Ch 9
Viewers 5k

၇၀ ခုနှစ်က မုဆိုးမလေး


အပိုင်း ၉




“မရီး၊ ကျွန်တော် ပြန်ရောက်ပြီ။”



ရုတ်တရက် ဩရှရှအသံတစ်သံက နောက်ကနေ ထွက်ပေါ်လာသောကြောင့် ကျန်းနျန် လန့်သွား၏။



သူမ လှည့်ကြည့်လိုက်တော့ လုယွီသည် သတ်ပြီးသား ကြက်တစ်ကောင်ကို စားပွဲပေါ် တင်လိုက်သည်အား တွေ့လိုက်ရ၏။ သူက သူ့လက်ဖျံဖြင့် နဖူးက ချွေးများကို သုတ်လိုက်ပြီး ကျန်းနျန် သူ၏ အသက်ရှူသံ ပြင်းပြင်းနှင့် ခေါင်းတစ်ခုလုံး ချွေးတွေရွှဲနေသည်ကို သတိထားမိလိုက်သည်။ သူမက "ရိက္ခာဂိုဒေါင်ကို သွားခဲ့တာလား" ဟု မေးလိုက်၏။



ဤနေရာမှ ရိက္ခာဂိုဒေါင်သို့ သွားရန် တစ်နာရီထက်ပိုကြာသည်။



ဒါကြောင့်လည်း အချိန်ကြာကြာ စောင့်နေတာတောင် ပြန်မလာတာပဲဟု တွေးမိသည်။



လုယွီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒါကြောင့် နည်းနည်းနောက်ကျသွားတာ။”



သူ မျက်နှာသစ်ရန် ရေတွင်းသို့ သွားခဲ့သည်။ ကျန်းနျန်က ချက်ပြုတ်ပြီးသား ဟင်းလျာများကို ချကာ၊ မျက်နှာသစ်ရန် ကိုင်းညွတ်နေသော လုယွီကို ကြည့်လိုက်သည်။ သူသည် ခါးကုန်း၍ နေပြီး အင်္ကျီကို ချွတ်ရန် ပြင်ဆင်နေစဉ် သူမရှိနေသေးသည်ကို သတိပြုမိကာ အင်္ကျီကို ပြန်ဝတ်လိုက်သည်။



ခြံထဲက မီးလုံး၏ အလင်းရောင်သည် သိပ်မလင်းသော်လည်း ကျန်းနျန်သည် ထိုလူ၏ သွယ်လျသော ခါးနှင့် ဝမ်းဗိုက်ကို မြင်လိုက်ရ၏။



ကျယ်ပြန့်သော ပခုံးများ၊ သွယ်လျသော ခါး၊ ကျစ်လျစ်သော ဗိုက်သားများ။



ကျန်းနျန် လျင်မြန်စွာ မျက်နှာလွှဲလိုက်ပြီး၊ "မသင့်လျော်တာတွေကို မကြည့်ရဘူး" ဟု မိမိကိုယ်ကို တိတ်တဆိတ် သတိပေးလိုက်သည်။



ညစာအတွက် သူမက ဆန်ပြုတ်၊ ကြက်သားနုတ်နုတ်စင်းနှင့် ခရမ်းသီးကြော်၊ သခွားသီးနှင့် ကြက်ဥမွှေကြော်၊ ပြောင်းဖူးပန်ကိတ်နှစ်ခုနှင့် ပေါက်စီသုံးလုံး တို့ကို ချက်ပြုတ်ခဲ့သည်။ လုယွီသည် အစားအသောက် အလွန်စားမှန်း သိသောကြောင့် သူမက ပုံမှန်ထက် များများ ချက်ထားခြင်းပင်။



လုယွီသည် ထိုင်ခုံတန်းပေါ် ထိုင်ကာ ကျန်းနျန် ပြင်ဆင်ပေးထားသော အစားအသောက်များကို စားရင်း သူ့နှလုံးသားထဲတွင် ပိုင်ဆိုင်လိုစိတ်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။



၎င်းသည် ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော အိမ် တစ်ခု၏ ခံစားချက်ပင် ဖြစ်သည်။



