Ch 9
စောင်များကြားထဲမှ တိုးတိုးလေးကြားရသည့် အသံသည် အနည်းငယ်ရှက်ရွံ့နေပုံ ကြင် ကြင်နာနာကမ်းလှမ်းချက်တစ်ခုအား ပြုလုပ်လာသည်။ သူ၏စကားထဲ၌ အခြားရည်ရွယ်ချက်မရှိသော်လည်း တစ်မျိုးတမည်ပုံပေါက်နေဆဲပင်။
ကျီယောက်သည် ခေါင်းအားငုံ့ကာ ရွှန်းလဲ့နေသောမျက်လုံးများအား ရှောင်လိုက်သည်။
“မလိုပါဘူး”
ထို့နောက် အိတ်ထဲရှိ သော့များနှင့်ပိုက်ဆံအိတ်အား စားပွဲပေါ်သို့တင်လိုက်ပြီး သူ၏လက်နှစ်ဖက်အား ဘေးသို့ချကာ “ကျေးဇူးပါ” ဟု ပြောလာသည်။
သူသည် ချင်ချင်းအပေါ်၌ မည်သို့မျှ ကြမ်းတမ်းစွာမဆက်ဆံနိုင်ပါ။ ချင်ချင်းနှင့် မျက်နှာဆင်တူသူအား တွေ့လျှင်ပင် သူသည် နူညံ့စွာတုံ့ပြန်ဖို့သာ ရွေးချယ်မည်ဖြစ်သည်။
ယန်ရွှမ်၏ခေါင်းသည် စောင်ထဲသို့ ဖြည်းဖြည်းချင်းပြန်ဝင်သွားပြီးသက်ပျင်းချလိုက်မိသည်။
"ရှက်ဖို့ကောင်းလိုက်တာ ဇာတ်လမ်းကိုရှေ့ဆက်ဖို့ အခွင့်ရေးကောင်းတစ်ခုရှိနေတာတောင် ဒီကျီယောက်က တကယ်ပျင်းဖို့ကောင်းတဲ့သူပဲ တကယ်လို့ ဒီနေရာမှာ ချင်ယွီပိုင်သာဆို အနည်းဆုံးဇာတ်လမ်းနှစ်ကွက်လောက်ကတော့ အသာလေးပဲ"
---
နောက်တစ်နေ့မနက်တွင်လည်း အဆောင်အတွင်းရှိလေထုသည် ဆက်လက်တိတ်ဆိတ်နေဆဲဖြစ်သည်။ ကျီယောက် ရုတ်တရက် ပြန်ရောက်လာမည်အား လူတိုင်း ကြောက်နေကြပုံပင်။
ယန်ရွှမ်သည် သူ၏စာအုပ်များအာ အေးဆေးစွာ စီစဉ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းအရဆိုလျှင် ကျီယောက်သည် နောက်နှစ်ရက် နေ့လည်ခင်းအချိန်ထိ ကျောင်းသို့ပြန်လာမည် မဟုတ်သောကြောင့်ပင်။
စာကြိုးစားသည့် ဇာတ်လိုက်တစ်ယောက်အနေဖြင့် ယန်ရွှမ်းသည် ကျောင်းခန်းထဲသို့ အစောကြီးလာ၍ C အတန်းရှိခုံနေရာ၌ ထိုင်လိုက်သည်။
အမှန်တကယ်တွင် မူရင်းဇာတ်လိုက်သည် ထူးချွန်းသည့် ကျောင်းသားတစ်ဦးပင်။ သူ၏ အဆင့်များကျဆင်းရခြင်းမှာ အချစ်ရေးဇာတ်လမ်းများထဲသို့ ဇွတ်အတင်းဆွဲသွင်းခံရပြီး ထိုဆန်ကုန်မြေလေးများသည် သူ့အား အကြိမ်ကြိမ်ဖမ်းချုပ်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နှောင့်ယှက်ခြင်းများကြောင့်သာဖြစ်သည်။
ယန်ရွှမ်သည် ထိုသို့ဖြစ်ရပ်မျိုးအား မည်သို့မှ ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။
ဘာလို့ဆို စာသင်နှစ်အကုန်မှာရမဲ့ ပညာသင်ဆု ဒေါ်လာ 30,000 အတွက် ပြိုင်ဆိုင်ရမယ်လေ။
တရာဝင်ငွေကြေးစုဆောင်းနိုင်သည့် အခွင့်အလမ်းအား သူမည်သည့်အခါမှ အလဟဿ အဖြစ်ခံမည်မဟုတ်ပါ။
ထို့ကြောင့် သူစာကြိုးစားရမည်ပင်!
