Chapter : 61 ( ထာဝရတောက်ပခြင်း [1] )
Viewers 3k

Chapter : 61 ( ထာဝရတောက်ပခြင်း [1] )


ဆံပင်ဝါက ပီဇာတစ်ချပ်ကိုယူကာ မေးလိုက်သည်။

"ကျွန်တော် စားဖို့လား"

ဟိုင်ရိ: "စားရင်တောင် မင်းပါးစပ်ပိတ်မှာမဟုတ်ဘူး"

"ပါးစပ်ပိတ်ရင် ဘယ်လိုလုပ်စားလို့ရမလဲ"

ဆံပင်ဝါကမေးလိုက်၏။

ဟိုင်ရိ: ...

သူတို့ကိုကြည့်ပြီး ရှန့်ချန့်ယန် ရယ်မောလိုက်သည်။

ဆံပင်ဝါ: "ကိုယ်လုပ်တော် ဟိုင် ခရီးထွက်လာပြီးနောက် စိတ်ကြီးဝင်နေတာလား၊ အချစ်ခံရလွန်းလို့ မာနတက်နေတာလား"

"ဟုတ်တယ်"

ဟိုင်ရိက ပြောလိုက်သည်။

"ဧကရာဇ်က မင်းကိုမချစ်တော့ဘူး၊ မင်းသွားလို့ရပြီ"

ဆံပင်ဝါ: "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဧကရာဇ်နဲ့ကျွန်တော့်ရဲ့ ခံစားချက်တွေက နက်ရှိုင်းပြီး၊ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးမှာလည်း အပြန်အလှန်လေးစားမှုရှိတယ်၊ ငယ်စဉ်ကလေးဘဝကတည်းက အတူဆော့ဖော်ဆော့ဖက်တွေအနေနဲ့ ကောင်းကင်ဘုံကပေးတဲ့ ပျော်ရွှင်မှုနဲ့အတူ အသက်ကြီးတဲ့အထိနေသွားမှာ၊ ခင်ဗျားလိုလူမျိုးကို ကျွန်တော်ချစ်ရတဲ့သူကို လုယူဖို့ ဘယ်လိုလုပ်အခွင့်အရေးပေးနိုင်မှာလဲ"

ဟိုင်ရိ မခံနိုင်တော့ဘဲ ပြောလိုက်သည်။

"ပါးစပ်ပိတ်စမ်းပါ၊ စာမတတ်ပေမတတ်ရယ်"

ရှန့်ချန့်ယန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဆံပင်ဝါက အလေးအနက်ထားကာ ပြန်ပြောလိုက်သည်။

"ကျွန်တော်စာသိပ်မတတ်ပေမယ့် ဧကရာဇ်က ကျွန်တော့်ရဲ့ အပြစ်ကင်းစင်မှုကို အချစ်ဆုံးပဲ"

ဟိုင်ရိလည်း အကြီးအကျယ်ရယ်မောလိုက်သည်။

တော်ပြီ၊ တော်ပြီ၊ တော်ပြီ...

ဆံပင်ဝါ တစ်ယောက်တည်း ဆက်လက်သရုပ်ဆောင်နေ၏။

"ကျယ်ကျဲ နှစ်ပေါင်းများစွာစာသင်ခဲ့ရင်တောင် ဘာအသုံးဝင်မှာလဲ၊ ဧကရာဇ်က ဘာဟင်းချို၊ ဘာဟင်းလျာ၊ ဘာပန်း၊ ဘာရှိုးတွေကို ကြိုက်တယ်ဆိုတာ ခင်ဗျားသိလား"

ရှန့်ချန့်ယန်: "မင်းပါးစပ်ကိုပိတ်စေချင်တယ်"

ဆံပင်ဝါ ချက်ချင်းပြန်ဆွဲသိမ်းလိုက်သည်။

"ကောင်းပါပြီ"

