【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၀၉】
Chapter 61
ရှားရှားပါးပါး တနင်္ဂနွေတွင် သူကျောင်းသွားစရာ မလိုတော့သည့်အချိန်မှာ ယဲ့ဖေးကျိုးသည် အိမ်တွင် သူ့ကိုယ်သူ စာထဲမှာမြုပ်နေခဲ့သည်။
စာမေးပွဲကြီးဖြေဆိုရန် တစ်လခွဲပင်မလိုတော့သည့်အချိန်တွင် ယဲ့ဖေးကျိုး၏မိဘများက ယခင်လပတ်စာမေးပွဲကဲ့သို့ အဆင့်သတ်မှတ်ချက်ရပါက တစ်ယောက်တည်း ခရီးသွားရန် အခွင့်အရေးပေးမည်ဟု ကတိပေးခဲ့ကြသည်။ မိဘများ၏ တင်းကျပ်စွာ စည်းကမ်းထိန်းသိမ်းမှုကို ခံရလေ့ရှိသော ယဲ့ဖေးကျိုးသည် ဤခရီးစဉ်ကို စိတ်ထွက်ပေါက်အဖြစ် စိတ်အားထက်သန်နေသောကြောင့် သူ၏စာလေ့လာခြင်းအပေါ် စိတ်အားထက်သန်မှုက ယခင်ကထက် ပို၍မြင့်မားလာခဲ့သည်။
ရုတ်တရက် အိမ်အောက်ထပ်မှ တံခါးခေါင်းလောင်းသံ မြည်လာသည်။ ဓာတုဗေဒအစမ်းစာမေးပွဲ ပြီးသွားသော ယဲ့ဖေးကျိုးသည် ပခုံးတွန့်ကာ ခဏတာကြောင်အစွာ စိုက်ကြည့်နေပြီးမှ နာနီသည် ယနေ့ ပိတ်ရက်ယူထားပြီး သူ့မိဘများသည် ညရှစ်နာရီကျော်အထိ ပြန်မလာနိုင်ဘဲ သူ့ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ကြောင်း သဘောပေါက်လိုက်သည်။
"ခင်ဗျား ရောက်နေတာပဲ" ယဲ့ဖေးကျိုးသည် အောက်ထပ်ဆင်းလာပြီး ချောင်းကြည့်ပေါက်ကနေ လှမ်းကြည့်လိုက်ကာ တံခါးဖွင့်လိုက်တော့ သူ့အကြည့်သည် အပြင်ကလူဆီ ခဏတာ ရောက်သွားပြီးမှ အမြန်ဘေးဖယ်လိုက်သည်။
ရှန်ရှင်ယွင်သည် တံခါးဝတွင် မတ်တတ်ရပ်နေကာ တံခါးဘောင်ကို လက်တစ်ဖက်ဖြင့် ပျင်းရိစွာ မှီနေပြီး ယဲ့ဖေးကျိုးကို ငုံ့ကြည့်ကာ မေးလိုက်သည်။ "အိမ်မှာ တစ်ယောက်ယောက်ရှိလား"
ယဲ့ဖေးကျိုးသည် ခဏတုံ့ဆိုင်းသွားပြီး ရိုးသားစွာ ပြောလိုက်သည်။ "မရှိဘူး၊ ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"
ရှန်ရှင်ယွင်သည် ညင်သာစွာ တဲ့တိုး ပြောလိုက်သည်။ "ကိုယ် မင်းလွမ်းလို့၊ မင်းကိုတွေ့ချင်လို့လေ"
ယဲ့ဖေးကျိုး: "အိုး"
ရှန်ရှင်ယွင်နှင့် 'သမီးရည်းစားဆက်ဆံရေး'ဟုခေါ်သော ဆက်ဆံရေးသည် တစ်ပတ်ကြာခဲ့၏။ ကတိပေးထားသည့်အတိုင်း ရှန်ရှင်ယွင်သည် သူ့အပေါ်အလွန်အကျွံ ဘာမှမလုပ်ခဲ့ဘဲ ရူပဗေဒအတန်းတိုင်းမစခင် သဘောတူထားသည့်နေရာတွင် သစ္စာရှိရှိ ပေါ်လာခဲ့သည်။ "ရှန်ရှင်ယွင်နှင့် ထိတွေ့ခြင်းသည် ကံကောင်းခြင်းများကို ယူဆောင်လာပေးလိမ့်မည်"ဟူသော ရုပ်လွန်ပညာယုံကြည်ချက်သည် အံ့ဩဖွယ်ကောင်းသော တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့ပြီး ဘယ်သောအခါမှ မပျက်ကွက်ခဲ့ပါ။
