Ch 5
Viewers 5k

အပိုင်း 5 " အသေးစား ကံကောင်းမူ့ "



" တကယ်ကြီး ရွှေဆွဲကြိုးလားဟ! " 


လျူယောင် နှလုံးခုန်သံ အနည်းငယ် မြန်လာခဲ့သည်။

အိတ်ထဲတွင် ပိုက်ဆံအများကြီး မကျန်တော့တာကြောင့် သူမျှော်လင့်ထားတဲ့ အရာဖြစ်ဖို့ ဆုတောင်းနေမိသည်။


ငွေဖြင့် သူရဲကောင်း တစ်ယောက်ကို အနိုင်မယူနိုင်ပေမဲ့ ယောက်ျားတစ်ယောက် အနေဖြင့် ငွေရှိရန် လိုအပ်သည်။


လိပ်ကလေးရဲ့ အလျင်မှာ အတော်မြန်တာကြောင့် မကြာခင်မှာ လျူယောင့်ထံ နီးကပ်လာသည်။ 


နီးလာလေလေ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရလေ‌ ဖြစ်သည်။

""ဟုတ်တယ်၊ ရွှေဆွဲ ကြိုးပဲ ဖြစ်ရမယ်။"


လျူယောင် ဒူးထောက် လိုက်ကာ ဆွဲကြိုးကို ယူလိုက်သည်။ လေးလံတဲ့ ခံစားချက်က သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။


ရွှေဆွဲကြိုးမှာ အတော်အတန်တုတ်ပြီး အတော်ကြီးသော ဆွဲကြိုးတစ်ခုဖြစ်သည်။ ဒေသခံအာဏာရှင်တချို့နှင့် အကောင်ကြီးကြီးများရဲ့ လည်ပင်းတွင် ဆင်ယင်လေ့ရှိတဲ့ လည်ဆွဲနှင့် ဆင်တူနေသည်။


    " သခင် ဒီပစ္စည်းက တန်ကြေးရှိတယ်လား " 


 လိပ်ကလေးက မေးလိုက်ရာ လျူယောင်လည်း ကျေနပ်အောင် ကိုင်တွယ်ပြီးနောက် အိတ်ကပ်ထဲသို့ထည့်လိုက်ကာ ပြန်ပြောလိုက်သည်။


    " ဒါပေါ့ကွ၊ ဒီဟာက အတော်လေး တန်ကြေးရှိတယ့် ရွှေလည်ဆွဲ ဖြစ်ရမယ် "


ထိုအခွင့်အရေးကို အသုံးချကာ လျူယောင်က လိပ်ကလေးကို ရွှေဆိုတာ ဘာလဲ၊ ငွေဆိုတာ ဘာလဲ၊ လက်ဝတ်ရတနာဆိုတာ ဘာလဲစသဖြင့် ပြောပြလိုက်သည်။


    " ဒါဆို ဒီတစ်ခါ ကျတော် သခင့်ကို ကြီးကြီးမားမား ကူညီပေးခဲ့တာပေါ့ " 


လျူယောင်ရဲ့ ချီးမွမ်းခြင်းကို ခံရတဲ့ လိပ်ကလေးက ပျော်သွားကာ ရေပေါ်တွင် လှည့်လည် ကူးခတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အနားတွင် မည်သူမျှ ရှိမနေပေ။နေရာက အတော်အတန် ဆိတ်ငြိမ်ပြီး အနီးဆုံးလူများမှာ မီတာတစ်ရာအကွာတွင်ရှိသော တံငါသည် အနည်းငယ်သာ ဖြစ်သည်။

    " သခင် ကျတော် ကန်ထဲကနေ သခင့်အတွက် နောက်တစ်ခု ထပ်ရှာခဲ့ပေးမယ် " 

ထိုအခါ လျူယောင်က " အေး၊ ငါ မင်းဆီက သတင်းကောင်းကို စောင့်နေမယ် " ဟု ပြန်ပြောလိုက်သည်။

"သူနောက်တစ်ခု ထပ်ရှာနိုင်မှာလား"။ လျူယောင် အနေဖြင့် အများကြီး မျှော်လင့်မထားပေမဲ့  ယခုလို ရရှိခဲ့တာက ကံကောင်းတယ် ဟုဆိုနိုင်သည်။