ကျန်းနျန် စစ်တပ်သို့ မရောက်လာမီက သူသည် ကန်တင်းတွင်သာ စားပြီး အိပ်ဆောင်သို့ ပြန်ကာ အိပ်ခြင်းဖြင့် နေ့ရက်တိုင်းကို အထပ်ထပ် ဖြတ်သန်းနေခဲ့သည်။ လစာရသောအခါ အိမ်သို့ ပြန်ပို့လိုက်သည်။



ကျန်းနျန် ရောက်လာပြီးနောက်၊ သူ့ပခုံးပေါ်တွင် တာဝန်အပိုတစ်ခု ရှိလာသကဲ့သို့ ရုတ်တရက် ခံစားလာရသည်။ သူသည် ကန်တင်းတွင် စားရန် မလိုတော့ချေ။ တပ်ရင်းမှူးစုန့်ကဲ့သို့ပင် သူ့အိမ်တွင် သူ့ကို စောင့်ကြိုနေသော ပူနွေးသော ထမင်းတစ်နပ် ရှိနေပြီဖြစ်သည်။



ပြီးတော့ သူမ၏ လက်ရာသည် အရသာရှိလှ၏။



လုယွီ သူနှင့်မျက်နှာချင်းဆိုင်မှ ကျန်းနျန်ကို ကြည့်လိုက်သည်။ သူမသည် ထိုင်ခုံတန်းပေါ်တွင် ခြေနှစ်ဖက်ကို စုစည်းကာ ခေါင်းငုံ့ပြီး ပုံမှန်အတိုင်း တိတ်ဆိတ်စွာ စားနေသည်။



ညစာစားပြီးနောက် လုယွီသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ မီးဖိုချောင်သို့ ယူသွားသည်။ သူက ကျန်းနျန်ကို ပြောလိက်သည်။ "ကျွန်တော် ကြက်သားကို ဆေးကြောပြီး ရေတွင်းရေနဲ့ အအေးခံထားလိုက်မယ်။ မနက်ဖြန် မနက် ထွက်သွားခါနီးမှ ပြန်ထုတ်လိုက်မယ်" 



မီးဖိုနားမှာ ပန်းကန်ဆေးနေသော ကျန်းနျန်က ခေါင်းကို ညင်သာစွာ ညိတ်ပြခဲ့သည်။ "ကောင်းပြီ”



ဤခေတ်တွင် ရေခဲသေတ္တာတွေက သိပ်အသုံးမတွင်ကျယ်သေးချေ။ ပူပြင်းသည့် နွေရာသီမှာ အသားများကို သိုလှောင်ရန်အတွက် လူများက ရိုးရာနည်းလမ်းကိုသာ အသုံးပြုကြသည်။



လုယွီက သတ်ပြီးသား ကြက်ကို အပြင်သို့ သယ်သွားစဉ် ကျန်းနျန်က မီးဖိုအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရန် ခြေဖျားထောက်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခန္ဓာကိုယ် သေးသွယ်သူ ဖြစ်သောကြောင့် နံရံနှစ်ခုကြား ချောင်ကျနေသည့် ထောင့်ကို လက်လှမ်းဖို့ အနည်းငယ် ခက်ခဲနေသည်။



သူ ကြက်ကို အပြင်သို့ သယ်သွားသည်။ ရေတွင်းထဲမှ ရေကိုခပ်၊ သန့်စင်ကာ ဝက်သားနှင့်အတူ အအေးခံလိုက်သည်။



ကျန်းနျန် မီးဖိုချောင်ကြမ်းပြင်ကို သန့်ရှင်းစွာ တံမြက်စည်းလှည်းပြီးနောက် အပြင်ဘက်မှ "ဒင် ဒေါင်း" ဟူသော အသံကို ကြားလိုက်ရသည်။ သူမ တံမြက်စည်းကို သိမ်းလိုက်ပြီး အပြင်သို့ ထွက်လာရာ လုယွီသည် သူမ၏ ပြတင်းပေါက်နားတွင် မတ်တပ်ရပ်လျက် သေးသွယ်သော တုတ်ရှည်လေးချောင်းဖြင့် တစ်ခုခုကို မြေပြင်ပေါ် ရိုက်နေသည်ကို တွေ့လိုက်ရသည်။