ရှန်ရှင်ယွင်ကိုမြင်သည်နှင့် ယဲ့ဖေးကျိုးသည် မကြာသေးခင်က ကစားကွင်းငယ်လေးမှာ သူတို့ဖလှယ်ခဲ့သောအနမ်းများကို ပြန်အမှတ်ရမိသည်… ချိုမြိန်ခြင်း၊ ချစ်စိတ်ပြင်းပြခြင်း၊ တိတ်တခိုး၊ တပ်မက်မှုအပြည့်နှင့် အနမ်းများက သူတို့ကို ရှက်ရွံ့စေပြီး နှလုံးခုန်နှုန်းမြန်စေသော်လည်း အရာအားလုံးကို ပုံဖော်ထားသည်။
ရုတ်တရက် တံခါးတွင်ရပ်နေသော ယဲ့ဖေးကျိုးသည် သူ့အတွေးနှင့်သူ နားမလည်နိုင်စွာ အပြင်းအထန် ရှက်သွေးဖြာသွားသည်။
ရှန်ရှင်ယွင်: "…"
ယဲ့ဖေးကျိုး: "…"
သူ့မျက်နှာသည် ပိုနီလာပြီး ယဲ့ဖေးကျိုးသည် အလျင်အမြန် သူ့မျက်နှာကိုအုပ်ရန် လက်ကိုမြှောက်လိုက်သည်။
ရှန်ရှင်ယွင်သည် ရွှတ်နောက်နောက် မျက်ခုံးများကို ပင့်တင်လိုက်ပြီး အမြန်ပဲကိုင်းညွှတ်ကာ ယဲ့ဖေးကျိုး၏နှုတ်ခမ်းကို မြန်မြန်နမ်းလိုက်သည်။ ယဲ့ဖေးကျိုး မတုံ့ပြန်နိုင်ခင် သူသည် ဝင်ပေါက်ထဲကို ခြေလှမ်းကျဲကျဲနှင့် ဝင်ပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။
"ကျွန်တော် စာလုပ်နေတာ" ယဲ့ဖေးကျိုးက စိတ်လှုပ်ရှားစွာပြောသည်။
"ကိုယ် မင်းကို မနှောင့်ယှက်ပါဘူး။ ကိုယ့်ကို စောင့်ကြည့်ခွင့်ပဲပေးပါ" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နီရဲနေသောပါးပြင်များကို ညင်သာစွာ ညှစ်လိုက်ရင်း သူ့လေသံက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။ "ကိုယ်က မင်းရဲ့ချစ်သူလေ၊ ကိုယ့်မှာ ဒီလောက်တော့အခွင့်အရေးရှိတယ်မလား။"
"…အင်း" ယဲ့ဖေးကျိုးသည် စိတ်လှုပ်ရှားစွာ သူ့နှာဖျားကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။
ရှန်ရှင်ယွင်သည် ခပ်တိုးတိုးရယ်မောရင်း သူ့လက်ထဲက ပလတ်စတစ်အိတ်ကို မြှောက်လိုက်ပြီး ပြောသည်။ "ကိုယ် မင်းအတွက် ရေခဲမုန့် ယူလာပေးတယ်"
ယဲ့ဖေးကျိုးသည် အထဲကို ကြည့်လိုက်ရာ အိတ်ထဲတွင် သူ့အကြိုက်ဆုံး မက်ကာဒမီးယားအခွံမာသီးနှင့် ဗနီလာအရသာများထည့်ထားသော ရေခဲမုန့်ဘူးလေးများကို တွေ့လိုက်ရသည်။
