အခန်း ၁၀ - အံ့အားသင့်နေသော ဟူဂျွန်းရှီ
ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ရဲ့ အပြင်ဘက်ရောက်တဲ့ အထိ လျူယောင်က သူ့ရဲ့ စိတ်လှုပ်ရှားနေမှုကို မထိန်းချုပ်နိုင်ပေ။ သူ့ရဲ့ မျက်နှာတွင် ပျော်ရွှင်နေတာကို သိသိသာသာတွေနိုင်သည်။
အိမ်မက်မက် နေသလို ပင်။ လိပ်ကလေးကို မမွေးခင်က တစ်ရက်ရက် မှာ သူ ယခုလို ပိုက်ဆံအများကြီး ရလာလိမ့်မည်ဟု မတွေးမိခဲ့ဖူးပေ။
ဟွာဟိုင်းမြို့ထဲက အိမ်များမှာ ဈေးကြီးပေမဲ့ ယခု လျူယောင်က အိမ်တစ်လုံး ဝယ်ရန် တက်နိုင်နေပြီဖြစ်သည်။ဒါပေမဲ့ သူ့စိတ်ကူးမှာ အိမ်ကို ဦးစွာမဝယ်ပဲ ကားတစ်စီး ဝယ်ရန် ဖြစ်သည်။
လျူယောင်ထံတွင် ကားတစ်စီးရှိပါက အနာဂတ်တွင် လိပ်ကလေးက တန်ဖိုးကြီး ပစ္စည်း တစ်ခုခု ရှာတွေ့ခဲ့လျှင် ကျောပိုးအိတ်ထဲတွင် ထည့်ကာ လူမြင်ကွင်းလမ်းလျှောက်ရမဲ့အစား ကားဖြင့် သယ်ယူနိုင်ပေသည်။
ထို့ကြောင့် လျူယောင်က ချက်ချင်းပင် ဟွာဟိုင်းမြို့ရှိ အကြီးဆုံး မော်တော်ကား အရောင်းပြခန်းကို သွားကာ ယွမ်တစ်သန်းကျော် တန်တဲ့ Big G ကားတစ်စီးကို ဝယ်ယူခဲ့လိုက်သည်။
လျူယောင် ကောလိပ်တက်နေစဉ်က တန်းမြင့် ယာဉ်မောင်းလိုင်စင် ကျွမ်းကျင်မှု့ စာမေးပွဲကို ဖြေဆိုခဲ့ပြီးဖြစ်သည်။
လျူယောင့်ရဲ့ ဇာတိမှာ ကျေးလက်တွင်ဖြစ်ပြီး သူရဲ့ မိဘများမှာလည်း ကျေးလက်တွင်ပင် နေထိုင်လျက်ရှိသည်။ ကျေးလက်မိသားစု အများစုလိုပင် သူတို့မိသားစုမှာလည်း မချမ်းသာပေ။
လျူယောင့်တွင် လက်ရှိဟွာဟိုင်းတက္ကသိုလ်တွင် တက်ရောက်လျက်ရှိတဲ့ ညီမတစ်ဦးလည်း ရှိသည်။
လျူယောင်ရဲ့ ညီမမှာ လျူယောင်နှင့်မတူ။ သူမက ငယ်ရွယ်စဉ်ကပင် အမှတ်ကောင်းကောင်းရခဲ့ပြီး သိတတ်နာခံမှုလည်း ရှိသည်။
ထို့ကြောင့် ပတ်ဝန်းကျင်က သူမကို လျူယောင်ထက် အလားအလာပိုကောင်းတယ်ဟု ပြောလေရှိကြသည်။ သူမက လွန်ခဲ့သည့်နှစ်တွင် ဟွာဟိုင်းတက္ကသိုလ် ဝင်ခွင့်ကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။
လျူယောင်လည်း မိသားစုနှင့်ညီမဖြစ်သူ အကြောင်း စဉ်းစားမိလိုက်သဖြင့် အိမ်ကို ပိုက်ဆံပြန်ထောက်ပံ့ရန် စဉ်းစားမိလိုက်သည်။ သူ့ရဲ့ မိသားစုတွင် ငွေကြေး အခက်အခဲ ကြုံနေရသည်။ ယခုလက်ရှိ လျူယောင်ရဲ့ အဖေမှာ ခရိုင်အတွင်းရှိ ဆောက်လုပ်ရေး တစ်ခုတွင် အလုပ်ဝင်လုပ်နေသည်။
သူရဲ့ အဖေမှာ အသက်ငါးဆယ်ကျော်နေပြီ ဖြစ်ပေမဲ့ ဆောက်လုပ်ရေးတွင် အလုပ်ဆက်လုပ်နေရတာကို စဉ်းစားမိလိုက်တဲ့အတွက် လျူယောင့်ရင်ထဲ တင်းကျပ်သွားခဲ့သည်။
ထိုစဉ်မှာပင် ဖုန်ခေါ်သံမြည်လာတာကြောင့် လျူယောင့်ရဲ့ အတွေးစ ပြတ်သွားခဲ့သည်။
" ညီအစ်ကိုယောင် ငါတို့စားနေကျဆိုင်မှာ အကင်သွားစားရအောင်၊ မင်းလာခဲ့လိုက် ငါစောင့်နေမယ် "
