Ch 4
“မင်းသူ့ကို ဘယ်လိုဂရုစိုက်စေချင်လဲ”
ယန်ရွှမ်၏ပြတ်သားမှုအား ယခုလေးတင်မြင်ဖူးပြီးပြီဖြစ်၍ ရန်ကိုဖုကိုလွှတ်ပေးဖို့ ယန်ရွှမ်သာ တောင်းဆိုလာခဲ့မယ်ဆို ချင်ယွီပိုင် အတော်လေးစိတ်ပျက်မိမှာပင်။
ထိုသို့သာဆို ယန်ရွှမ်သည် စောစောတုန်းက သူ့၏လူ့အမှိုက်မွေးစားအဖေကို ကယ်တင်ဖို့ ကြမ်းတမ်းဟန်ဆောင်ပြီး ရုပ်ရှင်ရိုက်နေခဲ့တာလို့ ဆိုလိုနိုင်ခြင်းပေ။
သူက လူလိမ်ဖြစ်နေခဲ့တယ်ဆိုရင်တောင်မှ အရည်အသွေးမြင့်လူလိမ်ဖြစ်တာက ကစားပွဲကို ခဏလေးနဲ့မပြီးသွားစေတော့ဘူးပေါ့ ဟုတ်တယ်မလား။
“သူ့ယူထားတဲ့အကြွေးအတွက် သူ့ခြေ၊သူ့လက်တွေဖြတ်ပြီး ပြန်ဆပ်ရတာဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူ့အသက်ကိုတော့ချမ်းသာပေးပါ”
ထိုအရာမှာ ချင်ယွီပိုင်ရဲ့လှည့်ကွက်တစ်ခုဆိုပေမဲ့ အကြွေးကတော့ တကယ်ရှိနေခဲ့တာပင်။
“စိတ်မပူနဲ့။ သူမသေဘူး”
ချင်ယွီပိုင်စိတ်ထဲတွင်တော့ ယန်ရွှမ်ကို စတင်စိတ်ပျက်လာလေပြီ။
သူသည် နောက်ဆုံး၌ သူ၏အမှိုက်ဆန်တဲ့မွေးစားအဖေကို ကျောမခိုင်းနိုင်သည့် စက္ကူကျားတစ်ကောင်ထက် ဘာမှမပိုပေ။
[စက္ကူကျား - အသံသာရှိပြီးအစံမရှိတဲ့လူကိုပြောချင်တာပါ။]
ပြတ်သားမှုမရှိဘူး။
“သူ့ကိုအလုပ်တစ်ခုလည်း စီစဉ်ပေးလိုက်ပါ”
ထိုအပိုင်းက မူရင်းဇာတ်ကွက်အပိုင်းဖြစ်သည်။
နောက်ပိုင်းတွင် ယန်ရွှမ်ကို ရေရှည်အသုံးချထိန်းချုပ်နိုင်ဖို့အတွက် ရန်ကိုဖုအား ချင်ယွီပိုင်သည် ဂိုဒေါင်တစ်ခုတွင် အလုပ်စီစဉ်ပေးခဲ့သည်။ ရန်ကိုဖုသာသူ့လက်ထဲမှာရှိနေမည်ဆိုလျှင် ယန်ရွှမ်ပြဿနာရှာမှာကို သူစိတ်ပူစရာမလိုတော့သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ဇာတ်ကြောင်းအတိုင်းဖြစ်ရန်လိုသည့်အတွက် ဤသည်မှာအလွန်ကောင်းသည့်ဇာတ်အချိုးအကွေ့ဖြစ်သည်ဟု ယန်ရွှမ်တွေးလိုက်မိသည်။ စီစဉ်ထားတဲ့အချိန်ထက်သေချာပေါက် စောစောဖြစ်လာရင်ပိုကောင်းတာပေါ့။
