အပိုင်း(၁)
ကင်မရာက တစ်ဖက်သို့ လှည့်လာသောအခါ ယန်ရှစ်ရွှမ်းက ပြတင်းပေါက် အပြင်ဘက်ကို မြင်သက်စွာ ကြည့်နေပုံနှင့်တူသည်။
“ဒါကတော့ ငါတို့ရဲ့ လေးယောက်မြောက် ဧည့်သည်ပါ”
တင်ဆက်သူက ကင်မရာကို ကြည့်ပြီး စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးနေသည်။
“ဝိုးးး သူက ဘယ်ကုမ္ပဏီနဲ့မှ စာချုပ် မချုပ်ထားရတဲ့ လူသစ်တစ်ယောက် ဖြစ်နေတာပဲ။ ဘာကများ နင့်ကို စိတ်ဝင်စားစေသလဲ ဆိုတာကို ပြောပြပေးလို့မလား။ နင် ဘယ်လိုကြောင့်များ ငါတို့ရဲ့ ခရီးသွားအဖွဲ့ကို လာရောက်ပြီး ပူးပေါင်းဖြစ်ခဲ့တာလဲ”
ယန်ရှစ်ရွှမ်းက ပျင်းရိစွာဖြင့် အကြည့်လွှဲလိုက်သည်။ တစ်ဖက်သူက ယခုလို ရူးကြောင်ကြောင် မေးခွန်းကို မေးလာသည်ကို မပျော်မရွှင် ဖြစ်သွားပုံ ပေါ်သည်။
“မင်းတို့ရဲ့ ဒါရိုက်တာက ငါ့ကို လာခိုင်းတာ မဟုတ်ဘူးလား”
တင်ဆက်သူ၏ မျက်နှာရှိ အပြုံးက ရုတ်ချည်း အေးခဲသွားသည်။
တင်ဆက်သူထံမှ မိတ်ဆက်ကို လက်ခံရင်း စားပွဲရှေ့ကြီးပေါ်တွင် အတူထိုင်နေကြသည့် အခြားသော အနုပညာရှင်များနှင့် အိုင်ဒေါများ အားလုံးက ယန်ရှစ်ရွှမ်းကို အံ့အားသင့်သွားသလို ကြည့်ကြသည်။
တစ်ဝက်သေလုနီးပါး ဖြစ်နေသည့် ယခုခရီးသွား ရသစုံရှိုးတွင် လူ လုံလောက်အောင် မရှာဖွေနိုင်ကြောင်း ကြားခဲ့ပြီသည့်တိုင်အောင် ဒါရိုက်တာက နောက်ဆုံးတော့ တစ်ယောက်ကို အတင်းဖိအားပေးကာ လာခိုင်းလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
ဒါပေမယ့် ဒီတစ်ယောက်ရဲ့ စိတ်နေသဘောထားက မပြင်းထန်လွန်းနေဘူးလား။
အနားမှ အကြည့်များကို သတိထားမိသည့် ယန်ရှစ်ရွှမ်းက ပို၍ပင် ပျင်းသွားသည်။
ကင်မရာ အပြင်ဘက်မှ ဒါရိုက်တာက ယန်ရှစ်ရွှမ်း၏ မျက်နှာအမူအယာကို မြင်သောအခါ ယန်ရှစ်ရွှမ်းဟာ ဒေါသထွက်နေလောက်သည်ဟု သိသွားပြီး တစ်ဖက်သူကို ဟန်အမူအယာ လှမ်းပြသည်။
ယန်ကော ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာ တိုက်ရိုက် တိုက်ရိုက်။ ဟန်ဆောင်ရုံနဲ့ အဆင်ပြေပါတယ်။
ယန်ရှစ်ရွှမ်း “ကျွတ်စ်”
ဒါရိုက်တာ၏ ပိုက်ဆံပုံသဏ္ဌာန်ကို လက်ရမ်းပြနေသော အမူအယာမျိုးကို မြင်လိုက်သည့်အချိန်တွင် သူဟာ တစ်ဖက်သူနှင့် စာချုပ်ချုပ်ဆိုမှုတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မှတ်မိသွားသည်။
“ယန်ရှစ်ရွှမ်း”
သူက အေးစက်သော မျက်နှာထားနှင့် ကင်မရာကို စိုက်ကြည့်ကာ မိတ်ဆက်လိုက်သည်။ စကားတစ်ခွန်းတည်းနှင့် အနှစ်ချုပ်လိုက်ပြီး “ဒါက ငါ့ရဲ့ စိတ်ရှည်မှု အကန့်အသတ်ပဲ” ဆိုသော မျက်နှာထားမျိုးနှင့် ရပ်တန့်လိုက်၏။
တင်ဆက်သူကလည်း ဘေးဘက်ရှိ လူကိုသာ ကင်မရာ ပြောင်းချိန်သည်။
ယန်ရှစ်ရွှမ်း၏ အနားတွင် ထိုင်နေသောသူက နာမည်ကြီးအဆိုတော် တစ်ယောက် ဖြစ်သည်။ သူက ကင်မရာကို ကြည့်လျက် ချိုသာသောအသံဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ ပေါ့ပေါ့ပါးပါး ဖြစ်စေသော ဆက်တိုက် ထွက်ပေါ်လာသည့် စကားများက ယခုလေးတင် ဖြစ်ခဲ့သည့် ကိုရို့ကားယား လေထုကို ပြေပျောက်အောင် လုပ်လိုက်နိုင်ပြီး သူ့အား ရိုက်ကွက်ပေါင်းများစွာ ရစေသည်။
ပြတင်းပေါက် အပြင်ဘက်က မိုးရွာနေသည်။ အတွင်းဘက်ကမူ တောက်ပ လင်းထိန်နေသော အခန်းဖြစ်၏။ သရုပ်ဆောင်များ၊ အဆိုတော်များ၊ အိုင်ဒေါများပါသော ဧည့်သည် ခုနှစ်ယောက်က ကင်မရာကိုသာ စကားဆက်ပြောနေပြီး သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာများကို ပြောပြနေသည်။ ထိုသို့ဖြင့် သူတို့အတွက် ရိုက်ချက်များအောင် ကြိုးစားနေကြ၏။
ဟုတ်တယ်။ ဒါက တိုက်ရိုက်ထုတ်လွှင့်ပြီး စစ်မှန်မှုကို ပြသရင်း ရောင်းချတဲ့ ယန်ရှစ်ရွှမ်းအပါအဝင် လူရှစ်ယောက်ပါတဲ့ ခရီးသွား ရသစုံရှိုးတစ်ခုပဲ။ ပရိုဂရမ်အဖွဲ့က ဧည့်သည်တွေအားလုံးကို ဖိတ်ခေါ်ထားခဲ့တာ။ ဒါပေမယ့် ရပ်နားနေတာ ပြီးဆုံးတဲ့ အချိန်တိုင်းလိုလိုမှာ ကြည့်ရှု့သူတွေက မဲပေးနိုင်တယ်ဆိုတဲ့ စည်းမျဉ်းတစ်ခု ရှိခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးနေရာက သေချာပေါက် ဖယ်ထုတ်ခံရဖို့ ဖြစ်လာတယ်။ ဒီအတွက်ကြောင့်ပဲ ယန်ရှစ်ရွှမ်းက လွဲပြီး လူတိုင်းက နာမည်ပိုကြီးအောင် ပြင်းပြင်းထန်ထန် ကြိုးစားနေကြရတယ်။
ယန်ရှစ်ရွှမ်းအတွက်ကတော့ _ _ _
သူ့ရဲ့အပိုင်းတိုင်းက လူတိုင်းနဲ့ ဆန့်ကျင်ဘက်ပဲ။ သူက ဒီအတိုင်း အမြန်ဆုံး ဖယ်ထုတ် ခံရချင်နေတာ။ သူက ပထမ ရှုခင်းကြည့်နေတာ ပြီးတာနဲ့ ထွက်သွားနိုင်တာ အကောင်းဆုံးပဲ။
_ _ _
ဘာလို့လဲဆိုတော့ သူက ကောလဟလ ထွက်နေတဲ့ ဒါရိုက်တာက လူအရေအတွက် ပြည့်အောင် အတင်း ခေါ်ထည့်ထားရတယ်ဆိုတဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ။ ဘာလိုလဲဆိုတော့ ဒါရိုက်တာက အခြားအနုပညာရှင် တစ်ယောက်ကို အစားမထိုးနိုင်တော့လို့ပဲ။
ယန်ရှစ်ရွှမ်းက ဖျော်ဖြေရေး အသိုင်းအဝိုင်းနယ်ပယ်က မဟုတ်ဘူး။ သူ့ရဲ့ ရည်မှန်းချက်က ဒီနယ်ပယ်လည်း မဟုတ်ဘူး။
