Ch 11
ချင်ယွီပိုင်သည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ပြက်ရယ်ပြုကာ "မင်းက ဘာမှ မခံစားရဘူးလို့ ဆိုလိုတာလား။”
ထိုသို့ပြောရင်း သူ၏ လက်မသည် ယန်ရွှမ်၏ ဒဏ်ရာရထားသောနှုတ်ခမ်းပေါ်သို့ ကြမ်းတမ်းစွာဖိချလိုက်သည်။ သို့သော် ယန်ရွှမ်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှမရှိ၊ နာကျင်မှုပင် မပြခဲ့ချေ။ သူ၏ အနီးမှုန် မျက်လုံးများသည် အေးဆေးတည်ငြိမ်စွာရှိနေဆဲပင်။
ချင်ယွီပိုင်သည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။ ဘာကြောင့် သူက ယန်ရွှမ်ထက် အကဲပိုနေရတာလဲ? ယန်ရွှမ်က သူ့ရဲ့ဒေါသနဲ့ရော ထိုက်တန်ရဲ့လား?
“ကောင်းပြီလေမင်းဒီတိုင်းဆက်နေနိုင်ဖို့ မျှောင့်လင့်ပါတယ် နောက်လည်းမင်း အလောင်းတစ်ကောင်လို ဆက်ပြီးပြုမူနေရမယ်”
ထို့သို့ပြောရင်း ချင်ယွီပိုင်သည် ယန်ရွှမ်အား အိပ်ယာပေါ်သို့ဆွဲခေါ်သွား၏။
ချင်ယွီပိုင်ကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲ၍ အနိုင်ရရန် စွဲလမ်းမှုပြင်းထန်သည့် အာဏာရှင်တစ်ဦးအတွက်၊ ဤကဲ့သို့လှုံ့ဆော်မှုများသည် အမြဲလိုလိုပင် အကျိုးသက်ရောက်မှုရှိခဲ့သည်။
ပထမဆုံးအကြိမ် သူ၏တပ်မက်မှုများကို ကြမ်းတမ်းစွာ ဖော်ထုတ်ခြင်းနှင့် နှိုင်းယှဉ်ပါက၊ ချင်ယွီပိုင်သည် စတင်သူတစ်ယောက်အနေဖြင့် နည်းလမ်းအချို့ကို အသုံးပြုရန် ကြိုးစားခဲ့သည်။
ဤအရာများသည် ယောက်ျားတိုင်း၏ DNA ထဲတွင် မူလကပင် ရှိနှင့်ပြီးသား အရာများဖြစ်၏။ သူဆန္ဒရှိသရွေ့၊ နူးညံ့သိမ်မွေ့သည့် သားရဲတိရစ္ဆာန်၏ စိတ်လှုပ်ရှားဖွယ်ရာအာသီသကို ဆက်လက်ရှာဖွေတွေ့ရှိနိုင်သည်။
နာကျင်မှုသည် ဤလူကို ထိရောက်စေရန် မလုံလောက်ပါက၊ အခြားနည်းလမ်းများကို အသုံးပြရပေတော့မည်။
ယန်ရွှမ် : ခံစားရတာတော့ကောင်းပေမယ့် ကျွန်တော်ဘာမှမပြောနိုင်ဘူးလေ
ချင်ယွီပိုင်၏ အထင်သေးသော အကြည့်သည် ယန်ရွှမ်အပေါ်ကျရောက်လာသည်။
“မင်းဘာမှမခံစားရဘူးလား?”
သူ၏အသံများက ကြမ်းတမ်း၍ ပျင်းရိနေသလို ရက်စက်၍အကြမ်းဖက်မှုအသံလည်းပါဝင်နေသည်။
ချင်ယွီပိုင်သည် ယန်ရွှမ်၏ ပါးလေးများကို ဖိဆွဲကာ၊ သူ့ကို လုံးဝထိန်းချုပ်ထားသကဲ့သို့ ပြုမူနေသည်။ သူ၏နှုတ်ခမ်းလေးများက ပြုံးပြလိုက်ပြီး “ပြောလေ”
ယန်ရွှမ်သည် သူ၏အကြည့်ကိုပြန်ပြင်လိုက်ပြီး ချင်ယွီပိုင်နှင့် မျက်လုံးချင်းဆုံကာ “အရူးလေး” ဟု ပြောလိုက်သည်။
ချင်ယွီပိုင်: “....”