ဒီလည်ဆွဲကို တစ်ယောက်ယောက်က ကန်ထဲတွင် ကျကျန်ခဲ့တာဖြစ်ပြီး လိပ်ကလေးက တွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်။


လိပ်ကလေးလည်း လျူယောင်ကို ကူညီနိုင်ရန်အတွက် အဖိုးတန်ပစ္စည်းများ ရှာပေးမည်ဟုဆိုကာ ပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။

အိမ်ပြန်ရောက်တဲ့အထိ လျူယောင်ရဲ့စိတ်တွေ တုန်လှုပ်နေဆဲ ဖြစ်သည်။


တံခါးကို ပိတ်ပြီးနောက် အိတ်ထဲမှ ဆွဲကြီးကို ထုတ်ကာ လက် က မချနိုင်တော့ပဲ သူ့မျက်နှာတွင် အပျော်များဖြင့် ပြည့်နှက်နေပေသည်။


    မိုက်တယ်! 


နောက်ဆုံးတွင်တော့ လျူယောင် သက်ပြင်းချနိုင်သွားပြီ ဖြစ်သည်။ အချိန်တစ်ခုအထိ အလုပ်ရှာမရရင်တောင် ပြဿနာ မရှိတော့ပေ။


" မဟုတ်ဘူး၊ ငါ အလုပ်မလုပ်ဘဲ နေမယ်ဆိုရင်တောင် ရတာပဲဟ၊ ငါ့မှာ အခု လိပ်ကလေးရှိနေပီလေ၊ သူသာ ပိုပြီး ကြီးလာရင် ငွေနည်းနည်းလောက် ထပ်ရှာဖို့က အေးဆေးပဲ " 

ဟု လျူယောင် စိတ်ကူးလိုက်ကာ ကျယ်လောင်စွာ ရယ်လိုက်မိသည်။


လျူ‌ယောင်က ပျော်နေပေမဲ့ ရွှေဆွဲကြိုးမှာအစစ် ဟုတ်မဟုတ် စစ်ဆေးရန်လည်း မမေ့ခဲ့ပေ။ ထို့ကြောင့် သံလိုက်တစ်ခုကို လိုက်ရှာလိုက်သည်။

ဆွဲကြိုးက လက်ထဲတွင် အလေးချိန် အတော်ရှိတဲ့အပြင် သံလိုက်နဲ့စမ်းသပ် လိုက်တဲ့အခါမှာလည်း ကပ်မနေပေ။


ရွှေအစစ်ဆိုတာ အခြေခံအားဖြင့် သေချာသွားပြီ ဖြစ်သည်။ ဆွဲကြိုးကို ရောင်းရန် လျူ‌ယောင်က မစောင့်နိုင်တော့တဲ့ အတွက် နာရီကို ကြည့်လိုက်သည်။ 


အချိန်စောနေသေးတာကြောင့် လျူယောင် အိမ်မှ ထွက်လာခဲ့လိုက်သည်။ ဒီနေရာတွင် ကာလအတော်အတန်ကြာ နေထိုင်ခဲ့တာ ဖြစ်၍ ပတ်ဝန်းကျင် တစ်ခုလုံးနှင့် ရင်းနှီးနေပြီ ဖြစ်သောကြောင့် မကြာခင်မှာဘဲ ရွှေဆိုင် တံခါးဝကို ရောက်ရှိသွားခဲ့သည်။


ရွှေဆိုင်ရဲ့ တံခါးဝတွင် ရွှေများကို ဈေးကြီးပေးဝယ်ခြင်း၊ ရွှေငွေလက်ဝတ်ရတနာများ ပြုလုပ်ခြင်း၊ ရွှေငွေ လက်ဝတ်ရတနာ အမျိုးမျိုး ရောင်းချခြင်း စသဖြင့် ဖော်ပြထားသည်။


ဆိုင်ထဲကို ဝင်လိုက်ကာ လျူယောင် ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။


အသက်သုံးဆယ် အရွယ် အမျိုးသားတစ်ယောက်က ချက်ချင်း ရောက်လာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။


    " ဘရို ဘယ်လိုပုံစံမျိုး သဘောကျလဲ၊ မိတ်ဆက်ပေးမယ်လေ " 


    " ကျတော်က ဝယ်ဖို့လာတာ မဟုတ်ဘူးဗျ၊ ဆွဲကြိုးလေး ရောင်းချင်လို့ " 

