အပိုင်း ၄၄
Viewers 17k

Chapter 44


စုကျီနန်ကလည်း အံ့အားသင့်စွာဖြင့်ပါးစပ်ကို အုပ်လိုက်သည်။ လော့ဝမ်ချွမ်း...သူဒါကိုဘယ်ကသိလာခဲ့တာလဲ...


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲဘက်သို့လှည့်ကာ "ညီလေးယွမ်...ငါတို့ ခဏလောက်စကားပြောလို့ရမလား...." 


ယွမ်ရှင်းကျဲက ရုတ်​တရက်​ဖြစ်​သွား​သော အဖြစ်အပျက်​ကြောင့်​ ထိတ်​လန့်​နေဆဲပင်။ သူက လော့ဝမ်ချွမ်းခေါ်လိုက်မှသတိပြန်ဝင်လာကာ...


 "ရတာပေါ့...." 


ရုံးခန်းမှထွက်လာသည့်အချိန်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့်ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့သည်။


လော့ဝမ်ချွမ်းက စင်္ကြံထောင့်ဆီသို့လျှောက်သွားပြီးနောက် ယွမ်ရှင်းကျဲကိုလှည့်ကြည့်လိုက်သည်။


 "စီနီယာလော့...ကျွန်တော့်ကိုကူညီပေးတာကျေးဇူးတင်ပါတယ်..." 


ယွမ်ရှင်းကျဲက လေးနက်သောအမူအရာဖြင့်ပြောလာသည်။


"ကျွန်တော့်အတွက် သက်သေခံခိုင်းချင်ပေမယ့် အထောက်အထားတွေပါရှာလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...ဒါနဲ့ ဒီအကြောင်းကို ဘယ်လိုသိတာလဲ...." 


"ဆရာကျိုးက ငါ့ကိုပြောတာ..."


လော့ဝမ်ချွမ်းက တည်ငြိမ်စွာရှင်းပြလာသည်။


 "အဲ့ဒါနဲ့လမ်းတစ်လျှောက်က ကင်မရာတွေကိုစစ်ဆေးကြည့်ခဲ့တာ..."


ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူလိုက်ကာ...


"ကျွန်တော် ခင်ဗျားကိုဘယ်လိုကျေးဇူးဆပ်ရမယ်မှန်းမသိဘူး...ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားမက်ခါကို အခမဲ့မွမ်းမံပေးခွင့်ရချင်ပါတယ်...သီးသန့်မက်ခါပြင်ဆရာဆိုတာကတော့..."


"အခုချက်ချင်းအဖြေပေးစရာမလိုပါဘူး..."


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို မျက်ဝန်းများမှေးကျဥ်း၍  စိုက်ကြည့်လိုက်သည်။


 “ကိုယ်မင်းကို သီးသန့်မက်ခါပြင်ဆရာအဖြစ်ငှားချင်တာကြာပါပြီ...ဒါပေမယ့်အခုကတော့ မင်းကိုကူညီဖို့သက်သက် အဲ့တာကိုထည့်ပြောလိုက်တာပါ...”


"မင်းသာ ကိုယ့်ရဲ့မက်ခါဆရာဖြစ်လာခဲ့ရင် အလုပ်အရမ်းများမှာနော်..."


လော့ဝမ်ချွမ်းက စကားမဆက်ခင်ခဏရပ်လိုက်ပြီး


 "သေချာစဥ်းစားပြီးမှ အေးအေးဆေးဆေးဆုံးဖြတ်ပါ...."


လော့ဝမ်ချွမ်းက အဆိုပါကူညီမှုကိုခုတုံးလုပ်ပြီး ယွမ်ရှင်းကျဲအားအသုံးမချချင်ပေ။


“ဒီကိစ္စကိုတော့ ကိုယ်ပဲဆက်ပြီးစုံစမ်းလိုက်မယ်...”