“ဘာလုပ်နေတာလဲ။”



ကျန်းနျန်က တံခါးဝတွင် ရပ်လျက် သူမ၏ အင်္ကျီအောက်နားစကို စိုးရိမ်တကြီး ဆွဲနေသည်။



လုယွီက နောက်ဆုံး သံမှိုကို နေရာတကျ ရိုက်သွင်းလိုက်သည်။ "နွေရာသီမှာ ခြင်တွေ များတယ်။ ပြတင်းပေါက်မှာ အကာ တပ်ထားရင် ပိုကောင်းတာပေါ့”



သူက မြေပြင်ပေါ်ရှိ တုတ်များကို ညွှန်ပြသည်။ "အကာ တပ်ပြီးရင် ခြင်ထောင်ကို မရီးရဲ့ ခုတင်ပေါ်မှာ ထပ်တပ်ပေးမယ်”



ကျန်းနျန်သည် သူ့၏ အလေးထားမှုကို ချီးကျူးမိခြင်းမှ မလွန်ဆန်နိုင်ချေ။



သူမ၏ မျက်နှာသည် အမူအရာမဲ့နေသော်လည်း ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကောင်းပြီ" 



ပြတင်းပေါက်တွင် အကာ တပ်ဆင်ပြီးနောက် လုယွီသည် တုတ်များကို အိမ်ထဲသို့ ယူလာခဲ့သည်။



ကျန်းနျန်က သူ့နောက်သို့ လိုက်လာပြီး ကူညီပေးလိုသည်။ လုယွီသည် သူမအား အပြင်ဘက်တွင် အနားယူပြီး အေးမြသော လေကို ခံစားရန် အကြံပြုမလို့ပင် ဖြစ်သည်။ သို့သော် သူမက ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ထင်သွားမည်ကို စိုးရိမ်သောကြောင့် ပြန်စဉ်းစားကာ ပြောလိုက်သည်။ "မရီး၊ စားပွဲပေါ်က ပလာယာကို ကျွန်တော့်ကို ပေးပါဦး" 



ကျန်းနျန်သည် စကားနားထောင်စွာဖြင့် ပလာယာကို ကောက်ယူကာ သူ့အား ပေးလိုက်ပြီးနောက် သူ တောင်းဆိုသော ဝါယာကြိုးကိုလည်း ပေးလိုက်သည်။



လုယွီသည် အရပ်မြင့်သောကြောင့် ခြင်ထောင် ထောင်ရန် ခုံမလိုပေ။ သူသည် ခဏအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။



ကျန်းနျန်က သံဘူးထဲမှ နို့လုံးသကြားလုံး နှစ်လုံးကို ယူကာ လက်ဖဝါးထဲ ထည့်လိုက်သည်။ လုယွီ အခန်းထဲမှ ထွက်ခွာရန် လှည့်လိုက်စဉ် သူမသည် ခေါင်းငုံ့ကာ လက်ကို ဆန့်ပြီး တိုးတိုးလေး ပြောလိုက်သည်။  "မင်းလည်း စားဦး။ ဒါက ချိုတယ်" 



လုယွီသည် သူမ၏ လက်ဖဝါးထဲမှ နို့လုံးသကြားလုံး နှစ်လုံးကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။



သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ပြီးနောက် သကြားလုံးများကို ယူကာ "ကျေးဇူးတင်ပါတယ်" ဟု တိုးလျစွာ ပြောလိုက်သည်။



ကျန်းနျန် ရေနွေးအိုး တည်လိုက်သည်။ ရေချိုး၊ အဝတ်လဲပြီးနောက် လုယွီက သူမ၏ ရေချိုးပြီးသားရေကို လာသွန်ပေးသည်အထိ စောင့်သည်။ ထို့နောက် သူမသည် အပေါ်ဝတ် အဝတ်အစားများကို ချွတ်ကာ ခုတင်ပေါ်တွင် ပေါ့ပေါ့ပါးပါး လဲလျောင်းလိုက်သည်။



