Chapter : 49 ( မီး မိန်းကလေး [24] )
လျိုကျယ်က ဝမ်ယင့်ကို မေးခွန်းတစ်ခု မေးလိုက်သည်။
"ရှင် မထွက်ခင်မှာ ဘာပြဿနာမှ မတွေ့ခဲ့ဘူးလား"
ဝမ်ယင့် : "မတွေ့မိဘူး"
"ငါ ညနေ ၅ နာရီမှာ အလုပ်ဆင်းတုန်းက ငါ့သော့တွေ မပါလာမှန်း သိလိုက်ရတယ်၊ ဒါကြောင့် ဘားကို သွားပြီး သော့တွေ ရှာခဲ့တယ်၊ သူ့စိတ်အခြေအနေက ကောင်းပုံမရဘူး... သူက စိတ်မကောင်းဖြစ်နေသလိုမျိုး စကားလည်း သိပ်မပြောဘူး၊ ငါ တစ်ခုခုဖြစ်ခဲ့လားလို့ မေးတော့ သူ ဘာမှမဖြစ်ဘူးလို့ပဲ ပြောတယ်၊ ငါ လုံးဝစိတ်မချရသေးပေမယ့် နောက်နေ့မှာ စကားပြောဖို့ အချိန်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်၊ အဲဒီနောက်တော့ အိမ်ပြန်... ပုစွန်ခေါက်ဆွဲ ချက်စားတယ်...စားပြီးတာနဲ့ ထွက်သွားခဲ့တာ"
ဟိုင်ရိ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူ့မျက်ခုံးတွေ တွန့်ချိုးသွား၏။
"မင်းက သော့တွေ ယူသွားခဲ့ရင်...ငါ ဘယ်သူ့သော့ကို ခိုးခဲ့တာလဲ"
ဝမ်ယင့်က အေးအေးဆေးဆေး ပြောလိုက်သည်။
"သူ့မှာ သော့နှစ်စုံ အမြဲရှိတယ်၊ တစ်စုံက အိတ်ကပ်ထဲမှာ...နောက်တစ်စုံက အိတ်ထဲမှာ၊ သော့ပျောက်မှာ ကြောက်လို့လေ၊ ငါ ဒါကို အမြဲသတိထားမိတယ်... ဒါကြောင့် ငါက သူ့ကို သွားမေးခဲ့သေးတယ်"
ဟိုင်ရိက ဒါကို စကားတစ်ခွန်းမှ မပြောဘဲ စဉ်းစားနေ၏။
သူက ထိုအချိန်တစ်လျှောက်လုံး တော်တော်လေး တိတ်ဆိတ်နေသည့် ရှန့်ချန့်ယန်ကို မေးလိုက်သည်။
"မင်း ဘယ်လိုထင်လဲ"
"မပြောတတ်ဘူး"
ရှန့်ချန့်ယန်က ပြော၏။
"ခင်ဗျားတို့ဘာသာ ဆက်လုပ်ကြတော့"
ဝမ်ယင့်နှင့် ပတ်သက်သည့် သဲလွန်စများက အလွန်ကို နည်းပါးလွန်းသည်။ ရှန့်ချန့်ယန်နှင့် ဟိုင်ရိတို့နှစ်ယောက်သာ ဘားမှာ သူ့ကို အရင်က တွေ့ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဘာသဲလွန်စမှ မရှိတော့ပေ။ အိမ်ထဲရှိ ဓာတ်ငွေ့နှင့် ပတ်သက်၍ တစ်ခုခု မီးရှို့ဖို့လား ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အဆိပ်ခတ်ဖို့လားဆိုတာ တိကျသည့် သဲလွန်စတွေ မရှိသေးပေ။ လူတိုင်းသည် ၄င်းကို ခဏတာ ဘေးဖယ်ထားဖို့မှလွဲပြီး တခြားရွေးချယ်စရာ မရှိကြချေ။
