို ပြန်စဉ်းစားပါ... ငါ အလေးအနက် ပြောနေတာ..."  


ဖန်းချူ : "ကျွန်တော်လည်း လေးနက်ပါတယ်! တစ်နေ့နေ့ကျရင် ရှဲ့ယန်နဲ့ သရုပ်ဆောင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်.... စိတ်ကူးယဉ် IP အကြီးကြီး ဇာတ်ကားတစ်ကားပဲ မဟုတ်ဘူးလား။ အိုး! အိုကေ... ကျနော် သိပါတယ် အခု ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါပေမယ့် အိပ်မက်တွေ ရှိသေးတယ် မဟုတ်လား... ကျနော့်အတွက် တခြားအလုပ်တစ်ခု လုပ်​ပေးပါ့လား ရပါတယ် ကျနော်အစ်ကို့ကို ယုံကြည်တယ်"


သူ့ဖုန်းပေါ်တွင် စာရိုက်ပို့တာက ယခုအချိန်တွင် ချိုင်ရှင်း၏ စိတ်ပျက်အားငယ်မှုကို မဖော်ပြနိုင်ပေ။ 


“ဒါအပြင် မင်းမှာ တခြားအကြံဉာဏ်တွေ မရှိဘူးလား” 


သူ အရူးအမူး အရိပ်အမြွက် ဆက်ပြော​လေသည်။


ဖန်းချူ - "ကျွန်တော် စကားမပြောချင်တော့ဘူး။ ရည်းစားဟောင်းရဲ့ နှလုံးသားကို ဘယ်လိုပြန်ရမလဲဆိုတာ ပြန်စဉ်းစားဖို့ လိုနေသေးတယ်"


ထို့နောက် သေချာသည်မှာ သူ စကားမပြောတော့ဘဲ ဂရုချတ်မှ ပျောက်ကွယ်သွားခဲ့သည်။


ချိုင်ရှင်း : "..."


ဖန်းချူ၏ စကားကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အခက်တွေ့နေရ၏။ ဥက္ကဌလော်ရဲ့ ညွှန်ကြားချက်ကို သတိရသောအခါ သူ့ပခုံးပေါ်က အလေးချိန်ကိုလည်း ခံစားမိလိုက်သည်။ ဖန်းချူသာ အတွေးတွေကို တိုက်ရိုက်ပြောပြရင် သူ နေရာမှာတင် သေသွားမလား မသိချေ။


………………


ဖန်းချူလည်း သူ့ကိုယ်သူ တွေးကြည့်နေခဲ့သည်။ အခု သူ ဒီလောက် အဆင်ပြေတဲ့ အနေအထား ရောက်နေပြီ။ ယွိစစ်ကျဲရဲ့ နှလုံးသားကို အနိုင်ယူဖို့ ဘယ်လိုမှ အခွင့်အရေး မရနိုင်သေးချေ။


အဲဒီညက အံ့သြစရာကောင်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့သည်။ 


ယွိစစ်ကျဲရဲ့ ဆေးက အလွန်ထိရောက်သည်။ သူ့ခါးမှာ ဒဏ်ရာက ကျက်လုနီးပါး ဖြစ်နေပါပြီ။ ပိုကောင်းလာပြီး ကောင်းကောင်းစားနေရတာမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသလို ဖန်းချူ အားအင်တွေပြည့်လာကာ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုတည်ဆောက် ရမလဲဆိုတာကို တွေးစပြုလာပါ၏။ အမှန်အတိုင်း ပြောရလျှင် သူနှင့်လမ်းခွဲပြီးနောက် နောင်တရမှု တချို့ရှိခဲ့သည်။ သို့သော် ထိုအချိန်က သူ့ကိုပြန်အနိုင်ယူဖို့ သတ္တိမရှိခဲ့ဘဲ ခေါင်းကို သဲထဲတွင်သာ မြှုပ်ပြီး အရှုံးပေးဖို့ ရွေးချယ်ခဲ့သည်။


