Ch 3
Viewers 5k

အပိုင်း 3 " အံ့သြလောက်ဖွယ် ကြီးထွားမူ့ "



ရေကန်ရဲ့ဘေးတွင် မိနစ်အတော်ကြာရပ်ပြီးနောက် မှာတော့ လျူယောင် ထွက်ခွာလာခဲ့လိုက်သည်။


ရေကန်ထဲရောက်သွားတဲ့ လိပ်ကလေးမှာ ယခုအခါမှ ကောင်းကင်နှင့် မြေကြီးရဲ့ ကျယ်ပြောမှုကို ခံစားလိုက်ရတယ်။ ထို့ကြောင့် ပျော်ရွှင်စွာဖြင့် ခြေလက်လေးချောင်းကို ထုတ်ကာ ရေနက်ထဲကို ကူးခတ်သွားတော့သည်။


"  ဝိုး! ဘယ်လောက်တောင်ကြည်လင်လိုက်တဲ့ရေလဲ။"

လိပ်ကလေမှာ တော်ဝင်ဥယျာဉ်ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့ အဘွားလျူလို  မြင်လိုက်ရသမျှ အရာရာတိုင်းကြောင့် စိတ်လှုပ်ရှားစွာနဲ့ ရေအနက်ထဲကို ဆက်လက် ကူးခတ်နေသည်။


   " အာ ဒီကန်ထဲမှာ ဒီလောက်ကြီးတဲ့ ပုဇွန်ကြီးတွေ ရှိတာလား! " 

ရေ‌မှော်ပင်များကြားတွင် ရှိတဲ့ ပုဇွန်များကိုမြင်တော့  ဆာလောင်နေပြီဖြစ်တဲ့ လိပ်က‌လေးမှာ မနေနိုင်တော့ပဲ ပုဇွန်တွေဆီ ကူးခတ်သွားလိုက်သည်။


 အနားရောက်တာနှင့် ပုဇွန်က မတုံ့ပြန်ခင်မှာပဲ ချက်ချင်းကိုက်လိုက်သည်။


  ထိုပုဇွန်ကို နှစ်ကိုက် သုံးကိုက် ဖြင့် လိပ်ကလေးက လက်စသတ်လိုက်သည်။


  "ဝိုး၊ စောက်ရမ်းကောင်းတာပဲ ၊ ငါကြိုက်တယ်!"


လိပ်ကလေးက ဝမ်းသာအားရ ထအော်ကာ နောက်တကောင်ကိုထပ်၍ဖမ်းကာ စားလိုက်သည်။

     တစ်ကောင်

     သုံးကောင်

ပုဇွန်များက ထွက်  မပြေးသဖြင့် လိပ်ကလေးလည်း အလွယ်တကူ ဖမ်းကာ စားနေသည်။ပုဇွန်အကောင် တစ်ဒါဇင်ကျော် စားပြီးတဲ့နောက်  မှာတော့ လိပ်ကလေးက သူရဲ့ စားချင်စိတ်ကို ဖြည့်တင်းလိုက်နိုင်သည်။


     " သခင်က တကယ်ကြင်နာတတ်တာပဲ။ ငါ့အတွက် ဒီလိုနေရာကို ရအောင်ရှာပေးထားတာပဲ "


ထို့နောက် လိပ်ကလေးက နေရာသစ်ကို စူးစမ်းရန်အတွက် ပတ်ပတ်လည်ကို လှည့်လည် ကြည့်ရှုကာ ဆက်လက် ကူးခတ်စဥ်  ငါးအုပ်စုကြီးကို တွေ့လိုက်ရသည်။


ဘယ်လိုငါးအမျိုးအစားဆိုတာကို သူမသိပေမဲ့ အကောင်ရေ ရာနှင့်ချီတဲ့ လက်ချောင်းအရွယ်ငါးကလေးများက လိပ်ကလေးအတွက်တော့ အရသာရှိတဲ့ အစာများဖြစ်သည်။


လိပ်ကလေးက တစ်ကောင်ကို ဖမ်း၍ စားလိုက်တဲ့အခါ ငါးအုပ်စုကြီးက လျင်လျင်မြန်မြန်အဝေးကို ကူးခတ်သွားသည်။ သူစားပြီးတဲ့နောက် မှာတော့ အနားတွင် တစ်ကောင်မှ ရှိမနေတော့ပေ။