 လော့ဝမ်ချွမ်းက အောက်နှုတ်ခမ်းကိုဖိကြိတ်လိုက်သည်။ “ကျောင်းတွင်းမှာဒီလိုကလိန်ကျမှုမျိုးကမရှိသင့်ဘူး...ဘုတ်အဖွဲ့ကဒီလိုလူမျိုးတွေကို ရှင်းပစ်ဖို့အခွင့်အလမ်းရှာနေခဲ့တာကြာပြီ...”


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ပုံရိပ်အစစ်အမှန်ကို ရုတ်တရက်သိချင်လာသည်။


ဘာလို့သူ့ကိုအားလုံးက မျက်နှာလုပ်နေကြတာလဲ....


ကျောင်းရဲ့အသန်မာဆုံး မက်ခါတိုက်ခိုက်သူဖြစ်နေလို့လား...


သို့ရာတွင် ယွမ်ရှင်းကျဲမမေးရသေးခင် လော့ဝမ်ချွမ်းက သူ့အားခေါင်းညှိတ်ရင်းနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ပြီး သူ၏အရပ်ရှည်ရှည်နှင့် ယောက်ျားပီသသောနောက်ကျောပုံရိပ်ကိုသာ ချန်ထားခဲ့လေသည်။


ကြည့်ရသည်မှာ သူကလုပ်စရာရှိတာကို ပုံမှန်အတိုင်းလုပ်သွားရုံသာဖြစ်ပြီး ယွမ်ရှင်းကျဲနှင့်ပတ်သတ်လိုခြင်းမရှိသလိုပင်။


......


စုကျီနန်နှင့်ချီယု၏အကြံအစည်က အလုပ်မဖြစ်တော့ချေ။ ကားလ်နှင့်ဒါရိုက်တာဟွမ်ကမူ ဘုတ်အဖွဲ့၏စစ်ဆေးမှုများနှင့် ရင်ဆိုင်ရတော့မည်ပင်။


သူတို့က ချီယုခိုင်းသည့်အတိုင်းလုပ်ခဲ့မိခြင်းကို စတင်၍နောင်တရလာကြသည်။ ချီယုက ဒါရိုက်တာဟွမ်ကိုမေးလိုက်သည်။ 


"ဘာတွေစိတ်ပူနေတာလား...လော့ဝမ်ချွမ်းက စွန့်ပစ်ကြယ်ကလူ​ သက်သက် ပဲလေ...သူ့မှာဘာနောက်ခံမှမရှိဘူး..."


“အဲ့ဒီ့လိုမျိုးထပ်မပြောစမ်းပါနဲ့...” 


ဒါရိုက်တာဟွမ်က စိတ်ပျက်လက်ပျက်​ဖြစ်နေသည်။


 “ချီယု...ငါဒီတစ်ခါ မင်းကြောင့်ဒုက္ခရောက်ပြီထင်တယ်...မင်းတို့နှစ်ယောက်ခုချက်ချင်းထွက်သွားတော့..”


လော့ဝမ်ချွမ်း ကျောင်းဘုတ်အဖွဲ့အားအကြောင်းကြားတော့မည်ကို တွေးလိုက်မိချိန်တွင် သူ့ခြေထောက်များပင် တုန်ရီလာခဲ့သည်။


ဒါရိုက်တာဟွမ်က ယွမ်ရှင်းကျဲကိုတောင်းပန်ရန် စဥ်းစားလိုက်မိသည်။ သို့သော် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့်အတူထွက်သွားနှင့်ပြီဖြစ်သည်။


စုကျီနန်က မျက်လုံးများလိမ့်လိုက်သည်။  “လော့ဝမ်ချွမ်းက ဘုတ်အဖွဲ့မှာဘယ်လိုပဲအရေးပါတယ်ပြောပြော ချီယုကိုတော့မီပါ့မလား...ဒါရိုက်တာက အစိုးရိမ်လွန်နေတာပဲ…”


“နောက်ပြီးတော့ မင်း...” 