သို့သော် ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ပြီးနောက် ယွိစစ်ကျဲ အဘယ်ကြောင့် သူ့ကို တမင်ရှောင်နေသလဲ မသိတဲ့ ခံစားချက်က ဝင်လာသည်။ ဒါပေမယ့် သူ ဟိုအရင်ရက်က ညစာစားဖို့ ပြန်လာခဲ့တာပဲ မဟုတ်ဘူးလား။ သူဘာလို့ ရုတ်​တရက်​ ​အေးစက်​သွားတာလဲ။


သူ့အခွင့်အရေးကို ရက်အတော်ကြာအောင် လွတ်သွားပြီးနောက် ဖန်းချူသည် ယွိစစ်ကျဲ သဘောထားကို မသေချာတော့ချေ။ သူသည် အမှန်တကယ်ပင် မှန်းဆ၍မရသော အပူအအေး ဒွန်တွဲနေသူလိုပင်။ ဖန်းချူမျက်လုံးများ လှည့်ပတ်သွားကာ နောက်ဆုံးတော့ အစီအစဉ်တစ်ခု ပေါ်လာသည်။


………………


ယွိစစ်ကျဲ သည် ဖန်းချူကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရှောင်နေခဲ့သည်။ ဖန်းချူနှင့် ဆက်ဆံရတဲ့အခါတိုင်း တည်ငြိမ်မှု ပျောက်ဆုံးသွားကြောင့် သူ အလွယ်တကူ နားလည်လာသည်။ တည်ငြိမ်မှုပျောက်ဆုံးကာ ရယ်စရာကောင်းသော အရာများကို ပြုလုပ်ခဲ့သည့် သူ့ပုံစံကို မကြိုက်ပေ။


ဒါ မဖြစ်သင့်ဘူး။


ဖန်းချူကို လျစ်လျူရှုထားရင် မျှော်လင့်ချက်မရှိတော့တဲ့ အတွက် ရက်အနည်းငယ်ကြာရင် သူ့ဘာသာသူ ထွက်သွားလိမ့်မယ်လို့ ထင်ခဲ့သည်။


ဒါက ယွိစစ်ကျဲ မျှော်လင့်ခဲ့တာပင်။ ဖန်းချူကို ထွက်သွားဖို့ ပြောဖို့ သူ့ကိုယ်တိုင် မနှင်နိုင်ချေ။ ရလဒ်ကို အတည်ပြုဖို့ ဖန်းချူရှိနေမလားဆိုတာ သိလိုတဲ့ ဆန္ဒကို မထိန်းချုပ်နိုင်တာကြောင့် ပြန်မလာဘဲ မနေနိုင်တော့ပါဘူး။ သူ လက်မလွှတ်ချင်ဘူး၊ သူ့ဘဝထဲ ပြန်ဝင်လာခဲ့တဲ့ ဒီလူကို နောက်တစ်ခါ မထားခဲ့ချင်​တော့ဘူး။


ထို့ကြောင့် ညတိုင်းညတိုင်း အိမ်ပြန်နောက်ကျသော်လည်း ဖန်းချူနှင့် မတွေ့ဆုံမိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။


ရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရာ သူထင်ထားသလိုပါပဲ။ ဒါပေမယ့် တစ်ဖက်က တွေ့ဆုံဖို့ တောင်းဆိုတဲ့အခါ ဒီအစီအစဉ်ဟာ အဓိပ္ပာယ်မဲ့သွားခဲ့လေသည်။ 