 

ရေကန်ထဲတွင် ငါးနှင့် ပုဇွန်များကဲ့သို့ စားစရာများ ပေါများတဲ့အတွက် ငါးအုပ်စုကြီး ပျောက်ကွယ်သွားသည်ကို လိပ်ကလေးက မနမြောတော့ပေ။ လိပ်ကလေးလည်း သက်‌သောင့်သက်သာဖြင့် ရေအနက်ပိုင်းထဲကို ဆက်လက် ကူးခတ်နေသည်။



သူ့အတွက် ပင်ပန်းလာရင်  နေရောင်အောက်တွင်  သက်တောင့်  သက်သာ နေပူဆာလှုံရန် နားဖို့ တစ်ခုကို လိပ်ကလေးအနေဖြင့် လိုက်ရှာနေသည်။


ရုတ်တရက် ချဉ်းကပ်လာတဲ့ အန္တရာယ်တစ်ခုကို လိပ်ကလေး ခံစားလိုက်ရကာ အနက်ရောင် အရိပ်တစ်ခုက ပါးစပ်ဟပြီး ကိုက်ရန် သူ့ဆီသို့ ကူးခတ်လာနေသည်။ကံကောင်းထောက် မစွာ လိပ်ကလေးရဲ့ တုံပြန်မှု့မှာ နှေးကွေးမနေပေ။



၎င်းမှာ ကီလိုဂရမ်အတော် များတဲ့ အနက်ရောင်ငါးတစ်ကောင် ဖြစ်သည်။

အနက်ရောင်ငါးမှာ အသားစားငါးဖြစ်ပြီး အထူးသဖြင့် ငါးကလေးများနှင့် ပုဇွန်များကို စားသောက်ပေသည်။

လိပ်ကလေးကို တွေ့ပြီးတဲ့နောက် သူဘာတွေးနေလဲဆိုတာကို ဘုရားသခင်ပဲ သိလိမ့်မည်။အရသာအသစ်အဆန်း ခံစားချင်၍လည်း ဖြစ်နိုင်သည်။


ထိုငါးရဲ့ အလျင်မှာ မထင်မှတ်ထားလောက်အောင် မြန်နေသဖြင့် လိပ်ကလေးနှင့် ငါးရဲ့ အကွာအဝေးမှာ တဖြည်းဖြည်း နီးလာသည်။ ဒီအတိုင်းဆိုလျှင်

လိပ်ကလေးအနေနဲ့  ထိုငါးရဲ့ပါးစပ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။



ကံကောင်းထောက်  မစွာဖြင့် လိပ်ကလေးက ရှေ့နားမှာရှိတဲ့ ကျောက်ဆောင်များကြားတွင် အဟ‌တစ်ခုကို တွေ့လိုက်ရာ အထဲကို လျင်မြန်စွာ ကူးဝင်သွားလိုက်သည်။ အနက်ရောင် အသားစားငါးမှာလည်း ကျောင်ဆောင်ကို ဝင်တိုက် မိပြီး အနည်ထကာ ရေများနောက်ကျိသွားသည်။


အနက်ရောင် အသားစားငါးက အချိန်အတော်အကြာတဲ့ထိ စောင့်ကြည့်ပြီးနောက် ထွက်ခွာသွားသည်။



လိပ်ကလေးက အချိန်တစ်ခုအထိအန္တရာယ်ကင်းတဲ့  ကျောင်ဆောင်ကြားတွင် ပုန်းနေခဲ့သည်။ ဒီကန်ထဲတွင် သူ ဂရုစိုက်ရမဲ့ အကောင်များရှိကြောင်း လိပ်ကလေး နားလည်လိုက်သည်။


လျူယောင် တစ်ယောက် ဒေါင်ရှန်းရေကြောင်း ကုမ္ပဏီမှ ထွက်လာခဲ့သည်။


သူအ‌နေဖြင့် သင်္ဘောသားဖြစ်ချင်လို့ မဟုတ်ဘဲ ကုမ္ပဏီရဲ့ သာမာန်ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လျှောက်ထားဖို့ စီစဉ်နေခြင်းဖြစ်သည်။ 

ကုမ္ပဏီအဖွဲ့အစည်းမှ သူရဲ့ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီးတဲ့ နောက် မှာတော့ သူတို့ဆက်သွယ်လာတာကို စောင့်နေရန် ပြောလိုက်သည်။



