Ch 4
Viewers 5k

အပိုင်း 4 ."သူငယ်ချင်းကောင်း "


နောက်တစ်ရက်


လျူယောင် မနက်စောစောထကာ အလုပ်ထပ်ရှာရန် ပြင်ဆင်လိုက်သည်။ပြင်ဆင်နေရင်း သူ့ကိုယ်သူ မရယ်ပဲမနေနိုင်တော့ချေ။



 ယနေ့က စနေနေ့ ဖြစ်တာကြောင့် ကုမ္ပဏီအများစုကပိတ်ကြသည်။

ထို့နောက် လျူယောင်ထိုင်လိုက်ပြီး 

အွန်လိုင်းမှ တစ်ဆင့် ကုမ္ပဏီအချို့ဆီကိုကိုယ်ရေးမှတ်တမ်းပေးပို့ကာ အလုပ်လျှောက်လိုက်သည်။


 ပို့ပြီးနောက် မနက်စာ စားရန် အပြင်ထွက်ဖို့ ပြင်နေစဉ် သူ့ရဲ့ ဖုန်းမှ အသံမြည်လာခဲ့သည်။


   " ညီအစ်ကို ယောင် မင်းဘယ်မှမသွားရသေးဘူးမလား ကျတော် ရောက်နေပီ " 


ဒါက လျူယောင်ရဲ့ သူငယ်ချင်းကောင်း ဟူဂျွန်းရှီ ပင်ဖြစ်သည်။


 သူတို့နှစ်ယောက်မှာ တက္ကသိုလ် တက်စဉ်က အတန်းဖော်များဖြစ်သလို့ အိပ်ဆောင်လည်း အတူဖြစ်သည်။



   " ကောင်းပြီ ။ ငါ ဖတ်တီးလီရဲ့ ဆိုင်မှာ စောင့်နေမယ်" 

   " အဆင်ပြေတာပေါ့၊ ငါလည်း မနက်စာမစားရသေးဘူး " 


ဝီချက်တွင် စကားပြောလျှက် လျူယောင်က သူမနက်စာ စားနေကျ ဖတ်တီးလီရဲ့ ဆိုင်ကို လာခဲ့သည်။ခုအချိန်မှာ မနက်စာ စားချိန်ဖြစ်တာကြောင့် ဆိုင်ထဲတွင် လူအများဖြင့် သက်ဝင်လှုပ်ရှားနေပေသည်။


မိတ်ဆွေတွေ ဖြစ်တာကြောင့် သူဌေးလီက သူ့ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်သည်။


   " ရှောင်လျူ ဒီမှာလာထိုင်လေ၊ ငါမင်းအတွက် ရှင်းထားပေးမယ် " 


ဆိုင်မှာ လူကျနေသဖြင့် ပုံမှန်ဆိုလျှင် နေရာ ရဖို့ရန်အတွက် မလွယ်ကူပေ။

ငွေရှင်းကာ ထသွားသော‌ကြောင့် လွတ်နေတဲ့ စားပွဲကို ဆိုင်ရှင်လီက ရှင်းပေးတာကြောင့် လျူယောင်လည်း ဝင်ထိုင်လိုက်သည်။


   " ဦးလေးလီ ယာဂု နှစ်ပွဲ၊ မုန့်စိမ်း အကြွပ်ကြော် နှစ်ပွဲ၊ ဖတ်ထုပ်ပေါင်း တစ်ပွဲနဲ့ မန်ထို တစ်ပွဲ " 


   " နှစ်ယောက်စာပဲလား၊ သူငယ်ချင်းနဲ့ အတူစားဖို့ ချိန်းထားလို့လား " 


   " ဟုတ်တယ်၊ ခဏနေရင် သူလာတော့မှာ " 

နှစ်မိနစ် သုံးနစ် အတွင်း ဟူဂျွန်းရှီ ရောက်ချလာသည်။ သူက အရပ် ၁.၈ မီတာကျော် ရှည်ပြီး သန်သန်မာမာ ပုံပေါက်နေပေသည်။ 


    " ညီအစ်ကိုယောင်က စားစရာတွေ ကြိုမှာထားတာဆိုတော့ အားမနာတော့ဘူးနော် " 


ပေါ့ပေါ့ပါးပါး ထိုင်လိုက်ကာ ဖတ်ထုပ်တစ်ခုကို ယူစားလိုက်သည်။ စားနေလျှက်ပင် သူက မေးလိုက်သည်။


