Chapter : 60 ( မီး မိန်းကလေး [35] )
Viewers 3k

Chapter : 60 ( မီး မိန်းကလေး [35] )


"ဟိုင်ရိ"

လျိုကျယ် သူ့အား ခေါ်လိုက်လေသည်။

"ငါ နင်နဲ့တူတဲ့ တစ်ယောက်ယောက်ကိုသိတယ်၊ သူက ငါနဲ့လုပ်ဖော်ကိုင်ဖက်တွေလေ ပြီးတော့ နင့်လိုပဲ… ပြန်သွားရတာက အဲလောက်လည်း မဆိုးရွားနေပါဘူး"

သူမ၏ မျက်ရည်များကို ထိန်းသိမ်းလိုက်ရင်း

“ငါ သူ့ကိုလည်း လွမ်းတယ်"

လျိုကျယ်: "ဒါကြောင့် ငါတို့ လောလောဆယ် ဆုံးဖြတ်ချက်တွေ မချသင့်ဘူး၊ ဒီနေရာကို ရောက်လာတာကို တကယ်ကို နောင်တရတယ်၊ ပျော်ရွှင်တဲ့အချိန်တိုင်းက နောင်တနဲ့ပဲ ကုန်ဆုံးခဲ့ရတာ၊ ဒါပေမဲ့ ဒီအဆင့်ကို လှမ်းပြီးတဲ့နောက် ပြန်ဆုတ်ဖို့ အရမ်းခက်သွားပြီ ဒီအခွင့်အရေးက မကောင်းတဲ့အရာ ဖြစ်ချင်မှ ဖြစ်မယ်"

ဟိုင်ရိ: "ခရီးလမ်းချောမွေ့ပါစေ၊ ကောင်းမွန်စွာ နေထိုင်ပါ"

"ကောင်းမှာပါ”

လျိုကျယ်က လေးလေးနက်နက် ကတိပေးလိုက်သည်။

"ဒီတစ်ခါ ငါ မိုက်မဲတော့မှာ မဟုတ်ဘူး"

လူတိုင်းက သူမအား ပြုံးပြလိုက်ကြသည်။ ကြိုးစားပမ်းစား နှုတ်ဆက်ပြီးနောက် မဲပေးခြင်း ပြီးဆုံးသွားပြီး သူမအား တညီတညွတ်တည်း မဲဖြင့် ထုတ်ပယ်ခဲ့ကြ၏။ မဲများထဲတွင် သူမ ကိုယ်တိုင်ပေးသော မဲလည်း ပါဝင်သည်။

လျိုကျယ်သည် ထရပ်ပြီး ကျောကို မတ်လိုက်ကာ ကိုယ်တိုင် လျှောက်ထွက်သွားသည်။

ထိုအချိန်တွင် ဟိုင်ရိသည် သူမအတွင်းရှိ ရာဇဝတ်စုံထောက်တစ်ဦး၏ အရိပ်အယောင်ကို တကယ် မြင်လိုက်ရ၏။ ကံမကောင်းစွာဖြင့် လျိုကျယ်အတွက် ၎င်းသည် အစသစ်တစ်ခုဖြစ်သော်လည်း ကျန်ရှိနေသူများအတွက်မူ သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးရခြင်း ဖြစ်သည်။

ခဏတာ လူတိုင်း ခေါင်းငိုက်စိုက်ကျကာ စိတ်ပျက်အားငယ်နေခဲ့ကြသည်။

ထန်ယင်သည်လည်း ဆုံးရှုံးသွားသလို နက်နက်နဲနဲ ခံစားလိုက်ရသည်။

"ဒီတစ်ခေါက် ဇာတ်အိမ်က တကယ်ကိုခက်ခဲတာပဲ"

ဟိုင်ရိ: "အဆင်ပြေပါတယ်၊ ငါတို့အကုန်လုံး မခန့်မှန်းနိုင်ခဲ့ကြဘူး"

ဟိုင်ရိသည် ရှန့်ချန့်ယန်ကြောင့် မှားယွင်းစွာ ဆုံးဖြတ်ချက်ချမိတော့မလိုပင်။ ရလဒ်အနေနှင့် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးရန် ကိုယ့်ကိုယ်ကိုယ် အသိပေးနေလိုက်သည်။

ရှန့်ချန့်ယန်တွင်လည်း သူမှားသွားသည့် အချိန်လည်း ရှိနေသည်လား....

