Ch 5
Viewers 3k

👑 Chapter 5

👑 Chasing the Show Together


စနစ်စတိုးဆိုင်ထဲ ကျန်းကျီမြောင် အမြန်ဝင်ကြည့်လိုက်သည်။


ဒီတစ်သုတ်အတွက်တော့ နာမည်ကျော် ရုပ်သံဇာတ်လမ်းတစ်ခုကို ဦးစားပေး ရွေးချယ်သင့်သည်။ စားချိန်သောက်ချိန်မှာ ကြည့်စရာ ဇာတ်လမ်းမရှိသဖြင့် အရသာတွေပျက်ပြီး ကျန်းကျီမြောင် ထမင်းတစ်ပန်းကန်သာ စားနိုင်တော့သည်။ ထို့ကြောင့် သူမ ဝိတ်တွေတောင် ကျလာပါပြီ။


The Legend of Zhen Huan ကို သူမ စိုက်ကြည့်နေသည်။


The Legend of Zhen Huan ရုပ်သံဇာတ်လမ်းတွဲတစ်ခုလုံးက အလွန်ရှည်ပါသည်။ တစ်ခုလုံးကို လဲလှယ်ချင်ပါက ၁၅ မှတ် လိုအပ်သည်။


သူမမှာ အမှတ်မလုံလောက်သေးပေ…


တခြား ရုပ်သံဇာတ်လမ်းတွဲတွေကလည်း ထိုဈေးဝန်းကျင်မှာရှိသည်။  ထို့ကြောင့် ကျန်းကျီမြောင် ဘာတစ်ခုမှမဝယ်နိုင်ခဲ့ချေ။


ကျန်းကျီမြောင် စိတ်ဓာတ်ကျသွားလေသည်။ 


“စနစ်ပိုင်ရှင်၊ တိုက်ရိုက်ဝယ်ယူလဲလှယ်မှုအပြင် ကံစမ်းမဲလှည့်ကြည့်လို့လည်း ရပါတယ်”


စနစ်က အကြံပေးလိုက်သည်။ 


“ကံစမ်းမဲတစ်ခါလှည့် ၅ မှတ်သာ ကုန်ကျပါမယ်။ စနစ်ပိုင်ရှင် လိုချင်ပေမယ့် အမှတ်မလုံလောက်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကိုတောင် ကံထူးနိုင်ပါတယ်”


“ငါ ဘာမှ မပေါက်ရင် ဘယ်လိုလုပ်မလဲ”ကျန့်ကျီမြောင် မေးလိုက်သည်။


စနစ်က ရယ်သံပါပါဖြင့် ပြောလိုက်သည်။ 


“ဒါဆိုရင်တော့ နောက်တစ်ခါ ကံထပ်စမ်းရမှာပေါ့”


ကျန့်ကျီမြောင် ဒေါသထွက်သွားလေသည်။ 


“နင်ငါ့ကို လောင်းကစားစွဲအောင် လုပ်နေတာ! ငါ ပြောထားမယ်နော်၊ ကျန်းကျီမြောင်ဆိုတဲ့ ငါက စိတ်ရှည်ရှည်ထားပြီး ၁၀ နှစ်၊ အနှစ် ၂၀ လောက် အမှတ်တွေစုရမယ်ဆိုရင်တောင် ပြန်လမ်းမရှိတဲ့ လောင်းကစားလမ်းကို ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး!


၅ မိနစ်ခန့်ကြာပြီးနောက်…


ကျန်းကျီမြောင် အသက်ရှူအောင့်ထားပြီး ရှေ့မှာ လည်နေသည့် ကံစမ်းမဲ စက်ဝိုင်းကြီးကိုစိုက်ကြည့်နေသည်။


လုပ်ပါ လုပ်ပါ လုပ်ပါ!

‘ကျေးဇူးအထူးတင်ရှိပါတယ်’ ဆိုတာကလွဲပြီး ကျန်တာအကုန်ပေါက်လို့ရတယ်!


