အပိုင်း ၇
Viewers 3k

Ch 7


ယန်ရွှမ်သည် နောက်ဆုံးတွင် ခြေထောက်နာချင်ယောင်မဆောင်တော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး ဇာတ်လမ်းအရ အထက်ပုဂ္ဂိုလ်ငါးဦးနှင့် ရင်းနှီးမှုတိုးတက်အောင် အကောင်းဆုံးနည်းလမ်းများကို ဆန်းစစ်လေ့လာခဲ့သည်။


ချင်ယွီပိုင်လား? လိင်ဆက်ဆံတာကိုစွဲလန်းနေတဲ့ကောင်၊။


ကျီယောက်လား? လူကိုသူ့ဂရုစိုက်မှုအောက်မှာထားပြီး အရာရာကိုချုပ်ကိုင်ရတာကြိုက်တဲ့ကောင်လေ။


ချီဖေးယွင်ကတော့ ဆရာလုပ်ရတာကို ကြိုက်တယ်။


ရှန်ကွမ်မင်းက သန့်ရှင်းတဲ့အချစ်ကိုပဲယူမယ်လို့အမြဲဟစ်ကြွေးနေတဲ့သူပေါ့။


တစ်ချိန်လုံးအနောက်မှာ တောက်လျှောက်ရှိနေတဲ့ ဝေယီချန်းကရော?


ယန်ရွှမ်က သူ့ကို နားလည်ရလွယ်တဲ့ ချစ်စနိုးနာမည်ပြောင်- 'ဦးထုပ်စိမ်းကျွန်‌ကောင်' ဟု ပေးလိုက်လေသည်။


ယန်ရွှမ်၏အကျင့်စရိုက် ပိုမိုပျက်စီးလာတဲ့အချိန်၊ အခြားဆန်ကုန်‌မြေလေးတွေကြားမှာ စိတ်ထောင်းကိုယ်ကြေဖြစ်လာတဲ့အချိန်တွေမှာမှ ဝေယီချန်းက ယန်ရွှမ်ကိုတပ်မက်လာတာလေ။


ပြောရမယ်ဆို ဝေယီချန်းက ဇာတ်ပွဲပြီးရင် ဇာတ်စင်ကိုသန့်ရှင်းရေးလုပ်တဲ့သူလိုပဲ။


မူရင်းစာအုပ်ဇာတ်လမ်းအရဆို ယန်ရွှမ်က ထိုအထက်ပုဂ္ဂိုလ်တွေရဲ့ အချစ်ကစားပွဲထဲမှာ လုံးဝနီးပါး နစ်မြှပ်နေရမှာပေါ့။


ရှန်ကွမ်းမင်က ဒဏ်ရာ‌တွေပေးလာတဲ့အချိန် ယန်ရွှမ်က ကိုယ့်ကိုယ်ကိုဖြစ်ချင်ရာဖြစ်ဆိုပြီး ဘားမှာသွားသောက်နေတဲ့အခါမှ အမြဲတိတ်တိတ်လေးစောင့်ကြည့်တဲ့ ဝေယီချန်းက ကိုယ်ထင်ပြလာခဲ့တာ။


ယန်ရွှမ်သည် ထိုမျှ‌လောက် အချိန်ကြာကြာ မစောင့်နိုင်ပါ။


အရိုးရှင်းဆုံး သင်္ချာပုစ္ဆာတစ်ပုဒ်ရှိတယ်။ ကြက်ဥတစ်လုံးပြုတ်ဖို့ စက္ကန့် ၃၀ ကြာမယ်ဆိုရင် ကြက်ဥငါးလုံးကို အနည်းဆုံးအချိန်ဘယ်လောက်နဲ့ ပြုတ်နိုင်မလဲ?။ အဖြေက စက္ကန့် ၃၀ ပဲပေါ့။


အဲ့ဒီအဖြေရဖို့က ကြက်ဥအားလုံးကို တစ်ချိန်တည်းအတူတူပြုတ်လိုက်ရုံပဲလေ။


[ဆင်ဆာ] ဇာတ်ကွက်တွေက ဖြည်းဖြည်းချင်းစီ တစ်ခုပြီးမှတစ်ခုလာနေကြတာ။


ဒါကြောင့်မို့ အချစ်ဇာတ်ကြောင်းတွေကို  မြန်မြန်ဆန်ဆန် အဆင့်တက်အောင်လုပ်နိုင်လေ ပိုပြီးမြန်မြန်ပြီးလေပဲ။


