မနေ့က ပထမဆုံး ရိုက်ကူးမှုအပြီးတွင် ဟန်ထျန်းယွီသည် လုရွှိ၏ မျက်နှာအား သတိထားမိခဲ့သည်။
သူ့ကိုယ်ပိုင် ရုပ်ရည်သည် မဆိုးသော်လည်း လုရွှိ၏ ရုပ်ရည်မှာ အမှန်တကယ် အားကောင်းသည်ကို သူ ဝန်ခံရပေသည်။
"မင်း အလှမောင်ပြိုင်ပွဲ မဝင်တာ နာတယ်လို့ ငါ ထင်တယ်"
( Note : သူက မော်ဒယ်ပြိုင်ပွဲလိုမျိုးနဲ့ ဆင်ပါတယ် )
ထိုစကားလုံးများ၏ နောက်ကွယ်တွင် မည်သည့် ဆိုးရွားသော ရည်ရွယ်ချက်တစ်စုံတစ်ရာမျှ မရှိပေ။ လုရွှိပင် ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သို့မှ မပြောခဲ့ပေ။
မနေ့ညက ကြုံတွေ့မှုနောက်ပိုင်း အခန်း ၂၀၁ ထဲ၌ လေထုသည် ပို၍ သဟဇာတ ဖြစ်လာသည်။ ကျန်သုံးဦး၏ ဖိတ်ခေါ်မှုအား ရင်ဆိုင်ရသောအခါ လုရွှိသည် မည်သည့် ကန့်ကွက်မှုမျှ မပြသဘဲ သူတို့နောက်သို့ ပူးပေါင်းပါဝင် လိုက်ပါခဲ့သည်။
"ရွှိကော!"
စားသောက်ဆိုင်ထဲသို့ သူ ဝင်လိုက်သည်နှင့် ရွှီလဲ့လဲ့သည် သူ့အား အားတက်သရော လက်ပြနေပြီး သူ့ဘေးရှိ ထိုင်ခုံအား လက်ညှိုးထိုးပြနေသည်။
"ဒီကို လာထိုင်!"
လုရွှိသည် သူ့အား "အိုကေ" လက္ခဏာ ပြသပြီး နံနက်စာ ရယူရန်အတွက် ကော်ဖီဆိုင်ကောင်တာပြတင်းပေါက်ဆီသို့ သွားလေသည်။
သင်တန်းသားများအတွက် အရသာအား အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကော်ဖီဆိုင် ဝန်ထမ်းများသည် အထူးနံနက်စာ ဘူဖေးအား ပြင်ဆင်ပေးထားသည်။
စုန့်ကျယ်နှင့် အခြားသူများသည် ပျံ့နှံ့နေသော ဟင်းပွဲများအားလုံး ပတ်၍ လှည့်ပတ်ကြည့်ရှုကြပြီး နောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် အဆီမပါသော နို့ ဖြင့် ကြက်ရင်သားအသုပ်ကိုသာ ရွေးချယ်ခဲ့ကြသည်။
လုရွှိတွင် အစားအသောက်နှင့် ပတ်သက်၍ အထူးလိုအပ်ချက်များ မရှိသော်လည်း သူသည် လူအများအတိုင်း လိုက်နာ စားသောက်ရသည်။
သူသည် ပုစွန်လုံးဖက်ထုပ်ကြက်ဥဆန်ပြုတ် တစ်ပန်းကန်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥကြော် တစ်ပန်းကန် ယူလိုက်ပြီးနောက် ရွှီလဲ့လဲ့နှင့် အတူ ထိုင်ရန် သူ၏ အစားအသောက်များ ယူသွားလေသည်။
လုရွှိ ရောက်လာသည်ကို မြင်သောအခါ ရွှီလဲ့လဲ့သည် ဝမ်းသာမဆုံး ဖြစ်နေပြီး သူ့အတွက် ထိုင်ခုံအား ဆွဲထုတ်ပေးရန်လည်း မမေ့ခဲ့ပေ။
"ရွှိကော၊ ကျွန်တော် ခင်ဗျားအတွက် မှာပေးချင်တာ… ဒါပေမဲ့ ခင်ဗျား ဘာကြိုက်လဲ မသိလို့ ခင်ဗျား လာတဲ့အထိပဲ စောင့်နေလိုက်တယ်၊ ဟုတ်သားပဲ… မနေ့ညက ဘာဖြစ်ခဲ့လဲ ခင်ဗျား ကြားမိလား"
လုရွှိသည် သူ မည်သည့်အကြောင်းအရာအား ပြောနသေည်ကို အနည်းနှင့်အများ သိသော်လည်း မျက်နှာအမူအရာ မပြောင်းဘဲမေးလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ"