ညနေပိုင်း။


ချမ်းအေးသော ည၏အေးစက်မှု​အောက်တွင် ယွိစစ်ကျဲသည် လေးလံသော တံခါးကို တွန်းဖွင့်လိုက်သော်လည်း သာမာန်အမှောင်နှင့် အထီးကျန်နေမည့်အစား နူးညံ့နွေးထွေးသော အဝါရောင် အလင်းတန်းများက သူ့ကိုကြိုဆို​နေသည်။ အဖြူရောင်ရေချိုးဝတ်စုံဝတ်ထားသည့် လူငယ်တစ်ဦးက ဆိုဖာပေါ်တွင် လှုပ်လှုပ်ရွရွ ထိုင်နေပြီး ခြေထောက်တစ်ဖက်ကို ဆန့်တန်း၍ ကျန်တစ်ဖက်မှာ ၎င်းဘေးတွင် တွဲလျက် ရှိနေသည်။ ဖြူစင်သော အသားအရည်နှင့် ချောမွေ့သော ခြေကျင်းဝတ်များက ပျော့ပျောင်းသော အလင်းရောင်တွင် ပုလဲများကဲ့သို့ တောက်ပနေသည်။


ခြေတစ်လှမ်း လှမ်းလိုက်စဥ် စိတ်ညှို့ဓာတ်နဲ့ ထိ​တွေ့မိလိုက်သလိုမျိုး တစ်ယောက်ယောက် သူ့ကို ဖမ်းဆွဲထားပြီး မလှုပ်ဖို့ ရပ်တန့်ပစ်​စေချင်ခဲ့သည်။ 


ယွိစစ်ကျဲ၏ အကြည့်များ တခဏမျှ တုန်လှုပ်သွားသည်။ ထို့နောက် မမြင်ချင်ယောင်ဆောင်ကာ ခေါင်းကိုလှည့်ကာ ကျော်ဖြတ်သွားခဲ့သည်။


ဖန်းချူကလည်း ယွိစစ်ကျဲ ပြန်လာမယ့်အချိန်ကို တမင်တကာ စောင့်မျှော်နေခဲ့တာပင်။ သူပေါ်လာတာကို မြင်တာနဲ့ အမြန်အော်လိုက်ရာ သူ့အသံက ကြည်လင်ပြီး ကြည်နူးနေတဲ့ အငွေ့အသက်တွေတောင် လွှမ်းနေသေးသည်။ 


"ဟေ့ ခဏနေဦး..."


ယွိစစ်ကျဲ မတုန်မလှုပ်သာ။ တည်ငြိမ် အစွမ်းထက်သော ခြေလှမ်းများသည် ဖန်းချူ၏ စကားကြောင့် အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ပေ။


ဖန်းချူ ရက်ပေါင်းများစွာ စောင့်ခဲ့ရသော်လည်း ယွိစစ်ကျဲကို ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။ သူ့ကို ရှောင်နေတာလို့ သံသယဝင်နေခဲ့တာက အခုတော့ လုံးဝ အတည်ပြုလိုက်ပါပြီ။ ယွိစစ်ကျဲ သေချာပေါက် သူ့ကို ရှောင်နေခဲ့သည်။ သူ့ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားခဲ့သည်။ 


ဖန်းချူ ဒေါသနှင့် ဝမ်းနည်းသွားသည်။ ငါ့ကို လုံးဝမကြိုက်ရင် ငါ့ကိုဘာလို့ ပြန်ခေါ်လာတာလဲ၊ မင်းမကြိုက်ရင် ငါ့ကိုဘာလို့ ထားမသွားတာလဲ....ဒါမှမဟုတ် 'ထွက်သွား' လို့တောင် ပြောချင်စိတ်မရှိဘူးလား။ 


အဲဒီတုန်းက…


ဖန်းချူ နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် နာကျင်သော အမူအရာ ပေါ်လာသည်။ သူမ ဆိုဖာပေါ် ငုံ့ကာ ညည်းညူသံလေး ထွက်လာရာ ယွိစစ်ကျဲ နောက်ဆုံးတွင် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။


