Chapter 63
Viewers 2k

【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၁၁】


Chapter 63


ထိုနေ့ ညဆယ်နာရီခွဲတွင် ယဲ့ဖေးကျိုးသည် တရုတ်စာအုပ်တစ်အုပ်ကိုကိုင်ကာ စကားပြေကို ရွတ်ရင်း ခုတင်ပေါ်၌ တစ်ဝက်တစ်ပျက် လဲလျောင်းနေလျက် ကန့်လန့်ကာနောက်ကွယ်မှ တဒေါက်ဒေါက်အသံနှစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။


"...ဘယ်သူလဲ" ယဲ့ဖေးကျိုးသည် သူ့တရုတ်စာအုပ်ကိုချပြီး စောင်ကို ဖယ်လိုက်ကာ ခုတင်ပေါ်ကနေ ထလိုက်သည်။ သူသည် ခြေဖျားထောက်သွားပြီး ကန့်လန့်ကာကိုဖွင့်ကာ အပြင်ကို ကြည့်လိုက်သည်။


ရှန်ရှင်ယွင်၏မျက်နှာသည် ပြတင်းပေါက်အပြင်ဘက်က မည်းမှောင်နေသောနောက်ခံမှာ ပေါ်လာသည်။ ယဲ့ဖေးကျိုးသည် ကန့်လန့်ကားကြားက အပေါက်လေးကနေ လှမ်းကြည့်နေတာကို သတိထားမိသောအခါ နှုတ်ခမ်းစူပြိး အဝေးကနေ အနမ်းတစ်ပွင့်ပေးလိုက်သည်။


ထင်ထားသလိုပဲ… ယဲ့ဖေးကျိုးသည် တိတ်တဆိတ် ပြုံးလိုက်ရင်း သူ၏အရောင်ဖျော့ဖျော့ မျက်လုံးအိမ်များကက ကြည်လင်တောက်ပနေသည်။


သူသည် ပြတင်းပေါက်ကိုဖွင့်ပြီး ရှန်ရှင်ယွင်ကို ဝင်ခွင့်ပြုလိုက်ကာ စိတ်လှုပ်ရှားစွာ တိုးတိုးလေးပြောသည်။ "တိတ်တိတ်နေ၊ ကျွန်တော့်မိဘတွေက ဘေးအခန်းထဲမှာ၊ နာနီက အောက်ထပ်မှာ…"


ရှန်ရှင်ယွင်သည် ပြုံးပြီး ခေါင်းညိတ်ပြကာ ပြတင်းပေါက်ဘောင်မှ မြေပြင်ပေါ်သို့ သိုသိုသိပ်သိပ် ဆင်းသွားသည်။ စကားတစ်ခွန်းမှမပြောဘဲ တံခါးအပြင်ဘက်မှ အသံများကို နားထောင်ရန် လည်ပင်းကိုဆန့်ထားဆဲဖြစ်သော ယဲ့ဖေးကျိုးကို ဆွဲယူကာ မေးစေ့ကိုမော့ပြီး အတင်းနမ်းလိုက်သည်။ ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ ရှန်ရှင်ယွင်၏အမျိုးသားသုံး ရေမွှေးရနံ့၏ထူးခြားပြီး ကြည်နူးစရာ၊ ကြော့ရှင်းခြင်း၊ တန်ဖိုးကြီးပြီး ရန်စသောအရိပ်ယောင်များဖြစ်သည့် ရင်းနှီးသော ရှန်ရှင်ယွင်၏ကိုယ်ပိုင်ရနံ့က သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ပြတင်းပေါက်ကနေ လျှို့ဝှက်တွေ့ဆုံမှုဆိုသော တားမြစ်ထားသည့်ခံစားချက်နှင့်အတူ… ယဲ့ဖေးကျိုး၏အသက်ရှူသံများက ချက်ချင်း မြန်ဆန်လာပြီး သူ မိနစ်နှစ်ဆယ်ကြာ ကျက်မှတ်ထားသော တရုတ်စာများ ချက်ချင်း ပျောက်ကွယ်သွားသည်။