ထို့သို့တွေးနေရင်း ယန်ရွှမ်သည် လမ်းကျယ်ကြီးပေါ်သို့ ကွေ့ဝင်လိုက်သည်။


ယန်ရွှမ်၏ ဇာတ်ကောင်သည်ပထမနှစ်တက်တာ လပိုင်းသာကြာသေးသည့် ကျောင်းသားလေးဖြစ်သည်။


ချင်ယွီပိုင်သည် နောက်သုံးရက်ကြာမှ ပေါ်လာမှာဖြစ်လို့ ယန်ရွှမ်အနေနဲ့ သူပြန်မပေါ်လာမီကာလအတွင်း အတန်းတက်ရင်း ဒုတိယမြောက်ဇာတ်ကောင် ကျီယောက် ပေါ်လာမည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေနိုင်သည်။


သူက ဒုတိယမြောက် ကြက်ဥကိုပါ အိုးထဲထည့်ဖို့ သုံးရက်ကြာ ကွာဟချက်ကို အခွင့်ကောင်းယူပြီး အစီအစဉ်ဆွဲထားလိုက်ပြီလေ။


ကျီယောက်သည် ယန်ရွှမ်၏အခန်းဖော်ပင်။


ကျောင်းအိပ်ကျောင်းစားအ‌ဆောင်အခန်းများသည် လူခြောက်ယောက်အခန်းများဖြစ်ပြီး အပေါ်အောက် ခုတင်ခွဲထားသည်။


လက်ရှိအချိန်တွင် ဤအခန်းတွင် လူငါးယောက်သာ နေထိုင်ပြီး ယန်ရွှမ်၏ အပေါ်ခုတင်သည် လစ်လပ်နေဆဲ ဖြစ်သည်။


ကျောင်းစတက်သည့် ပထမလတစ်လလုံး ကျီယောက်သည် အဆောင်ခန်းတွင် မနေထိုင်ခဲ့ဘဲ သူ့မိသားစုနှင့် အကြီးအကျယ်ရန်ဖြစ်ပြီးနောက်မှသာ ပြောင်းရွှေ့လာခဲ့ခြင်းပင်။


အကယ်၍ ကျီယောက်နှင့် ယန်ရွှမ်၏ ဇာတ်လမ်းအကြောင်းမေးမြန်းပါက မူလယန်ရွှမ်အနေနှင့် ကျီယောက်ကြောင့် ခံစားရသော ဝမ်းနည်းပူဆွေးမှုများသည် ချင်ယွီပိုင်ထက် ပိုမိုကြောင်း ပြောပေလိမ့်မည်။


ယန်ရွှမ်နှင့် ချင်ယွီပိုင်တို့၏ ဆက်ဆံရေးသည် စာချုပ်တစ်ခုဖြင့် စတင်ခဲ့ပြီး ဟန်ဆောင်မှုများမရှိခဲ့ပါ။


ညှင်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာဇာတ်လမ်းတွေ အများအပြားဖြစ်ပျက်ပြီး အလဲလဲအကွဲကွဲဖြစ်ပြီးချိန်မှာ ခံစားချက်မပါ၀င်ပဲ သူတို့ကွဲကွာသွားကြခြင်းပင်။


သို့သော် ကျီယောက်နှင့်မူကွဲပြားနေသည်။


အမှန်တကယ်ဆိုရလျှင် ယန်ရွှမ် ပထမဆုံးချစ်ရသူသည် ကျီယောက်ပင်ဖြစ်သည်။ 


ယန်ရွှမ် ချင်ယွီပိုင်ကို မချစ်မိသွားခင် ကတည်းက ကျီယောက်အားချစ်မိခဲ့သည်။


ဇာတ်လမ်းအရ ယန်ရွှမ်၏ ဆင်းရဲသော မိသားစုနောက်ခံနှင့် ရှက်ကြောက်တတ်သော စရိုက်သည် ကျောင်းတွင် သိပ်မထင်ရှားသော ကျောင်းသားတစ်ဦးဖြစ်စေခဲ့သည်။


ချင်ယွီပိုင်လွှတ်လိုက်သော သူ့လူများက ယန်ရွှမ်ကို စာသင်ခန်းကနေ ခေါ်ယူခဲ့ပြီး ဟိုတယ်တစ်ခုဆီ ခေါ်သွားကာ ချင်ယွီပိုင်ကသူ့ကို တစ်ညလုံး နှိပ်စက်ညှဉ်းပန်းနေခဲ့သဖြင့် နောက်တစ်နေ့တွင် ယန်ရွှမ်သည်  နံနက်ခင်း‌ ကျောင်းသားစုဝေးပွဲကို နောက်ကျခဲ့လေသည်။