ရောင်းမည့် အကြောင်းကို ကြားတာနှင့် ထိုအမျိုးသားမှာ ပို စိတ်ဝင်စားတဲ့ပုံ ပြလာခဲ့သည်။သူတို့လို ဆိုင်အတွက် အမြတ်အစွန်း အများဆုံးအရာမှာ ရွှေငွေလက်ဝတ်ရတနာများ ရောင်းချခြင်း မဟုတ်ပဲ ရွှေကို ဝယ်ခြင်းပင် မဟုတ်ပေလော။


    " ဘရို မင်းရောင်းမယ့်ဟာကို အရင်ပြပေးနိုင်မလား " 


လျူ‌ယောင်လည်း ခေါင်းငြိမ့်လိုက်ပြီး အိတ်ထဲက ရွှေဆွဲကြိုးကို ထုတ်ကာ ထိုအမျိုးသားကို ပေးလိုက်သည်။


ထိုလူက ဆွဲကြိုးကို ယူကာ စစ်ဆေးခဲ့သည်။ ဆွဲကြိုးမှာ 40 ဂရမ်ခန့်ရှိပြီး ရွှေစစ်စစ်ဖြစ်ကြောင်း သူရဲ့အမြင်ဖြင့်ပင် ခန့်မှန်းခဲ့သည်။

ထို့နောက် ဆွဲကြိုးကို အလေးချိန် ချိန်ကြည့်လိုက်ရာ 42.61 ဂရမ်ရှိသည်။


ထိုအခါ ဆိုင်ရှင်က " ငါ့ညီ မင်းမှာ ပြေစာရှိလား" ဟု မေးလိုက်သည်။


လျူယောင်လည်း ပြုံးကာ ပြန်ပြောလိုက်သည်။

    " ဒီဆွဲကြိုးကို ကျတော် ဝယ်ခဲ့တာ နှစ်အတော်ကြာနေပြီမို့ ပြေစာက ဘယ်ရောက်သွားလဲ မသိတော့ဘူး၊ ပိုက်ဆံ ပြတ်နေလို့သာမဟုတ်ရင် ကျတော်လဲ ထုတ်ရောင်းမှာ မဟုတ်ဘူး " 


    " ပြေစာ မရှိရင် တစ်ဂရမ်ကို ယွမ် 300 ပဲ၊ ပြေစာရှိရင်တော့ 320 ပေါ့ " 

လျူယောင် အနေဖြင့် လိပ်ကလေးက ယူလာသဖြင့် ဆွဲကြိုးကို အလကားရခဲ့ပေမဲ့ အခြားသူမှ သူ့ကို အခွင့်ကောင်းယူတာမျိုး လက်မခံနိုင်ပေ။


    " သူဌေး လက်ရှိ ရွှေပေါက်ဈေးက တစ်ရမ်ကို ယွမ် 500 နီးပါးလေ၊ ယွမ် 300ကတော့ နည်းတာပေါ့ " 

ထိုအခါ လျူယောင်က ပြောလိုက်သည်။

    " အနိမ့်ဆုံး ဝယ်ဈေးကတောင် ယွမ် 380 ရှိတာလေဗျာ ၊ ယွမ် 300 ဆိုရင်တော့ တစ်ခြားဆိုင်ကို သွားရောင်းလိုက်တော့မယ် " 

ဆိုင်ရှင်မှာ အိမ်ရှေ့ရောက်လာတဲ့အရာကို လက်လွှတ်မခံနိုင်တာ ထင်ရှားသည်။ အချိန်အတော်ကြာ ဈေးညှိပြီးနောက် ယွမ် 330 ဖြင့် ဈေးတည့်သွားခဲ့သည်။


ဆိုင်ထဲမှ ထွက်လာပြီးနောက် လျူယောင်က သူ့ဖုန်းကို ထုတ်ကာ ထပ်မံ စစ်ကြည့်လိုက်သည်။ ယွမ် 14000 လက်ခံ ရရှိကြောင်း အကြောင်းကြားစာ ကို တွေ့လိုက်ရသည်။


ရုတ်တရက် သန်းကြွယ်သူဌေး ဖြစ်သွားသလို လျူယောင်ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူ့ထံတွင် ပိုက်ဆံ ရှိလာပြီ ဖြစ်သည်။