"ကိုယ် မင်းကို လွမ်းနေတာ" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နားထဲကို တိုးတိုးလေးပြောလိုက်ရင်း သူ၏နွေးထွေးသောအသက်ရှူသံက သူ့နားထဲတွင် ဝဲနေသည်။


"အရမ်းနောက်ကျနေပြီကို…" ယဲ့ဖေးကျိုးသည် သူ့ညအိပ်အင်္ကျီကို အဆင်မပြေစွာ ဆုပ်ကိုင်လိုက်သည်။

 

၎င်းသည် သူ့ကိုယ်ပိုင်အိပ်ခန်းဖြစ်ပြီး တံခါးကို သော့ခတ်ထားသောကြောင့် ယဲ့ဖေးကျိုးသည် သက်သောင့်သက်သာရှိစေရန် ညအိပ်ဝတ်စုံအောက်တွင် ဘာမှမဝတ်ထားပေ။ သူ့တင်ပါးတစ်ဝက်လောက်သာ ဖုံးအုပ်ထားသော ဘောင်းဘီတိုနှင့် အင်္ကျီလက်တိုသာ ဝတ်ထားသည်။ သူ၏သွယ်လျပြီး ဖြောင့်စင်းသောခြေထောက်နှစ်ချောင်းကို ပေါ်လွင်စေပြီး စားပွဲတင်မီးအိမ်၏ နွေးထွေးသောအဝါရောင်အလင်းအောက်တွင် ပျားရည်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ နွေးထွေးပြီး ဆွဲဆောင်မှုရှိသောပုံပေါက်သည်။ 


ရှန်ရှင်ယွင်သည် အောက်သို့ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်က ထိုခြေထောက်နှစ်ဖက်ပေါ်တွင် ရပ်တန့်နေကာ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ "မင်းကိုမတွေ့တော့ ကိုယ်အိပ်မပျော်ဘူး၊ မင်းကိုတွေ့တော့ ကိုယ်အသက်ရှူကျပ်လာတယ်"


"အဓိပ္ပါယ်မရှိတာမပြောနဲ့" ယဲ့ဖေးကျိုးသည် အလျင်အမြန် တစ်ဖက်ကိုလှည့်ပြီး ခုတင်ပေါ်တက်ကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို စောင်ပါးပါးလေးဖြင့် ခြုံလိုက်သည်။


ရှန်ရှင်ယွင်က တသသပြောလေသည်။ "အပြာရောင်လေးနဲ့ အရမ်းချစ်စရာကောင်းတယ်။ ဒါပေမဲ့ ကိုင်ခွင့်မရှိတာ ဝမ်းနည်းစရာပဲ"


"…" ယဲ့ဖေးကျိုးသည် ရှက်လွန်း၍ နေရာမှာတင် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။


ဒီလူဆိုးကောင် မဝင်လာခင် ငါ အတွင်းခံဝတ်လိုက်သင့်တာ။ ကြီးမားတဲ့အမှားပဲ။


ရှန်ရှင်ယွင်သည် ဖိနပ်ကိုချွတ်ပြီး နံရံတွင် ထောင်ထားကာ ခြေဗလာဖြင့် ခုတင်ပေါ်တက်ပြီး ယဲ့ဖေးကျိုးဘေးတွင် ဝင်ထိုင်လိုက်သည်။


ယဲ့ဖေးကျိုးက အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ "ကျွန်တော် ၁၁ နာရီဆို အိပ်တော့မှာ၊ ခင်ဗျား ကျွန်တော်နဲ့အတူ နာရီဝက်လောက်နေပါလား"


"သိပ်မကောင်းဘူး။" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုးကို ပွေ့ဖက်လိုက်ရင်း သူ့လည်ပင်းကို နှာသီးဖြင့်ပွတ်သပ်ပြီး စနောက်သောလေသံဖြင့် ပြောသည်။ "ကိုယ်က မင်းနဲ့အိပ်ချင်တာ"


ယဲ့ဖေးကျိုးက သူ့ကိုစိုက်ကြည့်ပြီး ပြတ်သားစွာ ငြင်းလိုက်သည်။ "ကျွန်တော် အသက်မပြည့်သေးဘူး"