ပြီးနောက် သူခေါင်းငုံ့ကာ ပီဇာစားသည်။

ဟိုင်ရိက ရှန့်ချန့်ယန် ခေါင်းကိုအကူအညီမဲ့စွာ ခါယမ်းနေသည်ကို ကြည့်ပြီး ကျေနပ်နေ၏။ ဆံပင်ဝါလည်း သူ့လိုပဲတွေးနေသည်ဖြစ်ကြောင်း ဟိုင်ရိသိသည်။ သူတို့နှစ်ဦးစလုံး ရှန့်ချန့်ယန် နည်းနည်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းနေကြသည်။

နည်းနည်းလေးပျော်ရွှင်တာတောင် ကောင်းပါတယ်။

ဤတစ်ခါပြန်ရောက်လာပြီးနောက် ရှန့်ချန့်ယန်သည် ဆိုဖာပေါ်မှာ တိတ်ဆိတ်စွာ ဆက်ထိုင်ပြီး သူတို့စကားပြောတာကို နားထောင်နေ၏။ သို့သော်လည်း အရင်ကနှင့် မတူသလို ခံစားနေရသည်။ အရင်ကဆိုလျှင် ရှန့်ချန့်ယန်က သူတို့ထဲတွင် ရှိနေသေး၏။ သို့ပေမယ့် အခုကား သူတို့နှစ်ယောက်သရုပ်ဆောင်နေသည့် ရှိုးကိုကြည့်နေသော ပရိသတ်တစ်ယောက်လို၊ တိတ်ဆိတ်သည့် ဧည့်သည်တစ်ယောက်သာ ဖြစ်နေသည်။

ဟိုင်ရိ စိတ်ထဲတွင် အရမ်းကိုမသက်မသာခံစားနေရသော်လည်း ဘာလုပ်ရမှန်းမသိပေ။

သူ့ကိုဆွဲခေါ်၍မရနိုင်သလိုပင်။ အထီးကျန်သည့်လူများက အထီးကျန်နေပုံရပေမယ့် ရှန့်ချန့်ယန်နှင့် ပတ်သက်လာလျှင် သူပိုပြီးအားကောင်းလာသလိုဖြစ်နေပြီး သူ့နားကိုရောက်ဖို့ ပိုခက်လာတယ်။

ဟိုင်ရိ သက်ပြင်းချလိုက်သည်။

ဘဝခရီးလမ်းက တကယ်ပဲကြမ်းတမ်းပေ၏။

ထိုအချိန်၌ တံခါးဘဲလ် ရုတ်တရက်မြည်လာတယ်။ ဆံပင်ဝါ ခဏတာ ငေးကြည့်နေမိ၏။

"ခင်ဗျားအိမ်ကို ဘယ်သူလာမှာလဲ"

ဟိုင်ရိလည်း အံ့အားသင့်သွားသည်။

"မသိဘူး"

သူထပြီး တံခါးသွားဖွင့်လိုက်သည်။ အမြန်ပို့ဆောင်ရေးဝန်ထမ်းက မေးလိုက်၏။

"ဟိုင်ရိလား"

ထိုအခါကျမှ ဟိုင်ရိသည် အလုပ်တစ်ခုလုပ်နေတုန်း Pinduoduo ကနေ ပစ္စည်းအချို့ဝယ်ထားတာကို သတိရသွားသည်။ ယခုမှရောက်လာခြင်းဖြစ်၏။

သူပစ္စည်းတွေကို အိမ်ထဲသယ်သွားသည်။ အစာစားနေရင်း ဆံပင်ဝါက မေးလိုက်၏။

"အဲဒါတွေက ဘာတွေလဲ"

ဟိုင်ရိသည် ပြားချပ်သည့် စက္ကူပုံးတစ်ခုကို ဖွင့်လိုက်သည်။ အတွင်းထဲမှာ အနက်ရောင်လက်တို အင်္ကျီနှစ်ထည်ရှိ၏။ နှစ်ထည်ထက် ပိုမရှိပေ။

ဟိုင်ရိ: ...

