Chapter : 50 ( မီး မိန်းကလေး [25] )
ဟိုင်ရိသည် ရှန့်ချန့်ယန်တွင် သူ၏စိတ်ကို တမင်တကာ ဆွပေးနေသည်ဟု သံသယရှိခဲ့သည်။ သူက လူသတ်သမားဖြစ်သည့်အခါ အရာရာကို တီထွင်ဖန်တီးရာတွင် အဘယ်ကြောင့် အလွန်တော်ပြီး လူကောင်းဖြစ်သည့်အခါကျမှ အဘယ်ကြောင့် အိပ်ရာထဲက မထသည့်လူတစ်ယောက်လို ဖြစ်သွားရသနည်း။
ရှန့်ချန့်ယန် : "ဝိုင်လား...ခင်ဗျားအတွေးလွန်နေတာ၊ သူမသောက်ခဲ့ဘူး"
ဟိုင်ရိ : "ဟုတ်သားဘဲ၊ အလောင်း...ငါတို့ အလောင်းကို မစစ်ဆေးရသေးဘူး"
"အဲ့လိုလုပ်ဖို့ မလိုတော့ဘူး"
ဝမ်ယင့်က ပြော၏။
"ကွယ်လွန်သူရဲ့ အဝတ်အစားတွေ အကုန်လုံး ကျွတ်ကျွတ်ထအောင်လောင်ကျွမ်းခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေတယ်၊ မင်းတို့ wick effect အကြောင်း ကြားဖူးလား"
မည်သူမျှ စကားမပြောကြချေ။ ရှန့်ချန့်ယန်သည် ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်းသိသော်လည်း ပျင်းရိမှုကြောင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအရာကို မသိချင်ယောင်ဆောင်နေခဲ့သည်။
ဝမ်ယင့် ထိုအခြေအနေကို မြင်ပြီး ရှင်းပြလိုက်၏။
"အရက်မူးနေသူ ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူတစ်ယောက်ရဲ့ အဝတ်အစားတွေ မီးလောင်တဲ့အခါ သူတို့ရဲ့အဝတ်အစားတွေက မီးစာလိုဖြစ်ပြီး သူတို့အရေပြားအောက်က အဆီတွေက ရေနံဆီလိုဖြစ်သွားပြီး မီးလျှံတွေအတွက် ဆက်တိုက်လောင်စာ ပံ့ပိုးပေးတယ်၊ အဲ့ဒီလူ လုံးဝပြာကျသွားတဲ့အထိပဲ...ဒါကို wick effect လို့လည်း ခေါ်တယ်"
ဟိုင်ရိ : "မဖြစ်နိုင်ဘူး၊ အဲ့ဒီလို အခြေအနေမျိုးက ကွယ်လွန်သူ အိပ်ပျော်နေမှသာ ဖြစ်နိုင်တာ... သေဆုံးသူက သေချိန်မှာ သတိရှိနေခဲ့တာ"
ဝမ်ယင့်က လက်ဝှေ့ယမ်းလိုက်သည်။
"အားလုံးနဲ့ ဝေမျှပေးတာပါပဲ"
သို့သော် သူ၏ ထိုသို့သောပြောဆိုခဲ့ခြင်းကြောင့် ၎င်းသည် အခြေအမြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းက စဉ်းစားကြ၏။
ဟိုင်ရိသည် ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်မတည်မငြိမ်ဖြစ်နေသည်ကို သတိထားမိပုံရလိုက်သည့် ရှန့်ချန့်ယန်မှာ ကြင်နာစွာဖြင့် ပါးစပ်ဖွင့်လိုက်၏။