ယန်ရွှမ်း: အများကြီးမတောင်းဆိုနဲ့လေ သူငယ်ချင်းရယ် ငါတို့က လိင်ကိစ္စအတွက်ပဲ အတူရှိနေကြတာ ခင်ဗျာကို ‘’အရူးလေး" လို့ခေါ်တာက အမြင့်ဆုံးလေးစားမှုပေးနေတာပဲ
ချင်ယွီပိုင်သည် အလွန်ဒေါသထွက်သွားကာ သူ၏အာဏာကိုဖော်ပြရန် သူ၏အစွမ်းရှိသမျှထုတ်သုံး၍ အသားစားသည့် ကျားရဲတစ်ကောင်သဖွယ်ပြုမူလေတော့သည်။
ယန်ရွှမ်သည် နာကျင်လွန်း၍ ချုပ်ထိန်းထားသည့်ကြားမှ ခေါင်းအုံးအားကိုက်ထားမိသည်။ ခဏကြာသောအခါ ချင်ယွီပိုင်သည် ယန်ရွှမ်ပါးပြင်နှစ်ဖက်ကိုကိုင်လိုက်၍ “လွှတ်ချလိုက်စမ်းပါ”
သူသည် မည်မျှပင် ပို၍အားစိုက်သော်လည်း အားနည်းပုံရသော ကောင်လေးသည် လွှတ်ချလိုက်ရန် ငြင်းဆန်နေဆဲပင်။
သူ၏နုနယ်သောပါးပြင်များ နီရဲသွားသည်အထိ ရက်ရက်ရောရောကိုင်တွယ်ခံရသော်လည်း၊ သူသည် သူ၏နောက်ဆုံးဂုဏ်သိက္ခာအနည်းငယ်ကို ထိန်းသိမ်းထားရန်အလို့ငှာ ခေါင်းအုံးကို မညှာတာဘဲ ကိုက်ထားဆဲဖြစ်သည်။
သူသည် ဘယ်သောအခါမျှ အရှုံးပေးမည်မဟုတ်။
သူ၏ခန္ဓာကိုယ်သည် ယောက်ျားတစ်ယောက်၏အောက်တွင် လဲလျောင်းနေရသည့်တိုင်၊ သူ၏ခန္ဓာကိုယ်မှခံစားနေရသော နာကျင်မှုများကြောင့်ထိန်းချုပ်မှုဆုံးရှုံးသွားသည့်တိုင်၊ သူ၏စိတ်သည် အစဉ်အမြဲကဲ့သို့ပင် မာန်မာနရှိနေဆဲဖြစ်သည်။
ချင်ယွီပိုင်သည် ယန်ရွှမ်၏ပါးပြင်များအား လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ယန်ရွှမ်၏ပါးစပ်သည် ပွင့်သွားခဲ့သည်။
သူ၏နှုတ်ခမ်းထောင့်များစိုစွတ်နေပြီး မျက်နှာအမူအရာများလည်း ပျောက်ဆုံးနေသည်။
ထိုသည်ကိုမြင်ပြီး ချင်ယွီပိုင်၏နှလုံးသားသည် ပူလောင်သွားခဲ့သည်။ ချွေးစေးတွေဖြင့်ရွှဲနေသော ယန်ရွှမ်ကို ကောက်ယူပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို အကြမ်းအဓမ္မလှန်ပစ်လိုက်လေတော့သည်။
နောက်ထပ်အိပ်မပျော်သည့် ညတစ်ညပင်။
---
မနက်မိုးသောက်ချိန်တွင် ချင်ယွီပိုင်သည် အိပ်ယာပေါ်မှဆင်းကာ ရေချိုးခန်းသို့ လျှောက်သွားလေသည်။
ယန်ရွှမ်သည် ခေါင်းအုံးကိုကိုက်ထားသော သူ၏ပါးစပ်ကို ဖြေလျော့လိုက်ပြီးနာကျင်နေသော သူ၏ပါးပြင်များကို ပွတ်သပ်ရင်း သူ၏မေးစေ့မှ တံတွေးများကို တစ်ချက်တည်းဖြင့် သုတ်လိုက်သည်။
ဒါက ဒုတိယအကြိမ်ပဲ။ နောက်တစ်ခါဆို အသံတစ်ချက်နှစ်ချက်လောက် ထွက်လာနိုင်လောက်လား?