ကုမ္ပဏီမှ ထွက်ခွာလာကာ လျူယောင်လည်း တိုးတိုးလေး သက်ပြင်းချလိုက် မိသည်။ သူတို့ ဆက်သွယ်လာတာကို စောင့်နေပါ ဆိုတာကမျှော်လင့်ချက်မရှိ ဟု ဆိုလိုခြင်းဖြစ်သည်။


လွန်ခဲ့သည့် နှစ်ရက်အတွင်း လျူယောင် ကုမ္ပဏီအများအပြားကို သွားရောက်ကာ ကိုယ်ရေးရာဇဝင်အများအပြား တင်သွင်းလျှောက်ထားခဲ့ပြီး အွန်လိုင်းတွင်လည်း အီလက်ထရွန်နစ် ကိုယ်ရေးရာဇဝင် တစ်ဒါဇင်ကျော်ကိုပင် တင်သွင်းခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှုမှာ ကြီးကြီးမားမား မရှိပေ။


တက္ကသိုလ်မှ ဘွဲ့ရထားတာ တစ်နှစ်မပြည့်သေးဘဲ လူမှုရေး အတွေ့အကြုံနှင့် လုပ်ငန်းခွင် အတွေ့အကြုံ မကြွယ်ဝ‌တာကြောင့် အလုပ်မရခြင်းဟုသာ လျူယောင်အနေဖြင့် ကောက်ချက်ချလိုက်သည်။ 


      " ဒီတိုင်းအဆင်မပြေရင်တော့ ဆောက်လုပ်ရေးထဲမှာ အုတ်သွားသယ်ရတော့မယ် ထင်တယ် "



လျူယောင်လည်း စိတ်ထဲမှ ရေရွတ်လိုက်ကာ လိပ်ကလေးကို သတိရသွားမိသည်။ဘုရားသခင်က ရွှေလက်ချောင်းကို ချီးမြှင့်လိုက်ပေမဲ့ ထိုအရာက အသုံးဝင်တဲ့ပုံ မပေါ်ပေ။


လျူယောင်အတွက် အဓိက ဦးစားပေးမှာ ငွေရှာရန်ဖြစ်သည်။


လိပ်ကလေးအကြောင်း တွေးမိလျှက် လိပ်ကလေးကို ဆက်သွယ်ရန် စဉ်းစားလိုက်သည်။


တိရစ္ဆာန် တစ်ကောင်ဖြစ်တဲ့အတွက် လျူယောင် ဘက်  မှ စတင်ဆက်သွယ်ခြင်းမရှိရင် သူ့ဘက် မှ စ၍ဆက်သွယ်လာဖို့က ရှား‌လှသည်။ နှစ်ရက်အတွင်း ဘာသတင်းမှ မကြားရပေ။


 လျူယောင်လည်း လိပ်ကလေးရဲ့ ဇယားကွက်ကို ဖွင်ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။

အိမ်မွေးတိရစ္ဆာန် အမျိုးအစား- သန္ဓေပြောင်း လျှပ်တစ်ပြတ် လိပ်

   ခွန်အား - ၇

   ကိုယ်ခန္ဓာ ကြံ့ခိုင်မှု - ၅

   လျင်မြန် ဖျတ်လတ်မှု - ၄

    ရေထဲတွင်တစ်နာရီ အမြန်နှုန်း - ၅ ကီလိုမီတာ။     

    ကျွမ်းကျင်မှုများ- အဆင့် ၁ လိပ်ခွံအကာအကွယ် နည်းစနစ်၊ အဆင့် ၁ လိပ်အသက်ရှုနည်းစနစ်


လိပ်ကလေးရဲ့ အရည်အချင်းများထဲမှ အလေးချိန်က တိုးတက်လာသည်။ပြီးခဲ့တဲ့  နှစ်ရက် ကန်ထဲကို လွှတ်စဉ်က ဂရမ်လေးရာကျော်ကျော်သာ ရှိသည်။ 


ယခုတော့ အလေးချိန်မှာ နှစ် ကတ်တီကျော် ရှိနေပြီဖြစ်သည်။

နှစ် ကတ်တီကျော် ရှိနေတဲ့ လိပ်ကလေးက ဘယ်လိုပုံစံ ဖြစ်နေလည်း ဆိုတာ လျူယောင် သိချင်လာသည်။