"ဝိုင်က အကြောင်းအရင်းဖြစ်နေရင်တောင် မီးရဲ့အရင်းအမြစ်ကို ရှာရဦးမှာပဲ"
"ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ ဒီဆွေးနွေးမှုကို မဆက်မလုပ်ခင် မီးရဲ့အရင်းအမြစ်ကို အရင်ရှာဖို့ပဲ"
ရှန့်ချန့်ယန် ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ခင်ဗျားတို့က ကျွန်တော့်ကို လူသတ်သမားလို့ စွပ်စွဲချင်ရင်တောင် မီးရဲ့အရင်းအမြစ်ကိုတော့ ရှာရဦးမှာပဲ"
ဟိုင်ရိသည် ရှန့်ချန့်ယန်က တမင်တကာ လုပ်နေသည်ဟု ယခုတော့ သေချာသွားလေပြီ။
သူ တမင်တကာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ပေ။
သူ့၏ ငြင်းခုံမှုအားလုံးက 'မင်းက ငါ့ကို လူသတ်သမားလို့ထင်ရင် ဒီသက်သေကို ရှာပါ' ဆိုတာပင်။ သို့သော် သက်သေကိုတွေ့ပြီးသည့်နောက်မှာ ရှန့်ချန့်ယန် လူသတ်သမားမဟုတ်ဘူးဆိုတာ သက်သေပြသွားမှာပင်။
သို့သော်လည်း ဤဂိမ်းမှာတော့ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် 'ပူးပေါင်းဆောင်ရွက်' ကြတာပင်။
ထက်မြက်သည့် ကစားသမားတချို့၏ ပြောစကားများတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တွေကို နားလည်နိုင်ကြသော်လည်း တချို့မှာတော့ နားမလည်ကြချေ။ သူတို့က ရှန့်ချန့်ယန်၏စကားတွေကို နားမလည်ရင် သူက လူသတ်သမားဖြစ်ကြောင်း ဝန်ခံလိုက်ပြီဟူ၍ ခံစားရလိမ့်မယ်။ ထို့ကြောင့် ရှန့်ချန့်ယန်သည် သူ့ကိုယ်သူ သေစေနိုင်သော အကြောင်းအရာများကို ထိုသို့ဖော်ပြခြင်းမျိုး ဖြစ်နိုင်ခြေရှိတယ်။
ရှန့်ချန့်ယန်၏ အတွေးများအား နားမလည်နိုင်သည့် ဟိုင်ရိသည် သူ့ကို ကွက်လပ်တွေ ဖြည့်ပေးခဲ့ရသည်။
"ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ အတော်လေးများနေတယ်လို့ ခံစားရတယ်၊ ဒါပေမယ့် သိပ်မထင်ရှားဘူး"
"ကျွန်မလည်း အဲလိုပဲ ထင်တယ်"
ထန်ယင်က ပြုံးပြီး ပြောသည်။
"ကျွန်မက မေးကြည့်ရုံပါ"
ဟိုင်ရိက ထန်ယင်သည် တကယ်ပင် အလွန်ဉာဏ်ကောင်းသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ ရှန့်ချန့်ယန်သည် ထန်ယင်၏ မေးခွန်းကြောင့် အာရုံစိုက်ခံရသူ ဖြစ်လာသော်လည်း သူမသည် လူတိုင်း၏ သံသယကို မေးခွန်းဖြင့် မြှင့်တင်ပြီးနောက် တစ်လှမ်းနောက်ဆုတ်သွားခဲ့၏။ သူမ ရှန့်ချန့်ယန်ကို အလွန်ကြီးစိုးနေပုံမရဘဲ လူတိုင်းကို သတိထားမိစေခဲ့သည်။