လျိုကျယ် : "ကျွန်မ လက်ရှိချစ်သူရဲ့အခန်းကို ရှာခဲ့တယ်"
"နင် တစ်ခါတုန်းက ထိခိုက်ဒဏ်ရာ ရဖူးလား"
လျိုကျယ်သည် ဆေးရုံ၌ ရိုက်ထားကာ အရိုးကျိုးနေပုံရသည့် ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။
ထန်ယင် ပြုံးလိုက်၏။
"ကျွန်မချစ်သူဟောင်းက ကျွန်မအပေါ် အကြမ်းဖက်တယ်...သူ ဒေါသထွက်ရင် ကျွန်မကို ရိုက်တယ်"
လျိုကျယ် : "ဒါတောင် သူ့ကို ချစ်နေတုန်းလား၊ မင်းရဲ့စာတွေကို ငါကြည့်ခဲ့တယ်...သူ့ကို ဆက်နေဖို့တောင် တိုက်တွန်းနေသေးတယ်"
ထန်ယင် : "ဟုတ်တယ်...ကျွန်မဇာတ်ကောင်က လူမိုက်တွေကို ကြိုက်တဲ့ လူဆိုးမတစ်ယောက်ပေါ့၊ သေဆုံးသူက ကျွန်မချစ်သူကို လုယူသွားတဲ့အတွက် သတ်ချင်တဲ့စိတ်ရှိတာကို ကျွန်မ မငြင်းပါဘူး၊ ဒါပေမယ့် ကျွန်မ သူ(မ)ကို မသတ်ခဲ့ပါဘူး...သူ(မ)ကို ဆေးခတ်ချင်ခဲ့တာပါ''
လျိုကျယ် : "နင့်အခန်းထဲက အဲဒီမူးယစ်ဆေးလား"
"အင်း"
ထန်ယင်က ဝန်ခံသည်။
"အဲဒါ အဆိပ်ပဲ...ဒါပေမယ့် သုံးနာရီကြာမှ အာနိသင်ပြတယ်၊ ည ၇ နာရီ ၄၀ မိနစ်မှာ သူ(မ)အခန်းထဲကို ခိုးဝင်ပြီး သူ(မ)ကို ဆေးခတ်ခဲ့တယ်၊ အဲ့ဒီအချိန်က သူ့အခန်းက လွတ်နေတာ... သူ သောက်ခဲ့လားမသောက်ခဲ့ဘူးလားဆိုတာ ကျွန်မကိုယ်တိုင် မသေချာဘူး၊ သူ မသောက်ခဲ့ရင်တောင် ဖျော်ဖြေပြီးတဲ့နောက် ရေဆာမှာ သေချာတယ်၊ တစ်ငုံလောက်တော့ သောက်လိမ့်မယ်လို့တော့ ကျွန်မထင်တယ်၊ ဒါပေမယ့် ည ၁၀ နာရီမှာ သူက သေနေပြီ၊ ဒါကြောင့် ကျွန်မကြောင့် မဟုတ်တာ သေချာတယ်''
ဟိုင်ရိ ခေါင်းကိုက်သွားသည်။
"မျက်မြင်သက်သေ ရှိလား"
"ကျွန်တော်"
ရှန့်ချန့်ယန်က နောက်ဆုံးတော့ ဆွေးနွေးမှုမှာ ပါဝင်လာ၏။
"ည ၇ နာရီ ၄၀ မိနစ်မှာ ပန်းချီဆရာနဲ့ သူ့လက်ရှိချစ်သူ ပျောက်နေတာကို ကျွန်တော် သတိထားမိတယ်၊ ခဏအကြာမှာ လက်ရှိချစ်သူက နည်းနည်းထိတ်လန့်တဲ့ အမူအရာနဲ့ ပြန်ရောက်လာတယ်... ည ၉ နာရီမှာ ပန်းချီဆရာက ခပ်မြန်မြန် ပြန်လာခဲ့တယ်"
ရှန့်ချန့်ယန် သူ၏ဇာတ်ညွှန်းကို လှန်လှောရင်း သူတို့နှင့်အတူ သူ့အချိန်ဇယားကို ပြောပြနေသည်။
