အပိုင်း ၁၂
Viewers 3k


Ch 12


သေစမ်း၊ သူအခုအရမ်းဒေါသထွက်နေပြီပင်။


သူဒီလောက်ကြိုးစားနေတာကို ဘာကြောင့်ဇာတ်လမ်းတိုးတတ်မှုက ကြန့်ကြာနေရတာလဲ?! အဲ့ဒီလူကြီးက အရမ်းကိုကပ်စေးနဲတတ်တဲ့သူလား?


စိတ်သက်သာရာရအောင်ပြန်လုပ်ပြီးနောက် ယန်ရွှမ်နာရီအားကြည့်လိုက်၏။ မနက်7နာရီထိုးနေခဲ့ပြီ။ သူအမြန်ပြန်မည်ဆိုလျှင် မနက်ခင်းအတန်းချိန်အားမှီနိုင်သေးသည်။ 


အပြင်၌မတ်တတ်ရပ်၍ အပြစ်ပေးခံရသည်ကား အကြောင်းမဟုတ်၊ အတန်းချိန်နောက်ကျ၍ အတန်းတတ်အမှတ်အနှုတ်ခံရလျှင် ပညာသင်ဆုရရန် ခက်ခဲသွားနိုင်သည်။


ယန်ရွှမ် ဟိုတယ်တံခါးဝသို့ အလျှင်အမြန်ထွက်လာပြီးနောက် သူ့အားစောင့်နေသည့် ဝေယီချန်းအား မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ 


မူရင်းဇာတ်လမ်းအရဆိုလျှင် အိမ်တော်ထိန်သည် ဇာတ်လမ်း၏ အစ၌ များစွာမတွေ့ရပေ။ အများစုမှာ သူသည်အခြားလူများ၏ အချစ်ဇာတ်လမ်းများနှင့် ရန်ငြိုးများကိုသာ အေးစက်စွာစောင့်ကြည့်နေချင်းပင်။ 


မူရင်းဇာတ်လမ်းထဲ၌လည်း ဝေယီချန်းသည် ချင်ချင်းအား တကယ်စိတ်ဝင်စားမှု ရှိ၊မရှိဆိုသည်အား သေချာမဖော်ပြထားပေ။ 


သူသည် သွေးအေး၍ အဆိပ်ပြင်သော မြွေတစ်ကောင်နှင့်တူ၍ အရိပ်ထဲ၌ပုန်ကွယ်နေပြီး တိုက်ခိုက်ရန် အခွင့်ကောင်းအား စောင့်နေတတ်သူဖြစ်သည်။ သူမည်သည်ကိုစဉ်စားနေ၍ မည်သည့်အရာကိုလိုချင်‌သည်ဆိုသည်အား  မည်သူမှ မသိနိုင်ပါ။ 


“မစ္စတာ ယန်” ဝေယီချန်းသည် အေးစက်နေဆဲပင်။ 


“မစ္စတာချင်းက ခင်ဗျားကို ပြန်လိုက်ပို့ခိုင်းထားလို့ပါ”


“မလိုပါဘူး” ယန်ရွှမ်း ငြင်းလိုက်ပြီး အနက်ရောင်ဇိမ်ခံကားအား ကျော်သွားလိုက်သည်။


ဝေယွီချန်းသည် ယန်ရွှမ်နောက်သို့လိုက်လာခဲ့၏။ သူသည် ယန်ရွှမ်၏ အရှေ့၌ခန့်မှန်းမရသော မျက်လုံးများဖြင့်ရပ်နေခဲ့သည်။


“မစ္စတာယန်” သူ၏စကားသံမှာ နူးညံ့နေဆဲဖြစ်သော်လည်း သူ၏စကားလုံးများမှာရက်စက်လွန်းနေသည်။ “မင်းကအရေးကြီးတဲ့အရာတွေကိုတောင်ရောင်းထားပြီးပြီပဲ၊ ဆက်ပြီးတော့ ရဖို့ခက်သလိုပုံစံမျိုးသရုပ်ဆောင်ဖို့လိုသေးလို့လား”