ရွှီလဲ့လဲ့၏ အတင်းအဖျင်း စိတ်ဝိညာဉ်သည် စိတ်အားထက်သန်စွာ တောက်လောင်နေပြီး လုရွှိနှင့် မျှဝေခြင်းအား မတားဆီးနိုင်သော်လည်း သူသည် ရွှီဟောက်မင်နှင့် အခြားသူများက သူတို့၏ နံနက်စာများနှင့်အတူ လုရွှိ၏ ဘေးတွင် လာထိုင်သည်ကို ကြည့်ရန် မော့ကြည့်လိုက်သောအခါ ရုတ်တရက် သူ ပြောသင့်၊ မပြောသင့် မသိတော့ပေ။
ရွှီလဲ့လဲ့ ရှင်းလင်းစွာပင် မှတ်မိသည်။ ဤရွှီဟောက်မင်သည် မနေ့က သူတို့၏ ကောလာဟလများအား လှောင်ပြောင်ခဲ့သူဖြစ်သည်။ ယခုမူ သူ ပြောလိုက်ပါက ဤလူသည် မည်ကဲ့သို့ အေးစက်သော စကားများ ပြောလာမည်ကို သူ မသိပေ။
သို့သော် သူသည် တစ်ယောက်တည်း ရှိချိန်တွင် လုရွှိအား ပြောပြရန် အခွင့်အရေး စောင့်ဆိုင်းရန် တွေးနေစဉ် ရွှီဟောက်မင်မှ မေးလိုက်သည်။
"မနေ့ညက ပုံမှန်မဟုတ်တဲ့ တစ်ခုခု ဖြစ်ခဲ့တာလား"
သူ၏ အသံနေအသံထားသည် စိတ်အားထက်သန်သည်ဟု မယူဆနိုင်သော်လည်း မနေ့ကထက် ပို၍ ယဉ်ကျေးနေသည်။
လူတိုင်း၏ မျက်လုံးများက သူ့အပေါ် ရောက်နေသည်ကို မြင်သောအခါ နောက်ဆုံးတွင် ရွှီလဲ့လဲ့သည် သူတို့အား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။
"သိရသလောက်တော့ မနေ့ညက အဆောက်အအုံထဲမှာ သရဲတွေ ရှိတယ်တဲ့..."
ရွှီဟောက်မင်၏ တူသည် လေထဲ၌ ရပ်တန့်သွားပြီး သူသည် လုရွှိဘက်သို့ လှမ်းကြည့်လိုက်သည်။
လုရွှိ၏ မျက်နှာတွင် မည်သည့် ပြောင်းလဲမှုမျှ မပြသပေ။ သူသည် ရွှီလဲ့လဲ့ကိုသာ မေးလိုက်သည်။
"မင်းရဲ့ သူငယ်ချင်းက ဒီအကြောင်းကို မင်းကို ပြောပြတာလား"
ရွှီလဲ့လဲ့မှာ မနေ့ကပင် သူ့အဖွဲ့သား၏ ဆွေမျိုးသည် ဘူတာရုံတွင် အလုပ်လုပ်သည်ဟု ပြောခဲ့ပြီးဖြစ်သည်။ မနေ့က ဖန့်ဇုန်းသည် အတော်လေး ဆူညံအောင် လုပ်ခဲ့သောကြောင့် သတင်းပေါက်ကြားသွားခြင်းကား မထူးဆန်းပေ။
ထင်သည့်အတိုင်းပင် ရွှီလဲ့လဲ့သည် ချက်ချင်း ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်၊ ငါ့ သူငယ်ချင်းက ပြောပြတာ… ဒါရိုက်တာရဲ့ အဖွဲ့က ငိုသံတွေ ကြားခဲ့ရပေမဲ့ လူကို ရှာမတွေ့ခဲ့ဘူးလို့ သူ ပြောတယ်၊ ရေနဲ့ မီး ရုတ်တရက် ပြတ်သွားတာကို မင်းတို့လည်း ထူးဆန်းတယ်လို့ မထင်ဘူးလား"
ထိုစကားအား ကြားသောအခါ စုန့်ကျယ်မှာ မျက်မှောင်ကြုတ်သွားရပြီး ထိုစကားများသည် အလွန် ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။
"ရေနဲ့ မီး ပြတ်သွားတာက ပုံမှန်ပါပဲ၊ အဲဒါက ဘာဖြစ်လဲ… ဒါရိုက်တာရဲ့ အဖွဲ့မှာ လူတစ်စုပဲ ရှိတာ… တစ်ခုခု ဖြစ်ခဲ့ရင် ငါတို့ ဘယ်လိုလုပ် မသိနိုင်မှာလဲ"
ရွှီလဲ့လဲ့ ချက်ချင်း ရှင်းပြလိုက်သည်။
"ဒီလို ကိစ္စတွေကို လျှို့ဝှက်ထားတာ က ပုံမှန်ပါပဲ၊ ဒါကြောင့် ငါတို့ မသိတာက ပုံမှန်ပဲ… ငါ့ သူငယ်ချင်းက သိပြီးမှ ငါ့ကို ပြောပြတာ… လုရွှိ နဲ့ ငါ ဒီလောက် ဆက်ဆံရေးကောင်းကောင်း မရှိရင် ဒါကို ဒီမှာ လာပြောနေမှာ မဟုတ်ဘူး”