ရှန်ရှင်ယွင်က အပြစ်ကင်းစွာ ကြည့်နေသည်။ "ဘေဘီ၊ ကိုယ်ပြောတဲ့ 'အိပ်ချင်တယ်'ဆိုတာက ရိုးရိုးသားသားပြောတာပါ…" 


ယဲ့ဖေးကျိုး: "…"


ဒါဆိုရင် ခင်ဗျားရဲ့ညစ်ညမ်းတဲ့လေသံ ဘာကိုဆိုလိုတာလဲ။


"အဆင်ပြေလား" ရှန်ရှင်ယွင်က တိုးတိုးလေးမေးသည်။


အိပ်ခန်းတံခါးကို သော့ခတ်ထားသောကြောင့် ယဲ့ဖေးကျိုးသည် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "ခင်ဗျားအသံကိုလျှော့နော်၊ အခန်းထဲကမထွက်နဲ့၊ ခင်ဗျား သန့်စင်ခန်းသွားချင်ရင် ကျွန်တော့်ကိုပြော"


"စိတ်မပူပါနဲ့" ရှန်ရှင်ယွင်သည် ကျီစယ်စွာ လက်ဆန့်ပြီး ယဲ့ဖေးကျိုး၏ခါးကို ညှစ်လိုက်သည်။


ယဲ့ဖေးကျိုးသည် တရုတ်ဖတ်စာအုပ်ကိုဖွင့်ပြီး သူ့ရင်ခွင်ပေါ် ဖြန့်ထားသည်။ "ကျွန်တော် တရုတ်စာ အလွတ်ကျက်တော့မယ်။ မနက်ဖြန် အတန်းထဲမှာ ဆရာက ကျပန်းမေးမှာ"


ရှန်ရှင်ယွင်က သူ့လက်ကို ပြန်ရုပ်လိုက်သည်။ "မင်းကျက်လေ၊ ကိုယ်မနှောင့်ယှက်ဘူး"


ယဲ့ဖေးကျိုးသည် ခေါင်းယမ်းလိုက်ပြီး အလွတ်ကျက်ရမည့် စာသားတစ်ခုလုံးကို အာရုံစိုက်ဖတ်ရှုပြီးနောက် ရွတ်ဆိုရန် ပြင်ဆင်သည့်အနေဖြင့် စာသားစာမျက်နှာကို အောက်သို့ မှောက်လိုက်သည်။


သူ အလွတ်ကျက်တာ ပြီးသွားလုနီးပါးဖြစ်ခဲ့သော်လည်း ရှန်ရှင်ယွင်၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် အနှောင့်အယှက်ဖြစ်သွားတာကာ တစ်ခါဖတ်ပြီးနောက် သူ့အတွေးများ ပြန်ပေါ်လာသည်။


"မင်း မှတ်မိလောက်ပြီလို့ ကိုယ်ထင်တယ်။ မင်းမှားရင် ကိုယ်ထောက်ပေးမယ်" တစ်ချိန်လုံးတိတ်ဆိတ်နေသော ရှန်ရှင်ယွင်သည် သူ့စာအုပ်ကို ကောက်ယူပြီး လေးနက်စွာ ပြောလိုက်သည်။ "စတော့"


ယဲ့ဖေးကျိုးသည် သူ့နှလုံးသားထဲတွင် ထူးဆန်းသော ချိုမြိန်မှုကို ခံစားရပြီး တရုတ်စာသားများပင် ပို၍နှစ်သက်ဖွယ်ကောင်းလာသကဲ့သို့ ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။


သူ ရွတ်ဆိုတာ လေးပုံတစ်ပုံရှိလာသောအခါ ရှန်ရှင်ယွင်က ကြားဖြတ်လိုက်သည်။ "မှားတယ်၊ ရှောင်ဖုန်းတိပါ၊ ရှောင်တိဖုန်းမဟုတ်ဘူး"


ယဲ့ဖေးကျိုး လျှာထုတ်လိုက်သည်။ "လွှတ်ခနဲပြောမိလိုက်တာ"