လိပ်ကလေးက ယခုတစ်ကြိမ်တွင် အကူအညီကြီးတစ်ခု ပေးလိုက်ကြောင်း စဉ်းစားမိလိုက်သဖြင့် လိပ်ကလေးကို ဆက်သွယ်လိုက်သည်။


    " လိပ်ကလေး အဲ့တာက ရွှေဆွဲကြိုးအစစ်ဟ၊ ငါအခု အဲ့ဒါကို ရောင်းပြီးသွားပီ၊ မင်းရဲ့သခင်က အခုချမ်းသာနေပီကွ " 

    " တကယ်ကြီးလား " 


လိပ်ကလေးမှာလည်း လူသားများကဲ့သို့ ခံစားတတ်ပုံရကာ ဝမ်းသာသွားလေသည်။


    " သခင့် အတွက် ရွှေဆွဲကြိုးကို ရှာပေးနိုင်တာဆိုတော့ ကျတော် တော််တယ်မလား " 

    " မဟုတ်ဘူး၊ ကြက်ခြေထောက် တစ်ချောင်းက နည်းတယ်၊ နှစ်ချောင်း ဝယ်ပေး " 

    " ကိစ္စမရှိဘူး၊ မနက်ဖန်ကျ ငါ ကြက်ခြေထောက် နှစ်ချောင်း ဝယ်လာခဲ့မယ် " 


လိပ်ကလေးကို ဆက်သွယ်ပြီးနောက် လျူယောင်လည်း စိတ်ကောင်းဝင်နေသဖြင့် ညစာကောင်းကောင်း စားလိုက်မယ် ဟု တွေးလိုက်သည်။ ဟူဂျွန်းရှီကိုလည်း ခေါ်ရမည်။ 


ထိုအတွေးများဖြင့် လမ်းလျောက်နေစဥ်သူ့နောက်မှ တစ်စုံတစ်ယောက် လိုက်လာတာကို သတိမထားမိပေ။ လျူယောင်တစ်ယောက် လမ်းကြားထဲ ဝင်ရောက်သွားတာကို မြင်တဲ့အခါ နောက်မှလိုက်လာသူက တိတ်တဆိတ် ပျော်ရွှင်သွားပြီး အရှိန်တင်ကာ ဆက်လိုက်လာသည်။


လျူယောင်က ငှားနေတဲ့ အိမ်ကို လမ်ကြားဖြတ်လမ်းမှ သွားရသည်။။ လမ်းမကြီးအတိုင်းဆိုပါက  တကွေ့တပတ် သွားရမည် ။


ကိုင်ဟူပင်းမှာ ဒီနေရာ တစ်ဝိုက်တွင် ကျင်လည်ကျတ်စားကာ အချိန်ဖြုန်းနေသူ တစ်ယောက် ဖြစ်သည်။


သူက ကံကောင်းနေပုံရကာ ရွှေဆိုင်ထဲတွင် လျူယောင် ရွှေဆွဲကြိုး ရောင်းနေတာကို မြင်ခဲ့ရသည်။ ထို့ကြောင့် လျူယောင့် နောက်ကို အာရုံစိုက်ကာ လိုက်လာခဲ့ခြင်းဖြစ်သည်။


လျူယောင် တစ်ယောက်ထဲ ဖြစ်နေတာကို မြင်ပြီး သူ စိတ်မထိန်းပဲ လှုပ်ရှားဖို့ စိတ်အားထက်သန်နေသည်။ လျူယောင်က လူပြတ်တဲ့ လမ်းကြားထဲကို ဝင်သွားတာ မြင်လိုက်တဲ့အခါမှာ ပျော်ရွှင်စွာဖြင့် နောက်ကပြေးလိုက်ခဲ့ခြင်း ဖြစ်သည်။


လျူယောင် လမ်းကြားထဲကို မီတာ တစ်ရာကျော် လျောက်လာပြီးနောက် တစ်ခုခု မှားနေသလို ခံစားလိုက်ရသဖြင့် နောက်ကို လှည့်ကြည့်လိုက်သည်။


လှည့်ကြည့်လိုက်စဉ်မှာပဲ နောက်ကလိုက်လာတဲ့ ကိုင်ဟူပင်း ကိုတွေ့လိုက်ရသည်။