"ကျွန်တော့် ချစ်သူကို ဘာလုပ်ဖို့သွားတာလဲလို့ မေးခဲ့တယ်၊ သူ(မ)က အိမ်သာသွားတာဖြစ်ပြီး ထူးဆန်းတဲ့လူတစ်ယောက်ကို တွေ့ခဲ့လို့ အမျိုးသမီးအိမ်သာထဲမှာ ပုန်းနေခဲ့တယ်လို့ ပြောတယ်"
လျိုကျယ်က ဦးဆောင်ပြီး ပြောလိုက်၏။
"ကျွန်မပါ"
လျိုကျယ် : "ကျွန်မက အဲဒီရူးကြောင်ကြောင်လူတစ်ယောက်ပါ"
"ကျွန်မက အမျိုးသမီးတွေကို ခိုးပြီးချောင်းကြည့်ရတာ အမြဲကြိုက်တယ်"
ဝမ်ယင့် : "မင်းအခန်းထဲမှာ အမျိုးသမီးအတွင်းခံတွေနဲ့ ဓာတ်ပုံတွေလည်း ရှိတယ်"
"ဟုတ်တယ်"
လျိုကျယ်က ဝန်ခံသည်။
"ဒါတွေအားလုံးကို ကျွန်မ ခိုးထားတာ"
ဟိုင်ရိက အခွင့်အရေးကို အမိအရဖမ်းပြီး မေးလိုက်သည်။
"...ဒါဆို မင်းကို သေဆုံးသူက တွေ့သွားတာပေါ့"
လျိုကျယ် : "အင်း...သူက စာချုပ်ကို မဖျက်ရင် လူသိရှင်ကြားဖွင့်ချမယ်ဆိုပြီး ခြိမ်းခြောက်တယ်... ကျွန်မ ကြောက်နေခဲ့တာ"
ဟိုင်ရိသည် ထိုအခြေအနေ၌ တော်တော်များများက လူသတ်သမားလို ဖြစ်နေသည်ဟု ခံစားရသည်။
ဟိုင်ရိ အားကိုးရာမဲ့စွာ ပြောလိုက်၏။
"ဒါဆို မင်း ဘာလုပ်ခဲ့လဲ"
ဝမ်ယင့် : "ဇာတ်ရုံပိုင်ရှင်ရဲ့အခန်းထဲမှာ ဓာတုဓာတ်ငွေ့ပါတဲ့ ပုလင်းတစ်ပုလင်း ရှိတယ်၊ အသိပေးချက်တွေအရ အလွယ်တကူ မီးလောင်လွယ်တယ်လို့လည်း ဖော်ပြထားတယ်"
ဟိုင်ရိ : ...
လျိုကျယ်က ရှင်းပြသည်။
"ကျွန်မ ဘာမှ မလုပ်ရသေးဘူး"
"မင်းရဲ့သက်သေကကော"
လျိုကျယ် : "ကျွန်မစင်ပေါ်မှာ သူ့ကို ဘယ်လိုလုပ် သေခွင့်ပေးနိုင်မှာလဲ... ကျွန်မလုပ်ငန်းက ဆက်ပြီး လည်ပတ်နိုင်ပါ့မလား၊ ကျွန်မက သူ့နဲ့ နေ့လည်ဘက်မှာ စကားပြောခဲ့ပြီး သူ့ကို မထွက်သွားဖို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်၊ သူ့ကိုသာ ကျွန်မ လူသိရှင်ကြားဖွင့်ချရင် သူ ကောင်းကောင်းမနေရဘူးလို့ ပြောခဲ့တယ်၊ ရှင်တို့အားလုံး မြင်ခဲ့တာပဲ၊ အဲဒီနေ့က သူ့စိတ်အခြေအနေက သိပ်မကောင်းဘူး၊ အဲဒါက ကျွန်မ သူ့နဲ့ စကားပြောခဲ့လို့ပဲ၊ သူ စဉ်းစားချင်ခဲ့တယ်... အဲဒီအချိန်မှာ ကျွန်မဘာလို့ သူ့ကို သတ်ရမှာလဲ"
ဝမ်ယင့် : "တကယ်တော့ မဟုတ်ပါဘူး...သူ စင်ပေါ်မှာ သေခဲ့ရင် ပိုပြီးတော့ ဇာတ်လမ်းဆန်မှာ မဟုတ်ဘူးလား၊ ကျွန်တော်ထင်တာက ခင်ဗျားတို့ ဇာတ်ရုံက ပိုတောင် နာမည်ကြီးလာမှာပါ"