ရှန်ရှင်ယွင်သည် ခပ်တိုးတိုးရယ်ရင်း ယဲ့ဖေးကျိုး၏နဖူးကို အမြန်နမ်းလိုက်ပြီး ပြောသည်။ "မင်း ထပ်ပြီးအမှားလုပ်ရင် ကိုယ် ထပ်နမ်းမယ်"


ယဲ့ဖေးကျိုး ရှက်သွားပြီး ခဏတာရွက်ဆိုပြီးနောက် သူ့ကို ရှန်ရှင်ယွင်မှ ကြားဖြတ်ခဲ့သည်။ "ဒါက ရှင်းဝူပါ၊ ရှင်းလွီမဟုတ်ဘူး"


"ဟုတ်ပြီ၊ ရှင်း…" ယဲ့ဖေးကျိုး ခေါင်းညိတ်ပြီး သူမသိလိုက်ခင် သူ့နှာခေါင်းက အနမ်းခံလိုက်ရပြန်သည်။


ယဲ့ဖေးကျိုး: "…" 


"ဆက်ဆို" လူဆိုးကောင် ဆရာရှန်ရှင်ယွင်သည် အာဏာရှင်ဆန်ဆန် ပြောလာသည်။


ထို့နောက် ယဲ့ဖေးကျိုးသည် နောက်ထပ်အပိုင်းသုံးပိုင်းကို မှားသွားပြီး ရှန်ရှင်ယွင်သည် သူ့နှုတ်ခမ်းနှင့် မေးစေ့ကို နမ်းလိုက်ပြီး သူ့ညအိပ်ဝတ်စုံကော်လာကို မြှောက်ကာ သူ့ညှပ်ရိုးကို နမ်းလိုက်သည်။ ရှန်ရှင်ယွင်သည် ဆက်လုပ်ချင်နေပုံရသော်လည်း ယဲ့ဖေးကျိုးက ရွတ်ဆိုပြီးသွားပြီဖြစ်သည်။


"ကျစ်… အခုတော့ အခွင့်အရေးမရှိတော့ဘူး" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏ရင်ဘတ်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ "ကိုယ်သာ မင်းဆိုရင် တမင်သက်သက် စကားလုံးနည်းနည်းလောက်မှားလိုက်မှာ"


ယဲ့ဖေးကျိုးက စိတ်ပါလက်ပါ သဘောတူသည်။ "ခင်ဗျားကတော့လုပ်မှာ၊ ခင်ဗျားက အကျင့်မကောင်းတဲ့လူကို"


"ကိုယ်တို့ရဲ့နားလည်မှုကို ပိုပြီးခိုင်မြဲစေဖို့ နောက်တစ်ကြိမ် ထပ်လုပ်ကြရအောင်" ရှန်ရှင်ယွင်သည် တရုတ်စာအုပ်ကို ခါယမ်းပြလေသည်။


ယဲ့ဖေးကျိုးသည် စာအုပ်ကို လုယူပြီး သူ့ဘေးနားက စားပွဲပေါ် ပစ်ချကာ သတိရှိစွာ ပြောသည်။ "မလိုဘူး"


ရှန်ရှင်ယွင်၏မကောင်းသောသင်ကြားရေးနည်းကြောင့် ယဲ့ဖေးကျိုးသည် သူလုပ်ခဲ့သောအမှားတိုင်းကို နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့သည်။ သူ ဘယ်လိုအမှားလုပ်မိခဲ့သလဲ၊ ဘယ်နေရာမှာ အနမ်းခံရသလဲဆိုသည့် မူရင်းစာသားကို သူကောင်းကောင်းမှတ်မိနေသည်။ ဒါကို သူ လုံးဝထပ်ဆိုစရာမလိုပေ။


ယဲ့ဖေးကျိုးသည် သူ့ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်ယူကာ သူ့ကိုယ်သူ လှည့်စားခဲ့သည်။ "ကျွန်တော် ဆယ်မိနစ်လောက် ကစားလိုက်ဦးမယ်" 


