5
Viewers 696

5


လူအုပ်ကြီးကတော့ အခုမှပဲစိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ကြတယ်။


ယဲ့ကျွင်းဟွာ....နယ်မြေကိုးခုရဲ့ ရှေးအကျဆုံး ဓားဝိညာဉ်ကျင့်ကြံသူဖြစ်ပြီး ဒီဇာတ်လမ်းရဲ့အမျိုးသားဇာတ်လိုက်လည်း ဖြစ်တယ်။ သူက ချွေ့ဖူလင်ရဲ့ ဆရာတစ်ယောက်ဆိုလည်း မမှားဘူး။


အမျိုးသားတစ်ယောက်ဟာ လေဟာနယ်ကို ဖြတ်လာပြီး သူ့ဝတ်ရုံစဟာ ကောင်းကင်ကဆင်းသက်တာမို့ တလွင့်လွင့်မျောနေတယ်။ ငွေမှင်ရောင်ဆံနွယ်တွေနဲ့ တမူထူးခြားနေတဲ့ဟန်ပန်က သူ့ရဲ့ ပြယုဂ်တစ်ခုလိုပဲထင်ရှား‌နေလေတယ်။


သူက ရှေ့ကိုလျှောက်လှမ်းလာပြီး ချွေ့ဖူလင်ကို မြေကြီးပေါ်ကနေ အသာယာလေး ပွေ့ချီလိုက်တယ်။


စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရဲ့ နဖူးပေါ်က ပွန်းပဲ့ရာတွေက ပျောက်ကွယ်လို့သွားတယ်။


သူ့ကိုမြင်လိုက်ရတာနဲ့ ချွေ့ဖူလင် က ပိုပြီးတော့တောင် ငိုကြွေးတော့တယ်။


"ကိုယ်ထွက်သွားတာ တစ်ရက်ပဲရှိသေးတယ် မင်းက ဘယ်လိုဖြစ်လို့ အခုလိုဖြစ်သွားရတာတုန်း?"


ယဲ့ချွင်းဟွာ ရယ်မောရင်း သူမအငိုတိတ်စေဖို့ ကျောလေးကို သပ်ပေးလိုက်တယ်။ 


ဒါပေမဲ့ သူ့အကြည့်တွေ ငါ့ဆီကို ရောက်လာတဲ့အချိန်မှာတော့ ပုရွတ်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုး ပြောင်းလဲသွားတယ်။


သူက သွေးတွေနဲ့ညစ်ပေနေတဲ့ ငါ့ခန္ဓာကိုယ်ကို အထင်သေးရှုံ့ချဟန်အပြည့်နဲ့ စိုက်ကြည့်လာတယ်။


"သူမကို ပြန်လည်သုံးသပ်ခြင်းအခန်းထဲကို ခေါ်သွားလိုက် ဒီကိစ္စကို နောက်မှ ပြန်စစ်ဆေးမယ်"


အဲ့လိုနဲ့ပဲ သူက ဘယ်သူ့ကိုမှကန့်ကွက်ခွင့်မပေးဘဲ ချွေ့ဖူလင်ကို ချီပြီးတော့သာ ထွက်သွားခဲ့တယ်။


ထုံထိုင်းစွာနဲ့ ငါပြုံးယောင်ပြုလိုက်ပေမဲ့လည်း

မဲ့ပြုံးတစ်ခုပဲ ဖြစ်လို့သွားတယ်။


နောက်မှပြန်စစ်ဆေးမယ် ဘာအတွက်လဲ?

ပြဇာတ်တစ်ခုခင်းပြဖို့ ပေါင်းကြံကြမှာပဲမလား!


သူလည်း သေသင့်တယ်!


ကျိန်ဆဲဖို့ ငါ့ပါးစပ်ကို ဟလိုက်ပေမဲ့လည်း ငါ့ကို စကားပြောလို့မရအောင် တခုခုကလုပ်ထားတယ် ဆိုတာ သဘောပေါက်လိုက်တယ်။


ပြီးမှသာ ချွေ့ဖူလင်ရဲ့ တတိယဂိုဏ်းတူအစ်ကို လက်ထဲမှာကိုင်ထားတဲ့ အဆောင်စာရွက်ကို ငါသတိထားမိသွားခဲ့တယ်။


အဲ့ဒီကျမှပဲ ငါနားလည်သွားတော့တာ။


စောနက ချွေ့ဖူလင် အစား အပြစ်ကိုခံယူဖို့ လုပ်ခဲ့သမျှ အားလုံးဟာ တကယ်တော့ ယဲ့ကျွင်းဟွာ ပြန်မလာခင် တတ်နိုင်သမျှ အချိန်ဆွဲဖို့အတွက် ဟန်ပြသက်သက်ပဲ။


ငါ့ကိုဆွဲခေါ်သွားကြတဲ့အချိန်မှာ နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်းနဲ့ပဲ စောနအဖြစ်အပျက်တွေအားလုံးက သိပ်ကိုမှရယ်စရာကောင်းလွန်းတယ်လို့ ငါတွေးနေမိတယ်။


သိပ်ရယ်စရာကောင်းလွန်းတဲ့ ကျင့်ကြံသူတွေပဲ...


တကယ်လို့ ငါသာမသေခဲ့ဘူးဆိုရင် ငါ့ဘဝတစ်လျှောက်လုံး နင်တို့ လင်ကျန့် ဂိုဏ်းတစ်ခုလုံးကို ပြာကျအောင် လုပ်ပစ်မယ်လို့ ငါကျိန်ဆိုတယ်!