သူမသည် ဉာဏ်ကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ဟိုင်ရိ ချက်ချင်းသိလိုက်၏။ ထန်ယင်သည် လုံးဝလွယ်လွယ်ကူကူလှည့်စား၍ရသောသူ မဟုတ်ပေ။
ဟိုင်ရိက မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။
"ကျန်တဲ့အချိန်ဇယားတွေက ဘယ်လိုလဲ"
"ငါ ညနေ ၅ နာရီမှာ အလုပ်ကနေ ဆင်းပြီး သမီးဆီက သော့သွားယူတယ်၊ သူ(မ)က အခန်းထဲမှာရှိနေပြီး သူ(မ)ရဲ့ စိတ်အခြေအနေက မြင်နိုင်လောက်အောင် ဆိုးရွားနေခဲ့တယ်... ငါ သူမကို မေးခဲ့ပေမယ့် သူမ တုံ့ပြန်တဲ့အချိန် ရှင်းလင်းမှုမရှိခဲ့ဘူး၊ အဲဒါကြောင့် ငါ ဆက်မမေးဖြစ်တော့ဘူး"
ဖခင်ဖြစ်သူ ဝမ်ယင့်က ပြောလိုက်သည်။
"အဲဒီနောက် ငါ အိမ်ပြန်လာခဲ့တယ်၊ ည ၆ နာရီမှာ ငါ အိမ်ရောက်တော့ ပါစတာခေါက်ဆွဲဟင်းတစ်ခွက် လုပ်ခဲ့တယ်၊ ဒီဟင်းကို ဇာတ်ညွှန်းမှာ အတိအကျဖော်ပြထားတယ်၊ ည ၇ နာရီ ၁၀ မိနစ်မှာ အရာအားလုံး အဆင်ပြေသွားပြီး ငါ ဆေးစစ်ဖို့ ထွက်ခွာခဲ့တယ်၊ ည ၉ နာရီ ၃၀ မိနစ်မှာ အိမ်ရောက်တော့ အရမ်းပင်ပန်းနေလို့ အိပ်ပျော်သွားတာ... အိမ်ထဲမှာ ကျောက်မီးသွေးဓာတ်ငွေ့အနံ့ နည်းနည်းတော့ ရလိုက်သေးတယ်၊ ပြီးတော့ ငါ့သမီး သေပြီလို့ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့တယ်''
ဟိုင်ရိ : "ဒါဆို မင်းဇာတ်ညွှန်းထဲမှာ ဓာတ်ငွေ့နံ့က အရမ်းကို သဲ့သဲ့လေးပဲရှိတော့တယ်ပေါ့"
"ဟုတ်တယ်"
ဝမ်ယင့် ဝန်ခံလိက်သည်။
''အဲ့ဒီအချိန်တုန်းက ငါ့ကို အာရုံစိုက်မိရလောက်အောင် မဟုတ်ခဲ့ဘူး၊ ဒါကြောင့် အဲဒါက နေရာအနှံ့ ပြန့်သွားပြီးပြီဖြစ်မယ်"
ဟိုင်ရိ : "ဒါက ငါတံခါးတွေကို တကယ်ဖွင့်ခဲ့တယ်ဆိုတာကိုလည်း သက်သေပြနေတယ်"
ထန်ယင် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဘယ်သူမှ မင်းကို သံသယမဝင်ဘူး"
ဟိုင်ရိ : "ပြောပြရုံပါ"
လျိုကျယ်သည် တိတ်ဆိတ်နေပြီး သူမ၏ မျက်ခုံးများတွန့်ကွေးနေသည်။ ဟိုင်ရိက မေးလိုက်၏။
"တစ်ခုခု မှားနေလို့လား"
လျိုကျယ် : "အဖေ့ရဲ့ အချိန်ဇယားက ည ၆ နာရီနောက်ပိုင်းမှာ ကျွန်မတို့နဲ့ လုံးဝကို သီးခြားစီဖြစ်နေတယ်၊ ထပ်တူကျတာတွေမရှိဘူး"