ဤအိမ်တွင် ရေချိုးခန်းငါခန်း၊းခြောက်ခန်းရှိသောကြောင့် ယန်ရွှမ်သည် အခြားရေချိုးခန်းတစ်ခုသို့ဝင်သွားပြီး သန့်စင်လိုက်၏။
ချင်ယွီပိုင်ထွက်လာချိန်တွင် ယန်ရွှမ် သန့်ရှင်းရေးလုပ်၍ ပြီးနှင့်ပြီဖြစ်ပြီး အိပ်ရာအနားတွင်ရပ်ကာ သူ၏ရှပ်အင်္ကျီကို ဝတ်ဆင်နေသည်။
အခန်းထဲမှမီးများမဖွင့်ထားသောကြောင့် အရည်အသွေးမြင့်လှိုက်ကာများမှတစ်ဆင့် အနည်းငယ်သောနေအလင်းသာ ဝင်ရောက်နိုင်ခဲ့သည်။
ယန်ရွှမ်၏ကြီးမားသော တီရှပ်မှတစ်ဆင့် သူ၏ကျစ်လျစ်သောကိုယ်ခန္ဓာပုံရိပ်ကို အထူးသဖြင့်သူ၏ပျော့ပျောင်းသွယ်လျသောခါးကို မီးမောင်းထိုးပြရန် လုံလောက်သောအလင်းပင်။
ယန်ရွှမ်သည် စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူ၏ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်ကို ကောက်ယူလိုက်၏။
“ရပ်လိုက်” ချင်ယွီပိုင်သည် အေးစက်တင်းမာသောအသံဖြင့် အမိန့်ပေးလာသည်။
ယန်ရွှမ်၏ လျစ်လျူရှုမှုကြောင့် သူတို့နှစ်ယောက်ဟာ သာမန်ချိန်းတွေ့မှုတစ်ခုပြုလုပ်ရန် ဤနေရာသို့ရောက်ရှိလာသကဲ့သို့ပုံစံပေါက်နေသည်။
ချင်ယွီပိုင်သည် ယန်ရွှမ်၏ဂရုမစိုက်ဟန်ပြုမူနေသည်ကို မုန်း၏။
ယန်ရွှမ်အား သူမငြီးငွေ့မီ၊ သူနှင့်ယန်ရွှမ်တို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို ယန်ရွှမ်အား သေချာစွာနားလည်စေချင်သည်။
သူသည် ချင်ယွီပိုင်မှ ဝယ်ယူထားသူဖြစ်ပြီး သူ၏ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။
ယန်ရွှမ် ရပ်လိုက်၏။
"မင်းရဲ့နေရာကိုမင်းနားမလည်နေသလိုပဲ" ဟု ချင်ယွီပိုင် ပြောလိုက်၍ "မင်းကိုထွက်သွားခွင့်ပေးမိလို့လား”
ယန်ရွှမ်သည် လှည့်မကြည့်ဘဲ ချင်ယွီပိုင်အား ကျောခိုင်း၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ကျေးဇူးပြု၍ ထွက်ခွာခွင့်ပြုပါ…”
“သခင်”
ထိုကောင်လေး၏ အသံထဲတွင် အပိုခံစားချက်များ လုံးဝမပါရှိဘဲ၊ လုပ်ငန်းတာဝန်တစ်ခုထမ်းဆောင်နေသလိုပုံစံသာရှိသည်။ ထိုအရာသည် သူ့အတွက် မည်သည့်ခံစားမှမပါသော စကားသံနှစ်သံသာဖြစ်ပြီး လက်လျှော့တောင်းပန်နေသည့် ပုံစံမျိုးလည်းလုံးဝမဟုတ်ခဲ့ပါ။