သူစဉ်းစားပြီးနောက် ဆံပင်ဝါကို တစ်ချက်ကြည့်လိုက်သည်။

ဆံပင်ဝါလည်း သူ့ကိုကြည့်နေသလို သူ့လက်ထဲက အင်္ကျီနှစ်ထည်ကိုလည်း ကြည့်နေ၏။

သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

ခဏကြာတော့ ဆံပင်ဝါက ယဉ်ကျေးစွာ သတိပေးလိုက်သည်။

"ခင်ဗျားကိုယ်တိုင်အတွက် နှစ်ထည်ဝယ်တာလို့ပဲ ပြောလိုက်"

ဟိုင်ရိ: ...

ဆံပင်ဝါက တည်ငြိမ်စွာပြောလိုက်၏။

"ကျွန်တော့်ဘဝတစ်သက်တာမှာ ယန်ကော ဒီအဝတ်အစားဝတ်ထားတာကို ဘယ်တော့မှ မမြင်ပါရစေနဲ့"

ဟိုင်ရိ: "ငါ..."

ရှန့်ချန့်ယန်လည်း သူ့ကိုကြည့်နေသည်။

ဟိုင်ရိတွင် ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရ၏။

"ကိုယ့်အတွက်ကိုယ် လက်တိုအင်္ကျီနှစ်ထည်ဝယ်တာပါ"

ထိုအခါကျမှ ဆံပင်ဝါက သူ့ကို တစ်ချက်ဝေ့ကြည့်ပြီးမှ ဆက်စားနေ၏။

ဟိုင်ရိက ကိုယ့်ကိုယ်ကိုယ် လုံးဝကိုအရူးလို ခံစားလိုက်ရသည်။ အင်္ကျီတွေဝယ်တုန်း၌ နောက်မှာကျန်နေခဲ့သည့် ဆံပင်ဝါကို လုံးဝသတိမရခဲ့ချေ။ ဈေးမကြီးဘူးဆိုပေမယ့် ဒါကကောင်းတာမဟုတ်။ ကံမကောင်းတာကိုပဲ လက်ခံရတော့မယ်။

ဒါပေမဲ့ နောက်ထပ်ပစ္စည်းပုံးကတော့…

ဆံပင်ဝါ: "အဲဒါဘာလဲ"

ဟိုင်ရိ အလျင်အမြန်ဘေးကို ကန်ထုတ်လိုက်သည်။

"ဘာမှမဟုတ်ဘူး၊ သရေစာလေးတွေ ဝယ်တာ"

ဆံပင်ဝါ: "ဖွင့်ပြီး ကျွန်တော်တို့စားဖို့ပေးပါဦး"

ဟိုင်ရိ: "မင်းအိမ်မပြန်တော့ဘူးလား"

ဆံပင်ဝါ: ?

ဟိုင်ရိက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်၏။

ညနေ ၄ နာရီ…

"မင်း ဒီည ဘာမှမရှိဘူးလား"

ဆံပင်ဝါ: "ဒီည ကျွန်တော် ခင်ဗျားတို့နဲ့အတူ ကစားမယ်"

ဟိုင်ရိ: "မင်းရဲ့ ယန်ကော ပင်ပန်းနေပြီ၊ ဘယ်လိုကစားချင်လို့လဲ"

ဆံပင်ဝါက ရှန့်ချန့်ယန်ကို မေးခွန်းတစ်ခုမေးလိုက်သည်။

"ပင်ပန်းနေပြီလား"

ရှန့်ချန့်ယန် အံ့အားသင့်သွားသည်။ ဟိုင်ရိကို ကြည့်ပြီး ဤနောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်ရန်ကြိုးစား၏။ ရှင်းလင်းတဲ့အဖြေမရနိုင်တော့ သူဟာ အလယ်အလတ်လမ်းကို ရွေးချယ်ရတော့သည်။

"ငါ အဆင်ပြေပါတယ်"

"ထားလိုက်တော့" 

ဆံပင်ဝါက သူ့အစားအသောက်ကို ကုန်ခါနီးဖြစ်နေပြီဖြစ်၏။ ပါးစပ်သုတ်ပြီး ပီဇာပုံးတွေကို အမှိုက်ပုံးထဲထည့်လိုက်ပြီး

"ဒါဆို ကျွန်တော်တို့မကစားတော့ဘူး၊ ပြန်မယ်"

ဟိုင်ရိ: ??