ချင်ယွီပိုင်၏နှုတ်ခမ်းတို့ အနည်းငယ်လှုပ်ရှားသွား၏။ ပြင်ပမှအလင်းရောင်သည် ကားမှန်ကိုတစ်စက္ကန့်မျှ ထိုးဖောက်ဝင်ရောက်လာကာ သူ့မျက်ဝန်းထဲရှိ ဖုံးကွယ်ထားသော အထင်သေးခြင်းတို့ကို မီးမောင်းထိုးပြသွားသည်။
“ကောင်းပြီ”
ချင်ယွီပိုင် ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
“ငါ သူ့အတွက်တစ်ခုခုစီစဉ်ပေးလိုက်မယ်”
သူ့လက်ထဲမှာသာ ရန်ကိုဖုလိုဖဲချပ်မျိုးရှိလျှင် ယန်ရွှမ်အတွက် သူ့ကျော့ကွင်းကလွတ်ဖို့ ခက်ခဲဦးမှာပင်။ သို့ပေမဲ့ အနှီအစားထိုးအရုပ်၏အရည်အသွေးက ဒီပမာဏလောက်ပဲရှိသည်မှာ နှမြောစရာပေ။
“ကျွန်တော်မှာ နောက်ထပ်တောင်းဆိုစရာရှိသေးတယ်”
ချင်ယွီပိုင် လှောင်ပြုံးပြုံးလိုက်သည်။ သူ့လောင်းကစားသမားမွေးစားအဖေနဲ့ပတ်သက်တဲ့ ဘာတစ်ခုခုများဖြစ်နိုင်ဦးမှာလဲ။
“ပြော”
“သူ့လစာကို ကျွန်တော့်အကောင့်ထဲလွှဲပေးပါ"
ထိုအလှည့်အပြောင်းလေးမှာတင် ချင်ယွီပိုင်မှာ သူသည် တိုက်ခိုက်ခံရသူဖြစ်မှန်းမသိဖြစ်သွားကြောင်း နားလည်လိုက်သည်။ ထိုသို့ဖြစ်နေသည်ဆိုလျှင်တောင် ကံကောင်းစွာဖြင့် သူသည် ယန်ရွှမ်ကိုထိန်းချုပ်နိုင်သည့် ထိန်းချုပ်သူဖြစ်ခွင့်ရနေဆဲပင်။
သူ့စိတ်ထဲတွင်တော့ အတုတစ်ခုက ထိုမျှပမာဏပေးရလောက်သည်အထိ တန်ဖိုးမရှိနေပေ။
ကိစ္စမရှိ။ ယန်ရွှမ်က သူ့မွေးစားအဖေပေါ်ထားသည့် သူ့စေတနာကို ပြသလာပြီးဖြစ်သည်။ သူ့ဘေးတွင် ယန်ရွှမ်ရှိနေနိုင်မည့် ဇက်ကြိုးတွေကိုလည်း သူကိုင်ထားနိုင်သေးသည်လေ။
ဘယ်သူသိနိုင်မှာလဲ။ သူဒီအတုလေးကို တစ်ပတ်လောက်နဲ့ငြီးငွေ့ပြီး ရှင်းထုတ်ချင်လည်းရှင်းထုတ်နိုင်တာပဲလေ။
ချင်ယွီပိုင်ပုံမှန်အသံနှင့်ပြောလိုက်သည်။
“မင်းမှာ နောက်ထပ်တောင်းဆိုခွင့်မရှိတော့ဘူး။ အိပ်ရာပေါ်မှာ လာညှိနှိုင်းဖို့တော့ မစဉ်းစားနဲ့”
သူ့စကားလုံးတို့က နားဝင်ဆိုးပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေသည်။ ယန်ရွှမ်အောက်သို့ငုံ့ကြည့်လိုက်ရာ
သူ၏ဖြူဖတ်ဖတ် မျက်နှာတစ်ခြမ်းက ထင်ထင်ရှားရှားပေါ်ထွက်လာသည်။
“မရှိတော့ဘူး”
အခုလောလောဆယ်အတွက်ပေါ့လေ။