 ထို့ကြောင့် ရေကန်ကို သွားပြီး လူရှင်းတဲ့ နေရာကို ရှာကာ လိပ်ကလေးကို လာခဲ့ရန် အမိန့်ပေးလိုက်သည်။

     " လိပ်ကလေး ငါ့ဆီကို လာခဲ့အုံး " 


နှစ်မိနစ်လောက်အကြာတွင်တော့ လိပ်ကလေးမှာ ရေကူးပြီး လျူယောင်ဆီကို ရောက်လာကာ

    " သခင် ကျတော် ဒီမှာ‌ပါ " 

 မတွေ့ရတာ နှစ်ရက်ပဲ ရှိပေမဲ့ လိပ်ကလေးက အတော်ထွားလာသည်။


အရင်က အရွယ်အစားထက် သုံးဆကျော်လောက် ကြီးထွားနေတာကြောင့် ဂရမ် ၁၂၀၀ကျော် ရှိနေတာ အံ့ဩစရာမဟုတ်ပေ။

အသွင်အပြင်မှာလည်း ပြောင်းလဲသွားပြီး ပို၍ပင် ခံ့ညားထည်ဝါလာသည်။


 ဒါက တကယ်ကြည့်ကောင်းတာပဲ။

    " မဆိုးပါဘူး။ ငါးတွေ ပုဇွန်တွေ အများကြီးပဲ ။ ကျနော် လွတ်လွတ်လပ်လပ် စားလို့ရတယ် ။ ဒါမယ့် ကျနော့် ကို လိုက်ဖမ်းနေတဲ့ ငါးကြီး တစ်ကောင်တော့ ရှိတယ်။ ကျနော် ကြီးလာရင် အဲ့ကောင်ကို ပြန်စားပစ်မယ်။ "



     " မင်းက ရည်ရွယ်ချက်ကြီးသားပဲ ။ ခုနေ မင်းကို အနိုင်ကျင့်တဲ့အတွက် အနာဂတ်မှာ ပြန်လက်စားချေသင့်တယ် " 

လျူယောင် ပျော်ရွှင်စွာပြောလိုက်သည်။



အချိန်အတော်ကြာ စကားပြောပြီးနောက် ရေကန်ရဲ့အနက်ရှိုင်းဆုံးအပိုင်းက မီတာ ၁၅၀ ကျော်ရှိကြောင်း လိပ်ကလေးထံမှ လျူယောင် သိလိုက်ရသည်။.


ဒီလိုအနက်က တကယ်ရှားတာပဲ။

ကန်ထဲတွင် ကတ်တီရာကျော်ရှိတဲ့ ငါးကြီးများရှိပေမဲ့  အသားစားငါးများ မဟုတ်သဖြင့် လိပ်ကလေးက အသားစားငါးရန်မှ လွဲ၍ ဘေးကင်းနိုင်သည်။

 

    " အဲ့ဒီအသားစားငါးကို ဂရုစိုက်၊ မင်းကြီးလာမှ ပြန်ရှာပြီး လက်စားချေ " 

 လျူယောင်က ပြောလိုက်သည်။

ခွန်းအား လုံလုံလောက်လောက် ရှိတဲ့အထိ အရင်ကြိုးစားသင့်သည်။


လိပ်ကလေး နားလည်သည်ဖြစ်‌စေ နားမလည်သည်ဖြစ်စေ လျူယောင်မှာ သူ့အတွက် တာဝန်တစ်ခုပေးရမည် ဖြစ်သည်။ကန်ထဲမှာ တစ်ခုခု ကူရှာပေးရန်ကိုတော့ လိပ်ကလေး နားလည်နိုင်လောက်သည်။


လိပ်ကလေး ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင်လည်း ရေကန်အနားမှ ထွက်လာခဲ့သည်။ရေကန်ု အနားမှ ထွက်လာရင်း မနီးမဝေးတွင် တံငါသည် အချို့ကို တွေ့လိုက်ရသည်။


ငါးဖမ်းခြင်းကို ထိုနေရာတွင် တားမြစ်မထားတာကြောင့် ငါးဖမ်းဝါသနာ ပါသူ အချို့က ဒီ ရေကန်ကို  ငါးမျှားလာလေ့ရှိသည်။