နောက်ဆုံးတော့ စက်ဝိုင်းကြီးရပ်တန့်သွားပြီဖြစ်ကာ မြှားတံက အကွက်တစ်ခုပေါ် တိတိကျကျ ကျရောက်သွားလေသည်။


ရလဒ်ကိုမြင်သောအခါ ကျန်းကျီမြောင် မျက်လုံးများ တောက်ပသွားပြီး ရင်ထဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။


ရွေးချယ်ခံပုဂ္ဂိုလ်ဆိုတာ ငါ့လို လူမျိုးကိုခေါ်တာ!


ဒီဇာတ်လမ်းတွဲက အကောင်းဆုံးပဲ!!


ကျန်းကျီမြောင် ကံစမ်းမဲရလဒ်ကိုလက်ခံလိုက်ပြီး ရုပ်သံဇာတ်လမ်းတွဲကို တစ်ထိုင်တည်းစတင်ကြည့်ရှုဖို့ ပြင်လိုက်သည်။


ထိုစဉ် ကျွေ့ယွဲနဲ့ ယွင်ရှန်းတို့နှစ်ဦး အခန်းထဲဝင်လာလေသည်။


အခြွေအရံခေါင်းဆောင်နှစ်ယောက်တို့ ကျန်းကျီမြောင်ကို စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ကြည့်လိုက်ကြလေသည်။


မနေ့ညက အားလုံးအဆင်ပြေသွားတော့မည်ဟု သူမတို့ ယုံကြည်ခဲ့ကြသည်။ သို့သော်ငြား တစ်ညလုံး အခန်းထဲ မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ အရှင်မင်းကြီးမှာ ရေပင် တောင်းမသောက်လာခဲ့ချေ။ ထို့ကြောင့် အခြေအနေ မကောင်းမှန်း သိသာလှသည်။


“အရှင်မ… အရှင်မင်းကြီးက… နည်းနည်းတော့ တရားလွန်နေပြီထင်တယ်”ယွင်ရှန်း ခံပြင်းစွာ ပြောလာသည်။


“အရှင်မင်းကြီးကို အပြစ်မတင်ပါနဲ့”


ကျန်းကျီမြောင် လက်ရမ်းပြကာပြောလိုက်သည်။ 


“သူလည်း အဲ့လို ဖြစ်ချင်တာမှ မဟုတ်တာ”


‘သူလည်း အဲ့လို ဖြစ်ချင်တာမဟုတ်ဘူး’ဆိုတာ ဘာကိုဆိုလိုတာလဲ ?


အခြွေအရံခေါင်းဆောင်နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် မျက်နှာထားအနည်းငယ် ပြောင်းလဲသွားကြ သည်။


ထိုနှစ်ယောက်သည် ကျန်းကျီမြောင်၏လူယုံတော်များဖြစ်ကြသဖြင့် အမှန်တရားကို ဖုံးကွယ်ထားဖို့အစီအစဉ်မရှိပေ။ ထို့ကြောင့် ကျန်းကျီမြောင် တိုးညှင်းစွာ ပြောလိုက်သည်။ 


“ဒီကိစ္စအတွက် နင်တို့ကိုပဲ အားကိုးမယ်နော်၊ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာမကျဆင်းစေဖို့ ငါတို့ ဖုံးကွယ်ပေးထားရမယ်၊ ငါနဲ့ အရှင်မင်းကြီးတို့ လက်ဆက်ထိန်းမြားမှုအထမြောက်တယ်လို့ပဲ နန်းတော်တစ်ခုလုံးကယုံကြည်ထားရမယ်”


အခြေအနေကို ကျွေ့ယွဲနဲ့ ယွင်ရှန်းတို့ ခန့်မှန်းမိကြပြီး အရှင်မအတွက် စိတ်မကောင်းဖြစ်သွားကြသည်။ 


အရှင်မင်းကြီး… အရှင်မင်းကြီးမှာ ဒီလို ချွတ်ယွင်းချက်မျိုး ရှိနေတာပေါ့…


သူတို့အရှင်မ အနာဂတ်မှာ ဘယ်လိုဆက်လျှောက်လှမ်းရတော့ပါ့မလဲ!