ညနက်လာသည်နှင့် ကားသည် အဆင့်မြင့်ဟိုတယ်တစ်ခုရှေ့သို့ မောင်းသွား၏။
လောလောလတ်လတ်စကားပြောပြီးသည့်နောက် ကားထဲရှိလူနှစ်ဦးသည် တိတ်တဆိတ် ငြိမ်သက်နေကြသည်။
ညှိနှိုင်းခြင်းပြီးဆုံးသွားပြီဖြစ်တာကြောင့် စာချုပ်အတည်ပြုရမည့်အချိန် ရောက်ရှိလာလေပြီ။
ချင်ယွီပိုင်၏အထူးသီးသန့်အဆင့်မြင့် ဧည့်ခန်းပါဟိုတယ်ခန်းသည် ဟိုတယ်၏အပေါ်ဆုံးအလွှာ၌ရှိပေသည်။
အနှီဟိုတယ်ခန်း၏အတိုင်းထက်အလွန်ခမ်းနားမှုက ယန်ရွှမ်အား ချင်ယွီပိုင်၏ချစ်တီးကျမှုကို ထပ်မံစိတ်ပျက်သွားစေခဲ့သည်။
မင်းစောက်ရမ်းချမ်းသာနေတာတောင် ငါ့ကို၁မီလီယံပဲပေးတယ်ပေါ့ ? ယောက်ျားတွေက ဆန်ကုန်မြေလေးဖြစ်လို့ရပေမဲ့ ကပ်စေးနှဲတော့ လုံးဝမဖြစ်သင့်ဘူး!
ဝေယီချန်း၏လုပ်ရည်ကိုင်ရည်သည် ပထမတန်းစားပင်။ သူသည် နှစ်ယောက်လုံးလက်မှတ်ထိုးရန်အတွက် စာချုပ်ထပ်မံရေးသားလာခဲ့ကာ လက်မှတ်ထိုးပြီးသည့်နောက် ဝေယီချန်းသည် လက်မှတ်ထိုးထားသည့် ကာယကံရှင်နှစ်ယောက်ကို ဟိုတယ်အခန်းထဲတွင်ချန်ရစ်ကာ ထွက်လာခဲ့တော့သည်။
ချင်ယွီပိုင် အီတလီသားရေအစစ်နှင့်ပြုလုပ်ထားသော ဆိုဖာအခုံးတွင် လက်နှစ်ဖက်ကိုနောက်ပြန်ထောက်၍ ထိုင်ချလိုက်သည်။ သူ့ကျောချမ်းဖွယ်အကြည့်တို့က ယန်ရွှမ်၏ခန္ဓာကိုယ်ကို ချက်ခြင်းဝါးမြိုတော့မတတ် ဦးတည်နေလေသည်။
ကုန်ပစ္စည်းတစ်ခုကို စမ်းသပ်နေပုံနှင့်တောင် ဆင်တူနေသေးသည်။
သူ၏အေးစက်စက်မျက်ဝန်းတို့သည် ထိုပစ္စည်းအား အကဲခတ်စစ်ဆေးကာ အပြစ်ရှာဖို့ကြိုးစားနေ၏။
ကံမကောင်းစွာပင် ယင်းပစ္စည်းမှာ သူ့စံချိန်စံညွှန်းများနှင့် လိုက်ဖက်ကိုက်ညီလွန်းသည့် အလွန်တရာကောင်းမွန်သောပစ္စည်းတစ်ခုဖြစ်နေခဲ့သည်ပင်။
လူအုပ်ကြီးထဲမှ ဤသို့ဆင်တူသည့်မျက်နှာမျိုးကို နောက်တစ်ကြိမ်ရှာတွေ့နိုင်ဖို့က သူ့အတွက်မဖြစ်နိုင်လောက်တော့ပေ။
ထိုနေရာတွင် ဇာတ်ကွက်မည်သို့သွားမည်ဆိုသည်ကို ယန်ရွှမ်သိထားနှင့်လေပြီ။
ကူးပြောင်းရေးဌာနတွင်နှစ်ပေါင်းများစွာနေလာပြီးနောက် ကိုယ်ကျင့်တရားကို ဝါးစားပြီးထွေးထုတ်ခံထားရသည့် ယန်ရွှမ်ကတော့ စာဖွဲ့မနေပါ။