ထန်ယင်သည် ရှန့်ချန့်ယန်အား စိုက်ကြည့်လိုက်သည်။

"ရှင်က ဘယ်သူလဲ"

ရှန့်ချန့်ယန် အံ့ဩသွားသည်။

ထန်ယင်: "ရှင်က မသေနိုင်ဘူး၊ လိမ်မပြောနိုင်ဘူး၊ ပြီးတော့ သိတာတွေအရမ်းများလွန်းတယ်၊ ရှင် ဘာအလုပ်လုပ်တာလဲ"

ရှန့်ချန့်ယန်: "စားပွဲထိုးလုပ်တာ"

ထန်ယင်: ?

ရှန့်ချန့်ယန် ထရပ်လိုက်ပြီး ယခုမှ ရောက်ရှိလာသော သေဆုံးသူအား ရိုးရှင်းစွာပြောလိုက်သည်။

"အစားအစာပြင်တော့၊ ဗိုက်ဆာနေပြီ"

လူတိုင်း စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့၏။ ၎င်းတို့ လုပ်နိုင်သည်မှာ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ကျောပြင်ကို ကြည့်နေခြင်းသာဖြစ်သည်။

ထန်ယင်က ဟိုင်ရိအား မျက်မှောင်ကြုတ်ကြည့်လိုက်၏။

'ညီမလေး မင်း တကယ်ကို ချစ်စရာကောင်းတယ်၊ ဒါပေမဲ့ အဆင်ပြေမှာ မဟုတ်ဘူး’

ဟိုင်ရိ စဉ်းစားမိသည်။

ဟိုင်ရိလည်း ထရပ်လိုက်သည်။

"စားရအောင်၊ စားရအောင်"

ထန်ယင်: ...

နောက်ဆုံးထမင်းစားပွဲတွင် လူလေးဦးသာ ကျန်ရှိတော့သည်။ ဟိုင်ရိသည် ရှန့်ချန့်ယန်အား တစ်ချက်ကြည့်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် ထမင်းကိုဝါးရင်း မြိုချနေခဲ့သည်။ ဟိုင်ရိသည် ထမင်းတစ်ဇွန်းကို ပါးစပ်ထဲထည့်လိုက်ပြီး နောက်ထပ် သက်ပြင်းတစ်ချက်ချကာ ရှန့်ချန့်ယန်အား တစ်ချက်ကြည့်လိုက်၏။

ရှန့်ချန့်ယန်သည် သူ၏တူများကို ချလိုက်သည်။ သူသည် ဟိုင်ရိအား တစ်ချက်ကြည့်ကာ အကူအညီမဲ့စွာ မေးလိုက်၏။

"ဘာဖြစ်တာလဲ"

ဟိုင်ရိသည် တိုးတိုးလေး မေးလိုက်သည်။

"မင်း လူသတ်သမားကို မသိခဲ့ဘူးလား"

"တစ်ခါတစ်ရံ ပြောင်းသွားတယ်"

ရှန့်ချန့်ယန်သည် ရှင်းပြရန် ရွေးချယ်စရာ မရှိတော့ပေ။

ဟိုင်ရိ: "မူလက ဘယ်သူလဲ"

ရှန့်ချန့်ယန် ပြန်မဖြေခဲ့ပေ။

ဟိုင်ရိ: ?