ယန်ရွှမ်နားလည်သွားပါပြီ။


ဝေယီချန်းသည် သူ့အား စိတ်လိုလက်ရစောင့်နေခဲ့ခြင်းမဟုတ်ပါ။ 


ထိုအစား၊ ချင်းယွီပိုင်သည် သူ၏ထက်မြတ်လှသော‌ အိမ်တော်ထိန်းအား ယန်ရွှမ်သည် လက်တွေ့ဘဝကို ငြင်းဆန်နေသေးလျှင် ထပ်၍ထိုးနှက်နိုင်ရန်စေလွှတ်လိုက်ခြင်းပင်။


 အထူးသဖြင့် ယန်ရွှမ်း၌ကျန်‌နေသေးသည့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအား ဖြတ်တောက်ပစ်ရန်ဖြစ်သည်။ 


သူ့ကို ဘယ်လောက်တောင်ဂရုစိုက်လိုက်သလဲ။


ယန်ရွှမ်သည် ပြုံးပြလိုက်ပြီး နူးညံ့သောလေသံဖြင့် “ဒီအချိန်ဆို ကျောင်းပြန်သွားတဲ့လမ်းမှာ ကားပိတ်နေလောက်ပြီ ဆရာကကျွန်တော့ကို ကျောင်းနောက်ကျရင်ဆူလိမ့်မယ်” 


ယန်ရွှမ်သည် ဟန်ဆောင်၍ နှုတ်ခမ်းဆူလိုက်ကာ “ခင်ဗျားကျွန်တော့်ကို တကယ်ပဲအဲ့လို အရှက်ရစေချင်နေတာလား။ ဝေကောကော, ကျွန်တော့်ကို မြေအောက်ရထားစီးဖို့ ငါးဒေါ်လာလောက်ပေးပါအုံးနော်”


ယန်ရွှမ်သည် သူ၏ နူးညံ့ပြီး ပေါ့ပါးသည့် 'ဝေ‌ကောကော’ ဟု ခေါ်သံနှင့်အတူ သူ၏ ပျော်ရွှင်သည့် အမူအရာနှင့် အပြုံးတွေကတစ်ဆင့် လှောင်ပြောင်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး လှည့်ကွက်အားလုံးကို မြင်နိုင်ပုံပေါ်‌နေသည်။


ငွေရောင်မျက်မှန်ဘောင်အောက်မှ မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ 


ယန်ရွှမ်သည် ဝေယီချန်းအား ထပ်မံကျော်သွားပြန်သည်။ သို့သော် သူ၏လက်မောင်းများအား ဝေယီချန်းက ဆွဲကိုင်လိုက်၏။


ယန်ရွှမ်သည် နောက်ပြန်လည်သွား၍ ဝေယီချန်း၏ မျက်မှန်အောက်ရှိ မျက်လုံးများဖြင့် ဆုံမိသွားသည်။ ထိုနေရာ၌ အလင်းရောင်များထွက်နေသည်အား သူသေချာမြင်တွေ့လိုက်ရသည်။ 


ချင်းယွီပိုင်အနေဖြင့် “သိပ်အပေါစားဆန်တယ်” ဟူသောစကားအား ယခုသူ့လက်အောက်ငယ်သားအတွက်သာ သုံးသင့်သည်။ 


ယန်ရွှမ်သည် ပြတ်သားစွာပြောလိုက်သည်: “ ဖြစ်န်ိင်ရင် ကျွန်တော်ခင်ဗျားနဲ့အတူနေပြီး တီတီတာတာပြောချင်ပါတယ်” ယန်ရွှမ်ထိုသို့ပြောလာသည့်အခါ ဝေယီချန်း၏မျက်နှာပြောင်းလဲသွားခဲ့သည်။ “ဒါပေမယ့် အခု ကျွန်တော် တကယ်နောက်ကျတော့မယ်”