ဝမ်းနည်းမိတာမှန်သော်လည်း ယမန်နေ့ည ဖုန့်ယီနန်းဆောင်ရှိ အခြွေအရံတိုင်းကို အပြင်စေလွှတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု တွေးလိုက်မိကြသည်။ ယခုမူ သူမတို့ လုပ်ကြံဇာတ်လမ်းတစ်ခု ထွင်ဖို့သာလိုတော့သည်။


“အရှင်မ၊ ကိုယ်လုပ်တော်တွေ စောင့်နေပါပြီ”


ကျွေ့ယွဲက သိမ်မွေ့စွာအစီရင်ခံလိုက်သည်။


ကျန်းကျီမြောင် အလွန်စိတ်ညစ်သွားခဲ့သည်။


ယွဲလင်းကြောင့် သူမ အိပ်ရေးပျက်ရရုံသာမကဘဲ ကိုယ်လုပ်တော်များကလည်း သူ့အား အေးအေးချမ်းချမ်းနေခွင့် မပေးကြပေ။ 


နေ့တိုင်း ဂါဝရလာပြုပြီး စိတ်အနှောင့်အယှက်ပေးရုံသာမက တစ်နေ့ထက် တစ်နေ့ ပိုစောလာသလိုတောင် ခံစားလာရသည်။


မနက်အစောကြီး အိပ်ရာထကြကာ ယွဲလင်းထွက်သွားမည့်အချိန်ကို ကြိုစောင့်နေပြီး သူမကို လာနှိပ်စက်ကြတာဖြစ်မည်ဟု ကျန်းကျီမြောင် သံသယဖြစ်မိသည်။


ဒီဘဝကြီးက တကယ်ခါးသီးလွန်းပါတယ်ဟယ်


“ခန်းမဆောင်ထဲမှာ စောင့်နေခိုင်းလိုက်”


ကျန်းကျီမြောင် ဆောင့်ကြီးအောင့်ကြီး အမိန့်ပေးလိုက်သည်။


အမိန့်အတိုင်း စီစဉ်ဖို့ ယွင်ရှန်း ချက်ချင်းဆိုသလိုထွက်သွားခဲ့သည်။


ကျွေ့ယွဲက တည်ငြိမ်ပြီး စည်းစနစ်ရှိသူဖြစ်သဖြင့် ကျန်းကျီမြောင်အား ကိုယ်လက်သန့်စင်ပေးကာ ဆံနွယ်များကို သပ်သပ်ရပ်ရပ် ဖြီးလိမ်းပြင်ဆင်ပေးခဲ့သည်။


ကျန်းကျီမြောင် အသင့်ဖြစ်သည်နှင့် ကျွေ့ယွဲ ကျန်ရစ်ခဲ့ပြီး ညကကိစ္စအား ဖုံးကွယ်ဖို့ စီစဉ်တော့သည်။


ဒီအခြွေအရံအားကျန်းကျီမြောင် ယုံကြည်သဖြင့် ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး ခန်းမဆောင်ထဲဝင်လာခဲ့သည်။


ခန်းမဆောင်ထဲရောက်သည်နှင့်တစ်ပြိုင်နက် ကျန်းကျီမြောင် သန်းဝေလိုက်ပြီး ထိုင်ခုံပေါ် ပျင်းရိပျင်းတွဲထိုင်ချလိုက်လေသည်။


ကိုယ်လုပ်တော်တွေကတော့ စည်းမျဉ်းစည်းကမ်းအား မချိုးဖောက်ရဲကြဘဲ ကျန်းကျီမြောင်ထံ အမြန် ဦးညွှတ်ဂါဝရပြုလိုက်ကြ သည်။


“ထိုင်စေ”


 á€€á€ťá€”်းကဝဎမဟ္ဏင် စိတ်မပါလက်မပါ ပြောလိုက်သည်။


မျက်တွင်းတွေ နက်နေသည့် ကျန်းကျီမြောင်အားကြည့်ရင်း ကိုယ်လုပ်တော်များ တွန့်ဆုတ်သွားကြသည်။


အရှင်မ တော်တော်ပင်ပန်းနေတဲ့ပုံစံပဲ၊ မနေ့ညက အခြေအနေတွေ ကောင်းလို့များလား ?