အမှောင်ထုထဲ၌ ချင်းယွီပိုင်သည် ယန်ရွှမ်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကာ ယန်ရွှမ်၏မေးစေ့အား မ,တင်လိုက်သည်။
ယန်ရွှမ်၏ မျက်နှာအမူအရာအား သူမြင်နိုင်ခြင်းမရှိဘဲ၊ လင်းလက်နေသော မျက်မှန်တစ်စုံကိုသာမြင်နေရသည်။ ထို့ကြောင့် သူသည် ယန်ရွှမ်၏မျက်မှန်အား ချွတ်လိုက်ပြီး သူ့၏လက်များဖြင့် ယန်ရွှမ်ကိုခါးမှတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
မှောင်နေသောအခန်းထဲ၌ သူ့၏မျက်လုံးများ ဖြည်းဖြည်းချင်းကျင့်သားရလာသော်လည်း ချင်းယွီပိုင်တစ်ယောက် ယန်ရွှမ်၏ တုံ့ပြန်မှုအား မမြင်ရသေးချေ။ ရှက်နေခြင်းလား၊ စိတ်ဆိုးနေခြင်းလား၊ ဒါမှဟုတ် သူ့ရဲ့ပုံမှန် လျစ်လျူရှုမှုလား?
တကယ်တော့ ယန်ရွှမ်းသည် မည်သည့်အမှားမှမလုပ်ထားပါ။
ချင်ချင်းနှင့် အလွန်တူလွန်းသော သူ၏မျက်နှာသည် တန်ဖိုးကြီး ရတနာတစ်မျိုးကဲ့သို့ဖြစ်နေပြီး၊ ထိုအရာကပင် သူ့အား ဒုက္ခရောက်စေကာ ချင်ယွီပိုင်၏ နှလုံးသားအား မငြိမ်မသက်ဖြစ်စေချင်းပင်။
သို့သော် အကောင်းဆုံးသော အစားထိုးသည်ပင် သူ၏ဂရုစိုက်မှုနဲ့ မထိုက်တန်ပေ။ ထိုသို့ပြုလျှင် သူအလွန်ချစ်ခင်မြတ်နိုးရသော မူရင်းလူအား မထီမဲ့မြင်ပြုရာရောက်မည်။
ချင်းယွီပိုင်သည် ခေါင်းကိုငုံ့လိုက်၍ သူ၏နှာခေါင်းထိပ်နှင့် ယန်ရွှမ်၏နှာထိပ်လေးများကို ထိကပ်လိုက်သည်။ သူတို့နှစ်ဦး၏ အသက်ရှူသံများ ရောထွေးသွားချိန် သူနည်းနည်းပြုံလိုက်မိပြီး “မင်းက သိပ်ကိုဈေးပေါတာပဲနော်”
တောက်ပသောမျက်လုံးများသည် အမှောင်ထုထဲတွင် မှိန်တိမှိန်တိန်လင်းလက်နေ၏။ မူလက စမ်းချောင်းကဲ့သို့ စင်ကြယ်နေခဲ့ရာမှ ယခုအခါ တွင်းနက်ကြီးတစ်ခုကို အတင်းအကျပ် နှိုးဆော်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
ချင်းယွီပိုင်သည် ယန်ရွှမ် ယခုချိန် မည်သည့်အရာအား တွေးနေမည်ကို စဉ်းစားနေမိသည်။ သူ့အား ကျိန်ဆဲနေမည်လား။ ဤတိတ်ဆိတ်ပြီး ခေါင်းမာသည့် ကောင်လေးသည် သူ့အား မည်သို့ ကျိန်ဆဲနေမည်ဆိုသည်အား ချင်းယွီပိုင် ရုတ်တရက် စိတ်ဝင်စားလာမိသည်။
ချင်းယွီပိုင် သည် ခန္ဓာကိုယ်ထိတွေ့မှုထက်ပိုပြီး အစားထိုးအရုပ်အပေါ် တွင် ပို၍စိတ်ဝင်စားမှုရှိနေပြီကို သတိထားမိသွားသောအခါ၊ သူ၏မျက်နှာသည် ချက်ချင်းအေးစက်သွားပြီး ယန်ရွှမ်အား ရုတ်တရက်တွန်းချလိုက်တော့သည်။