နှစ်မိနစ်အကြာတွင် ယဲ့ဖေးကျိုးသည် စားပွဲတွင်ထိုင်ကာ နာခံစွာ ပါးစပ်ဟရင်း ရှန်ရှင်ယွင် သူ့အား ကျွေးနေသော ရေခဲမုန့်ကို တစ်လုတ်စားလိုက်သည်။
ရှန်ရှင်ယွင်သည် အနည်းငယ် မျက်လုံးများကျဉ်းမြောင်းပြီး ကောင်လေး၏နူးညံ့သောလျှာပေါ်က အဖြူရောင်ရေခဲမုန့် အရည်ပျော်သွားတာကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ထို့နောက် ဇွန်းကြီးတစ်ဇွန်းကို ခပ်ယူပြီး သူ့ကို ကျွေးလိုက်သည်။
ယဲ့ဖေးကျိုးသည် သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး နောက်အလုတ်ကြီးစားလိုက်သည်။
ရှန်ရှင်ယွင်သည် အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။ "ကောကောကျွေးတဲ့ မုန့်က အရသာရှိလား"
ယဲ့ဖေးကျိုးက ခေါင်းညိတ်လိုက်သည်။ "အရသာရှိလိုက်တယ်"
"ဟီးဟီး" ရှန်ရှင်ယွင် ကျိတ်ရယ်လိုက်သည်။
ယဲ့ဖေးကျိုး: "…"
ဒီတစ်ခေါက် ဒီလူဆိုး ဘာတွေတွေးနေတာလဲ ငါ့ကို ဘယ်သူပြောပြနိုင်သလဲ။
ရှန်ရှင်ယွင်သည် ပေါ့ပေါ့တန်တန် ချောင်းဟန့်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ကိုယ် မဲနှိုက်ပေးရမဲ့ တစ်ခုခုများရှိလား"
"ရှိတယ်" ယဲ့ဖေးကျိုးသည် ဤစကားကိုကြားတော့ ယဲ့ဖေးကျိုး ချက်ချင်း နိုးလာပြီး တခြားစားပွဲပေါ်က ကွန်ပျူတာကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ကျွန်တော့်ကို ထူးခြားဆန်းပြားသလင်းကျောက်မဲနှိုက်ပေးပါ"
ယဲ့ဖေးကျိုး လက်ရှိကစားနေသော ဂိမ်းမှာ ထိပ်တန်းလက်နက်များ ဖန်တီးရန်အတွက် ထူးခြားဆန်းပြားသလင်းကျောက်များက ရှားပါးပစ္စည်းတစ်မျိုးဖြစ်သည်။ သူတို့သည် dungeon များတွင် ကျဆင်းမှုများအနေဖြင့်သာ ရရှိနိုင်ပြီး ကျဆင်းမှုနှုန်းကလည်း အလွန်နည်းပါးသည်။ သို့သော် မကြာသေးခင်က ဂိမ်း၏ငါးနှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် တရားဝင်အဖွဲ့သည် ထူးခြားဆန်းပြားသလင်းကျောက်များကို ထုတ်ယူရန် recharge event တစ်ခုကို စတင်ခဲ့သည်။
"ကိစ္စမရှိပါဘူး" ရှန်ရှင်ယွင်သည် ကွန်ပြူတာစားပွဲကို လျှောက်သွားပြီး ထိုင်လိုက်သည်။ ကွန်ပျူတာဖွင့်ရန်ပြင်နေစဉ် ၎င်းသည် sleep mode တွင်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် မောက်စ်ကို ရွေ့လိုက်သည်။