သူက တစ္ဆေသရဲတွေ ဖမ်းပြီး မိစ္ဆာနှင်ပေးရင်းနဲ့ ငွေကြေးအနည်းငယ် ရှာဖွေ စုဆောင်းထားနိုင်တဲ့ ပညာရှင်တစ်ယောက်ပဲ။ သူက ဒါရိုက်တာနဲ့ ရင်းနှီးတဲ့ အတွက်ကြောင့် ဒါရိုက်တာကလည်း သူရဲ့ရုပ်ရည်က သင့်တော်လွန်းတယ်လို့ ထင်ပြီး သူ့ကို တန်ကြေး ကြီးကြီးပေးပြီး ဖျားယောင်းခဲ့တာ။
ပိုက်ဆံအတွက်ကြောင့် ယန်ရှစ်ရွှမ်းက သည်းခံရမယ်။
သို့သော် တစ်ချိန်တည်းတွင်ပင် ဒါရိုက်တာကိုလည်း သူဟာ လူအုပ်ကို မျက်နှာပြရင်း နေရာဖြစ်ရုံသက်သက် လာရောက်သည်ဆိုသော အချက်ကို ရှင်းလင်းအောင် လုပ်ထားသည်။ ထို့ကြောင့် ရက်အနည်းငယ်နေပြီး မဲရလဒ် ထွက်လာလျှင် သူက ဒီနေရာမှ ထွက်ခွာသွားမည် ဖြစ်သည်။
1 02
ယန်ရှစ်ရွှမ်းကလည်း ထိုအခြေအနေနှင့် ပက်သက်၍ ယုံကြည်မှု အပြည့်ရှိသည်။ မည်သို့ပင်ဆိုစေ သူက နာမည်ကြီးလည်း မဟုတ်ချေ။ သူက ရည်ရွယ်ချက်ရှိရှိနှင့် တိုက်ရိုက် ထုတ်လွှင့်နေချိန် အတောအတွင်း ကျော်ကြားမှု ရအောင် ဆွဲဆောင်မှုမျိုးလည်း လုပ်မည် မဟုတ်သလို ကင်မရာနှင့်လည်း တိုက်ရိုက် ဆက်သွယ်နေမည် မဟုတ်ချေ။ လူတိုင်းက သူ၏အခွံသီးသန့်၏ ဆွဲဆောင်မှုကြောင့် ကန်းသွားပြီး အဆွဲဆောင်ခံရလျှင်ပင် ဒါက တခဏသာ ဖြစ်ပေလိမ့်မည်။ သူ၏ အပေါက်ဆိုးပြီး ကြမ်းတမ်းသော စိတ်နေသဘောထားကြောင့် သိပ်မကြာခင် ခြောက်ခြားကာ ထွက်ပြေး သွားပေလိမ့်မည်။
_ _ _
သူက ဘယ်လိုလူမျိုးလဲဆိုတာကို သူ ကောင်းကောင်း သိတယ်။
“မဲအရေအတွက် အများဆုံး နေရာတစ်ခုကို အရင်သွားမယ် ဆိုကတည်းက ငါတို့ရဲ့ ပထမဦးဆုံး ရပ်နားရာ နေရာကတော့ ဒီနေရာပါပဲ”
“ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ နတ်မိမယ်လေးတွေက အနည်းငယ်လောက် ပြင်ဆင်ချိန် လိုအပ်တာကြောင့် သိပ်မကြာခင် ပြန်လာခဲ့ပါမယ်။ နောက်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မှာကတော့ နေ့လည် ၁၂နာရီမှပါ။ အားလုံးပဲ အချိန်မီ ဝင်ကြည့်ကြဖို့ မမေ့ကြပါနဲ့”
တင်ဆက်သူ၏ စိတ်အားထက်သန်မှု ပြည့်နှက်နေသော လေသံက ယန်ရှစ်ရွှမ်းကို စိတ်လွင့်နေမှုမှ ပြန်လည် ဆွဲသွင်းလိုက်သည်။
ကွေ့ချန်းကို သွားမယ်ဟုတ်လား။
လူအရေအတွက် ပြည့်မှီအောင် စုစည်းပြီး ပိုက်ဆံနှင့်အတူ ထွက်ခွာနိုင်ရန် အလို့ငှာ ယန်ရှစ်ရွှမ်းက ပရိုဂရမ်၏ အချိန်ဇယားများကို ကြိုတင်သိနိုင်ရန် ကြိုးစားထားခဲ့ခြင်း မရှိပေ။
ထိုအချိန်မှသာ ပထမဦးဆုံး သွားရောက် လည်ပတ်ရမည့်နေရာက ကွေ့ချန်းဆိုသော အခြေအနေအကြောင်း ကြားလိုက်ရသဖြင့် မျက်မှောင် ကျုံ့လိုက်မိသည်။ စားပွဲအောက်မှ သူ၏လက်ချောင်းများက သတိလက်လွတ် ပေါင်ပေါ်တွင် ရေးဆွဲနေမိရင်း တစ်စုံတရာကို တွက်ချက်နေသလို ပြုမူနေမိ၏။
ကင်မရာက ပိတ်ထားသည်။ တိုက်ရိုက် ထုတ်လွှင့်မှုက အဆုံးသတ်သွား၏။
ချက်ချင်းဆိုသလိုပင် ဧည့်သည်တိုင်းက စိတ်အေးသွားကြသည်။ ထိုသို့ဖြင့် ကင်မရာရှေ့တွင် ရှိနေချိန်ကကဲ့သို့ အလွန်အမင်း ရင်းနှီးသော ပုံစံမျိုးကလည်း ငြိမ်သက်သွားသည်။
ယန်ရှစ်ရွှမ်းကြောင့် ကင်မရာရှေ့တွင် အရှက်ရခဲ့သည့် တင်ဆက်သူက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သူက မျက်လုံး လှန်လိုက်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လျက် ယန်ရှစ်ရွှမ်းကို ဖြတ်ကျော်သွားသည်။
သူမက ကျယ်လောင်စွာ ပြောသည်။
“ဘယ်ကိုလာပြီး ဟန်ဆောင်နေတာလဲ။ နင့်ကိုယ်နင် ဘယ်သူလဲဆိုတာကို ငါ မသိတာ ကျနေတာပဲ။ ဘာကိုများ ထောင်လွှားပြီး လာကြွားဝါ နေရတာလဲ။ နာမည်ကြီး တစ်ယောက်တောင် မဟုတ်ဘဲနဲ့”
ထိုတင်ဆက်သူက လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အရံဇာတ်ပို့ သရုပ်ဆောင် အဖြစ်နှင့် နာမည်ကြီးခဲ့သော သူတစ်ယောက် ဖြစ်သည်။ သူမ၏ နာမည်က လျိုရီရီ ဖြစ်သည်။ သူမက နှစ်ပေါင်းများစွာ ကြာအောင် ပျောက်နေခဲ့ပြီး ခေတ်လွန်နေခဲ့ပြီလည်း ဖြစ်သည်။ သို့သော် ယခင်က သရုပ်ဆောင်ခဲ့သည့် ရိုးလ်ကြောင့် အတန်ငယ် ကျော်ကြားနေသေးသည်။ ထိုအတွက်ကြောင့်လည်း ဒါရိုက်တာက ဒီလိုခရီးသွား ရသစုံရှိုးအတွက် တင်ဆက်သူအဖြစ် ငှားရမ်းခဲ့ခြင်းဖြစ်သည်။
လျိုရီရီကလည်း သူမဟာ စီနီယာတစ်ယောက် ဖြစ်ပြီး ဒီနေရာတွင် ရှိသော လူငယ် အနုပညာရှင် ခုနှစ်ယောက်လုံးထက် သာသည်ဆိုသော အမူအယာကို အမြဲပြချင်သည်။ သူမက ယန်ရှစ်ရွှမ်းကို အထင်သေးသည်။
ယန်ရှစ်ရွှမ်းက သူမကို ဂရုပင်မစိုက်ချေ။ သူ၏မျက်ဝန်းများအရ တစ်ဖက်သူက လေကို ပြောနေသလိုပဲ ဆက်ဆံထားသည်။ ဝါဂွမ်းကို လက်သီးနှင့်ထိုးနေရသလို ခံစားချက်က လျိုရီရီကို ပို၍ ဒေါသထွက်လာစေသည်။
“အရည်အသွေးမရှိတဲ့ မင်း ကံဆိုးဖို့ပဲ စောင့်နေ ဟွန့်”
ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက တွက်ချက်လျှက်ပြီးသား ဖြစ်သည်။ သူက ပျင်းရိစွာဖြင့် လက်ကို မြှောက်လျက် ပါးကို ထောက်ကာ သူ၏အရှေ့မှ ရည်ရွယ်ချက် ရှိရှိဖြင့် ဖြတ်လျှောက်နေသည့် လျိုရီရီကို ကြည့်သည်။
“ငါ့အထင် ငါ့ထက်အရင် ကံဆိုးမှာက မင်းပဲ။ မစိုးရိမ်နဲ့ ငါက ကံဆိုးရင်တောင်မှ နင် မြင်နိုင်တော့မှာ မဟုတ်ဘူး"
1 03