ဖုန်းဖန်သားပြင်လင်းလာကာ ရှန်ရှင်ယွင်၏ဆယ်လ်ဖီပုံဖြင့် နောက်ခံပေါ်လာသည်။


ယဲ့ဖေးကျိုးသည် ရှက်သွေးဖြာပြီး ဘာမှမပြောဘဲ ဂိမ်းထဲဝင်လိုက်သည်။


ရှန်ရှင်ယွင် ပျော်နေသည်။ "ကိုယ်မြင်လိုက်တယ်နော် ဘေဘီ"


ယဲ့ဖေးကျိုးသည် ဇွန်ဘီများကို တိုက်ခိုက်ရန် အာရုံစိုက်ခဲ့သည်။


ရှန်ရှင်ယွင်သည် သူ့လက်မောင်းများကို သူ့ခါးတစ်ဝိုက်တွင် ရစ်ပတ်ပြီး ရယ်လိုက်သည်။ "မင်းမိဘတွေ ကိုယ့်ပုံကိုတွေ့မှာ မကြောက်ဘူးလား"


ယဲ့ဖေးကျိုးသည် လိမ္မာပါးနပ်သောအပြုံးဖြင့် "သူတို့ ခင်ဗျားပုံကိုတွေ့သွားရင် နာမည်ကြီးတစ်ယောက်လို့ ပြောလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် နာမည်ကြီးတော်တော်များများက ခင်ဗျားလောက် ရုပ်‌မချောပါဘူး"


ရှန်ရှင်ယွင်သည် ရယ်လိုက်ရင်း ယဲ့ဖေးကျိုး၏နှာခေါင်းကို ကျီစယ်ကာ ညှစ်လိုက်ပြီး သူ့ကိုယ်ပိုင်ဖုန်းကိုထုတ်ရင်း ပြောလိုက်သည်။ "မင်းပုံကို ကိုယ်ပြောင်းထားတာ ကြာလှပြီ"


ယဲ့ဖေးကျိုး ‌ငုံ့ကြည့်လိုက်ပြီး သူ့စားပွဲတွင် စာကျက်နေသောပုံကို မြင်လိုက်ကာ သူ၏ခွင့်ပြုချက်မပါဘဲ ရှန်ရှင်ယွင်ရိုက်ယူထားကြောင်း သိသာသည်။


"ဒီတစ်ပုံက ကြည့်မကောင်းဘူး၊ ပြောင်းလိုက်" ယဲ့ဖေးကျိုးသည် နှုတ်ခမ်းစူကာ အနည်းငယ် စက်ဆုပ်သွားသည်။ "ခင်ဗျားရဲ့အကြိုက်က ဘာလို့ အဖြောင့်လိုဖြစ်ရတာလဲ…"  


"မင်းက ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကြည့်ကောင်းတယ်လို့ ကိုယ်ထင်တာကြောင့်လေ" ရှန်ရှင်ယွင်သည် ရုတ်တရက် ဘာမှမဟုတ်သည့် ချိန်မြိန်သောစကားတစ်ခွန်းကို ပြောလိုက်ပြီး သူ့ဖုန်း၏ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ကာ ယဲ့ဖေးကျိုးကို ပေးလိုက်သည်။ "မင်းရဲ့ဓာတ်ပုံတွေအပြည့်ပဲ၊ မင်း ဘယ်ပုံကို ပြောင်းစေချင်လဲ ရွေးလိုက်"


ယဲ့ဖေးကျိုးသည် ဓာတ်ပုံများကို တစ်ပုံချင်းစီ အမြန်လှန်ကြည့်လိုက်ရင်း အားလုံးက သူ့ပုံများဖြစ်သည်။ တချို့ပုံများသည် သူ၏ WeChat Moment တွင် တင်ထားသော ရှန်ရှင်ယွင်၏ဓာတ်ပုံများဖြစ်ပြီး တချို့ပုံများကတော့ ရှန်ရှင်ယွင် တိတ်တိတ်လေး ရိုက်ထားသောဓာတ်ပုံများဖြစ်သည်။


"ဒါက ဘယ်သူလဲ..." ယဲ့ဖေးကျိုးသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ဖန်သားပြင်ကို လက်ချောင်းထိပ်များဖြင့် တို့လိုက်သည်။