လူငယ်လေးက ခေါင်းကို ငုံ့ထားပြီး နာကျင်နေသည့် လက်ဖြင့် ဆိုဖာကို ဆုပ်ကိုင်ထားတာ တွေ့သော် သူ့မျက်ခွံများ နိမ့်ကျသွားသည်။ သူ့မျက်တောင်မွှေးများ တဖျပ်ဖျပ် ခတ်နေသည်။ သူ့ရဲ့ လှပတဲ့ ညှပ်ရိုးကိုတောင် တစေ့တစောင်း မြင်နေရ၏။ 


ယွိစစ်ကျဲ၏ မျက်လုံးများ ခေတ္တ မှိတ်သွားသည်။ ဖန်းချူဒဏ်ရာသည် မစိုးရိမ်ရဟု ဆင်ခြင်တုံတရားဖြင့် သိထားသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို လျစ်လျူရှုခဲ့ပြီး ဖန်းချူရဲ့ သတိလက်လွတ်နိုင်မှုမှာ အခြားတစ်ခုခုကို မှားယွင်းသွားစေနိုင်သည်။ သူက အမြန်လျှောက်သွားကာ ဖန်းချူကို ကောက်ပွေ့ပြီး ဆိုဖာပေါ် တင်ပေးလိုက်သည်။ ပြီးနောက် ဒဏ်ရာကို စစ်ဆေးရန် ခါးပတ်ကို လှမ်းကိုင်လိုက်သည်။


ဒါပေမယ့် သူ လက်ကိုမထိရသေးခင်မှာပဲ လက်တစ်ဖက်က ရုတ်တရက် သူ့လည်ပင်းကို ရစ်ပတ်ပြီး ဆွဲချလိုက်တာကြောင့် သူတို့မျက်နှာတွေ ချက်ချင်း နီးကပ်သွားခဲ့သည်။ 


နောက်အခိုက်အတန့်မှာတော့ သူ့အကြည့်တွေက နက်မှောင်ပြီး ရေစိုနေတဲ့ မျက်လုံးတစ်စုံဆီ ရောက်သွားခဲ့သည်။


တစ်စက္ကန့်လောက်တော့ အတွေးထဲမှာ ပျောက်သွားသလို ယွိစစ်ကျဲ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာတစ်ခု တဖြည်းဖြည်းပေါ်လာသည်။ ဒဏ်ရာက ပြန်မပွင့်လာဘူး၊ နာကျင်မှုနဲ့ ဒဏ်ရာထပ်ရတာလည်း မရှိဘူး။ ဒါဟာ မိုက်မဲ ရိုးရှင်းတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပေမဲ့ သူ ယုံကြည်ခဲ့သည်။


မယုံဘူး ဆိုရင်တောင် ဖန်းချူရဲ့ ထောင်ချောက်ထဲ ရောက်သွားဦးမှာ သေချာသည်။ 


သူသည် သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ချောင်းများဖြင့် လူငယ်၏ မေးစေ့ကို ခြေရာခံလိုက်သည်။ သူ ငုံ့၍ နားရွက်လေးဆီက ရနံ့ကို ရှူရှိုက်ရင်း သူ၏ စူးစူးရှရှ အကြည့်များက တောက်ပလုနီးပါးရှိသော လူငယ်၏ လည်ပင်းတွင် စွဲစွဲမြဲမြဲ တဝဲလည်လည် ဖြစ်နေသည်။ သူသည် ထိုအရေပြားကို မထိမိစေရန် ဆံပင်အနံ့ကိုသာ ရှူရှိုက်နေခဲ့၏။ 


သူသည် အရာအားလုံးကို လျစ်လျူရှုထားချင်သည်။ ကောင်လေး ငိုမလား၊ ကရုဏာကို တောင်းရမ်းမလား သိချင်သဖြင့် လျစ်လျူရှုထားချင်သည်။ အကြောင်းမှာ ယခုအဖြစ်အပျက်က တစ်ဖက်လူ မိမိကို ပထမဆုံး ဖိတ်ခေါ်ထားသောကြောင့်ပင်။