ချင်းယွီပိုင်၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် ယန်ရွမ် ဟန်ပျက်ကာ နောက်ပြန်ယိုင်၍ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။
ကောင်လေးသည် မမျှော်လင့်ထားသောဖြစ်ရပ်ကြောင့် ညည်းသံဖြင့် ကော်ဇောပေါ်သို့လဲကျသွားပြီးနောက် ခေါင်းငုံ့ကာ မလှုပ်မယှက်ဖြစ်သွား၏။
သူ၏ပုံစံသည် တစ်စုံတစ်ယောက်က ကစားရသည်ကိုငြီးငွေ့လာ၍ စွန့်ပစ်ခဲ့သော အရုပ်လေးတစ်ရုပ်ကဲ့သိုပင်။
ယန်ရွှမ် မည်သည့်အမှားမှမလုပ်ထားသည်ကို ချင်ယွီပိုင် ကောင်းကောင်းသိပါသည်။ ယန်ရွှမ်၏ ဖခင်ကို အကြွေးပုံထဲနစ်သွားအောင်လုပ်ခဲ့ပြီး၊ ယန်ရွှမ်အား သူ့အိပ်ရာပေါ် အတင်းအကျပ်ပို့ခဲ့သူမှာလည်း သူဖြစ်သည်။
ယန်ရွှမ်း၏ ခန္ဓာကိုယ်နှင့်ဂုဏ်သိက္ခာကို လုယူခဲ့ယူမှာလည်း သူပင်ဖြစ်သည်။ သူသည် စိတ်တိုလွယ်သည့် အာဏာရှင်တစ်ယောက်နှင့်တူ၍ ဤအပြစ်မရှိသော ကောင်လေးကိုရက်ရက်စက်စက်လုယက်ခဲ့မိသည်။
သူ၏ ကာမဂုဏ်ဆန္ဒအား ကျေနပ်မှုရရှိစေရန်အတွက် ယန်ရွှမ်ဆိုသော အသက်ရှင်နေသည့်ငါးလေးတစ်ကောင်အား ဖြည်းဖြည်းချင်းလှီဖြတ်နေသည့် ဓားတစ်ချောင်သဖွယ်ဖြစ်နေ၏။
သူသည် ဤအခြေအနေအား ထိန်ချုပ်နိုင်စွမ်းမရှိတော့ချေ။
ဤသည်မှာ သူ၏အပြစ်မဟုတ်ပေ။ ရက်စက်လွန်းသော ကမ္ဘာကြီးကြောင့်သာဖြစ်သည်။
ချင်းယွီပိုင်သည် သူ၏မျက်မှန်အား ကောဇောပေါ်သို့ပစ်ချလိုက်ကာ မနေ့ညကအခြေအနေများ မည်သည့်အခါကမှ မရှိခဲ့သည့်သဖွယ် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
တံခါးအား ပြင်းထန်စွာ ပိတ်သံကြားပြီးမှ ယန်ရွမ်သည် ဒူထောက်ကာ မျက်မှန်အား ကောက်ယူလိုက်သည်။ ထို့နောက်သူသည် မျက်မှန်ထောင့်ရှိ မှန်ဘီလူးအား သုတ်ကာ ဇာတ်လမ်းနှင့် ချင်ယွီပိုင်ကြား ဆက်ဆံရေးတိုးတတ်မှုကို စစ်ဆေးခဲ့သည်။
ဇာတ်ကြောင်း: 4%
ဆက်ဆံရေး: 2%
မျက်မှန်အား ပြန်တပ်ရင်း ယန်ရွှမ်၏လက်များ အန
ည်းငယ်တုန်လာသည်။ သူ၏နှုတ်ခမ်းပါးပါးလေးမှ အနည်းငယ်လှုပ်ရှား၍ စကားတစ်ခွန်းအားပြောလိုက်သည်။
- “ကပ်စေးနဲတဲ့ကောင်ပဲ”
အပိုင်း 11 ပြီး။
----