အချိန်ကြာလာသည်နှင့် အတန်းထဲ၌ တဖြည်းဖြည်း လူများပြည့်လာခဲ့သည်။
ဤသည်မှာ အနည်းဆုံး ကျောင်းသားအယောက်၂၀၀ရှိသည့် ကြီးမားသောအတန်းကြီးတစ်တန်းဖြစ်သောကြောင့် ယန်ရွှမ်းအနီးရှိ ခုံများတွင် လျင်မြန်စွာ လူပြည့်သွားခဲ့သည်။
ဤတက္ကသိုလ်သည် ထက်မြက်သည့်ဉာဏ်ရည်ရှိသူများ စုဝေးရာနေရာဖြစ်ပြီး ဝင်ခွင့်ရသူများမှာလည်း အတော်လေးထူးချွန်ကြပေသည်။
ယန်ရွှမ် : ဝိဉာဉ်ကူးပြောင်းရေးရာဌာနရဲ့ ရန်ငြိုးကို ငါခံစားနေရတယ်…. ဒီပညာသင်ဆုကတော့ ရဖို့မလွယ်ဘူးပဲ။
စာသင်ခန်းလုံးဝနီးပါးပြည့်သွားသည့်အခါ ယန်ရွှမ်းမမျှော်လင့်ထားသော ပုံရိပ်တစ်ခုသည် တံခါးရှေ့၌ပေါ်လာလေသည်။
ထိုပုံရိပ်သည်ကား ကျီယောက်ပင်။
သူသည် ယခင်ပုံစံနှင့်တူညီသောပုံစံ အဝတ်တစ်စုံအားလဲဝတ်လာခဲ့သည်။
သူ၏အဝတ်စားတွင် မည်သည့်တံဆိပ်မှ မရှိသော်လည်း ခေတ်မှီသည့် ချုပ်လုပ်မှုနှင့် အထည်အလိပ်များသည် အဝတ်အစား၏ အရည်အသွေးအား သက်သေပြနေသည်။
ကျီယောက် အခန်းထဲသို့ရောက်လာချိန်၌ အခန်းတစ်ခုလုံးသည် မနေ့ည အဆောင်၌ ဖြစ်ခဲ့သည့်ပုံစံအတိုင်းပင်။ အပူချိန်နှင့်အတူ လေဖိအားကျဆင်းပြီး တစ်ခန်းလုံးချက်ချင်းငြိမ်ကျသွားခဲ့သည်။
မည်သည်ကိုမျှ ဂရုမစိုက်သည့် အေးစက်စက်အကြည့်တစ်စုံသည် စာသင်ခန်းတစ်ခုလုံးအား ဖြတ်သန်းသွားရင်း ယန်ရွှမ်အား တွေ့သည့်အခါ ခေတ္တရပ်တန့်သွားသည်။
ယန်ရွှမ်းသည် ပုံမှန်အတိုင်းမျက်မှန်အား တပ်ဆင်ထားသည့်အတွက် ထိုအချိန်၌ သာမန်အတိုင်းသာဖြစ်နေ၏။
သူသည် ကျီယောက်အားမြင်လိုက်ချိန်တွင် မျက်မှန်နောက်ကွယ်မှ မျက်လုံးလေးများ ကွေးညွတ်အောင်ပြုံးပြလျက် လက်ပြနှုတ်ဆက်လိုက်သည်။
ကျီယောက်သည် မျက်နှာလွှဲလိုက်ရင်း စာသင်ခန်းအတွင်းရှိ ခုံလွတ်တစ်ခု၌ ဝင်ထိုင်လိုက်၏။
ယန်ရွှမ်းသည် သူ့အား မျက်စိတစ်ဆုံးလိုက်ကြည့်နေခဲ့ပြီး ကျီယောက်ထိုင်လိုက်သည်နှင့် သူ့အား ထပ်မံလက်ပြ၍ နှုတ်ခမ်းလှုပ်ကာပြောလာသည်: "နောက်တစ်ခါခုံနေရာချန်ထားပေးမယ် "
သူတို့နှစ်ယောက်၏ကြားတွင် ခုံတန်း10တန်းကျော်ခြားနေသောကြောင့် ကျီယောက်သည် ယန်ရွှမ်းပြောနေသည်များအား မကြားနိုင်ခဲ့ပေ။
သူမြင်ရသည်မှာ ကွဲအက်နေသောနှုတ်ခမ်းများသာဖြစ်သည်။