ခုတင် ခေါင်းရင်းသည် နံရံနှင့် ကပ်နေပြီး ခြေရင်းသည် ပြတင်းပေါက်နားတွင် ရှိသည်။ သူမသည် လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ထားကာ ခြေထောက်နှစ်ဖက်ကို ချိတ်လျက် ပြတင်းပေါက် အပြင်ဘက်မှ လမင်းကို ကြည့်နေရင်း ကျိုင်းကောင်များ၏ အသံကို နားထောင်ရင်း အိပ်ပျော်သွားတော့သည်။



ခြင်ကိုက်ခြင်း မရှိသောကြောင့် ကျန်းနျန် တစ်ယောက် ရှားရှားပါးပါး ကောင်းကောင်း အိပ်စက်နိုင်ခဲ့သည်။



ညလယ်တွင် ဆီးသွားလိုစိတ်ကြောင့် သူမ အိပ်ရာမှ နိုးလာသည်။ သူမ မျက်လုံးများကို မှေးစင်းစွာ ဖွင့်ပြီး ခုတင်ပေါ် ခဏထိုင်နေပြီးနောက် ပိတ်ဖိနပ်ကို စီးကာ အပြင်သို့ ထွက်လာသည်။ မှောင်မည်းနေသော်လည်း လရောင်ကြောင့် လမ်းကို မြင်နေရသည်။



ရေအိမ်သွားပြီး အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် ခြံဝင်းအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ငိုသံကို ကြားလိုက်ရသည်။



ထိုငိုသံသည် စိတ်ခံစားမှု ပြင်းထန်ပြီး မြင့်တက်လိုက်၊ နိမ့်ဆင်းလိုက် ဖြစ်နေသည်။



မှောင်မည်းနေသော ညတွင် ထိုအမျိုးသမီး၏ ဝမ်းနည်းဖွယ် ငိုသံကို ကြားရသောအခါ ကျန်းနျန်သည် သရဲနှင့် ကြုံတွေ့ရပြီဟု ထင်သွားသည်။ သူမ၏ ဦးရေပြားသည် ကျဉ်ပြီး အော်ဟစ်ကာ လုယွီ၏ တံခါးဆီသို့ ပြေးသွားသည်။



လုယွီသည် ယောက်ျား တစ်ယောက်ဖြစ်သောကြောင့် ယန်စွမ်းအင် ကြီးမားမည်ဖြစ်ပြီး သရဲများကို ကြောက်လန့်စေလိမ့်မည်ဟု သူမ ထင်လိုက်သည်။



သူမ တံခါးမခေါက်မီ တံခါးပွင့်လာသည်။ လုယွီသည် လက်ပြတ်ဆွယ်တာအင်္ကျီ ဝတ်ထားလျက် ပြေးထွက်လာသည်။ ကျန်းနျန်၏ ဖြူဖျော့ထိတ်လန့်နေသော မျက်နှာကို မြင်သောအခါ သူ၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးသွားသည်။ သူတို့၏ ဆက်ဆံရေးကို ခေတ္တ မေ့ထားကာ သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူပြီး အထဲသို့ ခေါ်သွင်းလိုက်ပြီးနောက် ဩရှရှအသံဖြင့် "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။



ကျန်းနျန်သည် လုယွီ၏ နောက်တွင် ပုန်းကာ တုန်ယင်နေသော လက်ဖြင့် ခြံဝင်းတံခါးကို ညွှန်ပြလျက် ပြောလိုက်သည်။ "အဲဒီမှာ... တစ်ယောက်ယောက် ငိုနေတယ်။ ကျွန်မ အမျိုးသမီးတစ်ယောက် ငိုနေတာကို ကြားလိုက်ရတယ်" 



သူမက ပထမတွင် သရဲဖြစ်ကြောင်း ပြောချင်သော်လည်း ထိုစကားလုံးသည် ဤခေတ်တွင် ပိတ်ပင်ထားသော စကားလုံး ဖြစ်နေသည်။



