🍑မိတ်ဆက်🍑
Viewers 206

🍇 မိုးကြိုးတစ်ချက် ဓားတစ်လတ်🍇


ဒီလောကကြီးထဲမှာ ကမ္ဘာလောက စတည်ကတည်းက အမှောင်နယ်မြေနှင့် အလင်းနယ်မြေ ဟူ၍ ပိုင်းခြားထားခဲ့သည်။


မူလ၌ အမှောင်နယ်မြေရဲ့ ဧရိယာဟာ သေးငယ်ခဲ့ပြီး အလင်းနယ်မြေဘက်က လောကနတ်ဘုရားသည် အလင်းနယ်မြေကို အုပ်စိုး၍ အမှောင်နယ်မြေကို ဖိနှိပ်ခဲ့သည်။ သို့သော် မထင်မှတ်ထားသော အကြောင်းကြောင့် လောကအရှင်ဟာ နှစ်ပေါင်းတစ်သောင်းကျော် ပျောက်ကွယ်သွားခဲ့ရာ အမှောင်နယ်မြေကလည်း ပိုမို ချဲ့ထွင်လာခဲ့သည်။


အလင်းနယ်မြေထဲကနေ အမှောင်နယ်မြေထဲ ဝင်လာမိသည့် ကျင့်ကြံသူတိုင်း ပြန်လမ်းမဲ့သွားတတ်သည်။


တချို့လူတွေကတော့ အဲဒီနယ်မြေကို ဆက်သွယ်ပေးထားသော လမ်းကြောင်းတစ်ခု ရှိသည်ဟု ဆိုကာ ထိုလျှို့ဝှက်ချက်ကို ရှာဖွေနေခဲ့သည်။


ထိုလျှို့ဝှက်ချက်ကြောင့် လူပေါင်းများစွာ သေဆုံးသွားကြသည်။ 


အမှောင်နယ်မြေက ကျင့်ကြံခြင်းလောကမှာလည်း ပါရမီရှင်တွေ မနည်းကြချေ။ 


သို့သော် သူတို့သည် နေရောင်ကို ဘယ်တုန်းကမှ မြင်ခွင့်မရခဲ့သလို နေရဲ့ အသွင်သဏ္ဌာန်ကိုလည်း သိကြပေ။


အလင်းနယ်မြေကို စူးစမ်းချင်တဲ့ ပါရမီရှင် မှန်သမျှဟာ ပျောက်ချင်းမလှ ပျောက်သွားကြသည်သာ။


ဘယ်သူကမှ အလင်းနယ်မြေထဲ ခြေမချနိုင်ခဲ့။


.........


ကျန်းလိန်ရှား....... Shou

အသက်၃နှစ်အရွယ်မှာ မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူ ဆုံးပါးသွားသဖြင့် ဆေးပင်စိုက်သူ အဘိုးပိုင် ဖြစ်သူလက်ထဲမှာသာ ကြီးပြင်းခဲ့ရသူ ကျန်းလိန်ရှားသည် သေလားရှင်လား မသိသော အဖေကို ရှာဖို့နှင့် အမှောင်နယ်မြေ အကြောင်း လျှို့ဝှက်ချက်များ ရှာဖွေဖို့ စတင်ခဲ့သည်။


ပိုင်ယင်ချင်းကျန့် .....Gong

အမှောင်နယ်မြေက လွတ်မြောက်ခါနီးမှ လူယုတ်မာတွေကြောင့် မိသားစုချင်း ကွဲကွာကာ အသက်၅နှစ်ကတည်းက ဘယ်ဘက်လက်က သုံးစားမရအောင် အကြောသေသွားခဲ့ရသည်......




ယဲ့ရှန်းတူ....Shou

အမှောင်နယ်မြေရဲ့ အဂ္ဂိရတ်နတ်ဘုရား အဖြစ် ကျော်ကြားသူ... ။ ဖခင်အမွေကို အပြည့်အဝ ဆက်ခံထားသော်လည်း အမှောင်ထဲက အန္တရာယ်တွေကို သတိမလစ်ဟင်းဘဲ ရှောင်နေရသူ....။ ငယ်ငယ်ကတည်းက မိန်းကလေး အဝတ်အစား ဝတ်ရတာကြိုက်ပြီး အားနည်းချင်ယောင် ဟန်ဆောင်နေသူ...။


ကျင်းလုံရွှမ်း... Gong

ဓားဘိုးဘေးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်။ မျက်လုံးကို အဖြူရောင်ပိတ်ဖြင့် အမြဲကာထားတတ်ကာ ပိတ်စကို ချွတ်မိပါက ကြည့်မိသူကို ပေါက်ကွဲစေသူ....။ နောက်ခံ လျှို့ဝှက်ဆန်းကြယ်...။ 



နှင်းသွေးသဒ္ဒါ မှတ်ချက်။

အသွေးရဲ့ ထုံးစံအတိုင်း အတွဲကတော့ ၂တွဲပါ။ ဇာတ်ကောင်တွေကို တခြားသူတွေနဲ့ ဖောက်ပြန်တာမျိုး အသွေး မရေးတတ်ပါဘူး။ အချင်းချင်းကြားမှာ ခွေးသွေး မဆန်ပါဘူး။ ကိုယ်တိုင်လည်း မခံစားနိုင်လို့ မရေးတာပါ။ 


#ဒါလေးကို paid gp လုပ်မယ်နော်။ daily update လေးပေါ့။ ၁၀ ပိုင်းလောက် free တင်ပြီးမှ အခြေအနေ ကြည့်လုပ်မှာပါ။ အများကြီး မယူပါဘူး။ တစ်ပိုင်းမှ ၅၀ ကျပ်ပဲ ယူမှာပါ...#


Slow romance နော်။ အပိုင်းတိုင်း ချစ်ကြိုက်နေရင် ပျင်းစရာကြီးမို့ လူသတ်ရင်း ချစ်ကြရအောင်.....