ထိုအရာသည် သူလုပ်ဆောင်ရမည့် တာဝန်တစ်ခုသက်သက်သာဖြစ်သည်။ ထို့အပြင် သူ့လိုဆန္ဒရှိသည့်လူတစ်ယောက်အတွက် အနှီဇာတ်ကွက်မျိုးက သေချာပေါက်သဘောမကျစရာမရှိပေ။
ထိုဝတ္ထု၏ကျောရိုးမှာ [ဆင်ဆာ]ခြင်းဖြစ်သည့်အတွက် ဒီဆန်ကုန်မြေလေးအထက်ပုဂ္ဂိုလ်ရဲ့ ကျွမ်းကျင်မှုက သူ့အာသီသကိုဖြည့်ဆည်းပေးနိုင်လောက်မည်ဟု သူ မျှော်လင့်မိသည်။
ယန်ရွှမ်သည် လက်မမြှောက်ခင် သူ့ပန်းချီအိတ်ကိုချကာ သူ့အဖြူရောင်ရှပ်အင်္ကျီအား သာမန်ကာလျှံကာချွတ်ပစ်လိုက်သည်။
သူဘောင်းဘီချွတ်တော့မည့်အချိန်တွင်တော့ ချင်ယွီပိုင်က ရပ်ဖို့ပြောလာလေသည်။ ပစ္စည်းပါဆယ်ကိုကိုယ်တိုင်ဖောက်ကြည့်ရသည့်အရသာကသာ သူ့ကိုစိတ်ကျေနပ်စေတာဖြစ်မည်။
ချင်ယွီပိုင် ထရပ်ကာ ယန်ရွှမ်ဆီသို့လျှောက်သွားလိုက်၏။
လူကြီးဖြစ်ကာစလူငယ်တစ်ယောက်အနေနှင့် ယန်ရွှမ်တွင် လူငယ်တစ်ယောက်၏ကျားမမကွဲပြားသောအလှတရားက တည်ရှိနေဆဲပင်။ လှစ်လှပ်ပြထားသော သူ့အပေါ်ပိုင်းခန္ဓာကိုယ်အသားအရေသည် ကျောက်စိမ်းပန်းပုရုပ်ကဲ့သို့ ကြည်လင်ချောမွေ့နေ၏။
သူ့အသားအရေက ဖြူဖွေးမနေဘဲ ကျန်းမာသောဆင်စွယ်ရောင်ဖြစ်သည်။ သူ့အရေပြားသည် သဘာဝအလျောက် ပါးလျခြင်းဖြစ်နိုင်သော်လည်း ထိုအရာကပင် သူ့သွေးကြောများကို အတားအဆီးမရှိလုနီးပါး မြင်ရစေ၏။
ထိုခန္ဓာကိုယ်မှာ လတ်ဆတ်လှပကာ တက်ကြွမှုတို့ဖြင့်ပြည့်လျှံနေပေသည်။ သူသည် အပြင်ဘက်တွင် မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိသော်လည်း ထိုအစား ဤနေရာတွင် သူ့အားအုပ်မိုးလာမည့်,,,ယောက်ျားတစ်ယောက်ကိုစောင့်ဆိုင်းနေရ၏။
ချင်ယွီပိုင် ယန်ရွှမ့်မျက်မှန်ကိုချွတ်၍ လွှင့်ပစ်လိုက်သည်။ ယန်ရွှမ်၏နဖူးပေါ်မှဆံစများကို သူ၏ကြီးမားကျယ်ပြန့်သောလက်တို့ဖြင့် အားပါပါဆွဲလှန်လိုက် အဖြင့်ကြည်လင်ရှင်းသန့်သောမျက်နှာတစ်ခုက သူ့မြင်ကွင်းထဲဝင်ရောက်လာလေသည်။
အမှန်တော့ ကွဲပြားမှုတချို့ရှိနေခဲ့၏။