သူခေါင်းမော့ကာ ရှန့်ချန့်ယန်အား အမြန်ဖြေရန် သူ၏အကြည့်ဖြင့် တိုက်တွန်းလိုက်၏။ ရှန့်ချန့်ယန်က အနည်းငယ်ချောင်းဆိုးကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဝမ်ယင့်"

ဟိုင်ရိ: "အာ''

သူရုတ်တရက် သဘောပေါက်သွားသည်။

"ဒါဆို မင်းလည်း မှားသွားတာလား"

ရှန့်ချန့်ယန်: ...

ဟိုင်ရိ: "မင်း ပြဿနာတတ်တော့မလို့"

ရှန့်ချန့်ယန်: ...

ဟိုင်ရိ: "ငါ မင်းကို ယုံကြည်ခဲ့တာ၊ ငါ မဲပေးဖို့တောင် လုပ်ထားတာ"

"စားတော့"

ရှန့်ချန့်ယန်က ညွှန်ကြားလိုက်သည်။

ဟိုင်ရိသည် ထမင်းများကို ပါးစပ်ထဲသို့ ထည့်စားနေသော်လည်း သူ့နှုတ်ခမ်းထောင့်များက မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ရှန့်ချန့်ယန်က အသက်ပြင်းပြင်းရှူကာ သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ သူဟိုင်ရိကို အာရုံမစိုက်တော့ပေ။

ဟိုင်ရိသည် ရှန့်ချန့်ယန်၏ အင်အားမရှိသောပုံစံကို ကြည့်ပြီး အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ အမှားကြီးတစ်ခု လုပ်မိတော့မလိုဖြစ်ပြီးနောက် သူ၏စိတ်သက်သာရာရသည့် အကြည့်သည် အမှန်ပင် လွန်စွာချစ်စရာကောင်းသည်။

ဟိုင်ရိသည် ၎င်းကို လွန်စွာနှစ်သက်သဖြင့် ခွဲခွာရန် မလိုလားခဲ့ပေ။

နေ့လည် ၁ နာရီတွင် ၎င်းတို့လေးဦးသည် သက်ဆိုင်ရာအိမ်များသို့ ပြန်ရောက်ခဲ့ကြသည်။

ရှန့်ချန့်ယန်သည် တစ်နေရာမှ နေကာ နေကာမျက်မှန်တစ်လက်ကို ကောက်ယူလာခဲ့ပြီး ၎င်းကို တပ်ဆင်ထားသည်မှာ ခန့်ညားထည်ဝါမှု၏ ပုံစံပင်ဖြစ်၏။ သူသည် မေးစေ့ကို မြှောက်ကာ နေကာမျက်မှန်ကို လက်နှစ်ချောင်းဖြင့် တွန်းတင်လိုက်သည်။ သူသည် ပိုမိုခန့်ညားနေခဲ့ပြီး ဟိုင်ရိမနေနိုင်စွာ သူ့အားကြည့်ကာ မေးလိုက်၏။

"မင်းငိုခဲ့တာလား"

ရှန့်ချန့်ယန်: ...

ဟိုင်ရိ: "သိပ်မဆိုးပါဘူး"

ရှန့်ချန့်ယန်သည် သကြားလုံးတစ်လုံးကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သူ့အား တိတ်ဆိတ်ရန် ညွှန်ပြလိုက်သည်။

ဟိုင်ရိသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။

ဝမ်ယင့်သည် ဘတ်စ်ကားဘေးတွင် ရပ်နေပြီး သူတို့ကို အဝေးမှ ကြည့်နေသည်။ ဟိုင်ရိသည် ထူးဆန်းသောပုံစံရှိသည့် ဤလူအကြောင်း ဘာမှပြောစရာမရှိခဲ့ပေ။

ဝမ်ယင့်က သူတို့အား တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ စိုက်ကြည့်ကာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။

ဟိုင်ရိသည် လော်လီပေါ့တစ်ချောင်းကို ထုတ်လိုက်၏။

"မင်း မြင်လိုက်လား"