လျိုရီရီကလည်း ယန်ရှစ်ရွှမ်းက သူမကဲ့သို့ စီနီယာကျသော လူတစ်ယောက်ကို ထိုသို့ တိုက်ရိုက် ပြန်တိုက်ခိုက် ဝံ့မည်ဟု မထင်ထားမိချေ။ သူမက တခဏခန့် ကြောင်အသွားပြီး မတုံ့ပြန်နိုင်ခဲ့ချေ။
"နင် ဘာပြောလိုက်တာလဲ။ ယန်ရှစ်ရွှမ်း ပြန်ပြောစမ်း။ ယုံချင်ယုံ မယုံချင်နေ။ ငါနင့်ကို မရှင်သန်နိုင်အောင် လုပ်လို့ရတယ်"
သူမက အသံကို မြှင့်သည်။ သူမအသံက အလွန်ဆိုးသည်။ ထိုကြောင့် အခြားသော ဧည့်သည့်တိုင်းကလည်း အခြေအနေကို ထရပ်ကာ လှည့်ကြည့် လာကြသည်။
"မင်း ဒီလောက်ထိ ဒေါသ ထွက်နေတာကို မြင်ရတော့ ငါလည်း စိတ်အေးသွားပြီ"
အခြားသော ဧည်သည်များကလည်း သူတို့၏ ခရီးဆောင်အိတ်ကို ထုတ်ပိုးရန် အချိန်အကန့်အသတ် မရှိကြောင်း နားလည်သည်။ ထို့ကြောင့် သူတို့က ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးလိုက်ကြပြီး ပထမရပ်နားရာ နေရာသို့ သွားရန် ပြင်ဆင်ကြသည်။
ယန်ရှစ်ရွှမ်းကလည်း တဖြေးဖြေးချင်း ထရပ်လာပြီး အပြုံးတစ်ဝက် မျက်နှာထားနဲ့ လျိုရီရီကို ကြည့်သည်။
"ဒေါသထွက်တာ ကောင်းတယ်။ မင်း အသက်ပို ရှင်နိုင်တာပေါ့။ ကြမ်းတမ်းတဲ့ စကားတွေပြောပြီး အရင်သေတဲ့သူ မဖြစ်စေနဲ့။ ဒီလိုဆိုရင် ရှက်စရာကောင်းတယ်"
လျိုရီရီက အပြောအဆို ခံလိုက်ရသဖြင့် မရယ်နိုင်တော့ချေ။ သူမ၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေသည်။
သို့ရာတွင် အခြားသော ဧည့်သည် ခုနှစ်ယောက်တည်းမှ မည်သူကမှလည်း လာရောက်ပြီး ဖြန်ဖြေပေးခြင်း မရှိချေ။ သူတို့က ဘေးဘက်တွင်သာ ရပ်လျက် မျက်နှာသေ သို့မဟုတ် လှောင်လိုသော မျက်နှာမျိုးသာ စိုက်ကြည့်နေကြသည်။ သူတို့ကလည်း လျိုရီရီကို သဘောမကျပါချေ။
သူတို့ကလည်း သူတို့၏ နယ်ပယ်အသီးသီးတွင် ထိပ်တန်းအဆင့် သို့မဟုတ် ပထမတန်းစားအဆင့်သို့ မရောက်သေးသော်လည်း သူတို့ကလည်း အတန်အသင့် နာမည်ကြီး ကြသည်။ ထိုအိုင်ဒေါများထဲမှ တစ်ယောက်ဆိုလျှင် ပွဲဦးထွက်ခဲ့ပြီးနောက် ပို၍ပင် နာမည်ကျော်ကြားခဲ့သေး၏။ ဒါရိုက်တာက ပိုက်ဆံအများကြီး ပေးလို၍သာ ဒီနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
သို့သော် လျိုရီရီကဲ့သို့ ခေတ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သော လူတစ်ယောက်က သူမကို သူမ စီနီယာတစ်ယောက်ဆိုပြီး ထောင်လွှား၊ မောက်မာသော ပုံစံမျိုးဖြင့် မောက်မာ ပြနေလေ့ရှိရာ လူတိုင်းက မပျော်မရွှင် ဖြစ်နေရသည်။
ယန်ရှစ်ရွှမ်း၏ စကားနှစ်လုံးက လျိုရီရီကို သဘောမကျသော လူများအား သူ့ကို အသိအမှတ်ပြုသော ပုံစံမျိုးဖြင့် ကြည့်လာသည်။
လျိုရီရီ တွန့်ဆုတ်စွာဖြင့် တစ်စုံတရာ ပြောတော့မည့် အချိန်တွင် ယန်ရှစ်ရွှမ်းက အဝေးသို့ ထွက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဒါရိုက်တာက လာရောက် နှောက်ယှက်၏။
"နောက်ကျနေပြီ။ တင်ဆက်သူကလည်း ပစ္စည်းတွေ ခပ်မြန်မြန် သိမ်းသင့်တယ်။ ဒီတော့ အားလုံးပဲ မြန်မြန်လေး ဆောင်ရွက်လိုက်ကြရအောင်"
မည်သို့ပင်ဆိုစေ ဒါရိုက်တာ၏ ပိုက်ဆံမျက်နှာကြောင့် လျိုရီရီက ရွေးစရာမရှိပဲ စိတ်ကို ထိန်းလိုက်ရသည်။ သို့သော် သူက မထွက်သွားသေးခင် ယန်ရှစ်ရွှမ်း၏ ကျောကို စိုက်ကြည့် သွားသေးသည်။
ကျန်သော သူများကလည်း အပေါ်သို့တက်သွားပြီး ခရီးဆောင် အိတ်များကို သိမ်းကြသည်။ ဒါရိုက်တာအဖွဲ့က ပစ္စည်းများကို သိမ်းပြီး ထွက်ခွာရန် ကြံစည်သည်။
"ယန်ကော ဒေါသမထွက်ပါနဲ့။ ဘာပဲဖြစ်ဖြစ် သူမနဲ့ ယန်ကောက ရက်အနည်းငယ် လောက်ပြီးရင် အဆက်အသွယ် မရှိတော့ပါဘူး။ လျိုရီရီက စိတ်ထားဆိုးတယ်။ ဒါပေမယ့် လူအများစုက သူမကို ကလေးဘဝက နတ်ဘုရားမလို ဆက်ဆံကြတာလေ။ ဒီတော့ ရှိုးပွဲအတွက် ကြည့်ရှုသူတွေ အများကြီး ဆွဲဆောင်နိုင်တယ်။
ဒါရိုက်တာက တက်ပလက်တစ်လုံးကို ကိုင်လျက် ယန်ရှစ်ရွှမ်း၏ အနားသို့ မျက်မှောင်ကျုံ့လျက် ရောက်လာသည်။
ထို့နောက် သူက ပြောသည်။
"ငါတို့က အရင်က နာမည်ကြီး ဧည့်သည်တွေကို အများကြီး ဖိတ်ထားခဲ့တာပါ။ ဒါပေမယ့် တုန်ပြန်မှုက အစကနေ အခုထိ သာမာန်အတိုင်း ဖြစ်နေတုန်းပဲ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ကျန်းဝူပင်းက ဒါရိုက်တာ တစ်ယောက်ဆိုသည်ထက် လွပ်လပ်၊ ပေါ့ပါးသော လူချမ်းသာတစ်ယောက်နှင့် ပိုတူသည်။ ဒါကလည်း အမှန်တရား ဖြစ်သည်။
ထိုလူချမ်းသာ တတိယမျိုးဆက်က ရသစုံရှိုးနှင့် ဖျော်ဖြေရေးအကြောင်းကို မသိချေ။ သူ၏ မိသားစုကလည်း သူ့ကို မထောက်ပံ့ပေးချေ။ ထို့အပြင် သူ၏အဖေကဆိုလျှင် ဖျော်ဖြေရေးအသိုင်းအဝိုင်း အတွင်းမှ သူ၏မိတ်ဆွေများကိုပင် သူ့သားဖြစ်သူအား မထောက်ပံ့ရန်နှင့် ပိုက်ဆံများကို ပစ်ပြီး မြက်လိုအသင်းကို ဖန်တီးနေသည်ဟု သတင်းများ လွှင့်ထားသည်။ ထိုအတွက်ကြောင့် ကျန်းဝူပင်း၏ ရသစုံရှိုးက ယခုလို အနေအထားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဒီနည်းလမ်းဖြင့် သူက ဧည့်သည် ခြောက်ယောက်သာ ဖိတ်ခေါ်နိုင်ခဲ့သည်။
1 04
နောက်ထပ် စာချုပ်တစ်ခုကို ချုပ်ဆိုပြီးသောအခါ နောက်ဆုံးသောလူက web ဒရမ်မာတစ်ခုမှာ အဓိကဇာတ်လိုက် ရိုးတစ်ခုကို ရရှိလိုက်သဖြင့် ရိုးရှင်းစွာပင် စာချုပ်ကို ဖျက်ပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ကျန်ဝူပင်းက ရွေးချယ်စရာ မရှိပဲ ယန်ရှစ်ရွှမ်းကိုသာ ထည့်လိုက်သည်။ ယန်ရှစ်ရွှမ်းနှင့် သူ သိလာသည်မှာ ကြာလာချေပြီ။