ဒါရိုက်တာဟွမ်က စုကျီနန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောလာသည်။


 “ကိုယ့်ကိုယ်ကိုယ် သိပ်ဟုတ်လှပြီထင်နေတာလား....လော့ဝမ်ချွမ်းကဘာအရည်အချင်းမှမရှိဘူး ဟုတ်လား..ဘုတ်အဖွဲ့မှာ သူ့ဆုံးဖြတ်ချက်က ဘယ်လောက်အရေးပါတယ်ထင်လဲ...”


စုကျီနန်နှင့်ချီယုက တပြိုင်နက်ထဲထိတ်လန့်သွားသည်။


 ကားလ်ကမူ ကျောင်းထုတ်ခံရမည်စိုးသဖြင့် မိမိကိုယ်ကိုယ်ဆန်းစစ်ချက်အား စတင်ရေးနေပြီဖြစ်သည်။


“လော့ဝမ်ချွမ်းကဒီတိုင်း…” စုကျီနန်က ထပ်မံ၍အထွန့်တက်ရန်ပြင်လိုက်ချိန်တွင် ဖိုရမ်မှသူ့အကောင့်အထုတ်ခံရသည်ကို ရုတ်တရက်သတိရသွားခဲ့ပြီး ထိတ်လန့်သွားခဲ့သည်။


“ထွက်သွားကြ...” ဒါရိုက်တာဟွမ်က ထိုသုံးယောက်အား သည်းခံနိုင်စွမ်းကုန်သွားပြီဖြစ်သည်။ 


“ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ...”


လော့ဝမ်ချွမ်းက ပထမနှစ်ကျောင်းသားသစ်လေးတစ်ဦးကို အဲ့ဒီ့လောက်ဂရုစိုက်မယ်မှန်း သူမှမထင်ခဲ့တာ...သူအရမ်းကံဆိုးတာပဲ…


နဖူးမှချွေးများကိုသုတ်လိုက်ပြီး ဒါရိုက်တာဟွမ်က ကျောင်းအုပ်ထံဖုန်းခေါ်လိုက်သည်။


 "ကျောင်းအုပ်ခဗျာ..ကျွန်တော် ပြသနာဖြေရှင်းတဲ့နေရာမှာ အမှားအယွင်းလေးတစ်ချို့ပါသွားလို့ပါ.…”


......


ယွမ်ရှင်းကျဲက ကျောင်းမှအဆောင်သို့ပြန်သည့်လမ်းတွင် ကျိုးဖေးရွှယ်နှင့်လုရန်ရှုတို့ထံ ဝင်ရောက်ခဲ့သည်။


“ရှင်းကျဲ...တစ်ယောက်ယောက်ကမင်းကို မကောင်းကြံတာမဟုတ်လား...” 


လုရန်ရှုက စိုးရိမ်တကြီးမေးလာသည်။


 “ဟိုလက်ဖက်စိမ်းကောင် စုကျီနန်ပဲမဟုတ်လား..ငါအဲ့ကောင်နဲ့သွားရှင်းမယ်…”


“စီနီယာလော့ဝမ်ချွမ်းက ငါ့အတွက်သက်သေလုပ်ပေးခဲ့တယ်...သူကဒီကိစ္စကို ဘုတ်အဖွဲ့ဆီတင်ပြမယ်တဲ့..”


 ယွမ်ရှင်းကျဲက လုရန်ရှုကိုတားလိုက်သည်။ 


“စုကျီနန် အဆုံးသတ်ကောင်းမှာ မဟုတ်ဖူး...”


ကျိုးဖေးရွှယ်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူကအဆိုပါကိစ္စအား အချိန်နှောင်းမှသိရခြင်းဖြစ်ရာ လော့ဝမ်ချွမ်းအနေဖြင့် ဝင်ရောက်ကိုင်တွယ်ရန်နောက်ကျသွားပြီဟူ၍ပင် ထင်ခဲ့မိသည်။


လော့ဝမ်ချွမ်းက ၉၅ရာခိုင်နှုန်းမိတ်ဖက်ဖြစ်နိုင်ချေကို အတော်လေးအလေးထားပုံပဲ...