ဟိုင်ရိသည်လည်း ဤပြဿနာအား ရှာဖွေတွေ့ရှိခဲ့သည်။
ဒီလိုတင်းကျပ်စွာ ထုပ်ပိုးထားပြီး ရှုပ်ထွေးသည့် ဇာတ်ကြောင်းနှင့် အချိန်ဇယားမှာ ဖခင်၏ ဇာတ်ညွှန်းမှာ အပြင်ဘက်ရှိ တစ်ခုလို ဖြစ်နေတယ်။ ကျန်တာတွေကတော့ တင်းကျပ်စွာ ယှက်နွယ်နေပြီး သူ့တစ်ခုတည်းသာ မဟုတ်ခဲ့ချေ။
ဝမ်ယင့် : "ငါက ကွယ်လွန်သူရဲ့အဖေဖြစ်နေလို့ ဖြစ်နိုင်တယ်၊ ငါ့ရဲ့ ဒီဇာတ်ကောင်က ပထမနေရာမှာ သိပ်ရှိမနေခဲ့ဘူး၊ ကိုယ့်သမီးကိုယ် သတ်နိုင်တာမျိုးမှ မဟုတ်တာ"
အခန်းတွင်း တိတ်ဆိတ်မှုက စကားလုံးမဲ့ သဘောတူညီချက်ဟု ယူဆနိုင်သည်။
သို့သော် အမှန်တကယ်တော့ ထိုသို့သောအရာကို မည်သူမျှ သေချာမသိနိုင်ခဲ့ပေ။
ထန်ယင် : "ဘာလို့ ညဘက်မှာ စိတ်ရောဂါကုဆရာဝန်နဲ့ တွေ့နေတာလဲ"
"မင်းငါ့ကို မတွေ့ဘူးလား"
ဝမ်ယင့်၏ မှိုင်းပြတွေဝေသော မျက်နှာသွင်ပြင်မှာ အံ့သြမှုကို ဖော်ဆောင်ထားသည်။
ထန်ယင် : "မတော်တဆဖြစ်တဲ့နေ့မှာ ရှင်နဲ့မတွေ့ခဲ့ဘူး၊ ဒါပေမယ့် ရှင်မှာ စိတ်ရောဂါရှိပြီး ဆေးရုံမှာ ရှင်နဲ့ မကြာခဏတွေ့ရတယ်လို့ ကျွန်မဇာတ်ညွှန်းမှာ ရေးထားတယ်"
ဝမ်ယင့် : "အချိန်မပါဘူးလား"
ထန်ယင် : "မပါဘူး"
ဝမ်ယင့် သူ၏ဇာတ်ညွှန်းကို လှန်ကြည့်ရင်း သူ့ဘာသာ ခဏတာ တီးတိုးပြောနေ၏။
"ဘာလို့ ညဘက်ဖြစ်ရတာလဲဆိုတာ ဒီမှာ ဖော်ပြထားတာမျိုးမရှိဘူး၊ ဒါပေမယ့် အပတ်စဉ် တစ်ရက်တည်းဆိုရင် အလုပ်ဆင်းပြီးနောက်ပိုင်းဆိုတော့ ညဘက်ဖြစ်သင့်တယ် မဟုတ်ဘူးလား"
ထန်ယင် မှတ်ချက်ပေးခြင်းမှ ရှောင်ရှားရင်း ခေါင်းညိတ်လိုက်သည်။
ဟိုင်ရိက ထန်ယင်သည် ဤဂိမ်း၌ အလွန်တက်တက်ကြွကြွ ထိုးစစ်ဆင်နေသည်ဟု ခံစားမိ၏။ သူမပေါ်လွင်သလောက် နူးညံ့သိမ်မွေ့ခြင်းမရှိပေ။ သူမသည် စီးဆင်းမှုအတိုင်းလိုက်ပါမည့် ကစားသမားတစ်ဦးထက် ပိုသည်ဟု သူက ထင်နေဆဲဖြစ်သည်။ အသွင်အပြင်ဖြင့် အကဲဖြတ်ခဲ့သူမှာ သူသာဖြစ်ခဲ့သည်။
ခဏတာ စဉ်းစားပြီးနောက် ထန်ယင်က ပြုံးလိုက်သည်။
"ကျွန်မအလှည့်ပဲ"