ပတ်ဝန်းကျင်မှာ မှောင်စပြုနေပြီဖြစ်သည်။ လျူယောင်လည်း သူတို့နှစ်ယောက် အတူထိုင်လေ့ရှိတဲ့ ဆိုင်ကို သိသဖြင့် ပြန်ပြောလိုက်သည်။
လျူယောင်လည်း ဖုန်းချလိုက်ကာ ကားကိုဆက်မောင်းလာခဲ့သည်။
အသားကင်ဆိုင်ကို ဟူဂျွန်းရှီက ဦးစွာ ရောက်ရှိလာပြီး ဘီယာခြောက်ပုလင်းကို အရင်မှာလိုက်သည်။ ထို့နောက် အချိန်ကို ကြည့်လျှက် လျူယောင်ကို စောင့်နေလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် လျူယောင်ရောက်လာတော့မည်ဟု ဟူဂျွန်းရှီ တွေးလိုက်ပြီး လက်ကို မြှောက်ကာ အော်ပြောလိုက်သည်။
" သူဌေးရေ ပြည်ကြီးငါးကင်၊ ကြက်ခြေထောက်ကင်၊ သုံးထပ်သားကင် နဲ့ ကမာကောင်လေး တစ်ဒါဇင်လောက် ချပေးပါအုံး "
ထိုသို့ မှာထားပြီးနောက် ဟူဂျွန်းရှီလည်း အချိန်ကို ကြည့်ကာ ဝီချက်မှ တစ်ဆင့် စာပို့ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် Big G ကားသစ်တစ်စီးက သူ့စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူသာမက အခြားစားသောက်နေသူအများအပြားမှာလည်း ကားကို မနာလိုစိတ်ဖြင့် ကြည့်ရှုနေကြလေသည်။
" သူဌေးတစ်ယောက်နဲ့ ယွမ်တစ်သန်းကျော်တန်တဲ့ ကားတစ်စီး၊ အားကျလိုက်တာကွာ "
" ဒီကောင် ဒီလို ချမ်းသာနေတာကို ဘာလို့ အသားကင်စားဖို့ ဒီလိုဆိုင်ကို လာနေတာလဲဟ "
" မင်းဘာတွေလျောက်ပြောနေတာလဲ၊ သူဌေးဖြစ်တာနဲ့ပဲ အသားကင် မစားရတော့ဘူးလား "
လူများစွာ၏ မနာလိုသော အကြည့်များအောက်တွင် အသားကင်ဆိုင်ဘေးတွင် ကားကြီးကို ရပ်လိုက်ကာ လျူယောင် ကားပေါ်မှ ဆင်းလိုက်သည်။
အခြားလူများမှာ မနာလိုဖြစ်နေ
ကြပေမဲ့ဟူရှီဂျွန်ကတော့
အံ့အားသင့်သွား သည်။ သူ အမြင် မှားတယ်ဟု ထင်ကာ မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်သည်။
ထိုစဉ်မှာပင် လျူယောင်ရောက်လာပြီး ဟူဂျွန်းရှီရဲ့ စားပွဲတွင် ဝင်ထိုက်ကာ ပြောလိုက်သည်။
" လခွမ်း၊ မင်းဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲဟ၊ မမှတ်မိသလို လုပ်မနေနဲ့ "
ယခင်က စကားမထစ်ဖူးတဲ့ ဟူဂျွန်းရှီက ပထမဆုံးအကြိမ် အထစ်ထစ် အငေါ့ငေါ့ဖြင့် ကိုးရို့ကားယားနိုင်စွာ ပြောလိုက်သည်။
" ညီ... ညီအစ်ကိုယောင် အဲ့တာ မင်း... မင်းကားလား "
ဟူဂျွန်းရှီက ဘယ်သူ့ကားကို ငှားလာတာလဲ ဟု မေးလိုက်ချင်ပေမဲ့ ကားမှာ အသစ်ဖြစ်တဲ့ အပြင် လိုင်စင်ပြားပင် မပါသေးတဲ့ အတွက် ငှားလာရန်မှာ မဖြစ်နိုင်ပေ။
လျူယောင်လည်း ပြန်ပြောလိုက်သည်။
" အေး၊ ဟုတ်တယ်လေ ငါ့ကား၊ ဒီနေ့လယ် ကပဲ 4S စတိုးကနေ ဝယ်လိုက်တာ၊ ဝယ်ပြီး ဒီကိုတန်းလာတာကွ "
လခွမ်း၊ တကယ်ကြီး မင်းကားလားကွာ!