ယန်ရှစ်ရွှမ်းက ဖျော်ဖြေရေး အသိုင်းအဝိုင်းမှ မဟုတ်သည့်တိုင်အောင် သူက အလွန်ချောမောနေသေးသည်။ ကျန်ဝူပင်းကလည်း ချောမောသော အမျိုးသမီး၊ အမျိုးသားပေါင်းများစွာကို မြင်ခဲ့ဖူးပြီ ဖြစ်သည်။ သို့သော် မည်သည့်အလှတရားကမှ သူ၏ ယန်ကောထက် သာသည်ဟု မထင်ချေ။
သို့သော် ယန်ရှစ်ရွှမ်း၏ အမြင်တွင်မူ ဒီလိုချာတူးလန်နေသော ရသစုံရှိုးက တစ်ပတ်ခန့် ခံလျှင်ပင် အောင်မြင်သည်ဟု ဆို၍ရသည်။
ဒါပေမယ့် ဒါကလည်း ကောင်းတာပေါ့။ သူ အိမ်စောစော ပြန်လို့ ရတာပေါ့။
ယန်ရှစ်ရွှမ်းက လျိုရီရီ ထွက်သွားသော ဘက်ကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို တိုက်ရိုက်ကြည့်ကာ ခန့်မှန်းကြည့်လိုက်သည်။ တခဏခန့် ကြာပြီးနောက် သူက ပြောသည်။
"လျိုရီရီနဲ့ ငါက ရက်အနည်းငယ် လောက်နေရင် အဆက်အသွယ် လုပ်စရာ လိုတော့မှာ မဟုတ်ဘူး"
ဒါပေမယ့် သူနည်းနည်း စိတ်ရှုပ်နေတယ်။ ခြောက်ထောင့်ပုံစံခွက်က အတိုင်းဆိုရင် ဘာလို့သူက နေခဲ့ပြီး လျိုရီရီက ထွက်သွားရမှာလဲ။
"မင်း ပိုက်ဆံတွေ သုံးပြီး လူငှားဖို့ပဲ အာရုံစိုက် ထားတာလား။ အသင်းကို ယာယီ ဖွဲ့စည်းနိုင်တာ ထားပါဦး။ တိုက်ရိုက် ထုတ်လွှင့်ခွင့်ရဖို့ ခွင့်ပြုချက်တွေအရ အခြေအနေကို စောင့်ကြည့်ဖို့ လူတွေ လိုအပ်သေးတယ် မဟုတ်လား"
"လူတိုင်းက စောင့်ကြည့်တဲ့ ရသစုံရှိုးတစ်ခု ဖြစ်နေမှတော့ သူတို့ ဘာမှလုပ်နိုင်မယ်လို့ မထင်သေးဘူး။ သူတို့ ဒီအတိုင်း အချိန် အကုန်ခံချင်ရုံ သက်သက်နဲ့ ကြည့်လို့ မကောင်းတာတွေကို ဒီအတိုင်း ထိုင်ကြည့်နေကြမှာတော့ မဟုတ်ဘူးလေ"
ယန်ရှစ်ရွှမ်းက လှောင်ရယ်ပြောသည်။
"မင်းက ဘာလို့ ဒီလောက်ထိ အာရုံစိုက်နေရတာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက မင်း သဘောကျတာပဲလေ။ မင်း ဆုံးဖြတ်ထားတဲ့ အတိုင်းသာ လုပ်။ ဒါက မင်းသဘောကျပဲ"
အစပိုင်းတွင်မူ အလွန်ပင်ပန်းနေခဲ့သည့် ဒါရိုက်တာက ချက်ချင်းဆိုသလို တက်ကြွသွားသည်။
"ယန်ကောပြောတာ မှန်တယ်။ ဖြစ်နိုင်တာက ငါကံကောင်းပြီး ထိပ်တန်းအဆင့် ရသစုံရှိုးတစ်ခု ဖန်တီးလိုက်နိုင်တာပဲ မဟုတ်ဘူးလား။ ငါ အိမ်ပြန်ရောက်တဲ့အခါ ငါ့အဖေရဲ့ မျက်နှာကို သေချာပေါက် ဖြတ်ရိုက်ပြီး ငါက သူ ထင်ထားသလို မညံ့ဘူးဆိုတာကို ပြသရမယ်"
ယန်ရှစ်ရွှမ်း "...အခုက နေ့ခင်းဘက်နော် အိပ်မက် မက်မနေနဲ့။ မင်း ဘာတွေ လာပြောနေတာလဲ"
.....
ကျန်းဝူပင်းက သူ့တွင် ပိုက်ဆံ ရှိသည်။ ရသစုံရှိုးတစ်ခုကို ကောင်းကောင်း လည်ပတ်နိုင်အောင် ပိုက်ဆံကောင်းကောင်း သုံးနိုင်သည်။ ထို့ကြောင့် သူက အစားအစားကောင်း၊ အဝတ်ကောင်း၊ နေထိုင်မှု နေရာကောင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်ကောင်းတို့ကို အသုံးပြုထားသည်။
ဧည့်သည်များက ကြယ်ငါးပွင့် ဟော်တည်မှ ဆင်းလာသောအခါ သူတို့ကို အသင့်စောင့်နေသည့် အဆင့်အတန်းမြှင့် ယာဉ်များကို မြင်ရသည်။ ထိုအခါမှ လျိုရီရီက အနည်းငယ် ကျေနပ်သွားသည်။ သူမက ရင်ကိုကော့လျက် ယန်ရှစ်ရွှမ်းအနားမှ ဖြတ်သွားရင်း သူ့ကို မျက်လုံး လှန်ပြသွားသေးသည်။ ယန်ရှစ်ရွှမ်းကမူ စိတ်ရှုပ် သွားသည်။
ဒီမိန်းမက မျက်လုံး မကောင်းဘဲနဲ့ ဘယ်လိုလုပ် ရသစုံရှိုးကို ရောက်လာတာလဲ။ ဆေးရုံသွားသင့်တာ မဟုတ်ဘူးလား။
"ဒါက ..."
ရုတ်တရက် ယန်ရှစ်ရွှမ်း၏ ဘေးမှ ချိုမြိန်သော အသံတစ်သံက ထွက်လာသည်။ ပြောလာသူက ယန်ရှစ်ရွှမ်း၏ ဘေးနားတွင် ထိုင်ခဲ့သော အဆိုတော်ဖြစ်သည်။ သူမက ထိုသို့ စကားစပြီးနောက် ရင်းနှီးကျွမ်းဝင်သော ပုံစံဖြင့် သောက်ရေဘူးလေးကို ကမ်းပေးလာသည်။
"နင့်ရဲ့ နာမည်က ယန်ရှစ်ရွှမ်း မဟုတ်လား။ ငါရဲ့နာမည်က ပိုင်ရွှမ်းပါ။ ယန်ကော ယန်ကော ကြည့်ရတာ စိတ်လွတ်နေသလိုပဲ။ ငါ့ရဲ့အထင် ငါ့ရဲ့နာမည်ကို မကြားလိုက်ဘူးမလား။ ဒါကြောင့် ငါကိုယ်ငါ မိတ်ဆက်တာပါ"
"နောက်ပြီး ယန်ကောက လျိုရီရီကို တိုက်ခိုက်လိုက်တဲ့အချိန်က တအားချောတာပဲ"
ယခုလိုမျိုး ယန်ရှစ်ရွှမ်းကို အနီးကပ်မြင်လိုက်မှသာ ထိပ်တန်းအဆင့် ရုပ်ရည်ကြောင့် ထွက်ပေါ်လာသည့် ဖိအားနှင့် ထက်ရှမှုများက ပိုင်ရွှမ်းကိုပင် အဆိုတော် အသိုင်းအဝိုင်းမှ မြင်ခဲ့ဖူးသော ရုပ်ရည်များအား ခေါင်းခါမိစေသည်။ ထိုတခဏတွင် သူမက ထိုအလှလေးကို နှောက်ယှက်မိမည် စိုးရိမ်သဖြင့် အသက်ရှူပင် အောင့်ချင်မိသွားသည်။
ထို့ကြောင့် မနေနိုင်ပဲ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
1 04
“ယန်ကောလို ရုပ်ရည်မျိုးနဲ့ဆိုရင် လက်မှတ် မထိုးရသေးတာ ဟုတ်နိုင်ပါ့မလား။ ဒါက သိပ္ပံနည်းမကျဘူး"
ပိုင်ရွှမ်းက ပြုံးလိုက်ချိန်တွင် လူအများကို စိတ်ကြည် စေလောက်အောင် ချိုမြိန်သည့် မိန်းကလေး ဖြစ်သည်။
ယန်ရှစ်ရွှမ်းက သူမကို တစ်ချက်ကြည့်သည်။ သူ၏မျက်လုံးက အနည်းငယ် မှေးကျင်းသွား၏။ သူကလည်း အခြားသူများ၏ ကြင်နာမှုကို လက်ခံပြီး မလိုလားအပ်သော အကျိုးဆက်များကို မဖြစ်စေချင်ပေ။ ထို့ကြောင့် ထိုရေကို လက်မခံလိုက်ချေ။