ဟိုင်ရိ အရာရာအားလုံး ရှုပ်ထွေးနေသည်ဟု ခံစားနေရသည်။ ထိုအချိန်၌ လူတိုင်းသည် သူ့ကို အလွန်သံသယဖြစ်နေပုံရ၏။
သူရဲ့ကိုယ်ပိုင်ဇာတ်ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် သံသယဖြစ်ဖွယ် ကောင်းနေရတာလဲ။
ဟိုင်ရိ : "ငါတို့ရဲ့ အချိန်ဇယားတွေကို တိုက်ဆိုင်စစ်ဆေးရအောင်လား"
ဟိုင်ရိ သူ့အချိန်ဇယားကို အရင်ဆုံး ပြောပြလိုက်သည်။
"ငါ့အချိန်ဇယားက ညနေ ၅ နာရီမှာ စတင်ထားတယ်၊ အဲဒီအချိန်မှာ အဖေနဲ့ ချစ်သူဟောင်းကို တွေ့ ခဲ့တယ်၊ ချစ်သူဟောင်းက ငါ့ကို အရှက်ခွဲတယ်... ငါက သေဆုံးသူကို ညနေ ၆ နာရီမှာ ဖုန်းခေါ်လိုက်တော့ သူက ငါ့အပေါ် အရမ်းအေးစက်စက်ပဲ ဆက်ဆံခဲ့တယ်၊ ည ၇ နာရီမှာ ငါ စင်အနောက်ဘက်ကို သွားပြီး သေဆုံးသူရဲ့ရေမွှေးနံ့က အရမ်း ပြင်းထန်နေတာကို သတိထားမိတယ်၊ ပြီးတော့ ည ၇ နာရီ ၃၀ မိနစ်မှာ သော့တွေကို ခိုးယူပြီး ည ၈ နာရီမှာ သူ့အိမ်ကို သွားခဲ့တယ်... ည ၈ နာရီ ၃၀ မိနစ်မှာ ပြန်ထွက်လာပြီး ည ၉ နာရီမှာ ပြန်ရောက်လာတယ်၊ အဲ့ဒီအချိန်မှာ သေဆုံးသူအတွက် ဝိုင်တစ်ခွက် မှာခဲ့တယ်... ည ၁၀ နာရီမှာ သူက သေသွားခဲ့တယ်"
ရှန့်ချန့်ယန် သူ့ဖုန်းကို ဖွင့်ပြီး သူ့အချိန်ဇယားကို စကားလုံးတစ်လုံးချင်းစီ စပြောတော့သည်။
"သင်၏ လက်ရှိချစ်သူနှင့် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဇာတ်ရုံ၌ တွေ့ရန် စီစဉ်ထားသည်။... ထိုအချိန်တွင် သင် သူ့ကို ဘယ်လိုနည်းနဲ့မဆို တွန်းလှန်ရမည်။ ညနေ ၅ နာရီတွင် မီး(သေဆုံးသူ)၏ အဖေကို ဘားတွင် တွေ့လိုက်ရာ သူက အပေါ်ကုတ်ကိုဝတ်ထားပြီး စာအိတ်တစ်အိတ် ဆောင်ထားသည်။ သင်က သူ၏ သော့တွေလိုချင်တယ်ဟု ပြောသံကို ဝိုးတဝါးကြားလိုက်ရသည်။... သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခြင်းက အရေးအကြီးဆုံးပေ။ သို့သော် သင် ဘာမှ မပြောခင်မှာ ပန်းချီဆရာက သင့်ကို တားပြီး အဓိပ္ပာယ်မရှိသည့် စကားများ အပြန်အလှန်ပြောကြသည်။ သင်က သူ၏ဟန်ဆောင်မျက်နှာဖုံးကို မြင်ရုံဖြင့် စိတ်ပျက်ပြီး သူ့ကို ရက်စက်စွာ အရှက်ခွဲလိုက်သည်။"