ဝေယီချန်းကိုင်ထားသည်မှ ယန်ရွှမ်ရုန်းထွက်လိုက်ပြီး “နောက်တစ်ခါဆိုရင် ဖြစ်စေရမယ်လို့ကတိပေးတယ်”



“နေအုံး-”


ဝေယွီချန်သည် လှမ်းတားလိုက်၏။ စိတ်မရှည်သော အမူအရာဖြင့်ရပ်‌နေသော ယန်ရွှမ်၏ရှေ့တွင် သူ၏မီးခိုးရောင်ဝတ်စုံဂျာကင် မှ ကြယ်သီးများကိုဖြုတ်၍ အတွင်းအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်အားထုတ်လိုက်သည်။


ဝေယီချန်း သူ့အား ငါးဒေါ်လာ တကယ်ပေးတော့မည်လားဟု တွေးမိသည်။ 


ဘယ်လိုပဲဖြစ်ဖြစ် ငါးဒေါ်လာကလဲ မေတ္တာတစ်မျိုးပဲလေ။


ဘောပင်ကိုင်ရန်သို့မဟုတ် စန္ဒယားတီးရန်သာ အသုံးပြုသင့်သော လက်ချောင်းများသည် ယခုအခါတွင် ပန်းရောင် ဒေါ်လာ၁၀၀တန် အသစ်တစ်ရွက်အား ကိုင်ထားသည်။ ဝေယီချန်းသည် ထိုပိုက်ဆံအား ယန်ရွှမ်ထံသို့ပေးလိုက်၍


 “အကြွေပြန်မပေးနဲ့တော့”


ဟုတ်ပါတယ်၊ ယန်ရွှမ်သည် ထိုပိုက်ဆံအား မသိမသာလက်ခံလိုက်၍ တောက်ပစွာပြုံးပြလိုက်သည်။ 


“ပိုတဲ့ဟာကို ကြိုတင်ငွေအနေနဲ့သိမ်းထားလိုက်ပါမယ်”


“အနာဂတ်မှာ ခင်ဗျားကို ဦးစားပေးအနေနဲ့ booking တင်‌ထားပေးမယ်နော်”


ယန်ရွှမ်သည် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ရုတ်တရက်နောက်ပြန်လှည့်လိုက်ရာ ဝေယီချန်းသည် သူ့အားကြည့်နေဆဲပင်။ 


သူ၏ ဂရုတစိုက်ဝတ်ဆင်ထားသော အိမ်တော်ထိန်းဝတ်စုံကြယ်သီးများကဖွင့်ထားဆဲဖြစ်ပြီး လူတွေကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေနိုင်သည်။  ယန်ရွှမ် နောက်ပြန်လှည့်လိုက်သည့်အချိန်မှာပင် သူ့မျက်နှာအမူအရာတည်ငြိမ်နေပင်။ 


ယန်ရွှမ် ပြုံးလိုက်ပြီး သူ့လက်ထဲမှ ပန်းရောင်ငွေစက္ကူအား သူ့နှုတ်ခမ်းနားကပ်လိုက်သည်။


ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ကောင်လေး၏ နှုတ်ခမ်းများသည် ငွေစက္ကူကို နမ်းလိုက်ပြီးနောက် မျက်လုံးများ တောက်ပစွာဖြင့် သူ၏ဖြူဖွေးသော လက်တစ်ဖက်သည် လေထဲသို့ ဆန့်ထုတ်လိုက်ပြီး ထိုလူအား ချစ်စရာကောင်းပြီး ပျော်ရွှင်ဖွယ် အနမ်းတစ်ပွင့် လေထဲကနေ ပေးလိုက်သည်။


