Chapter - 19 : မြှောင် မြှောင် မြှောင် မြှောင် ( 2 )
Viewers 1k

BBT အဖွဲ့ဝင်များသည် ဦးစွာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ လုရွှိ သူတို့ထံ ရောက်လာသောအခါ ၎င်းတို့သည် ၎င်းတို့၏ နှစ်ထပ်ခုတင်များအား ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။

VJ သည် ၎င်းတို့၏ ကင်မရာအား မြှောက်ထားပြီး အိပ်ခန်းအတွင်းရှိ အကြောင်းအရာများအား ရိုက်ကူးနေသည်။ လုရွှိ တံခါးမှ ဝင်လာသည်ကို မြင်သောအခါ သူသည် ကင်မရာအား အခြားသုံးဦးဆီသို့ လှည့်လိုက်သည်။

ရွှီဟောက်မင်သည် အောက်ထပ်ခုတင်အား ယူထားပြီး လုရွှိနှင့်အတူ အိပ်ခန်းအား မျှဝေရန် အလွန်ဝန်လေးနေသည်။ သူ၏ အိမ်ပတ်ဝန်းကျင်သည် မဆိုးရွားလှဘဲ သူသည် ပုံမှန် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သောကြောင့် သူ လိုချင်သမျှ အားလုံးကို အခြေခံအားဖြင့် ပြုလုပ်ခဲ့သည်။

သူ၏ အခြားအဖွဲ့ဝင်များနှင့် ဆက်ဆံရေးသည် သိပ်မကောင်းသော်လည်း ၎င်းတို့သည် ပရော်ဖက်ရှင်နယ် သဘောထား ရှိသောကြောင့် ကင်မရာရှေ့တွင် အဆင်ပြေပြေ နေထိုင်ဟန် ပြခဲ့ကြသည်။

အခြေအနေအား သတိပြုမိသော စုန့်ကျယ်သည် သူ၏ ခံစားချက်များအား ထိန်းချုပ်ရမည်ကို သတိပေးရန် သူ့အား အသာလေး ကန်လိုက်သည်။ VJ မှလွဲ၍ ၎င်းတို့ လုပ်သမျှ အားလုံးကို ရိုက်ကူးသည့် ကင်မရာများအား အခန်းထဲ၌ တပ်ဆင်ထားသည်။

ထို့ကြောင့် ကင်မရာများသည် ပဋိပက္ခတစ်ခု ရိုက်ကူးမိပါက ၎င်းတို့၏ ဂုဏ်သတင်း မည်မျှ ဆိုးရွားစွာ ထိခိုက်မည်ကို မည်သူမှမသိပေ။

ရွှီဟောက်မင်သည် သူ၏ နှုတ်ခမ်းအား မဲ့လိုက်ပြီး သူ ခေါင်းမော့လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် အလုံးစုံ ကွဲပြားသော အမူအရာတစ်ခု ရှိနေသည်။ သူသည် လုရွှိအား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"ငါတို့ အခုကစပြီး အခန်းဖော်တွေ ဖြစ်ကြပြီ… မင်း အကူအညီလိုရင် မေးရုံပဲ၊ ငါတို့ အစ်ကိုကြီးတွေက မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ်"

လုရွှိ၏ ကိုယ်ရေးအချက်အလက်တွင် သူသည် အသက် ( ၁၈ ) နှစ်သာ ရှိသေးသည်ဟု ရေးထားသည်။ ထို့ကြောင့် ရွှီဟောက်မင် သူ့ကိုယ်သူ ‘အစ်ကို’ ဟု ခေါ်ဆိုရာတွင် ပြဿနာမရှိပေ။

စုန့်ကျယ်သည် လုရွှိ၏ ခရီးဆောင်အိတ်အား ကူညီရန် ထရပ်လိုက်ပြီး နှစ်ထပ်ခုတင်များအား လက်ဟန်ပြလိုက်သည်။ 

"ငါတို့ ခုတင်တူတူပဲ၊ မင်း အရင်ရွေး"