အဆောင်၌ ယန်ရွှမ်းနှင့်ချင်ချင်းတို့၏ အံ့အားသင့်ဖွယ်ဆင်တူမှုများကြောင့်မှင်သက်နေမိသဖြင့် ထိုခဲ့သို့သော အသေးစိတ်အချက်လက်များအား အာရုံမစိုက်မိခဲ့ပေ။
သို့သော် ယန်ရွှမ်းသည် အရှေ့သို့ပြန်၍ လှည့်သွားခဲ့ပြီဖြစ်သည်။
ကျီယောက်သည် စာပွဲပေါ် လက်တင်၍ ခဏအကြာကသူမြင်တွေ့ခဲ့သော ထိုနှုတ်ခမ်းများအား စိတ်ထဲ၌ ပြန်လည်မြင်ယောင်နေမိသည်။
ထိုနှုတ်ခမ်းများသည် ဖူးရောင်၍ အနည်းငယ်ရောင်ကိုင်းနေပြီး ဒဏ်ရာများဖြင့်ဖုံးလွှမ်းနေသည်။
ကျီယောက်သည် ခေါင်းငုံ့လိုက်ကာ သူ့၏မျက်တောင်များအားခတ်လိုက်ရင်း ဖြစ်ပေါ်လာသည့် ဒေါသများအား ဖုံးကွယ်ထားလိုက်သည်။
စာသင်ပြီး၍ အတန်းနားချိန်၌ ထိုင်ခုံမှာထိုင်နေသော ဂျီယောက်ထံသို့ ယန်ရွမ်း ချဉ်ကပ်သွားပြီး သတ္တိစု၍ သူငယ်ချင်းဖွဲ့ရန်ကြိုးစားနေသည့် ခပ်ရှက်ရှက်ကောင်ငယ်လေးပမာ ပြုမူလာခဲ့သည်။
“နောက်တစ်ခါ မင်းအတွက်ထိုင်ခုံချန်ထားပေးမယ်”
ကျီယောက်သည်ခေါင်းမော့ကာ ယန်ရွှမ်၏ နှုတ်ခမ်းများအား ခဏတာကြည့်လိုက်၏။ အနီးကပ်ကြည့်လျှင် သူ၏နှုတ်ခမ်းပေါ်ရှိ ဒဏ်ရာများသည် တစ်မျိုးတစ်မည် အဆင်ပြေစွာရှိနေသည်အား တွေ့ရသည်။ ထိုဒဏ်ရာများသည် တစ်စုံတစ်ဦးထံမှ ရက်စက်စွာကိုက်ထားခြင်းဖြစ်သည်ကို အရူးတစ်ယောက်ပင်လျှင်သိနိုင်သည်။
“မလိုပါဘူး” ကျီယောက်သည် အေးစက်စွာပြန်ပြောလိုက်၏။ ယန်ရွှမ်၏အေးခဲသွားသော မျက်နှာအောက်တွင်သူ့လှည့်ထွက်သွားခဲ့ပြီး သူ၏အသံသည်လည်း ပိုမိုအေးစက်လာခဲ့သည်။
“ငါနဲ့ဝေးဝေးနေ”
ထို့နောက်သူသည် ယန်ရွှမ်းအား နောက်တစ်ကြိမ်လှည့်မကြည့်ဘဲ အခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။
ယန်ရွှမ်းသည် စဉ်စားလျက် သူ၏နှုတ်ခမ်းများအား ပွတ်သပ်လိုက်၏။
သူအထင်မမှားလျှင် ကျီယောက်၏အကြည့်များသည် သူ၏နှုတ်ခမ်းပေါ်၌ ခေတ္တရပ်တန့်သွားခဲ့သည်။
ဇာတ်လမ်းအရဆိုပါလျှင် ကျီယောက်၏ချင်ချင်းအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် ကိုးကွယ်မှုတစ်မျိုးပင်။ ချင်ချင်းသည် သူ့အတွက် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်တည်မှုအဖြစ် သတ်မှတ်ထားပြီး အံ့ဩဖွယ်ကောင်းသည့် တည်ရှိမှုမျိုးဖြစ်သည်။