[စိတ်ရှုပ်ဖို့ကောင်းလိုက်တာ! တစ်ညလုံး အဲ့ဒီအသုံးမကျတဲ့ အရှင်မင်းကြီးကို စောင်ခြုံပေးနေရတာနဲ့တင် အိပ်ရေးပျက်တယ်! မနက်မိုးလင်းလာတော့လည်း သူ့အတွက် ဖုံးကွယ်စရာရှိတာဖုံးကွယ်ပေးပြီး သူ့ကိုယ်လုပ်တော်တွေကိုလည်း လာတွေ့ရသေးတယ်! ဒီဘဝက ရုံးဝန်ထမ်းလုပ်ရတာထက်တောင် ပိုပင်ပန်းနေပါ့လား!]


ကျန်းကျီမြောင် စိတ်ထဲမှ ငြီးငြူလိုက်လေသည်။


ဖုံးကွယ်တယ် ဟုတ်လား ?


ဘာကို ဖုံးကွယ်တာလဲ ?


ကိုယ်လုပ်တော်တွေ မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားကြသည်။ ရင်ထဲမှာလည်း စိတ်ပျက်အားလျော့သွားသော ခံစားချက်ကြီးကို ခံစားလိုက်ရပါသည်။


ဘာကို ဖုံးကွယ်ရမှာလည်းဆိုတာ သူမတို့ ခန့်မှန်းနိုင်ကြပါသည်။


ခြောက်ကပ်နေသည့် နန်းဆောင်ထဲ အထီးကျန်နေ့ရက်များအား သူမတို့ မည်သို့ဖြတ်သန်းရမည်နည်း။


ထိုအတွေးဖြင့် စိတ်ဓာတ်ပျော့ညံ့သော ကိုယ်လုပ်တော်တချို့ မျက်ရည်များပင်ဝဲလာရသည်။


ကျန်းကျီမြောင် ကိုယ်လုပ်တော်များအား နှစ်သိမ့်ဖို့အချိန်မရှိချေ။ တစ်ညလုံး ဟိုလှည့် ဒီလှည့်ဖြင့် အိပ်ရေးပျက်ခဲ့ပြီးနောက် ဗိုက်လည်း ဟောင်းလောင်းဖြစ်နေခဲ့ချေပြီ။


“ယွင်ရှန်း၊ လက်ဘက်ရည်ရယ်၊ အားဖြည့်စာတွေရယ်၊ မြေပဲရယ်၊ ဖရုံစေ့ရယ် သွားယူလာခဲ့စမ်း၊ အားလုံး မနက်အစောကြီး လာစောင့်နေရတာဆိုတော့ ဗိုက်တွေ ဆာနေကြမှာပေါ့၊ စားသောက်ရင်း စကားပြောကြရအောင်”


ကျန်းကျီမြောင် အမိန့်ပေးလိုက်သည်။


နန်းတော်၏ကျင့်ဝတ်စည်းကမ်းနှင့် မညီသော်လည်း ကျန်းကျီမြောင် ဂရုမစိုက်ပါ။


အဲ့ဒီအသုံးမကျတဲ့ အရှင်မင်းကြီးမရှိတဲ့အချိန် ဒီမှာ ငါ ဘော့စ်ပဲ!


တစ်ညလုံးအိပ်ရေးပျက်ထားပြီး မနက်စာတောင် စားလို့မရတာ ဖြစ်သင့်ရဲ့လား ?