တခဏခန့် တုံ့ဆိုင်းပြီးနောက် လက်ဆန့်ကမ်းကာ ယူလိုက်သည်။
“ကောင်းပါပြီ။ ဒါက မင်း ငါ့ကို ပေးတဲ့ဆုလို့ သဘော ထားလိုက်မယ်။ ငါ မင်းရဲ့စိတ်ရင်းကို လက်ခံပြီး ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရှင်းလင်း ပေးလိုက်မယ်”
ယန်ရှစ်ရွှမ်းက ပြန်လည် ပြုံးပြလိုက်သည်။
ယန်ရှစ်ရွှမ်းက ရေပုလင်းကို ယူပြီး နှစ်ကြိမ်ခန့် ယမ်းသည်။ ရုတ်တရက် လက်တစ်ဖန် ပြန်ဆန့်လိုက်ပြီး ပိုင်ရွှမ်း၏ ပုခုံးကို အသာပုတ်လိုက်ကာ ဖုန်ကို ဖယ်ပေးသလို အမူအယာမျိုး လုပ်သည်။
ယန်ရှစ်ရွှမ်း၏ လက်ဝါးက ပိုင်ရွှမ်း၏ပုခုံးကို ထိလိုက်သည့်အချိန်တွင် သူမကလည်း ရုတ်တရက် ပုခုံးပေါ်မှ အထိခံလိုက်ရသည့် နေရာမှ ပူလောင်သွားသော ခံစားချက်မျိုးကို ရလိုက်သည်။
နောက်ပိုင်း ကပ်ပါလာသည်မှာ သူမ သယ်ပိုးထားသည့် ဝန်ထုပ်ဝန်ပိုးကို မြောင်းမှ ဖယ်ရွှေ့ခံလိုက်ရသလို အခြေအနေမျိုးကြောင့် ငြိမ်အေးကာ ပျော်ရွှင်သွားရသည့် ခံစားချက်မျိုးကို ရလိုက်သည်။ လေထုကပင် အတော်လေး လန်းဆန်းသွားသည်ဟု ခံစားရသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်နှစ်ကျော်လုံး ခံစားခဲ့ရသည့် လေးလံမှုများ၊ နာကျင်မှုများက သဲလွန်စ မရှိအောင် ပျောက်ကွယ် သွားရသည်။ သူမ၏ ခန္ဓာကိုယ်က ပေါ့ပါးလွန်းသဖြင့် ပျံသန်းနိုင်သည်ဟု ထင်ရသည်။ ထိုအပြောင်းအလဲက ယန်ရှစ်ရွှမ်းက ပြုလုပ်ပေးလိုက်ခြင်း ဖြစ်သည်။
“ယန်ကော “
ပိုင်ရွှမ်းက အံ့အားတကြီး မေးသည်။
“ငါပဲ ထင်ယောင်ထင်မှား ဖြစ်တာလား။ ဒါက ဒါက ဘာဖြစ်တာလဲ”
ယန်ရှစ်ရွှမ်းက ရေဘူးအဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် မော့သောက်၏။ ကျန်သော တစ်ဝက်ကို အနီးအနားရှိ သစ်ပင်ပေါ် လောင်းချလိုက်သည်။
“မင်းက ဘာတွေတွေးနေတာလဲ။ ငါက ဒီအတိုင်း မင်းရဲ့ပုခုံးပေါ်က ပိုးကောင်ကို ဖယ်ပေးတာ”
ဧည့်သည်များက ကားပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်နေကြပြီ ဖြစ်သည်။ ကင်မရာကလည်း ပွင့်နေလေပြီး ယန်ရှစ်ရွှမ်းကလည်း မလိုအပ်သော စကားများကို မပြောချင်တော့ချေ။ ပိုင်ရွှမ်းကလည်း ကင်မရာ၏ ရှေ့တွင် ဆက်မမေးနိုင်တော့ချေ။
ယန်ရှစ်ရွှမ်းက ကားပေါ်သို့ တက်လိုက်ချိန်တွင် နောက်ဆုံးခုံနားသို့ တိုက်ရိုက် သွားလိုက်ပြီး လဲချကာ အိပ်လိုက်သည်။
ကားထဲမှ ဧည့်သည့် ခုနှစ်ယောက်လုံးကလည်း လူတစ်ယောက် လျော့သွားသောကြောင့် သူတို့က ရိုက်ချက် ပိုရနိုင်သည်ဟု တွေးပြီး ပျော်ရွှင် သွားကြသည်။ အားလုံးက ဂိမ်းများ ကစားသည်။ သီချင်းများ ဆိုကြသည်။ ဒီနည်းအားဖြင့် ပျော်ရွှင်စွာ ခရီး သွားနေကြသလို ပြုမူ ပြနေကြ၏။ ကားထဲတွင်လည်း ရယ်သံများက ပြည့်နှက်လာသည်။
မကြာခဏဆိုသလို စိတ်လွှင့်နေသော ပိုင်ရွှမ်းကသာ အနောက်ဘက်တွင် နှစ်ခြိုက်စွာ ယန်ရှစ်ရွှမ်းကို လှည့်လှည့်ကြည့်နေပြီး အံ့အားသင့်သလို့၊ ရှော့ခ်ဖြစ်သလို ကြည့်နေသည်။
ကားတိုင်းက မြို့ထဲမှ ထွက်လာပြီး ဦးတည်ရာ ကွေ့ချန်းသို့ သွားနေသည်။
ကွေ့ချန်း အနီးအနားသို့ ရောက်သောအခါ လမ်းများတွင် ရွှံ့နွံ့များက များပြားလာသည်။ ထို့ကြောင့် လမ်းလျှောက်ရန် ခက်သည်။ ချိုင့်ခွက်များကလည်း ယန်ရှစ်ရွှမ်းကို အိပ်ယာမှ နိုးလာစေသည်။
သူက ပက်လက်လှန်လျက် လဲနေရင်း မျက်လုံး ဖွင့်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်မှ မဲမှောင်နေသော ကောင်းကင်ကို မြင်လိုက်ရသည်။ ည ရှစ်နာရီ၊ ကိုးနာရီအထိ ရောက်နေသလိုမျိုး မဲမှောင်နေခြင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်းက တစ်ဖက်ပြန်လှည့်လာပြီး ထထိုင်လိုက်သည်။ သူက ဖုန်းကို ကြည့်လိုက်သောအခါ နေ့လည် သုံးနာရီသာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ သူ၏ ထက်ရှသော မျက်ခုံးများက ကျုံ့သွားသည်။
1 05
ရာသီဥတုရဲ့ အရောင်က မှားနေတာ မဟုတ်ဘူးလား။ နောက်ပြီး မိုးလေဝသ ကြေငြာမှုက ဘာမှပြောမထားပါဘူး။
ထိုအချိန်တွင် ကားက ရုတ်ချည်း ဘရိတ်အုပ်လိုက်သည်။ ထို့ကြောင့် လူတိုင်းက ရှေ့သို့ ထိုးကျမတတ် ဖြစ်သွားသည်။ ကားအတွင်း စိုးရိမ်တကြီး အော်သံများက ပေါ်ထွက်လာသည်။
ယန်ရှစ်ရွှမ်းကသာ နောက်ဆုံးတန်းတွင် လှုပ်ရှားမှုမဲ့စွာ ထိုင်နေခြင်း ဖြစ်သည်။
“ဒါရိုက်တာကျန်း အဓိကလမ်းကို သစ်ပင်တစ်ပင်က ပိတ်ထားတယ်။ ငါတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး။ ဒါကြောင့် လမ်းလျှောက်သွားရလိမ့်မယ်”
ဝန်ထမ်းက ဧည့်သည်များ ထိုင်နေရာ ကားထဲသို့ ရောက်လာရင်း ကျန်းဝူပင်းကို ခပ်တိုးတိုးပြောသည်။
လူတိုင်းကပင် ပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ ကြည့်သည်။ သေချာစွာပင် သူတို့က အပြင်ဘက်သို့ ကြည့်လိုက်သောအခါ တောင်ပေါ်သို့ တက်သည့် တစ်လမ်းတည်းသော လမ်းမကြီးတွင် အလွန်ကြီးမားသည့် ကျိုင်းကောင်သစ်ပင်ကြီးက ဖြတ်လျက် လဲနေကြောင်း မြင်လိုက်ရသည်။ ထိုနည်းအားဖြင့် လမ်းကို တင်းကြပ်စွာ ပိတ်ထားလေရာ ကားက ဖြတ်ရန် မဖြစ်နိုင်တော့ချေ။