လုယွီ - …



သူ လှည့်၍ ကျန်းနျန်ကို ကြည့်လိုက်သည်။ သူမသည် ခေါင်းငုံ့ကာ ပခုံးများ ကုန်းလျက် ရပ်နေသည်။ ပန်းပုံစံလေးများပါသော လက်ပြတ်အင်္ကျီအဖြူလေးနှင့် ဘောင်းဘီတိုကိုသာ ဝတ်ထားသည်။ လက်ပြတ်အင်္ကျီက နည်းနည်းတိုနေသဖြင့် သူမ၏ ဗိုက်သား ပေါ်လွင်နေသည်။ သူမ၏ ဆံပင်များသည် ပခုံးပေါ်တွင် ဖြန့်ကျက်ထားရာ သူမ၏ အသားအရေကို ပို၍ပင် ဖြူဖွေးစေသည်။



လုယွီ၏ နားရွက်များသည် ရုတ်တရက် နီရဲလာသည်။ သူ လျင်မြန်စွာ မျက်နှာလွှဲကာ ခြံဝင်းတံခါးဆီသို့ လျှောက်သွားသည်။ "မရီး အထဲပြန်ဝင်။ ကျွန်တော် သွားကြည့်လိုက်မယ်”



ကျန်းနျန်သည် အခန်းထဲတွင် တစ်ယောက်တည်း မနေရဲပေ။ သူမ၏ ကျောဘက်တွင် အေးစက်စက် ခံစားမှုတစ်ခု ခံစားနေရပြီး ဖြူဖျော့သော လက်တစ်ဖက်က သူမ၏ ပခုံးကို အချိန်မရွေး ဆွဲကိုင်နိုင်သည်ဟု တွေးကာ ကြောက်ရွံ့နေသည်။



ထိုအကြောင်းကို တွေးရုံဖြင့် သူမ ချွေးအေးများ ပျံလာပြီး လုယွီနောက်သို့ အလျင်အမြန် လိုက်သွားသည်။



လုယွီက တံခါးကို ဖွင့်လိုက်စဉ် သူ့နောက်မှ ခြေသံများကို ကြားလိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်သော်လည်း လှည့်မကြည့်ပေ။ "အထဲပြန်ဝင်ပြီး အဝတ်အစားကို သေချာဝတ်”



ကျန်းနျန်သည် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး နားမလည်နိုက်ဖြစ်သွားသည်။



သူမသည် သူမ၏ အဝတ်အစားကို ငုံ့ကြည့်လိုက်ပြီး ဘာမှမမှားဟု ထင်သည်။



သို့သော်လည်း သူမသည် လုယွီနှင့် အငြင်းမပွားရဲဘဲ သူ့ကျောဘက်သို့ လှမ်းခေါ်လိုက်သည်။ "ဒါဆိုလည်း မသွားသေးနဲ့ဦး။ ကျွန်မ တစ်ယောက်တည်း ကြောက်တယ်”



လုယွီသည် တံခါးလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခဏအကြာတွင် "ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။



ကျန်းနျန်သည် အလျင်အမြန် အထဲသို့ ပြန်ဝင်ကာ မီးဖွင့်ပြီး အဝတ်အစား ထပ်ဝတ်လိုက်သည်။ ထို့နောက် သူမ နှေးကွေးလွန်းပါက သရဲမိမည်ကို ကြောက်သောကြောင့် အပြင်သို့ အမြန် ပြေးထွက်လာသည်။



သူမ လုယွီကို မှီသွားပြီးနောက် အသက်ပြင်းပြင်း ရှူကာ "ကျွန်မ အဆင်သင့်ဖြစ်ပြီ" ဟု ပြောလိုက်သည်။



လုယွီသည် ခြံဝင်းအပြင်သို့ ထွက်လာပြီး သူ့၏ စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးလိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမှ မတွေ့ရပေ။



"ဘယ်သူလဲ။ ညသန်းခေါင်ကြီး အော်နေတာ”



"တချို့လူတွေ အိပ်ဖို့ ကြိုးစားနေတယ်။ ဘာတွေဖြစ်နေတာလဲ”



ကျန်းနျန်၏ အစောပိုင်းက အော်ဟစ်သံသည် အိမ်နီးချင်း အများအပြားကို နိုးထစေခဲ့သည်။ စစ်သည်ဇနီး အနည်းငယ်သည် အဝတ်အစား ဝတ်ဆင်ရင်း လမ်းလျှောက်လာကာ ဘာဖြစ်နေသည်လဲ ကြည့်ရန် ထွက်လာကြသည်။