"ဒါကြောင့် သူ့ကို လူသတ်သမားလို့ ငါသံသယရှိခဲ့တာ" 

ရှန့်ချန့်ယန်သည် သူ၏ဦးထုပ်ကို ထပ်မံဆွဲချကာ ပြင်းထန်သော နေရောင်ကို ကာကွယ်လိုက်သည်။

"သူဘာလို့ ခင်ဗျားကို မုန်းလဲဆိုတာ သိချင်လား"

ဟိုင်ရိသည် မသိနားမလည်သော မျက်နှာဖြင့် သူ့အား ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် ထန်ယင်သည် ပြေးလာပြီး အသက်ရှူမှားစွာဖြင့် ပြောလာ၏။

"အတူတူသွားရအောင်"

ဟိုင်ရိသည် သူနားလည်သွားပြီဟု ထင်လိုက်သည်။

ရှန့်ချန့်ယန်သည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် အပြုံးမမည်သော အပြုံးတစ်ခုက ထွက်လာခဲ့၏။ သူ၏နေကာမျက်မှန်ကို တွန်းတင်ကာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။

ဟိုင်ရိသည် ထန်ယင်ကို စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။ သူ၏ခေါင်းနောက်စိကို ကုတ်ရင်း

"အဲဒါ..."

ခဏအကြာတွင် ဟိုင်ရိသည် ဘတ်စ်ကားပေါ်သို့ တက်ကာ ရှန့်ချန့်ယန်ဘေးတွင် ပုံ့ပုံ့လေး ထိုင်ချလိုက်သည်။

ရှန့်ချန့်ယန်: "ဘယ်လိုလဲ"

ဟိုင်ရိသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။

"အာ… ဘာကိုပြောတာလဲ"

သူသည် လိင်တူချစ်သူဖြစ်ကြောင်း ဖော်ထုတ်ခံရဖူးသဖြင့် ယင်းအပေါ် စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။ ထို့နောက် သူသည် ရှန့်ချန့်ယန်က သူ့အကြောင်းကို မေးနေခြင်းမဟုတ်ဘဲ ထန်ယင်အကြောင်းကိုသာ မေးနေခြင်းဖြစ်နိုင်ကြောင်း သတိရလိုက်သည်။ ရုတ်တရက် သူ့နားလည်မှု ပွင့်လင်းသွား၏။

"ဪ အဆင်ပြေပါတယ်"

ဟိုင်ရိ: "ဒီဘက်ခေတ် မိန်းကလေးတွေက အရမ်းသန်မာကြတယ်၊ ယောကျ်ားလေးတွေကို လုံးဝ အလေးအနက်မထားကြဘူး"

ရှန့်ချန့်ယန် တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သည်။

ဟိုင်ရိ ရုတ်တရက် သူ့ဘက်လှည့်ကြည့်လိုက်၏။ သူ၏သတိထားမှု လျော့ကျသွားသည်ကို အခွင့်ကောင်းယူကာ ဟိုင်ရိသည် သူ၏နေကာမျက်မှန်ကို ချွတ်လိုက်သည်။

ရှန့်ချန့်ယန်၏ မျက်လုံးထောင့်များ နီရဲနေ၏။

ဟိုင်ရိ: ...

ရှန့်ချန့်ယန်: ...

ဟိုင်ရိ ဘာမှမပြောပေ။ သူ ခေါင်းလှည့်ပြီး လက်ဆန့်တန်းလိုက်ရာ ရှန့်ချန့်ယန်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့လက်သည် တုန်ယင်နေဆဲဖြစ်၏။

သူတို့နှစ်ဦး ဘတ်စ်ကားစီးပြန်လာသည့် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောကြသလို၊ သီချင်းလည်း နားမထောင်ခဲ့ကြပေ။ ထိုအစား ဘတ်စ်ကားစီးနေချိန်တစ်လျှောက်လုံး လက်ချင်းဆုပ်ကိုင်ထားခဲ့ကြသည်။ သူတို့ဆင်းလိုက်တော့ ဆံပင်ဝါက ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နေပြီး ကြီးမားတဲ့ LED ဆိုင်းဘုတ်ကြီးကို ကိုင်ထား၏။