   " ခုတိုင်းတော့ ဘာအလုပ်မှ မရှိသေးဘူး။ အွန်လိုင်းကနေတော့ အလုပ်တွေ လျောက်ထားတာပဲ။


 ဒီရက်ပိုင်း သတင်းကောင်းလေး ကြားရပါစေ မျော်လင့်နေရတာပဲကွာ " 


လျူယောင် သက်ပြင်းချကာ ပြောလိုက်သည်။

ဟူဂျွန်းရှီမှာ သိသိသာသာပင် စိတ်ပူနေပုံပေါ်နေကာ တစ်ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။


   " ငါတို့လို တက္ကသိုလ် သုံးခုကနေ ဘွဲ့ရတဲ့လူတွေအတွက် အလုပ်ကောင်းတစ်ခုရဖို့ကတကယ်ခက်ခဲတာပဲ။ ညီအကိုယောင် မင်းအလုပ်မရတာက ပြဿနာအကြီးစားပဲ " 


လျူယောင်လည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


   " အေး၊ ပိုက်ဆံမရှိရင် တစ်လက် မလောက်ရွှေ့ဖို့ကိုက ခတ်နေတာကွ၊ နောက်ဆယ်ရက်လောက်နေမှ အလုပ်မရရင် ဆောက်လုပ်ရေးထဲသွားပြီး အုတ်ပဲ သယ်လိုက်တော့မယ် " 


ဟူဂျွန်းရှီ လည်း သူပြင်လာခဲ့သော စာအိတ်ကို ထုတ်ယူလိုက်သည်။ အိတ်ထဲတွင် ယွမ် နှစ်ထောင် ရှိသည်။


   " ညီအစ်ကို ယောင်၊ ဖုန်းထဲကနေ စာအိတ်နီပေးရင် မင်း မယူဘူးဆိုတာ ငါသိတယ်။ ဒီ ယွမ်နှစ်ထောင်ကိုတော့ မင်း ယူလိုက် "


လျူယောင်လည်း ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားသည်။ 

   ညီအစ်ကိုဆိုတာ ဒါကိုပြောတာ


လျူယောင်က " မင်းရဲ့ လစာက မများဘူးဆိုတာ ငါသိတယ် ၊ ငါ့မှာလည်း ယွမ်တစ်ထောင်ကျော် ကျန်သေးတာမို့ မင်း ပိုက်ဆံကို လောလောဆယ် မလိုသေးဘူး " 


   " ညီအကိုယောင် ယူလိုက်၊ ငါ့အလုပ်က အဆင်ပြေတယ်၊ ကိစ္စမရှိဘူး၊ ငါ့အတွက် စိုးရိမ်မနေနဲ့ " 

 ဟူဂျွန်းရှီက ပြန်ပြောလိုက်ပေမဲ့ လျူယောင်က ယွမ် နှစ်ထောင်ကို မယူသေးချေ။


ဟူဂျွန်းရှီ  မချမ်းသာတာကို သိသဖြင့် ထိုအရာကသူ့ထံတွင်ရှိတာအကုန်ဖြစ်နိုင်သည်။


ဟူဂျွန်းရှီလည်း လျူယောင် အကြောင်း ကောင်းကောင်း သိသဖြင့် ပိုက်ဆံကို ပြန်သိမ်းရုံသာ တက်နိုင်တော့သည်။


   " ညီအကို ယောင် ငါ ဒီပိုက်ဆံကို ငါပြန်ယူထားလိုက် မယ်၊ မင်းလိုတဲ့အချိန်ကျရင် ငါ့ကိုပြော " 

   " ကျေးဇူးပဲ ငါ့ကောင် " 

လျူယောင်က ထပ်မံ ကျေးဇူးတင်လိုက်သည်။


သူတို့နှစ်ယောက်စလုံး ပိုက်ဆံအကြောင်း ထပ်မပြောကြတော့ပဲ အခြားအကြောင်းအရာများကိုသာ ထွေရာလေးပါးဆက်လက် ပြောဆိုနေကြသည်။


 ဥပမာ ဘွဲ့ရပြီးသော အတန်းဖော်များထဲတွင် ကုမ္ပဏီကြီတစ်ခုတွင် အလုပ်ရသူအကြောင်း၊ ကားဝယ်စီးနိုင်သူ အကြောင်း စသဖြင့် ဖြစ်သည်။


ထိုအကြောင်းများနှင့် ပက်သက်လျှင်တော့ ဟူဂျွန်းရှီမှာ အပြောသမား လျူယောင် ခမျာ နားထောင်သူ ဖြစ်နေပေသည်။