ယန်ရှစ်ရွှမ်းက မျက်မှောင် ကျုံ့ပြန်သည်။
ကျိုင်းကောင်သစ်ပင် ဟုတ်လား။
အချိန်က နေ့လည်သုံးနာရီ ကောင်းကင်ကလည်း ညပိုင်းလို မဲမှောင်လွန်းနေတယ်။ နောက်ပြီး ကျိုင်းကောင် သစ်ပင်ကလည်း အမြစ်က ကျွတ်ထွက်ပြီး လဲကျ သေဆုံးနေတယ်။
နောက်ပြီး လက်တွေ့ စမ်းသပ်မှုတွေအရ ဒီသစ်ပင်မှာ သရဲရှိတယ်။
ယန်ရှစ်ရွှမ်းက အလွန်အမင်း ဆိုးရွားလွန်းသော ခံစားချက်မျိုးကို ရနေပြီ ဖြစ်သည်။
ကျန်းဝူပင်းက လူအများကို မေးမြန်းကာ သစ်ပင်ကို ရွှေ့၍ ရမရ တောင်းဆို ကြည့်သေးသည်။ သို့သော် ခပ်မြန်မြန်ပင် လက်လျော့လိုက်ရသည်။ သစ်ပင်က လေးလွန်းတယ်။ နောက်ပြီး ဒါက နှစ်ရာနဲ့ချီပြီး သက်တမ်းရှိတဲ့ အပင်ဟောင်းကြီးတောင် ဖြစ်လောက်တယ်။
“အကြံ ပြောင်းရတော့မယ်။ ဒါပေမယ့် ခရီးသွားတယ် ဆိုတာက ဒီလိုအံ့အားသင့်မှု အပြည့်ရှိနေမှ ပျော်စရာကောင်းတယ် မဟုတ်ဘူးလား”
ကျန်းဝူပင်းက ကင်မရာကို မပိတ်ချေ။ ထိုအစား ယခုလို ခြားနားသော အခြေအနေက ပါဝင်လာခြင်းက ပို၍ပင် ကောင်းသည်ဟု ထင်သည်။ ထို့ကြောင့် သူက တိုက်ရိုက် ထုတ်လွှင့်သည့် ကွန်တန့်ကို အနိမ့်အမြင့် အတက်အကျ ပေါင်းများစွာနှင့် ပြည့်နှက်စေလျက် ကြည့်ရှုသူများကို ပို၍တိုးပွား စေချင်သည်။
ထို့ကြောင့် ရိုးရှင်းစွာဖြင့်သာ ဧည့်သည်များကို ခရီးဆောင်အိတ်များကို သယ်စေလျက် တောင်ပေါ်သို့ တက်မည်ဖြစ်ကြောင်း ပြောလိုက်၏။ သူတို့၏ ကိုယ်ပိုင် ကင်မရာများကိုလည်း သယ်ဆောင်လာစေမည် ဖြစ်သည်။
ထို့အပြင် ဝန်ထမ်းများကိုလည်း လိုအပ်သော ပစ္စည်းများကိုသာ သယ်သွားစေလျက် ကျန်သော လူအနည်းငယ်ကို ရိက္ခာများနှင့်အတူ ကားထဲတွင် နေရစ်ခိုင်းခဲ့မည် ဖြစ်သည်။ သူတို့က တောင်ခြေတွင် စကားပြောစက်ကို ကိုင်ကာ အသင့်စောင့်နေရမည် ဖြစ်၏။
တောင်ပေါ်သို့ လမ်းလျှောက် မတက်ချင်သည့် နူးညံ့သော ဧည့်သည်များကို မြင်သောအခါ ကျန်းဝူပင်းက တွန်းအားပေးသည်။
“ဒါရိုက်တာ အသင်းက တောင်ပေါ်မှာ စံအိမ်ကြီးတစ်ခုကို ဘိုကင်ယူထားတာ။ အဲဒီစံအိမ်က အရင်က အနုပညာရှင်တစ်ယောက် နေခဲ့ဖူးတဲ့ နာမည်ကျော် သမိုင်းဝင် စံအိမ်ကြီးလေ။ အားလုံးပဲ နည်းနည်းလောက် အပင်ပန်း ခံပေးကြပါဦး။ ငါတို့ သိပ်မကြာခင် ရောက်သွားမှာပါ”
သူတို့ အားလုံးကလည်း အဆင့်အတန်းမြင့် စံအိမ်ကြီးတွင် နေရမည်ဟု ကြားမှသာ လူတိုင်း၏ မျက်လုံးက တောက်ပသွားကြသည်။
အချို့သော လူများကဆိုလျှင် စံအိမ်သို့ ရောက်လျှင် ဓာတ်ပုံရိုက်ပြီး သူတို့၏ အကောင့်အသီးသီးသို့ တင်ကာ ဂန္တဝင်ဆန်သည့် ဆွဲဆောင်မှုမျိုးနှင့် ကာရိုက်တာ တစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ထားကြသေးသည်။
လူတိုင်းကလည်း စိတ်အားထက်သန်မှု အပြည့်နှင့် တောင်ပေါ်သို့ တက်သည်။ ကင်မရာအရှေ့တွင် သူတို့၏ ငြီးငြူချင်သည့် ဟန်အမူအယာကို မပြကြပါချေ။
အနောက်ဆုံးမှ လျှောက်နေသည့် ယန်ရှစ်ရွှမ်းကသာ တောင်ပေါ်သို့ တက်နေသည့် ကျောက်တုံး လှေကားထစ်များပေါ်သို့ နင်းမိပြီးနောက် တခဏခန့် ရပ်တန့်မိသွားသည်။
သူက နောက်လှည့်လိုက်ပြီး အဖြူရောင် မြူထုများဖြင့် လွှမ်းခြုံထားခြင်းကို ခံရသော စိမ်းလန်းသည့် တောင်တောအုပ်ကြီးကို ကြည့်လိုက်သည်။
ထူးဆန်းနေသည်မှာ သူတို့အဖွဲ့က ကွေ့ချန်းတောင်ခြေသို့ စတင်ရောက်ရှိချိန်က ကောင်းကင်ဟာ ညအလား မဲမှောင်နေသည်။ သို့သော် တောင်ပေါ်သို့ တက်လိုက်သည့် တခဏတွင် မိုးရွာပြီးနောက် ကောင်းကင်က အုံ့မှိုင်းနေသော ပုံစံမျိုးဖြင့် ပြောင်းလဲသွားသည်။
ရေငွေ့များကပင် မပျောက်ပျယ်သွားသေးချေ။ မြူဖြူကလည်း နေရာတိုင်းတွင် လွှင့်မျောနေသည်။ ထိုသို့ဖြင့် တောင်တန်းများ၊ တောအုပ်များကိုလည်း လွှမ်းခြုံနေသည်။
1 06
ယခုလိုမျိုး နေရာမျိုးတွင် တင်ဆက်သူ၏အသံက အထူးတလည် ကြမ်းတမ်းပြီး ထူးဆန်းနေသလို ဖြစ်နေသည်။ သူမ၏အသံက တောင်တန်း၏ အတွင်းမှ ပဲ့တင်ထပ်ကာ ထွက်လာသည့် အသံကဲ့သို့ ဖြစ်နေသည်။
ကွေ့ချန်းက ပင်းဟိုင်မြို့ ဆင်ခြေဖုံးတစ်ခွင်မှာ အကျော်ကြားဆုံး၊ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုပါပဲ။ ဒါ့အပြင် သူ့ရဲ့ရှုခင်းတွေ လှပမှုလည်း ကွေ့ချန်းမှာ အကျော်ကြားဆုံး ဒဏ္ဍာရီတစ်ခု ရှိခဲ့သေးတယ်။ စစ်ဖြစ်ခဲ့တဲ့ ကာလတွေ အတောအတွင်းမှာ ဒီနေရာက ဂူကြီးတွေ ပြည့်နေခဲ့တာလေ။ နောက်ပြီး အလောင်းတွေကလည်း အထပ်ထပ် မြှပ်နှံခံထားရသေးတာ။ အလောင်းတွေက တောင်ပုံရာပုံတောင် ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီနောက်ပိုင်း တောအုပ်တွေကို ရှင်းလင်းပြီးမှ ဒီနေ့လို မြင်ကွင်းက ပေါ်ထွက်လာခဲ့တာပေါ့”
လိုင်းကလည်း ဆိုးပြီး မိုးကလည်း ရွာထားခဲ့သောကြောင့် ဖြစ်လောက်သည်။ တင်ဆက်သူ၏ အသံချဲ့စက်က လျှပ်စီးများ တစ်ဝီဝီ အသံများနှင့် ရောနေသောကြောင့် သူမ၏ စူးရှပြီးသား အသံကို ပို၍ပင် ထူးဆန်းသော ပုံသဏ္ဌာန်မျိုးနှင့် ပြောင်းလဲသွားစေသည်။