ရုတ်တရက် ဖန်သားပြင်ပေါ်တွင် အမြင့်ဆုံးဖြစ်အောင် ပြုလုပ်ထားသော ဗီဒီယိုတစ်ခု ပေါ်လာသည်။
ကြီးမားသောဖန်သားပြင်ပေါ်တွင် ဖော်မပြနိုင်သော အရာတစ်ခုရှိနေပြီး တစ်ဝက်က ဖန်းသားပြင်ကနေ ထွက်ပေါ်နေပြီး ကျန်တစ်ဝက်ကိုတော့ တခြားယောက်ျားတစ်ယောက်၏ ဖော်မပြနိုင်သောအရာထဲကို ထည့်သွင်းထားသည်… ထို့နောက် လူနှစ်ယောက်လုံး၏ မျက်နှာအမူအရာများက ဖော်ပြ၍မရအောင် ပေါ်လွင်နေသည်။
ယဲ့ဖေးကျိုးသည် နေရာမှာတင် မေ့လဲလုနီးပါးဖြစ်သွားသည်: "…"
အားးးးးးးး…
ဤနယ်ပယ်နှင့် ပတ်သက်ပြီး သူသည် ဘာမှမသိသလောက်ဖြစ်တာကြောင့် ရက်အနည်းငယ်က ဂေးဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသော သခင်လေးယဲ့သည် ဤနယ်ပယ်အကြောင်း ပို၍လေ့လာသင့်သည်ဟု ခံစားခဲ့ရသည်။ အလှည့်အပြောင်း တော်တော်များများ ကြုံတွေ့ပြီးနောက်မှာတော့ သူသည် အွန်လိုင်းတွင် ဂေးဗီဒီယိုအနည်းငယ်ကို ဒေါင်းခဲ့သည်။ သည်မနက် နာနီသည် အားလပ်ရက်ယူနေပြီး မိဘများ မရှိတာကို အခွင့်ကောင်းယူကာ အောင်မြင်စွာ လွတ်လွတ်လပ်လပ် နေနိုင်ခဲ့သည်။
ထင်ထားသလို ယဲ့ဖေးကျိုးသည် ဂေးဗီဒီယို၏ ညစ်ညမ်းပုံများကြောင့် လုံးဝစိတ်လှုပ်ရှားသွားခဲ့သည်။ ကွန်ပျူတာရှေ့တွင် အပြည့်အဝ ပျော်ရွှင်နေပြီးနောက် တစ်စုံတစ်ယောက်က သူ့အိမ်ကို ရုတ်တရက်လာလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ပိတ်မထားခဲ့ပေ။ နေ့လယ်ခင်း စာကျက်ရတာ မောလာသောအခါ နောက်တစ်ခါ ပြန်ကြည့်ရန်ပင် စဉ်းစားနေခဲ့သည်။
ရလဒ်ကတော့……
ယဲ့ဖေးကျိုး မျက်နှာနီရဲပြီး စိတ်ပျက်လက်ပျက်ဖြင့် ခုန်လိုက်ကာ ကွန်ပျူတာကို ပိတ်ရန် ပြေးသွားသည်။ သို့သော် သူ မြန်မြန်လုပ်မိ၍ ညာဘက်ခြေချောင်းလေးက စားပွဲထောင့်ကို ကန်မိသွားသည်။
"ကိုယ်ပိတ်လိုက်ပြီ။" ရှန်ရှင်ယွင်သည် ဗီဒီယိုကို အမြန်ပိတ်လိုက်ပြီး နာကျင်မှုကြောင့် မျက်ရည်ဝဲနေသောမျက်လုံးများနှက့် ယဲ့ဖေးကျိုးကို ကောက်ပွေ့ကာ စာကြည့်ခန်းထဲက ခုတင်လေးပေါ်ချပေးလိုက်သည်။ ထို့နောက် ယဲ့ဖေးကျိုး၏ကံမကောင်းစွာပဲ ဒဏ်ရာရနေသော ခြေချောင်းလေးကို ပွတ်သပ်လိုက်သည်။
ရှန်ရှင်ယွင်က ဝမ်းနည်းပူဆွေးစွာပြောသည်။ "နာတယ်..."