" ညီအစ်ကိုယောင် မင်း ဝူခုန်းများ ပြန်ဝင်စားတာလား၊ မှော်ပညာတွေဘာတွေနဲ့ လုပ်ယူထားတာလား "
လျူယောင်းလည်း ဟူဂျွန်းရှီရဲ့ ဖြစ်ပျက်နေပုံကို ကြည့်ကာ အနည်းငယ်ပြုံးလိုက်ပြီး ထို အဖြစ်အပျက်ကို နားလည်ရန် အချိန်ယူရမည်ကို သိလိုက်သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပင် လျူယောင်မှာ အလုပ်မရှိလို့ အိမ်ငှားခပေးရန်ပင် ငွေမရှိတဲ့အတွက် ဟွာဟိုင်းမြို့တွင် ဆက်လက်နေထိုင်ရန် အခက်အခဲ ဖြစ်နေသူတစ်ယောက် ဖြစ်သည်။
အဲ့တာကြောင့် ဟူဂျွန်းရှီ ယခုလို ဖြစ်သွားတာ လက်ခံသင့်ပေသည်။ မိနစ်ပိုင်းမျှ ကြာပြီးနောက် ဟူဂျွန်းရှီက ထပ်မံ မေးလိုက်သည်။
" ဒီကားက တကယ် မင်းပိုင်တာလား "
ထိုအခါ လျူယောင်က အခိုင်အမာ ပြန်ပြောလိုက်သည်။
" အေး၊ ငါ့ကားပါကွ၊ ဒီနေ့လည်ကပဲ ဝယ်လိုက်တာ "
" ညီအစ်ကိုယောင် မင်းကားဝယ်ဖို့ ပိုက်ဆံတွေ ဘယ်ကများရတာလဲ "
" ဟဲဟဲ ကံကောင်းလို့ ရလာတာလို့ ပြောရင် မင်းယုံမှာလား "
ဟူဂျွန်းရှီလည်း ခေါင်းခါကာ ပြန်ပြောလိုက်သည်။
" မယုံဘူးကွာ၊ မင်း ဘဏ်ကို ဓားပြတိုက်လာတယ်လို့ ပြောရင်တောင် ယုံချင်ယုံအုံးမယ် "
ထိုစဉ်မှာပင် မှာထားတာ ရောက်လာသဖြင့် လျူယောင်က စကားလမ်းကြောင်း
ပြောင်းလိုက်သည်။
" ကဲ ကဲ စားစရာတွေ ရောက်လာပီ၊ စားရအောင် "
ပြောပြောဆိုဆိုဖြင့် လျူယောင်က ပြည်ကြီးငါးကင် တစ်ချောင်းကို ကောက်ကား စားလိုက်သည်။ ဟူဂျွန်းရှီလည်း အေးနေဆဲဖြစ်တဲ့ ဘီယာပုလင်းကို ဖွင့်ကာ ဖန်ခွက် နှစ်လုံးထဲသို့ အပြည့်ငှဲ့လိုက်သည်။
ထို့နောက် နှစ်ယောက်သား ဘီယာလေးသောက်လိုက်၊ အမြည်းလေး စားလိုက်ဖြင့် ဘဝရဲ့ စည်းစိမ်ကို အပြည့်အဝ ခံစားနေကြသည်။ ထိုစဉ်မှာပင် ဟူဂျွန်းရှီက ထပြောလိုက်သည်။
" ညီအစ်ကိုယောင် အတန်းဖော်တွေထဲမှာ မင်းက ကားဝယ်နိုင်တဲ့ တတိယမြောက်ပဲ၊ ပြီးတော့ မင်း ဝယ်ထားတဲ့ကားကလည်း ယွမ် တစ်သန်းကျော်တန်တဲ့ BIG -G ကြီး၊ အားကျလိုက်တာကွာ၊ ဒါကို ဓာတ်ပုံရိုက်ပြီး တခြားလူတွေ မနာလိုအောင် အတန်းဂရု(ပ်)ထဲ ပို့လိုက်ရမလား "
လျူယောင် ပြုံးလိုက်ပြီး ခေါင်းကိုရမ်းကာ ပြောလိုက်သည်။
" ထားလိုက်စမ်းပါကွာ၊ ကိုယ့်ဟာကို အေးအေးဆေးဆေး နေတာပဲ ကောင်းတယ် "
လျူယောင် စိတ်မပါတာကို သိလိုက်ရတဲ့ အတွက် ဟူရှီဂျွန်လည်း ဘာမှ ဆက်ပြောမနေတော့ချေ။