"ကျွန်မဇာတ်ညွှန်းရဲ့ ရှေ့ဆုံးအပိုင်းက ရည်းစားဟောင်းနဲ့ ကိုက်ညီတယ်၊ သူက ကျွန်မကို ဒိတ်လုပ်ဖို့ ခေါ်ခဲ့တယ်၊ ကျွန်မက ညနေ ၅ နာရီမှာ ဘားမှာ ရှိနေပြီ... လက်ထဲက အဆိပ်နဲ့ပေါ့၊ ဒီအဆိပ်က ကွယ်လွန်သူအတွက် တကယ်မရည်ရွယ်ခဲ့ဘူး၊ ကျွန်မက ရည်းစားဟောင်းကို ကြောက်အောင်လုပ်ချင်ရုံပဲ... ဒါပေမယ့် ကျွန်မတို့ စကားများကြပြီး သူက လမ်းခွဲဖို့ပဲ အတင်းအကြပ်ပြောတယ်၊ ဒေါသတကြီးနဲ့ အဆိပ်ကို မဖယ်ရှားခဲ့ဘူး၊ သူ့ကို ချက်ချင်းသတ်ဖို့ ရည်ရွယ်ခဲ့တာ"
ထန်ယင် : "ကျန်တာတွေက ရှင်တို့နဲ့ ဆင်တူတယ်၊ ကျွန်မက ကွယ်လွန်သူရဲ့ဖခင်နဲ့ ပန်းချီဆရာကိုလည်း တွေ့ခဲ့တယ်... တစ်ခုတည်းသော ကွာခြားချက်ကတော့ ကျွန်မက ည ၇ နာရီ ၄၀ မိနစ်မှာ သူ့ရေထဲကို အဆိပ်ထည့်ဖို့ သွားခဲ့တာပဲ... ပြီးတော့ ချွတ်ချော်သွားပြီး အမျိုးသမီးအိမ်သာမှာ ပြဇာတ်ရုံပိုင်ရှင်နဲ့ တိုက်မိပြီး ထွက်ပြေးခဲ့တယ်၊ ပြန်သွားပြီးတဲ့နောက် နည်းနည်းစိတ်မလုံခြုံဖြစ်ပြီး ဘာလုပ်ရမှန်းဖြစ်နေတာ... သူသောက်သွားလား...မသောက်သွားလားဆိုတာ ပြန်သွားပြီး အတည်ပြုချင်လို့ တံခါးဝမှာ တဝဲလည်လည်ဖြစ်နေတာ... ည ၇ နာရီ ၅၅ မိနစ်လောက်မှာ အတွင်းကနေ စကားများသံနဲ့ မှန်ကွဲသံကို ကြားလိုက်ရတယ်၊ ကျွန်မကြောက်သွားပြီး အရင်ထွက်သွားခဲ့တယ်၊ ကျွန်မက အမြဲတမ်း ရည်းစားဟောင်းနဲ့အတူ ရှိနေခဲ့တာ၊ ည ၈ နာရီမှာ ကွယ်လွန်သူကို စင်ပေါ်မှာ တွေ့ရပြီး မတော်တဆဖြစ်တဲ့အချိန်ထိပဲ"
ဟိုင်ရိ : "ဒါဆို ပြဇာတ်ရုံပိုင်ရှင်ကို တစ်ကြိမ်ပဲ တွေ့ခဲ့တာလား"
ထန်ယင် : "ကျွန်မ သူ့ကို အဲ့ဒီတစ်ကြိမ်ပဲ တွေ့ခဲ့တာ၊ ကျွန်မဇာတ်ညွှန်းအရ ကျွန်မပြေးနေတုန်း သူ့ရဲ့ စူးစမ်းတဲ့အကြည့်က ကျွန်မကျောပေါ်မှာ ရှိနေခဲ့တော့ ကျွန်မအရမ်းထိတ်လန့်ခဲ့သေးတယ်"
ဝမ်ယင့် : "အဲဒါ ငါ့ဟာနဲ့မတူဘူးလား၊ အချိန်ဇယားထဲမှာ မျက်မြင်သက်သေမရှိဘူး"
လျိုကျယ်၊ ပြဇာတ်ရုံပိုင်ရှင်က ပြောသည်။
"ဒါပေမယ့် ရှင်တို့ရဲ့ အချိန်ဇယားအားလုံးကို ကျွန်မသိတယ်"
လူတိုင်းက သူမကို လှည့်ကြည့်ကြသည်။ လျိုကျယ်က ဆက်ပြော၏။
"ကျွန်မ ရှင်တို့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာ၊ ကျွန်မက အောက်တန်းကျတဲ့သူတစ်ယောက်ဖြစ်ပြီး လှပတဲ့မိန်းကလေးတွေနဲ့ စကားပြောရတာကြိုက်တယ်၊ ဒါကြောင့် ရည်းစားဟောင်းကို အနီးကပ်အာရုံစိုက်ခဲ့တာ.. ရှင်တို့အားလုံးကြားမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်မအမြဲတမ်းသိခဲ့တယ်"