ချင်ချင်းသည် ကောင်းကင်ပေါ်ကလမင်းနှင့်ဆင်တူကာ သူ့ကိုဖမ်းဆုပ်ခွင့်ရဖို့ မဖြစ်နိုင်သည့် အကွာအဝေးတွင်ရှိ၍ အေးစက်၏။
ယန်ရွှမ်ကမူ သူ့အားခူးဆွတ်ရန် လူအများကိုဖိတ်ခေါ်နေသည့် ကိုင်းဖျားထက်ရှိ ညှို့ဓာတ်ရှိသောပန်းတစ်ပွင့်ဖြစ်ပေသည်။
ဘယ်နေရာမှာ စလွဲသွားတာလဲ။
သူ့ဖူးကြွကြွနှုတ်ခမ်းတို့လား။ သူရဲ့ကော့တက်နေတဲ့နှာခေါင်းပေါ်က အပိုမှဲ့နက်လေးလား။ ဒါမှမဟုတ် ကြည်ကြည်လင်လင်မျက်ဝန်းတို့ကနေ ဖြာထွက်နေတဲ့ အနည်းငယ်ကွဲပြားတဲ့မျက်လုံးအရောင်လား။
“မင်းကြောက်နေလား”
ချင်ယွီပိုင် ခပ်တိုးတိုးအသံဖြင့်မေးလာသည်။
“လုပ်လိုက်တော့”
ယန်ရွှမ်အေးစက်စွာပြန်ပြောလိုက်သည်။
“အနားမှာလာရပ်ပြီး အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့”
သူအလျင်လိုနေလို့ပါ။ ကျေးဇူး။
ချင်ယွီပိုင်၏မျက်နှာ တစ်ချက်မဲ့သွားသည်။
“မင်းပါးစပ်မာသလို မင်းအရိုးတွေလည်းခံနိုင်ပါစေ”
ချင်ယွီပိုင်တွင် ယန်ရွှမ်အားနူးညံ့ညင်သာစွာဆက်ဆံဖို့ တစ်ခါမျှ မရည်ရွယ်ခဲ့ပေ။
ယန်ရွှမ်သည် သူ့အတွက် သူကြိုက်သလိုခံစားနိုင်သည့်အစေခံတစ်ယောက်သာဖြစ်သည်။
ချင်ယွီပိုင်သည် ယန်ရွှမ့်ပါးကို ခပ်ကြမ်းကြမ်းညှစ်လိုက်ပြီးကြည့်လိုက်ရာ အနှီဖြူစင်လှပသောမျက်နှာတွင် ချွေးတို့စို့နေ၏။
ထိုပန်းပွင့်လေးသည် အရောင်အဆင်းမဲ့၍နုနယ်သည့်တိုင် နာကျင်မှုကြောင့် ဖြူဖျော့နေသည်။
သူ့မျက်ဝန်းထောင့်မှမျက်ရည်တို့ လွတ်လပ်စွာကျဆင်းလာချေသည်။
ပန်းပွင့်လေးသည် တစ်စုံတစ်ယောက်၏လက်ထဲတွင် အကြင်နာမဲ့စွာ ကစားခံလိုက်ရပြီး ကိုင်းဖျားထက်မှအကြမ်းပတမ်းဆွဲချွေခံလိုက်ရသည့်အခိုက်တွင် သူသည် လောလောလတ်လတ်ပွင့်လန်းနေသည့် ဖူးပွင့်ကာစပန်းပွင့်လေးတစ်ပွင့်သာဖြစ်နေခဲ့သည်။
ယန်ရွှမ်ခန္ဓာကိုယ်ကတော့ ချင်ယွီပိုင်အား စိတ်မပျက်စေခဲ့ပေ။
အံ့သြစရာကောင်းလောက်အောင် အလွန်တရာမှလှပပေသည်။
သူလိုအပ်သည်မှာ သွေးသာဖြစ်သည်။
ပထမဆုံးအကြိမ်တွင် ပို၍အရိုင်းဆန်ရန်လိုသည်။ သွေးသာမထွက်ခဲ့ဘူးဆို လတ်ဆတ်ပြီးအသားပေါတဲ့ခန္ဓာကိုယ်ကို ပါကင်ဖောက်ရတဲ့ အရသာကို မင်းဘယ်လိုခံစားနနိုင်မှာလဲ။