ကျိုးဖေးရွှယ်က ပြုံးတုံ့တုံ့လုပ်နေသည်ကို လုရန်ရှုသတိပြုမိလိုက်သည်။


 “ဆရာကျိုး...ဘာတွေပြုံးနေတာလဲ..”


“အဟမ်း...ငါထင်တာတော့ လော့ဝမ်ချွမ်းက အိုမီဂါတိုင်းသဘောကျမယ့် အယ်လ်ဖာပုံစံမျိုးပဲနော်....”


 ကျိုးဖေးရွှယ်က လော့ဝမ်ချွမ်းကိုချီးကျူးလိုက်သည်။


 “သမာသမတ်ကျပြီး ထက်မြက်တဲ့အပြင် အရပ်ရှည်ပြီးကြည့်ကောင်းတယ်..ပြီးတော့ လူတွေကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာလည်းသိသေးတယ်…”


“ရပြီ..ရပြီ..” 


ယွမ်ရှင်းကျဲက ကျိုးဖေးရွှယ်ကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

44.2


 “မသိတဲ့လူသာဆို ဆရာ့ကိုလော့ဝမ်ချွမ်းရဲ့အဖေလို့ထင်တော့မှာပဲ…”


ကျိုးဖေးရွှယ်က အလန့်တကြားဖြစ်သွားသည်။


 “မင်းဘာတွေပြောနေတာလဲ...ငါကဘယ်လိုလုပ်နိုင်ငံရဲ့...ငါပြောတာက လော့ဝမ်ချွမ်းရဲ့အဖေဖြစ်နိုင်မှာတဲ့လဲ..”


“ဘာဖြစ်လို့လဲ..” လုရန်ရှုက မေးလိုက်သည်။


 “လော့ဝမ်ချွမ်းက တော်ဝင်မိသားစုထဲကတစ်ယောက်ယောက်မို့လို့လား...”


ကျိုးဖေးရွှယ်: “…”


ခဏကြာတိတ်နေပြီးနောက် ကျိုးဖေးရွှယ်က ယွမ်ရှင်းကျဲကိုမေးလိုက်သည်။ 


“သူမင်းကို တစ်ခုခုပြောသေးလား...”


“သူကျွန်တော့်ကို သူ့ရဲ့သီးသန့်မက်ခါပြင်ဆရာလုပ်ပေးနိုင်မလားလို့ ကမ်းလှမ်းခဲ့တယ်....” 


ယွမ်ရှင်းကျဲက ပြောရင်းခေါင်းကုတ်လိုက်သည်။


 “ဒါပေမယ့် အလျင်မလိုပဲသေသေချာချာစဥ်းစားပြီးမှဆုံးဖြတ်ပါ..တဲ့”


လုရန်ရှုက ပါးစပ်အဟောင်းသားဖြစ်သွားပြီး  “လော့...လော့ဝမ်ချွမ်းက မင်းကိုသီးသန့်မက်ခါပြင်ဆရာလုပ်ပေးဖို့ငှားတယ်...ဟုတ်လား...သူကအိုမီဂါတွေကို ကြောက်တယ်ဆို...”


ယွမ်ရှင်းကျဲက တွေဝေစွာပြန်ဖြေလိုက်သည်။


 “ငါလည်းအဲ့လိုထင်ထားတာ…”


“အဟမ်း...ရှောင်ယွမ်..မင်းအဲ့တာကိုစဥ်းစားသင့်တယ်နော်...”


 ကျိုးဖေးရွှယ်က အလေးအနက်ပြောလာသည်။


 “ဒါကမင်းရဲ့...အင်း..မက်ခါလုပ်ငန်းနဲ့သက်ဆိုင်နေတယ်...”