ဆံပင်ဝါသည် ရှန့်ချန့်ယန်ရဲ့ ပခုံးကိုဖက်လိုက်ပြီး ရှန့်ချန့်ယန်အား

"ဒီည ခင်ဗျားဆီမှာပဲ အိပ်လိုက်မယ်၊ ဘုရင်မင်းမြတ်… ကျွန်တော်မျိုး ဒီလောက်ကြာအောင် ခင်ဗျားနဲ့တွေ့ဆုံဖူးတာမရှိသေးဘူး"

ပြီးနောက် ရှန့်ချန့်ယန်ကို ဆွဲခေါ်သွားသည်။

ရှန့်ချန့်ယန် ရယ်ရမလား ငိုရမလား မသိဘဲ ဟိုင်ရိအား ပြန်လှည့်ကြည့်၏။ အမြတ်ထက်အရှုံးများသော ဟိုင်ရိမှာ မှိုင်တွေတွေနှင့် ရပ်နေသည်။

ဒါက တည့်တိုးသမားတစ်ယောက်ရဲ့ပုံစံလား။ ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ ဟု ဟိုင်ရိတွေးလိုက်သည်။

တည့်တိုးသမားတစ်ယောက်ရဲ့ ခွန်အားက အကန့်အသတ်မရှိ ကြီးမားပြီး ဆန့်ကျင်လို့မရဘူး။

သူ့လို 0 ကောင်လေးက လျှို့ဝှက်ကြံစည်နိုင်ပေမယ့် တည့်တိုးသမားကတော့ ပေါ်ပေါ်တင်တင် လုပ်နိုင်တယ်။ စေ့စပ်သေချာစွာ ကြံစည်ထားပေမယ့် ဟိုင်ရိသည် အစကတည်းက ရှုံးနေသည်ဟု ခံစားလိုက်ရသည်။

ဟိုင်ရိသည် စိတ်ပျက်အားငယ်စွာဖြင့် အဝတ်အစားအသစ်များကို လျှော်ဖွပ်ပြီး၊ ယခင်က ဝယ်ထားသော ပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုထဲတွင် lollipop ဘူးတစ်ဘူး ရှိ၏။

အမျိုးမျိုးသော အရသာများနှင့် အရောင်အသွေးစုံလင်သော lollipop များဖြစ်သည်။ သူသည် စတော်ဘယ်ရီအရသာ လျှော်ချောင်းသကြားလုံးတစ်ခုကို အေးအေးဆေးဆေး ခွာကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် ခုတင်ပေါ်တွင် မှိုင်တွေတွေ လဲလျောင်းနေမိ၏။

ရှန့်ချန့်ယန် ဘာလုပ်နေပါသလဲဟု ဟိုင်ရိ မတွေးဘဲမနေနိုင်ခဲ့...

ထိုအချိန်တွင် ရှန့်ချန့်ယန်သည် ဆံပင်ဝါနှင့် စကားပြောနေနိုင်ဖွယ်ရှိသည်။

ရှန့်ချန့်ယန်က ဆံပင်ဝါသည် အလုပ်များတွင် ပါဝင်ရသည်ကို မကြိုက်ကြောင်းနှင့် အကြောင်းမှာ သူသည် သေချင်စိတ်မရှိသောကြောင့်ဟု ယခင်က ပြောဖူး၏။ ဆံပင်ဝါသည် သူ့ရောဂါကို ကုသရန် ပိုက်ဆံမရှိ၍သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ဤနေရာသို့ ရောက်လာပြီးနောက်တွင်လည်း သူသည် သေချင်စိတ်မရှိပေ။