"လူရှုပ်ကလေး" ရှန်ရှင်ယွင်သည် ခဏလောက် ယဲ့ဖေးကျိုး၏ခြေထောက်ကို ပွတ်သပ်နေပြီးနောက် သူ့ခြေထောက်မှ ခြေအိတ်ဖြူဖြူကို ချွတ်လိုက်သည်။ သူ၏ခြေချောင်းလေးများကို ငုံ့ကြည့်လိုက်ပြီးနောက် သူက နူးညံ့စွာ အပြစ်တင်လေသည်။ "ကိုယ် မင်းကို စက္ကန့်တောင် မျက်စိလွှဲထားလို့မရပါလား။"
"…ခင်ဗျား ဘာမှမတွေ့လိုက်ဘူး" ယဲ့ဖေးကျိုးက မှုန်ကုပ်ကုပ် ပြောလိုက်သည်။
"ကိုယ်အားလုံးမြင်ပြီးပြီ" ရှန်ရှင်ယွင်သည် တိုးတိုးလေး ရယ်ပြီး သူ့လက်ချောင်းများက ယဲ့ဖေးကျိုး၏ခြေဖဝါးကျု ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏တမင်တကာ တိုးလျလျအသံက ပုံမှန်ထက်တောင် ပိုပြီးဆွဲဆောင်မှုရှိသည်။ "ပြီးတော့ အဲဒီဗီဒီယိုကို ကြည့်ရတာ ကိုယ် ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုတောင် စိတ်ကူးယဉ်မိတယ်…"
ယဲ့ဖေးကျိုးသည် အလွန်ရှက်သွားပြီး နေရာမှာတင် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်: "…"
ရှန်ရှင်ယွင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "နောက်တော့ ကိုယ်တောင်သွားတယ်"
ယဲ့ဖေးကျိုးက အံကြိတ်လိုက်သည်။ "ပါးစပ်ပိတ်ထား"
"ကိုယ် ဘာမှမလုပ်နိုင်တာ ဝမ်းနည်းစရာပဲ" ရှန်ရှင်ယွင်သည် နှုတ်ခမ်းကို သပ်လိုက်ကာ သူ၏ပူလောင်နေသောအကြည့်က ယဲ့ဖေးကျိုး၏ညာဘက်ခြေဗလာပေါ် ကျရောက်သွားသည်။
ညာဘက်ခြေဖဝါးတွင် ရှည်လျားသော အမာရွတ်တစ်ခုရှိသည်။
"...ဒါက ဘယ်လိုဖြစ်တာလဲ" ရှန်ရှင်ယွင်သည် ခဏလောက် တိတ်ဆိတ်သွားပြီး သူ့အကြည့်သည် ချက်ချင်း အေးစက်သွားပြီး သူ့လက်ချောင်းထိပ်များက အမာရွတ်ပေါ် ကျရောက်သွားသည်။
"ကျွန်တော် ငယ်ငယ်က ဖြစ်ခဲ့တာ" ယဲ့ဖေးကျိုးသည် အကြောင်းအရာကိုပြောင်းရန် အခွင့်အရေးကို အလျင်အမြန်ဆုပ်ကိုင်ပြီး ကမန်းကတန်းရှင်းပြသည်။ "ကျွန်တော် ကလေးတုန်းက ကျွန်တော့်မိဘတွေရဲ့ အိမ်ဟောင်းဖြစ်တဲ့ ကျေးလက်တောရွာမှာ နေခဲ့တာလေ။ ငန်းဖြူကြီးတစ်ကောင်က ကျွန်တော့်နောက်ကိုလိုက်တော့ မြစ်ထဲပြုတ်ကျသွားတာ။ မြစ်အောက်ခြေမှာ တစ်ယောက်ယောက်ထားထားတဲ့ သံချိတ်နဲ့ ခြစ်မိသွားတာ… ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အမြဲကံဆိုးသလို ငယ်ငယ်တုန်းကလည်း အရမ်းဆိုးတာလေ။ ကျွန်တော့်ခန္ဓာကိုယ်မှာ အမာရွတ်တွေ အများကြီးပဲ"
"...ကိုယ်တောင်းပန်ပါတယ်" ရှန်ရှင်ယွင်၏ မျက်လုံးများသည် မည်းမှောင်နေပြီး မကြာခင်က စိုးရိမ်သောအကြည့်များ ပျောက်သွားသည်။ "ကိုယ် မင်းကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး"