သူသည် ယန်ရွှမ်ကိုပိုင်ဆိုင်ရသောဦးဆုံးလူဖြစ်ပြီး ထိုအရာကို ယန်ရွှမ်အား ထာဝရမှတ်မိနေစေချင်သည်။
သွေးစက်များစွန်းထင်းနေသည့် အိပ်ရာခင်းဖြူဖြူသည် ကျောက်စိမ်းနှင့်တူသောခန္ဓာကိုယ်ပတ်ပတ်လည်ကို လွှမ်းခြုံထားသည်။
ငန်းလည်ပင်းနှင့်တူသော သွယ်လျလျလည်တိုင်သည် အားနည်းစွာခွေကျနေလျက် အနောက်ဖက်ရှိ စုပ်ခံထားရသော အာရုံဖမ်းစားနိုင်သည့် အနီရောင်အမှတ်အသားတို့ကို လှစ်လှပ်ပြနေသည်။
ဆံပင်နက်နက်တို့က မျက်နှာအစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားပြီး သွေးစို့နေသော သူ့နှုတ်ခမ်းသားတို့နှင့် နူးညံ့သောမေးစေ့တို့ကိုသာ ပေါ်နေစေသည်။
ချင်ယွီပိုင်သည် ယန်ရွှမ်ကိုမနမ်းခဲ့ပေ။
သူ သူ့ကိုလုပ်ခဲ့သော်လည်း နမ်းမည်မဟုတ်။
သူ့နှုတ်ခမ်းတစ်ဝိုက်ရှိအနာတို့က ယန်ရွှမ်ကိုယ်တိုင်လုပ်ခြင်းပင်။
ချင်ယွီပိုင်သည် အိပ်ရာဘေးတွင်ရပ်၍ ယန်ရွှမ်မျက်နှာအားဖုံးကွယ်နေသည့် ဆံစများအားဖယ်ရှားလိုက်သည်။
ယန်ရွှမ်း၏မျက်ဝန်းတို့မှာ တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး လက်တွေ့ကိုရင်မဆိုင်ချင်သည့်နှယ် သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေချေသည်။
ချင်ယွီပိုင်နှာခေါင်းရှုံ့လိုက်သည်။ ဂရုစိုက်ပြဖို့ရော၊ မြတ်နိုးပြဖို့ပါ သူ ဆန္ဒမရှိပေ။
ဤသည်မှာ သူတို့အပေးအယူလုပ်ထားသည့်ကိစ္စတစ်ခုဖြစ်ပြီး သူလက်မှတ်ထိုးထားသည့်အရာကိုသာ သူအရယူခဲ့ခြင်းဖြစ်သည်။
သူသေလောက်အောင်ကြမ်းတမ်းမည်ဆိုလျှင်တောင် ယန်ရွှမ် သူ့ကိုယ်သူသာ အပြစ်တင်သင့်ပေသည်။
ယန်ရွှမ်၏အရိုးများက သူမျှော်လင့်ထားသလို ခံနိုင်ရည်ရှိခဲ့၏။
တစ်ချက်လေးတောင်မှ မအော်ခဲ့ဘူး။
ချင်ယွီပိုင်သည် ယန်ရွှမ်၏နာကျင်နေသောနှုတ်ခမ်းတို့ကို လက်ချောင်းဖြင့်ပွတ်သပ်ကာ မေးလိုက်သည်။
“ဘာလို့ဒုက္ခခံနေတာလဲ”
ယန်ရွှမ်သည် အစကတည်းက တန်ဖိုးမရှိသည့်အတွက် သူ့ရှေ့မှာ မာနခံပြနေစရာမလိုပေ။