ဟန်ထျန်းယွီသည်လည်း လုရွှိအား နွေးထွေးစွာ နှုတ်ဆက်ပြီး သူ၏ ပရိသတ်ဖြစ်ကြောင်း ပြုံးရင်း ပြောလိုက်သည်။

ထိုသုံးဦးသည် သူ့အား အစောပိုင်းက အလွန်အေးစက်စွာ ဆက်ဆံခဲ့သော်လည်း ၎င်းတို့သည် ယခုအခါ လုံးဝ ကွဲပြားခြားနားသော လူများကဲ့သို့ ဖြစ်နေသည်။

စိတ်ဝင်စားစရာပဲ…

လုရွှိသည် ဤကွဲပြားမှုအား အမှန်တကယ် စိတ်ထဲမထားပေ။ စုန့်ကျယ်သည် သူ၏ ပစ္စည်းများအား အောက်ထပ်ခုတင်တွင် ထားပြီးသား ဖြစ်နေသည်ကို မြင်သောအခါ သူသည် အပေါ်ထပ်ရှိ ခုတင်အား လက်ညှိုးထိုးပြကာ သူ၏ ရွေးချယ်မှုအား ပြုလုပ်လိုက်သည်။

၎င်းတို့သည် ၁၀ နာရီတွင် ဖုန်းများ အပ်ရမည်ဖြစ်သောကြောင့် လူတိုင်းမှာ ၎င်းတို့၏ ပစ္စည်းများအား စီစဉ်ပြီးနောက် ၎င်းတို့၏ မိသားစုများကို ဖုန်းခေါ်ဆိုရန် ဖုန်းများ ထုတ်လိုက်ကြသည်။

စုန့်ကျယ်သည် သူ့အမေအား ဖုန်းခေါ်လိုက်သည်။ ရွှီဟောက်မင်သည် သူ့အစ်မအားခေါ်လိုက်၏။ ဟန်ထျန်းယွီပင် သူ့အား ပြုစုပျိုးထောင်ခဲ့သော အဘွားအား ခေါ်လိုက်သည်။

လုရွှိကား မည်သည့်လှုပ်ရှားမှုမျှ မလုပ်သည်ကို မြင်သောအခါ VJ သည် မေးမြန်းခြင်း မလုပ်ဘဲ မနေနိုင်တော့ပေ။

"လုရွှိ၊ မင်း ဘယ်သူ့ကို ခေါ်မှာလဲ"

တကယ်တမ်း၌ လုရွှိ ခေါ်ဆိုချင်သောသူ မရှိပေ။

သို့သော် ထုတ်လုပ်ရေးအဖွဲ့သည် တည်းဖြတ်ရန်အတွက် ရုပ်ပုံများ လိုအပ်သောကြောင့် VJ သည် ထိုနေရာတွင် ရပ်နေပြီး လုရွှိ ဖုန်းခေါ်ဆိုသည်အထိ စောင့်ဆိုင်းရမည့် အခြားရွေးချယ်စရာ မရှိပေ။

လုရွှိတွင်လည်း အခြားရွေးချယ်စရာ မရှိသောကြောင့် သူသည် သူ၏ ဖုန်းအား ထုတ်ယူကာ ဖုန်းခေါ်ဆိုလိုက်သည်။

VJ သည် ကင်မရာအား လုရွှိ၏ ဖုန်းမျက်နှာပြင်ဆီသို့ ရည်ရွယ်လိုက်ရာ 'ပါးမေ့' ဟူသော စကားလုံးများ ပြသနေသည်။

ဒါဆို လုရွှိက သူ့ညီမကို ခေါ်နေတာလား…

"အချစ်နတ်ဘုရား၊ ကျွန်ုပ်၏ သီချင်းကို နားထောင်ပါ၊ သေမင်းနတ်ဘုရား၊ ကျွန်ုပ်နှင့်အတူ ကပါ..."