သူမစကားမှန်ကြောင်း သက်သေပြရန် လျိုကျယ်က ရှန့်ချန့်ယန်ကိုပင် ပြောပြလိုက်သည်။
"ရှင် ည ၇ နာရီမှာ ရှင့်ကို မနှောင့်ယှက်ဖို့ ရှင့်ရည်းစားဟောင်းကို ပြောတာ ကျွန်မကြားခဲ့တယ်၊ သူလိုချင်တာကို ရှင်ပေးလိမ့်မယ်... ဒါပေမယ့် သူက ဘာမှ ပိုပြီးမမျှော်လင့်သင့်ဘူး၊ ရှင်ဘာပေးချင်ခဲ့တာလဲ"
ရှန့်ချန့်ယန် : "ဗီးနပ်စ်ရဲ့ မျက်ရည်"
"ဒါဆို ဘာလို့ အဲ့လိုပြောတာလဲ"
ရှန့်ချန့်ယန် : "ရည်းစားဟောင်းက ကျွန်တော့်ပိုက်ဆံကြောင့် ကျွန်တော်နဲ့တွဲတယ်လို့ ထင်ခဲ့တာ၊ ဒါကြောင့် အဲ့လိုပြောခဲ့တာ"
ထန်ယင် : "မတရားလိုက်တာ၊ ကျွန်မအတွက်ကတော့ တကယ့်အချစ်ပဲ"
ရှန့်ချန့်ယန် ပြုံးပြီး တုံ့ပြန်လိုက်သည်။
ထန်ယင်သည် ပြဇာတ်ရုံပိုင်ရှင်ကို မေးလိုက်၏။
"ဒါဆို ရှင်က ဒီမြင်ကွင်းကို ကောင်းကောင်းနားလည်သင့်တယ် မဟုတ်ဘူးလား"
"ဟုတ်တယ်"
လျိုကျယ် ပြောလိုက်သည်။
"ကျွန်မက အရေးကြီးတဲ့ သဲလွန်စလို့ ခံစားရတယ်၊ ရှင်တို့ ကျွန်မကို ယုံကြည်ချင်ရဲ့လားဆိုတာပဲ မူတည်တယ်"
လျိုကျယ် : "ပြဇာတ်ရုံထဲက လူတိုင်းရဲ့ အသေးစိတ်ဖော်ပြချက်တွေ ကျွန်မမှာ အတိအကျရှိတယ်"
"ည ၆ နာရီမှာ ကွယ်လွန်သူက မျက်နှာက လေးလံတဲ့ပုံစံနဲ့ မိတ်ကပ်ခန်းထဲကို ဝင်လာတယ်...တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေပုံရတယ်"
ဟိုင်ရိက သူ့လက်ကို မြှောက်လိုက်သည်။
"ငါနဲ့ပါ"
"လေးလံတဲ့ပုံစံက သူ(မ)ကို blackmail လုပ်ထားလို့ ဖြစ်နိုင်တယ်"
လျိုကျယ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။
ကျွန်မ ည ၇ နာရီမှာ ပန်းချီဆရာက ကွယ်လွန်သူရဲ့ မိတ်ကပ်ခန်းထဲကို ဝင်သွားပြီး ခဏအကြာမှာ ထွက်သွားတာကို တွေ့ခဲ့တယ်၊ အဲဒီနောက် ကွယ်လွန်သူက စင်ပေါ်တက်ဖို့ ပြင်ဆင်ဖို့ အိမ်သာသွားတယ်... အဲအချိန်မှာ သူ့ပေါ်က ရေမွှေးနံ့က အရမ်းပြင်းတယ်၊ ကျွန်မ သူ(မ)နဲ့အတူ အိမ်သာထဲကို ခိုးဝင်သွားခဲ့တယ်၊ သူ(မ)ဓာတ်ပုံတွေ ခိုးရိုက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကျွန်မ သိပ်မရဲတင်းခဲ့ဘူး၊ ဒါကြောင့် ထွက်လာခဲ့ပြီး ကွယ်လွန်သူရဲ့ မိတ်ကပ်ခန်းထဲကနေ ရည်းစားဟောင်းက လောလောဆယ် ထွက်လာတာနဲ့ တိုက်ဆိုင်စွာတိုက်မိခဲ့တယ်"