ယန်ရွှမ် တိတ်ဆိတ်နေဆဲပင်။
ချင်ယွီပိုင် သူ့အားစိတ်မပျက်ရှိစေခဲ့ပေ။
ပုံမှန်မဟုတ်သည့်အရည်အချင်းက ခက်ထန်မှုဖြင့် တွဲဆက်ထားသလိုပင်။
တစ်ခုတည်းသောအပြစ်ပြောစရာမှာ ထိုဆန်ကုန်မြေလေး လုံလုံလောက်လောက်မကျွမ်းကျင်သေးခြင်းဖြစ်သော်လည်း
စာအုပ်က အဲ့ဒီဆန်ကုန်မြေလေးလူယုတ်မာအထက်ပုဂ္ဂိုလ်အားလုံးကို လူပျိုအနေနဲ့ပဲ ဖန်တီးထားတာမို့ နားလည်ပေးလို့ရပါတယ်လေ။
သူ့ခန္ဓာကိုယ်တည်ဆောက်ကပုံလည်း အတော်လေးနတ်ဆိုးဆန်လွန်းသည်။ နာကျင်မှုအကာအကွယ်ကိုဖွင့်လိုက်သည့်အတွက် ဦးရေပြားကိုထုံကျင်သွားစေသည့် သာယာမှုကိုသာ ခံစားခဲ့ရသည်။
သူသာ သူ့နှုတ်ခမ်းတွေကို တချိန်လုံး မလျှော့စတမ်းမကိုက်ထားခဲ့လျှင် ယန်ရွှမ် ခပ်ကျယ်ကျယ်အော်ညည်းမိပြီး ထိုဇာတ်ကွက်အား ဖျက်ဆီးပစ်လိုက်မိမှာကိုပင် စိုးရိမ်ရပေသည်။
ယန်ရွှမ် သူ့နှုတ်ခမ်းကိုကိုက်ကာ အနည်းငယ်တုန်ယင်နေသည်ကိုမြင်လိုက်ရသည်နှင့် ချင်ယွီပိုင်၏ခန္ဓာကိုယ်ထပ်မံထကြွလာပြန်သည်။
ဟုတ်တယ် ယန်ရွှမ်နာကျင်နေတော့ရော ဘာဖြစ်လဲ။ သူက ချင်ယွီပိုင်အတွက် သာယာမှုရစေတဲ့ ပစ္စည်းတစ်ခုပဲလေ။ အခုကျတော့ရော?
-သူကျေနပ်မှုမရသေးဘူးလေ။
ချင်ယွီပိုင် အိပ်ရာခင်းတွေကိုပွေ့ပိုက်ထားသည့် ယန်ရွှမ်ကို ကောက်မ,လိုက်ပြီး အက်ကွဲသော ခပ်နိမ့်နိမ့်လေသံဖြင့်ပြောလိုက်သည်။
“မင်းပေါင်တွေကိုကားထားလိုက်”
အနှီတိုက်ပွဲသည် နောက်တစ်နေ့မနက် ရောက်သည်အထိ ကြာမြှင့်ခဲ့လေသည်။
ချင်ယွီပိုင်သည် အစပိုင်းမှာတော့ ဤနေရာတွင် ညအိပ်ရန်ဆန္ဒမရှိခဲ့သော်လည်း ယန်ရွှမ်၏ခန္ဓာကိုယ်က အလွန်ပင်ဆွဲမက်ဖွယ်ဖြစ်နေခဲ့သည်လေ။
နောက်တစ်နေ့မနက်မိုးလင်းမှသာ ချင်ယွီပိုင်သည် သူအပြင်တွင် တစ်ညတာကုန်ဆုံးခဲ့ကြောင်း ရုတ်ခြည်းအသိဝင်လာသည်။
သူ့နံဘေးရှိ ယန်ရွှမ်၏ဆံပင်သည် အနည်းငယ်ရှုပ်ပွကာ သူ့မျက်နှာသည် သာမန်နှင့်မတူဘဲနီရဲနေ၏။ သူသည် သနားစရာကောင်းလောက်အောင် အားနည်းသည်အထိ အချစ်ခံထားရသည့်ပုံနှင့်ဆင်တူနေသည်။