မနက်စာ စားပြီးသည့်နောက်တွင်တော့ ဟူဂျွန်းရှီက ထိုင်နေရာမှ ထကာ


   " ဒါဆို ငါသွားတော့မယ်၊ ဒီနေ့ထုတ်ရမယ့် အစီအရင်ခံစာ ရှိနေလို့ အချိန်ပို ဆင်းရအုံးမယ်ကွာ " 

ဟု ဆိုလိုက်သည်။


လျူယောင်က ဟူဂျွန်းရှီကို ဘက်စ်ကားမှတ်တိုင် လိုက်ပို့ကာ ကားပေါ်တက်သွား ပြီးတဲ့နောက် မှင်ကန်ကို သွားရာလမ်းကို ဦးတည်ကာ စိတ်ထဲတွင် တွေးနေမိသည်။


   " မနေ့က ငါ လိပ်ကလေးကို ကန်ထဲမှာ လျောက် ရှာကြည့်ဖို့ ခိုင်းထားတာ၊ သူ ဘာတွေ ရှာတွေ့ထားမလဲ မသိဘူး " 


ရေကန်ကို ရောက်ရန်အတွက် မိနစ် နှစ်ဆယ် ခန့်သာ ကြာသည်။ 


သူရောက်ပြီးနောက် မကြာခင်မှာ လိပ်ကလေးလည်း ရောက်လာခဲ့သည်။  လိပ်ကလေး အတော်လေး ကြီးထွားတာကို မြင်လိုက်ပြီး  ထို တိုးတက်နှုန်းကို လျူယောင် အံ့အားသင့်သွားခဲ့သည်။


   " သခင် ငါတွေ့ထားတာ ရှိတယ် ၊ အခုသွားယူလိုက် မယ် " 

ဟု လိပ်ကလေးက ဆိုကာ ရေထဲကို ပြန်လည် ကူးခတ်သွားသည်။ ထို့နောက် ပါးစပ်ထဲတွင် ဖုန်း နှင့်တူတဲ့အရာတစ်ခုကို ကိုက်ချီလာကာ လျူယောင်ဆီကို ပြန်ရောက်လာသည်။

 ထိုအရာကို ယူကြည့်ပြီးနောက် လျူယောင်စိတ်ပျက်သွားသည်။ 


ခေတ်ဟောင်းဖုန်းတစ်လုံး ဖြစ်နေရုံသာမက ရေကန်ထဲတွင်ရှိနေတာအချိန်ကြာပြီ ဖြစ်သဖြင့် သုံးလို့မရတော့ပေ။ 


   " တခြားဟာတွေ ရှိသေးရင် အကုန်ယူလာခဲ့၊ ငါ ကြည့်ကြည့်မယ် " 


လိပ်ကလေးက အမှန်တကယ် ကြိုးစားသည်။အကြိမ်ပေါင်း  များစွာ အပြန်ပြန်အလှန်လှန်သွားကာ မီးခြစ်များ၊ သော့များ၊ ဖောင်တိန်များ၊လက်ကိုင်ဖုန်း နှင့် သွေးပေါင်ချိန် စက်များ အပါအဝင် အခြားအရာများစွာကို ယူဆောင်လာခဲ့သည်။



သို့သော် ထိုအရာများမှာ လျူယောင်ရဲ့ အမြင်တွင် တန်ဖိုး မရှိပေ။


   " လိပ်ကလေး ဒါတွေက သုံးစားမရဘူး၊ တန်ဖိုး ရှိတာမျိုးကိုပဲ ငါက လိုချင်တာ၊ ရွှေဆိုရင်တော့ အကောင်းဆုံးပေါ့၊ ကန်ထဲမှာ ငါ့အတွက် ရွှေငွေလက်ဝတ်ရတနာတွေ ရှာပေးနိုင်မလား " 


လျူယောင်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။ လိပ်ကလေးမှာ နားလည်ပုံမပေါ်တာကြောင့်  လျူယောင် အနည်းငယ် စိတ်ပျတ်သွားသည်။


ကန်ထဲမှာ အဖိုးတန်တဲ့ အရာ တစ်ခုခု မရှိတာ မဖြစ်နိုင်ဘူး ဟု လျူယောင်တွေးလိုက် မိသည်။နောက်ရက်အနည်းငယ် အတွင်းမှာတော့ လျူယောင်လည်း အလုပ်သစ်ရှာရင်း အလုပ်ရှုပ်နေသည်။