"ဘယ်သူမှမဟုတ်ပါဘူး" ရှန်ရှင်ယွင်က ဖုန်းကို အမြန်ပြန်ဆွဲယူလိုက်သည်။


"ဘယ်သူမှမဟုတ်ဘူးဆိုတာ ဘယ်သူလဲ" ယဲ့ဖေးကျိုးသည် အနည်းငယ် မပျော်မရွှင်သွားသည်။ ရှန်ရှင်ယွင်သည် အလွန်လျင်မြန်စွာ လုယူသွားသောကြောင့် သူ သေသေချာချာကြည့်ရန် အချိန်မရလိုက်ပေ။ သတိပေးချက်မရှိဘဲ ဖန်သားပြင်ပေါ်တွင် ပေါ်လာသောလူငယ်က အတော်လေးချောမောသည်ဆိုတာကိုသာ သူသိလိုက်သည်။ 


ရှန်ရှင်ယွင်က မျက်ခုံးပင့်ကာ ‌ရွှင်မြူးနေပုံရပြီး မေးလိုက်သည်။ "မင်း မနာလိုနေတာလား"


ယဲ့ဖေးကျိုးသည် ရိုးသားစွာ ဝန်ခံလိုက်သည်။ "အင်း၊ ကျွန်တော် မနာလိုလို့"


"သူက နာမည်ကြီးတစ်ယောက်ပါ" ရှန်ရှင်ယွင်က အပြုံးဖြင့်ပြောသည်။


ယဲ့ဖေးကျိုး၏မျက်နှာက မည်းမှောင်သွားသည်။ "…အဲဒါက ကျွန်တော့်မိဘတွေကို အရူးလုပ်ဖို့ ကျွန်တော်အသုံးပြုမဲ့ အကြောင်းပြချက်မဟုတ်ဘူးလား။ ခင်ဗျားက အရင်သုံးသွားတယ်" 


ရှန်ရှင်ယွင်သည် ကူကယ်ရာမဲ့သောအရိပ်အယောက်ဖြင့် ယဲ့ဖေးကျိုးထံ ဖုန်းပြန်ပေးလိုက်သည်။ "တကယ်နာမည်ကြီးတစ်ယောက်ပါ၊ နာမည်က လီခိုင်အန်းတဲ့။ မင်း ကြည့်လို့ရတယ်"


ယဲ့ဖေးကျိုးသည် သု့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ "ကျွန်တော် တစ်ခါမှမ‌ကြားဖူးဘူး"


ပြောပြီးနောက် သူ တကယ်ပဲ စတင်ရှာဖွေခဲ့သည်။ လီခိုင်အန်းနာမည်ကို ရိုက်ထည့်လိုက်ပြီးနောက် ရလဒ်များသည် ရှန်ရှင်ယွင်၏အယ်လ်ဘမ်ထဲကပုံနှင့် တစ်ပုံစံတည်းတူသောလူကို ပြသခဲ့သည်။ သူသည် လူသိနည်းသော သရုပ်ဆောင်တစ်ယောက်ဟု ထင်ရကာ ဘယ်သူမှမကြည့်သော တတိယတန်းစားအိုင်ဒေါဇာတ်လမ်းနှစ်ခုမှာပဲ သရုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် သူသည် တကယ်ကို ချောမောပြီး မကြာသေးခင်ကမှ နာမည်ကြီးဒါရိုက်တာချန်းနင်ခွန်းက သူ့ကိုရွေးချယ်ခဲ့ပြီး ချန်း၏နောက်ထပ်ရုပ်ရှင်တွင် အဓိကဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရန် အလွန်ကံကောင်းနိုင်သည်ဟု ဆိုကြသည်။ ယခုတော့ လီခိုင်အန်း၏နာမည်ကို ရှာကြည့်တာ သည်သတင်းက နေရာတိုင်းတွင် ပျံ့နှံ့နေသည်။