စကားပြောပြီးနောက် ရွှီလဲ့လဲ့အား ကာကွယ်ရေး အဆောင်လက်ဖွဲ့ တစ်ခု ထပ်မံထုတ်၍ လုရွှိအား ပေးလိုက်သည်။
"ရွှိကော၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ နှစ်ခု ဝတ်ထားလိုက်ပါ… စိတ်ချရအောင်လို့"
လုရွှိသည် သူ၏ ရည်ရွယ်ချက်ကောင်းအား သိသော်လည်း မယူခဲ့ပေ။
"မလိုပါဘူး၊ မင်း ကိုယ့်အတွက်ကိုပဲ သိမ်းထားလိုက်"
ရွှီလဲ့လဲ့သည် သူ၏ အိတ်ကပ်ကို ပုတ်လိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"ကျွန်တော့်မှာ အများကြီး ရှိပါသေးတယ်"
"မင်းက လက်ကား စျေးရောင်းသူနဲ့ တူနေရောပဲ"
လုရွှိသည် စနောက်မိသော်လည်း သူမယူလိုက်ပေ။
"မင်း မနေ့က ငါ့ကို တစ်ခု ပေးပြီးပြီလေ၊ လိုအပ်တဲ့သူအတွက် သိမ်းထားသင့်တယ်"
ရွှီလဲ့လဲ့သည် နှုတ်ခမ်း စေ့လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ကျန်သူများအား ယဉ်ကျေးစွာမေးလိုက်သည်။
"မင်းတို့ တစ်ခု လိုချင်ကြလား"
စုန့်ကျယ် ခေါင်းခါလိုက်သည်။
"မလိုပါဘူး"
ရွှီလဲ့လဲ့သည် အံ့သြခြင်း မရှိပေ။ အဆုံးတွင် BTT ၏ အဆင့်အတန်းရှိသော သင်တန်းသားများ၌ အေးစက်သည် ဟူသော အချက်မှာ အရှိအတိုင်းပင် ဖြစ်သည်။ သူသည် အဆောင်လက်ဖွဲ့အား သိမ်းဆည်းရန် အသင့်ပြင်နေစဉ် ရွှီဟောက်မင်မှ တိုးညှင်းစွာ မေးလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည်။
"ငါ့ကို တစ်ခု ပေးလို့ရမလား"
ရွှီလဲ့လဲ့သည် ပထမတွင် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်၍ သူ့အား ကမ်းပေးလိုက်သည်။
"ရတာပေါ့… မင်းအတွက်"
"ကျေးဇူးပဲ"
စုန့်ကျယ်နှင့် ဟန်ထျန်းယွီတို့ နှစ်ဦးစလုံးသည် သူ့အား ထူးဆန်းစွာ ကြည့်လိုက်ကြပြီး ယနေ့ ရွှီဟောက်မင်တွင် တစ်ခုခု လွဲချော်နေသည်ဟု ထင်ကြသည်။ ထို့နောက် သူတို့သည် မနေ့ညက သူ ပြန်လာပြီးနောက် မျက်နှာကောင်းပုံမပေါ်သည်ကို သတိရပြီး သူ တစ်ခုခု ဖုံးကွယ်ထားသည်ဟု ခံစားလိုက်ရသည်။
လုရွှိသည် ဤအရာများအား စိတ်ထဲတွင် မထားပေ။ သူသည် သူ၏ နံနက်စာအား တိတ်ဆိတ်စွာ စားသောက်ပြီးနောက် အကစတူဒီယိုသို့ သွားဖို့ရာ ပြင်ဆင်ရန် ထရပ်လိုက်သည်။ သူသည် ကျိရှိုးနျန်နှင့် တွေ့ဆုံနိုင်မည်ဟု တွေးလိုက်သောအခါ လုရွှိ၏ စိတ်ခံစားချက်သည် အတော်လေး ကောင်းမွန်သွားသည်။
အခြားသူများသည် မူလက အတော်လေး နှေးကွေးပြီး အချိန်ဆွဲနေကြသော်လည်း လုရွှိ၏ သဘောထားအား သတိပြုမိပြီးနောက် သူတို့အပေါ် ဖိအားပိုများလာသည်ဟု ခံစားခဲ့ကြရသည်။ လုရွှိကဲ့သို့ အရည်အချင်းရှိသူတစ်ဦးသည် ဤမျှ ကြိုးစားပါက သူတို့သည်လည်း ပျင်းရိနေရန် မည်သည့် အခွင့်အရေး ရှိမည်နည်း။
~~~