အလုပ်အကိုင်ပြပွဲကို လျူယောင်သွားခဲ့ပေမဲ့ သူ့ကို နှိမ့် ကြည့်ေ န တဲ့ သူများကိုသာ တွေ့ခဲ့ရသည်။သူရဲ့ လက်ထဲတွင် ပိုက်ဆံအများကြီး မကျန်တော့တဲ့  အပြင် အိပ်ငှားခ မှာလဲ ပေးရတော့မည် ဖြစ်သည်။


အလုပ်ရှာပြီး အိမ်အပြန်တွင် လျူယောင်မှာ လိပ်ကလေးအကြောင်း တွေးမိသဖြင့် လိပ်ဇယားကွက်ကိုဆင့်ခေါ်ကာ ကြည့်လိုက်သည်။


 သူ အံ့အားသင့်သွားကာ အလုပ်ရှာမရ လို့စိတ်ပျက်နေတာတောင်   လျော့သွားသည်။

   အိမ်မွေးတိရစ္ဆာန် အမျိုးအစား- သန္ဓေပြောင်း လျှပ်တစ်ပြတ် လိပ်

    ရေထဲတွင်တစ်နာရီ အမြန်နှုန်း - 15 ကီလိုမီတာ။     

    အလေးချိန် - 3.4 ကီလိုဂရမ်



    ကျွမ်းကျင်မှုများ- အဆင့် ၁ လိပ်ခွံအကာအကွယ် နည်းစနစ်၊ အဆင့် ၁ လိပ်အသက်ရှုနည်းစနစ်

၎င်း၏ အမျိုးမျိုးသော အရည်အသွေးများမှာ 10 ကျော်သွားတဲ့ အပြင် ခွန်အားမှာလည်း 15 အထိ ရှိလာပြီ ဖြစ်သည်။ အလေးချိန်မှာလည်း 3.4 ကီလို ဂရမ်အထိ ရှိလာသည်။


 ဆိုလိုတာက မကြာခင်အချိန်တွင်း 7 ကတ်တီကျော် အထိ ကြီးထွား‌လာတော့မည် ဖြစ်သည်။


   " သူဘယ်လိုပုံစံဖြစ်နေမလဲ ငါသိချင်လာပြီ " 

လျူယောင် ရွေရွတ်လိုက်ကာ " မှင် "ရေကန်ကိုထွက်လာခဲ့သည်။


 သူရောက်ပြီး ခဏအကြာ လိပ်ကလေးလည်း သူ့အနားသို့ရောက်လာခဲ့သည်။

လိပ်ခွံပေါ်ရှိ အလျားလိုက် အကြောသုံးခုမှာ ပိုကြီးလာကာ ပို၍လည်း ခံ့ညားလာပေသည်။ သွားများမှာလည်း ကြီးမားကာ ပိုမိုချွတ်ထက်နေပြီး လက်သည်းများမှာလည်း ချွန်ထက်နေပေသည်။


လိပ်ကလေး၏ အသွင်အပြင်ကြောင့် လျူယောင်လည်း ကျေနပ်သွားသည်။


သုံး လေး ကီလိုဂရမ်တွင် ယခုလို အသွင်အပြင်မျိုး ရှိနေသဖြင့် ဆယ် ကီလိုဂရမ်ကျော်သာ ရောက်ပါက မည်သို့ ဖြစ်နေမည်ကို လျူယောင် သိချင်လာသည်။


လိပ်ကလေးကို ကြည့်နေကာ လျူယောင်က ရက်အနည်းငယ်အတွင်း တစ်ခုခု ရှာတွေ့ မတွေ့ မေးလိုက်သည်။ လိပ်ကလေးကလည်းပြန်လည် ပြောဆိုလာသည်။


   " ငါ သခင်ပြောထားတဲ့ ရွှေငွေလက်ဝတ်ရတနာနဲ့ တူတဲ့ အရာတစ်ခု တွေ့ထားတယ် " 

" အိုး တကယ်လားဟ၊ ငါကို ပြကြည့် " 

 

မကြာခင်မှာလဲ လိပ်ကလေးက ရွှေရောင်တောက်နေတဲ့ အရာတစ်ခုကို ကိုက်ချီကာ ယူလာခဲ့သည်။ အနားကို မရောက်သေးပေမဲ့ လျူယောင်က "ရွှေဆွဲကြိုးဖြစ်နိုင်တယ် " ဟု ခန့်မှန်းလိုက်သည်။