ဟိုင်ရိ လူ့လောကတွင် အသက်ရှင်နေစဉ်အခါက လူ့လောကကြီးတစ်ခုလုံးသည် အရာရာကို လွှမ်းခြုံထားသည်ဟု အကြိမ်ကြိမ် ခံစားခဲ့ရဖူးသည်။ လူသားတို့၏ အရာအားလုံးသည် နာကျင်စရာမဟုတ်သော်လည်း ၈၀ ရာခိုင်နှုန်းခန့်မှာမူ နာကျင်စရာများသာ ဖြစ်၏။ ထိုအချိန်၌ သူလုပ်ဆောင်ခဲ့သော ခြေလှမ်းတိုင်းတွင် လူတိုင်းသည် အားထုတ်ကြိုးပမ်းခဲ့ကြသည်ဟု သူခံစားခဲ့ရသော်လည်း အဆုံးသတ်သည် ကံတရားပေါ်တွင်သာ အမြဲမူတည်နေခဲ့သည်။

ထိုစဉ်က ဟိုင်ရိသည် အသက်ရှင်ခြင်းသည် ပင်ပန်းပြီး အလွန်ခက်ခဲသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင်မူ ထိုသို့သော အတွေးများသည် ပေါ်ပေါက်လာခဲ့၏။ ဆန့်ကျင်ဘက်အားဖြင့် ဤနေရာသို့ ရောက်လာပြီးနောက်တွင် ဒုက္ခသည်လည်း ချိုမြိန်သော နောက်ခံအရသာရှိသည်ဟု သူခံစားရသည်။ သာမန်လူတို့၏ ကြီးမြတ်မှုကို သူမြင်နိုင်ခဲ့၏။ ထိုတောက်ပမှု အစက်အပြောက်လေးများသည် ဘဝ၏ အနှစ်သာရစစ်များ ဖြစ်သကဲ့သို့ပင်။

ရှင်သန်လိုစိတ်သည် လူသားမျိုးနွယ်အတွက် အခက်ခဲဆုံးအရာဖြစ်သည်။ အဆုံးထိရောက်အောင် လုပ်ဆောင်နိုင်သူများကိုသာ အနိုင်ရရှိသူများအဖြစ် သတ်မှတ်၏။ ဤအချက်နှင့် ပတ်သက်လာသောအခါ ဆံပင်ဝါသည် သူတို့အားလုံးထက်ပို၍ပင် သတ္တိရှိသည်။

ဟိုင်ရိ၏ အတွေးများ ရည်ရွယ်ချက်မဲ့စွာ လည်ပတ်နေစဉ် ရုတ်တရက် သူ့ဖုန်းက မြည်လာ၏။ ရှန့်ချန့်ယန်မှ မေးထားခြင်းဖြစ်၏။

[ ခင်ဗျားဘာလုပ်နေလဲ ]

[ စိတ်ကူးယဉ်အိပ်မက်တွေမက်နေတာ ]

ဟိုင်ရိ မှိုင်တွေတွေပုံစံ စတစ်ကာတစ်ခု ပြန်ပို့လိုက်သည်။

ရှန့်ချန့်ယန်က ဆံပင်ဝါ မိုက်ကရိုဖုန်းကို ကိုင်ပြီး KTV ဖန်သားပြင်ရှေ့တွင် ခါးကိုလိမ်ကာ သီချင်းဆိုနေသည့် ဗီဒီယိုတစ်ခုကို ပို့ပေးလိုက်သည်။

ထိုသီချင်းမှာ "မင်းဆီမှာ သူ့ရေမွှေးနံ့လေး ရှိနေတယ်...ငါ့နှာခေါင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုပဲ" ဟူ၍ဖြစ်သည်။

ဟိုင်ရိ: [ သူက ထုံးစံအတိုင်းပဲ ]

ရှန့်ချန့်ယန်: [ သူက ထုံးစံအတိုင်းပဲ ]

ဖုန်းကိုင်ထားသည့် လူနှစ်ယောက် ရယ်မောကြသည်။

ဟိုင်ရိ: [ သူဆူတယ်ထင်ရင် သူ့ကိုမောင်းထုတ်လို့ရတယ် ]