အခြွေအရံကျွေ့ယွဲရှိနေလျှင် ကျန်းကျီမြောင်အား သတိပေးကောင်းပေးနိုင်သော်လည်း ယွင်ရှန်းကတော့ သွက်သွက်လက်လက်နဲ့ ချက်ချင်းစီမံပေးခဲ့သည်။


အချိန်တိုအတွင်း လက်ဘက်ရည်များ၊ အစားအသောက်များ တည်ခင်းပြီးသွားပြီဖြစ်သည်။


“အားလုံးက ညီအစ်မတွေပဲ၊ စားကြ သောက်ကြပြီး စကားလေးဘာလေး ပြောကြ၊ ဘာမှ အားနာစရာမလိုဘူး”


ကျန်းကျီမြောင် ပေါ့တီးပေါ့ပျက် ပြောလိုက်သည်။


ထို့နောက် ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာရှိအောင် ထိုင်လိုက်ရင်း ပဲကိတ်တစ်ခုကိုယူကာ သူမ၏ စိတ်အပန်းဖြေရာကို ဖွင့်ကြည့်လိုက်ပါသည်။


ဒီတစ်ခါတော့ သူမ ကံစမ်းမဲပေါက်ထားသည့် ရုပ်သံဇာတ်လမ်းတွဲအားကြည့်ရှုနိုင်တော့မှာဖြစ်သည်။


ကံစမ်းမဲပေါက်ခဲ့သညမှာ တခြားမဟုတ်ဘဲ ဂန္ထဝင်ဝတ္ထုဟုခေါ်ဆိုထိုက်သော ခန်းဆောင်နီအိမ်မက်ဖြစ်သည်။


ခန်းဆောင်နီအိမ်မက်ဝတ္ထုအား ရိုက်ကူးပုံဖော်ထားသည့် ဗားရှင်းတွေ အများကြီးရှိသည်။  စနစ်မှပေးအပ်ထားသည့် ဗားရှင်းက ကျန်းကျီမြောင် သဘောအကျဆုံး 1987 ဗားရှင်းဖြစ်သည်။


ထို့နောက် အပိုင်း(၁) ကို သူ ဖွင့်ကြည့်လိုက်သည်။


ပဲကိတ်ကိုလည်း ကျန်းကျီမြောင် ပျော်ပျော်ကြီးစားလိုက်သည်။ 


ထိုပဲကိတ်အား နေ့တိုင်းစားနေရသည်မှာ ငြီးငွေ့သယောင်ရှိခဲ့သော်လည်း ယခုမူ စားသောက်ရင်း ကြည့်စရာတစ်ခုခုရှိသွားပြီ ဖြစ်သဖြင့် အရသာအလိုလိုပြန်ရှိလာလေသည်။


ကိုယ်လုပ်တော်များအားလုံး၏အာရုံထဲ သာယာငြိမ့်ညောင်းသည့် သံစဉ်လေးတစ်ခုမြည်ဟည်းလာခဲ့သည်။


ကောင်းကင်ပေါ်နေမင်းကြီး မြင့်တက်လာပြီး စိမ်းစိုသောတောတောင်များ၊ ကြည်လင်အေးချမ်းသော မြစ်ချောင်းများနဲ့အတူ ခန်းဆောင်နီအိမ်မက်၏ အဖွင့်ဇာတ်ဝင်ခန်းသည် အားလုံး၏အမြင်အာရုံထဲမှာ ထွက်ပေါ်လာခဲ့သဖြင့် ကိုယ်လုပ်တော်များ အားလုံး ကြက်သေသေကုန်ကြတော့သည်။


ဒါ… ဒါ ဘာကြီးလဲ!


ယခင်တုန်းက အရှင်မ၏အတင်းအဖျင်းအသံများကိုသာ သူမတို့ ကြားခဲ့ရတာဖြစ်သည်။


ယနေ့၌  ထူးထူးဆန်းဆန်း ပုံရိပ်တစ်ခုပါ သူမတို့ အမြင်အာရုံထဲပေါ်လာခဲ့လေသည်။ ထို့အပြင် သံစဉ်လေးတစ်ခုလည်း ပါသေးသည်။