ယွမ်ရှင်းကျဲက ခေါင်းညှိတ်လိုက်သည်။ 


“သူကျွန်တော့်ကို တကယ်ပဲအလုပ်တွဲလုပ်စေချင်တာဆိုရင်တော့ ကျွန်တော်အလေးအနက်စဥ်းစားမှာပါ...”


လော့ဝမ်ချွမ်းက တစ်ကြိမ်ပြီးတစ်ကြိမ်ကူညီခဲ့သည့်အတွက် သူ့အနေဖြင့်အလွန်ပင်ကျေးဇူးတင်မိသည်။


သို့ရာတွင် အလုပ်အတူတူတွဲလုပ်ရာ၌မူ နှစ်ဦးနှစ်ဖက်နားလည်မှုရှိရန်လိုအပ်သည်။


လော့ဝမ်ချွမ်း၏ သီးသန့်မက်ခါပြင်ဆရာဖြစ်လာပါက တစ်ဖက်လူ၏ အိုမီဂါကြောက်သောရောဂါကိုရင်ဆိုင်ရလိမ့်မည်။ ထို့အပြင် ကျောင်းအသင်းရှိအသန်မာဆုံးမက်ခါတိုက်ခိုက်သူ၏ မက်ခါပြင်ဆရာအနေဖြင့် ပို၍အာရုံစိုက်စရာများလာဦးမှာပင်။


ယွမ်ရှင်းကျဲက ဆုံးဖြတ်ချက်ချပြီးသည့်နောက် လော့ဝမ်ချွမ်းအား သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။ သို့ရာတွင် မမျှော်လင့်သောကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။


စတုတ္ထပြိုင်ပွဲတွင် လုရန်ရှုနှင့်စုကျီနန်တိုက်ခိုက်ရမည်။


လုရန်ရှုက ယွမ်ရှင်းကျဲကိုစိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ပြောခဲ့သည်။


 “ရှင်းကျဲ....ငါအဲ့ဒီ့လက်ဖက်စိမ်းကောင် ရဲ့ခေါင်းကိုဖြတ်ပြီးတော့ မင်းအတွက်လက်စားချေပေးမယ်...”


ယွမ်ရှင်းကျဲက ခံစားချက်သိပ်မကောင်းချေ။ 


“ရန်ရှု...စုကျီနန်ကသန်မာတယ်..မင်းသူနဲ့တိုက်ခိုက်ရင် ဂရုစိုက်ရမယ်နော်...”


မည်သို့ပင်ဆိုစေ စုကျီနန်မှာ မနှစ်ကပြိုင်ပွဲတွင်ဆယ်ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး ကျောင်းလက်ရွေးစင်အသင်းသို့ပင် အရံအဖြစ်ဝင်ခွင့်ရခဲ့သူဖြစ်သည်။ 


စုကျီနန်နှင့်လုရန်ရှုတို့နှစ်ဦးလုံးသည် ကြယ်ပျံမက်ခါမောင်းနှင်သူများဖြစ်ကြသည်။


သို့သော် လုရန်ရှုက Bအဆင့်မက်ခါမောင်းနှင်သူသာဖြစ်ပြီး အရှေ့သုံးပွဲတွင်လည်း တစ်ပွဲရှုံးခဲ့သေးသည်။ စုကျီနန်ကမူ Aအဆင့်မက်ခါမောင်းနှင်သူဖြစ်ပြီး သုံးပွဲဆက်တိုက်အနိုင်ရထားခဲ့သည်။


“မင်းကလည်းကွာ..သူ့များဘာကြောက်စရာရှိလို့လဲ...”


 လုရန်ရှုက အလွန်ပင်တက်ကြွနေခဲ့သည်။ 


“ရှင်းကျဲ....သူမင်းကိုအကောက်ကြံခဲ့မှန်းငါသိတယ်..ငါအဲ့တာကိုဒီတိုင်းမထားလိုက်နိုင်ဘူး....အိုမီဂါတွေထဲမှာ သူတစ်ယောက်ထဲမက်ခါမောင်းနိုင်တာကျနေတာပဲ...”