"တော်တော်ကံကောင်းတဲ့လူပဲ…" ယဲ့ဖေးကျိုးသည် ခေါင်းခါလိုက်ကာ အဓိပ္ပါယ်မဲ့ပြီး ဝေးကွာလှသော ထင်မြင်ယူဆချက်များကို သူ့စိတ်မှ ဖယ်ထုတ်ရင်း ချဉ်တင်တင် မေးလိုက်သည်။ "သူက ကျွန်တော်တို့နဲ့ မြို့တူတာပဲ။ ခင်ဗျား သူ့ကို လူကိုယ်တိုင်တွေ့ဖူးလား။"


"မဟုတ်ဘူး" ရှန်ရှင်ယွင်သည် အရှုံးပေးသည့် အမူအရာဖြင့် သူ့လက်များကို မြှောက်လိုက်ပြီး "ကိုယ် စိတ်ကူးပေါက်ရာ သိမ်းထားရုံပါ"


ယဲ့ဖေးကျိုးသည် လီခိုင်အန်း၏မျက်နှာကို ကြည့်ပြီး ရေရွတ်လိုက်သည်။ "အိုး၊ သူက တကယ်ကြည့်ကောင်းတာပဲ။ ကျွန်တော်တောင် သူ့ပုံကို သိမ်းထားချင်မိတယ်"


"ကိုယ်မှားသွားပါတယ်၊ မင်းလောက် ရုပ်မချောပါဘူး" ရှန်ရှင်ယွင်သည် ထေ့ငေါ့ပြောနေသော သခင်လေးယဲ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူ့မျက်နှာ မကောင်းသေးတာကိုမြင်တော့ ခုတင်ပေါ်တွန်းချပြီး ပြင်းပြင်းထန်ထန်နမ်းလိုက်ကာ မကျေနပ်သေးသလို နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။ သူက စကားကိုတစ်လုံးချင်း ပြောလိုက်လေသည်။ "အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပဲ ကိုယ်က မင်းတစ်ယောက်ကိုပဲ သဘောကျတာပါ။ ကိုယ့်ကို သံသယမဝင်ပါနဲ့"


ချစ်သူတစ်ယောက်အနေဖြင့် နာမည်ကြီးတစ်ယောက်၏ပုံကို သိမ်းထားတာက ပြဿနာတစ်ခုဟု မထင်ရဘဲ သူ့အမှားကိုလည်း ဝန်ခံခဲ့သည်… ယဲ့ဖေးကျိုးသည် သူ့ကိုယ်သူ အကြောင်းပြချက်နှင့် ယုံကြည်အောင်ကြိုးစားပြီး ခေါင်းအုံးတစ်လုံးကိုဆွဲယူကာ ဖက်လိုက်ပြီး တိုးတိုးလေးပြောသည်။ "ကောင်းပြီ၊ အိပ်ချိန်ရောက်ပြီ၊ ကောင်းသောညပါ"


"ကိုယ်ရှိနေတာကို မင်း ဘာလို့ ခေါင်းအုံးဖက်နေတာလဲ" ရှန်ရှင်ယွင်သည် သူ့ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး လှပကာ ကြွက်သားများ ပြည့်နေသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ ထို့နောက် သူသည် ယဲ့ဖေးကျိုး၏လက်မောင်းထဲမှ ခေါင်းအုံးကို ဆွဲယူကာ ‌ဇဝေဇဝါဖြစ်နေသော ယဲ့ဖေးကျိုးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ သူ့လက်ကို သူ့ခန္ဓာကိုယ်ထိရန် လမ်းညွှန်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "ခေါင်းအုံးထက် ပိုကောင်းတယ်မဟုတ်လား"


"..." ယဲ့ဖေးကျိုးသည် မထိန်းနိုင်ဘဲ ရှန်ရှင်ယွင်၏လက်မောင်းအပေါ်ပိုင်းရှိ ကြွက်သားများကို ညှစ်လိုက်ပြီးနောက် သူ၏ပိန်ပါးသောလက်မောင်းကိုညှစ်ပြီး သူ့နှလုံးသား၏အောက်ခြေမှ အော်ဟစ်လိုက်သည်။ "တကယ်မာတယ်"