ထိုအနမ်းသည် ဒေါ်လာတစ်ရာတန်ပါသည်။ 


မနက်ခင်းနေရောင်အောက်တွင်  ဝေယီချန်းသည်  ကားဘေး၌ အချိန်အတော်ကြာရပ်နေခဲ့ပြီး သူ၏ သားရေဖိနပ်များသည်  မြေကြီးကိုပွတ်တိုက်နေသည်။ သူသည်ပြုံးရယ်လိုက်ပြီးကားထဲဝင်လိုက်တော့သည်။


အများပိုင်သယ်ယူပို့ဆောင်ရေးရထား၏ကျေးဇူးကြောင့်  ယန်ရွှမ်သည် မနက်ခင်းအတန်းကိုအောင်အောင်မြင်မြင် နောက်ကျခြင်းမရှိတက်နိုင်ခဲ့သည်။


ယခုသည် ကျောင်းသားလေးကျီအား အရှိန်မြှင့်ပေးရန် အချိန်တန်ပင်။


ယန်ရွှမ်သည် သူ၏လုပ်ဆောင်နိုင်မှုအတွက် မျက်ရည်ပင်ကျမိသည်။


 အနာဂတ်ကျရင် အငြိမ်းစားယူရင်း ကမ်းခြေမှာ အေးဆေးလေးသာယာဖို့ ကြိုးစားထား၊ ဖိုက်တင်း!


နံနက်ခင်းကျောင်းဆင်းခေါင်းလောင်းမြည်ပြီးနောက်မှသာ ကျီယောက် ကျောင်းဝင်းတွင်းသို့ ခြေချခဲ့သည်။


မနေ့က ယန်ရွှမ်အား  ဝေယီချန်း ခေါ်သွားသည်ကိုမြင်တွေ့ရသည့်အခါ ကျီယောက်၏ အတန်းတက်ချင်စိတ်သည် ကုန်ဆုံးသွားခဲ့သည်။ အတန်းနားချိန်၌ ထပြီးထွက်ခွာသွားသည်အား ပါမောက္ခမှ မည်သည်ကိုမှမပြောခြင်းသည်  ဂျီယောက်၏ မိသားစုနောက်ခံကိုကြောက်လို့မဟုတ်ပဲ သူသည်အမှတ်ပြည့်နီးပါးဖြင့် ကျောင်းဝင်ခွင့်ရခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်နေခြင်းကြောင့်ပင်။


 မူလ၌ သူသည် ဘဏ္ဍာရေးဌာနမှ ကျောင်းသားတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ မိသားစုနှင့် အချေအတင်ဖြစ်ပြီးနောက်  ထိုဉာဏ်ကြီးရှင်သည် ကျောင်းစမတက်ခင် တစ်လအလို၌ စာပေဌာနကို အတင်းအကျပ် ပြောင်းရွှေ့ခဲ့သည်။


ကျောင်းမှ သူ၏အရည်အချင်းများအား  အလွန်ဦးစားပေး၍ သူကြိုက်သလို လုပ်ခွင့်ပေးခဲ့သည်။ သို့သော် စာပေဌာနက ပါမောက္ခများအားလုံးသည် ဤပါရမီရှင်သည် နောက်ဆုံးတွင် သူ့၏မူရင်းဌာနသို့ ပြန်ရောက်လာလိမ့်မည်ဟု တွေးထားခဲ့ကြ၍ ကျီယောက်၏ ကျောင်းတက်ရက် နည်းပါးမှုအား မျက်ကွယ်ပြုထားခဲ့ကြသည်။


သက်တူရွယ်တူသူများနှင့် ဝန်းရံထားသော ကျောင်းဝင်းထဲတွင် လမ်းလျှောက်ရခြင်းသည် ကျီယောက်အား ပိုပြီးစိတ်တို‌စေ၏။