နောက်‌ကျနေသူမှာ မည်သည့်နောက်ခံတစ်ခုမှမရှိသည့် ဆင်းရဲကျောင်းသားတစ်ယောက်ဖြစ်နေသည်ကို ကျောင်းအုပ်ကြီးတွေ့သွားတော့ အခြားသူများကိုပညာပေးရန် ယန်ရွှမ်အား စုဝေးပွဲသို့မ၀င်ခိုင်းပဲ အပြင်ဘက်‌တွင်ရပ်ခိုင်းခြင်းဖြင့် အပြစ်ပေးခဲ့သည်။


ယန်ရွှမ်အား ချင်ယွီပိုင်က တစ်ညလုံး အကန့်အသတ်မရှိအောင် နှိပ်စက်ညှဉ်းပန်းခဲဲ့သဖြင့် သူ၏ ခါး၊ ခြေထောက်များနှင့် နောက်ကျောဘက်ရှိ အင်္ဂါအစိတ်အပိုင်းများသည် သည်းမခံနိုင်လောက်အောင် နာကျင်ကိုက်ခဲနေသည့်အချိန် အပြင်မှာရပ်ပြီး ဒဏ်ခတ်ခံရတဲ့ တစ်နာရီကြာကာလသည် သူ့အား လုံးဝပြိုလဲသွားလုနီးပါး ဖြစ်စေခဲ့သည်။


ယန်ရွှမ်သည် ပင်ပန်းနွမ်းလျသော ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်လျက် အဆောင်ရှိ အိပ်ခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ကျောင်းဆောင်သို့အသစ်ရောက်ရှိလာသူ ကျီယောက်နှင့် တွေ့ဆုံခဲ့ရသည်။


သူတို့နှစ်ဦးသည် ဒီနေ့မတိုင်ခင်ကတည်းက ဆုံခဲ့ကြပြီးသားပင်။


ကျီယောက်သည် အေးစက်ပြီး ခပ်တန်းတန်းနေတတ်သော ပုံစံမျိုးဖြစ်ပြီး ထိုပုံစံက သူ့မျက်နှာတွင် ပေါ်လွင်နေသည်။


သူသည် ရေခဲပန်းပုရုပ်တစ်ခုနှင့်ပင် တူနေသေးသည်။


ဤသို့သော စရိုက်လက္ခဏာသည် သူ၏ ဩဇာအာဏာကြီးမားသော မိသားစုနောက်ခံနှင့် ပေါင်းစပ်သွားသောအခါ အခန်းရှိလူတိုင်းသည် သူ့ကို ရှိန်နေခဲ့ကြသည်။


ကျီယောက် ရောက်ရှိလာသောအခါတွင်လည်း မည်သူ့ကိုမှ မနှုတ်ဆက်ခဲ့ပဲ သူစကားပြောခဲ့သူဟူ၍ သူ၏အောက်ခုတင်ပေါ်မှာ ရှိနေသူ ယန်ရွှမ်တစ်ဦးတည်းသာရှိသည်။ သူပြောခဲ့သော စကားမှာလည်း"လမ်းမပိတ်နေပဲ ဖယ်ပေးစမ်း" ဟူ၍သာ။


ဤသည်မှာ နှစ်ဦးကြား တစ်ခုတည်းသော အပြန်အလှန်ဆက်ဆံမှုပင်။


ကျီယောက်နှင့် တိုက်မိမလိုဖြစ်သွားသော ယန်ရွှမ်သည် သူ့ကိုရှောင်ရှားလိုက်ပြီး စိတ်ပင်ပန်းလူပင်ပန်းဒဏ်ဖြင့်ခုတင်ပေါ်သို့ရောက်သည်နှင့် လဲကျသွားတော့သည်။


သို့သော် သူပြန်လည်နိုးထလာသောအခါ တစ်စုံတစ်ဦးက သူ့ကို စောင်ခြုံပေးထားပြီး သူ၏နဖူးတွင်လည်း ရေနွေးစွတ်ထားသော ပုဝါတစ်ထည်ရှိနေသည်။


မှုန်ဝါးနေသော သူ၏မျက်လုံးများရှေ့တွင် အေးစက်ပြီး ခပ်တည်တည်ရှိနေသော လူငယ်တစ်ဦးသည် သူ့အား ရေနွေးနှင့် အဖျားကျဆေးကို ပေးနေသည်ကို ဝိုးတိုးဝါးတားမြင်နေမိသောအခါ မူလယန်ရွှမ်၏ နှလုံးခုန်သံများ မြန်‌ဆန်လာခဲ့ရသည်။