ဖန်းချူ၏လက်သည် ယွိစစ်ကျဲ၏ လည်ပင်းပေါ်တွင် ညင်သာစွာ နေရာချထားပြီး ထိုလူဆံပင်ဖြီးကို သူ့မေးစေ့နှင့်ထိကာ ခံစားကြည့်လိုက်သည်။ သူ့နားရွက်ပေါ်တွင် တစ်ဖက်လူ၏ အသက်ရှူသံပြင်းပြင်းက စွဲကပ်နေရာ သူ့လက်ချောင်းများက တုန်လှုပ်ချောက်ချားမှုကြောင့် အနည်းငယ် ကွေးကောက်သွားသည်။


ထိုလူ၏ ခန္ဓာကိုယ်သည် သံမဏိဖြင့်ပြုလုပ်ထားသည့်အတိုင်း သန်မာပြီး အစွမ်းထက်သည်။ မိမိလည်ပင်းကို သူ့လက်ကို ဂရုမစိုက်သလို ထိတွေ့နေသော်လည်း သွေးဆာနေသော သားရဲ၏ ရောင်ဝါကို ထုတ်ဖော်ပြီး အလွန်အကျွမ်းတဝင်မရှိသော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ပေးစွမ်းနေဆဲဖြစ်သည်။


ဖန်းချူနှလုံးသားထဲ ရုတ်တရတ် တုန်တုန်ယင်ယင် ခံစားချက်က ပြေးသွားသော်လည်း သူ အမြန်ဖယ်ထုတ်လိုက်သည်။ သူသည် ထိုအရာများကို ဂရုမစိုက်ပါ။ ဒီလူရဲ့ အနမ်းကို သူလိုချင်သည်။ တစ်ဖက်လူကလည်း သူ့ကို လိုချင်နေမှန်း သိနေတာကြောင့်ပါပဲ။


သူတို့နှစ်ယောက်လုံး တုံ့ပြန်ခဲ့တယ် မဟုတ်လား?


စုံတွဲတွေ ရန်ဖြစ်တဲ့အခါ လိင်မှုကိစ္စနဲ့ ဖြေရှင်းလို့ မရတဲ့အရာ မရှိပါဘူး။


လေထုက ဒီထက်ပိုပြီး ပြီးပြည့်စုံအောင် မလုပ်နိုင်သေးချေ။ ဖန်းချူသည် ပို၍ပင် အပြန်အလှန် တုံ့ပြန်လိုသော စိတ်ဖြင့် တင်းမာနေသော်လည်း နောက်အခိုက်အတန့်တွင် သူ့ခါးက ရုတ်တရက် ပြေလျော့သွားသလို ခံစားလိုက်ရကာ ထိုလူ၏ တည်ရှိနေမှုကလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။


ဖန်းချူ ကွက်တိပင် မျက်တောင်ခတ်လိုက်သည်။


ယွိစစ်ကျဲသည် နဖူးပေါ်မှကျလာသော ဆံပင်များကို ပေါ့ပေါ့ပါးပါး သပ်တင်လိုက်သည်။ သူ၏ ချောမောအေးစက်သော မျက်နှာက သူပြသခဲ့ဖူးသည့် စိတ်အားထက်သန်မှု အရိပ်အယောင် အနည်းငယ်မျှ မရှိတော့ချေ။ သူ၏ နက်မှောင်သော မျက်လုံးများသည် နက်နဲ ငြိမ်သက်နေပြီး၊ သူ့နှုတ်ခမ်းထောင့်များကသာ သရော်လှောင်ပြောင်မှု အရိပ်အမြွက်ကိုတောင် ထိန်းထားပုံရသည်။ သူက တိုးတိုးလေး ရယ်ပြီး။ 


"ကြည့်ရတာ မင်း အဆင်ပြေသားပဲ"


သူ လှည့်ထွက်သွားတော့သည်။ ပြတ်ပြတ်သားသား လှည့်ထွက်သွားခြင်း။ 


ဖန်းချူ : "......"