ဘေးအိမ်မှ ဖန့်မိန်နှင့် စုန့်ကျစ်ဝေတို့လည်း ထွက်လာကြသည်။ ဖန့်မိန်က မျက်လုံးကို ပွတ်ရင်း လုယွီ နောက်မှ တံခါးအပြင်ဘက်တွင် ရပ်နေသော ကျန်းနျန်ကို မြင်လိုက်ရသည်။ သူမ အံ့သြစွာဖြင့် "မင်းတို့ ခုနက မိန်းမတစ်ယောက် အော်တာ ကြားလိုက်သေးလား" ဟု မေးသည်။



ကျန်းနျန် - …



သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ အော်တာပါ" 



ဖန့်မိန်က သူမအသံကို ကျယ်လိုက်သည်။ "ညသန်းခေါင်ကြီး မအိပ်ဘဲ ဘာလို့ အော်နေရတာလဲ”



ကျန်းနျန် - …



သူမသည် သူမ၏ အင်္ကျီအောက်နားစကို ဆုပ်ကိုင်ကာ ခေါင်းငုံ့ပြီး ရှင်းပြရန် ပြင်ဆင်နေစဉ် လုယွီက စကားစပြောလိုက်သည်။ "ကျွန်တော့် မရီးက တံခါးအပြင်ဘက်မှာ အမျိုးသမီးတစ်ဦး ငိုနေတာကို ကြားပြီး ကြောက်လန့် သွားလို့ပါ”



စုန့်ကျစ်ဝေသည် တပ်ရင်းဗိုလ်ကြီးလျို၏ ခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်သည်။



ဖန့်မိန်ကလည်း ထိုဘက်သို့ စိုက်ကြည့်ပြီး ဂေရွတ်လိုက်သည်။ "ညသန်းခေါင်ကြီး သရဲလို ညည်းနေတာ ရှု့ယန်ကလွဲ ဘယ်သူရှိဦးမလဲ" 



သူမ ပို၍ပင် ဒေါသထွက်လာပြီး တပ်ရင်းဗိုလ်ကြီးလျို၏ ခြံဝင်းဘက်သို့ အော်လိုက်သည်။ "ညသန်းခေါင်ကြီး မင်းတို့ မအိပ်ရင်တောင် တခြားသူတွေက အိပ်ဖို့ ကြိုးစားနေကြတာ။ ငိုမယ်ဆိုရင် မင်းတို့ ကိုယ့်အိမ်မှာ ကိုယ်ငို၊ တခြားသူတွေကို မကြောက်စေနဲ့တော့။”



လုယွီ - …



ကျန်းနျန် - …



သူတို့သည် ဒီကို မကြာသေးမီကမှ ပြောင်းလာခြင်း ဖြစ်သောကြောင့် ရှူ့ယန်၏ ညဘက် နောက်ကျမှ အပြင်ထွက်၍ ငိုတတ်သည့် အကျင့်ကို မသိကြပေ။



ရှု့ယန် ဖြစ်မှန်းသာ သိခဲ့လျှင် ကျန်းနျန်သည် ဤမျှလောက် ထိတ်လန့်မိမည် မဟုတ်ချေ။



တပ်ရင်းဗိုလ်ကြီးလျိုသည် အင်္ကျီဝတ်ရင်း အပြင်သို့ ထွက်လာပြီး လူအများအပြား စုဝေးနေသည်ကို မြင်လိုက်သည်။ တပ်ရင်းမှူးစုန့်နှင့် လက်ထောက်တပ်ရင်းမှူးလုတို့လည်း ပါဝင်နေသည်။ သူသည် ချက်ချင်း ခေါင်းကိုက်သလို ခံစားလိုက်ရ၏။



သူ ခြံဝင်းမှ အပြင်သို့ အလျင်စလို ထွက်လာစဉ် အပြင်ဘက်မှ စကားပြောသံများကို ကြားလိုက်ရပြီး လက်ထောက်တပ်ရင်းမှူးလု၏ မရီး ကြောက်လန့်သွားသည်ကို သိလိုက်ရသည်။ သူက ကျန်းနျန်ကို တောင်းပန်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးရဲ့ မရီး၊ မင်းကို ရှူ့ယန်က ကြောက်လန့်စေခဲ့တဲ့အတွက် ကျွန်တော်က ကိုယ်စား တောင်းပန်ပါတယ်။”