သူ့နတ်ဘုရားအား ညစ်ညမ်းစေခြင်းကို မည်သို့မှခွင့်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ချင်ချင်းနှင့်ဆင်တူသော ယန်ရွှမ်ကိုပင်လျှင် ထိုကဲ့သို့ တူညီသောစံနှုန်းမျိုးဖြင့် ဆက်ဆံခဲ့သည်။
ဇာတ်လမ်းထဲ၌ ကျီယောက်သည် ယန်ရွှမ်းနှင့်ချင်ယွီပိုင်တို့၏ စာချုပ်အကြောင်းအား သိရှိပြီးနောက် အလွန်ဒေါသထွက်သွားခဲ့သည်။ ထို့နောက် သူ၏ ယန်ရွှမ်းပေါ်ဆက်ဆံမှုသည် ပို၍ပင်ဆိုးရွားလာပြီး ယန်ရွှမ်အား လျစ်လျူရှုထားခဲ့၏။
သို့သော် ယန်ရွမ်းအတင်းအကျပ်ပြုခံရသည်အားသိရှိသွားသည့်အခါ ကျီယောက်၏ ဆက်ဆံသည့်ပုံစံသည် အနည်းငယ်ပြောင်းလဲလာခဲ့သည်။
ချင်ယွီပိုင်ထံမှ အရှက်ခွဲခံရသည့်အခါတိုင်း ကျီယောက်သည် မူလယန်ရွှမ်းအားကူညီပေးခဲ့သည်။
သူ၏ အကူအညီသည် ယန်ရွှမ်းအပေါ်၌ စာနာမှု၊ ကြင်နာမှုတို့ရှိခြင်းကြောင့်မဟုတ်ပေ။
သူကူညီရခြင်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ယန်ရွှမ်းသည် ချင်ချင်းအား သတိရစေသောကြောင့်ပင်။
သူသည် ချင်ချင်းအား အနည်ငယ်မျှပင် အထိခိုက်မခံလိုခဲ့ပါ၊ ထိုကာကွယ်စောင့်ရှောက်လိုမှုသည် ချင်ချင်းနှင့်တူသော ယန်ရွှမ်အထိပါ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
ကျီယောက်သည် သူ့အား အခြားသူများနှင့်မတူဘဲ လုံးဝကွဲပြားစွာဆက်ဆံနေသည်ဟု မူလယန်ရွှမ်းထင်ခဲ့သော်လည်း သူမသိခဲ့သည်မှာ ဂျီယောက်အတွက် ချင်ချင်းသည်သာလျှင် အစားထိုး၍မရသောသူ ဖြစ်သည်ကိုပင်။
မူလယန်ရွှမ်သည် အရာအားလုံးကို အထင်လွဲနေခဲ့ပြီ ကျီယောက်အား ချစ်မိသွားခဲ့သည်။ ထို့ကြောင့် ယန်ရွှမ်သည် သူ၏ခန္ဓာကိုယ်အား လိုလိုလားလားအပ်နှံမိခဲ့၏။
အစမှအဆုံးထိတိုင် ကျီယောက်သည် သူ့ထံရောက်လာသော သားကောင်ငယ်အား လက်ခံရုံမှလွဲ၍ မည်သည့်အရာကိုမှ ထွေထွေထူးထူးမလုပ်ခဲ့ရချေ။
သူသည်ချစ်ခြင်းမေတ္တာအကြောင်း မည်သည့်အခါမှမပြောဆိုခဲ့ဘဲ အရာအားလုံးသည် ယန်ရွှမ်း၏ တစ်ဖက်သတ်အတွေးများသာဖြစ်ခဲ့သည်။
ယန်ရွှမ်းသည် သူ၏နှုတ်ခမ်းများကိုထိတွေ့ထားသော လက်အားချလိုက်သည်။ ဤကဲ့သို့တိုက်ရိုက်ဆန်သောဇာတ်လမ်းမျိုးသည် သူအကြိုက်ဆုံးဖြစ်သည်။
ကျီယောက်သည် လှဲလျောင်းနေရန်သာလိုအပ်ပြီး သူ့ဖက်မှလှုပ်ရှားမှုများအားလုံးကို ကိုင်တွယ်လိုက်ရုံပင်။ ဤသို့ဆိုလျှင် ဇာတ်လမ်းသည် လွယ်ကူစွာတိုးတက်လာနိုင်ပြီး ရှုပ်ထွေးသွားနိုင်ချေလည်း နည်းပေလိမ့်မည်။