ဧည့်သည်များကလည်း ဒါရိုက်တာအသင်း၏ စီမံထားသော ဇာတ်ညွှန်းအတိုင်း လိုအပ်သည့် စကားများကိုသာ ဝင်ပြောတတ်သည်။ ထို့အပြင် ဒီကွေ့ချန်း၏ အစစ်အမှန် အခြေအနေနှင့် ကောလဟလ များကိုလည်း မသိပါချေ။ ထိုအချိန်တွင် တင်ဆက်သူက ဒီနေရာတွင် အုတ်ဂူများ ပြည့်နှက်ခဲ့ကြောင်း ပြောသောစကားကို ကြားရပြီး ယခုလို လူရှင်းလင်းသော တောင်တန်းကို မြင်ရချိန်တွင် အနည်းငယ် ကြောက်လန့် လာကြသည်။
ယခုလေးတင်မှ ဇာတ်ညွှန်းရထားသည့် တင်ဆက်သူကလည်း ပထမဦးဆုံးအကြိမ် ဖွင့်ပြီး ဖတ်ရခြင်း ဖြစ်သည်။ ဖတ်ကြည့်ပြီးနောက် သူမ၏ မျက်နှာကလည်း အနည်းငယ် ဖြူဖျော့သွားသည်။
“အားလုံးပဲ ကြောက်သွားတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒါက ကောလဟလပါ။ ဒါပေမယ့် ဒီမှာ လျို့ဝှက်ချက် သေးသေးလေး ရှိသေးတယ်”
တင်ဆက်သူက ကင်မရာသို့ ကြည့်ပြီး အားတင်းပြုံးလိုက်ကာ လျို့ဝှက်ဆန်းကြယ်ချင် ဟန်ဆောင်သည်။ “တကယ်တော့ _ _ _ ငါက သရဲလေ”
ဧည့်သည်များက တင်ဆက်သူ၏ လေထုအခြေအနေကို ပေါ့ပါးအောင် လုပ်သောစကားကို ကြားသောအခါ အားလုံးက ကင်မရာရှေ့တွင် တစ်ချိန်တည်းလိုလို ရယ်လိုက်ကြသည်။ ပတ်ဝန်းကျင် တောင်၊ တောအုပ်များကို လိုက်ကြည့်နေသည့် ယန်ရှစ်ရွှမ်းက ထိုစကားကို ကြားသောအခါ တင်ဆက်သူကို လှမ်းကြည့်လိုက်သည်။
ကင်မရာထဲတွင် အလွန်ကြည့်ကောင်းစေရန် အလိုငှာ လျိုရီရီက သူမ၏ ဖောင်ဒေးရှင်းကို အလွန်အမင်း ဖြူအောင် လိမ်းထားသလို၊ အိုင်းရှဲဒိုးများ၊ ဟိုက်လိုက်များကိုလည်း ခပ်ထူထူ သုံးထားသည်။ ကင်မရာထဲတွင် ကြည့်ကောင်းသော်လည်း အပြင်တွင်မူ သူမ၏ အထူးတလည် နီရဲနေသော နူတ်ခမ်းနှင့် ဘေးနားတွင် ဝေဝါးနေသော မြူထုများကြောင့် တစ်ချက် ကြည့်လိုက်ရုံနှင့် သူမဟာ ပါးစပ်ကြီး ဖြဲထားသော သရဲမကြီးကဲ့သို့ ဖြစ်နေပြီး သက်ရှိလူများကို မြိုတော့မလို ဖြစ်နေသည်။
တစ်ဖက်တွင်မူ ထိုတင်ဆက်သူက ခပ်အေးအေး ဖြစ်နေသော လေသံမျိုးနှင့် ကွေ့ချန်းနှင့် ပက်သက်သည့် သမိုင်းများ၊ ကောလဟလများကို ပြောပြနေသေးသည်။ ဧည့်သည်များကလည်း မကြာခဏဆိုသလို တုန့်ပြန်ပေးသည်။
ထိုပြောပြသည့် ကောလဟလများထဲတွင် ခရီးထွက်လာရင်းနှင့် ပျောက်သွားခဲ့သော ကောလိပ်ကျောင်းသား တစ်ယောက် အကြောင်းလည်း ပါသလို တောင်ပေါ်တွင် ခန္ဓာကိုယ် တစ်ဝက်ခန့်သာ ရှိသော လူတစ်ယောက် လမ်းလျှောက်နေကြောင်း မြင်ခဲ့ဖူးသော ရွာသားတစ်ယောက် အကြောင်းလည်း ပါသည်။ ထိုသို့ဖြင့် ဆိုးရွားသထက် ဆိုးရွားလာသော ကောလဟလများက ထိုလူများကို ဆက်ပြီး မယုံကြည်တော့ချေ။ ထို့ကြောင့် သူတို့က စိတ်အေးသွားကြသည့် အချိန်တွင် သူတို့က အလွန် တုံ့ပြန်မိကြောင်း သိသွားကြသည်။
အသင်း၏ နောက်ဆုံးမှသာ အင်္ကျီအိပ်ကပ်ထဲသို့ လက်ထည့်ပြီး အလျင်မလိုသော ပုံစံမျိုးဖြင့် လျှောက်လာခဲ့သည့် ယန်ရှစ်ရွှမ်းကသာ ကင်မရာမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
တင်ဆက်သူနှင့် အခြားဧည့်သည်များက ကွေ့ချန်းမှ ကောလဟလများ အကြောင်း ပြောနေပြီး ကောလဟလများက ကောလဟလများဟုသာ သူတို့က ရေရွတ်နေကြ၏။ သို့သော် သူတို့က အမြဲတမ်းလိုလို လူထုများ အပြည့်ရှိသည့် လမ်းများဝန်းကျင်တွင်သာ နေထိုင်ခဲ့ဖူးကြခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်းကမူ လူတိုင်းနီးပါးနှင့် အဆက်အသွယ် ရှိခဲ့ဖူးသည်။ သူက ဒီနယ်ပယ်တွင်လည်း ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် အခြေအနေက ထိုသို့ မဟုတ်ကြောင်း နားလည်နေသည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကွေ့ချန်းက လူမသိသူမသိ တောင်ကုန်းသက်သက်ပဲ။
ဒဏ္ဍာရီတွေ အရဆိုရင် သူ့ရဲ့အလှလေးကို တောင်တန်းထဲမှာ ဝှက်ထားချင်တဲ့ ကြွယ်ဝလွန်းတဲ့ စီးပွားရေးသမား တစ်ယောက်က ဆောက်လုပ်ရေး စီမံကိန်းများစွာကို သုံးပြီး အလှလေးပြုံးစေဖို့အတွက် အလှလေးအကြိုက် စံအိမ်ကြီးကို ခမ်းခမ်းနားနား တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒီခေတ်က လူတွေကလည်း စစ်ပွဲမှာ သေသူကသေ၊ အချိန်ကြောင့် သေဆုံးသူက သေဆုံးနဲ့ ဒီစကားတွေကို အတည်ပြုလို့ မရနိုင်တော့ဘူး။
1 07
ဒါပေမယ့် အတည်ပြုနိုင်သေးတဲ့ တစ်ခုသော အကြောင်းအရာကတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဓားပြတွေက ပင်းဟိုင်မြို့ကို ဖြတ်သွားတဲ့အချိန်မှာ တောင်ပေါ်မှာ ယာယီ ရပ်နားခဲ့တယ် ဆိုတဲ့ ကိစ္စပဲ။
လအနည်းငယ် ကြာပြီးတဲ့နောက်မှာ တောင်အနီးအနားမှာနေတဲ့ ရွာသားတွေက ထွက်သွားပြီလို့ ထင်တယ်။ ဒါကြောင့် သူတို့က တောင်ပေါ်ကို တက်ပြီး ထင်းသွား ခုတ်ကြတဲ့အခါ မမျှော်လင့်ထားပဲ တောင်ပေါ်မှာ ထူးဆန်းစွာ သေဆုံးနေခဲ့တဲ့ ဓားပြအလောင်း ဆယ်လောင်းကျော်ကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက စူးရှတဲ့ လက်နက် တစ်ခုခုနဲ ကုပ်ထားသလို ကုပ်ခြစ်ရာတွေ ပြည့်နှက်နေပြီး အစာအိမ်တွေက ပြည့်နှက်နေတယ်။ သူတို့က စူးစူးရွားရွား ပုံစံမျိုးနဲ့ သေသွားကြတာ။