ဖုန်းမြည်သံသည် ‘ The Ballad of Death ’ ၏ အသံအတုဖြင့် အမျိုးသမီးတစ်ဦး သီဆိုထားသော သီချင်းဖြစ်သည်။ သံစဉ် တူသော်လည်း ဤဗားရှင်းသည် လုရွှိ၌ ရှိသော စိတ်ဝိညာဉ် ချို့တဲ့နေပုံရသည်။

ဖုန်းမြည်သံသည် ဆယ်စက္ကန့်ကြာ မြည်ပြီးနောက်မှ ဖုန်းအားကိုင်လိုက်၏။

"မြှောင်"

လုရွှိ နွေးထွေးစွာ ပြုံးလိုက်သည်။

"ပါးမေ့… ငါပါ"

ဖုန်း၏ တစ်ဖက်စွန်းတွင် ‘မြှောင်’ ဟူသော အသံ ဆက်လက်ပေးနေကာ နူးညံ့သောအသံ ရှိလေ၏။

အံ့အားသင့်နေသော VJ အား မေ့ထားလျှင်ပင်၊ အခန်းထဲရှိ အခြားသုံးဦးသည် ၎င်းတို့ လုပ်နေသည်များအား ရပ်တန့်ပြီး လုရွှိအပေါ် အာရုံစိုက်လိုက်ကြသည်။

"ငါ ပြိုင်ပွဲမှာ ပါနေတာ… ဒါကြောင့် အခုတော့ အိမ်ပြန်လာလို့ မရသေးဘူး… ကောင်းကောင်းနေပြီး အိမ်မှာပဲနေနော်… ကြောင်စာ မလောက်ရင် ရှဲ့အန်းကို ကြိုပြောထားဖို့ မမေ့နဲ့၊ ဟုတ်ပြီလား"

ဖုန်း၏ တစ်ဖက်စွန်းမှ မြှောင်ဟူသော အသံများ ပိုမိုထွက်ပေါ်လာသည်။ အသံသည် နူးညံ့ပြီး နွေဦးပေါက်ရာသီမှ သကြားလုံးလေးကဲ့သို့ ပျော့ပျောင်းနေကာ ချစ်စရာကောင်းပြီး ချိုမြိန်နေသည်။

ဤခေါ်ဆိုနေသော ပါးမေ့သည် မြှောင် ဟုသာ အော်နေသော်လည်း လုရွှိသည် အရာအားလုံး နားလည်နေပုံရပြီး အာရုံစိုက် နားထောင်နေသည်။ ကင်မရာပေါ်တွင် ဤကောင်လေးသည် အံ့မခန်း ချောမောနေပြီး ဖုန်းအား ကောက်ကိုင်လိုက်သောအခါ ပို၍ပင် နူးညံ့လာသည်။ ၎င်းသည် လူများအား တကယ်တမ်း စိတ်လှုပ်ရှားစေသည်။

လုရွှိ နောက်ဆုံးတွင် ဖုန်းချလိုက်သောအခါ စုန့်ကျယ်မှ မေးမြန်းခြင်းမပြုဘဲ မနေနိုင်တော့ပေ။

"လုရွှိ၊ မင်း ခုနက ဘယ်သူ့ကို ခေါ်လိုက်တာလဲ"

"ကျွန်တော့် ကြောင်ကိုပါ"

အဓိပ္ပာယ်မရှိတာ…

ရွှီဟောက်မင်သည် ထိုအဖြေအား တုံ့ပြန်သည့်အနေဖြင့် ရွှတ်ခနဲ အသံပြုလိုက်သည်။

ကြောင်တွေက ဘယ်လိုလုပ် ဖုန်းကိုင်နိုင်မှာလဲ… ဖုန်းကိုင်ဖို့အတွက် အခြားတစ်ယောက်ယောက်က ကြိုတင်စီစဉ်ထားတာ ဖြစ်နိုင်တယ်…

သူ တွေးနေသည်မှာ ထိုသို့ဖြစ်သော်လည်း သူ၏ မျက်နှာပေါ်တွင် မပေါ်စေဘဲ မေးလိုက်၏။

"ဒီဖုန်းခေါ်ဆိုမှုက တော်တော် တန်ဖိုးရှိတယ်နော်၊ မင်း ဘာလို့ မင်းမိသားစုကို မခေါ်တာလဲ"

"ကျွန်တော့် မိသားစုမှာ ပါးမေ့နဲ့ ကျွန်တော်ပဲ ရှိတယ်"