တပ်ရင်းမှူးစုန့်၏ တင်းမာသော မျက်နှာကို မြင်သောအခါ သူက လျင်မြန်စွာ ထပ်ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့်၊ ရှု့ယန်ကို ထိန်းပြီး တခြားလူတွေကို ထပ်မနှောင့်ယှက်ဖို့ ကျွန်တော် သေချာ ပြောလိုက်ပါ့မယ်”



ထို့နောက် သူသည် ထွက်လာကြသည့် အခြား စစ်သည်ဇနီးများဘက်ကို လှည့်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ကြောင့် အနှောင့်အယှက် ဖြစ်ရတာ ကျွန်တော်တို့ အမှားပါ။ ကျေးဇူးပြုပြီး အိပ်ယာပြန်ဝင်ကြပါ" 



စုန်ကျစ်ဝေက တပ်ရင်းဗိုလ်ကြီးလျိုကို စိတ်ဆိုးစွာ လက်ညှိုးထိုးလိုက်သည်။ "ပထမဆုံး မင်းရဲ့ အိမ်ထောင်ကို အရင်ထိန်း။ ကိုယ့်ဇနီးကိုတောင် မထိန်းနိုင်ရင် မင်းရဲ့ စစ်သားတွေကို ဘယ်လိုထိန်းမလဲ။ လျိုချမ့်၊ ဒီလို ထပ်ဖြစ်ရင် မင်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ချက် ရေးရလိမ့်မယ်။”



ထိုသို့ ပြောပြီးနောက် သူသည် တင်းမာသော မျက်နှာထားဖြင့် ထွက်သွားခဲ့သည်။



ဖန့်မိန်က တပ်ရင်းဗိုလ်ကြီးလျိုကို စိုက်ကြည့်ပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "အခု အဆင်ပြေသွားပြီ။ ပြန်အိပ်တော့" 



ကျန်းနျန် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့။”



အခြား စစ်သည်ဇနီးများသည် အနည်းငယ် ညည်းတွားပြီးနောက် သူတို့ အိမ်များသို့ ပြန်သွားကြသည်။



တပ်ရင်းဗိုလ်ကြီးလျိုသည် လုယွီကို ကြည့်လိုက်ရာ သူ၏ အေးစက်သော အမူအရာကို သတိပြုမိပြီး စိတ်ပျက်စွာဖြင့် မျက်နှာကို ပွတ်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလျို၊ တောင်းပန်ပါတယ်”



လုယွီက ပြန်ဖြေသည်။ "ရှူ့ယန်က မင်းရဲ့ ဇနီး၊ မင်း သားနှစ်ယောက်ရဲ့ မိခင် ဖြစ်နေတုန်းပဲ။ တစ်နေ့ကျရင် သူမ တစ်ခုခု မိုက်မဲစွာ လုပ်မိရင် မင်း နောင်တရလိမ့်မယ်”



သူသည် လျိုချမ့်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျန်းနျန်နှင့်အတူ ပြန်လှည့်လာသည်။



လူတိုင်း ထွက်ခွာသွားပြီးနောက် လျိုချမ့် အိမ်သို့ ပြန်လာသည်။ သူ အိမ်ထဲသို့ ဝင်လိုက်ရာ ရှူ့ယန်သည် သူ့ဘက်သို့ ကျောခိုင်း၍ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ ဒေါသထွက်၍ အံတင်းတင်းကြိတ်လိုက်သည်။ သူသည် သူမ၏ ပခုံးကို ဆွဲကာ အတင်းအကျပ် လှည့်လိုက်သည်။ ရှု့ယန်က ရောင်ရမ်းနေသော မျက်လုံးနီများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ "နင် ငါ့ကို ထပ်ပြီး ရိုက်အုံးမလို့လား။”