ထိုဆိုင်းဘုတ်ပေါ်တွင် '[အသည်းပုံ] ယန် & ဟိုင်[ အသည်းပုံ]' ဟု ရေးထားသည်။

ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလိုလိုနေရင်း အခြားတစ်ဖက်သို့ လှည့်သွားကြသည်။

သူတို့နှစ်ဦး ပြေးတော့မည့်ဟန်မြင်ရာ ဆံပင်ဝါက အလျင်အမြန် လိုက်ဖမ်းရင်း ပြေးရင်းနှင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

"ယန်ကော! ဟိုင်ကော! ဘာလို့ပြေးနေကြတာလဲ!"

လူတိုင်း ဟက်ဟက်ကွဲ မျက်ခုံးပင့်ကာ တဟီးဟီးရယ်မောနေကြ၏။

သူတို့နှစ်ဦး ရပ်တန့်သွားကြသည်။ အဝေးမှ ဟိုင်ရိက ဆံပင်ဝါကို ရပ်ခိုင်းလိုက်၏။

"အဲဒါကို အောက်ချလိုက်"

ဆံပင်ဝါက LED ဆိုင်းဘုတ်ကို အားကိုးရာမဲ့စွာ အောက်ချလိုက်ရာ သူ့လေသံက တစ်မျိုးနာကျင်နေသည်။

"ဒါကို ကျွန်တော်လုပ်ရတာ မလွယ်ခဲ့ဘူး"

ထို့နောက်တွင်တော့ မောဟိုက်သံများ ထွက်ပေါ်လာသည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် ဆံပင်ဝါက ရုတ်တရက် အားပါးတရ ရယ်မောလိုက်၏။ သူ ဆိုင်းဘုတ်ကို ပစ်ချပြီး နောက်တစ်ခဏတွင် ရှန့်ချန့်ယန်ထံ ခုန်အုပ်လိုက်ကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

"ယန်ကော!"

ရှန့်ချန့်ယန် အနည်းငယ် နောက်သို့ ယိုင်လဲသွားပြီး ခါးသီးစွာ ဖမ်းဆုပ်လိုက်၏။ ဤတစ်ချက်ခုန်အုပ်လိုက်မှုကြောင့် သူ့နေကာမျက်မှန်ဘောင်သည် မျက်လုံးကို တိုက်မိသွားပြီး ဆံပင်ဝါ၏ ဒူးခေါင်းများက သူ့နှာရိုးကို ထိမှန်သွားသည်။ ရှန့်ချန့်ယန်က နာကျင်မှုကြောင့် ငြီးတွားသံ ထွက်လာပြီး ကြမ်းတမ်းသောနာကျင်မှုဖြင့် .....

"....‌ဒီ‌ောက်”

ဆံပင်ဝါ ခုန်ဆင်းပြီး သူ့ကို အပေါ်အောက် ကြည့်လိုက်သည်။ သူ ထွက်သွားတုန်းကအတိုင်း ဘာတစ်ခုမှ ပိုလျှံခြင်း၊ လျော့နည်းခြင်းမရှိဘဲ အရာအားလုံး ရှိနေသည်ကို မြင်သောအခါ ဆံပင်ဝါက လှစ်လှစ်ရှားရှား အော်ခေါ်လိုက်၏။

"ယန်ကော''

ရှန့်ချန့်ယန်က သူ့ကို မနှစ်သက်စွာ တွန်းဖယ်လိုက်သည်။

"ငါ့အနားကနေ ဝေးဝေးနေပါကွာ!"