လုရွှိသည် ဤသို့ပြောရင်း ပခုံးတွန့်ပြလိုက်ပြီး အသေးစိတ် ရှင်းပြရန် ရည်ရွယ်ခြင်း မရှိသည်မှာ ရှင်းနေသည်။

ထိုနေရာရှိ လူတိုင်းသည် မတုံးအကြပေ။ ၎င်းတို့သည် သူ၏ အဓိပ္ပာယ်အား ချက်ချင်း နားလည်လိုက်ကြသည်။

ဒါဆို သူ့ ကြောင်ကို ခေါ်တယ်ဆိုတာက၊ တကယ်တမ်း သူ မိသားစု မရှိတော့လို့လား...

ရွှီဟောက်မင်ပင် အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ဤအရာအား ထုတ်ပြောမိသည့်အတွက် သူ့ကိုယ်သူ စိတ်ပျက်သွားမိသည်။ သူ တောင်းပန်ချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိသောကြောင့် ရှက်ရွံ့စွာသာ ပြောလိုက်၏။

"မင်းရဲ့ ကြောင်က အရမ်း ဉာဏ်ကောင်းတာပဲ..."

"ဒီကောင်လေးလုရွှိက တကယ်ကို သနားစရာ ကောင်းတာပဲ"

ဖန့်ဇုန်းသည် မူလက သင်တန်းသားများ၏ အခြေအနေများအား ခံစားကြည့်ပြီး ရှိုးပွဲအား မည်သို့ တည်းဖြတ်ရမည်ကို ကြိုတင် စဉ်းစားချင်ရုံသာ ဖြစ်သည်။ လုရွှိ၏ ဘဝသည် တကယ်တမ်း ဤမျှ အထီးကျန်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

သီချင်းရေးပေးခဲ့သော သူငယ်ချင်းလည်း မရှိတော့ပေ။ သူ၏ မိသားစုပင် ကွယ်လွန်သွားသည်။

ငယ်ရွယ်စဉ်တွင် ဤမျှများပြားလှသော ခွဲခွာမှုများအား ကြုံတွေ့ခဲ့ရခြင်း၊ လုရွှိသည် ယနေ့ခေတ်တွင် ခိုင်မာသော ပုဂ္ဂိုလ်ဖြစ်လာသည်အထိ မည်မျှ ဟန်ဆောင်ခဲ့ရမည်ကို စဉ်းစား၍မရနိုင်ပေ။

ဖန့်ဇုန်းသည် သူ၏ နှာခေါင်းမှ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်ကို ခံစားရပြီး ဤအပိုင်းအား ထုတ်လွှင့်သင့်သလား မဆုံးဖြတ်ရသေးမီ သူ့နောက်မှ တစ်စုံတစ်ဦး ငိုနေသကဲ့သို့ 'ဝူးးးး' ဟူသော အသံ ထွက်ပေါ်လာသည်။ အသံသည် စူးရှပြီး ကြမ်းတမ်း၏။

"တော်ပြီလေ တော်ပြီလေ၊ လုရွှိတောင် မငိုဘူး၊ ဘာလို့ မင်းက ဒီလောက် အော်ငိုနေတာလဲ"

အခန်းထဲတွင် ဖန့်ဇုန်းနှင့် လက်ထောက်တစ်ဦးသာ ရှိသည်။ ဖန့်ဇုန်းသည် နောက်သို့ပင် လှည့်မကြည့်ဘဲ သူ၏ လက်ထောက် ငိုနေခြင်း ဖြစ်ရမည်ဟု ထင်လိုက်သည်။

သို့သော်လည်း ငိုသံ မရပ်တန့်သွားပေ။ သူသည် စိတ်မရှည်စွာ လှည့်ကြည့်လိုက်သောအခါ သူ၏ လက်ထောက် တုန်ယင်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ လက်အား ပါးစပ်ပေါ် တင်ထားကာ ခေါင်းခါနေသည်။

"ဖန့်ကော အဲဒါ ကျွန်မ မဟုတ်ဘူး..."

~~~