လျိုချမ့်သည် သူ့လက်များကို ခုတင်ပေါ်တွင် တင်းတင်းဆုပ်ကာ ရိုက်လိုစိတ်ကို ထိန်းချုပ်လိုက်သည်။ သူ ထရပ်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ငါ ကလေးတွေနဲ့ သွားအိပ်တော့မယ်" 



သူ ရှု့ယန်နှင့် ထပ်နေပါက မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့မည်ကို ကြောက်ရွံ့နေသည်။



"ကောင်းပြီလေ။ သတ္တိရှိရင် သီးခြား အိပ်လိုက်။“



"လျိုချမ့်၊ ငါ့ခုတင်ဆီကို နောက်ထပ် ဘယ်တော့မှ မလာနဲ့။”



ရှူ့ယန်သည် ထထိုင်ပြီး ခေါင်းအုံးကို လျိုချမ့်၏ ကျောဘက်သို့ ပစ်ပေါက်လိုက်သည်။ လျိုချမ့်သည် သူမကို လျစ်လျူရှုကာ လှည့်မကြည့်ဘဲ ထွက်သွားသည်။ သူမ ဒူးများကို ပိုက်ကာ ငိုကြွေးနေသည်။



လျိုချမ့်၏ သားနှစ်ယောက်သည် သူ သူတို့အခန်းထဲသို့ ဝင်လာသည်ကို ကြည့်နေကြသည်။ နံရံခြားလျက်ရှိသော သူတို့၏ မိခင် ငိုသံကိုလည်း ကြားနေရသည်။



သူတို့သည် လဲလျောင်းနေသော သူတို့၏ ဖခင်ကို ကြည့်နေစဉ် ခုတင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်။ သူတို့ စိုးရိမ်တကြီး အကြည့်များ ဖလှယ်လိုက်ကြသည်။



အကြီးဆုံးသားဖြစ်သူ လျိုကျန့်ယဲ့သည် မေးမြန်းခြင်းမှ မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။ "ဖေဖေ၊ မေမေ ငိုနေတယ်" 



"သူမ ငိုချင်ရင် ငိုပါစေ။ လျစ်လျူရှုထားလိုက်!”



လျိုချမ့်သည် သားများဘက်မှ လှည့်၍ မျက်မှောင်ကြုတ်ထားလိုက်သည်။



အငယ်ဆုံးသားဖြစ်သူ လေးနှစ်သား လျိုကျန့်ဝူသည် သူ့မိဘများ၏ အဆက်မပြတ် ရန်ပွဲများကြားတွင် ကြီးပြင်းလာရသူပင်။ သူသည် အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်ရည်များကို သုတ်လိုက်သည်။ လျိုကျန့်ယဲ့က ညီဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးပြီး နားနား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။"မငိုနဲ့၊ ငိုရင် ဖေဖေ ဒေါသထပ်ထွက်လိမ့်မယ်" 



လျိုကျန့်ဝူသည် တစ်ချက် ရှိုက်ကာ မျက်ရည်များကို ထိန်းထားရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။



သူသည် မိဘများ နေ့တိုင်း ရန်မဖြစ်သော စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့ကို အားကျ မိသည်။



အဆိုပါ ဆူဆူပူပူ ဖြစ်ရပ်နောက်ပိုင်းတွင် ကျန်းနျန်သည် ပြန်အိပ်မပျော်တော့ပေ။



သူမသည် ခုတင်ပေါ်တွင် လူးလှိမ့်နေခဲ့ရာ အရုဏ်တက်ချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ လုယွီ နိုးနေပြီကို သိလိုက်သည်။



ကျန်းနျန်သည် အဝတ်အစား ဝတ်ပြီး ဖိနပ်စီးကာ မှန် ကြည့်ရန် မီးဖွင့်လိုက်သည်။ သူမ၏ ဦးခေါင်းရှိဒဏ်ရာသည် သက်သာလုနီးပါး ဖြစ်နေပြီ။ သူမ၏ ဆံပင်များကို ကျစ်ဆံမြီးသေးနှစ်ခု ကျစ်ပြီးနောက် အပြင်သို့ ထွက်လာရာ လုယွီသည် မနေ့က ဝယ်ထားသော ကြက်သားကို ဆေးကြောနေသည်ကို တွေ့လိုက်ရသည်။