 သူတို့၏ရယ်မောသံများ၊ ရန်ဖြစ်ပွားမှုများနှင့် ပျင်းစရာကောင်းသည့်  ဒါမှမဟုတ် ရိုင်းပျသည့်အကြောင်းအရာများ အကြောင်းစကားပြောဆိုမှုများသည် ကျီယောက်အား စိတ်ဆိုးစေရုံသာမက ဒေါသပင်ထွက်စေသည်။


ကျီမိသားစု၏ တင်းကျပ်မှုသည် သူ့အား မုန်းတီးစေသော်လည်း အဆောင်၌ လာနေရသည်မှာလည်း အဆင်မပြေပေ။


ဈေးပေါသော လိမ္မော်သီးရနံ့များသည် ယခုထိတိုင် စွဲထင်နေဆဲဖြစ်သည်။ 


ဤရှားရှားပါးပါး တိတ်ဆိတ်မှုအခိုက်အတန့်တွင် ကျီယောက် စိတ်အေးလက်အေး ဖြစ်သွားသည်။ သို့သော် အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ဘယ်ဘက်ရေချိုးခန်းမှ ငိုသံတိုးတိုးလေးကြားလိုက်ရသဖြင့် ကျီယောက် ကြောင်အသွားမိသည်။


ကျီယောက် တံခါးဖွင့်လိုက်သည်နှင့် ယန်ရွှမ်သည် ကျီယောက် ပြန်ရောက်နေပြီဆိုသည်ကို  သိလိုက်သည်။


ရေချိုးခန်းထဲမှ အပူချိန်သည် ချက်ချင်းကျဆင်းသွားသည်မှာ အပူ-အအေးပေးစက်အား  အဆောင်ထဲ ပြန်ထည့်လိုက်ပြီဆိုသည့် လက္ခဏာဖြစ်သည်။ 


နွေရာသီ၏ပူပြင်းတဲ့နေ့မှာ စိုထိုင်းနေသည့် တက္ကသိုလ်

အဆောင်တွင်းအား အေးမြမှုလေးတွေ ယူဆောင်လာပေးသည့်အတွက် ကျီယောက်အား ကျေးဇူးတင်မိသည်။ 


ငိုးသံများသည် အတင်းအသံမထွက်စေရန် လုပ်ယူထားသကဲ့သို့ တိတ်ဆိတ်သွားသည်။ ငိုချင်စိတ်အား အတင်းမျိုးသိပ်ထားခြင်းသည် ပို၍ပင် နက်ရှိုင်းသောဝမ်းနည်းမှုအားဖော်ပြနေသည်။ 


ကျီယောက်သည်  မနေ့က ချင်ယွီပိုင်၏ အိမ်တော်ထိန်းက ယန်ရွှမ်းအား သူ့ရှေ့မှ ခေါ်သွားခဲ့သည့်အကြောင်း စဉ်းစားမိသည်။ တုန်ရီနေတဲ့ သိုးငယ်တစ်ကောင်လို ယန်ရွှမ်သည် သူ၏ဆန္ဒအလျောက် သွားသည်ကိုပင် အတိအကျ မပြောနိုင်လောက်အောင် ကြောက်ရွံ့နေခဲ့၏။


ကျီယောက် မျက်မှောင်ကြုတ်လိုက်၍ ဤကိစ္စအား ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။


သူ့စိတ်ကိုဆုံးဖြတ်ပြီးသားပေမဲ့ သူ့ခြေထောက်များသည် ရေချိုးခန်းရှိရာဘက်သို့သာ ဆက်သွားနေမိဆဲပင်။


ရေချိုးခန်းတံခါးသည် လုံးဝမပိတ်ထားခြင်းမျိုးမဟုတ်ပဲ အနည်းငယ်ပွင့်နေခြင်းကြောင့် အတွင်းသို့၀ိုးတ၀ါးမြင်နေရသည်။ 


ကျီယောက်သည် တံခါးပိတ်ရန်လာခဲ့ခြင်းဖြစ်၏။ သို့သော် သူ၏လက်ကတံခါးလက်ကိုင်ကိုထိလိုက်သည်နှင့် အတွင်းမှအသံတစ်ခုထွက်လာသည်။