အဲဒီချိန်ကတည်းက တောင်ဝန်းကျင်က ဖြတ်သွားပြီး အနားယူတဲ့ လူတိုင်းက မကြာခဏဆိုသလို အလောင်းအဖြစ်နဲ့သာ ပြန်တွေ့ကြရတယ်။ အဲဒီလိုပဲ အနီးအနားဝန်းကျင်က ရွာသားတွေက တောင်ပေါ်တက်ပြီးရင် ဘယ်တော့မှ ပြန်မဆင်း လာနိုင်တော့ဘူး။
ဒီဓားပြတွေက ဒီလို ဆိုးရွားတဲ့ ပုံစံမျိုးနဲ့ သေဆုံးသွားရတာ သူတို့နှလုံးသားထဲက ရန်ငြိုးကြောင့်လို့ ပြောကြတယ်။ ဒီတော့ သူတို့ဟာ သေဆုံးပြီးတဲ့နောက်မှာ ဆိုးယုတ်တဲ့ ဝိဉာဉ်အဖြစ်နဲ့ ပြောင်းလဲသွားပြီး တောင်ပေါ်မှာ ဆက်နေလို့ ဓားပြအဖြစ်နဲ့ ဖြတ်သွားဖြတ်လာတိုင်းကို တိုက်ခိုက်ကြတယ်လို့ ဆိုတယ်။
တစ္ဆေတောင်လို့ သိကြတဲ့ ဒီတောင်က အနီးအနားက လူတွေအတွက် တားမြစ်နေရာ တစ်ခုပဲ။
သိပ်မကြာခင်ကမှ လောကကြီးက ငြိမ်းချမ်းသွားတယ်။ နာမည်ထဲက ကာရိုက်တာတွေကို အစားထိုးပြီးတဲ့နောက်မှာ ကွေ့ချန်းဆိုတဲ့ နာမည်က မကောင်းဘူးလို့ ထင်တဲ့ အသံတူ စာလုံးကွဲတဲ့ ကွေ့ချန်းကို ပြောင်းခဲ့တာ။
တင်ဆက်သူ ပြောသွားတဲ့ ခန္ဓာကိုယ် တစ်ဝက်ပဲ ကျန်တော့တဲ့ လူက လမ်းလျှောက်နေတယ် ဆိုတဲ့အတွက်ကတော့ _ _ _ ဒါကတော့ အမှန်ပဲ။
ယန်ရှစ်ရွှမ်းက တိုက်တိုက်ဆိုင်ဆိုင်နဲ့ တစ်စုံတစ်ယောက်ကို တစ္ဆေကူနှင်ပေးနေရင်း တာအိုမိတ်ဆွေတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီတစ်ယောက်ရဲ့ ပြောစကားအရ ကွေ့ချန်းတောင်က တော်တော်လေးကို မတည်မငြိမ် ဖြစ်နေခဲ့တာ။ အပေါ်ယံက ဖုန်တွေ၊ မြေသားတွေကို ဖယ်ရှားကြည့်လိုက်မယ်ဆိုရင် အောက်ဘက်မှာ အချိန်အတိုင်းအတာ တစ်ခု ကုန်လွန်သွားတာနဲ့ ဆွေးမြေ့နေတဲ့ အရိုးတွေ၊ ပုတ်ပွနေတဲ့ အလောင်းတွေက မြေကြီးထဲမှ တွားသွားလာပြီး တောင်တန်းနဲ့ တောအုပ်ထဲမှာ ဦးတည်ရာမဲ့ လျှောက်သွားနေလိမ့်မယ်။ ဒါပေမယ့် သူတို့က ဘယ်လိုနည်းလမ်းနဲ့မှ ကွေ့ချန်းတောင်ထဲကနေ အပြင်ကို မထွက်နိုင်ကြဘူး။
ရွာသားတွေက ရဲကို ခေါ်ပြီးတဲ့နောက်မှာ ဒီမတော်တဆ ဖြစ်ရပ်က ပင်းဟိုင်မြို့မှ နာမည်ကြီး ဟိုင်ရန်ဂူဘုရားကျောင်းကို အလန့်တကြား ဖြစ်သွားစေခဲ့တယ်။ တာအိုဘုန်းတော်ကြီး အများစုက စုစည်းပြီး ကွေ့ချန်းကို အချိန်အတန်ကြာအောင် ရှာဖွေခဲ့ပေမယ့် သူတို့က ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။
အဲဒီတာအိုမိတ်ဆွေကလည်း ဒီလို ရှာဖွေမှုမှာ ပါဝင်ခဲ့တယ်။ သူက ဒီအကြောင်းကို သိပြီး ယန်ရှစ်ရွှမ်းကို အာရုံစိုက်ဖို့ ပြောခဲ့တယ်။ ဒီလိုနဲ့ ယန်ရှစ်ရွှမ်းရဲ့အမြင်ကို ပိုကျယ်ဖို့ မျှော်လင့်ခဲ့တာပေါ့။
ဒါပေမယ့်လည်း ကျန်းဝူပင်းနဲ့ သဘောတူချက်အရ သူက ဒီရှိုးရဲ့ ကျော်ကြားမှုမဲ အောက်ဆုံးနေရာကို ရောက်နေမှ ထွက်သွားနိုင်မှာဆိုတော့ ယန်ရှစ်ရွှမ်းအနေနဲ့လည်း ဒီနေရာမှာ ရက်အနည်းငယ် နေရဦးမှာလို့ ယူဆတယ်။ ဒီတော့ ရှိုးရဲ့ စီစဉ်မှုတွေကိုလည်း အသေးစိတ် အာရုံမစိုက်မိဘူး။ ဒါပေမယ့် ဒီနေ့မှ မမျှော်လင့်ထားပဲ သူတို့ ရွေးထားတဲ့ ပထမဦးဆုံး ရပ်နားရာ နေရာက ကွေ့ချန်းဆိုတာကို သိလိုက်ရတယ်။
ဒါက အစောပိုင်းကတည်းက ကြိုတင်သဘောတူမှု နောက်ပြီး ဒါက တိုက်ရိုက် ထုတ်လွှင့်မှုဆိုတော့ ယန်ရှစ်ရွှမ်းအနေနဲ့ နောင်တရဖို့ နောက်ကျသွားပြီ။
“ဝူး ဝူး”
တောင်ပေါ်သို့တက်သော လမ်းဘေးမှ သစ်ပင်များက ညင်သာစွာ ယမ်းခါသွားသည်။ သစ်ရွက်များကလည်း အသံသေးသေးလေးများ ထုတ်ကြ၏။
ယန်ရှစ်ရွှမ်းမှ ဘေးဘက်သို့ အာရုံမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။ အရွက်များ အားလုံးက လှုပ်ခါမှုမှ ချက်ချင်းလိုလို ရပ်တန့်သွားသည်။ ဧည့်သည်များက ကင်မရာ၏ အရှေ့တွင် စကားတပြောပြော၊ ရယ်ရယ်မောမောနှင့် ဖြစ်သည်။
သူတို့က ယခုလေးတင် ခံစားခဲ့ရသည့် အံ့ဩမှုမှ သက်သာလာကာစ ရှိသေးသည်။ ရုတ်တရက်ဆိုသလို စူးရှသည့် အသံတစ်သံကို ကြားလိုက်ရသည်။
“အား”
လူတိုင်းကလည်း သူမကြောင့် ကြောင်သွားပြီး သူမကို လှည့်ကြည့်လိုက်ကြသည်။ ကင်မရာကပင် သူမကို ချိန်၏။
ထိုမင်းသမီး၏ မျက်နှာကဖြူဖျော့ပြီး သူမ၏ ခြေထောက်က တုန်ခါနေ၏။ သူမက ကင်မရာ၏ အရှေ့တွင် အတတ်နိုင်ဆုံး ပြုံးနိုင်အောင် ကြိုးစားသော်လည်း ထိုမျက်နှာက ငိုသည်ထက် ရုပ်ဆိုးနေသည်။
1 08
“ငါ ငါ ငါ ငါ လူအရိုးကို နင်းလိုက်မိတယ်”
အားလုံးက ထိုစကားကို ကြားသောအခါ သူမ၏ ခြေထောက်အောက်ကို ကြည့်လိုက်ကြသည်။ သေချာစွာပင် သူမ၏ ခြေထောက်အောက်တွင် နှစ်ပိုင်းကွဲသည်အထိ အနင်းခံထားရသော အရိုးဖြူတစ်ခု ရှိနေသည်။
ထိတ်လန့်လွယ်သော မိန်းကလေးများက စူးရှစွာ အော်ဟစ်ကြပြီး အနားရှိလူများ အနောက်သို့ ပုန်းသည်။
ထိုထဲမှ အမျိုးသား အနုပညာရှင်တစ်ယောက်ကလည်း အနည်းငယ် ကြောက်လန့်သွားသည်။ သို့သော် သူကလည်း သတ္တိရှိချင်ဟန်ဆောင်ပြီး ထိုမင်းသမီးကို ကာကွယ်ပေးသည်။ တစ်ဖက်သူက ကြောက်လွန်းသဖြင့် ခြေထောက်များကပင် ပျော့ခွေနေပြီ ဖြစ်သည်။ ထို့ကြောင့် လမ်း မလျှောက်နိုင်တော့ချေ။ တစ်နည်းအားဖြင့် သူမကို တိုက်ရိုက် ထုတ်လုပ်မှု အရှေ့မှ အဝေးသို့ ရောက်သွားအောင် ကူညီတွဲပေးလိုက်သည်။
“မဟုတ်ပါဘူး။ ရပါတယ်။ မစိုးရိမ်ပါနဲ့။ တင်းချန် မင်းက ကြောက်လွန်းအား ကြီးသွားတာပါ။ ဘယ်မှာ လူ့အရိုးလဲ။ ဒါက တိရစ္ဆာန်အရိုးပါ”
******