ထို့နောက် ရောက်တက်ရာရာ ပြောကြရင်း ဟူဂျွန်းက အလုပ်အကြောင်း ရောက်သွားတဲ့အတွက် လျူယောင် မေးလိုက်သည်။
" ဒီတိုင်းပါပဲကွာ၊ ဒီအလုပ်လေးရှိနေတော့ ငတ်တော့ သေမှာ မဟုတ်ဘူးကွ "
ထိုအခါ လျူယောင်က တစ်ခဏမျှ စဉ်းစားကာ ဆက်ပြောလိုက်သည်။
" မင်း ကောလိပ်တက်နေတုန်းက အွန်လိုင်းရှော့ လုပ်သေးတယ်မလား၊ အခု ငါတို့ အွန်လိုင်းရှော့ လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ "
" အွန်လိုင်းရှော့ လုပ်တာက ဟုတ်ပါပီ၊ ဘာသွားရောင်းကြမှာလဲ "
လျူယောင်လည်း ဟူဂျွန်းရှီကို သူကြိုတင် စဉ်းစားထားတဲ့ အရာကို ပြောပြလိုက်သည်။
" ငါတို့ အွန်လိုင်းမှာ ငွေဒင်္ဂါးပြားတွေနဲ့ ယွမ်ဒါတူး တွေ ရောင်းမယ် ဆိုရင်ကော ဘယ်လိုလဲ "
အမှန်တကယ်တော့ လိုင်းပေါ်တွင် ယွမ်ဒါတူး ရောင်းချတာ နည်းပါးလှပေ
မဲ့ ရောင်းဈေးမှာကား မနည်းလှပေ။ ယွမ်ထောင်ဂဏန်းမှ ရာဂဏန်းအထိ ဈေးပေါက်လေသည်။
ထို့အပြင် ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များသို့ သွားရောင်းပါက ယွမ် ရာဂဏန်းမျှသာ ရမည်ဖြစ်ပြီး လိုင်ပေါ်တွင် ရောင်းပါက တစ်ခု နှစ်ခုမျှ ရောင်းရတဲ့ ဈေးနှုန်းမှာ ကွာလွန်းလှပေသည်။
လျူယောင့်ထံတွင်လည်း ယွမ်ဒါတူး အခု နှစ်ရာကျော် ရှိနေသေးတဲ့ အတွက် ရောင်းကုန်ပစ္စည်းအတွက်ကား စိတ်ပူစရာ မလိုချေ။
ဟူဂျွန်းရှီလည်း ထပ်မံ အံ့အားသင့်သွားကာ လျူယောင်ကို ကြည့်လိုက်သည်။
" ရောင်းဖို့ ပစ္စည်းက ပူစရာမလိုဘူး၊ ငါ့ဆီမှာ ယွမ်ဒါတူးက နှစ်ရာကျော်တောင်ရှိတာ၊ မင်းအေးဆေး ရောင်းလို့ရတယ် "
လခွမ်း၊ ယွမ်ဒါတူး နှစ်ရာကျော်!
ဟူဂျွန်းရှီမှာ ထိုစကားကြောင့် သိသိသာသာပင် တုန်လှုပ်သွားသည်။
လျူယောင့်ထံတွင် ဂွမ်ရှု ယွမ်ပေါင် တစ်ဒါဇင်ကျော် ရှိနေသေးတာကို သိရပါက ဟူဂျွန်းရှီ အံ့ဩလို့ ဆုံးမည် မဟုတ်တော့ပေ။
လျူယောင်လည်း အံ့အားသင့်နေတဲ့ သူ့ရဲ့ သူငယ်ချင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။
" ယွမ်ဒါတူးတွေ ဘယ်ကရလာသလဲ ဆိုတာနဲ့ ပက်သက်လို့ မင်းစိတ်ပူနေစရာ မလိုဘူး၊ စိတ်ချလက်ချသာရောင်း "
လျူယောင်က ယွမ်ဒါတူးများမှာ ဥပဒေနှင့် လွတ်ကင်းကြောင်းကိုသာ ရှင်းပြပြီး ဘယ်နေရာမှ ရလာတာကို မပြောပြခဲ့ပေ။
ကံကောင်းထောက် မစွာနဲ့ ဟူဂျွန်းရှီ ကလည်း နောက်ထပ် ဘာမှ ထပ်မမေးတော့ချေ။
........