ရေချိုးခန်းဝင်ပေါက်နားရှိ ကြမ်းပြင်ပေါ်ထိုင်နေသော ယန်ရွှမ်သည်  လှုပ်ရှားမှုအား သတိထားမိ၍ ခေါင်းမော့ကာ မျက်ရည်များယိုစီးကျနေဆဲဖြစ်သည့် မျက်ဝန်းများဖြင့် ကျီယောက်အား စိုက်ကြည့်လာသည်။


“တောင်း..တောင်းပန်ပါတယ်” ယန်ရွှမ်းသည် နံရံအား မှီပြီး တောင်းပန်ရင်း ထရပ်လိုက်သည်။ "မင်းရေချိုးခန်းသုံးချင်လို့လား?”


သူ ဖြည်းဖြည်းချင်း ရွေ့လျားပြီး တောက်တဲ့တစ်ကောင်ကဲ့သို့ နံရံတွင် ကပ်နေလိုက်သည်၊  ကျီယောက်၏ အကြည့်များသည် ယန်ရွှမ်အား ရှာဖွေရေးပစ္စည်းတစ်ခုကဲ့သို့ စိုက်ကြည့်နေသည်။ ထို့နောက် ဒေါသများသည် သူ၏ အေးစက်စက် မျက်လုံးများထဲပေါ်လာခဲ့၏။


“ရပ်လိုက်”


ယန်ရွှမ်းသည် ကြောက်လန့်သွားသကဲ့သို့ တောင့်တင်းသွားလေသည်။


ရေချိုးခန်းသည်အလင်းကောင်းကောင်းရသည့်‌နေရာမျိုးမဟုတ်ပါ။ နေ့အချိန်မှာပင် မှောင်နေတတ်သည်။ သို့သော် ယန်ရွှမ်၏ ကိုယ်တစ်ဝက်သည် ရေချိုးခန်းအပြင်ဘက်သို့ ရောက်နေပြီဖြစ်ခြင်းကြောင့် ယခုမှသာ ကျီယောက်သည်  ယန်ရွှမ်၏  လည်ပင်းပေါ်ရှိ အမှတ်များကိုမြင်လိုက်ရခြင်းပင်။


“ငါ”


အေးစက်ပြီးသြဇာပြည့်ဝသည့် အသံတစ်ခုသည် အဆောင်ခန်းတစ်ခုလုံးအား ချက်ချင်းတိတ်ဆိတ်သွားစေခဲ့သည်။


ရေချိုးခန်းဝင်ပေါက်တွင်ရှိသည့် လူသည်လည်း ရုတ်တရက်ထိတ်လန့်သွားခဲ့၍ တောင်းပန်လိုက်ကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်၏။


ကျီယောက်၏ အေးစက်သည့်အကြည့်များသည် ယန်ရွှမ် အပေါ်ကျရောက်သွားသည်။ ယန်ရွှမ်၏ ခေါင်းသည်ငုံ့ထားပြီး သူ၏အဖြူရောင်တီရှပ်လည်ပင်းနားအစိတ်အပိုင်းတစ်ခုသည် မျက်ရည်များဖြင့်သိသိသာသာပင် စိုရွဲနေခဲ့၏။


ကျီယောက်သည် သူ၏အကြည့်အား ပြန်ရုပ်သိမ်းပြီး သူ့ရှပ်အင်္ကျီကြယ်သီးများအား စနစ်တကျဖြုတ်လိုက်သည်။ ထို့နောက် ယန်ရွှမ်၏ ခေါင်းပေါ် သို့ပစ်တင်လိုက်သည်။


“ဝတ်လိုက်”


ယန်ရွှမ်းသည် ရှပ်အင်္ကျီအတွင်းမှ မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ယုန်တစ်ကောင်မျက်လုံးကဲ့သို့နီရဲနေသည်။ 