ရှန့်ချန့်ယန်: [ သူအရမ်းဆူတယ် ]

ရှန့်ချန့်ယန်: [ ထားလိုက်ပါတော့၊ သူ့ကို ကစားခိုင်းလိုက်၊ မဟုတ်ရင် ညကျရင် ကျွန်တော့်ကိုလာနှောင့်ယှက်လိမ့်မယ် ]

ရှန့်ချန့်ယန်သည် ဆံပင်ဝါသည် ထိုနေ့တွင် သူ့အခြေအနေကို စောင့်ကြည့်ရန် သူ့ကို မှီခိုနေကြောင်း ခန့်မှန်းမိပုံရသည်။ ထို့ကြောင့်လည်း သူသည် ဆံပင်ဝါကို မမောင်းထုတ်ခဲ့ခြင်းဖြစ်၏။

စဉ်းစားဆင်ခြင်ပြီးနောက် ဟိုင်ရိသည် စာသားအချို့ကို ရိုက်လိုက်ပြီးနောက် ဖျက်ပစ်လိုက်သည်။

သူသည် အချိန်အကြာကြီး ပြန်မဖြေဘဲနေသဖြင့် ရှန့်ချန့်ယန်က သူ့ကို '?' အမှတ်အသားတစ်ခု ပို့လိုက်၏။

ဟိုင်ရိ အလျင်အမြန် ပြန်ဖြေလိုက်သည်။

[ ဘာမှမဟုတ်ဘူး ]

ရှန့်ချန်ယန်သည် စာရိုက်ပို့နေချိန်၌ ပို၍ တည်ငြိမ်ပုံရ၏။

ရှန့်ချန့်ယန်: [ ခင်ဗျားစကားမပြောတဲ့အချန်ဆို ကျွန်တော့်နှလုံးက လေပေါ်ပျံနေသလိုပဲ ]

ဟိုင်ရိ: ...

ရှန့်ချန့်ယန်က မေးခွန်းအတူတူကို ထပ်မေးသည်။

[ ခင်ဗျားဘာလုပ်နေလဲ ]

ဟိုင်ရိသည် ရယ်ရမလား၊ ငိုရမလား ဖြစ်နေ၏။

[ မင်းနဲ့စကားပြောနေတာလေ၊ မင်းဘာဖြစ်နေတာလဲ ]

ရှန့်ချန့်ယန်: [ ကျွန်တော်မသိဘူး ]

ခဏအကြာတွင် ရှန့်ချန့်ယန်သည် စနစ်က 'အသည်းပုံ' ဟု သတ်မှတ်ထားသော စတစ်ကာတစ်ခုကို ပို့လိုက်သည်။

သေးငယ်သော နှလုံးသားလေးကို ကြည့်ရင်း ဟိုင်ရိ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

ဤခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ခဲ့။ သူ့နှလုံးသားထဲမှ တိုက်ရိုက်ပွင့်ထွက်လာပြီး သူ့လည်ချောင်းသို့ ရောက်ရှိလာ၏။ သူသည် နွေးထွေးပြီး ဝါးတားတာ ခံစားရသည်။ သူ့တစ်ကိုယ်လုံး နွေဦး၏ ရောင်ခြည်ထဲတွင် ရေချိုးလိုက်ရသကဲ့သို့ ခံစားရ၏။

ရှန့်ချန့်ယန်: [ ဒါဆို ကောင်းသောညလေးပါ ]

ဟိုင်ရိ: [ ကောင်းသောညပါ ]

ရှန့်ချန့်ယန်သည် ဤမက်ဆေ့ချ်ပို့ပြီးနောက် ဘာမှထပ်မပို့တော့ပေ။ ဟိုင်ရိသည် သူ့ဖုန်းကို ဖက်၍ တမှိတ်ချင်း အိပ်ပျော်သွားသည်။ သူ တစ်ညလုံး အိပ်မက်မမက်ခဲ့ချေ။

🌟🌟🌟