'တွေ့လား? ငါ့ရဲ့မျက်နှာကိုပြလိုက်ရုံနဲ့ ကျီယောက်က “ငါ မသန့်ရှင်းတဲ့ ယန်ရွှမ်ကိုမုန်းတယ်” ဟူသောအဆင့်အား ရောက်လုနီးပါးပင် ၊ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ'
ယန်ရွှမ်သည် ဂျီယောက်၏ဇာတ်လမ်းအား အရှိန်မြှင့်တင်ရန်အရေးတကြီးလိုအပ်နေသည့် အကြောင်းရင်းတစ်ခုမှာ နောက်ပိုင်း၌ ကျီယောက်နှင့် ချင်ယွီပိုင်တို့၏ ဇာတ်လမ်းများသည် ဆက်နွယ်မှုရှိနေခြင်းကြောင့်ပင်။
နောက်ပိုင်းတွင် မူလယန်ရွှမ်းသည် ချင်ယွီပိုင်တို့ အချစ်ဇာတ်လမ်း၌ ကျီယောက်သည် သူတို့နှစ်ယောက်ကြား နားလည်မှုလွဲစေမည့် သဝန်တိုရမည့်သူ ဖြစ်လာပေလိမ့်မည်။
ယန်ရွှမ်းနှင့်ကျီယောက်တို့၏ အချစ်ဇာတ်လမ်းအလှည့်ရောက်သည့်အခါတွင်လည်း ချင်ယွီပိုင်မှာသ၀န်တိုရမည့်သူအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ချင်ယွီပိုင်းနှင့်ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်ထားသည့်အလျှောက် ကျီယောက်အတွက်လည်း ထိုနည်းတူပြုလုပ်ရမည်ဖြစ်သည်။
တကယ်လို့ သဝန်တိုစရာသူမရှိခဲ့ရင်ဇာတ်လမ်းနှင့်ဆက်ဆံရေးများသည် ရေခဲမြစ်များကဲ့သို့ နှေးကွေးစွာရွေ့လျားနေပေလိမ့်မည်။
---
ကျီယောက်သည် အတန်းနားချိန်ပြီးသည့်တိုင် ပြန်ရောက်မလာခဲ့ချေ။
ကျီယောက်လေးသည် အလွန်အကျွံ လှုံ့ဆော်ခံရပြီးနောက် ကျောင်း၏တစ်နေရာ၌ သူ၏ဒေါသများအား ထုတ်ဖော်နေမည်လားဆိုသည်ကို ယန်ရွှမ်သိချင်နေမိသည်။
ဇာတ်လမ်းအရဆိုလျှင် ကျီယောက်သည် “ငါ့မိသားစုဆီက ဒေါ်လာသန်းရာပေါင်းများစွာကို အမွေမလိုချင်ဘူး" ဆိုသောအခြေအနေ၌ရှိနေပြီး မိသားစုနှင့် စကားများနေတတ်သူဖြစ်သည်။
သူ၏စိတ်ဓာတ်ကျနေသောအခြေအနေသည် ယန်ရွှမ်နှင့်တွေ့ပြီး ပိုမိုပြင်းထန်လာခဲ့ခြင်းပင်။
ယန်ရွှမ်းသက်ပျင်းချလိုက်သည် 'သနားစရာလေးပဲ'
မင်းဒေါသဖြစ်ချင်သလောက်ဖြစ်ထားလိုက်စမ်းပါ။ နောက်ပိုင်းမှာ ဒီထက်မက ဒေါသဖြစ်ဖို့အကြောင်းအရာတွေရှိလာတော့မှာ။
မကြာမီအချိန်၌ ဒုတိယမြောက်စာသင်ချိန်တစ်ဝက်သည် တံခါးခေါက်သံတစ်ခုကြောင့် အနှောင့်ယှက်ဖြစ်သွားခဲ့သည်။