“မင်း ငါပြောတာမကြားဘူးလား” ကျီယောက်သည် မျက်ခုံးကြုတ်၍ပြောလိုက်သည်။ 


ထို့နောက် အသံနှိမ့်ချပြီး တင်းကျပ်စွာပြောလာသည် ၊ "ကြယ်သီးတွေချက်ချင်းတပ်လိုက်”


“ဒါ-ဒါဆိုရင် မင်းအတွက်ကရော?” ယန်ရွှမ်သည် ကြောက်ရွံ့သော ဟန်ဖြင့်မေးလိုက်ပြီး သူ၏မျက်လုံးများသည် ကျီယောက်၏ အဝတ်မပါသည့် ကိုယ်အပေါ်ပိုင်းကို စိုက်ကြည့်နေပြီးမှ ထိတ်လန့်သွားဟန်ဖြင့် ခေါင်းငုံ့ချလိုက်သည်။


ငါးဦးသော ဆန်ကုန်မြေလေးချစ်သူများထဲမှ တစ်ဦးအနေဖြင့်မျှော်လင့်ထားသည့်အတိုင်း၊ ကျီယောက်သည် ငယ်ရွယ်ပြီးစာတော်သော အသွင်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ 


ယန်ရွှမ် သည် ကျီယောက်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံအားကြည့်၍  သူ့ကဲ့သို့သော အားနည်းသည့် shou (uke)လေးတစ်ဦးအား သူ့၏ ခန္ဓာကိုယ်ဖြင့် သိမ်းပိုက်က်နိုင်မည်ဆိုသည်ကို ယန်ရွှမ်း သံသယမရှိပေ။


“အဲ့ဒါကိုမင်းစိတ်ပူနေစရာမလိုဘူး”


“ဝတ်သာ၀တ်လိုက်စမ်းပါ”


ယန်ရွှမ်သည် ကျီယောက်၏ ကြင်နာမှုအား လက်ခံလိုက်ပြီး ကျီယောက်၏ ရှပ်အင်္ကျီကို သူ့တီရှပ်ပေါ် ထပ်ဝတ်လိုက်သည်။ ကျီယောက်သည် သူ့ထက် အများကြီး အရပ်မြင့်သဖြင့် ရှပ်အင်္ကျီမှာ ယန်ရွှမ်၏ကိုယ်‌ပေါ်တွင် ကြီးမားပြီး လွတ်လွတ်လပ်လပ် ဖြစ်နေသည်။


အင်္ကျီသည် အရမ်းသက်တောင့်သက်သာရှိပြီး မွှေးရနံ့သင်းသင်းလေးရနေဆဲပင်။


ယန်ရွှမ်သည်  လည်ပင်းမှ ကိုက်ရာများကို ဖုံးအုပ်ရန် ကြယ်သီးများအားလုံးကို တပ်ဆင်လိုက်သော်လည်း ကော်လာက အရမ်းမြင့်လွန်းသဖြင့် သူ့လည်ပင်းအား တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသလိုဖြစ်နေ၏။


ယန်ရွှမ်အင်္ကျီကိုမြန်မြန်လေး၀တ်ဆင်လိုက်ပြီး လန်းဆန်းသွားအောင် မျက်နှာပါထပ်သစ်လိုက်ပြီးမှ တုံ့ဆိုင်းသည့်အဖြင့် ကျိယောက်အားကြည့်လိုက်သည်။


ကျီယောက် : "ငါ့နေရာမှာ ငါ၀တ်ဖို့တစ်ခုခုသွားယူပေး"


ယန်ရွှမ်တက်တက်ကြွကြွခေါင်းညိတ်လိုက်ပြီး တံခါးကိုဖွင့်လိုက်လေသည်။


ရေချိူးခန်းထဲတွင်ကြားလိုက်ရသော ကျိယောက်အသံနှင့် ယခုထွက်လာသော ယန်ရွှန်အားမြင်၍ အဆောင်ထဲတွင်ရှိနေသူအားလုံးတုန်လှုပ်အံ့အားသင့်သွားကြည့်သည်။