သူသည် ယွိစစ်ကျဲ၏ ထွက်ခွာသွားသော အသွင်အပြင်ကို စိုက်ကြည့်ကာ သူ့လိင်တံကို အပြင်းအထန် ဖိချလိုက်ရင်း မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားသည်။


ယွိစစ်ကျဲ အရမ်း​သွေး​အေးတာပဲ။


ဒီလိုအချိန်မျိုးမှာတောင် မတ်တပ်ရပ်နေနိုင်သေးတာလား။ သူက သစ်ပင်လူသားလား?! သူ့ရဲ့ လူသားဆန်မှုက ဘယ်ရောက်သွားတာလဲ။


ဖန်းချူ မျက်လုံးများ ပြူးကျယ်သွားကာ တစ်ဖက်ခူက သူ့ဆွဲဆောင်မှုအား ငြင်းဆန်သွားသည်ဟု ခံစားလိုက်ရကာ သူ၏ ပင်ကိုယ်စရိုက်အား အရှက်ရသွားခဲ့သည်။ နှစ်နှစ်ခြားပြီးနောက် တစ်ဖက်လူဆီက သနားကြင်နာစိတ်တွေ မရှိတော့တာလား။ ဒါမှမဟုတ် ချမ်းသာတဲ့ သူတွေအားလုံးဟာ အပျော်တမ်းဆော့ကစားဖို့ သူတို့ရဲ့ကိုယ်ပိုင် လက္ခဏာတွေကို ဖုံးကွယ်ထားတတ်တာလား။ 


စိတ်ရင်း မပါဘူးလား?


ဖန်းချူ ဒီအကြောင်းကို ပိုတွေးလေ ယွိစစ်ကျဲက လူဆိုးတစ်ယောက်ဟု ပိုခံစားရလေလေ ဖြစ်လာပြီး ဒေါသတကြီး လှည့်ထွက်သွားလေတော့သည်။


ထိုအချိန်တွင် ယွိစစ်ကျဲက ရုတ်တရက် ပြန်လှည့်လာပြီး ဖန်းချူခါးကို စိုက်ကြည့်ကာ ဘာမှမထူးခြားသည့် လေသံဖြင့်။


"နောင်မှာ အန္တရာယ်ကြုံရင် အရင်ပုန်းနေ.... ပေါ့ပေါ့ဆဆ မနေပါနဲ့"


ဖန်းချူ တစ်ချက်တန့်ကာ သူ့မျက်လုံးများ အနည်းငယ် ဝေဝါးသွားသည်။ 


"... " 


ညီအစ်ကို၊ မင်းရဲ့ သဘောထားကို ငါ တကယ် နားမလည်နိုင်တော့ဘူး။


ယွိစစ်ကျဲက ပြုံးပြီး: "မင်းအဲဒီကိုတက်သွားရင်တောင် မင်း ရဲတွေကို မလိုအပ်တဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး နိုင်ငံတော်ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးပစ်လိုက်လိမ့်မယ်... ကိုယ့်ကိုကိုယ် ကာကွယ်တာက သူများတွေကိုလည်း အကျိုးရှိစေတယ်"


ဖန်းချူမျက်နှာ မည်းမှောင်သွား​တော့သည်။


ဟားဟား...သူပဲ အခုနတုန်းက စိတ်လှုပ်နေမိတာလား။


ဖွီး! သူ့ဦးနှောက်ထဲ ရေဝင်သွားပြီပဲ 


စာရေးသူ၏မှတ်ချက်- 


စာရေးသူ- အမျိုးသားဇာတ်ပို့ ပေါ်လာတော့မည်၊ နောက်ထပ် ဖရိုဖရဲ မြင်ကွင်းတစ်ခုက မင်းကို စောင့်ကြိုနေပါတယ် ဟီးဟီး~~


ယွိစစ်ကျဲ - *စိုက်ကြည့်*—သေမင်းအလား စိုက်ကြည့်နေသည်။