"ပိုမာတာရှိသေးတယ်" ရှန်ရှင်ယွင်သည် သူ့ဘောင်းဘီကို ရဲတင်းစွာ ချွတ်လိုက်သည်။


ယဲ့ဖေးကျိုးက သူ့လက်ကို ဖိထားသည်။ "…ခင်ဗျားပြန်ဝတ်လိုက်"


ရှန်ရှင်ယွင်က လေးနက်သောအသံဖြင့် ပြောသည်။ "ဘောင်းဘီနဲ့အိတ်ရတာ အဆင်မပြေဘူးလေ"


ယဲ့ဖေးကျိုးက ရှက်သွေးဖြာနေသည်။ "ဘာပဲဖြစ်ဖြစ် ခင်ဗျားဝတ်ရမယ်"


ရှန်ရှင်ယွင်: "ကိုယ်အမှားလုပ်မိတယ်လို့ ခံစားရတယ်"


ယဲ့ဖေးကျိုး: "…"


ရှန်ရှင်ယွင်: "ကိုယ်ဝမ်းနည်းတယ်"


ယဲ့ဖေးကျိုး: "…"


"ချွတ်လိုက်… ချွတ်လိုက်…" ယဲ့ဖေးကျိုး ရှုံးနိမ့်သွားပြီး ပိုးကောင်ငယ်လေးကဲ့သို့ စောင်ပါးပါးဖြင့် သူ့ကိုယ်သူရစ်ပတ်ထားကာ သတိပေးလိုက်သည်။ "ထူးဆန်းတာဘာမှမလုပ်နဲ့"


ရှန်ရှင်ယွင်သည် ပိုးကောင်ငယ်လေး၏တင်ပါးကို တို့လိုက်ပြီး ရိုးသားစွာ မေးလေသည်။ "မင်းရှေ့မှာ အာသာဖြေတာ ထူးဆန်းသလား"


ယဲ့ဖေးကျိုးသည် ဘေးအခန်းက သူ့မိဘများကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ထူးဆန်းတာပေါ့… ခင်ဗျားလုပ်လို့မရဘူး"


"ဟီးဟီး" ရှန်ရှင်ယွင်သည် နူးညံ့စွာ ရယ်လိုက်ကာ ပိုးကောင်ငယ်လေး ယဲ့ဖေးကျိုးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်လိုက်လေသည်။ သူသည် မီးအိမ်ပိတ်ရန် တခြားလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ညင်သာစွာ ဆိုလေသည်။ "နောက်တာပါ။ အိပ်ရအောင်။ ကောင်းသောညပါ"


ယဲ့ဖေးကျိုးသည် အသံပြုပြီး ရှန်ရှင်ယွင်၏လက်မောင်းများထဲသို့ တိုးဝှေ့ကာ မကြာခင် ပျော်ရွှင်စွာ ဟောက်တော့သည်။


"..." ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နှာခေါင်းကို အပျော်သဘောဖြင့် ညှစ်လိုက်သည်။


ရွှင်မြူးသောဟောက်သံသည် ရုတ်တရက်ရပ်တန့်သွားပြီး ယဲ့ဖေးကျိုးသည် မျက်မှောင်ကြုတ်ကာ ရှန်ရှင်ယွင်၏လက်ကို တွန်းထုတ်လိုက်သည်။


"..." ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နှုတ်ခမ်းဆီသို့ သူ့လက်ချောင်းကို တင်ကာ ရဲတင်းစွာ ပွတ်သပ်လိုက်သည်။


ယဲ့ဖေးကျိုးသည် ဝှီးခနဲ ရှန်ရှင်ယွင်၏လက်ချောင်းကို ကိုက်လိုက်ပြီးနောက် ရွံရှာသောအမူအရာ

ဖြင့်‌ ထွေးထုတ်ကာ “ဖွီး”ဟု ဗလုံးဗထွေးပြောခဲ့သည်။


ရှန်ရှင်ယွင်သည် တိတ်တိတ်လေး ပြုံးလိုက်ပြီး သူ့မျက်လုံးများက ကြင်နာမှုနှင့် ချစ်ခင်မှုဖြင့် ပြည့်နေသည်။


TK Team Chapter 63