ယန်ရွှမ်သည် သူ၏ ဒုတိယမြောက်ပစ်မှတ်ပြန်ရောက်လာသည်ထင်၍ မျက်နှာအမူအရာအား မထုံတတ်သေးအမူအယာအဖြစ်သို့ အလျင်အမြန်ပြောင်းလဲလိုက်သည်။
ပါမောက္ခသည် တံခါးဖွင့်လာသူအားကြည့်လာ၏။
“မင်္ဂလာပါ၊ ကျွန်တော် တစ်ယောက်ယောက်ကိုကြိုဖို့ရောက်နေတာပါ။”
“စိတ်မပူပါနဲ့” ပါမောက္ခသည် ကြင်နာစွာပြောလိုက်သည်။ “ဆရာ ဒီနေ့သင်ခန်းစာရဲ့ PowerPoint တွေနဲ့ သင်ထောက်ကူတွေကို အဖွဲ့ အီးမေးလ်ထဲ ပို့ထားပေးမယ်။ ကိုယ့်ဘာသာလေ့လာပြီး မေးစရာရှိရင် ဆရာ့ကို အီးမေးလ်ပို့လိုက်”
“ကျေးဇူးတင်ပါတယ် ဆရာ”
စာသင်ခန်းတံခါးပိတ်သွားပြီးနောက် ဝေယီချန်းသည် သွားရန်တွန့်ဆုတ်နေသည့် ယန်ရွှမ်အားကြည့်လိုက်ပြီး စာနာမှုကင်းသည့်လေသံဖြင့်ပြောလာသည် “ ကားက အနောက်ဘက်တံခါးမှာ”
ယန်ရွှမ်သည် အားနည်းပြီး သနားစရာကောင်းသော အမူအရာဖြင့် သူ့ဘက်သို့လှည့်ကာ “မစ္စတာ ဝေ၊ ကျွန်တော်ခုနက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တယ်မလား ဒီလိုဆို ဆရာကကျွန်တော့် အတန်းတက်အမှတ်တွေကို မဖြတ်လောက်ဘူးထင်တာပဲ”
ဝေယီချန်း: “.....”
“သရုပ်ဆောင်ဖို့မလိုပါဘူး” ဟု ဝေယီချန်က လှောင်ပြောင်လိုက်သည်။
“သူကမင်းအတန်းတက်အမှတ်တွေကို ဖြတ်မှာမဟုတ်ဘူး”
ဟုတ်ပါသည်။ မူလဇာတ်လမ်းအရ ပါမောက္ခကြီးသည် နားလည်ပေးသည့်ပုံပေါ်သော်လည်း သူသည် ယန်ရွှမ်၏အမှတ်များကို လျှို့ဝှက်စွာ အများအပြားဖြတ်ချထားခဲ့သည်။
ယန်ရွှမ်းသည် သူ၏မျက်နှာပေါ်မှ ဝမ်းနည်းနေသည့်အမူအရာအား ပြောင်းလဲလိုက်ပြီး ချိုမြိန်စွာပြုံးလိုက်သည်။ “သူများအကူအညီကို မှီခိုနေတာထက်စာရင် ကိုယ်တိုင်ကြိုးစားလိုက်တာက ပိုပြီးလုံခြုံတယ်လို့ခံစားရတယ်လေ”
ဤသည်ကိုကြားပြီး ဝေယီချန်သည် မပြတ်မသားပြက်ရယ်ပြုလိုက်သည်။
နှစ်ယောက်သား လှေကားဆီသို့ လျှောက်သွားကြရာတွင် ဝေယီချန်းသည် အရှေ့မှလျှောက်၍ ယန်ရွှမ်းသည် အနောက်တွင်ဖြစ်၏။ ဝေယီချန်သည် ထောင့်ချိုးတစ်နေရာအရောက်တွင် ရုတ်တရက်ရပ်တန့်သွား၏။
“သခင်လေးကျီ”
ဤသည်ကိုကြားပြီး သူ့နောက်တွင်ရှိသော ယန်ရွှမ်း၏ မျက်လုံးများ တောက်ပလာသည်။
အိုး..ဟို? ဒါက ဇာတ်လမ်းထဲ ပစ်မှတ်နံပါတ် 2 နှင့် 5တို့ရဲ့ပထမဆုံးတွေ့ဆုံမှုများလား? တကယ်ကိုအမှတ်ရလောက်စရာပဲ!