ကျီယောက်သည် သူဒုက္ခရောက်နေချိန်တွင် သူ့အားကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးသော ပထမဆုံးလူဖြစ်ခဲ့သည်။


သို့သော် ယန်ရွှမ် မသိခဲ့သည်မှာ ကျီယောက်သူ့ကိုကူညီရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူ၏မျက်နှာသည် ကျီယောက်၏ကလေးဘဝအချစ်ဦးဖြစ်သူ ချင်ချင်းနှင့် တူညီနေသောကြောင့်ဆိုသည်ကိုပင်။



မူလယန်ရွှမ်သည် သတိလစ်မေ့မြောနေစဉ် အလွန်အမင်းညည်းညူနေမိသဖြင့် ကျီယောက်သည် သည်းမခံနိုင်တော့ဘဲ သူ့ကို "ပါးစပ်ပေါက်ပိတ်ထား" ဟုပြောရန် အိပ်ရာမှထလာခဲ့ခြင်းဖြစ်သည်။


သို့သော် ချင်ချင်း၏မျက်နှာနှင့် အလွန်တူသော ထိုမျက်နှာကိုမြင်ရသောအခါ သူသည် ကရုဏာသက်ဝင်မိခဲ့၏။


သို့သော် ယန်ရွှမ်သည် ဤအကြောင်းအားလုံးဝမသိရှိခဲ့‌ပေ။ သူသိရှိထားသည်မှာ သူတို့ပထမဆုံးတွေ့ဆုံချိန်မှစ၍ ကျီယောက်သည် သူ့အားကောင်းမွန်စွာဆက်ဆံခဲ့သည်ဟူသော အချက်တစ်ခုတည်းသာ။


အဆောင်ခန်းတွင်နေထိုင်စဉ် ယန်ရွှမ်အား ကျီယောက် တစ်ဦးတည်းကသာ မကြာခဏဆိုသလို ဂရုစိုက်ပေးခဲ့သည်။


သူ၏စကားများသည် အေးစက်ကြမ်းတမ်းသော်လည်း ယန်ရွှမ်အား နေ့စဉ်သုံးပစ္စည်းများ မကြာခဏ ပေးလေ့ရှိသည်။


ကျီမိသားစုနှင့် ချင်မိသားစုသည် မိတ်ဆွေများဖြစ်ကြသောကြောင့် ကျီယောက်သည် ချင်ယွီပိုင်နှင့် မကြာခဏတွေ့ဆုံရလေ့ရှိပြီး ဧည့်ခံပွဲတစ်ခုတွင် ချင်ယွီပိုင်က ယန်ရွှမ်အား လူရှေ့သူရှေ့ အရှက်ခွဲစဉ်တုန်းကလည်း ကျီယောက်သည် ထရပ်ကာ ယန်ရွှမ်အား ကာကွယ်ပေးခဲ့သည်။


ကျီယောက်သည် အချိန်အကြာကြီး မှောင်မည်းနေ‌ခဲ့သော မူလယန်ရွှမ်၏ ဘ၀ထဲမှ တစ်ခုတည်းသော အလင်းရောင် လေးဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ မူလယန်ရွှမ်မှာ ဤသို့မှတ်ယူထားမိခြင်းပင်။


မူလယန်ရွှမ် ကျီယောက်အား ချစ််မိသွားခြင်းမှာ ဤအကြောင်းများကြောင့်ဖြစ်ပြီး နောက်ပိုင်းချင်ယွီပိုင်နှင့် ပိုရင်းနှီးလာသည်နှင့်အမျှ ကျီယောက်အပေါ်ထားသော ချစ်ခြင်းမေတ္တာများလည်း တဖြည်းဖြည်း လျော့နည်းလာလေသည်။


ထို့နောက်တွင် ချင်ယွီပိုင်သည် လောင်းကစားပွဲတစ်ခုတွင် ကျီယောက်ကို တမင်သက်သက် အရှုံးပေးပြီး ယန်ရွှမ်ကို လွှဲပြောင်းပေးခဲ့သည်။


သူ၏လက်ရှိချစ်သူမှ နိုင်ကြေးဆုတစ်ခုအဖြစ် သူယခင်က ချစ်ခဲ့ဖူးသူထံ ပေးအပ်ခြင်းခံရသည်မှာ ယန်ရွှမ်အား အလွန်အမင်း စိတ်ဓာတ်ကျစေခဲ့သည်။