လုရန်ရှုဤသို့ပြောလာလိမ့်မည်ဟု ယွမ်ရှင်းကျဲမမျှော်လင့်ခဲ့ပေ။ သူကရင်ထဲထိသွားကာ.. 


“ရန်ရှု...ဒီလိုလုပ်ရအောင်...ငါမင်းရဲ့မက်ခါကိုပြန်ပြီးမွမ်းမံပေးမယ်လေ..ငါတို့အချိန်မီပြီးမှာပါ…”


လုရန်ရှုက ယွမ်ရှင်းကျဲမျက်ဝန်းများထဲရှိ စိုးရိမ်မှုကို တွေ့လိုက်ရသည်။


 “ရှင်းကျဲ...မင်းစိတ်ပူနေတဲ့ကိစ္စကိုငါသိပါတယ်...စုကျီနန်ကသန်မာတယ်ဆိုရင်တောင် ငါသူ့ကိုနောက်ဆုံးစက္ကန့်အထိရအောင်တိုက်မှာပါ...”


ယွမ်ရှင်းကျဲက အဆိုပါစကားများကိုကြားပြီးနောက် တွေးပူနေခြင်းကိုရပ်တန့်လိုက်သည်။ သူက လုရန်ရှုကိုမဖက်ပဲမနေနိုင်ချေ။


“ငါမင်းရဲ့ပြိုင်ပွဲကို သေချာပေါက်အားပေးနေမယ်...”


ဤသို့ဖြင့် ယွမ်ရှင်းကျဲက လုရန်ရှု၏မက်ခါအားမွမ်းမံရန်အတွက် အပြင်းအထန်စတင်ကြိုးပမ်းတော့သည်။ သူက လော့ဝမ်ချွမ်း၏ဖိတ်ခေါ်မှုကိုပင် မတုံ့ပြန်အားတော့။


လုရန်ရှု၏စိတ်စွမ်းအားက Bအဆင့်၌သောင်တင်နေခဲ့သည်မှာ အတော်လေးကြာပြီဖြစ်သည်။ သူက ယွမ်ရှင်းကျဲကဲ့သို့ အဆင့်ပိုမြင့်သောမက်ခါများကို မောင်းနှင်နိုင်စွမ်းမရှိချေ။


ထို့ကြောင့် ယွမ်ရှင်းကျဲအနေဖြင့် ရှုပ်ထွေးသောကိရိယာများတပ်ဆင်ရန် မဝံ့ရဲချေ။ လုရန်ရှုအတွက် မောင်းနှင်ရန်ခက်ခဲမည်ကို စိုးရိမ်နေသည်။


သူတို့နှစ်ဦးက စုကျီနန်၏ပြိုင်ပွဲများကို အတူတူလေ့လာခဲ့ရာ စုကျီနန်က ပြိုင်ဘက်ကိုအလစ်ဖမ်းတိုက်ခိုက်လေ့ရှိကြောင်း တွေ့ရှိခဲ့ကြသည်။


“ငါကြားတာတော့ စုကျီနန်ကလော့ဝမ်ချွမ်းလိုပဲ စွန့်ပစ်ကြယ်ကလာခဲ့တာတဲ့....”


 လုရန်ရှုက ပြိုင်ပွဲအားကြည့်ရင်းပြောလာသည်။


 “စွန့်ပစ်ကြယ်က ရှုပ်ထွေးပြီးအန္တရာယ်များတဲ့နေရာဆိုတော့ အဲ့ဒီ့ကလူတွေရဲ့တိုက်ခိုက်ပုံက လျှင်မြန်တိကျပြီး ရက်စက်တယ်...”