ယဲ့ဖေးကျိုးသည် သူ့လက်များကို ကူကယ်ရာမဲ့ ဝှေ့ယမ်းကာ ပြောလေသည်။ "ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ... ထူးခြားဆန်းပြားသလင်းကျော်ကို ရအောင် ခင်ဗျား ကူညီပေးပါလား။"
အရမ်းကောင်းတယ်၊ အကြောင်းအရာက လုံးဝပြောင်းသွားပြီ။
"ကောင်းပြီ" ရှန်ရှင်ယွင်သည် သူ့မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ "မင်းပြောတဲ့အတိုင်းခေါ်ရင် ကိုယ် မဲနှိုက်ပေးမယ်"
ယဲ့ဖေးကျိုး: "…"
ရှန်ရှင်ယွင်သည် သူ့လက်ကို ဖမ်းကိုင်လိုက်သည်။ "ကိုယ့်ကို အစ်ကိုရှင်ယွင်လို့ မြန်မြန်ခေါ်၊ ဒီတစ်ခါတော့ မင်း ထွက်ပြေးလို့မရဘူး"
ယဲ့ဖေးကျိုးသည် ခက်ခက်ခဲခဲ နှုတ်ခမ်းကိုလှုပ်ယမ်းရင်း ခဏတာ ရုန်းကန်ပြီး ခေါ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ "အစ်ကို"
"နာမည်နှစ်လုံးပျောက်နေသေးတယ်။" ရှန်ရှင်ယွင်သည် ကျီစယ်သောအပြုံးဖြင့် ပြောသည်။
"မရဘူး၊ အဲဒါက အရမ်းချွဲပစ်လွန်းတယ်" ယဲ့ဖေးကျိုးက သူ့ကို စိုက်ကြည့်နေသည်။
"မင်း မခေါ်ရင် ကိုယ် မဲမနှိုက်ဘူး" ရှန်ရှင်ယွင်၏မျက်နှာက မည်းမှောင်သွားသည်။
ယဲ့ဖေးကျိုးက အပေးအယူလုပ်ရန် ကြိုးစားသည်။ "ခင်ဗျား မဲနှိုက်ပြီးမှ ကျွန်တော်ခေါ်မယ်"
ရှန်ရှင်ယွင်သည် ကျစ်စုပ်သပ်ရင်း ခေါင်းခါလိုက်သည်။ "မင်း ကိုယ့်ကို အရူးလုပ်သွားတာ နှစ်ကြိမ်ရှိပြီ။ သုံးကြိမ်တော့မရဘူး"
ယဲ့ဖေးကျိုးသည် သူ၏တောက်ပပြီး ကြီးမားသောမျက်လုံးများဖြင့် ရှန်ရှင်ယွင်ကို သနားစရာကောင်းအောင် စိုက်ကြည့်နေသည်။
ရှန်ရှင်ယွင်သည် အလွန်အေးစက်ပြီး အကြင်နာမဲ့နေခဲ့သည်။ "အသုံးမဝင်ဘူး၊ မြန်မြန်ခေါ်"
ယဲ့ဖေးကျိုးသည် အလွန်မသက်မသာ ခံစားလိုက်ရပြီး သူ့ပါးပြင်ကနေ လည်ပင်းအထိ ရှက်သွေးဖြာကျသွားသည်။ အတော်ကြာအောင် ထိန်းထားပြီးနောက် နောက်ဆုံးတွင် သူသည် တိုးတိုးလေး ကြောင်အသံဖြင့် ခေါ်လိုက်သည်။ "အစ်ကိုရှင်ယွင်…"
"..." ရှန်ရှင်ယွင်သည် ဘာမှပြန်မပြောဘဲ မလှုပ်မယှက်ဖြစ်နေသည်။
ယဲ့ဖေးကျိုးက စိုးရိမ်တကြီးဖြင့် "ခင်ဗျား ကတိတည်တော့လေ"
ရှန်ရှင်ယွင်က တိတ်တဆိတ်ဆိုသည်။ "ကောင်းပြီ၊ ခဏစောင့်ဦး"
ယဲ့ဖေးကျိုး: "…"
ရှန်ရှင်ယွင်သည် မျက်ခုံးပင့်လိုက်ပြီး "မင်းအရိုးတွေက မတ်တတ်ရပ်ဖို့ အရမ်းပျော့နေတယ်။"
ယဲ့ဖေးကျိုး: "…"
"ဒါကြောင့် အခုကစပြီး မင်းကိုယ့်ကို မကြာခဏ ခေါ်ရမယ် ဒါမှ ကိုယ် စိတ်မခုမှာ" တစ်မိနစ်ကြာပြီးနောက် ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုးကို ပွေ့ပြီး ကွန်ပျူတာဆီ ခေါ်သွားကာ သူ့ပေါင်ပေါ်တွင် ထိုင်စေပြီး ညင်သာစွာ ပြောသည်။ "မဲနှိုက်မဲ့နေရာကိုဖွင့်လိုက်"