ထို့နောက် အစပိုင်းတွင် ကျီယောက်သည်ယန်ရွှမ်အား နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့လေသည်။


ကျီယောက်သည် ယန်ရွှမ်အားမေဂျာပြောင်းခိုင်းခဲ့ပြီး စာသင်ချိန်များစွာ ပျက်ခဲ့ရသော ယန်ရွှမ်အတွက်သူငယ်ချင်းများရှေ့တွင် အရှက်မရအောင်ပြောင်းပေးတာဟု လိမ်ညာခဲ့သည်။


ပြီးနောက် သူကိုယ်တိုင်ကိုယ်ကျ ယန်ရွှမ်ကို စန္ဒယားသင်ပေးခဲ့ပြီး ယန်ရွှမ်တွင် ဤအတတ်ပညာအတွက် ပါရမီထူးရှိသည်ဟု ဆိုခဲ့သည်။


ကျီယောက်သည် သူ့ကို လေးစားမှု၊ ချစ်ခင်မှု ရှိသည်ဟုထင်ရသောကြောင့် မူလယန်ရွှမ်အား တကယ့်လူသားတစ်ဦးအဖြစ် ခံစားရစေခဲ့သည်။


တစ်ချိန်က မှေးမှိန်သွားခဲ့သော ချစ်ခြင်းမေတ္တာသည် ကျီယောက်၏ ဂရုစိုက်မှုအောက်တွင် ပြန်လည်ပွင့်ဖူးလာခဲ့ပြန်သည်။


မူလယန်ရွှမ်မှာ ကျီယောက်သည် ချင်ယွီပိုင်နှင့် ကွဲပြားသည်ဟု ထင်ခဲ့သည်။ 


ကျီယောက်တွင် သူ့အတွက် စစ်မှန်သော ခံစားချက်များရှိသည်ဟု သူထင်ခဲ့သည်။


သာမန်လူ့အဖွဲ့အစည်းမှ ကွဲထွက်နေသော ကျီယောက်ကဲ့သို့ အေးစက်ပြီး ခပ်တန်းတန်းနေတတ်သော လူငယ်တစ်ဦးအတွက် သူမနှစ်သက်သောသူများကို ဟန်ဆောင်နှစ်သက်လိမ့်မည်ဟု မထင်ခဲ့သောကြာင့် ကျီယောက်၏ ချစ်ခြင်းမေတ္တာသည် အတုအယောင်ဟု သူ မတွေးမိခဲ့ခြင်းပင်။


ကျီယောက်သည် သူ့အား အခြားသူများ ဆက်ဆံသကဲ့သို့ မဆက်ဆံဟုတွေး‌ရင်း ယန်ရွှမ်သည် သူ့ကိုယ်ပိုင်လှည့်စားမှုထဲသို့ နက်ရှိုင်းစွာ ရောက်မှန်းမသိ ရောက်သွားခဲ့ရသည်။


ကျီယောက်က ချင်ချင်းအတွက် ကျောက်ကပ်လှူဒါန်းရန် ပြောသော်လည်း ယန်ရွှမ်သည် ကျီယောက်၏ ငယ်ဘ၀ မိတ်ဆွေတစ်ဦးအတွက် စိုးရိမ်နေခြင်းသာဖြစ်သည်ဟု မိမိကိုယ်ကို လှည့်စားနေဆဲပင်။


ကျီယောက်တွင် ချင်ချင်းအတွက် ဖြူစင်သော သူငယ်ချင်းချစ်ခြင်းမေတ္တာမှတစ်ပါး အခြားမည်သည့်ခံစားချက်မျှမရှိဘူးဟု အတန်တန်တွေးတောခဲ့သည်။

ကျီယောက်အတွက်ဆိုလျှင် ချင်ချင်းအားကယ်တင်ပေးမည်ဖြစ်သည်။


သို့သော်နောက်ဆုံးတွင်မှ ကျီယောက်သည်လည်း သူ့အား အစားထိုးတစ်ခုအနေနှင့် အသုံးပြုနေခြင်း

သာဖြစ်ကြောင်း သိရှိလာရသည်။


ယန်ရွှမ် : "အို.. ချစ်စဖွယ်‌မိဘစကားနားထောင်တဲ့ကျီလေးရယ် မင်းပါးပါးမင်းကိုစောင့်နေမယ်နော်..."


အပိုင်း 7 ပြီး။