ယွမ်ရှင်းကျဲက မူလဇာတ်ကြောင်းကို သတိရသွားသည်။ စာအုပ်ထဲတွင် စုကျီနန်က နှလုံးနက်ကြာပန်းဖြူဖြစ်ပြီး သူ့ပြိုင်ဘက်အားလုံးကို အမျိုးမျိုးအကွက်ဆင်ခဲ့သည်။


“ရန်ရှု...မင်းလည်းသိပ်မဆိုးပါဘူး...” 


ယွမ်ရှင်းကျဲက လုရန်ရှုကိုကြည့်ရင်းပြောလိုက်သည်။


 “မင်းရဲ့မက်ခါမောင်းတဲ့စွမ်းရည်က သူ့လောက်မကောင်းဘူးဆိုပေမယ့် အရမ်းကြီးကွာဟနေတာမျိုးမှမဟုတ်တာ...ဒါပေမယ့် ငါတစ်ခုတော့သတိပေးချင်တယ်....”


ယွမ်ရှင်းကျဲက ခဏရပ်လိုက်ပြီး အလေးအနက်ပြောလာခဲ့သည်။ 


“အကယ်၍များ မင်းသာ ၈မိနစ်မပြည့်ခင်ကတည်းက အရေးနိမ့်နေခဲ့ရင် ပြိုင်ပွဲကိုအဆုံးသတ်ဖို့ကြိုးစားပါ...မဟုတ်ရင် စုကျီနန်က ဒီတိုင်းလွှတ်ပေးမှာမဟုတ်ဖူး...”


“ကောင်းပြီ...ငါမှတ်ထားပါ့မယ်...” လုရန်ရှုက အလေးအနက်ပြန်ဖြေခဲ့သည်။


ယွမ်ရှင်းကျဲက လုရန်ရှုအား စုကျီနန်၏တိုက်ခိုက်မှုပုံစံများကို အသေအချာရှင်းပြသည်။ ထို့နောက် သူ့ကြယ်ပျံမက်ခါ၏ အစိတ်အပိုင်းတချို့ကိုပါ မွမ်းမံပေးလိုက်သည်။ 


စတုတ္ထအချီတွင် ယွမ်ရှင်းကျဲ၏ပြိုင်ဘက်မှာ Bအဆင့်ဘီတာမိန်းကလေးဖြစ်သည့်အလျှောက် သူက လွယ်ကူစွာအနိုင်ရခဲ့သည်။ လုရန်ရှု၏ပြိုင်ပွဲကိုကြည့်ရန် အလွန်ပင်စိတ်အားထက်သန်နေခဲ့သည်။


သူပြိုင်ကွင်းAသို့ရောက်သောအခါ လုရန်ရှုနှင့်စုကျီနန်၏ပြိုင်ပွဲသည် သုံးမိနစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။ မက်ခါမောင်းနှင်ရာ၌ စုကျီနန်က လုရန်ရှုထက် သာလွန်သည့်အလျှောက် ပြိုင်ပွဲတွင် အသာစီးရနေလေသည်။


“စုကျီနန်က အရမ်းတော်တာပဲ...အသန်မာဆုံးအိုမီဂါဆိုတဲ့အတိုင်းပဲ....”


“သူ့ရဲ့ကြယ်ပျံမက်ခါက Aအဆင့်တောင်ရောက်နေပြီမဟုတ်လား...ငါထင်တာသူဒီနှစ်တော့ လက်ရွေးစင်အသင်းရဲ့ အမြဲတမ်းအသင်းဝင်ဖြစ်တော့မယ်ထင်တယ်....”


“အရမ်းသန်မာတာပဲ...ဒီလိုအိုမီဂါမျိုးလည်း ရှိတာပဲလား...”


ယွမ်ရှင်းကျဲက ပိုမိုပြင်းထန်လာသော တိုက်ပွဲကိုကြည့်ရင်း အသက်ရှုရန်ပင်မေ့လျော့နေခဲ့သည်။ 


ကြယ်ပျံမက်ခါနှစ်ခု၏တိုက်ပွဲသည် အလွန်ပင်ပြောင်မြောက်လှသည်။


xxxxxx