အထူးသဖြင့် သူ့နှုတ်ခမ်းများပင်။ အသံမထွက်မိစေရန် သူ့ကိုယ်သူကိုက်ခပ်ကြမ်းကြမ်းကိုက်ထားသည်မှာ သွားရာတွေတောင် ထင်ကျန်နေဆဲဖြစ်ပြီး အင်မတန်စိတ်ထစရာကောင်းသည့်မြင်ကွင်းပင်။
ချင်ယွီပိုင် နောက်တစ်ကြိမ်ထပ်မံမအုပ်မိုးမိအောင် သူ့စိတ်ထဲ တစ်ခဏမျှတိုက်ပွဲ၀င်ခဲ့ရသည်။
သူ၏ အနှစ်၃၀နီးပါး ဖိနှပ်ထားခဲ့ရသည့် ဆန္ဒအာသီသများအား ယန်ရွှမ်အပေါ်၌ ဖြေဖျောက်ခဲ့ခြင်းပင်။
အရာအားလုံးပြီးသွားသည့်အချိန်၌ ယန်ရွှမ်က ယင်းနေရာတွင် သူ့အသက်ရှူသံတို့ပင်နှေးကွေးလျက် မျော့မျော့လေးသာ ကျန်နေတော့သည်။
ချင်ယွီပိုင် သူ့မကောင်းဆိုးဝါးစိတ်များကို ခဏတာငြိမ်သက်စေခဲ့ပြီး သူ့အဝတ်အစားများကို သေသေသပ်သပ်ဝတ်ကာ သူ့နာရီကို ပတ်လိုက်သည်။
ချေမွခံထားရသည့်ပန်းပွင့်နှယ်ဖြစ်နေသော ယန်ရွှမ်ကိုငုံ့ကြည့်ကာ သူဂရုမစိုက်ဟန်ဖြင့်ဆိုလာသည်။
“မင်းကိုလိုအပ်ရင် ငါထပ်ခေါ်လိုက်မယ်”
ယန်ရွှမ်မျက်နှာသည် ခေါင်းအုံးကြားထဲနစ်မြှုပ်လျက်ရှိသည်။ သူ၏သေးသွယ်ပိန်ပါးသောခန္ဓာကိုယ်သည် နက်မှောင်သောအိပ်ရာခင်းပေါ်တွင် လဲလျောင်းနေသည်မှာ ချင်ယွီပိုင်၏လက်ဖြင့် ရေးဆွဲထားသော စုတ်ချက်များဖြင့်ပြည့်နှက်နေသည့် မှင်ရောင်ပန်းချီကားတစ်ချပ်နှင့်ဆင်တူနေသည်။
ချင်ယွီပိုင်၏အကြည့်သည် သူချန်ခဲ့သောအမှတ်အသားများပေါ်တွင် ငြိမ်သက်စွာရွေ့လျားနေသည်။ အညိုအမဲများ၊ ကိုက်ရာများ၊ ဖူးရောင်နေသည့်အမှတ်အသားများ...။ အရာအားလုံးက ထိုခန္ဓာကိုယ်ပေါ်တွင် သူချန်ခဲ့သောနာကျင်မှုများဖြစ်ကာ သူစိတ်လွတ်သွားသည့် သက်သေများလည်းဖြစ်လေသည်။
သူအဲ့လောက်တောင်ကြမ်းခဲ့တာလား။ ဒါပေမဲ့ ဒါကချင်ချင်းအတွက် အစားထိုးအရုပ်သက်သက်ပဲလေ။ သူသာနူးညံ့လိုက်ရင် ဒီအတုကောင်ကိုရဲ့တန်ဖိုးကိုမြှင့်ပေးသလိုမဖြစ်သွားဘူးလား။
ခေါင်းအုံးထဲနစ်မြှုပ်နေသောလူထံမှအသံသည် တိတ်တဆိတ်ပျံ့လွင့်လာသည်။
“ကိုးဆယ့်ကိုးရက်ပဲကျန်တော့တယ်”
သူ့အသံသည် ပျင်းရိလေးတွဲ့ကာ တည်ငြိမ်နေခဲ့သည်။
အပိုင်း 4 ပြီး။
----