အလွန်သာယာငြိမ့်ညောင်းပြီး နားထောင်ကောင်းသဖြင့် နာမည်ကျော်တေးသံစဉ်တစ်ခုခုဖြစ်ရမည်ဟု ထင်မိကြသည်။ ကိုယ်လုပ် တော်များအားလုံးက ပညာတတ်များွေဖြစ်ကြပြီး အနုပညာပါရမီလည်းမသေးကြချေ။ သို့သော် ထိုသံစဉ်အား သူမတို့ တစ်ခါမှ ကြားဖူးခြင်းမရှိပေ။


တန်းစီထိုင်နေသည့် ကိုယ်လုပ်တော်များ၏နောက်ဆုံးတန်းတွင်…ဟွားပေါင်လင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူမသည် ဗျပ်စောင်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ တစ်တိုင်းပြည်လုံးရှိ ဂန္ထဝင်တေးသံစဉ်တွေ အားလုံးကို သူ ကြားဖူးသည်။


သို့သော်ငြား ထိုသံစဉ်ကိုတောဖြင့့်… သူမ တကယ်မကြားဖူးခဲ့ချေ။


ထို့ကြောင့် နားစွင့်လျက် သေသေချာချာနားထောင်ကြည့်ဖို့ ကြိုးစားလိုက်သည်။


သံစဉ်မှာ အကြာကြီးမဟုတ်ဘဲ ရုတ်တရက်ကြီးရပ်တန့်သွားသဖြင့် ဟွားပေါင်လင် အနည်းငယ်စိတ်ပျက်သွားရသည်။


အဖွင့်စာတန်းထိုးမျာ ပြီးဆုံသွားသည်နှင့် အားလုံး၏အမြင်အာရုံထဲ တည်ငြိမ်အေးချမ်းသည့် အသံတစ်သံထွက်ပေါ်လာလေသည်။


“စာမျက်နှာများစွာပေါ်က အချည်းနှီးသောစကားလုံးတွေကို ပူပြင်းခါးသီးတဲ့ မျက်ရည်တွေနဲ့ရေးသားခဲ့ရတယ်…”


အဖွင့်စကားတစ်ခွန်းတည်းနဲ့တင် ကိုယ်လုပ်တော်တွေအားလုံး စိတ်ဝင်တစားဖြစ်သွားကြသည်။


၎င်းတို့ အာရုံထဲ လူသားပုံရိပ်တွေပေါ်လာသောအခါ ပိုလို့ပင် အံ့အားသင့်မှင်သက်သွားခဲ့ရသေးသည်။


သူတို့ ခေါင်းထဲမှာ တစ်ယောက်ယောက်က ဇာတ်ကပြနေတာပဲ! 


ဒီလိုအရာမျိုး တကယ်ရှိနိုင်လို့လား!


[၃ လလောက် ငရဲခံခဲ့ရပြီး၊ နောက်ဆုံးတော့ ရုပ်သံဇာတ်လမ်းတွဲတွေ  ပြန်ကြည့်နိုင်ခဲ့ပြီပေါ့]


ကျန်းကျီမြောင် စိတ်ထဲမှ ဝမ်းသာကြည်နူးစွာရေရွတ်လိုက်သည်။


ရုပ်သံဇာတ်လမ်းတွဲဟုတ်လား ??


အဲ့တာဘာကြီးလဲ ??


ကိုယ်လုပ်တော်များ ကြောင်စီစီဖြစ်သွားကြလေသည်။ သို့သော် သူတို့ နားမလည်နိုင်သေးသော်ငြား ကိစ္စမရှိချေ၊ အရှင်မ၏ အတွေးတွေထဲ ထူးထူးဆန်းဆန်းဝေါဟာရတချို့ ပါလာတတ်သည်မှာ ပုံမှန်ဖြစ်ကာ၊ ကြားပါများလျှင် သူမတို့သည်လည်း နားလည်သွားကြပါလိမ့်မည်။


အခုချိန်မှာအရေးအကြီးဆုံးက ထိုရုပ်သံဇာတ်လမ်းတွဲဆိုသည်အား အရှင်မနှင့် အတူကြည့်ရှုနိုင်ဖို့သာ။