ထိုအထိတော့ ဟိုင်ရိ၏အချိန်ဇယားနှင့် ကိုက်ညီနေသေး၏။
ဆက်မပြောချင်တော့ပုံရသည့် ရှန့်ချန့်ယန်က ကျန်တာကို အတိုချုပ်ပြောလိုက်သည်။
"ည ၇ နာရီမှာ သင် မီးကို သွားရှာပြီး ပန်းချီဆရာက စင်နောက်ဘက်တွင် ရှိနေခြင်းကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေပုံရသည်။ သင် ဒေါသထွက်သွားပြီး အဲဒီလူကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးမှာတော့ သင် ဘယ်လောက်ကြာကြာ စောင့်နေပါစေ ပေါ်မလာတော့ပေ။ ဒါကြောင့် သင် လက်ရှိချစ်သူနှင့် အရင် လမ်းခွဲရန်သာ ဆွေးနွေးနိုင်သည်။ ဒါပေမယ့် သူက ဒေါသထွက်လာပြီး သဘောမတူဘဲ ထူးဆန်းတဲ့စကား ပြောလာသည်။ 'သူသေသွားရင်တောင် ရှင် ကျွန်မနဲ့ လမ်းခွဲချင်နေတုန်းပဲလား' ဟူသော စကားပင်။ သင်က ဒါကို အလွန်ထူးဆန်းသည်ဟု တွေ့ရသည်။"
ရှန့်ချန့်ယန် : "ပန်းချီဆရာက ည ၉ နာရီတွင် ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့၏အရင်က ခေါင်းငုံ့ခံတတ်သည့် ပုံစံက မာနကြီးသော ပုံစံအဖြစ် ပြောင်းသွားပြီး မင်းကို သတ်မည်ဟု ခြိမ်းခြောက်သည်။ သင်က သူတစ်ခုခု သိနေတယ်လို့ ကြိုတင်သိနေခဲ့တယ်။ စိတ်ထဲမှာ အကြံတစ်ခုပေါ်လာသည်။ သင် သူ့ကို အရက်တိုက်ပြီး စကားပြောချင်သည်။ သင်က အဖျော်သမားကို လာဘ်ထိုးပြီး သူမှာထားသည့် ဝိုင်ကို ပြင်းသော အမျိုးအစားတစ်ခုနှင့် ပြောင်းခိုင်းလိုက်သည်။ သင်က သူသောက်မည်ဟု အစက ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူက အဲဒါကို သေဆုံးသူကို ပေးလိုက်သည်တဲ့..."
ဟိုင်ရိ : ...
ရှန့်ချန့်ယန် : "ဒါပဲ၊ သူ ည ၁၀ နာရီမှာ သေသွားခဲ့တယ်"
ဟိုင်ရိ : "ဒါပဲလား"
"ဒါပဲ"
ရှန့်ချန့်ယန်က သူ့ဖုန်းကို သိမ်းလိုက်သည်။
"ဘာလို့လဲ..."
လူတိုင်း တိတ်ဆိတ်သွား၏။
လျိုကျယ်၏အသံမှာ ပျောက်ကွယ်သွားရသည်။
"အဲဒီဝိုင်..."
ဟိုင်ရိက စိတ်ပျက်အားငယ်စွာ တွေးလိုက်သည်။
ရေမွှေး၊ ပြင်းတဲ့ဝိုင်၊ မီး။
ကောင်းကင်ဘုံကြီးရေ...ဘယ်သူကများ ငါ့သားကို ကယ်နိုင်ပါ့မလဲ။
🌟🌟🌟