ပြောရလျှင် ပစ်မှတ်နံပါတ် 1 သည် ပစ်မှတ်နံပါတ် 5 ၏ နောက်တွင်ရှိနေသည်ဖြစ်သောကြောင့် ဤသည်ကား ပစ်မှတ်သုံးယောက်၏ တွေ့ဆုံမှုဟုပြော၍ရပေသည်။
အကယ်၍ သူဂရုတစိုက်လုပ်ဆောင်လျှင် ဇာတ်လမ်း ဇာတ်ကွက်များကို တစ်ချိန်ထဲ မြှင့်တင်နိုင်ပေလိမ့်မည်။
“မင်း ဒီကိုဘာလာလုပ်တာလဲ”
ကျီယောက်၏ အသံမှာ အရင်လို အေးစက်ဆဲပင်။
“လူတစ်ယောက်ကိုလာကြိုတာပါ”
ဝေယီချန်း၏လေသံ လေးစားမှုရှိသော်လည်း မရေရာသောဟန်ဖြင့်ပင်။
ချင်ယွီပိုင်၏ အယုံကြည်ရဆုံး အိမ်တော်ထိန်း၊အတွင်းရေးမှူးတစ်ဦးအနေဖြင့် သူသည် မည်သည်အားပြောရမည်၊ မည်သည်အား မပြောရဆိုသည်ကို ကောင်းစွာသိပေသည်။
ကျီယောက်သည် လှေကားကိုမှီ၍ ခေါင်းအားအနည်းငယ်စောင်းလိုက်သည်။
သူသည်အနံ့ဆိုးလှသည့် လိမ္မော်ရနံ့အားမှတ်မိနေပုံပေါ်ပြီး ဝေယီချန်း၏ အနောက်သို့ကြည့်နေမိသည်။
ထိုနေရာတွင် ခေါင်းငုံ့၍ လက်ဖြင့် အိတ်ကြိုးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော ယန်ရွှမ်ရှိ နေသည်ကိုမြင်လိုက်ရာ ကျီယောက်၏ မျက်ဆန်များ ပြင်းထန်စွာ ကျုံ့သွားသည်။
ကွဲအက်နေသောနှုတ်ခမ်းများ၊ ဆင်တူလွန်းသည့်မျက်နှာနှင့် ချင်ယွီပိုင်၏ အိမ်တော်ထိန်း။
ကျီယောက်သည် ဤသဲလွန်စအားလုံးကို စုစည်းလိုက်သည့်အခါ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
“ကျွန်တော်တို့ကို ခွင့်ပြုပါအုံး”
ဝေယီချန်သည် ယန်ရွှမ်းအား သူ့နောက်လိုက်ခဲ့ရန်အချက်မပြခင် အနည်းငယ်ကိုင်းညွှတ်၍ ကျီယောက်အား အရိုသေပေးလိုက်သည်။
ယန်ရွှမ်း၏ ခေါင်းသည် ပို၍ပင်အောက်သို့ငုံ့သွားခဲ့ပြီး ဂျီယောက်နားမှ ဖြည်းဖြည်းချင်းဖြတ်သန်းသွားစဉ် သူ၏အိတ်ကြိုးများအား အားနှင့်ဆုပ်ကိုင်ထားသောကြောင့် အဆစ်များပင်ဖြူဖျော့လာခဲ့သည်။
“ခဏနေအုံး”
---
Novel လေးတွေကိုဝေဖန်အကြံပြုချင်တာပဲဖြစ်ဖြစ်၊ ၀ယ်ယူချင်တာပဲဖြစ်ဖြစ်၊ မေးမြန်းချင်တာပဲဖြစ်ဖြစ် ကိစ္စတစ်ခုခုရှိရင် telegram acc @zolanovel ကိုလာခဲ့နော်><