လျိုကျယ် : "ကျွန်မတို့နှစ်ယောက်စလုံး တွေ့ဆုံတုန်းက ဘာမှမပြောခဲ့ဘူး၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခဲ့ကြတယ်"
ဟိုင်ရိက ဤအထိ မည်သူမှ လိမ်ညာမနေသေးဘူးဆိုတာ သဘောပေါက်လိုက်၏။
အမှန်ကား သူတို့သည် ရိုးသားခဲ့တယ်လို့တောင် ပြောလို့ရသည်။
ဟိုင်ရိသည် အဖြစ်အပျက်သုံးခုကို ဖြတ်သန်းခဲ့ရပြီး ထိုအဖြစ်အပျက်က အမြန်ဆုံး တိုးတက်ခဲ့၏။ ထို့ပြင် လူတိုင်းက အရိုးသားဆုံးဖြစ်သည့်အဖြစ်အပျက်လည်း ဖြစ်သည်။ အရင်အဖြစ်အပျက်တချို့သည် အချိန်ဇယားအပိုင်းအထိတောင် မရောက်ခဲ့ပေ။ လူတိုင်းသည် အချိန်ဇယားတွေကို တိုက်စစ်ဖို့ ငြင်းဆိုခဲ့သည့် အချိန်တွေတောင် ရှိခဲ့၏။
၎င်းမှာ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်က လူသတ်သမားမဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်ရင်တောင် တခြားသူများအား သူတို့၏ အချိန်ဇယားကို မဖော်ထုတ်ရဲကြချေ။ ထိုသို့လုပ်လျှင် သူတို့ကိုယ်တိုင် ဒုက္ခရောက်ပြီး လူသတ်သမားအဖြစ် သံသယဝင်ခံရကာ နောက်ဆုံး၌ မဲပေးထုတ်ပယ်ခံရမှာကို ကြောက်ကြလို့ပင်။
ဤတစ်ကြိမ် ပတ်ဝန်းကျင်၌ မမျှော်လင့်ဘဲ အပြုသဘောဆောင်ခဲ့တယ်။ ဖြစ်ရပ်တိုင်း ကစားသမားများအပေါ် မည်သို့မူတည်သနည်းဆိုတာပင်။
ဝမ်ယင့် : "ဒါဆိုရင်"
လျိုကျယ် : "သူ(မ) ည ၈ နာရီမှာ စင်ပေါ်တက်မယ်လို့ ဒီမှာ ရေးထားတယ်၊ ဒါကြောင့် အိမ်သာသွားပြီးနောက်မှာ သူ(မ) ခဏ အချိန်ရပြီး သူ့အခန်းထဲကို ပြန်သွားခဲ့တယ်"
ထန်ယင်က ပြုံးလိုက်သည်။
''တစ်နည်းအားဖြင့် သူ အဆိပ်သောက်ခဲ့တာ ဖြစ်နိုင်တယ်"
လျိုကျယ် : "ခွက်က သောက်ထားတာ"
"မင်းဘယ်လိုသိတာလဲ"
လျိုကျယ် : "ဘာလို့လဲဆိုတော့ ကျွန်မသူ(မ)အခန်းထဲကို ဝင်သွားခဲ့လို့"
လျိုကျယ်က သူ၏ဇာတ်ကောင်ကို ကျိန်ဆဲလိုက်၏။
"ကျွန်မက ရိုးရှင်းတဲ့ ရမ္မက်ကြီးသူတစ်ယောက်၊ ကျွန်မသူ(မ)ကို ရိုက်ထားတဲ့ပုံတွေ မြင်ရတဲ့အခါ သူဘယ်လိုတုန့်ပြန်မလဲဆိုတာ မြင်ချင်ခဲ့တာ... ကျွန်မဝင်သွားတော့ ခွက်က သောက်ထားတာကို တွေ့လိုက်တယ်"
🌟🌟🌟