အခန်းထဲရှိသူများမှာ ကျိယောက်အားမမေးရဲသဖြင့် ယန်ရွှမ်ကိုသာစိုက်ကြည့်နေခဲ့ကြသည်။ သူ ကျိယောက်သေတ္တာစီသွားပြီး အင်္ကျီတစ်ထည်ထုတ်ကာ ရေချိုးခန်းဆီသို့ပြန်လှည့်သွားသည်ကို အကုန်လုံးအတိုင်းသားမြင်နေရ၏။


ထိုနောက်တွင် ယန်ရွှမ်၀တ်ထားသည်မှာ ကျီယောက်အင်္ကျီမှန်းတစ်စုံတစ်ယောက်က သတိထားမိသွားပြီး မကြာခင်မှာပင် အကုန်လုံးသတိထားမိသွားကြသည်။ 


ယန်ရွှမ်လိုဆင်းရဲသားလေးက သူ့ရဲ့ရှိစုမဲ့စုအ၀တ်‌နည်းနည်းလေးကိုပဲ အဖန်ဖန်လှည့်ပတ်၀တ်နေရသောကြောင့် ဤကဲ့သို့ အရည်‌အသွေးမြင့်အ၀တ်များမ၀ယ်နိုင်သည်ကိုလူတိုင်းသိကြသည်။


အဆောင်ထဲရှိသူများ အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး အခုအကြောင်းအရာကိုစိတ်၀င်စားနေကြ၏။


မကြာခင်မှာပဲ ကျိယောက်ရေချိုးခန်းထဲကနေ အေးစက်စက်အမူအယာနဲ့ထွက်လာပြီး ယန်ရွှမ်လေးကတော့ အနိုင်ကျင့်ခံနေရတဲ့သားကောင်ငယ်လိုမျိုး နီရဲရဲမျက်လုံးများဖြင့် သူ့နောက်မှလိုက်ပါလာသည်။


"သွားမယ်"


ရိုးစင်းသော စကားလုံးတိုလေးတစ်ခုကပင် ယန်ရွှမ်အားလိုက်နာစေရန်လုံလောက်နေပြီပင်။


သူတို့နှစ်ယောက်ထွက်သွားသည့်အခါတွင်မှ အခန်းတွင်းရှိတိတ်ဆိတ်သောလေထုမှာ လွင့်ပါးသွားတော့သည်။


ကျန်းရွှယ် သူ့သူငယ်ချင်း၏ပန်အိတ်ကိုတစ်ကိုက်ကိုက်လိုက်ရင်း

"သူငယ်ချင်းတို့ရေ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုကို ငါတို့မျက်မြင်ကြုံတွေ့လိုက်ရတာလား?"


"လိုက်နောက်မနေနဲ့ သူက ကျီယောက်နော်"


ဟုတ်ပါသည်၊ ထိုသူမှာ ကျီယောက်ပါပင်။ အမြဲတမ်းလူတွေကို မထီမဲ့မြင်ပြုပြီး မတူမတန်သလိုဆက်ဆံတတ်တဲ့ ဉာဏ်ကြီးရှင်သခင်လေးတစ်ယောက်ပေါ့။ သူက အရေးမပါတဲ့သူတစ်ယောက်ကို ဘာကြောင့်မို့အနိုင်ကျင့်ရမှာလဲ?


ဒါဆိုဘာတွေဖြစ်သွားကြတာလဲ?


လူတိုင်းသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် ကျီယောက် ထွက်သွားသည့်တိုင် သူ့နောက်ကွယ်တွင် သူ့အကြောင်း ကောလာဟလများတော့ မပြောရဲကြပါ။


အပိုင်း 12 ပြီး။

---