ဆံပင်ဝါက ရှန့်ချန့်ယန်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်၏။

"ခင်ဗျားက အရင်ကလိုပဲ ချောနေတုန်းပဲ"

ဟိုင်ရိ ကျယ်လောင်စွာ ရယ်လိုက်သည်။ ဆံပင်ဝါသည် ရှန့်ချန့်ယန်၏ စိတ်ဓာတ်ကို တမင်တကာ မြှင့်တင်ပေးနေသည်မှာ ထင်ရှား၏။

သူ ရှန့်ချန့်ယန်၏ နီရဲနေသော မျက်လုံးများကို ပြန်တွေးမိပြီး ထပ်မံ၍ သက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သက်ပြင်းချခြင်းသည် အလိုအလျောက်လုပ်ရပ်တစ်ခုသဖွယ် ဖြစ်နေပုံရ၏။

ဆံပင်ဝါသည် သူတို့နောက်မှ လိုက်ကာ ဟိုင်ရိ၏ အခန်းသို့ ရောက်လာသည်။ ဟိုင်ရိက ရှန့်ချန့်ယန် မှားခဲ့သည့်အကြောင်းကို တမင်တကာ မပြောခဲ့သော်လည်း ရှန့်ချန့်ယန်က သူ့ဘာသာသူ ထုတ်ပြောလိုက်၏။

"အခြေအနေတွေအရ အခု အများကြီး ပြောင်းလဲမှုတွေ ရှိတယ်"

ဆံပင်ဝါက သူ မှာထားသည့် ပီဇာကို စားနေတုန်းဖြစ်သည်။ ထိုစကားကို ကြားသောအခါ ရှန့်ချန့်ယန်ကို လှမ်းကြည့်လိုက်၏။

ခြေလက်ရှည်လျားသော ရှန့်ချန့်ယန်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး တံတောင်ဆစ်များကို ဒူးပေါ်တင်ထားသည်။

"ဒီတစ်ကြိမ်မှာတော့ လူသတ်သမားက ပြဇာတ်ရုံပိုင်ရှင် ဖြစ်သွားတယ်"

ဆံပင်ဝါက 'အာ' ဟု အသံပြုကာ သူ့ကို မှိုင်တွေတွေ ကြည့်လိုက်သည်။

"ဒါဆို ခင်ဗျားတို့နိုင်ခဲ့လား"

"နိုင်ခဲ့တယ်"

ရှန့်ချန့်ယန်က ပြောသည်။

"သဲလွန်စတွေမှာ အများကြီး ပြောင်းလဲမှုတွေ ရှိခဲ့ပေမဲ့ ဒါက ပိုပြီး စုစည်းမှု ရှိတယ်"

ဆံပင်ဝါ ပြုံးလိုက်သည်။

"ဒါ မထူးဆန်းဘူးလား ကျွန်တော် ခင်ဗျားအဆင်ပြေမယ်ဆိုတာ သိတယ်"

"ဒါဆို နောက်တစ်ခါ ကိုယ့်ဇာတ်‌ကောင်ကို ရွေးတဲ့အခါ ပိုသတိထား" 

ရှန့်ချန့်ယန်က သူ့ခေါင်းနောက်စေ့ကို ပုတ်လိုက်သည်။

"လူသတ်သမားကို မရွေးမိစေနဲ့၊ မဲနဲ့ထုတ်ခံရလိမ့်မယ်"

သို့သော် ဆံပင်ဝါ၏ အာရုံသည် သူ့နေကာမျက်မှန်ဆီတွင် ရှိနေသည်။

"ခင်ဗျား အိမ်ထဲမှာ နေကာမျက်မှန် ဘာလို့တပ်ထားတာလဲ"

သူ ဖယ်ရှားရန် လက်လှမ်းလိုက်၏။ ဟိုင်ရိက အလောတကြီး အော်လိုက်သည်။

"တော်လိုက်တော့"

အံ့သြသွားသော ဆံပင်ဝါ: ?

ဟိုင်ရိက ပီဇာတစ်ဖတ်ကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

"မင်း စားစရာရှိတာစား!”

🌟🌟🌟