ယဲ့ဖေးကျိုးသည် မျက်လုံးများ တောက်ပလာပြီး ဂိမ်းထဲသို့ ကျွမ်းကျင်စွာ ဝင်ရောက်ပြီး မဲနှိုက်သည့်နေရာသို့ လမ်းညွှန်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် အနီရောင်ပင်လယ်ကြီးတစ်ခုကဲ့သို့ တူညီသောမီးအိမ်ဆယ်ခု ပေါ်လာသည်။
"ခင်ဗျား စုစုပေါင်းဆယ်ခုနှိုက်လို့ရတယ်" ယဲ့ဖေးကျိုးက ရှင်းပြသည်။
"အတူတူလုပ်မယ်" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏လက်ပေါ် လက်ညှိုးတင်ပြီး ယဲ့ဖေးကျိုး၏လက်ညှိုးကို ဖိထားကာ ဘယ်ဘက်မောက်စ်ခလုတ်ကို ဖိထားလိုက်သည်။ သူ့နှုတ်ခမ်းများက ယဲ့ဖေးကျိုး၏နားရွက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ဒီနေ့ ဆုကြီးရတဲ့အခါ ဘယ်လိုခံစားရသလဲဆိုတာ ကိုယ်မင်းကို ခံစားကြည့်ခွင့်ပေးမယ်။"
မောက်စ်မြားတံသည် ဖန်သားပြင်ပေါ်ရှိ မီးအိမ်ဆယ်လုံးကြားတွင် ခဏတာမျှ ရွေ့နေပြီးမှ အပေါ်ဆုံးတန်းရှိ ဘယ်ဘက်မှ တတိယမြောက်မီးအိမ်တွင် ရပ်တန့်သွားသည်။
ရှန်ရှင်ယွင်က အမိန့်ပေးသည်။ "နှိပ်လိုက်"
သူတို့နှစ်ယောက်သည် ဘယ်ဘက်မောက်စ်ခလုတ်ကို တစ်ချိန်တည်းနှိပ်လိုက်ကြပြီး ယဲ့ဖေးကျိုးသည် သုံးနှစ်ကြာတောင့်တခဲ့သော ရွှေရောင်ထူးခြားဆန်းပြားသလင်းကျောက်ကို ဖန်သားပြင်ပေါ်မှာ ပေါ်လာတာ မြင်လိုက်ရသည်။ ချက်ချင်းပဲ ဂိမ်းကြေညာချက်များက အလျင်အမြန် ပြန်လည်စတင်လာသည်။
"[ကမ္ဘာ့ကြေညာချက်] ကစားသမား xxx သည် ငါးကြိမ်မြောက် အထိမ်းအမှတ်ပွဲအတွင်း [ထူးခြားဆန်းပြားသလင်းကျောက်]ကို အောင်မြင်စွာရယူနိုင်ခဲ့ပါသည်"
ကမ္ဘာ့ချက်တွင် တခြားကစားသမားများဆီက မနာလိုသောမှတ်ချက်များနှင်ြ ချက်ချင်း ပြည့်နှက်သွားခဲ့သည်။ တချို့က ၎င်းကို ဂိမ်းက လိမ်လည်ထားသည်ဟု ပြောကြပြီး တချို့က ငွေညှစ်တာဟု ပြောကြသည်၊ တချို့က ကံကောင်းတာဟု ပြောကြသည်၊ တချို့က ကံကောင်းသောကစားသမားကို ကိုးကွယ်နေတာဟု ပြောကြသည်။
ဤအခိုက်အတန့်တွင် ကာလကြာရှည် ကံဆိုးသူခေါင်းဆောင် ယဲ့ဖေးကျိုးသည် ဘဝတွင် အောင်နိုင်သူဖြစ်ခြင်း၏ စိတ်လှုပ်ရှားဖွယ်ရာကို နောက်ဆုံးတွင် ကြုံတွေ့ခဲ့ရသည်။
"ကျွန်တော်ကိုယ်တို
င် နှိပ်လိုက်တာ။" ယဲ့ဖေးကျိုးက မျက်ရည်အပြည့်ဖြင့် ပြောလိုက်သည်။
"မင်းကိုယ်တိုင် နှိပ်လိုက်တာ။" ရှန်ရှင်ယွင်သည် ပြုံးပြီး သူ့ပါးကို နမ်းလိုက်သည်။
TK Team Chapter 61